Chan Thar Thu Kha Hospital

Chan Thar Thu Kha Hospital ယခင် "ကောင်းဆု" သားဖွားမီးယပ်အထူးကုဆေးခန်း

23/08/2026

တိကျမြန်ဆန်တဲ့ရောဂါရှာဖွေမှုတွေအတွက် အဆင့်
အမြင့်ဆုံးဆေးဘက်ဆိုင်ရာနည်းပညာတွေနဲ့စက်ကိရိယာတွေ စုံလင်စွာရှိနေတဲ့ချမ်းသာသုခဆေးရုံကြီး🔬💻

🏥ချမ်းသာသုခ အထွေထွေရောဂါကုဆေးရုံကြီး
📍အမှတ်(ဒ/၉၄+ဒ/၁၃၃)၊ တပင်ရွှေထီးလမ်း(ထိပ်)၊(သရက်ပင်ဘုန်းကြီးကျောင်းဘေး)၊ အောင်ချမ်းသာရပ်ကွက်၊ သန်လျင်။
☎️ ဆက်သွယ်ရန်ဖုန်းနံပါတ်များ
📞09 425 803 733
📞09 425 803 734
📞09 443 977 492
📞09 443 977 480

#ချမ်းသာသုခဆေးရုံ_သန်လျင်
#အထွေထွေရောဂါ
#ခေတ်မီစက်ကိရိယာများ

#တိကျသောရောဂါရှာဖွေမှု
#ကျန်းမာရေးအဖော်မွန်

19/08/2026

ရောဂါဖြစ်မှ ဆေးကုမဲ့အစား ကြိုတင်ကာကွယ်ဖို့အတွက် ချမ်းသာသုခမှာ Medical Check Up လုပ်လိုက်တော့နော် 📋🩻

🏥ချမ်းသာသုခ အထွေထွေရောဂါကုဆေးရုံကြီး
📍အမှတ်(ဒ/၉၄+ဒ/၁၃၃)၊ တပင်ရွှေထီးလမ်း(ထိပ်)၊(သရက်ပင်ဘုန်းကြီးကျောင်းဘေး)၊ အောင်ချမ်းသာရပ်ကွက်၊ သန်လျင်။
☎️ ဆက်သွယ်ရန်ဖုန်းနံပါတ်များ
📞09 425 803 733
📞09 425 803 734
📞09 443 977 492
📞09 443 977 480

#ချမ်းသာသုခဆေးရုံ_သန်လျင်
#အထွေထွေရောဂါ


#ကြိုတင်ကာကွယ်ရေး
#ကျန်းမာရေးအဖော်မွန်

Vacancy Announcement!!Chan Thar Thu Kha General Hospital တွင်တာဝန်ထမ်းဆောင် နိုင်ရန် အောက်ဖော်ပြပါ ဝန်ထမ်းများခေါ်ယူရန်ရ...
18/08/2026

Vacancy Announcement!!

Chan Thar Thu Kha General Hospital တွင်တာဝန်ထမ်းဆောင် နိုင်ရန် အောက်ဖော်ပြပါ ဝန်ထမ်းများခေါ်ယူရန်ရှိပါသည်။

Chief Medical Officer (M/F) (1)post

Sr Medical Officer / Jr Medical Officer (M/ F) -3posts

Pharmacist (M/F) -1post

Lab Manager (M/ F) 1 Posts

M&E Executive (M)- 1 posts

Office Staff (M/F) 2posts

Healthcare Assistant (F) -3 Posts

Driver (M) 1post

စိတ်ပါဝင်စားသူများအနေဖြင့်
ကိုယ်ရေးအချက်အလက်ပုံစံ အပြင်
အတွေ့အကြုံနှင့် ပညာရေးအထောက်အထားများ
နေထိုင်ကြောင်း နှင့် ပြစ်မှုကင်းရှင်းကြောင်းထောက်ခံစာများနှင့်တကွ
မိမ်တို့၏မျှော်မှန်းလစာအား ဖော်ပြ၍ လူကိုယ်တိုင်ဖြစ်စေ
Viber +95 9674919286 HR သို့ဖြစ်စေ ပေးပို့၍ လျောက်ထားနိုင်ကြပါသည်

ခံစားခွင့်များ
——————
လုပ်ငန်းကျွမ်းကျင်မှုနှင့်ရာထူးအလိုက် ထိုက်တန်သောညှိနှိုင်းလစာအပြင်—
အချိန်ပိုကြေး
ရက်မှန်ကြေး
Meal Allowance
Uniforms
နှစ်တိုးလစာ
နှစ်စဉ် အပိုဆုကြေး
သက်ဆိုင်ရာကျွမ်းကျင်သင်တန်းများတက်ရောက်ခွင့်
နှစ်စဉ်Medical Checkup
Personal / Family Medical Benefits
လူမှူဖူလုံရေးခံစားခွင့်များ

စသည်တို့ ရရှိနိုင်မှာဖြစ်ပါတယ်။

လေးစားစွာဖြင့်

Chan Thar Thu Kha General Hospital (Thanlyin)

15/08/2026

ညဉ့်နက်သန်းခေါင်အရေးပေါ်ဖြစ်လာရင်တောင် ရှာရ မခက်ခဲဘဲ သန်လျင်ရဲ့အဓိကလမ်းမကြီးပေါ်မှာတင် အမြန်ဆုံးလှမ်းလာနိုင်မဲ့ ချမ်းသာသုခ 📍🚨

🏥ချမ်းသာသုခ အထွေထွေရောဂါကုဆေးရုံကြီး
📍အမှတ်(ဒ/၉၄+ဒ/၁၃၃)၊ တပင်ရွှေထီးလမ်း(ထိပ်)၊(သရက်ပင်ဘုန်းကြီးကျောင်းဘေး)၊ အောင်ချမ်းသာရပ်ကွက်၊ သန်လျင်။
☎️ ဆက်သွယ်ရန်ဖုန်းနံပါတ်များ
📞09 425 803 733
📞09 425 803 734
📞09 443 977 492
📞09 443 977 480

#ချမ်းသာသုခဆေးရုံ_သန်လျင် #အထွေထွေရောဂါ #အရေးပေါ်ဌာန၂၄နာရီ #တပင်ရွှေထီးလမ်းမကြီး #ကျန်းမာရေးအဖော်မွန်

ချမ်းသာသုခရဲ့ Quiz Time အစီအစဉ်လေးမှာ အသည်းခြောက်ရောဂါရဲ့လူသိနည်းတဲ့အချက်တစ်ခုကို ခန့်မှန်းရင်း ဖုန်းဘေ ၁၀၀၀၀ ကိုရယူနိုင...
10/08/2026

ချမ်းသာသုခရဲ့ Quiz Time အစီအစဉ်လေးမှာ အသည်းခြောက်ရောဂါရဲ့လူသိနည်းတဲ့အချက်တစ်ခုကို ခန့်မှန်းရင်း ဖုန်းဘေ ၁၀၀၀၀ ကိုရယူနိုင်လိုက်ရအောင် 📢💥

🍺 နေ့စဉ်ဘဝမှာ အသည်းခြောက်ရောဂါ ( Liver Cirrhosis ) လို့ ပြောလိုက်ရင် “အရက်သောက်လွန်းလို့ ဖြစ်တာနေမှာပါ" ဆိုပြီး အရက်ကြောင့်သာ အဓိကဖြစ်တတ်တဲ့ရောဂါလို့ လူတော်တော်များများဟာ အလိုလိုသတ်မှတ်မိတတ်ကြပါတယ်…

ဒါပေမဲ့ တကယ့်တကယ် ဆေးပညာအရကော အသည်းခြောက်ရောဂါနဲ့ပတ်သက်ပြီး လူတွေထင်ထားတာက အမှန်ဟုတ်ပါ့မလား 💁🏻‍♀️

ဒီနေ့ရဲ့ Quiz Time အစီအစဉ်မှာတော့ အသည်းခြောက်ရောဂါရဲ့နောက်ဆက်တွဲအနေနဲ့သိထားသင့်တဲ့အပြင် ရေရှည်မှာ အသည်းပျက်စီးတာနဲ့ အသည်းကင်ဆာဝေဒနာဆိုးတွေ မကြုံရအောင် ကြိုတင်ကာကွယ်နိုင်ဖို့ ဒီလိုအသည်းကျန်းမာရေးဗဟုသုတလေးကို အဖြေမှန်ရွေးချယ်ရင်း ဖုန်းဘေဆုလက်ဆောင် ဝင်ရောက်ကံစမ်းလိုက်ရအောင်ရှင်။ 🎁✨

မေးခွန်း: “ အသည်းခြောက်တဲ့ Liver Cirrhosis ရောဂါဟာ အရက်သောက်သူတွေတင်မကဘဲ ဘယ်လိုလူမျိုးတွေမှာပါ ထဖြစ်ပွါးနိုင်သေးမလဲ 🩺🧬 “

ရွေးချယ်စရာအဖြေလေးတွေကတော့ -
( A ) အချိုနှင့် အဆီအစိမ့် အလွန်အမင်း စားသုံးပြီး အသည်းအဆီဖုံးရောဂါကို နှစ်ရှည်လများ မကုသတဲ့သူတွေ ၊
( B ) ကော်ဖီနှင့် လက်ဖက်ရည်ကို နေ့စဉ် အလွန်အကျွံ သောက်သုံးသူတွေ ၊
( C ) အလုပ်အကိုင် ပင်ပန်းပြီး အိပ်ရေးပျက်တာ များသူတွေ

အဖြေမှန်ကို မှန်ကန်စွာ ရွေးချယ်ပေးတဲ့သူတွေထဲကမှ Comment Picker နဲ့ ကံထူးရှင် ( ၃ ) ဦးကို စနစ်တကျ ရွေးချယ်ပြီး ဖုန်းဘေ ၁၀,၀၀၀ ကျပ်စီ မေတ္တာလက်ဆောင် ချီးမြှင့်ပေးသွားမှာပဲ ဖြစ်ပါတယ်ရှင်။ ✨

ပါဝင်ကံစမ်းဖို့ စည်းကမ်းချက်လေးတွေကတော့ -
၁။ ဒီ Post လေးကို Like and Share လုပ်ပေးပါ။
၂။ Share ထားတဲ့ Screenshot လေးကို မိမိရွေးချယ်ထားတဲ့ အဖြေလေးနဲ့အတူ Comment အောက်မှာ မန့်ပေးရုံပါပဲနော် 🎁

ဒါဆို ဘယ်သူတွေ ကံထူးကြမလဲဆိုတာကို ရင်ခုန်စွာနဲ့ စောင့်ကြည့်လိုက်ကြရအောင်နော်…
အားလုံးပဲ ကံကောင်းကြပါစေရှင် 🍀

🏥ချမ်းသာသုခ အထွေထွေရောဂါကုဆေးရုံကြီး
📍အမှတ်(ဒ/၉၄+ဒ/၁၃၃)၊ တပင်ရွှေထီးလမ်း(ထိပ်)၊(သရက်ပင်ဘုန်းကြီးကျောင်းဘေး)၊ အောင်ချမ်းသာရပ်ကွက်၊ သန်လျင်။
☎️ ဆက်သွယ်ရန်ဖုန်းနံပါတ်များ
📞09 425 803 733
📞09 425 803 734
📞09 443 977 492
📞09 443 977 480

#ချမ်းသာသုခဆေးရုံ

#ဖုန်းဘေကံစမ်းမဲ

#ကျန်းမာရေးဗဟုသုတ

🎉 ချမ်းသာသုခရဲ့ အပတ်စဉ် ကံထူးရှင်တွေ ပေါ်ထွက်လာပါပြီ! 🎉ပြီးခဲ့တဲ့အပတ်က quiz မေးခွန်းလေးဖြစ်တဲ့ “ သွေးလွန်တုပ်ကွေးရောဂါ ခ...
03/08/2026

🎉 ချမ်းသာသုခရဲ့ အပတ်စဉ် ကံထူးရှင်တွေ ပေါ်ထွက်လာပါပြီ! 🎉

ပြီးခဲ့တဲ့အပတ်က quiz မေးခွန်းလေးဖြစ်တဲ့ “ သွေးလွန်တုပ်ကွေးရောဂါ ခံစားရတဲ့အခါ ဘယ်အချိန်ကာလဟာ အသက်အန္တရာယ် အရှိဆုံးနဲ့ အရေးကြီးဆုံးအချိန်ဖြစ်သလဲ? ” ဆိုတဲ့ မေးခွန်းကို ပါဝင်ဖြေဆိုပေးကြသူ အယောက်ချင်းစီတိုင်းကို ကျေးဇူးအထူးတင်ပါတယ်ရှင်။❤️

အများကြီးထဲကမှ ဖုန်းဘေလ် (၃) ဦး ကံထူးရှင်တွေကို comment picker လေးနဲ့ ရွေးချယ်ပေးခဲ့ပါတယ်။

🎉 အားလုံးပဲ ဂုဏ်ယူပါတယ်နော်! 👏

အဖြေမှန်လေးကတော့....
✅ ( B ) အဖျားရုတ်တရက်ကျသွားပြီးနောက် (၃) ရက်မှ (၆) ရက်အတွင်း ပဲဖြစ်ပါတယ်!

ဘာကြောင့်လဲဆိုရင်.... 🤔
လူတော်တော်များများက သွေးလွန်တုပ်ကွေးဖြစ်တဲ့အခါ အဖျားတက်နေချိန်ကပဲ အန္တရာယ်ရှိတယ်လို့ ထင်တတ်ကြတာပါ ။ ဒါပေမဲ့ တကယ်တမ်း ဆေးပညာအရ သွေးလွန်တုပ်ကွေးရောဂါရဲ့အန္တရာယ်အရှိဆုံးသတ်မှတ်ချက်ဖြစ်တဲ့ Critical Phase ဟာ အဖျားကျသွားတဲ့အချိန်ကနေ စတင်တာပါ 🤒

အဖျားရုတ်တရက်ကျသွားပြီး နောက် ( ၃ ) ရက်ကနေ ( ၆ ) ရက်အတွင်းမှာ သွေးကြောကနေ သွေးရည်ကြည်များ စိမ့်ထွက်လာတာတွေအပြင် သွေးရဲ့Platelet ဆဲလ်တွေကပါ သိသိသာသာ ထိုးဆင်းသွားကာ ခန္ဓာကိုယ်အတွင်းသွေးယိုစီးမှုတွေဖြစ်
တတ်တဲ့အတွက် အသက်အန္တရာယ် အရှိဆုံးကာလလို့သတ်မှတ်ထားကြတာပဲဖြစ်ပါတယ် 📉⚠️

ဒါဆိုရင် သွေးလွန်တုပ်ကွေးရောဂါရဲ့ အန္တရာယ်အရှိဆုံးအချိန်ကာလကို သတိပြုမိပြီး မိမိတို့ရဲ့ရင်သွေးငယ်လေးတွေနဲ့ မိသားစုဝင်တွေကို ရောဂါဆိုးကျိုးအန္တရာယ်မှန်သမျှကနေ အချိန်မီကြိုတင်ကာကွယ် စောင့်ရှောက်နိုင်ကြပါစေရှင် 🫶🏻

အားလုံးပဲ ကျန်းမာပျော်ရွှင်တဲ့ နေ့ရက်လေးတွေကို ပိုင်ဆိုင်နိုင်ကြပါစေရှင်။ 🌟

နောက်အပတ်တွေမှာလည်း ဗဟုသုတရစရာ ကျန်းမာရေး quiz အစီအစဉ်လေးတွေ ဆက်ရှိဦးမှာမို့ စောင့်ကြည့်ပေးကြပါဦးနော်။ ❤️


#ချမ်းသာသုခ_ဆေးရုံ

#ကျန်းမာရေးဗဟုသုတ

မျက်လုံးပြာတာ ၊ ဝါးတာကို သာမန်မျက်စိမှုန်တာပဲဆိုပြီး သတိမထားဘဲနေရင် ဒါတွေဖြစ်လာနိုင်တယ်နော် 👁️❌" အသက်ကြီးရင် မျက်စိမှုန်...
01/08/2026

မျက်လုံးပြာတာ ၊ ဝါးတာကို သာမန်မျက်စိမှုန်တာပဲဆိုပြီး သတိမထားဘဲနေရင် ဒါတွေဖြစ်လာနိုင်တယ်နော် 👁️❌

" အသက်ကြီးရင် မျက်စိမှုန်တာ သဘာဝပဲ “ ဆိုပြီး မိဘဘိုးဘွားတွေရဲ့မျက်စိဝေဝါးလာတာဟာ တကယ်ကောသာမန်အိုမင်းမှုတစ်ခုဟုတ်ပါ့မလား 🧓🏻❓

တကယ်တော့ ကမ္ဘာပေါ်မှာ ဒုတိယမြောက် အမြင်
ကွယ်ရတာရဲ့အဓိကတရားခံဟာ Glaucoma လို့ခေါ်တဲ့ရေတိမ်ရောဂါပါ ။ ဒါ့အပြင် သူ့ရဲ့အန္တရာယ်အရှိဆုံးအချက်ကတော့ လက္ခဏာသိပ်မပြဘဲ လူနာရဲ့အမြင်အာရုံကို တိတ်တဆိတ်ခိုးယူသွားတတ်တာဖြစ်လို့ တကယ့်ကိုသတိကြီးကြီးထားရတဲ့ဝေဒနာမျိုးပါနော် ‼️

ဒါကြောင့် သာမန်မျက်စိမှုန်တာနဲ့ ရေတိမ်ရဲ့ လက္ခဏာဆိုးတွေကို ခွဲခြားသိမြင်နိုင်ဖို့ ဒါလေးတွေကို အတူတူ သတိထားကြည့်ရအောင်✨

🔍 သာမန်မျက်စိမှုန်တာနဲ့ ရေတိမ်ရောဂါ Glaucoma ဟာ ဘာတွေကွာတာလဲ❔

သာမန်မျက်စိမှုန်တာဟာ စာဖတ်ရင် မပြတ်သားတာ ၊ အဝေးကအရာတွေကို သဲသဲကွဲကွဲမမြင်ရတာမျိုးဖြစ်ပြီး မျက်မှန်တပ်လိုက်ရင် ချက်ချင်းပြန်လည်ကြည်လင်လာတတ်မျိုးပါ ။ ဒါပေမဲ့ ရေတိမ်ရောဂါဖြစ်တဲ့ Glaucoma မှာတော့ မျက်လုံးအတွင်းက အရည်ဖိအားမြင့်တက်လာပြီး အမြင်အာရုံကြော Optic Nerve ကိုပါပျက်စီးလာစေတာဖြစ်ပါတယ် ။ ဒီကနေမှ မျက်မှန်လဲတာတောင် မသက်သာဘဲ ဘေးဘယ်ညာကမြင်ကွင်းတွေကိုတောင် မမြင်ရတော့တဲ့ Tunnel Vision ပဲ မြင်ရတဲ့အထိ ဖြစ်လာတတ်ပါတယ်ရှင်

⚠️ လုံးဝသတိထားရမဲ့ ရေတိမ်ရောဂါရဲ့ကနဦးလက္ခဏာတွေကတော့

👁️ မီးသီး ၊ လမ်းမီးတွေကို ကြည့်တဲ့အခါ ဘေးပတ်လည်မှာ သက်တံလို ရောင်စုံအကွင်းတွေ ဝိုင်းနေသလို မြင်ရတာ ၊
👁️ အမြင်အာရုံတွေ တစ်ခါတလေ ပြာနှမ်းပြီး ရုတ်တရက် ဝါးသွားတတ်တာ ၊
👁️ မျက်လုံးထဲက တင်းအောင့်ပြီး ကိုက်ခဲတာအပြင်
ခေါင်းအလွန်အမင်းကိုက်ပြီး ပျို့အန်ချင်သလိုဖြစ်လာတာတွေနဲ့
👁️ အလင်းရောင်နည်းတဲ့နေရာတွေမှာ ပိုပြီး ဝါးလာတာတွေဟာ ရုတ်တရက် ရေတိမ်ဖိအား တက်လာတဲ့ လက္ခဏာဖြစ်လို့ အမြန်ဆုံး မျက်စိဆရာဝန်နဲ့ ပြသဖို့ လိုအပ်ပါတယ်နော်

👤 အသက် (၄၀) ကျော်လာသူတွေ ၊
👤 မိသားစုမျိုးရိုးထဲမှာ ရေတိမ်ရောဂါရှိဖူးတဲ့သူတွေ ၊
👤 ဆီးချို ၊ သွေးတိုး ရောဂါအခံရှိသူတွေနဲ့
👤 Steroid မျက်စဉ်းဆေးတွေကို ဆရာဝန်ညွှန်ကြားချက်မပါဘဲ ရေရှည်ခတ်နေမိသူတွေဆိုရင်တော့ ဒီရေတိမ်ရောဂါအတွက်ကြိုတင်စစ်ဆေးထားသင့်ပါတယ်ရှင်…

ရေတိမ်ကြောင့် တစ်ခါပျက်စီးသွားတဲ့ အမြင်အာရုံကြောဟာ နောက်ပြန်ကောင်းအောင် ကုသလို့မရနိုင်တော့တဲ့အတွက် မိဘဘိုးဘွားတွေရဲ့အလင်းရောင်ကိုချမ်းသာသုခဆေးရုံကြီးနဲ့အတူ အချိန်မီကာကွယ်လိုက်ရအောင် 💡🏥

🏥ချမ်းသာသုခ အထွေထွေရောဂါကုဆေးရုံကြီး
📍အမှတ်(ဒ/၉၄+ဒ/၁၃၃)၊ တပင်ရွှေထီးလမ်း(ထိပ်)၊(သရက်ပင်ဘုန်းကြီးကျောင်းဘေး)၊ အောင်ချမ်းသာရပ်ကွက်၊ သန်လျင်။
☎️ ဆက်သွယ်ရန်ဖုန်းနံပါတ်များ
📞09 425 803 733
📞09 425 803 734
📞09 443 977 492
📞09 443 977 480

#ချမ်းသာသုခဆေးရုံ_သန်လျင်


#ကျန်းမာရေးဝန်ကြီးဌာနလမ်းညွှန်ချက်
#ရေတိမ်ရောဂါ
#မျက်စိကျန်းမာရေး
#ကျန်းမာရေးအဖော်မွန်

ဗုဒ္ဓဘာသာဝင်တို့ရဲ့ နေ့ထူးနေ့မြတ်ဖြစ်သော ဝါဆိုလပြည့်နေ့လေးမှာ သီလဆောက်တည်ခြင်း၊ ဝါဆိုသင်္ကန်းကပ်လှူခြင်းစသည့် ဒါန၊ သီလ၊ ...
29/07/2026

ဗုဒ္ဓဘာသာဝင်တို့ရဲ့ နေ့ထူးနေ့မြတ်ဖြစ်သော ဝါဆိုလပြည့်နေ့လေးမှာ သီလဆောက်တည်ခြင်း၊ ဝါဆိုသင်္ကန်းကပ်လှူခြင်းစသည့် ဒါန၊ သီလ၊ ဘာဝနာ ကုသိုလ်ကောင်းမှုများ ပြုလုပ်ရင်း ငြိမ်းချမ်းသာယာကြပါစေကြောင်း 'ချမ်းသာသုခ' မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။ 🌼🙏😇




#ဝါဆိုလပြည့်နေ့
#ဓမ္မစကြာအခါတော်နေ့


ကလေးငယ်တွေ ညဘက်အိပ်မရတဲ့အထိ ယားနေတတ်တဲ့ ဝဲရောဂါ ( Scabies ) ဆိုတာ 🦠👶🏻ညဘက်ရောက်ရင် ကလေးငယ်လေးတွေဟာ တဂျုတ်ဂျုတ်နဲ့ ကုတ်ခြစ...
28/07/2026

ကလေးငယ်တွေ ညဘက်အိပ်မရတဲ့အထိ ယားနေတတ်တဲ့ ဝဲရောဂါ ( Scabies ) ဆိုတာ 🦠👶🏻

ညဘက်ရောက်ရင် ကလေးငယ်လေးတွေဟာ တဂျုတ်ဂျုတ်နဲ့ ကုတ်ခြစ်ပြီး ဂျီကျငိုယိုလို့ အိပ်မရဖြစ်နေတာတွေ ၊ ခြေချောင်းလက်ချောင်းကြားလေးတွေနဲ့အရေပြားတချို့နေရာတွေမှာ အဖုအဖိမ့်လေးတွေ ထွက်နေတာကို မေမေတို့အနေနဲ့တွေ့တဲ့အခါ မပေါ့ဆသင့်ပါဘူးနော် ❗️

ဘာဖြစ်လို့လဲဆိုရင်တော့ ကလေးငယ်လေးတွေ ဒီလိုညဘက် ကောင်းကောင်းအိပ်မရဘဲ ယားယံနေရတာဟာ
🦟 သာမန်ခြင်ကိုက်တာ ၊
🤒 အင်ပျဉ်ထတာတွေတင် မဟုတ်ဘဲ
🦠 အရမ်းကူးစက်လွယ်တဲ့ Scabies ဝဲရောဂါကြောင့်လဲ ဖြစ်နိုင်လို့ပဲဖြစ်ပါတယ်

ဒါ့ကြောင့် ဒီနေ့မှာတော့ မိဘတွေအနေနဲ့ စိတ်သောကကင်းဝေးရစေဖို့ ဝဲရောဂါလေးကို အမြစ်ပြတ်အောင် ဘယ်လိုဆေးကုသရမလဲ ၊ အဝတ်အထည်တွေကအစ ဘယ်လိုစနစ်တကျ သန့်စင်ရမလဲဆိုတာတွေကို ကျွန်မတို့ချမ်းသာသုခဆေးရုံကြီးကနေ အချက်အလက်လေးတွေနဲ့ မျှဝေပေးသွားမှာပါနော် 🫶🏻

ဝဲပိုးရောဂါကို အမြစ်ပြတ်စေမဲ့ နည်းလမ်းတွေ 💁🏻‍♀️

✅ လက္ခဏာမပြသေးခင်မှာတင် အိမ်တွင်းအပြန်အလှန်ပြန်မကူးစက်စေဖို့ မိသားစုဝင်အားလုံး တစ်ပြိုင်နက်ကုသမယ် ၊
✅ ဆရာဝန်ညွှန်ကြားတဲ့ ဆေးကို သေသေချာချာလိမ်းပြီး နာရီတစ်ခုအထိ ထားရှိပြီးမှ ရေချိုးသန့်စင်မယ်

ဒါဆို အဝတ်အထည်နဲ့အသုံးအဆောင်တွေကိုကော ဘယ်လိုသန့်စင်ကြမလဲ❓

☑️ မကုသခင် ( ၃ ) ရက်အတွင်း သုံးခဲ့တဲ့ အဝတ်အစား ၊ အိပ်ရာခင်း ၊ တဘက်တွေကို ရေနွေးမှာ သေချာစိမ်ပြီးလျှော်မယ် ၊
☑️ လျှော်ပြီးသားအဝတ်တွေကို နေပူလှန်းပြီး မီးပူသေချာပြန်တိုက်ပေးမယ် ၊
☑️ ရေနွေးနဲ့လျှော်လို့မရတဲ့ ကလေးရဲ့ကစားစရာအရုပ်လေးတွေကို ပလတ်စတစ်အိတ်ထဲထည့်ပြီး လေလုံအောင် ထုပ်ပိုးထားမယ် ( လူ့ခန္ဓာကိုယ်ပြင်ပမှာ ဝဲပိုးဟာ ၃ ရက်ထက်ပိုမရှင်နိုင်ပါဘူးနော် )

ဒါ့ပေမဲ့
🌡️ ကလေးဟာ ကုတ်လွန်းလို့ အနာတွေ ပြည်ထွက် ၊ ပိုးဝင်ပြီး ဖျားလာမယ် ၊
💊 စနစ်တကျ ဆေးလိမ်းပြီးတာတောင် (၄) ပတ်ကျော်တဲ့အထိ မသက်သာဘူး ၊
👶🏻 အသက် ၂ လအောက် ကလေးငယ်တွေမှာပါ ဝဲရောဂါလက္ခဏာသံသယရှိလာမယ်ဆိုရင်တော့ အရေးပေါ်ဆရာဝန်နဲ့စနစ်တကျကုသသင့်ပါတယ်နော်

ဒါဆို ချစ်စရာသားသားမီးမီးလေးတို့ရဲ့ရယ်သံလွင်လွင်လေးတွေနဲ့အတူ သာယာလှပတဲ့နေ့ရက်တိုင်းကိုဖန်တီးနိုင်ဖို့အတွက် ချမ်းသာသုခဆေးရုံကြီးဟာ လူကြီးမင်းတို့အတွက် အမြဲအသင့်ရှိနေပါတယ်ရှင် 👩🏼‍⚕️🏥

🏥ချမ်းသာသုခ အထွေထွေရောဂါကုဆေးရုံကြီး
📍အမှတ်(ဒ/၉၄+ဒ/၁၃၃)၊ တပင်ရွှေထီးလမ်း(ထိပ်)၊(သရက်ပင်ဘုန်းကြီးကျောင်းဘေး)၊ အောင်ချမ်းသာရပ်ကွက်၊ သန်လျင်။
☎️ ဆက်သွယ်ရန်ဖုန်းနံပါတ်များ
📞09 425 803 733
📞09 425 803 734
📞09 443 977 492
📞09 443 977 480

#ချမ်းသာသုခဆေးရုံ_သန်လျင်


#ကျန်းမာရေးဝန်ကြီးဌာနလမ်းညွှန်ချက်
#ဝဲရောဂါ
#ကလေးကျန်းမာရေး
#ကျန်းမာရေးအဖော်မွန်

🦵🏻 ညဘက်ခြေသလုံးကြွက်တက်ပြီး လန့်လန့်နိုးလာတာဟာ တကယ်ကော သာမန်ဟုတ်ရဲ့လား ❌ညဘက် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတုန်း ရုတ်တ...
25/07/2026

🦵🏻 ညဘက်ခြေသလုံးကြွက်တက်ပြီး လန့်လန့်နိုးလာတာဟာ တကယ်ကော သာမန်ဟုတ်ရဲ့လား ❌

ညဘက် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတုန်း ရုတ်တရက် ခြေသလုံးကြီး ခဲသွားပြီး အသည်းခိုက်မတတ် နာကျင်လွန်းလို့ လန့်နိုးလာရတဲ့ ဝေဒနာကို ခံစားဖူးကြမှာပါ 😰

ဒါပေမဲ့ လူတော်တော်များများကတော့ ခြေသလုံးကြွက်တက်တာကို ပင်ပန်းလို့ဖြစ်တာပဲဆိုပြီး ပေါ့ပေါ့တန်တန်နေတတ်ကြပေမဲ့ ဒီလို ခဏခဏ ဖြစ်နေမယ်ရင်တော့ ဒါဟာ ခန္ဓာကိုယ်အတွင်းပိုင်းက တစ်ခုခုလိုအပ်နေလို့ သတိပေးနေတဲ့ အချက်ပြလက္ခဏာတစ်ခုဖြစ်နိုင်တာကို သတိထားသင့်ပါတယ်ရှင် ❗️

ဒါ့ကြောင့် ဒီနေ့မှာတော့ လူကြီးမင်းတို့အားလုံးအတွက် ညဘက်အိပ်ပျော်နေတဲ့အချိန် ကြွက်တက်ရတဲ့ နောက်ကွယ်က တကယ့်အကြောင်းအရင်းတွေနဲ့ ကြုံလာရရင် ချက်ချင်းသက်သာစေမဲ့နည်းလမ်းလေးတွေကို ကျွန်မတို့ချမ်းသာသုခဆေးရုံကြီးကနေ ပြောပြပေးချင်ပါတယ်နော် ☑️

🔬 ညဘက်ကြွက်တက်ရခြင်းရဲ့နောက်ကွယ်က ဆေးဘက်ဆိုင်ရာ အကြောင်းအရင်းတွေကတော့

💧 ရေဓာတ်ခမ်းခြောက်တဲ့ Dehydration :
တစ်နေ့တာလုံး ရေဓာတ်ပြည့်ဝအောင် မသောက်သုံးမိတဲ့အခါ ကြွက်သားဆဲလ်တွေ ကျုံ့ဆန့်ဖို့အတွက် လိုအပ်တဲ့ အရည်ပမာဏ မလုံလောက်တော့တာဖြစ်လို့ ညဘက် အပူချိန်ကျဆင်းချိန်မှာ ကြွက်တက်တာကို ပိုပြီးဖြစ်စေနိုင်ပါတယ် ၊

🧂 သတ္တုဓာတ် လိုအပ်တဲ့ Electrolyte Imbalance :
ကြွက်သားတွေနဲ့ အာရုံကြော စနစ်တကျ အလုပ်လုပ်ဖို့ မရှိမဖြစ်လိုအပ်တဲ့ Calcium ၊ Magnesium နဲ့ Potassium လိုသတ္တုဓာတ်တွေ ခန္ဓာကိုယ်တွင်းနည်းပါးနေချိန်မှာ ကြွက်သားတွေကို ပုံမှန်ထက် ပိုခဲသွားစေတတ်ပါတယ် ၊

🪑 ကိုယ်ဟန်အနေအထားနှင့် ကြွက်သားပင်ပန်းမှု :
တစ်နေ့လုံး အထိုင်များတာ ၊ ခြေထောက်ကို အလွန်အကျွံ အသုံးပြုပြီး ပင်ပန်းထားတာတွေကြောင့်လဲ ညဘက်အိပ်တဲ့အခါ ကြွက်သားတွေ တင်းနိုင်ပါတယ် ၊

🩸 သွေးလည်ပတ်မှုနဲ့ အာရုံကြောအားနည်းခြင်း : အသက်အရွယ်ကြီးရင့်သူတွေ ၊ ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ သွေးကြော/အာရုံကြော အားနည်းသူတွေအနေနဲ့ဆိုရင်လဲ ခြေဖျားကို သွေးစီးဆင်းမှုလျော့နည်းနိုင်တာဖြစ်လို့ ညဘက်မှာကြွက်တက်တာကို ပိုခံစားရတတ်ပါတယ်နော်

💡 ဒီလိုကြုံလာရလျှင် ချက်ချင်းသက်သာစေမဲ့ အကြောဆန့်နည်းလမ်းလေးတွေကိုပါ ထပ်ပြီးပြောပြပေးပါမယ်ရှင်

ညဘက် ကြွက်တက်ပြီး လန့်နိုးလာတဲ့အခါ
🙌🏻 ခြေထောက်ကို အတတ်နိုင်ဆုံး ဆန့်တန်းထားပြီး ခြေချောင်းတွေကို မျက်နှာဘက်ဆီသို့ လက်နဲ့အသာအယာ ဆွဲဆန့်ပေးမယ် ၊
🙌🏻 တောင့်နေတဲ့ ခြေသလုံးကြွက်သားနေရာကို အောက်ဘက်ကနေ အပေါ်ဘက်ဆီ ခပ်ဖွဖွ ညင်သာစွာ ပွတ်ရင်း နှိပ်နယ်ပေးမယ် ၊
🙌🏻 သွေးကြောတွေနဲ့ ကြွက်သားတွေကို အမြန်ဆုံး ပြေလျော့သွားစေနိုင်ဖို့ ရေနွေးအိတ်လေးကပ်ပေးနိုင်ပါတယ်

🏥 ဒါဆို ဘယ်လိုအခြေအနေမျိုးမှာ ဆရာဝန်နှင့် စနစ်တကျ ပြသသင့်တာလဲ ❓

❗️တစ်ပတ်မှာ ( ဒါမှမဟုတ် ) တစ်ညထဲမှာ ခဏခဏ ကြွက်တက်နေခြင်း ၊
❗️ကြွက်တက်ပြီးတဲ့နောက် ခြေသလုံးမှာနီမြန်းခြင်း၊ ရောင်ရမ်းခြင်းနှင့် ပူစပ်ပူလောင် ခံစားရခြင်း ၊
❗️ကြွက်သားတွေ တဖြည်းဖြည်း အားနည်းလာတယ်လို့ခံစားရခြင်း ၊
❗️နေ့စဉ် ကောင်းမွန်စွာ အိပ်စက်အနားယူမှုကို ပြင်းထန်စွာနှောင့်ယှက်လာခြင်းတွေကိုပါ ကြုံတွေ့လာရပြီဆိုရင်တော့ နီးစပ်ရာဆေးခန်းမှာဆရာဝန်နဲ့စနစ်တကျပြသသင့်ပါတယ်နော်

ဒါဆို ဒီနေ့ကစ ကောင်းမွန်နွေးထွေးစွာအိပ်စက်ရင်း သာယာလှပတဲ့နံနက်ခင်းတိုင်းကို ပိုင်ဆိုင်နိုင်ပါစေကြောင်း ကျွန်မတို့ ချမ်းသာသုခဆေးရုံကြီးကနေ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင် 👩🏼‍⚕️🩷

🏥ချမ်းသာသုခ အထွေထွေရောဂါကုဆေးရုံကြီး
📍အမှတ်(ဒ/၉၄+ဒ/၁၃၃)၊ တပင်ရွှေထီးလမ်း(ထိပ်)၊(သရက်ပင်ဘုန်းကြီးကျောင်းဘေး)၊ အောင်ချမ်းသာရပ်ကွက်၊ သန်လျင်။
☎️ ဆက်သွယ်ရန်ဖုန်းနံပါတ်များ
📞09 425 803 733
📞09 425 803 734
📞09 443 977 492
📞09 443 977 480

#ချမ်းသာသုခဆေးရုံ_သန်လျင်


#ကျန်းမာရေးဝန်ကြီးဌာနလမ်းညွှန်ချက်
#ကြွက်တက်ဝေဒနာ
#ကျန်းမာရေးအဖော်မွန်

Address

Da 94+Da133, Tapin Shwe Htee Road
Thanlyin
11211

Telephone

+959425803733

Website

Alerts

Be the first to know and let us send you an email when Chan Thar Thu Kha Hospital posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Chan Thar Thu Kha Hospital:

Shortcuts

Share

Category