လမင်း - ကိုဖိုးထောင်+မခင်ဆွေဆွေလှိုင် ဆေးမျိုးစုံရောင်ဝယ်ရေး

  • Home
  • Myanmar
  • Thingangyun
  • လမင်း - ကိုဖိုးထောင်+မခင်ဆွေဆွေလှိုင် ဆေးမျိုးစုံရောင်ဝယ်ရေး

လမင်း - ကိုဖိုးထောင်+မခင်ဆွေဆွေလှိုင် ဆေးမျိုးစုံရောင်ဝယ်ရေး Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from လမင်း - ကိုဖိုးထောင်+မခင်ဆွေဆွေလှိုင် ဆေးမျိုးစုံရောင်ဝယ်ရေး, Pharmaceuticals, Thingangyun.

Retail ဆိုင်အတွက်ရော wholesale (မင်္ဂလာစျေး)အတွက်ပါဝန်ထမ်း ထပ်မံ၍ လိုအပ်နေဆဲပါပဲ၊လုပ်ငန်းအတွေ့အကြုံ မရှိသူများလည်း လျှော...
25/08/2026

Retail ဆိုင်အတွက်ရော wholesale (မင်္ဂလာစျေး)အတွက်ပါဝန်ထမ်း ထပ်မံ၍ လိုအပ်နေဆဲပါပဲ၊လုပ်ငန်းအတွေ့အကြုံ မရှိသူများလည်း လျှောက်ထားနိုင်ပါတယ်။

💰 လစာ (၃ သိန်းမှ ၆ သိန်း) + အကျိုးခံစားခွင့်များစွာဖြင့် အရောင်းစာရေး အမြန်အလိုရှိသည်။
တာမွေမြို့နယ်ရှိ "လမင်းဆေးဆိုင်" တွင် တာဝန်ထမ်းဆောင်ရန် တက်ကြွပြီး ရေရှည်လက်တွဲမည့် ဝန်ထမ်းကောင်းများ ဖိတ်ခေါ်အပ်ပါသည်။ (ဆေးဆိုင်အတွေ့အကြုံမရှိသော်လည်း စိတ်ပါဝင်စားပါက အခြေခံမှစ၍ စိတ်ရှည်လက်ရှည် အခမဲ့သင်ကြားပေးပါမည်။)
📌 ခေါ်ယူမည့်ရာထူး:
အရောင်းစာရေး (ကျား/မ) - ၂ ဦး
💵 လစာနှင့် အကျိုးခံစားခွင့်များ:
အခြေခံလစာ: ၃၀၀,၀၀၀ ကျပ် မှ ၆၀၀,၀၀၀ ကျပ် အထိ (လုပ်ငန်းအတွေ့အကြုံနှင့် အရည်အချင်းအပေါ် မူတည်၍ တိုးမြှင့်ပေးပါမည်)
🗓️ ရက်မှန်ကြေး
🚌 ကားခ စရိတ်
📱 ဖုန်းဘေလ်
🎯 ဆိုင် Target ပြည့်ပါက အပို Incentive & Bonus များ
📋 လိုအပ်ချက်များ:
အသက် (၁၈) နှစ်မှ (၃၀) နှစ်ဝန်းကျင် ဖြစ်ရမည်။
ဆက်ဆံရေးပြေပြစ်ပြီး သင်ယူလိုစိတ်ရှိသူ ဖြစ်ရမည်။
တာမွေမြို့နယ်နှင့် အနီးတစ်ဝိုက်တွင် နေထိုင်သူများကို ဦးစားပေးပါမည်။

ဆက်သွယ်ရန်
အမှတ်၆၈၁၊ကဝိပုညလမ်း မေတ္တာညွန့်၊တာမွေမြို့နယ်

Ph 09421724108/09260660655

ဆေးဆိုင်နေရာ ရွေးချယ်တဲ့အခါ မြောက်ဘက်ကို မျက်နှာမူတဲ့ဆိုင်ခန်း (မြောက်လှည့်) မျိုးကို အတတ်နိုင်ဆုံး ဦးစားပေး ရွေးချယ်သင့...
24/08/2026

ဆေးဆိုင်နေရာ ရွေးချယ်တဲ့အခါ မြောက်ဘက်ကို မျက်နှာမူတဲ့ဆိုင်ခန်း (မြောက်လှည့်) မျိုးကို အတတ်နိုင်ဆုံး ဦးစားပေး ရွေးချယ်သင့်ပါတယ်။
မြန်မာနိုင်ငံရဲ့ ရာသီဥတုအရ နေ့လယ်နဲ့ ညနေဘက်တွေမှာ အနောက်ဘက်နဲ့ တောင်ဘက်တွေကနေ အပူချိန် အလွန်အမင်း မြင့်တတ်ပါတယ်။ အထူးသဖြင့် နွေရာသီကာလလို လျှပ်စစ်မီးမမှန်တဲ့အချိန်မျိုးမှာ ဆေးဆိုင်အတွင်း အပူချိန်ကို သဘာဝနည်းနဲ့သာ အဓိက ထိန်းချုပ်ရတဲ့အခါ မြောက်လှည့်ဆိုင်ခန်းကို ရွေးချယ်ခြင်းက အောက်ပါ အကျိုးကျေးဇူးများကို ရရှိစေပါတယ်-
ဆေးဝါးအရည်အသွေး ထိန်းသိမ်းနိုင်ခြင်း: ဆေးဝါးအများစုဟာ အပူချိန်နဲ့ နေရောင်ခြည် တိုက်ရိုက်ထိတွေ့ရင် ဂုဏ်သတ္တိပြောင်းလဲ ပျက်စီးနိုင်ခြေ ရှိပါတယ်။ မြောက်ဘက်လှည့် ဆိုင်ခန်းတွေဟာ တိုက်ရိုက်နေရောင်ခြည်ဒဏ်ကို အနည်းဆုံး ခံရတာကြောင့် ဆေးဆိုင်အတွင်းပိုင်း အအေးဓာတ်ကို ကြာရှည်စွာ ထိန်းသိမ်းပေးပြီး ဆေးပစ္စည်းများ မပျက်စီးအောင် ကာကွယ်ပေးပါတယ်။
ဖောက်သည်များအတွက် သက်တောင့်သက်သာ ရှိခြင်း: နေရောင်ခြည် တိုက်ရိုက်မထိုးတာကြောင့် ဆေးဆိုင်ရှေ့မျက်နှာစာနဲ့ စင်္ကြံနေရာတွေဟာ အမြဲတမ်း အရိပ်ကျပြီး အေးမြနေပါတယ်။ ဆေးလာဝယ်တဲ့ ဖောက်သည်များ၊ အထူးသဖြင့် သက်ကြီးရွယ်အိုနဲ့ လူနာတွေအနေနဲ့ ဆိုင်ရှေ့မှာ ဆိုင်ကယ်၊ ကားရပ်နားတာနဲ့ ဝင်ထွက်သွားလာတဲ့အခါ ပြင်းထန်တဲ့ နေပူဒဏ်ကို ရှောင်ရှားနိုင်ပြီး စိတ်လက်အေးချမ်းစွာနဲ့ ဝင်ရောက်ဝယ်ယူနိုင်ကြပါတယ်။
အထူးမှတ်ချက်: ဆိုင်ရှေ့မှာ နေရောင်မထိုးအောင် ကာကွယ်ပေးနိုင်မယ့် အပင်အမြင့်တွေ၊ အဆောက်အအုံ သို့မဟုတ် တိုက်အမြင့်တွေ ရှိနေပြီး နေဒဏ်မိုးဒဏ်ကို ကာကွယ်ပေးနိုင်မယ်ဆိုရင်တော့ ဒီအချက်အလက်တွေအတွက် သီးသန့်စိုးရိမ်စရာ မလိုတော့ပါဘူး။
မိမိ အတွေအကြုံကို မျှဝေပေးခြင်း

တစ်ဆင့်ချင်း လက်တွေ့ကြိုးစားပြီး တက်လှမ်းလာရတဲ့ အရသာကို ဘာနဲ့မှ မလဲနိုင်ဘူး... 💯ဘဝမှာ တစ်ခါမှ မကြိုးစားဖူးဘဲ လွယ်လွယ်နဲ့...
23/08/2026

တစ်ဆင့်ချင်း လက်တွေ့ကြိုးစားပြီး တက်လှမ်းလာရတဲ့ အရသာကို ဘာနဲ့မှ မလဲနိုင်ဘူး... 💯
ဘဝမှာ တစ်ခါမှ မကြိုးစားဖူးဘဲ လွယ်လွယ်နဲ့ ရလာတာထက် ကိုယ့်ချွေး၊ ကိုယ့်ဇွဲ၊ ကိုယ့်ရဲ့ လက်တွေ့လုပ်အားနဲ့ ရလာတဲ့ ရလဒ်အရသာကို စွဲလမ်းဖူးကြပါလိမ့်မယ်။
🏋️‍♂️ ကိုယ်အလေးချိန်ကျဖို့၊ ကျန်းမာကြံ့ခိုင်ဖို့ အပင်ပန်းခံပြီး လေ့ကျင့်ခန်းလုပ်ခဲ့ရတဲ့ အရသာ...
📚 ညနက်သန်းခေါင်အထိ စာကျက်မှတ်ပြီး ရမှတ်တွေ တက်လာတဲ့ အရသာ...
💰 ကိုယ့်လက်ကိုယ့်ခြေနဲ့ လုပ်ငန်းငယ်လေး စတင်ပြီး တဖြည်းဖြည်း ကြီးထွားလာအောင် တည်ဆောက်ခဲ့ရတဲ့ အရသာ...
ဒီအရသာတွေကို တစ်ခါခံစားဖူးပြီးပြီဆိုရင် ရပ်တန့်သွားချင်စိတ် မရှိတော့ဘဲ "ပိုပြီး တိုးတက်ချင်တယ်၊ ပိုကြီးတဲ့ ရလဒ်တွေ လိုချင်တယ်" ဆိုတဲ့ စိတ်က အမြဲတွန်းအားပေးနေတတ်ပါတယ်။ ကမ္ဘာ့ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင်တွေရဲ့ အောင်မြင်မှုသမိုင်းကြောင်းတွေကို ကြည့်လိုက်ရင်လည်း ဒီဇွဲ၊ ဒီမာန်နဲ့ တက်လာကြတာ ချည်းပါပဲ။
ဒါပေမဲ့ အဲဒီလို ကိုယ့်ရဲ့ အိပ်မက်တွေ၊ ရည်မှန်းချက်တွေကို လက်တွေ့ အကောင်အထည်ဖော်ဖို့အတွက် မရှိမဖြစ် လိုအပ်တဲ့ အဓိကသော့ချက်တစ်ခု ရှိပါတယ်။ အဲဒါကတော့ "ရောင်းချခြင်း (Selling)" ပါပဲ။
ယနေ့အချိန်မှာ ကိုယ့်ဆီမှာ ရောင်းချလို့ရတဲ့ တန်ဖိုးတွေ အများကြီး ရှိပါတယ် -
🎯 ကိုယ်ပိုင် ကျွမ်းကျင်မှုနဲ့ အတွေ့အကြုံ
⏰ တန်ဖိုးဖြတ်လို့မရတဲ့ အချိန်နဲ့ စွမ်းဆောင်ရည်
🤝 လူတွေကို ကူညီပေးနိုင်တဲ့ ဝန်ဆောင်မှု
💊 လူအများရဲ့ ကျန်းမာရေးအတွက် အသုံးဝင်တဲ့ အရည်အသွေးမြင့် ထုတ်ကုန်ပစ္စည်းများ
ကိုယ့်ရဲ့ တန်ဖိုးတွေကို ဈေးကွက်ထဲ ရောက်အောင်၊ လိုအပ်နေသူတွေဆီ ရောက်အောင် တကယ် ထုတ်ဖော်ရောင်းချနိုင်ပြီဆိုရင် တိုးတက်မှုဆိုတာ အလိုလို ရောက်လာမှာ သေချာပါတယ်။

💊 အရက်သောက်ပြီးရင် လုံးဝမသောက်သင့်တဲ့ ဆေးဝါးများအရက်သောက်ပြီးတဲ့အခါ ခေါင်းကိုက်တာ၊ နေမကောင်းတာကြောင့် အလွယ်တကူ ဆေးသောက်လ...
16/08/2026

💊 အရက်သောက်ပြီးရင် လုံးဝမသောက်သင့်တဲ့ ဆေးဝါးများ
အရက်သောက်ပြီးတဲ့အခါ ခေါင်းကိုက်တာ၊ နေမကောင်းတာကြောင့် အလွယ်တကူ ဆေးသောက်လိုက်မိတာမျိုး ရှိဖူးပါသလား။
အရက်နဲ့ ဆေးဝါးတချို့ ဓာတ်ပြုမိတဲ့အခါ ဆေးအာနိသင် ပျက်ပြယ်ရုံသာမက အသည်း၊ အစာအိမ်နဲ့ အာရုံကြောစနစ်ကို ပြင်းထန်စွာ ထိခိုက်စေပြီး အသက်အန္တရာယ်ပါ ရှိလာနိုင်ပါတယ်။
သတိပြုရှောင်ကြဉ်ရမယ့် ဆေးဝါးများကတော့ —
၁။ အကိုက်အခဲပျောက်ဆေးများ
Paracetamol (ပါရာစီတမော): အသည်းဆဲလ်တွေကို အဆမတန် ထိခိုက်စေပြီး အသည်းပျက်စီးတဲ့အထိ ဖြစ်စေနိုင်ပါတယ်။
Ibuprofen, Diclofenac, Aspirin: အစာအိမ်နံရံကို ဆိုးရွားစွာ ဒဏ်ရာရစေပြီး အစာအိမ်သွေးယိုခြင်း၊ အစာအိမ်ပေါက်ခြင်းတို့ ဖြစ်တတ်ပါတယ်။
၂။ ပိုးသတ်ဆေးတချို့
Metronidazole, Tinidazole စသည့် ပိုးသတ်ဆေးများ: အရက်နဲ့ တွဲမိရင် ရင်တုန်ခြင်း၊ အလွန်အမင်း မူးဝေအော့အန်ခြင်း၊ အသက်ရှူကျပ်ခြင်းနဲ့ သွေးပေါင်ကျခြင်းတို့ကို ပြင်းထန်စွာ ဖြစ်စေပါတယ်။
၃။ အိပ်ဆေးနှင့် စိတ်ငြိမ်ဆေးများ
Diazepam, Alprazolam, Clonazepam: ဦးနှောက်နဲ့ အာရုံကြောကို အလွန်အမင်း ထိုင်းမှိုင်းသွားစေပြီး အသက်ရှူရပ်တန့်ခြင်း၊ သတိလစ်မေ့မြောခြင်းအထိ အန္တရာယ်ရှိပါတယ်။
၄။ အအေးမိ၊ နှာစေး၊ အလက်ဂျီပျောက်ဆေးများ
CPM, Cetirizine, Diphenhydramine: အလွန်အကျွံ အိပ်ငိုက်ခြင်း၊ သတိမကပ်တော့ခြင်းနဲ့ ဟန်ချက်ပျက်ခြင်းတို့ ဖြစ်စေပါတယ်။
၅။ ဆီးချိုဆေးနှင့် သွေးတိုးဆေးများ
ဆီးချိုဆေးများ: သွေးတွင်းသကြားဓာတ် အလွန်အမင်း ကျဆင်းသွားခြင်း (Hypoglycemia) သို့မဟုတ် အက်ဆစ်ဓာတ်များခြင်းတို့ ဖြစ်စေနိုင်ပါတယ်။
သွေးကျဆေးများ: သွေးပေါင်ချိန် ရုတ်တရက် အန္တရာယ်ရှိလောက်အောင် ထိုးကျသွားစေနိုင်ပါတယ်။
💡 အကြံပြုချက်
ဆေးဝါးအများစုဟာ သောက်ပြီးချိန် သို့မဟုတ် မသောက်မီ ခန္ဓာကိုယ်ထဲမှာ နာရီပေါင်းများစွာ ဆက်ရှိနေတတ်တာကြောင့် အရက်သောက်ထားချိန်မှာ မည်သည့်ဆေးကိုမဆို ဆရာဝန် သို့မဟုတ် ကျွမ်းကျင်သူနှင့် မတိုင်ပင်ဘဲ သောက်သုံးခြင်း မပြုသင့်ပါ။
မိမိကိုယ်တိုင်နဲ့ ချစ်ခင်ရသူတွေ ကျန်းမာရေးအတွက် သိမ်းထားနိုင်ဖို့၊ မျှဝေပေးနိုင်ဖို့ Post လေးကို Share ထားလိုက်ပါနော်။
#ကျန်းမာရေးဗဟုသုတ #ဆေးဝါးဗဟုသုတ

စသည်တို့ကို ယခုပေ့ချ်မှ တင်ပြပေးသွားမှာ ဖြစ်တဲ့အတွက် Like and share လုပ်ထားဘို့ မမေ့နဲ့နော်

ကျနော့်ဆေးဆိုင်ပေ့ချ်က စျေးရောင်းဘို့ ဖွင့်ထားတာ မဟုတ်ပါဘူး ခင်ဗျာ၊IT ခေတ်ထဲမှာ ကျနော့်ဆိုင်ရဲ့ သတင်း ဆိုင်ရဲ့ တည်နေရာ က...
15/08/2026

ကျနော့်ဆေးဆိုင်ပေ့ချ်က စျေးရောင်းဘို့ ဖွင့်ထားတာ မဟုတ်ပါဘူး ခင်ဗျာ၊IT ခေတ်ထဲမှာ ကျနော့်ဆိုင်ရဲ့ သတင်း ဆိုင်ရဲ့ တည်နေရာ ကျနော့်ဆေးဆိုင်အကြောင်းလေး လူတွေ သိရှိကြရုံလောက်ပဲ ရည်ရွယ်ပါတယ်။တချို့ လူတွေ ပေ့ချ်မှာ လာမေးကြပါတယ်၊ဘယ်ပစ္စည်းရှိလား၊ဘယ်စျေးလဲ၊ပေ့ချ်မှာ အချိန်ပြည့်မရှိသူမို့ အမြဲတန်း မဖြေဖြစ်တာများပါတယ် လို့ ဝန်ခံချင်ပါတယ်။ပေ့ချ်မက်ဆင်ဂျာက မှာကြတယ်။ဖုန်းဆက်ပြီးအဝေးက မှာကြတာတွေဆိုရင် လည်းကုန်ပစ္စည်း အရည်အသွေး အပြစ်အနာ အဆာ ပါမပါ ပိုပြီး ဂရုစိုက်ပြီး ရွေးချယ်လေ့ရှိပါတယ်။လူကိုယ်တိုင် လာကြည့်ဝယ်တဲ့ ပစ္စည်းက ဝယ်သူကိုယ်တိုင် စိတ်တိုင်းကျ ရွေးချယ် လို့ရပေမယ့် ကိုယ်တိုင်မလာနိုင်လို့ အဝေးက လှမ်းမှာ သူတွေအတွက် ဝယ်သူကိုယ်စား ဂရုတစိုက် ရွေးပြီးမှ ဒလီ အပ်ပေးပါတယ်၊ဒါမှ မဟုတ် ကိုယ်တိုင်ပို့ပါတယ်။လိပ်ပြာလုံတယ်ဆိုတဲ့ ခံစားချက်မျိုး ပိုင်ဆိုင်ချင်တယ်။

တချို့ အွန်လိုင်းမှာ ရောင်းချသူတွေက ဒီလိုမျိုးမဟုတ်ကြတာ စိတ်မကောင်းစွာ တွေ့ရပါတယ်။ပုံထဲမှာတော့ နိုင်ငံကျော် ဓာတ်ပုံဆရာတွေနဲ့ အပြစ်အနာလွတ်အောင် ရိုက်ထားပြီး လာပို့လာတဲ့အခါ အဟောင်းအနွမ်း အပြစ်အနာအဆာ ဗလပွ မျိုးတွေ ဖြစ်တတ်ပါတယ်။
ပုံကြည့်ပြီး ကြိုငွေလွှဲရသူ အဖို့ မိမိကို ယုံကြည်မှု အပြည့်ပေးပြီး ငွေလွှဲပေးထားတာပါ။မိမိအတွက် ဝယ်သူကိုယ်စား တာဝန်ယူပြီး အသေးစိပ် ကြည့်ရှုပေးသင့်တယ် လို့ထင်ပါတယ်။လိမ်ရောင်းတာ ဂျင်းထည့်တာကို ဝယ်သူတွေက မသိလိုက်ဘူးဆိုရင်တောင် ရောင်းလိုက်တဲ့ လူက သိကို သိပါတယ်။
မိမိရောင်းတဲ့ပစ္စည်းမှာ errorပါရင် ထည့်ပြောသင့်ပါတယ်။ဒီနေ့ ကျနော့မိတ်ဆွေ တစ်ယောက် ခံလိုက်ရတာ စိတ်မကောင်းလို့ ဒီစာကို ရေးလိုက်ရတာပါ။လူအချင်းချင်း ဂျင်းထည့်ခြင်း ကင်းရှင်းကြပါစေ။
ပုံကတော့ AA medical products ကုမ္ပဏီရဲ့ ရောင်းအားအကောင်းဆုံး အဆင့်(၉)ကို ယူခဲ့စဉ်က ပုံကို ကြွားတာပါ🥰

လူတချို့က ORS oral rehydration salt ဓာတ်ဆားကို ဝမ်းပိတ်ဆေး/ဝမ်းရပ်ဆေး လို့ နားလည်မှု လွဲမှားကြပါတယ်။တကယ်တန်းက ဓာတ်ဆားဆို...
14/08/2026

လူတချို့က ORS oral rehydration salt ဓာတ်ဆားကို ဝမ်းပိတ်ဆေး/ဝမ်းရပ်ဆေး လို့ နားလည်မှု လွဲမှားကြပါတယ်။တကယ်တန်းက ဓာတ်ဆားဆိုတာ ဝမ်းသွားတဲ့အခါ အော့အန်တဲ့အခါ ခန္ဓာကိုယ်မှ ဆုံးရှုံးသွားတဲ့ ရေဓာတ်နဲ့ ဆိုဒီယမ်ကလိုရိုဒ် ဆားများ ဆုံးရှုံးသွားခြင်းကို ပြန်လည်ဖြည့်တင်းတဲ့အနေနဲ့ သောက်သုံးရတာပါ။
ဓာတ်ဆားရည်ဟာ ဒီဆုံးရှုံးသွားတဲ့ ဓာတ်တွေကို အမြန်ဆုံး ပြန်လည်ဖြည့်တင်းပေးပြီး ရေဓာတ်ခမ်းခြောက်မှု မဖြစ်အောင်၊ ရှော့ခ် (Shock) မရအောင်နဲ့ အသက်အန္တရာယ် မစိုးရိမ်ရအောင် ကာကွယ်ပေးတာ ဖြစ်ပါတယ်။
ဝမ်းကို ပိတ်မသွားစေပါ — ဓာတ်ဆားဟာ ဝမ်းသွားခြင်းကို တိုက်ရိုက် ရပ်တန့်စေတဲ့ အာနိသင် မရှိပါဘူး။
ဝမ်းဆက်သွားနေရင် ဓာတ်ဆားရည် ဆက်တိုက်သင့်သလား? ဆက်တိုက်ရပါမည် — ဓာတ်ဆားရည် သောက်နေရင်း ဝမ်းဆက်သွားနေတာဟာ ပုံမှန်ဖြစ်စဉ် ဖြစ်ပါတယ်။
ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေနဲ့ ပိုးမွှားတွေ ဝမ်းနဲ့အတူ အပြင်ကို ထွက်သွားဖို့ လိုအပ်သလို၊ ထွက်သွားတဲ့ ရေပမာဏအတိုင်း ဓာတ်ဆားရည်ကို ပြန်လည် အစားထိုး ဖြည့်ပေးနေရမှာ ဖြစ်ပါတယ်။
"ဓာတ်ဆားသောက်ပေမဲ့ ဝမ်းမရပ်လို့" ဆိုပြီး သောက်တာကို မရပ်ပစ်သင့်ပါဘူး။ ရေဓာတ်ခမ်းခြောက်သွားပါက အသက်အန္တရာယ် ပိုမိုမြန်ဆန်စွာ စိုးရိမ်ရတတ်ပါတယ်။
ဓာတ်ဆား တစ်ထုပ်ဟာ ငွေကြေးအားဖြင့်တန်ဘိုး မများပေမယ့် အချိန်အခါမဟုတ် ဝမ်းသွားတတ်တဲ့ ဒီလို မိုးဥတုကာလများမှာ အိမ်တိုင်း အိမ်တိုင်း ဆောင်ထားသင့်တဲ့ သက်စောင့် ရတနာ တစ်ပါးဆိုရင် မှားမယ်မထင်ပါဘူး။
ဘယ်အရာမဆို တန်ဆေး လွန်ဘေး မို့ ဆုံးရှုံးသွားတဲ့ ရေဓာတ် ပမာဏ နဲ့ ချင့်ချိန့ သုံးစွဲကြဘို့တော့ စေတနာနဲ့ သတိပေးလိုပါတယ်။သွေးတိုးရောဂါနဲ့ ကျောက်ကပ်ရောဂါ ဝေဒနာရှင်များအနေနဲ့ ဆရာဝန် ညွှန်ကြားချက်နဲ့သာ သောက်သုံးသင့်ပါတယ်။
rehydration salt #ဝမ်းရောဂါ
#လမင်း ဆေးမျိုးစုံ
ယခု ဖြစ်ပွါးနေတဲ့ ဝမ်းရောဂါတွေ အတွက် ဒီပို့စ်လေးကို share ပေးခြင်းဖြင့် ကူညီပေးကြပါ

  ဝမ်းခဏခဏပျက် / ဝမ်းချုပ်တတ်ပြီး ဗိုက်မအီမသာ ဖြစ်နေပါသလား။ 🌿အစာခြေစနစ် ပုံမှန်မဟုတ်ဘဲ လေပွတာ၊ ဝမ်းချုပ်တာနဲ့ ဝမ်းလျှောတ...
12/08/2026


ဝမ်းခဏခဏပျက် / ဝမ်းချုပ်တတ်ပြီး ဗိုက်မအီမသာ ဖြစ်နေပါသလား။ 🌿
အစာခြေစနစ် ပုံမှန်မဟုတ်ဘဲ လေပွတာ၊ ဝမ်းချုပ်တာနဲ့ ဝမ်းလျှောတာတွေ အလှည့်ကျ ဖြစ်နေတာဟာ အူလမ်းကြောင်းထဲမှာ အကျိုးပြု ဘက်တီးရီးယား (Good Bacteria) လျော့နည်းနေလို့ ဖြစ်နိုင်ပါတယ်။
ဒီနေ့မှာတော့ ဂျပန်နိုင်ငံရဲ့ လူကြိုက်အများဆုံးနဲ့ လူသိများတဲ့ အူလမ်းကြောင်း ထိန်းသိမ်းရေး Biofermin S အကြောင်းကို အသိပညာပေး မျှဝေပေးလိုက်ပါတယ်နော်။
Biofermin S ဆိုတာ ဘာလဲ။
သူက အစာအိမ်နဲ့ အူလမ်းကြောင်း ကျန်းမာရေးအတွက် လိုအပ်တဲ့ Probiotic (အကျိုးပြု ဘက်တီးရီးယား) အမျိုးအစား (၃) မျိုး ပါဝင်တဲ့ ဆေးပြား ဖြစ်ပါတယ်။
အူသိမ်နဲ့ အူမကြီး အစိတ်အပိုင်းအလိုက် လိုအပ်တဲ့ ဘက်တီးရီးယားတွေကို ဖြည့်ဆည်းပေးပြီး မကောင်းတဲ့ ဘက်တီးရီးယားတွေ ပွားများမှုကို တားဆီးပေးပါတယ်။
💊 ဘယ်လို လက္ခဏာတွေအတွက် သောက်သင့်လဲ။
ဝမ်းပုံမှန်မဟုတ်ခြင်း: ဝမ်းချုပ်လိုက်၊ ဝမ်းလျှောလိုက် ခဏခဏ ဖြစ်တတ်သူများ
ဗိုက်မအီမသာဖြစ်ခြင်း: လေပွခြင်း၊ ဗိုက်အောင့်ခြင်းနဲ့ ရင်ပြည့်ရင်ကယ် ဖြစ်ခြင်း
အစာခြေစနစ်အားနည်းခြင်း: အစားမှားပြီး ဝမ်းခေါင်းမအေးသူများအတွက် အူလမ်းကြောင်း စနစ်ကို ပြန်လည် မျှတစေပါတယ်
⏱️ သောက်သုံးရန် ပမာဏ (အစာစားပြီးမှ သောက်ရန်)
အသက် ၁၅ နှစ်နှင့် အထက်: ၁ ကြိမ်လျှင် ၃ ပြား (၁ ရက် ၃ ကြိမ်)
အသက် ၅ နှစ် မှ ၁၄ နှစ်: ၁ ကြိမ်လျှင် ၂ ပြား (၁ ရက် ၃ ကြိမ်)
(အသက် ၅ နှစ်အောက် ကလေးများအတွက် ဆေးပြားပုံစံ မသောက်သုံးရပါ)
ပဋိဇီဝဆေး (Antibiotics) သောက်နေရသူများ ဖြစ်ပါက အကျိုးပြု ဘက်တီးရီးယားများ သေဆုံးမသွားစေရန် အဆိုပါ ပဋိဇီဝဆေး သောက်ပြီး အနည်းဆုံး (၂) နာရီ ခွာပြီးမှ သောက်ပေးဖို့ လိုအပ်ပါတယ်နော်။ကိုယ်တိုင်သုံးမလို့မှာထားတဲ့အထဲက လိုအပ်သူများအတွက် ပြန်မျှပေးတာပါ။
09260660655
ရန်ကုန်မြို့တွင်းငွေကြိုလွှဲရန်မလိုပါ

09/08/2026

မိရိုးဖလာ အယူအဆ အရ နာဖျားရင် ဒါမှမဟုတ် ထိခိုက်ရှနာ တစ်ခုခုရှိတဲ့အခါ ညှော်ရှောင်ခိုင်းကြလေ့ရှိတယ်။"ညှော်မိရင် အနာရင်းတယ်၊ ဖျားတာ ပိုဆိုးတယ်" ဆိုတာ တကယ်ပဲလား? 🤔💭
မြန်မာ့ရိုးရာမှာ ရှေးကတည်းက ပြောလေ့ရှိတဲ့ "ညှော်မိတယ်" ဆိုတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ခေတ်သစ် ဆေးပညာကရော ဘယ်လိုပြောထားသလဲ?
အဖြေကတော့ "တကယ်ကို ဆက်စပ်မှု ရှိပါတယ်" တဲ့။ ဆေးပညာမှာ "ညှော်" ဆိုတဲ့ စကားလုံး စာလုံးပေါင်း အတိအကျ မရှိပေမဲ့ ညှော်မိတဲ့အခါ ခန္ဓာကိုယ်မှာ အမှန်တကယ် ဖြစ်ပျက်သွားတာတွေ ရှိပါတယ်။
✨ ၁။ အနာရှိရင် ညှော်မခံရတဲ့ အကြောင်းရင်း
ဟင်းချက်ညှော်၊ ပလတ်စတစ်နဲ့ အမှိုက်မီးရှို့ညှော်တွေထဲမှာ လေထုထဲက ဖုန်မှုန့်နဲ့ ဗက်တီရီးယားမီးခိုးအမှုန်တွေ (PM2.5) ပါဝင်ပါတယ်။ ခွဲစိတ်ထားတဲ့အနာ သို့မဟုတ် ဒဏ်ရာကျက်စမှာ ညှော်ခိုးတွေ ထိတွေ့မိတဲ့အခါ အနာထဲ ဗက်တီရီးယားဝင်ပြီး အနာရင်းတာ၊ ရောင်ရမ်းတာနဲ့ ကျက်နှုန်းနှေးတာ တွေ ဖြစ်လာတာပါ။
✨ ၂။ ဖျားနေချိန် ညှော်မိရင် ပိုဆိုးရတာ
ဖျားနေချိန်မှာ အသက်ရှူလမ်းကြောင်းနဲ့ လေပြွန်အမြှေးပါးတွေက ပုံမှန်ထက် ပိုပြီး နူးညံ့/အာရုံခံစားလွယ် (Sensitive) ဖြစ်နေပါတယ်။ အဲဒီအချိန်မှာ ညှော်ခိုး သို့မဟုတ် အနံ့စူးစူးတွေ ရှူမိရင် လေပြွန်ကျဉ်းသွားပြီး ချောင်းဆိုး၊ ရင်ကျပ်၊ ခေါင်းကိုက်တာနဲ့ ဖျားတာ ပိုဆိုး လာတာဖြစ်ပါတယ်။
💡 အနှစ်ချုပ်ရရင် -
"ညှော်မိတယ်" ဆိုတာ ရှေးလူကြီးတွေ အလကားပြောခဲ့တာ မဟုတ်ဘဲ ဆေးပညာအရ "မီးခိုး/အနံ့စူးစူးတွေကြောင့် ခန္ဓာကိုယ်မှာ ရောင်ရမ်းမှုနဲ့ ကူးစက်ပိုးဝင်မှု (Irritation & Infection) ဖြစ်ပွားခြင်း" ပဲ ဖြစ်ပါတယ်။
ဒါကြောင့် အနာရှိသူတွေ၊ မီးဖွားပြီးစ မေမေတွေနဲ့ ဖျားနာနေသူတွေအနေနဲ့ ညှော်ခိုး၊ မီးခိုးနဲ့ အနံ့စူးစူးတွေကို တတ်နိုင်သမျှ ရှောင်ရှားကြဖို့ အကြံပြုပါရစေနော်… ❤️

#ညှော်မိခြ

ဝမ်းခဏခဏပျက် / ဝမ်းချုပ်တတ်ပြီး ဗိုက်မအီမသာ ဖြစ်နေပါသလား။ 🌿အစာခြေစနစ် ပုံမှန်မဟုတ်ဘဲ လေပွတာ၊ ဝမ်းချုပ်တာနဲ့ ဝမ်းလျှောတာတ...
04/08/2026

ဝမ်းခဏခဏပျက် / ဝမ်းချုပ်တတ်ပြီး ဗိုက်မအီမသာ ဖြစ်နေပါသလား။ 🌿
အစာခြေစနစ် ပုံမှန်မဟုတ်ဘဲ လေပွတာ၊ ဝမ်းချုပ်တာနဲ့ ဝမ်းလျှောတာတွေ အလှည့်ကျ ဖြစ်နေတာဟာ အူလမ်းကြောင်းထဲမှာ အကျိုးပြု ဘက်တီးရီးယား (Good Bacteria) လျော့နည်းနေလို့ ဖြစ်နိုင်ပါတယ်။
ဒီနေ့မှာတော့ ဂျပန်နိုင်ငံရဲ့ လူကြိုက်အများဆုံးနဲ့ လူသိများတဲ့ အူလမ်းကြောင်း ထိန်းသိမ်းရေး Biofermin S အကြောင်းကို အသိပညာပေး မျှဝေပေးလိုက်ပါတယ်နော်။
💡 Shin Biofermin S ဆိုတာ ဘာလဲ။
သူက အစာအိမ်နဲ့ အူလမ်းကြောင်း ကျန်းမာရေးအတွက် လိုအပ်တဲ့ Probiotic (အကျိုးပြု ဘက်တီးရီးယား) အမျိုးအစား (၃) မျိုး ပါဝင်တဲ့ ဆေးပြား ဖြစ်ပါတယ်။
အူသိမ်နဲ့ အူမကြီး အစိတ်အပိုင်းအလိုက် လိုအပ်တဲ့ ဘက်တီးရီးယားတွေကို ဖြည့်ဆည်းပေးပြီး မကောင်းတဲ့ ဘက်တီးရီးယားတွေ ပွားများမှုကို တားဆီးပေးပါတယ်။
💊 ဘယ်လို လက္ခဏာတွေအတွက် သောက်သင့်လဲ။
ဝမ်းပုံမှန်မဟုတ်ခြင်း: ဝမ်းချုပ်လိုက်၊ ဝမ်းလျှောလိုက် ခဏခဏ ဖြစ်တတ်သူများ
ဗိုက်မအီမသာဖြစ်ခြင်း: လေပွခြင်း၊ ဗိုက်အောင့်ခြင်းနဲ့ ရင်ပြည့်ရင်ကယ် ဖြစ်ခြင်း
အစာခြေစနစ်အားနည်းခြင်း: အစားမှားပြီး ဝမ်းခေါင်းမအေးသူများအတွက် အူလမ်းကြောင်း စနစ်ကို ပြန်လည် မျှတစေပါတယ်
⏱️ သောက်သုံးရန် ပမာဏ (အစာစားပြီးမှ သောက်ရန်)
အသက် ၁၅ နှစ်နှင့် အထက်: ၁ ကြိမ်လျှင် ၃ ပြား (၁ ရက် ၃ ကြိမ်)
အသက် ၅ နှစ် မှ ၁၄ နှစ်: ၁ ကြိမ်လျှင် ၂ ပြား (၁ ရက် ၃ ကြိမ်)
(အသက် ၅ နှစ်အောက် ကလေးများအတွက် ဆေးပြားပုံစံ မသောက်သုံးရပါ)
ပဋိဇီဝဆေး (Antibiotics) သောက်နေရသူများ ဖြစ်ပါက အကျိုးပြု ဘက်တီးရီးယားများ သေဆုံးမသွားစေရန် အဆိုပါ ပဋိဇီဝဆေး သောက်ပြီး အနည်းဆုံး (၂) နာရီ ခွာပြီးမှ သောက်ပေးဖို့ လိုအပ်ပါတယ်နော်။ကိုယ်တိုင်သုံးမလို့မှာထားတဲ့အထဲက လိုအပ်သူများအတွက် ပြန်မျှပေးတာပါ။
150000mmks
#လမင်း ဆေးဆိုင်
018430697
09260660655

Address

Thingangyun

Opening Hours

Monday 06:00 - 22:00
Tuesday 06:00 - 22:00
Wednesday 06:00 - 22:00
Thursday 06:00 - 22:00
Friday 06:00 - 22:00
Saturday 06:00 - 22:00
Sunday 06:00 - 17:00

Telephone

+959260660655

Website

Alerts

Be the first to know and let us send you an email when လမင်း - ကိုဖိုးထောင်+မခင်ဆွေဆွေလှိုင် ဆေးမျိုးစုံရောင်ဝယ်ရေး posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share