27/07/2026
“ညနေ ၆ နာရီနောက်ပိုင်း ထမင်းစားရင် ဝလာမယ်” ဆိုတာ တကယ်မှန်လား? 🤔🍚
ဒီစကားကို ကြားဖူးတဲ့သူတွေ အများကြီးရှိပါတယ်။
❌ “ညနေ ၆ နာရီကျော်ရင် ထမင်းမစားနဲ့”
❌ “ညဘက် Carbs စားရင် အဆီတက်တယ်”
ဒါပေမယ့် ဒီလိုမဟုတ်ပါဘူး။
💡 Body က Carbohydrate ကို နာရီကြည့်ပြီး အဆီအဖြစ် မသိမ်းပါဘူး။
ခန္ဓာကိုယ်က အရေးကြီးတာက…
👉 တစ်နေ့လုံး စားတဲ့ Total Calories ဘယ်လောက်ရှိလဲ
👉 (လိုတာထက်ပိုစားလား)
👉 (လိုတာထက်လျော့စားလား)
ဒီအချက်တွေကိုပဲ အဓိကဆုံးဖြတ်ပါတယ်။
🍚 ဥပမာ…
မနက် ၁၁ နာရီမှာ စားတဲ့ ထမင်းတစ်ပန်းကန်နဲ့
ည ၇ နာရီမှာ စားတဲ့ ထမင်းတစ်ပန်းကန်ဟာ…
Calories လည်းတူတယ်၊ Carbohydrate လည်းတူတယ်။
အချိန်ပြောင်းသွားလို့ Calories က အလိုအလျောက် အဆီဖြစ်သွားတာမျိုး မရှိပါဘူး။
✅ ဒါဆို ဘာကြောင့် တချို့လူတွေ ညဘက်စားပြီး ဝလာတာလဲ?
အကြောင်းရင်းက…
✔️ ညဘက်မှာ အစာပိုစားမိလွယ်တယ်။
✔️ Snacks၊ Bubble Tea၊ Dessert တွေ ထပ်စားတတ်တယ်။
✔️ တစ်နေ့တာ Total Calories က လိုတာထက် ပိုသွားလို့ပါ။
ပြဿနာက “ညဘက်စားတာ” မဟုတ်ဘဲ “ပိုစားတာ” ဖြစ်ပါတယ်။
💪 Weight Loss လုပ်ချင်ရင်…
✅ Total Daily Calories ကို ထိန်းပါ။
✅ Protein လုံလောက်အောင်စားပါ။
✅ Strength Training + Cardio လုပ်ပါ။
✅ အိပ်ရေးဝအောင်အိပ်ပါ။
ဒီအချက်တွေက “၆ နာရီကျော်ရင် မစားနဲ့” ဆိုတဲ့ Rule ထက် အများကြီး အရေးကြီးပါတယ်။
📌 Fitness မှာ အောင်မြင်ချင်ရင် Myth တွေကို မယုံဘဲ Science ကို ယုံပါ။
💬 “ညနေ ၆ နာရီနောက်ပိုင်း မစားရဘူး” လို့ ယုံနေသေးလား??
Contact Us
Phone : 09 699 470 083
Address : No ( 83 ), Waizayantar ( 5 ) street , ( 3 ) block, South Oakkalapa Township, Yangon