Statum

Statum မှိုကြောင့်ဖြစ်သော အရေပြားရောဂါများအတွက် စတေတမ်
(1)

စတက်တမ်ခရင်မ်ကအရေပြားထဲဖန်းဂတ်စ်မှိုပိုးဝင်တာကိုကုသရာမှာရေပန်းစားတဲ့ ဆေးတစ်လက်ဖြစ်ပါ တယ်။ ခြေသည်းဝဲစားခြင်း၊ ပွေးပေါက်ခြင်းနဲ့ ဖန်းဂတ်စ်မှိုစွဲရာကအထူးသဖြင့် အမျိုးသားမျိုးပွားလမ်းနေရာမှာ ဂျွတ်တက်ခြင်းစတဲ့ အရေပြားမှိုစွဲတဲ့ အခြေအနေတွေမှာစတက်တမ်ခရင်မ်ကိုသုံးနိုင်ပါတယ်။ ကူးစက်ပိုးဝင် တာကိုကုသနိုင်ရုံသာမကကလော်ထရီမဇိုးကအရေပြားအပူလောင်ခြင်း၊ ယားယံခြင်းနဲ့ အရေပြားအက်ကွဲခြင်းစတဲ့ ရောဂါလက္ခဏာတွေကိုလည်းသက်သာလျော့ပါးစေပါတယ်။

31/07/2024

ပွေး၊ သဲဝဲ၊ ညှင်း၊ ဒက်တို့ပျောက်အောင် စတေတမ်ကို ဘယ်လိုလိမ်းမလဲ?
👉🏻ပထမဆုံး ယားနာဖြစ်တဲ့ နေရာကို သန့်ရှင်း၊ ခြောက်သွေ့အောင်လုပ်ပါ။ 👉🏻စတေတမ်ကို သန့်ရှင်းတဲ့လက်ဖြင့် လက်သည်းခွံပမာဏခန့် နည်းနည်းယူပြီး ယားနာနေရာကို ခပ်ပါးပါးလိမ်းပါ။ 👉🏻တစ်နေ့ကို အနည်းဆုံး (၂) ကြိမ် လိမ်းပေးပါ။
ဒါဆိုရင်တော့ (၁) ပတ်အတွင်းမှာ မှိုကြောင့်ဖြစ်တဲ့ အရေပြားပြဿနာတွေ သိသိသာသာ သက်သာပျောက်ကင်းသွားမှာပါနော်။

#စတေတမ် #ယားနာပျောက်ဆေး

မိုးရာသီဟာ စိုစွတ်ထိုင်းမှိုင်းတဲ့ ရာသီဖြစ်တာကြောင့် မှိုပိုးတွေအများဆုံးတွေ့ရတတ်ပြီး ဒီလိုအချိန်မှာ ပွေး၊ သဲဝဲ၊ ညှင်း၊ ...
25/07/2024

မိုးရာသီဟာ စိုစွတ်ထိုင်းမှိုင်းတဲ့ ရာသီဖြစ်တာကြောင့် မှိုပိုးတွေအများဆုံးတွေ့ရတတ်ပြီး ဒီလိုအချိန်မှာ ပွေး၊ သဲဝဲ၊ ညှင်း၊ ဒက် တို့လို မှိုအရေပြားပြဿနာတွေ ပိုအဖြစ်များပါတယ်။ အားလုံးသိတဲ့အတိုင်း မှိုပိုးဟာ စိုစွတ်တဲ့နေရာတွေမှာ ပိုဖြစ်တတ်တာမို့ အပြင်က ပြန်လာတိုင်း မိမိကိုယ်ကို သန့်ရှင်းစွာဆေးကြောပြီး ခြောက်သွေ့နေအောင် ဂရုစိုက်ဖို့လိုပါတယ်။ မိုးရာသီအတွင်း မှိုပိုးအန္တရာယ်မှ ကာကွယ်နိုင်မယ့် အချက်တချို့ကတော့
☔️ စိုစွတ်ပြီး မမြင်နိုင်တဲ့ မှိုပိုးများ များစွာရှိနေနိုင်တဲ့ အများပြည်သူနေရာတွေကိုသွားတိုင်း ဖိနပ်စီးသွားပါ။ ☔️ ခြေချောင်းကြားတွေဟာ စိုစွတ်နေတတ်ပြီး သန်ံရှင်းဖို့ မေ့လွယ်တဲ့နေရာတွေမို့ အပြင်ကပြန်လာတိုင်း သေချာဆေးကြောပြီး ပြန်လည်ခြောက်သွေ့အောင်လုပ်ပါ။ ☔️ စိုထိုင်းမှုများတဲ့ ရာသီဖြစ်လို့ အိပ်ရာခင်း၊ သဘက်၊ စောင်၊ ခေါင်းအုံးစွပ်၊ ဦးထုပ်တို့လို တစ်ကိုယ်ရည်သုံးပစ္စည်းတွေကို မျှဝေသုံးစွဲခြင်း မပြုသင့်တဲ့အပြင် မကြာခဏ လဲလှယ်လျှော်ဖွပ်သင့်ပါတယ်။ ☔️ မိုးတွင်းမှာ ထိပ်ပိတ်ရှူးဖိနပ်များမစီးဘဲ သာမန် Slipper ဖိနပ်များကိုသာ စီးသင့်ပါတယ်။

တကယ်လို့ မှိုကြောင့်ဖြစ်တဲ့ အရေပြားပြဿနာတွေနဲ့ ကြုံနေရပြီဆိုရင်တော့ မှိုပိုးများကို အကောင်းဆုံးသုတ်သင်နိုင်တဲ့ စတေတမ် ယားနာပျောက်လိမ်းဆေးကို တစ်နေ့ (၂) ကြိမ် ပုံမှန်လိမ်းပေးဖို့ မမေ့ပါနဲ့နော်။ ✌🏻

#စတေတမ် #ယားနာပျောက်ဆေး

ကမ္ဘာပေါ်မှာ မှိုပိုးအမျိုးအစားပေါင်းများစွာရှိပြီး သူတို့ဟာ စိုထိုင်းမှုရှိတဲ့ အညစ်အကြေးတွေ၊ အပင်တွေ၊ အိမ်သုံးပစ္စည်းမျ...
24/07/2024

ကမ္ဘာပေါ်မှာ မှိုပိုးအမျိုးအစားပေါင်းများစွာရှိပြီး သူတို့ဟာ စိုထိုင်းမှုရှိတဲ့ အညစ်အကြေးတွေ၊ အပင်တွေ၊ အိမ်သုံးပစ္စည်းမျက်နှာပြင်တွေနဲ့ အရေပြားပေါ်တို့မှာ တည်ရှိတတ်ပါတယ်။ အထူးသဖြင့် ချွေးထွက်များပြီး လေဝင်လေထွက်နည်းတဲ့ ချိုင်းကြား၊ ပေါင်ခြံကြား၊ တင်ပါး၊ ခြေကြားလက်ကြားနဲ့ ခြေထောက်မှာ မှိုစွဲမှု ပိုအဖြစ်များပါတယ်။ သူ့ရဲ့ လက္ခဏာတွေကတော့ ယားယံခြင်း၊ နီမြန်းယောင်ရမ်းခြင်း၊ အပူဖုကဲ့သို့ထွက်ခြင်း၊ အရေပြားပေါ်မှာ အဖြူကွက်၊ အနီကွက်များဖြစ်ခြင်း နဲ့ တစ်ခါတလေ ခြောက်သွေ့ကာ အရေပြား အတွန့်အဖတ်တွေဖြစ်ပြီး ကွာကျတာမျိုးတွေ ဖြစ်ပါတယ်။ မှိုအရေပြားရောဂါဟာ အလွန်စိုးရိမ်စရာတော့ မဟုတ်ပေမယ့် မှန်ကန်တဲ့ကုသမှုမျိုးမရှိရင်တော့ ပိုပြီးဆိုးရွားလာနိုင်ပါတယ်။ ဒါကြောင့် မှိုအရေပြားရောဂါ ဖြစ်လာပြီဆိုရင်တော့ ဆေးမြီးတိုနဲ့မကုဘဲ ထိရောက်တဲ့ အစွမ်းထက်ဆေးများကို သုံးစွဲဖို့ လိုအပ်ပါတယ်။ စတေတမ်ကတော့ ပွေး၊ သဲဝဲ၊ ညှင်း ယားနာများဖြစ်စေသော မှိုရောဂါပိုးတော်တော်များများကို အထိရောက်ဆုံး ကုသပေးနိုင်ပြီး အထူးသဖြင့် 🦠ခြေချောင်းများမှာ ပေါက်တတ်တဲ့ ခြေပွေး၊ 🦠ခန္ဓာကိုယ်ပေါ်မှာ ပေါက်တတ်သောပွေး၊ 🦠စိုစွတ်မှုရှိသော လိင်အင်္ဂါနှင့် ပေါင်ကြား၊ ချိုင်းကြားများမှာ ပေါက်တတ်သော ပွေးများကို အထူးပျောက်ကင်းစေပါတယ်။ ဒါကြောင့် မှိုကြောင့်ဖြစ်တဲ့ အရေပြားပြဿနာတိုင်းအတွက် စတေတမ်ကိုသာ ဆောင်ထားဖို့ မမေ့နဲ့နော်။
#စတေတမ် #ယားနာပျောက်ဆေး

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Statum posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share