MA SHWE KYI

Call Directions Contact the practice

MA SHWE KYI to help more healthfully ,good taste and happy for public.

13/02/2026
13/02/2026

100% Fresh & Natural
‎
‎🍯 Pure Honey + Fresh Aloe
‎
‎💚 Everyday Healthy Drink

ကျန်းမာပျော်ရွှင်သောဘဝအတွက် "Ma Shwe Kyi" ပျားရည်ရှားစောင်းဖျော်ရည်! 💪✨‎‎သက်လတ်ပိုင်းအမျိုးသားအမျိုးသမီးများအတွက် အထူးသင...
11/02/2026

ကျန်းမာပျော်ရွှင်သောဘဝအတွက် "Ma Shwe Kyi" ပျားရည်ရှားစောင်းဖျော်ရည်! 💪✨
‎
‎သက်လတ်ပိုင်းအမျိုးသားအမျိုးသမီးများအတွက် အထူးသင့်လျော်သော "Ma Shwe Kyi" ပျားရည်ရှားစောင်းဖျော်ရည်သည် သင့်နေ့စဉ်ကျန်းမာရေးကို အထောက်အကူပြုရန် အကောင်းဆုံးဖြည့်စွက်အဖျော်ရည်ဖြစ်ပါသည်။ လတ်ဆတ်သော ရှားစောင်းလက်ပတ်နှင့် သဘာဝပျားရည်တို့ပေါင်းစပ်ထားသည့်အတွက် အရသာလည်းရှိ၊ ကျန်းမာရေးအတွက်လည်း အထူးကောင်းမွန်ပါသည်။
‎
‎အဘယ်ကြောင့် "Ma Shwe Kyi" ကို ရွေးချယ်သင့်သနည်း?
‎
‎✨ သဘာဝပါဝင်ပစ္စည်းများ:** လတ်ဆတ်သော ရှားစောင်းလက်ပတ်စစ်စစ်နှင့် သဘာဝပျားရည်တို့ကို အချိုးကျစွာ ပေါင်းစပ်ထုတ်လုပ်ထားပါသည်။

‎✨ကျန်းမာရေးအကျိုးကျေးဇူးများ:**
‎ * အစာခြေစနစ်ကို ကောင်းမွန်စေခြင်း။
‎ * ခန္ဓာကိုယ်တွင်း အဆိပ်အတောက်များကို ဖယ်ရှားပေးခြင်း။
‎ * ခုခံအားစနစ်ကို မြှင့်တင်ပေးခြင်း။
‎ * အသားအရေကို ကြည်လင်ဝင်းပစေခြင်း။
‎ * ပုံမှန်သောက်သုံးခြင်းဖြင့် အားအင်ပြည့်ဝစေခြင်း။

‎✨သောက်သုံးရလွယ်ကူခြင်း:** တစ်နေ့တာလုံး လန်းဆန်းတက်ကြွစေဖို့အတွက် ၃၀၀ မီလီလီတာ ပုလင်းငယ်များဖြင့် ထုတ်လုပ်ထားသောကြောင့် အချိန်မရွေး၊ နေရာမရွေး သောက်သုံးနိုင်ပါသည်။

‎"Ma Shwe Kyi" သည် အရည်အသွေးမြင့် ဖြည့်စွက်အစားအစာများကိုသာ ထုတ်လုပ်ရန် အလေးထားပါသည်။
‎
‎Ma Shwe Kyi ပျားရည်ရှားစောင်းဖျော်ရည်ကို ဘယ်သူတွေသောက်သုံးသင့်လဲ?

‎အသက်ကြီးလာသည်နှင့်အမျှ ကျန်းမာရေးကို ပိုမိုဂရုစိုက်လိုသော သက်လတ်ပိုင်းအမျိုးသား၊ အမျိုးသမီးများအတွက် အထူးသင့်လျော်ပါသည်။ နေ့စဉ်လှုပ်ရှားမှုများအတွက် လုံလောက်သောအားအင်ရရှိစေပြီး ကျန်းမာပျော်ရွှင်သောဘဝကို ပိုင်ဆိုင်နိုင်ရန် ကူညီပေးပါလိမ့်မည်။
‎
‎**ယခုပဲ မှာယူလိုက်ပါ!**
‎သင့်ကျန်းမာရေးအတွက် အကောင်းဆုံးရင်းနှီးမြှုပ်နှံမှုဖြစ်စေဖို့ ပျားရည်ရှားစောင်းဖျော်ရည် "Ma Shwe Kyi" ကို ယခုပဲ မှာယူလိုက်ပါ။
‎
‎**ဆက်သွယ်ရန်:
‎ဖုန်းနံပါတ်: 09-795735098, 09897043844
‎(သို့မဟုတ်)
‎Page Messenger မှတစ်ဆင့် စုံစမ်းမေးမြန်းနိုင်ပါသည်။
‎
‎ #ပျားရည်ရှားစောင်းဖျော်ရည် #ကျန်းမာရေး #ဖြည့်စွက်အစားအစာ #သဘာဝပစ္စည်းများ #အစာခြေစနစ်ကောင်းမွန်စေရန် #ခုခံအားကောင်းစေရန် #အသားအရေလှပစေရန်

30/11/2025
30/11/2025

ကျန်းမာရေးကောင်းဘို့
အရွက်စိမ်းကြိတ်ရည်သောက်ကြစို့။
ဖုန်း09795735098

ကျန်းမာရေးအတွက်အရွက်စိမ်းကြိတ်ရည်လေးသောက်ကြရအောင်။
30/11/2025

ကျန်းမာရေးအတွက်
အရွက်စိမ်းကြိတ်ရည်လေး
သောက်ကြရအောင်။

 #သဘာဝကပေးတဲ့နတ်ဆေးပင် #အောက်ဆီဂျင်အပေးနိုင်ဆုံးအပင်ဖြစ်တဲ့..................................................ရှားစောင်းလ...
08/12/2023

#သဘာဝကပေးတဲ့နတ်ဆေးပင်

#အောက်ဆီဂျင်အပေးနိုင်ဆုံးအပင်ဖြစ်တဲ့..................................................

ရှားစောင်းလက်ပတ်ပင် စိုက်ပျိုးထိန်းသိမ်းနည်း

*ဒီနေ့မှာတော့ ရှားစောင်းလက်ပတ်အပင်ကို စိုက်ပျိုးတဲ့နေရာမှာ #ဆောင်ရန်ရှောင်ရန်အချက်လေးတွေ နဲ့ #အသုံး၀င်ပုံ၊‌ #သိကောင်းစရာ‌တွေ ကို အဓိကထား ဖော်ပြပေးသွားပါမယ်။

ရှားစောင်းလက်ပပ်ပင်ကို အဓိကအားဖြင့် ပြုစုပျိုးထောင်တဲ့အခါမှာ နေရောင် ခြည် လုံလုံလောက်လောက် ရရှိရပါမယ်၊🌤️ ရေလောင်းတဲ့အကြိမ်ရေကို လျှော့လောင်းရမယ်၊ ရှားစောင်းလက်ပပ်စိုက်ပျိုးသင့်တဲ့ မြေအမျိုးအစားကတော့ လေဝင်လေထွက်ကောင်းစေတဲ့ မြေအမျိုးအစား၊ ရေစီးဆင်းမှုလွယ်စေပြီး ရေဓာတ်သိုမှီထား နိုင်တဲ့မြေမျိုးဖြစ် ရပါမယ်၊ အိမ်မှာ အိုးနဲ့စိုက်မယ်ဆိုရင်တော့ ဈေးကွက်မှာ အလွယ်တကူဝယ်ယူနိုင်တဲ့ အဆင့်သင့်မြေတွေကို မြေဆွေးတွေနဲ့ ရောမွှေ၍ စိုက်ပျိုးလိုက်ရင်ရပါတယ်။💁🏼‍♂️ ရှားစောင်းလက်ပပ်ပင်ကို မြေနီ၊ မြေကျစ်၊ မြေပွများတွင် အစိုဓာတ်အသင့်အတင့်ရရှိယုံနှင့် စိုက်ပျိုးနိုင်ပါတယ်။

စိုက်ပျိုးမယ်ဆိုရင် မြေထဲမှာ သဲကြမ်းနည်းနည်း၊ သစ်ရွက်စေးမြေ နည်းနည်း၊ မီးသွေးမှုန့်နည်းနည်း ဖြည့်စွက်ရောနှောစိုက်ပျိုးရပါတယ်။💁🏼‍♂️📈 သစ်ရွက်ဆွေး မြေတွေထဲမှာ ဇီဝမြေသြဇာတွေ အများအပြား ပါဝင်နေတဲ့အတွက် အကောင်းစားမြေမျိုး ဖြစ်သွားမှာ ဖြစ်ပါတယ်။ ရှားစောင်းလက်ပပ်က အက်ဆစ်အချဉ် ဓာတ်နည်းပါးပြီး အယ်လ်ကာလီများတဲ့ မြေမျိုးကိုနှစ်သက်ပါတယ်။

**** ရှားစောင်းလက်ပပ်စိုက်ပျိုးနည်းများ ****

ရှားစောင်းလက်ပပ်ကို ပန်းအိုးထဲထည့်စိုက်တဲ့နည်းနှင့် မြေကြီးမှာ တိုက်ရိုက် စိုက်တဲ့နည်းဆိုပြီး နှစ်နည်းစိုက်ပျိုးလို့ရပါတယ်၊✌️
မိမိကြိုက်နှစ်သက်တဲ့နည်းနဲ့ စိုက်ပျိုး နိုင်ပါတယ်၊ စိုက်နည်းမတူညီတဲ့အတွက် ပေါက်ရောက်ကြီးထွားမှုမှာလဲ ကွာခြား မှုရှိ တတ်ပါတယ်💁🏼‍♂️

မြေကြီးမှာချစိုက်တဲ့ ရှားစောင်းလက်ပပ်က ပန်းအိုးထဲ ထည့်စိုက်တဲ့ ရှားစောင်းလက်ပပ်ထက် ပိုပြီးအပေါက်မြန်ပြီး အကြီးထွားသန်မာစေပါတယ်။
ရှားစောင်းလက်ပပ်ပင်ကို တစ်ပင်နှင့်တစ်ပင် (၅)ပေခြား စိုက်ပျိုးရပါတယ်၊ စိုက်ပျိုးပြီးတစ်နှစ်သားအရွယ်မှာ အပင်လက်များ သန်မာထွားကျိုင်းကာ ဖြစ်ထွန်းအောင်မြင် လာပါလိမ့်မယ်။💕

အပင်အလက်များသည် နွေဥတု၌ အတွင်းအနှစ်အနည်း ငယ်သာရှိပြီး မိုးနှင့်၊ ဆောင်းဥတုမှာ အတွင်းအနှစ်များသည် ဂျယ်လီကဲ့သို့ ဖောင်းနေပြီး အပင်အလက်ကို ဓားဖြင့်လှီးဖြတ်လျှင် အတွင်းအနှစ်များသည် ဂျယ်လီသဏ္ဍန် အိတွဲတွဲဖြင့် ဆေးဘက်ဝင်တယ်လို့ ဆိုပါတယ်။
ရှားစောင်းလက်ပပ်အပင်ကို အပင်ခြေရင်းတွင် ပြာအနည်းငယ်စီပုံပေးပါက ပို၍ဖြစ်ထွန်း လွယ်ပါတယ်။ 💁🏼‍♂️💕

**** မြေသြဇာမများရ***

ရှားစောင်းလက်ပပ်က စင်စစ်မှာတော့ မြေသြဇာမကျွေးလဲ ရှားစောင်းလက်ပပ်က ကြီးထွားမှာပါပဲ၊ ဒါပေမယ့် သင့်လျော်တဲ့ မြေသြဇာနည်းနည်းကျွေးပေးရင်တော့ ကြီးထွားမှု့ကို မြန်ဆန်စေပါတယ်၊ မြေသြဇာအကျွေးများ လွန်းပြန်လျှင်လည်း အမြစ်ပုပ်သွားတတ်ပါတယ်၊🙅🏼‍♂️ မြေသြဇာကို သင့်ရုံလောက်သာထည့်ပါ။💁🏼‍♂️

**** မြေကြီးမှာစိုက်ရင် လိုက်နာရမည့် အချက်များ ****

မြေကြီးမှာချစိုက်တဲ့ ရှားစောင်းလက်ပပ်က ပန်းအိုးထဲထည့်စိုက်တဲ့ ရှားစောင်းလက်ပပ်ထက် ပိုပြီးကြီးထွားလေ့ ရှိပါတယ်။ ရှားစောင်းလက်ပပ်ကို အကောင်းဆုံးက နေရောင်ခြည်ကောင်းကောင်းရတတ်တဲ့ အရှေ့အရပ်နဲ့ တောင်အရပ်က စိုက်ပျိုးသင့်တဲ့နေရာကောင်းတွေပါပဲ။ ရှားစောင်းလက်ပပ်ကို မိုးရေဝပ်တဲ့နေရာမျိုးမှာ လုံးဝမစိုက်ပျိုးသင့်ပါဘူး🙅🏼‍♂️ ၊

ဘာကြောင့်လဲဆိုတော့ ရှားစောင်းလက်ပပ်က သဲကန္တာရဒေသဇာတိအပင် မျိုးဖြစ် လေတော့ ရေများတာကိုမကြိုက်ပါဘူး၊ မိုးရွာပင်ရွာသော်လည်း ရေမြန်မြန်စီးပြီး ရေတင်မကျန် ရေမဝပ်ဖို့ သိပ်အရေးကြီးပါတယ်။

**** အသစ်ပြန်စိုက်ပြီးတဲ့ နောက်တစ်လ ရေမလောင်းပါနဲ့ ****

တခြားအပင်တွေဟာ အပင်ပြောင်းရွှေ့စိုက်တာပဲဖြစ်ဖြစ်၊ အသစ်ပြန်စိုက်တာပဲဖြစ်ဖြစ်၊ ရေလုံလုံလောက်လောက် လောင်းရစမြဲပါ၊ ဒါပေမယ့် ရှားစောင်းလက်ပပ်ကတော့ လုံးဝမတူဘဲ အသစ်ပြန်စိုက်ပြီးတဲ့နောက်တစ်လလုံး ရေလောင်းကို မလောင်းရပါဘူး ၊

တစ်လပြည့်ပြီးနောက်မှ ရေအဝလောင်းရပါတယ်၊ အဲဒီအချက်ကိုတော့ အထူးသတိပြုသင့်ပါတယ်။🙋🏼‍♂️
ဆောင်းကာလကုန်လွန်တာနဲ့ နွေပေါက်ပြီဆိုရင် ရှားစောင်းလက်ပပ်ပင်ကို အသစ်ပြန်စိုက်လို့ရပါပြီ၊ အသစ်ပြန်စိုက်ပြီး နှစ်လကြာပြီးနောက် ပဲဖတ်၊ (သို့) နှမ်းဖတ်ကို တစ်ကော်၊ နှစ်ကော် (သို့) ကြက် ချေးခြောက် တစ်ကော်၊နှစ်ကော် ကျွေးလိုက်ပါ၊ ဆောင်းတွင်းမှာတော့ ဘာမြေသြဇာမှ ကျွေးဖို့မလိုပါဘူး။

**** သားတက်ခွဲစိုက်နည်း ****

သားတက်ခွဲစိုက်နည်းကတော့ မိခင်အပင်မကြီးရဲ့အမြစ်ကို မထိခိုက်စေဘဲ သားတက်ကို အမြစ်ပါနုတ်ယူပြီး အဲဒီသားတက်ကို အမြစ်ပါစိုက်တဲ့နည်းပဲဖြစ်ပါတယ်၊ ပထမဆုံးသားတက်ကို နုတ်ယူပါ ၊ လေဝင်လေထွက်ကောင်းပြီး နေရိပ်ရတဲ့နေရာမှာ ရက်သတ္တတစ်ပတ်လောက် အခြောက်ခံထားပါ၊ သေသေချာချာခြောက်ပြီဆိုတော့မှ မြေထဲကိုစိုက်ထည့်လိုက်ပါ၊ ချက်ချင်းရေမလောင်းပါနဲ့၊ အမြစ်တွေ အသေအချာခိုင်လာမှ ရေလောင်းပါ။ မကြာခင် အပင်သစ်က အမြစ်ထွက်လာပါမယ်၊ အပင်သစ်ရဲ့ အရွက်နည်းနည်း အဝါရောင်သန်းလာပေမယ့် တစ်ခုခုဖြစ်သွားပီလို့ မထင်လိုက်ပါနဲ့ ၊ စိတ်မပူပါနဲ့၊🙋🏼‍♂️
အမြစ် တဖြည်းဖြည်းရှည်ထွက်လာရငိ အရွက်လဲပိုပြီး သန်လာပါလိမ့်မယ်၊ အရွက်ရဲ့အရောင်ကလဲ အစိမ်းရင့်ရောင် ပြောင်းလဲလာပါလိမ့်မယ်၊ အဲဒီတော့မှ အသေအချာစစ်ဆေးကြည့်ပြီးမှ ရောင်းလောင်းပါလို့ အကြုံပြု ချင်ပါတယ်။💁🏼‍♂️
– DOCA


ရှားစောင်းလက်ပတ်ပင် အကြောင်းသိကောင်းစရာ
(အူမကြီးကိုသန့်စင်ပေးရာတွင် အလွန်အစွမ်းထက်သည်)

ပေါက်ရောက်ပုံ 🌱

အပူပိုင်း ဒေသ များတွင် ပေါက်ရောက်သည်။ သဘာ၀ အလျောက် ပေါက်ရောက်သည်။ ဆေးဖက်ဝင် ဖြစ်၍ စိုက်ပျိုး ထားသည်။

အသုံးပြုပုံ

ရှားစောင်းလက်ပပ်သည် မီးယပ်ဆေးအဖြစ် အလွန်အသုံးဝင် ထင်ရှားသည်။ရှားစောင်း လက်ပပ်ကို ပါးပါး လှီး၍ ဟင်းချက် စားပါက ဓမ္မတာကို မှန်စေသည်။ရှားစောင်း လက်ပပ်ကို လိမ်းဆေးအဖြစ် အနှစ်ကို ခပ်ပါးပါး လှီး၍ သွေးစုနာ၊ အကြိတ် အဖုအနာ၊ သွေးလုံး၊ လေလုံး အပေါ် ကပ်ထား ပေးခဲ့သော် ပြင်ပသို့ ထုတ်ဆောင်ပြီး အကြိတ် ကြေစေသည်။ ပြည်ပေါက် မြန်၍ ငန်းမန်း ကြေစေသည်။ ရှားစောင်း လက်ပပ် အနှစ်ကို မျက်စိ အုံပေးပါက မျက်စိ နာခြင်း၊ ကိုက်ခြင်း၊ ပူစပ်ခြင်း၊ ယားယံခြင်း တို့ကို ပျောက်စေသည်။ ရှားစောင်း လက်ပပ် အတွင်းသားကို အရည်ညှစ်ပြီး မီးနွေးနွေး ပြု၍ နားတွင်းသို့ ခတ်ပေးပါက နားကိုက်၊ နားနာ မြန်စွာပျောက်သည်။ ကိုယ်ရေဝါ ရောဂါရှိသူများ အတွင်းသား စားပါက ဆီးဝမ်း သက်သာပြီး ရောဂါ ပျောက်၏။ ရှားစောင်း လက်ပပ် အနှစ်ကို လက်ချား မီးပေါက် အနည်းငယ် ဖြူး၍ စားလျှင် ရေဖျဉ်း ရောဂါ ပျောက်၏။ ရှားစောင်း လက်ပပ် အနှစ်ကို ခြစ်ယူ၍ ဆန်ဆေးရည်တွင် စိမ်ပြီး သကြား ထည့်သောက် ပါက ဆီးပူ၊ ဆီးအောင့်၊ ဆီးထိုး ရောဂါ ပျောက်ကင်း၏။ သတ္တုရည်သည် အအေးမိခြင်း ဖျားခြင်းတို့ကို သက်သာ ပျောက်ကင်း စေနိုင်သည်။

ပုံပန်းအသွင်ပြင်

အရည်ရွှမ်းသော ပင်ပျော့ ပင်ငယ်မျိုးဖြစ်၍ အမြင့် ၁-ပေ၊ ၁-ပေခွဲ အထိရှိသည်။

အသုံးဝင်သောအပိုင်း

အရွက်

Item Name : Barbodos Aloes (ရှားစောင်းလက်ပပ်)

အပူပိုင်း ဒေသများ တွင် ပေါက်ရောက် သည်။ သဘာဝ အလျောက် အလေ့ကျ ပေါက်ရောက် သည်။ ဆေးဖက် ဝင် အဖြစ်လည်း ပန်းအိုး များ ဖြင့် သော်လည်း ကောင်း ၊ မြေတွင် ချ၍ သော် လည်း ကောင်း ပြုစု စိုက်ပျိုး ထား နိုင်သည်။ Appearance : -အရည်ရွှမ်းသော နှစ်ရှည်ခံ ပင်ပျော့မျိုး ဖြစ်သည်။ အရည်ရွှမ်းသော အပင်ရင်းမှ စုပြုံ၍ ဖြာထွက်သည်။
အပေါ် မျက်နှာပြင်သည် အနည်းငယ် ခွက်သည်။ ရွက်ထိပ်ချွန်၍ ရွက်နားတွင် ဆူးကလေးများ ရှိသည်။

အပင် -အရည် ရွှမ်းသော ပင်ပျော့ ပင်ငယ် မျိုး ဖြစ်၍ အမြင့် ၁ ပေ မှ ၁၁/၂ ပေ ထိ မြင့်၏ ။

ပင်စည်လုံး သတ်သတ် မရှိဘဲ အပင်ရင်း မှ အရွက်များ ၅ ခု ၆ ခု ဖြာ လျက် ထွက်သည်။ အရွက် - အပေါ် အခွံ အစိမ်းနုရောင် ရှိပြီး အတွင်း၌ ကျောက်ကျော ကဲ့သို့ ပျစ်ချွဲ သော အရည်အသား များ ပြည့်လျက် ရှိသည်။ အလျား နှစ်တောင် မျှ ရှည်၍ အနံ လေးလက်မ ၊ အထူ ၁ လက်မ ၂ လက်မ ထိ ထူ၏ ။ ရွက်နား ပတ်လည် ဆူးကလေး များ ခြား ၍ ရှိသည်။

အပွင့်*

၃-၄ နှစ်သား အရွယ် ရှိသော အပင်တွင် ရှည်လျား သော ပန်းခိုင် ထွက်လာပြီး နီဝါရောင် ပန်းပွင့် လေးများ ပန်းခိုင် ထိပ်တွင် စုပြုံ ပွင့်၏ ။

-မြန်မာ ဆေးကျမ်းများ အလိုအရ ရှားစောင်းလက်ပပ် သည် အေး ခါး သော အရသာ ရှိပြီး လေကို နိုင်၏။ အားကို ဖြစ်စေသော အစွမ်း သတ္တိ ရှိသည်။

ရှားစောင်းလက်ပတ်၏ ကောင်းခြင်းများမှာ

ရှားစောင်း လက်ပတ်ရည်သည် ဗီတာမင်များ၊ သတ္တုဓာတ်များ၊ အမိုင်နိုအက်ဆစ်များသာမက အဆိပ်အတောက်ဖြစ်မှုကို ဟန့်တားပေးသော အစွမ်းသတ္တိများ ကြွယ်စွာပါဝင်သည်။အူမကြီးကို ရှင်းလင်းပေးသည့် ဝမ်းနုတ်ဆေးဟုပင် ဆိုနိုင်ပါသည်။

လေ့လာချက်များအရ

● ဆီး ၊ ဝမ်း ချုပ်ခြင်းတို့ကို ကောင်းမွန်စေခြင်း၊💁🏼‍♂️ အူသိမ် အူမလမ်းကြောင်းရှိ မှို၊ ဒုက္ခပေးသော ဘက်တီးရီးယားပိုးများ၊ ကပ်ပါးပိုးများကို ဖျက်ဆီးပေးခြင်း၊🦠 အစာခြေရာ တွင် ကူညီခြင်းတို့ကို တွေ့ရှိရသည်။

ခန္ဓာကိုယ်ရှိ ရောဂါပိုးများကို တိုက်ဖျက်သည့် T-cells များနှင့် antibodies များထုတ်လုပ်ခြင်းကို လှုံ့ဆော်ပေးခြင်း၊ ရောဂါမဝင်အောင် ဆောင်ရွက်ပေးရာတွင်များစွာ အကျိုးရှိသည်။
ရှားစောင်းလက်ပတ်သည် ဆဲလ်နံရံများထဲသို့ ထိုးဖောက်ဝင်ရောက်နိုင်သော ဓာတုပစ္စည်းများ ပါဝင်ပြီး အရည်အဖြစ် ဆဲလ်အတွင်း ထိုးဖောက် ဝင်ရောက်ကာ(toxins) များကို ဆဲလ်အပြင်သို့ ထုတ်ပေး၍ အာဟာရဓာတ်များ (nutrients) ကို ဆဲလ်အတွင်း ဝင်ရောက်သွားစေရန် ဆောင်ရွက်ပေးပါသည်။

ရှားစောင်းလက်ပပ်ရဲ့ ဂျဲလ်ပုံစံကြောင့် အေးမြစေတဲ့ ဂုဏ်သတ္တိရှိပြီး မျက်စိအောက်က အရေပြားပျော့ ဖောင်းနေတာကို သက်သာစေပါတယ်။ ဒါကြောင့် ရှားစောင်းလက်ပပ်ကို မျက်လုံးခရင်မ် (Eye Cream)တွေ၊ အစက်အပြောက်ဖုံးမိတ်ကပ် (Concealer)နဲ့ အိုင်းရှဲဒိုးမှာတောင် ပါဝင်ပစ္စည်းတစ်ခုအနေနဲ့ ထည့်သွင်းထုတ်လုပ်လာကြပါတယ်။ ရှားစောင်းလက်ပပ်ဟာ အန္တရာယ်ကင်းပြီး ဓာတ်မတည့်မှု မဖြစ်စေတဲ့အတွက် ဒီနေ့ခေတ် အမျိုးသမီးတွေဟာ ရှားစောင်းလက်ပပ် အခြေခံမိတ်ကပ်ပစ္စည်းတွေကို အားကိုးအားထားပြုလာ ကြပါတယ်။

နှုတ်ခမ်းအတွက်💋

ရှားစောင်းလက်ပပ်မှာ ဗီတာမင်အီး ကြွယ်ဝစွာပါဝင်ပြီး ရေဓာတ်လည်း ပြည့်ဝစွာပါဝင်တာကြောင့် ခြောက်သွေ့နေတဲ့ နှုတ်ခမ်းတွေကို အစိုဓာတ်ဖြည့်ပေးနိုင်ပါတယ်။

အသားအရေအတွက်🧏🏻

ရှားစောင်းလက်ပပ်ဂျဲလ်ဟာ အသားအရေအတွက် အစိုဓာတ်ထိန်းဆေး (Moisturizer)ပါပဲ။ အရေပြားရဲ့ သဘာဝ pH ကိုလည်း ထိန်းသိမ်းပေးပါတယ်။ ဒါ့အပြင် ရှားစောင်းလက်ပပ်မှာ အရောင်ကျစေတဲ့အာနိသင်ရှိတဲ့အတွက် ခြောက်သွေ့ယားယံတဲ့ အရေးပြာအတွက်လည်း အကျိုးပြုပါတယ်။ ဒါကြောင့် ရှားစောင်းလက်ပပ်ကို အသားအရေ အတွက်လိမ်းတဲ့အလှကုန် ပစ္စည်းတွေမှာ အဆီ ဒါမှမဟုတ် ပေါင်ဒါလိုမျိုး ပါဝင်ပစ္စည်းတွေနဲ့ ရောစပ်ထည့်သွင်း ကြပါတယ်။

မျက်နှာပေါ်မှအမဲစက်များအတွက် 👉

ပျိုမေများရာသီမမှန်လို့ မျက်နှာမှာ အမဲစက်များ ဖြစ်ပေါ်လာလျှင် ရှားစောင်းလက်ပပ်၏ အတွင်းသားအနှစ်ကိုခြစ်ယူပြီး သကြား အနည်း ငယ်ရောပြီး စားသုံးနိုင်ပါသည်။💁🏼‍♀️
ပုံမှန်စားသုံးပေးပါက အမဲစက်များ ပါးသွားပါမည်။

စိုက်ပျိုးရေးနှင့်အထွေထွေဗဟုသုတများ

နွေအပူမှာ ရေဆာပြေ ရေငတ်ပြေ ကျန်းမာရေးအတွက် အချိုရေ တစ်ခွက် တစ်ပုလင်းထက် ပိုကောင်းပြီး အကုန်အကျ သက်သာတဲ့ ရှမ်းပြည်နယ်ပင်လ...
19/04/2023

နွေအပူမှာ ရေဆာပြေ ရေငတ်ပြေ ကျန်းမာရေးအတွက် အချိုရေ တစ်ခွက် တစ်ပုလင်းထက် ပိုကောင်းပြီး အကုန်အကျ သက်သာတဲ့ ရှမ်းပြည်နယ်ပင်လောင်း က တိုက်ရိုက်မှာယူဖြန့်ဖြူးပေးထားတဲ့ " ပင်လောင်း " လက်ဖက်ခြောက် ရေနွေးကြမ်းလေးတစ်အိုးနဲ့ ဖြတ်သန်းကြည့်လိုက်ကြပါစို့။

❤ မရွှေကြည်ချစ်တဲ့
ကာကာတို့အတွက်

အိတ်အသေး 1000 ကျပ်
အိတ်အကြီး 2000 ကျပ်ပါရှင့်။

📞 09 795735098

23/03/2023

ပင်လောင်းလက်ဖက်ခြောက်။

05/08/2022

ဖတ်ထားနော်
တိုက်ဆိုင်ပါက
လိုက်နာကျင့်သုံး
ဘေးကင်းကြပါစေ

(အောက် က copy ပါ)

အိမ်တိုင်းအိမ်တိုင်းမှာ စိုက်ထားသင့်တဲ့ ရှားစောင်းလက်ပတ် အစွမ်း အံ့မခန်း
♥♥♥♥♥

ရှားစောင်းလက်ပတ်ပင်ဟာ ဘယ်လောက်တောင်ဆေးအစွမ်းထက်သလဲဆိုတာ လက်တွေ့ သုံးစွဲဖူးသူများရဲ့တုန့်ပြန်ပြောဆိုရေသားထားသည့် ကွန်မန့်(comments)များကိုစုစည်းဖော်ပြပေးလိုက်ပါတယ်
အစ_အဆုံးကို_ဖတ်ဖြစ်အောင်_ဖတ်ပါ။

– တကယ်ကောင်းတဲ့ ဆေးစွမ်းကောင်းတစ်လက်ပါ ။ ကျွန်တော်လိပ်ခေါင်းဖြစ်နေတာ ကြာပါပြီ။ဝမ်းသွားရင် သွေးပါတာ။ ညောင်းတာ။ မအီမလယ်နဲ့နေရတာ အရမ်းခက်ခဲ့တာ …အခုဆို အရမ်းကောင်းသွားပါပြီ ။ရှားစောင်းလက်ပက် အစိမ်းကိုမီးဖုတ်ပြီး အတိုင်းဝါးစားလိုက်ပါ ။တကြိမ်ပဲစားလိုက် သိသာပါတယ် ၂ ခါဘဲစားလိုက်တာလုံးဝပျောက်ကင်းသွားပါပြီ ။အားလုံးကျမ်းမာကြပါစေ…လိပ်ခေါင်းရောဂါ အတွက် ကိုယ်တွေ့ ဆေးနည်းပါတဲ့ဗျား…

– ကျွန်တော့်မေမေ သွေးတိုးတုန်းကဆိုရင် ရှားစောင်းလက်ပတ်ကို အထဲက အသားကို ခြစ်ယူပီးတော့ သကြားနည်းနည်းထည့် ပြီးတော့သံပုရာသီး တခြမ်း ညှစ်ထည့်လိုက် ပြီးတော့မွှေလိုက် ရေခဲထည့်ပြီးစားလိုက်တာ ၅ မိနစ်တောင်မကြာဘူး ။ သွေးချိန်လိုက်တော့ Nomel ပြန်ဖြစ်သွားတာ လက်တွေ့ပါဗျ သွေးတိုးသမားတွေအတွက်တော့ ဆေးကောင်းတလက်ပါဗျာ…။

– ဒို့ကတော့ထက်ခြမ်းခွဲပြီး ဇွန်းနဲ့ခြစ် အနှစ်ယူကာ ပျားရည်နဲ့ ခေါက်သောက်ပါတယ်။ အဆုတ်နာတွေလဲ ကောင်းပါတယ်ဘေးမဖြစ်ပါ…။

– ရှားစောင်းလက်ပတ် ဆေးနည်းများစွာ ရှိပါတယ်။ အမျိုးသမီးများအတွက် ဆေးနည်းတစ်နည်းဖေါ်ပြ ပေးလိုက်ပါတယ်..။ရှားစောင်းလက်ပတ် ၂၅ ကျပ်သား၊ မုန့်လုပ်ထန်းလျှက် ၂၅ ကျပ်သား၊ မကျည်းသီးအစေ့မပါ ၁၂ကျပ်ခွဲသားကြက်သွန်နီ ၅ ကျပ်သားဆား ၁ ကျပ်သား။ အထက်ဖေါ်ပြပါ ငါးမျိုးထဲမှရှေးဦးစွာ ထန်းလျှက်ကို ဒန်အိုးနှင့်အရင် ကျိုပါ။ ထန်းလျှက်ရည်ကိုစစ်ထားပါ ။ ကျန်တာတွေကိုနုတ်နုတ်စဉ်းထားပါ..။ ဆေးကျိုသည့်အခါ ငပိကျိုသော မြေအိုးတစ်လုံးလိုပါတယ် ။မြေအိုးထဲကို ထန်းလျှက်ရည်ထည့်ပြီး ကျိုပါ ။ ကြွက်မြီးတန်လို ပျစ်လာလျှင် ကျန်တာတွေထည့်ပြီး မီးမျှင်းမျှင်းဖြင့်ကျိုပါ ။မွှေပေးပါ။ ပျစ်ခဲတဲ့အနေရောက်ရင် မီးဖိုပေါ်မှ ချထားလိုက်ပါ။ အအေးခံပြီး ဖန်ပုလင်းထဲထည့်ထားပြီး မနက်တစ်ကြိမ် ညတစ်ကြိမ် ကွမ်းသီးလုံးခန့်စားပါ ။ အမျိုးသမီးများအတွက် သွေးသားနှင့်ပတ်သက်သောရောဂါများနှင့် သွေးသားဖေါက်ပြန်ပြီး သွက်ချာပါဒ ရောဂါများ ပျောက်ကင်းစေပြီးအသားအရည်ဝင်းပစေပါသည်။

– ရှားစောင်းလက်ပက်က အပင်ပါ။ လူတော်တော်များများ သိပါတယ်။ ခေါင်းလျှော်ရည်ဘူးတွေမှာ ပါပါတယ်။ အသားအရေအတွက် ကောင်းလို့အလှကုန် တော်တော်များများမှ ာပါပါတယ်။သူကိုသုံးမယ်ဆိုဘေးကစောင်းလေးတွေကို လှီးလိုက်ပါ။ အစေးဝါဝါလေးတွေ တွေ့ရမယ် ရေဆေးလိုက်ပါ။ အလွန်ခါးပါတယ် ။ ကျန်တာအတွင်းကဂျယ်ရော အပြင်ကအခွန်ရောစားလို့ရပါတယ် ။ ကောင်းတာကတော့အားလုံးပါဘဲ .. လူတစ်ကိုယ်လုံးကို အာဟာရပေးပါတယ်။

အညာမှာ လူကြီးတွေအသက်ရှည် ကျန်းမာတာဒါတွေစားလို့ပါ။ တို့အမျိုးအားလုံး သုံးပါတယ် ။ အလွန်ကောင်းလို့ ပြောမကုန်ပါဘူး။ ဆီးဝမ်းသွေးလေ အရိုး အရေပြား မျက်စိ ဝမ်းတွင်းကလီစာ အားလုံးကိုအကျိုးပြုပါတယ်။ ကြိုက်သလိုသုံးပါ။ စားချင်သလိုစားပါ ။အားလုံးအထောက်အကူဖြစ်ပါတယ် ။သက်ရှည် ကျန်းမာလှပ အပူငြိမ်းအားရှိ မျက်စိကြည် ဘာမဆိုသုံးလို့ရပါတယ်။

– ရှားစောင်းလက်ပတ်ကိုသုံးပြီးလို့ ကျန်တဲ့အခွံကိုလဲ ထက်ခြမ်းခြမ်းပြီး မျက်နှာတွေ လက်တွေမှာ ပွတ်ရင် အသားအရေ နုချောပြီး ဖြူဖွေးတာတကယ်ပါ ။ ကာလသားရောဂါကြီးတွေတောင် ပျောက်တယ်တဲ့ ..။သူ့အစေးကိုဖြစ်စေ အသားကိုဖြစ်စေ စားပါ ။သူ့ကြီးပဲစားလဲရတယ် တကယ်စွမ်း…။ အတွင်းသားလေးကိုခြစ်ပြီး သံပုရာရည်လေးညှစ် ကြက်သွန်နီ ပုဇွန်ခြောက်မှူန့်လေးနဲ့သုပ်စားလည်းကောင်းတယ်..။

– ရှားစောင်းလက်ပတ်ကို ရှမ်းပျိုမယ်နဲ့စားရင် အသားအရေ စိုပြေပြီးပိန်သူကိုဝ စေပါတယ်။ရှားစောင်းလက်ပတ်က မြန်မာပြည်မှာရော ဒီယိုးဒယားမှာလဲ ဟင်းချက်စားတယ်ဗျ .. တကယ်ပါ။

– ရှားစောင်းလက်ပတ်ဆိုလို့ပြောရအုံးမယ် ။ရှားစောင်းအနှစ်ရယ် , မြန်မာကြက်ဥတလုံး , နှမ်းဆီကြက်ဥတလုံးစာ၃မျိုးဆတူကြော်စား သွေးထွက်နေတဲ့လိပ်ခေါင်းတကယ်ပျောက်တယ်။ လက်တွေ့ပါ…။

– နားကိုက်လဲ..ကောင်းတယ်..မီးဖုတ်ပြီး..အတွင်းသားကို..နားထဲဝင်လောက်တဲ့..အချောင်းလေးလုပ်ပြီးကြပ်ပေးရင်…( တစ်ကယ်ပြောတာပါ )

– ရှားစောင်း လက်ပတ် အစွမ်းကပြောမကုန်။ တစ်ခုပြောပါရစေ ။ရှားစောင်လက်ပတ် လက်နှစ်လုံးလောက်အရွယ် အလက်တစ်လက်ကိုရေစင်အောင်စေးပြီး ဘေးက အဖုလေးတွေဖယ်ပြီး ကြိတ်စက်နဲ့ကြိတ်ပါ ။ပြီးပျားရည်စစ်စစ် ဟင်းချိုသောက် ဇွန်း တစ်ဇွန်း တို့ကို ပေါင်းစပ်မွှေပြီး ဗူးအသန့်တစ်ခုအတွင်းထည့်ထားပြီး သာမန်ဇွန်းတစ်ဇွန်ခန့်သောက်ပေးပါ ။ဆေးသောက်ပြီး ၅ မိနစ်မကြာ လေသက်ပါလိမ့်မည်။ ဘူး တစ်လုံးဆောင် အိုလို့တောင် စိတ်မဆင်းရဲရတော့ပါ ။မှတ်ချက် ။..။ နှစ်ရက်စာပဲဖျော်သောက်ပါ လက်ဆတ်လေကောင်းလေပါ..။

– ရှားစောင်းလက်ပတ်က ဆီးကျောက်တည်တာကတော့ လက်တွေ့မို့ အရမ်းကောင်းတဲ့ဆေးပင်ပါ ။ ၃ခွက်လောက်သောက်တာနဲ့ ကျောက်တွေကျ လာတော့တာပါ..။


#မြန်မာဆေးနည်းပေါင်း၁၀၀၀

Address

Thingangyun

Opening Hours

09:00 - 17:00

Telephone

+959897043844

Website

Alerts

Be the first to know and let us send you an email when MA SHWE KYI posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to MA SHWE KYI:

Shortcuts

Share