GCC Centre

GCC Centre Geriatric & Continuing Care Centre
(1)

အဘိုးအဘွားတို့အား လက်မှုပညာဖြင့် လေ့ကျင့်ပေးခြင်းကျွန်တော်တို့ GCC Centre မှာ လာရောက်နေထိုင်လျက်ရှိသော ဘိုးဘွားများအတွက်...
22/07/2026

အဘိုးအဘွားတို့အား လက်မှုပညာဖြင့် လေ့ကျင့်ပေးခြင်း

ကျွန်တော်တို့ GCC Centre မှာ လာရောက်နေထိုင်လျက်ရှိသော ဘိုးဘွားများအတွက် နေ့စဉ်ပြုလုပ်ပေးမြဲဖြစ်သော လှုပ်ရှားမှုများနှင့်အတူ အကြောအဆစ်နှင့် ပြန်လည်သန်စွမ်းရေးပညာရှင်မှ ဦးစီးကြီးကြပ်၍ Table Top Activity အဖြစ် လက်မှုပညာများပြုလုပ်စေကာ လေ့ကျင့်စောင့်ရှောက်မှုပေးနေသည့် ပုံရိပ်များကို မျှဝေပေးလိုက်ပါသည် ခင်ဗျာ့။

GCC Centre နှင့် ပတ်သက်၍ အသေးစိတ်သိရှိလိုပါက Page Messenger မှတဆင့် (သို့) Hotline number - +95 9789 298 111, +95 9789 298 222, +95 9789 298 333 သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။

GCC Centre (Geriatric & Continuing Care Centre),
သက်ကြီးကျန်းမာရေးနှင့် စဉ်ဆက်မပြတ်‌ ပြုစုစောင့်ရှောက်မှုစင်တာ၊ Green Garden Villa၊ ဇောတိက (၁)လမ်း၊ သန်လျင်-ကျောက်တန်းလမ်းမ၊ သန်လျင်မြို့။

#သက်ကြီးကျန်းမာရေးနှင့်စဉ်ဆက်မပြတ်‌ပြုစုစောင့်ရှောက်မှုစင်တာ

“ဇရာကြမ်းနဲ့ချမ်းသာလမ်း”ကံကြမ္မာ ဘာဆိုဘာမှ ကြိုပြောမရပါကြုံသမျှဆိုးကောင်း ကိစ္စပေါင်းစုံ မဖြုံပေါင်ရင်ဆိုင်ခဲ့လုပ်နိုင်က...
18/07/2026

“ဇရာကြမ်းနဲ့ချမ်းသာလမ်း”

ကံကြမ္မာ ဘာဆိုဘာမှ ကြိုပြောမရပါ

ကြုံသမျှဆိုးကောင်း ကိစ္စပေါင်းစုံ မဖြုံပေါင်ရင်ဆိုင်ခဲ့

လုပ်နိုင်ကိုင်နိုင် ကျန်းမာခိုင်ခံ့စဉ်အခါ

“ငါ” မာနနဲ့ စိတ်ရဲ့နောက်မှာ လိုက်ပါခဲ့ပေါ့ သည်ခန္ဓာ။

ခုတော့ဇရာထောင်း ခန္ဓာလည်း ဒေါင်းကုန်ပြီ

ငယ်ဂုဏ်တွေခဝါချသင့် မာန်ဝင့်ချီ ဂျီကျက ခက်သည်

မြည်တွန်တောက်တီး အလိုကြီး ချီးများကာ

ဇီဇာကြောင် ဂဂျီဂဂျောင်ဆိုက ဘယ်သူမှမကြည်ဖြူ

လုပ်ပေးမဲ့သူများ ကိုယ့်နားမှာရှား ဇရာလမ်းကား ကြမ်းလိမ့်မည်။

စေတနာ သဒ္ဓါပါးသွားမှ ပြင်မရတော့ပါ

အကြင်နာ မေတ္တာဆိုတာ အသပြာပေးပြီး ဝယ်မရတဲ့အရာ

ပါဝါကိုမှီး အထက်စီးနဲ့ခိုင်းပါက ရိုင်းရုံမျှသာ

ချစ်ဖို့ပြမှ ချစ်ကြမှာ မုန်းစရာဆိုက မုန်းကြမှာ

အိုသာအိုလာ ပညာဆိုဟောင်းလောင်းရယ်လို့

လူအပေါင်းတို့ပြောစရာ မဖြစ်သင့်ပါ။

မကြာမီ ကြုံရမည့် ဗျာဓိ မရဏ ကြိုပြင်မှ တော်ရုံကျမှာ

အချိန်က နည်းနည်းလာ လွှတ်ချသင့်တာလွှတ်ကာချ ဖြေလျော့မှဖြစ်မည်

မပိုင်သည် မမြဲသည်ဆိုသည့်အရာ ကပ်ငြိနေပါက အလကား

တရားဘာဝနာအရေး ဦးစားပေးရတော့မည်

မပေါ့ဆ သံဝေဂဉာဏ်နဲ့ အကျင့်မှန် ဖန်ဖန်အားထုတ်က

ဆက်လှမ်းရမဲ့ ဇရာကြမ်း ချမ်းသာတဲ့လမ်း။

(သန်းထွန်းအောင်)

📢 We're Hiring – Healthcare Assistant (HCA)GCC Centre တွင် သက်ကြီးရွယ်အိုများအား နွေးထွေးသော ဂရုစိုက်မှု၊ စိတ်ရှည်သော ပြ...
17/07/2026

📢 We're Hiring – Healthcare Assistant (HCA)

GCC Centre တွင် သက်ကြီးရွယ်အိုများအား နွေးထွေးသော ဂရုစိုက်မှု၊ စိတ်ရှည်သော ပြုစုစောင့်ရှောက်မှုများဖြင့် ဝန်ဆောင်မှုပေးနိုင်မည့် Healthcare Assistant (HCA) များကို ခေါ်ယူနေပါသည်။

🔷 Healthcare Assistant လိုအပ်ချက်

✅ သူနာပြုအကူသင်တန်းဆင်း (သို့) အခြေခံပညာအထက်တန်းအဆင့်ရှိသူ
✅ အသက် (၁၈ - ၂၅) အတွင်း
✅ သွက်လက်တက်ကြွစွာ အသင်းအဖွဲ့ဖြင့် လုပ်ကိုင်နိုင်သူ
✅ Duty Shift ဖြင့် အလုပ်ဆင်းနိုင်သူ

🎁 အကျိုးခံစားခွင့်များ

🏠 GCC Centre မှ အဆောင်၊ နေ့လည်စာနှင့် ညစာ စီစဉ်ပေးမည်
💰 လစာ (ညှိနှိုင်း)
📍 တည်နေရာ - သန်လျင်၊ ရန်ကုန်

📩 CV ပို့ရန် (သို့) အသေးစိတ်မေးမြန်းရန်

☎️ Viber - 09 977 015 890
✉️ [email protected]

GCC Centre မှ အဘိုးအဘွားများ တစ်နေ့တာလှုပ်ရှားမှုကျွန်တော်တို့ GCC Centre မှာ လာရောက်နေထိုင်လျက်ရှိသော ဘိုးဘွားများအတွက်...
16/07/2026

GCC Centre မှ အဘိုးအဘွားများ တစ်နေ့တာလှုပ်ရှားမှု

ကျွန်တော်တို့ GCC Centre မှာ လာရောက်နေထိုင်လျက်ရှိသော ဘိုးဘွားများ
အတွက် အကြောအဆစ်နှင့် ပြန်လည်သန်စွမ်းရေးပညာရှင်မှ ဦးစီးကြီးကြပ်၍ နေ့စဉ်ပြုလုပ်ပေးမြဲဖြစ်သော လှုပ်ရှားမှုများအဖြစ် လေ့ကျင့်ခန်းပြုလုပ်ခြင်း ပုံရိပ်များကို မျှဝေပေးလိုက်ပါတယ် ခင်ဗျာ့။

GCC Centre နှင့် ပတ်သက်၍ အသေးစိတ်သိရှိလိုပါက Page Messenger မှတဆင့် (သို့) Hotline number - +95 9789 298 111, +95 9789 298 222, +95 9789 298 333 သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။

GCC Centre (Geriatric & Continuing Care Centre),
သက်ကြီးကျန်းမာရေးနှင့် စဉ်ဆက်မပြတ်‌ ပြုစုစောင့်ရှောက်မှုစင်တာ၊ Green Garden Villa၊ ဇောတိက (၁)လမ်း၊ သန်လျင်-ကျောက်တန်းလမ်းမ၊ သန်လျင်မြို့။

#သက်ကြီးကျန်းမာရေးနှင့်စဉ်ဆက်မပြတ်‌ပြုစုစောင့်ရှောက်မှုစင်တာ

📢 We're Hiring – Physiotherapist (Full-Time / Part-Time)✨GCC Centre တွင် သက်ကြီးရွယ်အိုများအား လှုပ်ရှားနိုင်စွမ်း ပြန်လ...
15/07/2026

📢 We're Hiring – Physiotherapist (Full-Time / Part-Time)

✨GCC Centre တွင် သက်ကြီးရွယ်အိုများအား လှုပ်ရှားနိုင်စွမ်း ပြန်လည်တိုးတက်စေရန်နှင့် နာကျင်မှုများ သက်သာစေရန် ကူညီပေးမည့် Physiotherapist (Full-Time / Part-Time) များကို အလိုရှိပါသည်။

✨ သင်သည် လူနာများကို စိတ်ရှည်စွာ ကူညီစောင့်ရှောက်လိုပြီး Rehabilitation ပိုင်းကို စိတ်ဝင်စားသူတစ်ဦးဖြစ်ပါက GCC Centre ၏ မိသားစုဝင်အဖြစ် လာရောက်ပူးပေါင်းလိုက်ပါ။

✨Fresh Graduates များလည်း လျှောက်ထားနိုင်ပါသည်။

💙 အကျိုးခံစားခွင့်များ
✔️ Competitive Salary + Incentives
✔️ Warm & Supportive Working Environment
✔️ Ferry စီစဉ်ပေးခြင်း
✔️ Complimentary Lunch

📩 CV ပေးပို့ရန် – [email protected]
📞 Viber – 09 977 015 890
📍 GCC Centre, Thanlyin

🎶 ဂန္ထဝင်တေးသံရှင် မြန်မာပြည်သိန်းတန်၏ ဂီတမေတ္တာလက်ဆောင်GCC Centre သို့ ဂန္ထဝင်တေးသံရှင် မြန်မာပြည်သိန်းတန် ကြွရောက်၍ အဖ...
06/07/2026

🎶 ဂန္ထဝင်တေးသံရှင် မြန်မာပြည်သိန်းတန်၏ ဂီတမေတ္တာလက်ဆောင်

GCC Centre သို့ ဂန္ထဝင်တေးသံရှင် မြန်မာပြည်သိန်းတန် ကြွရောက်၍ အဖိုးအဖွားများအတွက် တေးသီချင်းများဖြင့် ဖျော်ဖြေပေးခဲ့သည့် ကြည်နူးဖွယ် အမှတ်တရပုံရိပ်များကို မျှဝေပေးလိုက်ပါတယ် ခင်ဗျာ့။

ရင်းနှီးနွေးထွေးသော တေးသံများ၊ အပြုံးများနှင့် ရယ်မောပျော်ရွှင်မှုများက GCC Centre ၏ မိသားစုဆန်သော နေ့ရက်တစ်ရက်ကို ပိုမိုလှပစေခဲ့ပါတယ်။

အဖိုးအဖွားများအား အဖိုးတန်အမှတ်တရများ ဖန်တီးပေးခဲ့သည့် မြန်မာပြည်သိန်းတန်အား GCC Centre မိသားစုမှ အထူးလေးစားဂုဏ်ပြုလျက် အထူးကျေးဇူးတင်ရှိပါတယ် ခင်ဗျာ့... 💚

GCC Centre နှင့် ပတ်သက်၍ အသေးစိတ်သိရှိလိုပါက Page Messenger မှတဆင့် (သို့) Hotline number - +95 9789 298 111, +95 9789 298 222, +95 9789 298 333 သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။

GCC Centre (Geriatric & Continuing Care Centre),
သက်ကြီးကျန်းမာရေးနှင့် စဉ်ဆက်မပြတ်‌ ပြုစုစောင့်ရှောက်မှုစင်တာ၊ Green Garden Villa၊ ဇောတိက (၁)လမ်း၊ သန်လျင်-ကျောက်တန်းလမ်းမ၊ သန်လျင်မြို့။

#သက်ကြီးကျန်းမာရေးနှင့်စဉ်ဆက်မပြတ်‌ပြုစုစောင့်ရှောက်မှုစင်တာ

Geriatric Care-Serie 6သက်ကြီးကျန်းမာရေးနှင့် စဥ်ဆက်မပြတ် ပြုစုစောင့်ရှောက်မှုနှင့် စပ်လျဥ်းပြီး Prof: ဒေါက်တာ မြင့်ဟန်၊ ...
03/07/2026

Geriatric Care-Serie 6

သက်ကြီးကျန်းမာရေးနှင့် စဥ်ဆက်မပြတ် ပြုစုစောင့်ရှောက်မှုနှင့် စပ်လျဥ်းပြီး Prof: ဒေါက်တာ မြင့်ဟန်၊ Prof: ဒေါက်တာ မိုးမိုးဇော် နှင့် ဒေါက်တာ သန်းထွန်းအောင် တို့မှ CME Program - ဟောပြောပွဲ အစီအစဥ်ကို Memo Wave နှင့် Z-waka တို့ အတူပူးပေါင်းပြီး ကျွန်တော်တို့ GCC Centre တွင် ဇွန်လ (၂၈) ရက်နေ့၌ ကျင်းပ ပို့ချပေးခဲ့သည့် မှတ်တမ်းပုံရိပ်များအား မျှဝေပေးလိုက်ပါတယ် ခင်ဗျာ့။

➡️လူကိုယ်တိုင် တက်ရောက် အားပေးကြသော ဆရာ ဆရာမကြီးများနှင့်တကွ ဧည့်ပရိတ်သတ် များအား လည်းကောင်း .....၊

➡️Online Webinar မှ တက်ရောက် ကြသော ဆရာဝန် ဆရာမ များအား လည်းကောင်း၊

➡️အထူးအားဖြင့် ကူညီအားပေး ဟောပြော ပို့ချပေးပါသော ဆရာမကြီး Prof: Moe Moe Zaw အားလည်းကောင်း၊

➡️ပွဲဖြစ်မြောက်ရေးအတွက် အဖက်ဖက်မှ ကူညီပံ့ပိုးပေးပါသော Memo Wave အား လည်းကောင်း၊

➡️Online Webinar အတွက် အမြဲကူညီပေးပါသော Z- Waka Heathcare Professionals Groups အားလုံးအား လည်းကောင်း၊

❣️အထူးကျေးဇူးတင် ဂုဏ်ပြုအပ်ပါတယ် ခင်ဗျာ့။

GCC Centre နှင့် ပတ်သက်၍ အသေးစိတ်သိရှိလိုပါက Page Messenger မှတဆင့် (သို့) Hotline number - +95 9789 298 111, +95 9789 298 222, +95 9789 298 333 သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။

GCC Centre (Geriatric & Continuing Care Centre),
သက်ကြီးကျန်းမာရေးနှင့် စဉ်ဆက်မပြတ်‌ ပြုစုစောင့်ရှောက်မှုစင်တာ၊ Green Garden Villa၊ ဇောတိက (၁)လမ်း၊ သန်လျင်-ကျောက်တန်းလမ်းမ၊ သန်လျင်မြို့။

#သက်ကြီးကျန်းမာရေးနှင့်စဉ်ဆက်မပြတ်‌ပြုစုစောင့်ရှောက်မှုစင်တာ

သက်ကြီးရွယ်အိုများ ဆေးရုံတက်ရောက်ကုသကြရသည့်အခါ …                                        (ဒေါက်တာသန်းထွန်းအောင်)         ...
30/06/2026

သက်ကြီးရွယ်အိုများ ဆေးရုံတက်ရောက်ကုသကြရသည့်အခါ …

(ဒေါက်တာသန်းထွန်းအောင်)

သက်ရွယ်ကြီးသူများ ဆေးရုံတက်ကြရသည့် အကြောင်းတို့ကိုလေ့လာကြည့်ပါက ချော်လဲ ပြီးထိခိုက်ဒဏ်ရာရသွားခြင်း၊ အဆုတ်ရောင်ခြင်း၊ ဆီးလမ်းကြောင်းပိုးဝင်ခြင်၊ လေဖြတ်သွားခြင်း နှင့် ရှိရင်းစွဲ နာတာရှည် ရောဂါများပိုဆိုးလာခြင်း တို့မှာအများဆုံးဖြစ်ကြသည်ကိုတွေ့ရသည်။ သက်ကြီးများသည် မည်သည့်အကြောင်းကြောင့် ဆေးရုံတက်ရသည်ဖြစ်စေ သူတို့ခံစားနေရသည့် ရောဂါဝေဒနာအပြင် ထပ်ဆောင်း၍ မမျှော်လင့်ထားသော မလိုလားအပ်သည့် စိတ်ပိုင်းဆိုင်ရာ နှင့် ရုပ်ပိုင်းဆိုင်ရာ ခံစားရမှုများ၊ နောက်ဆက်တွဲ ရှုပ်ထွေးသည့် ကျန်းမာရေးပြဿနာများပါ သာမန်လူ များထက်ရနိုင်ခြေပိုများကြပါသည်။ ထို့ကြောင့်ယခုဆောင်းပါးတွင် သက်ကြီးများဆေးရုံတက် ရောက် ကုသ ကြရသည့်အခါ သတိထားသင့်သောအရာများကို တင်ပြဆွေးနွေးသွားပါမည်။


ဆေးရုံပတ်ဝန်းကျင်သည် လူအများအတွက် အကျွမ်းတဝင်မရှိသော၊ မရှောင်လွဲသာ၍ ရောက်လာရသောနေရာတစ်ခုဖြစ်သည်။ မိမိတို့၏ လူမှုရေး၊ စီးပွားရေးနောက်ခံ၊ ရောဂါဝေဒနာ အခြေအနေနှင့်ဆက်စပ်၍ စိတ်လှုပ်ရှားဖွယ်ရာကောင်းသောနေရာလည်းဖြစ်သည်။ ရောဂါ ပြင်းထန်ပြီး အသက်ဘေးနှင့်နီးစပ်လျှင် စိုးရိမ်ထိတ်လန့်မှုများနှင့်လွမ်းမိုးနေသော၊ မျက်နှာငယ် ငယ်ဖြင့် ကူညီအားကိုးရာမဲ့သည့် ခံစားမှုဖြစ်စေတတ်သော၊ ရှေ့ဆက်ပြီးမည်သို့ လုပ်ရမည်ကို မသိနိုင်သော၊ လတ်တလော ဆုံးဖြတ်ချက် ပေးရန်ခက်ခဲသော အခြေအနေမျိုးတို့နှင့် ရင်ဆိုင် ကြုံတွေ့ရတတ်သည့် ပတ်ဝန်းကျင်မျိုးလည်းဖြစ်သည်။ ထိုအတွေ့အကြုံ ခံစားချက်များအပြင် မိသားစု ဆွေမျိုး မိတ်ဆွေများပေါ်တွင်မှီနေကြရသည့် သက်ကြီးရွယ်အိုများအဖို့မှာ မိမိအတွက် တစ်ပါးသူ ပေါ်တွင်ဝန်ထုပ်ဝန်ပိုးဖြစ်ကြရခြင်းကြောင့် ဆေးရုံတက်ရပြီဆိုလျှင် ပိုပြီးစိတ်ညစ် ကြသည်။ စိတ်ပျက်ကြသည်။ အလွယ်တကူ လက်လျော့လိုက်ချင်ကြသည်။

ရောဂါဝေဒနာထွေပြားခံစားနေကြရသည့်အရွယ်စုံလူနာများ၊မြင်နေကျမဟုတ်သောဝတ်စုံအမျိုးစုံဝတ်ဆင်ကာ အလုပ်များပြီး လျှင်မြန်စွာလှုပ်ရှားနေကြသူများ၊ မမြင်မတွေ့ဘူးသော စက် ပစ္စည်းကိရိယာများ၊ စသည်တို့နှင့်ပြည့်နေသည့်ဆေးရုံမြင်ကွင်းမှာ နှစ်ရှည် ပြင်ပလောကနှင့် အဆက်ပြတ်နေသည့်သက်ကြီးများအတွက် ထူးဆန်းကြောက်လန့်ဖွယ်ဖြစ်နိုင်သည်။ တခါမျှ မမြင်ဘူးသည့်သူများနှင့် စမ်းသပ်ခန်းမျိုးစုံတွင်နည်းမျိုးစုံဖြင့် စမ်းသပ်စစ်ဆေးခံကြရသည့်အခါ ပိုဆိုးပါသည်။ ထိုအခါသက်ကြီးရွယ်အိုများသည် နေ့ညမှားယွင်းခြင်း၊ မည်သည့်နေရာသို့ ရောက်နေ မှန်း မသိတော့ခြင်းမျိုးဖြစ်ကာ Hospital-related Delirium ဟုခေါ်သည့် ဆေးရုံ ဝန်းကျင်ကြောင့် စိတ်ရှုပ်ထွေးခြင်းနှင့် ဂယောင်ဂတမ်းဖြစ်လာတတ်သည်။ အမှတ်သတိ ထားနိုင်မှု ချို့ယွင်း အားနည်းကာ အမေ့လွန်လာသည့် ဒီမင်းရှား (Dementia) ရှိသူဖြစ်လျှင် ပိုဆိုးတတ်ပါသည်။


သက်ကြီးများမှာ ဂယောင်ဂတမ်းဖြစ်ခြင်း (Delirium) ဝင်လာလျှင်အသက်အန္တရာယ်များ ပါသည်။ အကြောင်းရင်းကိုရှာဖွေကာ အချိန်မီကုသနိုင်ရန်လိုအပ်ပါသည်။ ဂယောင်ဂတမ်းဖြစ်နေ သည့် လူနာကို ကုသရသည်မှာ ခက်ခဲပါသည်။ လူနာသည်ရုန်းကန်နေတတ်ပြီး ပြောဆို ရှင်းပြခြင်း ကိုနားလည်လက်ခံနိုင်စွမ်းလည်းမရှိတော့ပါ။ ထိုအခါ ဆေးသွင်းထားသည့်ပိုက်များ၊ အောက်စီဂျင် ပိုက်များ၊ အစာပိုက် နှင့် ဆီးပိုက်များ စသည်တို့ကို ဆွဲဖြုတ်ပစ်တတ်ကြပါသည်။ ထိုအချိန်တွင် မိသားစုဝင် (သို့မဟုတ်) လူနာစောင့်တစ်ဦး သို့မဟုတ် နှစ်ဦးကို အနားတွင်နေခွင့်ပြုပြီး လူနာ၏ လက်များကိုကိုင်ထားပေးခြင်း၊ အာရုံကိုလွှဲပေးခြင်း၊ ချော့မော့နှစ်သိမ့်အားပေးခြင်းတို့ လုပ်ပေးရန် လိုအပ်ပါသည်။ လိုအပ်ပါက ဆရာဝန်များအနေဖြင့်လည်း ရုန်းကန်နေမှုနည်းသွားစေရန် စိတ်ငြိမ် ဆေးအပျော့စားများကို ပေးထားတတ်ကြပါသည်။ လူနာ၏ခြေလက်များကို ကြိုးဖြင့်ချည်နှောင် ခြင်းသည် လူနာကို စိတ်ပိုင်းဆိုင်ရာဒဏ်ရာရစေနိုင်သည့်အပြင် တချို့လူနာများအတွက် ထိုနည်းမှာ ပို၍ပင် ဂယောင်ချောက်ခြားမှုနှင့်ကြောက်ရွံ့သွားမှု တို့ကိုဖြစ်စေပါသည်။ ပိုက်များကိုအလွယ်တကူ ဆွဲမဖြုတ်နိုင်သော လက်အိတ် (Mittens) များ သုံးစွဲခြင်းဖြင့် တချို့လူနာများမှာ အဆင်ပြေကာ ကြိုးဖြင့်ချည်တုပ်ထားရန်မလိုတော့ပါ။ လူနာကို ကြိုးချည်ပြီးထိန်းသည့်နည်းမှာ မသုံးမဖြစ်တော့ သည့်အနေအထားတွင်သာ လိုအပ်ချက်အရ ခေတ္တခဏသုံးလိုက်ရသည့် သဘောမျိုးဖြစ်ရပါမည်။


သက်ကြီးများဆေးရုံတက်ရလျှင် မိသားစုနှင့်ခွဲခွာရခြင်း၊ မိမိခန္ဓာကိုယ်ကို ကိုယ်တိုင်မထိန်း ချုပ်နိုင်တော့ခြင်းနှင့် ရောဂါ အခြေအနေအပေါ် စိုးရိမ်ခြင်းတို့ကြောင့် စိတ်ဓာတ်ကျခြင်း (Depression) နှင့် စိုးရိမ်စိတ်လွန်ကဲခြင်း(Anxiety) များဖြစ်လာတတ်သည်။ မိမိအိမ်နေရာ မဟုတ်သည့်နေရာတွင် အထီးကျန်စွာ လွတ်လပ်မှုပျောက်ဆုံးကာနေရခြင်း၊ ဆေးရုံနှင့် ကုသမှု ပေးနေသူများ၏ စည်းကမ်း ပြောဆိုညွန်ကြားချက်များ၊ ကန့်သတ်ချက်များနှင့် ကျဉ်းကျပ်စွာ နေရသည်ကို မပျော်မွေ့ခြင်းတို့ ဖြစ်တတ်သည်။ ရုပ်ပိုင်းဆိုင်ရာအားဖြင့်လည်း မိမိအိမ်မှာ ကဲ့သို့ သွားလာလှုပ်ရှားမှုမရှိတော့ဘဲ ရောဂါကြောင့် ဆေးရုံကုတင်ပေါ်တွင် အချိန်ကြာမြင့်စွာ လှဲနေကြ ရသည်။ လေ့လာထားချက်များအရ ဆေးရုံတက်ကြရသည့်သက်ကြီးများအတွက် သူတို့အချိန်၏ ၈၈% မှ ၁၀၀% အထိသည်ကုတင်ပေါ်တွင်ဖြစ်သည်။ လမ်းလျှောက်ခြင်းမပြုသည့်လူနာသည် တစ်ရက် တစ်ရက်လျှင် ကြွက်သားထုပမာဏ (muscle mass) ၂% မှ ၅ % ထိလျော့ကျသွား တတ်သည်။ တစ်ပါတ် မလှုပ်မရှားနေလိုက်လျှင် ကြွက်သားထု ၁၀% ထိပင် ကုန်ဆုံးသွားကာ ကြွက်သား အင်အား (muscle strength) မှာလည်း ၄၀% ထိကျဆင်းသွားနိုင်ပါသည်။ ကြွက်သား များ ပိန်လှီအားနည်းသွားခြင်းကြောင့် နကိုယ်က သွားလာလှုပ်ရှားနေသူသည် ယခုအခါ ထိုင်ထရန် လမ်းလျှောက်ရန်ပင် အားမရှိတော့ခြင်းမျိုး ဖြစ်သွားတတ်သည်။ ထို့ကြောင့်ဆေးရုံတက်နေစဉ် မှာပင် ခန္ဓာကိုယ်သန်စွမ်းရေးကုထုံးပညာရှင် Physiotherapist နှင့်လိုအပ်သောကုသမှုကို တပြိုင်တည်း ရယူကြရန်အရေးကြီးပါသည်။ လိုအပ်ပါက ဆေးရုံမှဆင်းလာပြီးသည့်တိုင် ကောင်းစွာပြန်လည် နာလန်ထလာနိုင်ရန်နှင့် ဆေးရုံမတက်မီ လုပ်ကိုင်စွမ်းဆောင်နိုင်ရည်အတိုင်း တတ်နိုင်သမျှ ပြန်ရောက်နိုင်ရန် Physiotherapy ကို ဆက်လက်ရယူသင့်ပါသည်။

ဆေးရုံတက်ရစဉ် မိမိ အိပ်နေကျအိပ်ခန်း၊ မွေ့ရာ၊ ခေါင်းအုံးတို့ မဟုတ်သည့်အပြင် အိပ်စက်နားချိန်မှာပင် လိုအပ်ချက်အရ မကြာခဏ စမ်းသပ်စစ်ဆေးမှုပြုခြင်း၊ ဆေးမျိုးစုံသွင်း ရခြင်း နှင့်ဆေးရုံဝန်းကျင်၏ လှုပ်ရှား ဆူညံသံများကြောင့် နှစ်ခြိုက်စွာ အိပ်မပျော်ဘဲ အိပ်ရေးပျက် ကြတတ်ပါသည်။ အိပ်ရေးမဝခြင်း ရက်ဆက်ဖြစ်လာသည့်အခါ ကျန်းမာရေးကို ပိုထိခိုက်ပါသည်။ ဆေးဒဏ်၊ ရောဂါ ဒဏ်အပြင် ကိုယ်ခံအားကျလာကာ နာလန်ထူနှုန်းကိုလည်း နှောင့်နှေးစေပါသည်။ စိတ်ပင်ပန်းမှုနှင့် အိပ်စက်မှုကို အထောက်အကူဖြစ်စေရန် ဆေးပေးမည်ဆိုလျှင် ဆေးအာနိသင် သည် ခန္ဓာကိုယ်တွင် အချိန်တိုတိုသာခံမည့် (short acting) ဆေးများကို ရက်တိုတိုခန့်သာ သုံးစွဲ သင့်ပါသည်။ အိပ်ချိန်တွင် ပတ်ဝန်းကျင်ကို အတတ်နိုင်ဆုံးဆိတ်ငြိမ်စေခြင်း၊ မီးအလင်းရောင်မှိန် ထားခြင်းတို့ လုပ်ရပါမည်။ ညဖက်လူနာစောင့်ရှိခြင်းက သက်ကြီးများအတွက် စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုဖြစ်စေကာ စိတ်ချလက်ချအိပ်စက်နိုင်ရန်များစွာအထောက်အကူဖြစ်ပါသည်။ မလိုအပ်ပါက လူနာအိပ်နေစဉ်တွင်စမ်းသပ်ခြင်း၊ သွေးပေါင်တိုင်းခြင်းစသည်တို့ကို မလုပ်သင့်တော့ပါ။


နေမကောင်းစဉ်တွင် လိုအပ်သော ရေ နှင့် အဟာရဓာတ်များ ပြည့်စုံစွာရနေရန် အရေးကြီး ပါသည်။ သက်ကြီးများသည် ရေသောက်ရမည်ကို ဝန်လေးတွန့်ဆုတ်တတ်ခြင်း၊ ကျန်းမာရေးနှင့် ညီညွတ်အောင် စီမံထားသည့် ဆေးရုံအစာများကို အိမ်အစားအသောက်များကဲ့သို့ အနံ့အရသာ မရှိသဖြင့် စိတ်တိုင်းမကျခြင်း၊ ရောဂါနှင့်ဆေးများကြောင့်ခံတွင်းပျက်ခြင်း၊ စိတ်ညစ်စိတ်ပျက်ခြင်း တို့ကြောင့် စားချင်စိတ်မရှိခြင်း စသည့်အကြောင်းစုံကြောင့် ရေ နှင့် အာဟာရ ချို့တဲ့မှုဖြစ်နိုင်ခြေ မြင့်မားတတ်ပါသည်။ လိုအပ်ပါက အစားအသောက်ပညာရှင် (dietician) သို့မဟုတ် အဟာရ ပညာရှင် (nutritionist) ၏ အကြံပေးမှုကိုလည်း တောင်းခံရယူရန် လိုပါသည်။ ပြုစုစောင့်ရှောက် သူများအနေဖြင့် သာမန်အတိုင်းပါးစပ်မှကျွေးရသည့်အခါ တွင်ဖြစ်စေ၊ နှာခေါင်းပိုက်မှတဆင့် အစာကျွေးရသည့်အခါတွင်ဖြစ်စေ ပက်လက်အနေအထားတွင် အစာမကျွေးရပါ။ အနည်းဆုံး ၄၅ ဒီဂရီခန့် ထိုင်လျက်အနေအထားဖြင့်ကျွေးရပါမည်။ ရောဂါကြောင့်လူနာသည် နကိုယ်စားနေကျ အစားအသောက်ပုံစံမျိုးမစားနိုင် မမျိုချနိုင် မသောက်နိုင်ခြင်းမျိုးလည်းဖြစ်သွားတတ်ပါသည်။ ထိုအခါ ဆရာဝန်ညွန်ကြားသည့်အတိုင်းပြောင်းလဲကျွေးရမည့်အစားအစာ၏ အပျော့အမာ၊ အပျစ်အကျဲ ( food texture and consistency) နှင့် ကျွေးရမည့်ပုံစံတို့ကို တိကျစွာလိုက်နာ ကြရန်လိုအပ်ပါသည်။ မဟုတ်ပါက အစာသီးခြင်းဖြစ်ကာ ကျွေးသည့်အစာတစ်ချို့ အသက်ရူ လမ်းကြောင်းသို့ရောက်ရှိသွားမှုကြောင့်အဆုတ်ရောင်ရမ်းခြင်း (aspiration pneumonia) ဖြစ်သွားနိုင်ပါသည်။ ခံတွင်းသန့်ရှင်းနေလျှင် aspiration pneumonia လွယ်လွယ်နှင့် ပြင်းထန် စွာမဖြစ်တတ်သဖြင့် ပြုစုသူများအနေဖြင့်သက်ကြီးများ၏ ခံတွင်းသန့်ရှင်းရေး (oral toilet) ကို ဂရုတစိုက် ပုံမှန်လုပ်ပေးထားရန်အရေးကြီးပါသည်။

ဆေးရုံပတ်ဝန်းကျင်အနေအထား၊ ရေသောက်မှုနည်းခြင်း နှင့် သွားလာလှုပ်ရှားမှုနည်းသွား ခြင်းကြောင့် သက်ကြီးများမှာဆေးရုံတက်နေစဉ် ဝမ်းချုပ်တတ်ကြပါသည်။ သက်ကြီးများဝမ်းချုပ် သည့်အခါ မအီမသာနှင့် နေထိုင်မကောင်းကြပါ။ ဝမ်းညှစ်ရသည့်အလုပ်သည် အလွန်ပင်အားကုန် ပင်ပန်းလှပါသည်။ မာခြောက်နေသည့် စမြင်းတုံးသည် စအိုဝကို ကွဲအက်နာကျင်ကာ သွေးပါထွက် ရသည်အထိဖြစ်စေပါသည်။ ဝမ်းချုပ်ခြင်းကြောင့် နောက်ဆက်တွဲပြဿနာများအနေဖြင့် ဆီးသွား ရခက်ခဲခြင်း၊ ဆီးအကျန်များခြင်း၊ ဆီးမပေါက်နိုင်သဖြင့်ဆီးပိုက်ထည့်ရခြင်းတို့ ဖြစ်သွား တတ်ပါ သည်။ ဝမ်းသွားရခက်လောက်အောင်သည့် ဝမ်းချုပ်နေခြင်းသည် သက်ကြီးများ စိတ်တိုစရာပင် ဖြစ်ပါသည်။ ထို့ကြောင့် သက်ကြီးများဆေးရုံတက်ရလျှင်ဝမ်းမချုပ်ရန် သတိထားကြရ ပါမည်။ အိပ်ရာပေါ်တွင်လဲနေခြင်းများကြမည့်သက်ကြီးများအတွက် လေမွေ့ရာ (air mattress) ကို အသုံး ပြုခြင်း၊ ခန္ဓာကိုယ်အနေအထား (position) ကို ၂ နာရီခြားတစ်ခါခန့် ပြောင်းပေးခြင်း တို့ဖြင့် အိပ်ရာနာ (bed sore) ဖြစ်ခြင်းမှ ကာကွယ်ကြရပါမည်။

လက်တွေ့အားဖြင့်သက်ကြီးရွယ်အိုတစ်ဦး ဆေးရုံတက်သည့်အခါ ဆေးဝါးကုသမှုအပြင် "ကြင်နာနွေးထွေးသည့် စိတ်ပိုင်းဆိုင်ရာ ပြုစုမှု" အပိုင်းကလည်း များစွာအရေးကြီးသည်။ လူနာ အတွက်အလွန်ပင် စိတ်ဓာတ်ခွန်အားကို ဖြစ်စေပါသည်။ မိသားစုဝင်များအနေဖြင့်လည်း ဆရာဝန် ခွင့်ပြုလျှင် အနားတွင်နေပြီးလက်ကို ဆုပ်ကိုင် ထားပေးပါ။ ညောင်းညာမှုသက်သာစေရန် နှိပ်နယ် ပေးခြင်းကိုကြိုက်လျှင် ခြေလက်များကို ဖွဖွလေး ညင်သာစွာနှိပ်နယ်ပေးပါ။ ကိုယ်လက်မျက်နှာ သစ်ပေးခြင်း၊ ခေါင်းဖီးပေးခြင်း၊ သနပ်ခါး ကြိုက်သူများအတွက် သနပ်ခါးလိမ်းပေးခြင်း၊ စသည် တို့သည် တစ်ကိုယ်ရေသန့်ရှင်းမှု ကောင်းစေ သည့်အပြင် စိတ်လန်းဆန်းမှုနှင့် ကြင်နာနွေးထွေးမှု ကိုလည်းဖြစ်စေပါသည်။ ဆေးရုံစာ သည် သက်ကြီးများအတွက် ငြီးငွေ့စရာကောင်းတတ်ပါသည်။ သို့အတွက် ဆရာဝန် ခွင့်ပြုလျှင် သူတို့ ကြိုက်တတ်သည့် စားသောက်ဖွယ်ရာများကို ယူဆောင် လာပေးကြပါ။ လတ်ဆတ်ကောင်းမွန်သည့် သစ်သီးဝလံများ ယူလာလျှင်လည်း သူတို့အလွန်ပျော် တတ်ကြပါသည်။

လူနာ၏မိတ်ဆွေ အပေါင်းအသင်းများအနေဖြင့် ဧည့်ချိန်တွင် လာတွေ့ကာ အားပေးစကား ပြောခြင်း၊ ရှေးဟောင်းနှောင်းဖြစ်များနှင့် စကားစမည်ပြောဆိုကြခြင်း၊ လမ်းလျောက်နိုင်လျှင် အတူ တူ တွဲ၍လမ်းလျောက်ပေးခြင်း၊ ကြိုက်နှစ်သက်သည့်သီချင်း၊ သတင်းအစီအစဉ်များ၊ တရားတော် များ၊ ဗွီဒီယိုရုပ်ရှင်များ၊ ရယ်မောဖွယ်ရာ ဟာသဇာတ်လမ်းများကို နားထောင်ကြည့်ရှုခြင်း၊ တို့မှာ ရောဂါဝေဒနာ ခံစားနေရမှုကို ခဏတာမေ့ပျောက်သွားစေကာ စိတ်ပျော်ရွှင်ပေါ့ပါးမှုကို ဖြစ်စေပါ သည်။ ဆေးရုံမှာ တစ်နေကုန် တစ်ယောက်တည်းနေရသည့် စိတ်ပင်ပန်းမှုလည်း သက်သာစေပါ သည်။ မိသားစု မိတ်ဆွေများ၏ ထိုသို့ဝိုင်းရံအားပေး ဂရုစိုက်ပြုစုကြခြင်းသည် အားကိုးစရာရှိ ခြင်း ဆိုသည့်စိတ်လုံခြုံမှုကိုလည်း ပေးစွမ်းနိုင်ပါသည်။ သက်ကြီးအများစုသည် သူတို့၏ မြေးမြစ် များကို အထူး ချစ်တတ်ကြသည်။ မြေးမြစ်ကလေးများ၏ ဗီဒီယိုလေးများကို ကြည့်ရသည့်အခါ သက်ကြီးများမှာ အလွန်နှစ်သက် ပျော်ရွင်တတ်ကြပါသည်။ ခလေးများ၏ အသက်အရွယ်အလိုက် ဆေးရုံဧည့်လာစည်းကမ်းအရ ခွင့်ပြုလျှင် မြေးမြစ်များကိုတွေ့ချင်နေသည့် အဘိုးအဖွားများ အတွက် သွားတွေ့လိုက်လျှင် အစွမ်းထက်သည့်အားဆေးတစ်မျိုးဖြစ်သည်။ ကိုယ်ခံအားအလွန် နည်းနေသည့်သက်ကြီးများနှင့် ကူးစက်ရောဂါအလွယ်တကူ ရစေနိုင်သည့် အချိန်အခါမျိုးတွင်မူ ဧည့်လာခြင်းကို ကန့်သတ်မှုရှိနိုင်ပါသည်။

ဆေးရုံတက်ရသည့် ကာလသည် သက်ကြီးများအတွက် "ထောင်ကျနေသလို" ခံစားရ တတ်ပါသည်။ ဆေးရုံတွင်ရက်တာရှည်နေရလေ ဆေးရုံပတ်ဝန်းကျင်မှရောဂါကူးစက်ခြင်း (nosocomial infections) ဖြစ်နိုင်ခြေများလေဖြစ်ပါသည်။ ဆေးပညာအမြင်အားဖြင့် ဆေးရုံ တက်ကာလ (Hospital stay) တိုလေကောင်းလေ ဖြစ်ပါသည်။ သို့သော်ရောဂါအခြေအနေနှင့် ကုထုံးအရ ဆရာဝန်က ပေးမဆင်းသေးသည့်အချိန်တွင် လူနာကဆေးရုံမှ ဆင်းချင်ပြီဖြစ်လာ သည့်အခါ လူကြီးမိဘများကို ပြုစုနေကြရသည့် မိသားစုဝင်များမှာ စိတ်ပင်ပန်း ရတတ်ပါသည်။ အခက်တွေ့ရပါသည်။ ထိုအခါသူတို့၏ခံစားချက်ကို အသိအမှတ်ပြုခြင်း (Validate) လုပ်ပေးပါ။ "ဟုတ်တာပေါ့၊ ဆေးရုံမှာနေရတာ စိတ်ကျဉ်းကျပ်ပြီး လူလည်းပင်ပန်းနေ တာကို နားလည်ပါတယ်" ဟူ၍ ဦးစွာပြောပေးပါ။ သူတို့၏ဒုက္ခကို တစ်ယောက်ယောက်က နားလည်စွာသိပေးသည် ဆိုသည့် ခံစားမှုက ဆေးရုံကဆင်းရန် အလွန်ပြင်းပျနေသည့်စိတ်ကို အနည်းငယ် ပျော့ကျသွားတတ်ပါသည်။ "မရဘူး၊ နေရမယ်" စသည်ဖြင့် ဆန့်ကျင်ငြင်းခုံ အကျပ်ကိုင်သည့်ပုံစံမျိုးဖြင့် မပြောမိရန် သတိထား ရပါမည်။ “ဆေးပတ်လည်သွားရင်ကောင်းလာတော့မှာ၊ ရောဂါလေးနည်းနည်းသက်သာလာတာနဲ့ ဆရာဝန်ကိုပြောကြည့်ကြတာပေါ့။”စသည်ဖြင့် မျှော်လင့်ချက်ပါသည့်စကားများဖြင့်အားပေးပါ။ နားလည်ကြင်နာမှုပြည့်ဝသည့်လေသံ၊ ကောင်းစေ လိုသည့်စေတနာ နှင့် နွေးထွေးစွာပြုစုယုယမှု အထိအတွေ့များက သူတို့အတွက် အကောင်းဆုံး စိတ်သက်သာမှုရစေသည့်ဆေးဖြစ်ပါသည်။

ဆေးရုံတွင်ရက်တိုတိုနေရလျှင်ကောင်းသည်ဟုဆိုသဖြင့် ရောဂါအနည်းငယ်သက်သာ လာသည်နှင့် အလောတကြီးဆေးရုံမှဆင်းမလာရန် လည်းလိုပါသည်။တာဝန်ယူ ကုသပေးနေ သည့်ဆရာဝန်ကခွင့်ပြုမှသာဆင်းကြပါ။ သက်ကြီးများဆေးရုံမှဆင်းလာပြီးနောက် ဆေးရုံပြန် တက်ရခြင်း သို့မဟုတ် အရေးပေါ်ဌာနသို့ပြန်ကာသွားရောက်ပြသကြရသည်မှာ ၁၅.၈% ထိမြင့် သည် ကိုသုတေသနလုပ်ထားချက်များအရသိရှိရပါသည်။ ထို့ကြောင့် သက်ကြီးလူနာများ ဆေးရုံမှ မဆင်းမီ မိမိတို့အိမ်အနေအထားနှင့် လူနာအတွက် ဘက်ပေါင်းစုံမှလိုအပ်ချက်များကို စနစ်တကျ ကြိုတင် စီမံ လုပ်ဆောင်ထားရန် လိုပါသည်။ လူနာရှင်များအနေဖြင့် မိမိတို့လူနာ၏ ဆေးရုံမတက်မီ နှင့် ဆေးရုံမှဆင်းလာသည့် အခြေအနေ ပြောင်းလဲဆုတ်ယုတ်မှုအနေအထား တို့ကို သိရှိနားလည် ရန် အရေးကြီးပါသည်။ ဆက်လက် တိုက်ရမည့်ဆေးများ၊ အပြောင်းအလဲဖြစ်သွားသည့်ဆေးများ နှင့် ရက်ချိန်းပြန်ပြကြရမည့် အချိန် နေရာတို့ကိုလည်း သေချာစွာမှတ်သားထားရန်လိုပါသည်။ ဆေးရုံမှဆင်းလိုက်စဉ်က ပေးလိုက် သည့် ဆေးရုံဆင်းလူနာမှတ်တမ်းအကျဉ်း (Discharge Summary) နှင့် အိမ်မှာ ဆက်လက်ပြုစုရန် လမ်းညွှန်ချက် (Home Care Instruction) တို့ကို သေချာစွာသိမ်းဆည်းထားရန် လည်းအရေးကြီးပါသည်။ မိမိလူနာ၏အခြေအနေအရ လိုအပ်ပါက သက်ကြီးလူနာများအား အိမ်တိုင်ရာရောက် ကျန်းမာရေးစောင့်ရှောက်မှုပေးနေသည့် Home Care Team နှင့် ချိတ်ဆက်ပြီးကုသမှုခံယူကြပါ။

သက်ကြီးလူနာများအားပြုစုစောင့်ရှောက်ကြရာတွင်အဖက်ဖက်မှအဆင်ပြေချောမွေ့ကြပါစေ။

ဆန္ဒမွန်ဖြင့်…ဒေါက်တာသန်းထွန်းအောင်

အထက်ပါ ဆောင်းပါးကို မြန်မာနိုင်ငံဆရာဝန်အသင်း(ဗဟို)၊ သက်ကြီးဆရာဝန်များထောက်ကူအဖွဲ့(SGED)​၏ June 2026, Newsletter volume 13 တွင် ထည့်သွင်းဖော်ပြခဲ့ပါသည်။

အဘိုးအဘွားတို့ရဲ့ စိတ်ကျေနပ်ပျော်ရွှင်မှုဟာ ကျွန်တော်တို့ GCC Centre ရဲ့ ပထမ ဦးစားပေး ရည်ရွယ်ချက်ပါ။ကျွန်တော်တို့ GCC C...
26/06/2026

အဘိုးအဘွားတို့ရဲ့ စိတ်ကျေနပ်ပျော်ရွှင်မှုဟာ ကျွန်တော်တို့ GCC Centre ရဲ့ ပထမ ဦးစားပေး ရည်ရွယ်ချက်ပါ။

ကျွန်တော်တို့ GCC Centre မှာ လာရောက်နေထိုင်လျက်ရှိသော အဘိုးအဘွားများအတွက် စိတ်ကျေနပ်ပျော်ရွှင်မှုနှင့် အပန်းဖြေ အနားယူနိုင်စေရန် ရုပ်ရှင်ကြည့်ချိန်များ သတ်မှတ်ပေးထားပြီး အပန်းဖြေစေလေ့ ရှိပါ်သည်။

GCC Centre နှင့် ပတ်သက်၍ အသေးစိတ်သိရှိလိုပါက Page Messenger မှတဆင့် (သို့) Hotline number - +95 9789 298 111, +95 9789 298 222, +95 9789 298 333 သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။

GCC Centre (Geriatric & Continuing Care Centre),
သက်ကြီးကျန်းမာရေးနှင့် စဉ်ဆက်မပြတ်‌ ပြုစုစောင့်ရှောက်မှုစင်တာ၊ Green Garden Villa၊ ဇောတိက (၁)လမ်း၊ သန်လျင်-ကျောက်တန်းလမ်းမ၊ သန်လျင်မြို့။

#သက်ကြီးကျန်းမာရေးနှင့်စဉ်ဆက်မပြတ်‌ပြုစုစောင့်ရှောက်မှုစင်တာ

ကျွန်တော်တို့ GCC Centre မှ ဇွန်လ မွေးနေ့ရှင်များအတွက် မွေးနေ့ပွဲကို မွေးနေ့ရှင်များနှင့်အတူ ပျော်ရွှင်စွာ ပြုလုပ်ကျင်းပ...
23/06/2026

ကျွန်တော်တို့ GCC Centre မှ ဇွန်လ မွေးနေ့ရှင်များအတွက် မွေးနေ့ပွဲကို မွေးနေ့ရှင်များနှင့်အတူ ပျော်ရွှင်စွာ ပြုလုပ်ကျင်းပပေးခဲ့ပါသည်။

အခုလို ပျော်ရွှင်စရာမွေးနေ့မှ စပြီး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းများနှင့် ပြည့်စုံပါစေကြောင်း "GCC Centre မိသားစု" မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် ခင်ဗျာ့။

GCC Centre နှင့် ပတ်သက်၍ အသေးစိတ်သိရှိလိုပါက Page Messenger မှတဆင့် (သို့) Hotline number - +95 9789 298 111, +95 9789 298 222, +95 9789 298 333 သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။

GCC Centre (Geriatric & Continuing Care Centre),
သက်ကြီးကျန်းမာရေးနှင့် စဉ်ဆက်မပြတ်‌ ပြုစုစောင့်ရှောက်မှုစင်တာ၊ Green Garden Villa၊ ဇောတိက (၁)လမ်း၊ သန်လျင်-ကျောက်တန်းလမ်းမ၊ သန်လျင်မြို့။

#သက်ကြီးကျန်းမာရေးနှင့်စဉ်ဆက်မပြတ်‌ပြုစုစောင့်ရှောက်မှုစင်တာ

Address

No. 155/D, ZawTiKa 1st Street, Let Yet San Village, Near Phayar Ngar Su Bus Stop, Thanlyin-Kyauktan Road, Thanlyin
Thanlyin
11291

Alerts

Be the first to know and let us send you an email when GCC Centre posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to GCC Centre:

Shortcuts

Share

Category