HOPE TeleCare Myanmar

HOPE TeleCare Myanmar ဆရာ၀န်နှင့်Onlineမှဆွေးနွေးမှုများ၊ ကျန်းမာရေးဆောင်းပါးများ ဖတ်ရှုနိုင်မယ့် HOPE TeleCare Myanmar https://vb.me/hopetelecare

HOPE ဆိုတာ မြန်မာပြည်သူများအား Onlineမှ ဆရာ၀န်နှင့်ဆွေးနွေးမှုများ၊ ကျန်းမာရေးဆောင်းပါးများနှင့် အကြံဥာဏ် ၀န်ဆောင်မှုများပေးနေသောမိုဘိုင်းကျန်းမာရေးစောင့်ရှောက်မှုတစ်ခုဖြစ်ပါသည်။
Viber Community Group လေးကို Join ထားမယ်..

သင်သိပါသလား⁉️အချိန်ကြာမြင့်စွာထိုင်နေတာဟာ ဆေးလိပ်သောက်တာလိုပဲ လူ့ခန္တာကိုယ်ကို အန္တရာယ်ပေးနိုင်တယ်ဆိုတာကိုလေ။😲လူတွေ သတိမ...
29/04/2023

သင်သိပါသလား⁉️

အချိန်ကြာမြင့်စွာထိုင်နေတာဟာ ဆေးလိပ်သောက်တာလိုပဲ လူ့ခန္တာကိုယ်ကို အန္တရာယ်ပေးနိုင်တယ်ဆိုတာကိုလေ။😲

လူတွေ သတိမထားမိတတ်တဲ့ ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ အကျင့်တစ်ခုကတော့ အချိန်ကြာမြင့်စွာ ထိုင်ခြင်းပါပဲ။💁‍♀️

တစ်နေ့ကို ၈နာရီနဲ့ အထက် လှုပ်ရှားမှု တစ်စုံတစ်ရာမရှိဘဲ အချိန်ကြာ ထိုင်ပြီးနေခြင်းဟာ ကျန်းမာရေးအတွက် ဆိုးကျိုးတွေအများကြီးဖြစ်စေနိုင်ပါတယ်။

အချိန်အကြာကြီး ထိုင်တာဟာ ခန္တာကိုယ်မှာ ဘာတွေ ဖြစ်စေနိုင်လဲ။🤔

✅ လည်ပင်း ဂုတ်၊ ပုခုံးကြွက်သားတွေမှာ တောင့်တင်းပြီး နာကျင်မှုကိုခံစားရနိုင်ပါတယ်။ အထူးသဖြင့် ကွန်ပျုတာ တောက်လျှောက်ကြည့်နေရသူတွေမှာ ပို ဖြစ်နိုင်ပါတယ်။
✅ ကျောရိုးတစ်လျှောက် ကြွက်သားတွေ တောင့်တင်းပြီး ခါးနာတာမျိုး ခံစားရနိုင်ပါတယ်။
✅ ခန္တာကိုယ်အောက်ပိုင်း ခြေထောက် ကြွက်သားတွေ အားနည်းစေနိုင်တယ်။
✅ လှုပ်ရှားမှု အားနည်းတဲ့အတွက် ကိုယ်အလေးချိန် တက်လာပြီး အဝလွန်ခြင်းကို ဖြစ်စေနိုင်ပါတယ်။
✅ နှလုံးသွေးကြောဆိုင်ရာ ပြဿနာတွေ ပိုဖြစ်နိုင်ပြီး နှလုံးကျန်းမာရေးကို ထိခိုက်စေတယ်။
✅ ခြေထောက်မှာရှိတဲ့ သွေးပြန်ကြောသွေးခဲခြင်းကို ဖြစ်စေနိုင်တယ်။ ဒါဟာ အခန့်မသင့်ရင် သေနိုင်တဲ့ အသက်အန္တရာယ်ရှိတဲ့ အခြေအနေတစ်ခုပါ။
✅ ဆီးချိုရောဂါဖြစ်နိုင်ခြေ ပိုများစေတယ်။
✅ ကင်ဆာရောဂါ ဖြစ်နိုင်ခြေကို ပိုများစေတယ်။
✅ စိုးရိမ်ကြောင့်ကြမှု လွန်ကဲခြင်း၊ စိတ်ကျခြင်းဝေဒနာတွေကိုလည်း ဖြစ်စေနိုင်ပါတယ်။

ဒါကြောင့် ဒီလိုမျိုးတွေ မဖြစ်အောင် ကာကွယ်ဖို့ဆိုရင် အထိုင်နည်းနည်း လှုပ်ရှားမှုများများဖြစ်အောင် လုပ်ရပါမယ်။💁‍♀️

✅ ကိုယ်က အချိန်အကြာကြီး ထိုင်ပြီး အလုပ်လုပ်ရတဲ့သူဆိုရင် နာရီဝက်ခြားတစ်ခါ ထပြီး ခြေဆန့်လက်ဆန့် လှုပ်ရှားဖို့အတွက် သတိလေးထားပေးပါ/ alarm ပေးထားလိုက်ပါ။
✅ ဖုန်းပြောနေချိန်မှာ ထိုင်ပြီးပြောတာမျိုး မဟုတ်ဘဲ တစ်နေရာမှာ ခဏ မတ်တပ်ရပ်ပြီး/လမ်းလျှောက်ပြီး ပြောဖို့ အကျင့်လုပ်ကြည့်ပါ။
✅ နားချိန် ခဏရချိန်လေးမှာ လမ်းလျှောက်တာလေးပါ လုပ်ပေးပါ။
✅ တစ်နေ့ကို အနည်းဆုံး နာရီဝက် လမ်းလျှောက်တာပဲဖြစ်ဖြစ် လေ့ကျင့်ခန်းလုပ်တာပဲဖြစ်ဖြစ် လှုပ်ရှားမှု အားကစားတွေ ပြုလုပ်ပေးပါ။
✅ ထိုင်တဲ့အခါမှာလည်း ပုံစံအနေအထားမှန်မှန်နဲ့ ထိုင်ပါ ရှေ့ကို အားပြုပြီး ကိုယ်ကိုင်းတဲ့ပုံစံမျိုး လျော့တိလျော့ရဲ ထိုင်တဲ့ပုံစံမျိုးတွေ ရှောင်သင့်ပါတယ်။
✅ ရေလုံလုံလောက်လောက် သောက်ဖို့လည်း မမေ့ပါနဲ့နော်။

အခုလို ကျန်းမာရေးဗဟုသုတတွေကို ပိုမိုသိရှိနိုင်အောင် နေ့စဉ် တင်ဆက်ပေးနေတာမို့ HOPE TeleCare ရဲ့ page လေးကို like & follow လုပ်ထားဖို့ ဖိတ်ခေါ်လိုက်တယ်နော်။

Message Here : https://m.me/hopetelecaremyanmar

#အွန်လိုင်းဆရာဝန် #အွန်လိုင်းဆေးခန်း #အကြာကြီးထိုင်တဲ့အခါ

နေ့လည်စာ ဟင်းတစ်ခွက်အနေနဲ့ ကြော်ပဲစားစား၊ ပြုတ်ပြီး တို့ပဲစားစား၊ ဟင်းရည်တစ်ခွက်အနေနဲ့ အရည်သောက်ပဲစားစား စားလေ့ရှိတဲ့ ဂေ...
27/04/2023

နေ့လည်စာ ဟင်းတစ်ခွက်အနေနဲ့ ကြော်ပဲစားစား၊ ပြုတ်ပြီး တို့ပဲစားစား၊ ဟင်းရည်တစ်ခွက်အနေနဲ့ အရည်သောက်ပဲစားစား စားလေ့ရှိတဲ့ ဂေါ်ဖီထုပ်လေးက ခန္တာကိုယ်အတွက် ဘယ်လိုအကျိုးတွေဖြစ်စေလဲ ဆိုတာ ကြည့်လိုက်ရအောင်နော်။💁‍♀️

အခုလို ကျန်းမာရေးဗဟုသုတတွေကို ပိုမိုသိရှိနိုင်အောင် နေ့စဉ် တင်ဆက်ပေးနေတာမို့ HOPE TeleCare ရဲ့ page လေးကို like & follow လုပ်ထားဖို့ ဖိတ်ခေါ်လိုက်တယ်နော်။🤗

Message Here : https://m.me/hopetelecaremyanmar

#အွန်လိုင်းဆရာဝန် #အွန်လိုင်းဆေးခန်း

မေး :  အပူလား အအေးလား❓အပူလား အအေးလားဆိုလို့ အိမ်ကို ဧည့်သည်လာတဲ့ချိန် လောကွတ်ပြု မေးတဲ့စကားလား စားစရာသောက်စရာတစ်ခုခု အကြ...
23/04/2023

မေး : အပူလား အအေးလား❓

အပူလား အအေးလားဆိုလို့ အိမ်ကို ဧည့်သည်လာတဲ့ချိန် လောကွတ်ပြု မေးတဲ့စကားလား စားစရာသောက်စရာတစ်ခုခု အကြောင်းများလားဆိုပြီး တွေးမိသွားကြလား မသိဘူးနော်။

တကယ်တော့ ….. စဉ်းစားကြည့်မယ်ဆိုရင် အပူလား အအေးလားဆိုပြီး တွေးဆကြတဲ့ ခန္တာကိုယ်ကျန်းမာရေးနဲ့ သက်ဆိုင်တဲ့အချိန်တစ်ခု ရှိပါသေးတယ်။

အဲ့ဒါကတော ရေနွေးအိတ်လေး ကပ်ထားရမလား ဒါမှမဟုတ် ရေခဲဝတ်ထုပ်လေးပဲ တင်လိုက်ရမလား ဆိုပြီး အပူပဲသုံးရမလို အအေးပဲသုံးရမလို ဝေခွဲမရဖြစ်ကြတဲ့ ခန္တာကိုယ်မှာ ယောင်ယမ်းတာ နာကျင်တာကို ခံစားရတဲ့အချိန်ပါပဲ။💁‍♀️

အဲ့ဒီတော့ အပူနဲ့ အအေးက ခန္တာကိုယ်ပေါ်မှာ ဘယ်လို သက်ရောက်မှုတွေရှိလဲ ဆိုတာ အရင်ဆုံးကြည့်လိုက်ရအောင်နော်။👉

အပူကို ခန္တာကိုယ်မှာ အသုံးပြုတဲ့အခါ
✅ အသုံးပြုတဲ့နေရာမှာ သွေးလည်ပတ်မှု၊ သွေးစီးဆင်းမှုကို အားကောင်းစေတယ်။
✅ ကြွက်သားတွေကို ပြေလျော့စေတယ်။
✅ တိုးမြင့်သွားတဲ့ အပူချိန်ကြောင့် နာကျင်မှုဒဏ်ကို အနည်းငယ်သက်သာစေနိုင်ပါတယ်။

အအေးကတော့
✅ အသုံးပြုတဲ့တစ်နေရာမှာ သွေးလည်ပတ်မှုကို လျော့နည်းစေပြီး အဲ့နေရာမှာ ဖြစ်တဲ့ ယောင်ယမ်းမှု ဖြစ်စဉ် နဲ့ ယောင်ယမ်းတာတွ ၊ ယောင်ယမ်းတာကြောင့် နာကျင်မှုဖြစ်တာတွေကို သိသိသာသာ သက်သာစေပါတယ်။
✅ အာရုံကြောတွေရဲ့ဆောင်ရွက်ချက်ကို ခဏတာ လျော့နည်းသွားစေတဲ့အတွက်ကြောင့်လည်း နာကျင်မှုကို လျော့ပါးစေပါတယ်။

အဲ့တော့ နှစ်ခုကို ဘယ်ချိန် ဘယ်လိုမျိုးမှာ သုံးမလဲဆိုရင်…
အပူကို အဓိက ကြွက်သားတွေ တင်းတဲ့အခါမျိုးအရိုးအဆစ်တွေ တောင့်တင်းမှု ခံစားရတဲ့အခါမျိုးမှာ သုံးလို့ရပါတယ်။💁‍♀️

အအေးကိုတော့ အခုလတ်တလော ဖြစ်တဲ့ နာကျင်တာ ယောင်ယမ်းတာ အထူးသဖြင့် ထိခိုက်မိပြီး ၄၈ နာရီအတွင်းဆိုရင် သုံးနိုင်ပါတယ်။💁‍♀️

ရေနွေးအိတ်ကပ်တာပဲဖြစ်ဖြစ် ရေခဲကို အဝတ်သန့်သန့်နဲ့ ထုတ်ပြီး ကပ်တာပဲဖြစ်ဖြစ် မိနစ် နှစ်ဆယ်ထက်ပိုပြီး မထားသင့်ပါဘူး။🧏‍♀️

အညိုအမည်းစွဲနေတဲ့ ဒါမှမဟုတ် ယောင်နေတဲ့အခြေအနေမျိုး ၊ ပွင့်နေတဲ့ အနာတွေ၊ လတ်တလောဖြစ်တဲ့အခြေအနေမျိုးတွေမှာဆိုရင် အပူကို မသုံးသင့်ပါဘူးနော်။🧏‍♀️

ဒီလိုအခြေအနေရှိတဲ့သူတွေမှာဆိုရင်လည်း အပူလောင်နိုင်တဲ့အခြေအနေပိုဖြစ်နိုင်တာရယ် အပူသုံးတာရဲ့ နောက်ဆက်တွဲတွေ ဖြစ်နိုင်တာကြောင့် အပူကို မသုံးသင့်ပါဘူး။🧏‍♀️

ဘယ်လိုအခြေအနေတွေလဲဆိုရင်
✅ ဆီးချိုရောဂါ
✅ အရေပြားယောင်ယမ်းခြင်း
✅ သွေးကြောဆိုင်ရာ ပြဿနာများ
✅ multiple scerosis တို့ပဲ ဖြစ်ပါတယ်။

အအေးကိုလည်း ကြွက်သား အရိုးအဆစ်တောင့်တင်းတဲ့အနေအထားမျိုး၊ ထိမှုသိမှုအာရုံခံဆိုင်ရာအာရုံကြောအားနည်းတဲ့သူတွေ သွေးလည်ပတ်မှုမကောင်းတဲ့သူတွေမှာဆိုရင် မသုံးသင့်ပါဘူးနော်။💁‍♀️

အခြေအနေအလျောက် အပူနဲ့ အအေး ကိုက်ညီတာကို သုံးရင်း နာကျင်တာ ယောင်ယမ်းတာတွေ မသက်သာဘူးဆိုရင်တော့ ဆရာဝန်👨‍⚕️👩‍⚕️များနဲ့ ဆွေးနွေးတိုင်ပင်ဖို့ အကြံပြုလိုက်ရပါတယ်နော်။💁‍♀️

ကိုယ် ကိုယ်တိုင် ဒါမှ မဟုတ် ကိုယ့်မိသားစုရဲ့ ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဆွေးနွေးမေးမြန်းလိုတယ်ဆိုရင်တော့ HOPE ရဲ့ ဒေါက်တာ တွေက အသင့်ရှိနေပါတယ်နော်။🤗

https://m.me/hopetelecaremyanmar

#အွန်လိုင်းဆရာဝန် #အွန်လိုင်းဆေးခန်း #အပူအအေး

ဆီးချိုရောဂါလို့ ကြားလိုက်တာနဲ့ ချိုတဲ့ အစားအစာတွေ ရှောင်ရမယ်ဆိုတာတော့ လူတိုင်းသိကြမှာပါ။ အချိုဘဲရှောင်ရုံနဲ့ ရပြီလားဆို...
20/04/2023

ဆီးချိုရောဂါလို့ ကြားလိုက်တာနဲ့ ချိုတဲ့ အစားအစာတွေ ရှောင်ရမယ်ဆိုတာတော့ လူတိုင်းသိကြမှာပါ။ အချိုဘဲရှောင်ရုံနဲ့ ရပြီလားဆိုရင်တော့ မရပါဘူးနော်။🙅

ဒါကြောင့် ချိုတဲ့ အစားအစာတွေ အပြင် ဘယ်လို အစားအစာတွေ ရှောင်ရမလဲဆိုတာကို ဒေါက်တာတို့က👨‍⚕️👩‍⚕️ ပြောပြပေးသွားပါမယ်နော်။

ဆီးချိုရောဂါနဲ့ ပတ်သက်ပြီး ဆွေးနွေးမေးမြန်းလိုတယ်ဆိုရင်တော့ HOPE ရဲ့ ဒေါက်တာ တွေက အသင့်ရှိနေပါတယ်နော်။🤗

https://m.me/hopetelecaremyanmar

#အွန်လိုင်းဆရာဝန် #အွန်လိုင်းဆေးခန်း #ဆီးချိုရောဂါ

Address

No-148, Pyay Road, Corner Of A1 Street, Mayangone Township, Yangon.
Yangon
11061

Opening Hours

Monday 08:00 - 22:00
Tuesday 08:00 - 22:00
Wednesday 08:00 - 22:00
Thursday 08:00 - 22:00
Friday 08:00 - 22:00
Saturday 08:00 - 22:00
Sunday 08:00 - 22:00

Alerts

Be the first to know and let us send you an email when HOPE TeleCare Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to HOPE TeleCare Myanmar:

Share

Category