ဘုရင်ကြီး သဘာဝငှက်သိုက်

ဘုရင်ကြီး သဘာဝငှက်သိုက် သဘာဝငှက်သိုက်စစ်များကို မှာယူနိုင်ကြပါသည်။

စေတနာနဲ့ ပြောတာ အခုအချိန် iPhone 17 Pro Max ဝယ်ရမလား iPhone 18 Pro Max ကို စောင့်သင့်လားဆိုရင် iPhone 18 Pro Max ကို စော...
10/09/2025

စေတနာနဲ့ ပြောတာ

အခုအချိန် iPhone 17 Pro Max ဝယ်ရမလား
iPhone 18 Pro Max ကို စောင့်သင့်လားဆိုရင်

iPhone 18 Pro Max ကို စောင့်သင့်ပါတယ်

iPhone 17 pro max ထွက်ပြီးပြီးချင်း မဝယ်ပါနဲ့ စျေးများပါတယ် စျေးကျအောင် 6 လ လောက်စောင့်ပြီးမှဝယ်ပါ

6 လ စောင့်ပြီးသွားတော့ 18 pro max ထွက်ဖို့က 6 လပဲ လိုတော့မှာဗျ 18 Pro Max ထပ်စောင့်နိုင်ရင်တော့ ပိုကောင်းတာပေါ့ဗျာ

iPhone 18 pro max ထွက်ပြီးပြီးချင်း မဝယ်ပါနဲ့ စျေးများပါတယ် စျေးကျအောင် 6 လ လောက်စောင့်ပြီးမှဝယ်ပါ

6 လ စောင့်ပြီးသွားတော့ 19 pro max ထွက်ဖို့က 6 လပဲ လိုတော့မှာဗျ 19 Pro Max ထပ်စောင့်နိုင်ရင်တော့ ပို Model မြင့်တာ ကိုင်ရတာပေါ့

iPhone 19 pro max ကိုလဲ ထွက်ပြီးပြီးချင်း မဝယ်နဲ့ အကောင်းပြောတာ စျေးများတယ် စျေးကျအောင် 6 လ လောက်စောင့် ပြီးမှဝယ်

6 လ စောင့်ပြီးသွားတော့ 20 pro max ထွက်ဖို့က နီးနေပြန်ရော 20 Pro Max ထပ်စောင့်နိုင်ရင်တော့ ပိုကောင်းတယ်လေ နော်

iPhone 20 pro max ထွက်ပြီးပြီးချင်း မဝယ်နဲ့ စျေးများပါတယ် စျေးကျအောင် 6 လ လောက်စောင့် ပြီးမှဝယ်

6 လ စောင့်ပြီးသွားတော့ 21 pro max ထွက်ဖို့က 6 လပဲ လိုတော့မှာ 21 Pro Max ထပ်စောင့်နိုင်ရင်တော့ ပိုကောင်းတာပေါ့ဗျာ

iPhone 21 pro max ထွက်ပြီးပြီးချင်း မဝယ်ပါနဲ့ စျေးများပါတယ် စျေးကျအောင် 6 လ လောက်စောင့်ပြီးမှဝယ်ပါ

6 လ စောင့်ပြီးသွားတော့ 22 pro max ထွက်ဖို့က 6 လပဲ လိုတော့မှာဗျ 22 Pro Max ထပ်စောင့်နိုင်ရင်တော့ ပိုကောင်းတာပေါ့ဗျာ

Credit - Ko Kyan

သဘာဝငှက်သိုက်များကို မှာယူနိုင်ကြပါတယ်။ ဖုန်း 09448843652လိပ်စာတိုက်(၇) မလိခအိမ်ရာရတနာလမ်းမကြီးပေါ်သင်္ဃန်းကျွန်း၊ ရန်ကု...
04/06/2025

သဘာဝငှက်သိုက်များကို မှာယူနိုင်ကြပါတယ်။

ဖုန်း 09448843652

လိပ်စာ
တိုက်(၇) မလိခအိမ်ရာ
ရတနာလမ်းမကြီးပေါ်
သင်္ဃန်းကျွန်း၊ ရန်ကုန်

စားသောက်ဆိုင် တစ်ဆိုင်ဖွင့်တော့မယ်ဆိုရင်...................................ကျွန်တော် ဒီအပတ်ပြောပြချင်တာကတော့ စားသောက်ဆို...
28/04/2025

စားသောက်ဆိုင် တစ်ဆိုင်ဖွင့်တော့မယ်ဆိုရင်...................................
ကျွန်တော် ဒီအပတ်ပြောပြချင်တာကတော့ စားသောက်ဆိုင်တစ်ဆိုင် ဖွင့်တော့မယ်ဆိုရင် ဘာတွေက ဘယ်လိုရှိလဲ ဘာတွေကိုတော့ ထည့်တွက်ရမယ် အမြတ်ရာခိုင်နှုန်းက ဘယ်လောက်ရှိရမယ် ငှားခ/ဝန်ထမ်းလစာ/ရေဖိုးမီးဖိုး/အခွန်/ပစ္စည်းလျော့တွက် တွေရဲ့အချိုး အစားဘယ်လာက်ရှိသင့်တယ်ဆိုတာတွေ အားလုံးကို ထည့်ပြီးရေးသွားပါ့မယ်...

ကျွန်တော်တို့လူငယ်တွေ တော်တော်များများက အလုပ်ထဲမှာ စားသောက်ဆိုင်တို့ Bar တို့ ဖွင့်ရတာက အလွယ်ဆုံးလို့ထင်ကြပါတယ်... ဒါကြောင့်လဲ စားသောက်ဆိုင်တွေအများကြီးတိုးလာနေတယ်... တိုက်ခန်းလေးကိုငှားဖွင့်ကြတဲ့သူတွေ၊ အိမ် ခြံဝင်းကြီးငှားပြီး ဖွင့်ကြတဲ့သူတွေ၊ shopping mall တွေမှာဖွင့်ကြတယ်၊ ကားလေးတွေနဲ့ရောင်းတယ်၊ လက်တွန်းလှည်းလေးတွေနဲ့ရောင်းကြတယ်၊ အိမ်ကနေပြီး Deliver လုပ်တဲ့ Online ဆိုင်လေး တွေလုပ်ကြတယ်...

ပထမဆုံးဆိုင်ဖွင့်တော့မယ်ဆိုရင် အရင်ဆုံးစဉ်းစားရတဲ့အချက်က နေရာပါ... ကိ်ုယ်ပိုင်တဲ့နေရာ၊ ငှားဖွင့်ရမည့်နေရာ၊ စျေးနှုန်း၊ စျေးကွက်အနေအထားနဲ့ လာနိုင်တဲ့လူပမာဏတို့ပါ... Shopping Mall တစ်ခုကို တရက် လူ ၅,၀၀၀ လာတယ်ဆိုကြပါစို့ အဲဒီ ၅,၀၀၀ ထဲက လူဘယ်နှစ်ယောက်က ကိုယ့်ဆီလာမယ်လို့တွက်မလဲပေါ့... အရင်က ရန်ကုန်မြို့မှာ နံမည်ကြီးတဲ့ဆိုင်တွေကို လူတွေ တကူးတက သွားစားကြတယ်... ခုလို ကားတွေအရမ်းကျပ်လာတော့ သွားမစားကြတော့ဘူး အနီးအနားက ဆိုင်ေ တွမှာဘဲစားကြတော့တာ... ဒါကြောင့် မြို့လည်ခေါင်တည့်တည့် ပန်ဆိုးတန်းဘက် ကဆိုင်တွေက Fri-Sat-Sun Night တွေမှာ လူတွေလာကြတာနဲသွားတယ်...

ဘယ်လောက်ပေးပြီးငှားမလဲ အကျယ်ဘယ်လောက်ရလဲ? စျေးပေါလို့ချောင်ထဲမှာဖွင့်ရင်လဲ အဆင်မပြေဘူး... လမ်းမကြီးပေါ်ဖွင့်လို့ စျေးသိပ်ကြီးပြန်ရင်လဲ အဆင်မပြေပါဘူး... ဒီတော့ နေရာကို သေသေချာချာရွေးဖို့လိုပါတယ်... ၁နှစ်ငှားပြီး စျေးတက် ကိုယ်က ရွှေ့ရမယ်ဆိုပြန်ရင်လဲ ဒုက္ခက လှလှနဲ့တွေ့ရတော့မှာ ဒီတော့ ဒီအပိုင်းကို သေချာလေးစဉ်းစားဖို့လိုပါတယ်...

Shopping Mall တွေကို လူဝင်မဝင်မေးရင်လဲ Mon-Thurs ဘယ်လောက်ဝင်လဲ၊ Fri-Sat-Sun ဘယ်လောက်ဝင်လဲ ခွဲမေးဖို့လိုပါမယ်... တချို့ Mall တွေက Fri-Sun လူကျပြီး Mon-Thurs လူမရှိရင် ငုတ်တုပ်ထိုင်ရမှာပါ....

ဒုတိယအရေးအကြီးဆုံးက ဟင်းတွေကို ဘယ်လောက်နဲ့ရောင်းမှာလဲ? အဲဒါ ကျွန်တော်တို့ မြန်မာပြည်က စားဖိုမှုးဆိုတဲ့သူတွေ လုပ်မတတ်တဲ့အချက်ပါ... အသား၊ငါးစျေးက လတိုင်းပြောင်းနေတယ်... တက်နေတယ်ဆိုရင်ပိုမှန်မယ်ထင်တယ်... သူတို့ပြောတိုင်းမယုံပါနဲ့ ကိုယ်တိုင် ချိန်ပြီးတွက်ပါ... ပထမတခေါက် အပင်ပန်းခံပြီး ကိုယ်တိုင်စျေးသွားပါ... ဒါမှ တပိဿာဘယ်လောက်စျေးလဲဆိုတာ အကြမ်းမျဉ်း သိသွားရင်ဟင်းတပွဲစီရဲ့စျေးနှုန်းကို စိတ်တွက် တွက်လို့ရပါပြီ... ဒီတော့ ကုန်ကျစားရိတ်ကို ဘယ်လိုတွက်မလဲ ဒီလိုပါ
> ထည့်ရတဲ့ အသားအချိန်
> အရွက် ပမာဏ
> ထည့်ရတဲ့ Sauce တွေရဲ့ မှန်းချေကုန်ကျစားရိတ်
> ချက်ချိန်ကြာတဲ့ အပေါ်မှာမူတည်ပြီးကုန်မည့် Gasဖိုး/မီတာခ
> ပန်းကန်ပေါ်က အလှဆင်ပစ္စည်း အရွက်တွေရဲ့ ကုန်ကျစားရိတ်
> ပေးတဲ့ တခါသုံး တူ၊ဇွန်းတွေရဲ့ ကုန်ကျစားရိတ်
> ပါဆယ်ထည့်တဲ့ဗူးက ဘယ်လောက်ကျလဲ, ဗူးပေါ်မှာကပ်တဲ့ တံဆိပ်ကရော ဘယ်လောက်ကျလဲ
ရောင်းတဲ့ ထမင်း၊ ဟင်းတပွဲ အပေါ်မှာဒါတွေ အားလုံးထည့်တွက်ရမှာဖြစ်ပါတယ်။ ဒါတွေထည့်တွက်လိုက်ရင် ဘာမှမကျန်တော့ဘူးလေ ဆိုလို့ရှိရင်တော့ သင်ဟာအရှုံးဖက်ကို ဦးတည်ဖို့ဖြစ်နေပါပြီ... အသား၊ငါးစျေးလဲ နဲနဲစီတက်လိုက်တာနဲ့တင် ရှုံးတော့မှာပါ... ကျွန်တော်တို့ မီးဖိုခန်းတွေရဲ့ ၈၀% လောက်မှာ ချိန်ခွင်ဆိုတာမရှိပါဘူး... ချိန်လဲ မချိန်ကြပါဘူး...

ကဲဥပမာအနေနဲ့ ကုန်းဘောင်ကြီးကြော် တပွဲကိုအကြမ်းမျဉ်းတွက်ကြည့်ရအောင်
> ကြက်သား > ၇၀၀
> ငရုပ်သီးအပွခြောက် > ၅၀
> ကြက်သွန်ဖြူ၊နီ၊ဂျင်း > ၁၀၀
> မုန်လာဥနီ > ၂၀၀
> ပဲသီး > ၁၀၀
> ပဲငံပြာရည်၊ခရုဆီ > ၅၀
> ဆီ > ၁၅၀
> Gas > ၁၅၀
စုစုပေါင်းကုန်ကျစားရိတ် > ၁၅၀၀
ရောင်းစျေး > ၃၅၀၀
အကြမ်းအမြတ် > ၂,၀၀၀
ရခိုင်နှုန်းအားဖြင့် > ၅၇%

မရောင်းရလို့ ထားတာကြာသွားလို့ ပြစ်ရမည့် အလေအလွင့် ဆုံးရှုံးမှုတွေ အများကြီးရှိသေးတဲ့အတွက်ကြောင့် ရောင်းစျေးအပေါ်မှာ ရာခိုင်နှုန်း ၆၀-၆၅% မမြတ်ရင် အဲဒီဟင်းပွဲကို မရောင်းသင့်ပါဘူး...

ကဲဒါဆို ကျန်တဲ့စားရိတ်တွေ ဆက်ပြီးတွက်ကြည့်ကြရအောင်...
ဆိုင်ခန်းငှားခ > သိန်း ၂၀
ဝန်ထမ်းခ > သိန်း ၁၂
မန်နေဂျာ x 1 ( 2.5 Thein )
Chef x 1 ( 2.5 Thein )
ဓားကိုင် x 1 ( 1.5 Thein )
ပန်းကန်ဆေး x 1 ( 1 Thein )
Waiter x 3 ( 1.5 Thein )
ဒါတောင် ကိုယ့်လခထည့်တွက်မထားသေးဘူး... မန်နေဂျာမရှိရင် မန်နေဂျာလခကို ကိုယ့်အတွက် ထည့်တွက်ပါ
မီတာခ > ၁သိန်း
Gas ဖိုး > ၁သိန်း
ဆိုင်းဘုတ်ခွန် > ၀.၂ သိန်း
ဝန်ထမ်းထမင်းစား > ၁.၅သိန်း
ပေါင်း> ၃၅.၇သိန်း ဒါတွေက လစဉ်ကုန်တော့မှာ

ဒါဆို ၃၅.၇ သိန်းပြန်ရအောင် တရက်ဘယ်နှစ်ပွဲရောင်းကြမလဲ? ရက် ၃၀နဲ့တွက်မယ်ဆိုရင်
> တလကို ၁၇၈၅ပြဲ
> ၁ရက်ပျမ်းမျှ ပွဲ ၆၀ရောင်းရပါမယ်...
စနေတနင်္ဂနွေ ပိုရောင်းရမယ်... အဲဒါက ဆိုပါစို့ Sat/Sun ပွဲ ၈၀ ရောင်းရတယ်ဆိုရင် စမြတ်မယ်ပေါ့... Sat/Sun ပွဲ ၁၂၀ ရောင်းရတယ်ဆို မဆိုးဘူးပေါ့... ဒီအပေါ်မှာ ၅% ကုန်သွယ်ခွန်၊ အမြတ်တော်ခွန်၊ စည်ပင်ခွန်၊ အရက်လိုင်စင်ခွန်၊ အမှိုက်ခွန်၊ မီးဖိုချောင် Waste ဒါတွေ တခုမှထည့်မတွက်ရသေးဘူးနော်...

ဒါတွေပါထည့်တွက်ရင် တရက်ကို ပွဲ ၁၀၀ ပျမ်းမျှရောင်းရဖို့ လိုတာ သေချာသွားပါပြီ...

ဒီတော့ စားသုံးသူတွေဖက်ကနေပြန်ကြည့်ကြရအောင်... သူ့ဟင်းက ၃,၅၀၀ နဲ့ရောင်းတယ် ဒါလေးချက်တာ ဘယ်လောက်တောင် ကုန်လို့လဲ မိုင်ကုန် ၁၅၀၀ ပေါ့ တပွဲ ၂၀၀၀ မြတ်တယ် အမြတ်ကြီးစားဘဲလို့ စိတ်ထဲကနေထင်ကြမှာ... ဒါလဲ အပြစ်တော့မဟုတ်ဘူး ဖြစ်နေတာက ဒီလိုဖြစ်နေတာ... ဒါ ပုဇွန်တွေ၊ ငါးတွေ၊ ဂဏန်းတွေ မပါသေးဘူး... အဲဒါတွေက ပိုပြီးတော့ စျေးကြီးသေးတယ်... ဒါဆို အဲဒီ မြတ်တဲ့ ၂၀၀၀ ကဘယ်ကိုရောက်သွားလဲပေါ့...
ရောင်းစျေး တပွဲ ၃,၅၀၀ ရတဲ့အပေါ်မှာ အချိုးချရင်
Raw > 40%
Rental > 30%
Human > 15%
ဒါဆို 15% ကျန်သေးတယ်... ဟုတ်ပါတယ် ဒီ 15% ထဲမှာမှ
Maintainance > 3%
Depreciation > 5%
Waste > 2%
နှုတ်လိုက်ရင် စားသောက်ဆိုင်ဖွင့်တဲ့ လူတွေရဲ့ ဘဝအခြေအနေကိုသိရမှာပါ...
ဒီတော့ တပွဲ ၃,၅၀၀ ကို လမ်းဘေးမှာ မီးဖိုချ ဒယ်အိုးတလုံးနဲ့ ရောင်းတဲ့ဆိုင်တွေကတော့ အမြတ်ကောင်းမှာပါ... သူတို့မှာလဲ ဘယ်နှစ်ယောက်လာဝယ်မလဲဆိုတဲ့ Risk တော့ရှိတာပေါ့...

စားသောက်ဆိုင်ဖွင့်တဲ့သူတွေဖက်ကလဲ လာစားတဲ့သူတွေက အမြတ်ကြီးစားလို့ မထင်ရအောင် ဟင်းတူရင်တောင် အရသာကွဲရမယ်၊ အရသာမကွဲရင် Service ကောင်းရမယ်... သူ ကြက်ကုန်းဘောင်ရောင်းလို့ ငါလဲလိုက်ရောင်းမယ် အရသာကလဲ အတူတူဘဲ ပေးတဲ့ service ကလဲ အတူတူဘဲဆို အစောကြီးတည်းက မလုပ်သင့်ပါဘူး... ၂ယောက်လုံး Market ကိုမျှယူပြီး အပြိုင် Promotion တွေကြောင့် ရေရှည်မှာ ၂ယောက်ထဲက ၁ယောက်ကတော့ သွားရမှာ... အဲ ကိုယ့်ပြိုင်ဖက်က ဆိုင်ပိတ်သွားတဲ့အချိန် ကိုယ်လဲမျော့နေတဲ့အချိန် နောက်တယောက် ထပ်ရောက်လာရင် အရင်က ဖွင့်တဲ့ ၂ယောက်လုံး သေသွားပြီး တတိယ တယောက်ကကျန်နေခဲ့မယ်...

Promotion တွေပေးနေပေမယ့်လဲ လစဉ် အရှုံးနဲ့ ရင်ဆိုင်ရတဲ့ ဖိအားကြောင့် ကာစတမ်မာတွေကိုပေးတဲ့ Service ပိုင်းမှာ အားလျော့တာတွေလဲဖြစ်နိုင်သေးတယ်....

ဒီတော့ သေချာပေါက်မြတ်ချင်ရင် Rental ကို Attack လုပ်ပါ Revenue ကို တင်ပါ... Menu မှာ အမျိုး ၂၀၀ မရောင်းပါတဲ့ စာမျက်နှာ ၃မျက်နှာရောင်းပြီး ၃မျက်နှာလုံးမှာ ပါတဲ့ဟင်းတိုင်းက ကောင်းအောင်လုပ်ပါ... ၁လ ကို ၁ရက်လောက် မီးဖိုထဲမှာ အနဲဆုံး ၄နာရီလောက်နေပါ... Waste က ချက်တဲ့သူက အဓိကဘဲ... သူတို့တွေဖြုန်းပြစ်တာပါ... မှားသွားလို့၊ မကောင်းတော့လို့၊ မေ့သွားလို့ လွင့်ပြစ်ရတဲ့ ကိစ္စတွေ ဒုနဲ့ဒေး... ပစ္စည်းစာရင်း အတိအကျမရှိ၊ မရှိဘူးထင်ပြီး စွတ်ဝယ်၊ အရင်ဝယ်ထားတာတွေကိုမသုံးလို့ ပြစ်ရနဲ့... မြန်မာပြည်က စားဖိုမှူးတချို့တွေက တကယ်တမ်းတော့ ဒယ်ကိုင်အဆင့်ဘဲရှိတယ်။ ကိုယ့်မီးဖိုခန်းက ပစ္စည်းတွေကိုမှ မစီမံနိုင်ဘဲနဲ့ ကိုယ့်ဟာကိုယ် Chef/ချက်ကြီး လို့ နံမည်တတ်နေတာ အင်မတန်ရှက်စရာကောင်းတယ်... လစာ 3.5 Thein အထိအောင် မီးဖိုခန်းကို သူတို့ ၁၀၀% စီမံတတ်လေ့မယ်လို့ မျှော်လင့်လို့မရပါဘူး... ကွမ်းစားတဲ့ စဖိုမှုးတွေရှိသေးတယ်... ကွမ်းယာဟာ ရှာကို ထုံစေတဲ့အတွက် ကွမ်းစားရင် အရသာမြည်းလို့ မပေါက်ပါဘူး...

ဒီတော့ စားသောက်ဆိုင်ဖွင့်တော့မယ်ဆိုရင် ဒါလေးတွေ ကို့ကိ်ုယ်မေးကြည့်ပါ
> ကိ်ုယ်တိုင်က အစားအသောက် သမားလား?
> ကိုယ်တိုင် ဟင်းချက်တတ်လား?
> ကိုယ်တိုင် စျေးသွားဖူးလား?
> ဆိုင်အပြင်အဆင်ကို ဘယ်လောက်ဖိုးသုံးမှာလဲ?
> အရှုံးခံနိုင်ဖို့ ၆လစာ ပိုက်ဆံ လက်ထဲမှာရှိလား?
> နေ့တိုင်း ဆိုင်မှာထိုင်ကြည့်နိုင်လား?
> အရသာတွေကို ကောင်းကောင်းမြည်းတတ်လား?
> ဟင်းပွဲ အသစ်တွေ ကိုယ့်ဟာကိုယ်ထုတ်ဖို့ စီစဉ်တတ်လား? ( စားဖိုမှုးတွေခိုင်းရင် တုန်ယမ်း၊ချဉ်စပ်၊ချိုချဉ် သံသရာထဲက ထွက်မှာမဟုတ်ဘူး )

နောက်ဆုံး အနေနဲ့ အရေးအကြီးဆုံး တစ်ခုမှာချင်တာကတော့ ငွေအတိုး(၂-၃ကျပ်တိုး) နဲ့ယူပြီး စားသောက်ဆိုင် လုံးဝ(လုံးဝ) မဖွင့်ပါနဲ့ ဆိုတာပါဘဲ...

Credit -

04/04/2025

"ဒိုးနပ်နဲ့ထိုးမုန့်'' အမြဲရန်ဖြစ်နေကျပွဲမှာ
ထိုးမုန့်တို့အလံဖြူပြ ပြီးထွက်သွားပါပြီ ဆိုတဲ့
ပိုစ့်အောက်က ကဗျာလေး။
ရင်ထဲထိလွန်းလို့ Copy ယူခဲ့တယ်။
မူရင်းရေးသားသူအားလေးစားစွာ creditပေးပါတယ်။

ရွှေမန္တလေးရေ
တဖန်ပြန်နိုးထလှည့်ပါအုံး
တကယ်ဆို
မင်းတို့မြို့ကမှ ရှေ့ကရွှေထည့်ခေါ်လို့ရတာ
တို့ရန်ကုန်ကို ဘယ်သူကမှ
ရွှေရန်ကုန်လို့မခေါ်ဘူးလေ

ရတနာပုံမြို့ရေ
တဖန်ပြန်ရုန်းကြွလိုက်ပါအုံး
တို့ရန်ကုန်ဆိုတာ ရန်တွေကုန်ရုံရယ်ပါ
မင်းတို့မြို့လို့ ရတနာတွေပုံမနေပါဘူး

ထိုးမုန့်တို့ရေ
တဖန်ပြန်ရန်တွေ့လှည့်ပါအုံး
တကယ်ဆို တို့တွေရဲ့ဒိုးနတ်က
တို့ရိုးရာအခြေခံတဲ့မုန့်မဟုတ်ဘူး
မင်းတို့ထိုးမုန့်ကမှ မြန်မာ့ရိုးရာစစ်စစ်ကြီးပါ

မုန့်ဟင်းခါးကို စားတယ်ပြောပြော
သောက်တယ်ပဲဆိုဆို
မုန့်တီမှာလို့ နန်းကြီးပဲလာချချ
ငါိိတို့အားလုံးတော့
တူတူကြိုက်ခဲ့ကြတာပဲလေ

မရဘူး ခုကျမှ အလံဖြူမပြနဲ့
ငါတို့က ငြင်းခုန်လို့မဝသေးဘူးလေ
မင်းတို့ငိုသလိုတို့လဲငိုနေတယ်
မင်းတို့က အိမ်ပြို ကျုံးပြို သလို
ငါတို့ကလဲ ရင်ခွင်တွေပြိုကျရတာပါပဲ

သွားသူတို့လမ်း
ထိုင်လွမ်းနေရုံပြီးပါ့မလား
ထားခဲ့ပြီဆိုပေမဲ့
ခွဲသွားကြသူတွေကရော
ကျန်ရစ်သူတွေကို
အရှုံးပေးနေစေချင်ပါ့မလား စဉ်းစား

နိုင်သလောက်ကူ
ပိုင်သလောက်ကူနေကြတာက
ဆိုင်လို့ဆိုတာထက် ပြိုင်လို့မှမဝသေးတာ
ခုမောနေတယ်ဆို
မင်းတို့ခဏတော့ထိုင်နေလိုက်
ငါတို့က ပုဝါနဲ့သုပ်မပေးပဲ
ချွေးနဲ့မျက်ရည်တိတ်စေမယ် နော်

အေး ပြီးရင်တော့
မင်းတို့ရဲ့ မြို့အဝင်သင်္ကေတတောင်
နန်းပြဿဒ်နဲ့
ရတနာပုံရွှေမန္တလေးရေ
ရှေ့တစ်ပြပေါင်းများစွာမှာ
အားမန်ဟုန်လေကိုခွင်းလို့
ပတ္တမြားမှန်နွံမနစ်ဘူးဆိုတာ
အမျိုးမြတ်သူတို့သမိုင်းကြောင်း
တို့ဒိုးနတ်တွေသိအောင်
ခြေကန်ကာအားကုန်ရုန်းလို့
မန်းသားတွေကြံ ဘာခံနိုင်မလဲဆိုတာ
ပြလိုက်ကြစမ်း

မူရင်း Nyein Nyein Thet

04/04/2025

မန်းလေးက ပြိုကျသွားတဲ့ ကန်ထရိုက်တိုက်တစ်ခုမှာ
တချို့လူတွေက အုတ်ပုံနား
ဖြည်မဆည်နိုင်လို့ ငိုယိုတဲ့သူကငို
အရူးမီးဝိုင်းသလို ယူနီဖောင်းဝတ်လာသူမှန်သမျှ
ကယ်ပေးပါ ကယ်ပေးပါနဲ့ လိုက်တောင်းပန်နေတဲ့သူက တောင်းပန်နဲ့ဗျာများနေတဲ့အချိန်

အဲ့လူတွေနဲ့ ခပ်လှမ်းလှမ်းမှာ ဦလေးကြီးတစ်ယောက်
ငိုင်ငိုင်လေးထိုင်ပြီး လက်မှာလဲလက်ဖက်ရည်တွေနဲ့မုန့်တွေကိုင်ပြီး တိုက်အုတ်ပုံကြီးကို​ကြည့်ရင်း
တီးတိုးလေးတစ်ယောက်တည်းပြောနေတာနဲ့
သတင်းမေးရင်း အားပေးမလို့ အနားကပ်သွားမေးကြည့်တော့

မင်းအန်တီက အရမ်းတစ်ကိုယ်ကောင်းဆန်းသွားပြီတဲ့
ငါ့ကိုစိတ်ချလက်ချနဲ့ ထားခဲ့တာပဲ
ငါ့မှာတော့ သူစားချင်တယ်ဆိုလို့ ပူရတဲ့အထဲသွားဝယ်တာလေ
ငါဝယ်လာတာလေးတောင် မစောင့်ပဲစားတောင်မစားသွားဘူး
ငါ့ကို ဘာလို့စိတ်ချသွားတာလဲ ငါ့ကိုကျဘာလို့အတူတူမခေါ်သွားတာလဲ ငါတို့မှာကလေးလဲရှိတာမဟုတ်ဘူး
နှစ်ယောက်တည်းဖေးမနေရတာလေ ငါ့ကိုလဲခေါ်သွားသင့်တာပေါ့
အခုသူတစ်ယောက်တည်းအဆင်ပြေရဲ့လားစိတ်ပူတယ်
သူကငါမပါရင် ဘယ်တော့မှအဆင်ပြေတာမဟုတ်ဘူး
အခုတော့ ငါ့မှာ သူပဲရှိတာပါနဲ့....
ဆက်တိုက်တီးတိုးလေးပြောနေရှာတာ
မျက်ရည်လဲမထွက် အုတ်ပုံကြီးကြည့်ပြီး ငိုင်ငိုင်ကြီးနဲ့

အားပေးစကားတွေနဲ့လဲ မထိရောက်နိုင်တော့ပါဘူး
တချို့နာကျင်မှုတွေက မျက်ရည်လဲမထွက်နိုင်တော့.......💔

Crd Sai Zwe Pyae

04/04/2025

အသက် ၁၇ နှစ်သာရှိသေးတဲ့ကောင်လေး။ ငှားနေတဲ့ ၇ ထပ်ကန်ထရိုက်တိုက်ပြိုကျတဲ့အထဲမှာ သူ့မိသားစုတစ်စုလုံးပါသွားခဲ့တယ်။ သူ့တစ်ယောက်ပဲလွတ်ခဲ့တာ… ဒါပေမယ့် လွတ်တဲ့နည်းကလည်းထူးဆန်းစရာပါ။

သူက အရံမီးသတ်။ ငလျင်မလှုပ်ခင် ဆေးကျောင်းမီးသတင်းရလို့ မီးသတ်နဲ့အတူသွားခဲ့တာ။ ငလျင်လှုပ်တဲ့အချိန် သူ့မိသားစုက ၃ လွှာမှာ အိပ်နေပြီး တိုက်ပြိုမှုအောက်မှာ ပိတ်မိသွားခဲ့တယ်။ အဖေ၊ အမေ၊ ညီမလေး၊ အဒေါ်နှစ်ယောက်… သူ့အတွက်ကျန်ရစ်တာက မီးဝိုင်းတစ်ခု။

မျက်ရည်မကျနိုင်ခဲ့ဘူး။
ကိုယ်တိုင် မီးသတ်ဝတ်စုံတန်းဝတ်ပြီး အဖွဲ့နဲ့အတူရှာဖွေလိုက်တယ်။
လက်နက်ကိရိယာမလုံလောက်ပေမယ့် တတ်နိုင်သလောက် ကြိုးစားခဲ့တယ်။

ပထမဆုံး အသက်ရှင်သူ ၂ ယောက်ကို ကယ်ဆယ်နိုင်တော့ သူ့မျက်နှာမှာ ပျော်ရွှင်မှုတစုံတရာပြန်လာတယ်။ ဒါပေမယ့် ၂၉ ရက်နေ့အထိ သူ့မိသားစုကိုမတွေ့နိုင်သေး။ ညည်းညွတ်တယ်၊ မျက်ရည်ကျတယ်၊ ဒါပေမယ့် ဆက်တူးနေတယ်။

"အသက်ရှင်နိုင်တော့မဖြစ်တော့ဘူး" ဆိုတဲ့အတွေးကို တဝက်ရယ်၊ တဝက်ငိုနဲ့ လက်ခံလိုက်တယ်။ အနီးကပ်ဆုံးသူတွေကို ကိုယ်တိုင်ရှာဖွေနေရတော့… သေဆုံးမှုကိုလည်း ကိုယ်တိုင်နားလည်လာတယ်။

မနေ့ည မြေကော်စက်တွေ ရောက်လာမှပဲ သူ့မိသားစုကိုပြန်တွေ့ရတယ်။
DB တွေရုပ်ပျက်၊ ဆွဲလိုက်တာ အကြွင်းမဲ့။
သူ့ရင်ထဲမှာဘာဖြစ်နေမလဲ…

သိပ်လေးစားဖို့ကောင်းတာက – မနေ့ညပဲ သူလဲသွားတယ်။
အားရအောင် ငိုတယ်။ ထမင်းတဝကြီးစားတယ်။

ဒါပေမယ့် ဒီနေ့တော့ သူပြန်လာပြန်ပြီး…
ကျန်တဲ့အလွှာတွေဖယ်ရှားပြီး အခြားမိသားစုတွေအတွက် ဆက်လက်ရှာဖွေနေတာ…

Deeply respect, ညီလေးရေ။

မူရင်းဝေမျှသူ Scor Pio ထံမှ

03/04/2025

စစ်ကိုင်းမြို့ရှိ ကူညီကယ်ဆယ်ရေး အဖွဲ့အစည်းများအား
လက်လှမ်းမှီသလောက် စုစည်း ပေးထားပါတယ်။

- 09 444807033
- 09 793006800
စစ်ကိုင်း အိုးဘို လူမှုကူညီရေးအသင်း

အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ ၊ စစ်ကိုင်း
နန္ဒဝန်ရပ်ကွက်၊ ဓမ္မာရုံအနီး၊ စစ်ကိုင်းမြို့
- 09-779900100
- 09-792119119

သုခကာရီ ကျန်းမာရေးနှင့်လူမှုကူညီရေးအသင်း
လေးကျွန်းမြေအုဌ်ကျောင်း၊စစ်ကိုင်းမြို့
- 072-22808
- 09-427063047

ဟိန်းထက် အောက်ဆီဂျင်
ဟိန်းထက် အောက်ဆီဂျင်၊ စစ်ကိုင်းမြို့
- 09-259486180
- 09-786536633
အောက်ဆီဂျင်

ဦးချိုင်း
ဦးချိုင်း၊ စစ်ကိုင်းမြို့
- 09-5182577
အောက်ဆီဂျင်

အောင်မြင့်မြတ်
အောင်မြင့်မြတ် ရေဆေးဆီလိုက်၊ ချင်းစုရပ်ကွက် လမ်းမကြီး၊ စစ်ကိုင်းမြို့
- 09-426463334

ပညာမောင် လူမှုကူညီရေးအသင်း
ရွာထောင်နန်းစုရပ် ၊ စစ်ကိုင်းမြို့
- 09-458888535

သုခရွှေစီ လူမှုကူညီရေးအသင်း
စီတီးရပ် ၊ စစ်ကိုင်းမြို့
- 09-791414100

ရွှေမင်းဝံ လူမှုကူညီရေးအသင်း
ရွှေမင်းဝံရပ်ကွက် ၊ စစ်ကိုင်းမြို့
- 09- 662004200

Crd- ဒွက်မန်

သဘာဝငှက်သိုက် အပိုင်းကျိုးအမျိုးအစား ပြန်ရပါပြီ။ ဖုန်း 09448843652လိပ်စာတိုက်(၇) မလိခအိမ်ရာရတနာလမ်းမကြီးပေါ်သင်္ဃန်းကျွန...
04/02/2025

သဘာဝငှက်သိုက် အပိုင်းကျိုးအမျိုးအစား ပြန်ရပါပြီ။

ဖုန်း 09448843652

လိပ်စာ
တိုက်(၇) မလိခအိမ်ရာ
ရတနာလမ်းမကြီးပေါ်
သင်္ဃန်းကျွန်း၊ ရန်ကုန်

18/01/2025

အတုအယောင်တွေ ပေါများနေတဲ့ခေတ်ကြီးမှာ လောကလူသားတွေဟာ အစစ်အမှန်ကို ရှာဖွေလာကြပါတယ်။

ဘုရင်ကြီးက ၅နှစ်တိုင်အောင် ပုံမှန်ကာစတမ်မာအမျးကြီးနဲ့ ရပ်တည်နိုင်ခဲ့တာ အစစ်အမှန်တွေကြောင့်ပါ။

ဘာတွေစစ်ပြီး ဘာတွေမှန်နေတာလဲဆိုရင် ငှက်သိုက်စစ်ပြီး ဈေးနှုန်းမှန်နေလို့ပါ။

အစစ်အမှန်များနဲ့ ရှေ့ဆက်ကြမယ်။

Address

Thingangyun

Telephone

+959448843652

Website

Alerts

Be the first to know and let us send you an email when ဘုရင်ကြီး သဘာဝငှက်သိုက် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share