17/06/2023
စနေဂြိုဟ် အကြွေးလာတောင်းတော့မည်....
June 17 to Nov 4
Saturn Retrograde မှာ House အလိုက်သက်ရောက်မည်။
Index🔏
အောက်ပါ ဟောပြောရေးသားချက်များသည် သင်၏ Natal Chart အပေါ်မူတည်သည်၊ Natal Chart ရှိ Degree ရဲ့ Power, Aspect ငြိမငြိ, Zodiac Sign , Exaltation , Debilitation တို့အပေါ်တွင် အဓိကမှီခိုသည်။ မကောင်းတာတွေရှိရင် ပိုဆိုးမယ်၊ ကောင်းတာတွေရှိရင် မကြောက်ပါနဲ့။ Saturn ဟာစည်းကမ်းကြီးပြီး တိကျလွန်းတယ်၊ သူပေးထားသလောက်ပြန်အရယူပါလိမ့်မယ်။ ( မွေးချိန်တိကျမှ House မှန်မည်ဖြစ်သည်)
📌Saturn ဟာ Lesson ပေးလိမ့်မယ်၊ မဟုတ်တာလုပ်ထားရင် ကျေနပ်စွာခံယူပါ။ တစ်ချို့မဟုတ်တာလုပ်ပေမဲ့ တန်းမသက်ရောက်တာမျိုးရှိပါတယ်၊ ဒါဟာအပေါ်က ပြောခဲ့ Aspcet, Degree တွေကြောင့်ပါ။
📌မြန်မာနိုင်ငံအကြောင်းကတော့ အသေးစိတ်လာမည်...
1st House
အပေါ်ကပြောတဲ့အချက်တွေ ကောင်းတဲ့သူက ဘာမှမဖြစ်ပါဘူး၊ မကောင်းတဲ့ သူတွေမှာဆိုရင် ဒေါသကိုလျော့ပါ၊ ကျန်းမာရေး၊ ဂရုစိုက်ပါ။
2nd House
Aspect ကောင်းရင် သိပ်မသိသာပေမဲ့၊ မကောင်းလို့ကတော့ ခွေးဖြစ်ကိန်း ဆိုက်နိုင်ပါတယ်၊ Ketu နဲ့ Asteroid Aspect တွေရှိရင် ငွေရေးကြေးရေးလုံးဝမမြှုပ်နှံပါနဲ့၊ ပလုံမည်။
3rd House
Aspect ကောင်းရင် Cele ဖြစ်နိုင်မည်၊ မကောင်းရင်တော့ ဂုဏ်သိက္ခာထိခိုက်တာ နဲ့ အရှက်ရစရာတွေဖြစ်မယ်။
4th House
ကိုယ့်ရဲ့ Mental ကိုအထူးဂရုစိုက်ပါ၊ ကိုယ်က စိတ်ပိုင်းဆိုင်ရာ မာကြောရင်တောင် အဖေ၊ အမေ၊ အသက်ကြီးသူတွေရဲ့ ကျန်းမာရေး ဂရုစိုက်ပေးပါ။
5th House
သင်ချစ်တဲ့ မိသားစုနဲ့ သားသမီးတွေကို အထူးဂရုစိုက်ပါ။ pet လေးတွေရှိရင် အပြင်ပေးမထွက်ပါနဲ့နော်🍀။
6th House
Aspect ကောင်းရှိသူတွေအောင်မြင်မယ်၊ ဂြိုလ်ဆိုးတွေနဲ့ Saturn ငြိရင်တော ရောဂါကြီးကြီးမားမားဖြစ်မယ်။
7th House
Aspect ကောင်းတွေရှိရင် ကံကောင်းမယ်၊ ငွေဝင်မယ်၊ အိမ်ထောင်ဖက်ကောင်းနဲ့ရနိုင်ပါတယ်။ Aspect ကောင်းမရှိရင်တော့ ထူးခြားမှုနဲမယ်။
8th House
သင့်အဖေရဲ့ ကျန်းမာရေးဂရုစိုက်ပါ၊ သင်ကိုယ်တိုင်ကတော့ ကျန်းမာရေးကောင်းပါလိမ့်မယ်။
9th House
Saturn ရဲ့ ကောင်းကျိုးများစွာရရှိမယ်၊ Foreign သွားရမယ်၊ အောင်မြင်မယ်။
10th House
သူတို့တွေက တော့ Saturn effect တွေဝင်လာပြီး ပိုတော်ပို၊ ပိုထက်လာပါလိမ့်မယ်။Government ပိုင်းတွေမှာ အလုပ်ရတတ်တယ်။
11th House
အိမ်ထောင်ရှိရင်တော့ ကလေးရမယ်၊ မရှိရင် သက်ရှိတစ်ကောင်ကောင်ရောက်လာပါလိမ့်မယ်။ အကျိုးပြုမယ်။
12 House
သင်စကားပြေတာတွေပိုရိုင်းလာတတ်ပါတယ်၊ သတိထားပြီးစကားပြောပါ။ ငွေကြေးကတော့ အထိုက်အသင့်ဝင်မယ်။ Ketu Aspect တွေမှာ Karma တွေကို ပြန်မြင်လာတာ၊ ဘဝဟောင်းက အဆက်တွေနဲ့ ပြန်တွေ့မယ်။