Empire High-Quality Dental Clinic အင်ပါယာ သွားနှင့်ခံတွင်း အထူးကုဆေးခန်း

  • Home
  • Myanmar
  • Yangon
  • Empire High-Quality Dental Clinic အင်ပါယာ သွားနှင့်ခံတွင်း အထူးကုဆေးခန်း

Empire High-Quality Dental Clinic အင်ပါယာ သွားနှင့်ခံတွင်း အထူးကုဆေးခန်း Experience the Modern Dentistry with Gentle High Quality care and services

22/02/2024

သွားတွေမညီညာလည်း စိတ်မပူပါနဲ့၊ Empire မှာ သွားညှိကုသလို့ရပါတယ် ❣️

တစ်ဘဝလုံးမညီညာတဲ့ သွားတွေကြောင့် စိတ်ညစ်နေရပေမယ့် ငွေ Amount များများနဲ့ တစ်ခါတည်းကုသဖို့ကလည်း အနည်းငယ်ခက်ခဲစေတယ်လို့ ခံစားနေရပြီဆို လစဉ်အရစ်ကျ ( 50,000 ) ကျပ်ကျော်တည်းနဲ့ သွားညှိကုသနိုင်မယ့် Empire မှာ အသေးစိတ်လာရောက်ဆွေးနွေးလိုက်ပါခင်ဗျာ 🤗

သင့်သွားကျန်းမာရေးပြဿနာတိုင်းကို အင်ပါယာမှ တာဝန်ယူဖြေရှင်းပေးပါရစေနော် 🙇‍♀️

✨✨✨ Address ✨✨✨

❗️အမှတ်(၃၈)၊ ပထမထပ်၊ မင်းနန္ဒာလမ်းမပေါ်၊ Myanmar Net အပေါ်ထပ်၊ သဒ္ဒါရုံမှတ်တိုင်အနီး၊ ဒေါပုံမြို့နယ်၊ ရန်ကုန်မြို့

❗️ No.(38), First Floor, Min Nandar Road, Dawbon Township, Yangon.

📞 Call Now - 09442197778, 0945434094

#သွားဆေးခန်း

သွားမညီတာရဲ့ ဦးဆုံးတရားခံက ဘယ်သူများလဲ❓သွားမညီလို့ သွားညှိကုသတတ်ကြပေမယ့် ဘာကြောင့် သွားမညီဖြစ်ရလဲဆိုတဲ့ အကြောင်းအရင်းကို...
18/02/2024

သွားမညီတာရဲ့ ဦးဆုံးတရားခံက ဘယ်သူများလဲ❓

သွားမညီလို့ သွားညှိကုသတတ်ကြပေမယ့် ဘာကြောင့် သွားမညီဖြစ်ရလဲဆိုတဲ့ အကြောင်းအရင်းကိုတော့ မေ့တတ်ကြပါတယ်။ တကယ်တော့ သွားမညီစေခြင်းရဲ့ အမူအကျင့်တစ်ခုကတော့ ကလေးဘဝရဲ့ လက်မစုပ်တာပါပဲ 😱

ကလေးအရွယ်မှာ လက်မစုပ်အားနဲ့ လျှာရဲ့ထိုးဖိအားတွေပေါ်မူတည်ပြီး သွားဖွဲ့စည်းမှုပုံသဏ္ဍာန်တွေပြောင်းလဲတတ်ပါတယ်။ မကြာခဏ လက်မစုပ်နေတဲ့အချိန်မှာ ပါးစောင်မှာ ရှိနေတဲ့ ကြွက်သားတွေက ပျော့ခွေလာပါတယ်။ ပြီးရင် ဆက်စပ်နေတဲ့မေးရိုးအနေအထားကို ပြောင်းလဲစေပြီး သွားတွေအရှေ့ဘက်ခေါထွက်လာတာ၊ စောင်းသွားတာ၊ မေးရိုးအနေအထားပြောင်းလဲသွားတာတွေလို သွားတွေမညီမညာဖြစ်စေတာပါ။

လသားအရွယ်တင်မဟုတ်ဘဲ အသက် ( 4 ) နှစ်ကျော်တဲ့အထိ လက်မစုပ်နေရင်တော့ ခံတွင်းနဲ့သွားမှာ ပြောင်းလဲမှုတွေကြုံနေရပါပြီနော်။ တစ်ခါတစ်လေဆို ကလေးအရွယ်လေးတင်မဟုတ်ဘဲ အရွယ်ရောက်ပြီးသားလူကြီးတွေပါ စိုးရိမ်ပူပန်မှုတွေကြောင့် လက်မစုပ်တဲ့အကျင့်ရှိသူတွေပါ တွေ့ရပါတယ်။ ဒါကကောင်းတဲ့အကျင့်တော့ မဟုတ်တာမို့ ရှောင်ရှားပေးပါနော်။

ငယ်စဉ်ကလက်မစုပ်ခဲ့လို့ သွားတွေမညီညာဖြစ်နေလည်း နည်းပညာတွေခေတ်မီအဆင့်မြင့်နေပြီဖြစ်လို့ Empire မှာ အရစ်ကျသွားညှိကုသနိုင်ပါပြီ။ ခေတ်မီစက်ကိရိယာ၊ နည်းပညာစနစ်တွေနဲ့ ကျွမ်းကျင်ဆရာဝန်ကိုယ်တိုင် ကုသပေးနေလို့ စီတန်းညီညာတဲ့သွားတွေပိုင်ဆိုင်မှာမို့ အခုပဲလာရောက်ဆွေးနွေးသင့်ပါပြီခင်ဗျာ 🤗

အခုစာဖတ်နေတဲ့သူရဲ့ ကလေးငယ်လေးလည်း လက်မစုပ်တတ်တဲ့အကျင့်ရှိနေရင် ပျောက်အောင်ကူညီထိန်းကျောင်းပေးပါနော် 💕

သင့်သွားကျန်းမာရေးပြဿနာတိုင်းကို အင်ပါယာမှ တာဝန်ယူဖြေရှင်းပေးပါရစေနော် 🙇‍♀️

✨✨✨ Address ✨✨✨

❗️အမှတ်(၃၈)၊ ပထမထပ်၊ မင်းနန္ဒာလမ်းမပေါ်၊ Myanmar Net အပေါ်ထပ်၊ သဒ္ဒါရုံမှတ်တိုင်အနီး၊ ဒေါပုံမြို့နယ်၊ ရန်ကုန်မြို့

❗️ No.(38), First Floor, Min Nandar Road, Dawbon Township, Yangon.

📞 Call Now - 09442197778, 0945434094

#သွားဆေးခန်း #လက်မစုပ်ခြင်း

ငွေတလုံးတရင်းပေးစရာမလိုဘဲ ကျဲနေ၊ ခေါနေတဲ့ သွားတွေကို ကုသနိုင်ပြီဗျာ ✨တစ်ခါတစ်လေ ကိုယ့်ရဲ့သွားပုံစံကိုကြည့်ပြီး ယုံကြည်မှ...
14/02/2024

ငွေတလုံးတရင်းပေးစရာမလိုဘဲ ကျဲနေ၊ ခေါနေတဲ့ သွားတွေကို ကုသနိုင်ပြီဗျာ ✨

တစ်ခါတစ်လေ ကိုယ့်ရဲ့သွားပုံစံကိုကြည့်ပြီး ယုံကြည်မှုကျရတယ်လေနော်။ ဒါဆို သွားညှိလိုက်ပေါ့ ဆိုတဲ့ စကားတွေကြားရပေမယ့် သိန်းနဲ့ချီတဲ့ ငွေအလုံးအရင်းရှိမနေတော့ စိတ်ကူးတွေကို အကောင်အထည်မဖော်နိုင်ခဲ့ဘူးလေ…

ဒါပေမယ့် စိတ်မပူပါနဲ့… Empire ရဲ့ တစ်လကို ငါးသောင်းကျပ်နဲ့ သွားညှိကုသနိုင်မယ့် အစီအစဉ်လေးရှိနေပါတယ်နော်။ Empire နဲ့သာဆို
ကနဦးပေးသွင်းငွေလေးသွင်းပြီးတာနဲ့ လတိုင်း ငါးသောင်းပဲပေးသွင်းဖို့ပဲလိုတာမို့ ဝန်လည်းမပိတော့ဘူးပေါ့ 😉

အရည်အသွေးပြည့်မီတဲ့ စက်ကိရိယာတွေနဲ့ ကျွမ်းကျင်တဲ့ဆရာဝန်ကြီးတွေကိုယ်တိုင် သွားညှိကုသပေးနေတာမို့ ငွေကြေးအကုန်အကျကိုစိတ်မပူဘဲ ညီညာလှပတဲ့သွားလေးတွေ ပိုင်ဆိုင်ဖို့ အခုပဲဆက်သွယ်လိုက်တော့နော် ❣️

သင့်သွားကျန်းမာရေးပြဿနာတိုင်းကို အင်ပါယာမှ တာဝန်ယူဖြေရှင်းပေးပါရစေနော် 🙇‍♀️

✨✨✨ Address ✨✨✨

❗️အမှတ်(၃၈)၊ ပထမထပ်၊ မင်းနန္ဒာလမ်းမပေါ်၊ Myanmar Net အပေါ်ထပ်၊ သဒ္ဒါရုံမှတ်တိုင်အနီး၊ ဒေါပုံမြို့နယ်၊ ရန်ကုန်မြို့

❗️ No.(38), First Floor, Min Nandar Road, Dawbon Township, Yangon.

📞 Call Now - 09442197778, 0945434094

#သွားဆေးခန်း

From routine check-ups to transformative treatments, dentists play a vital role in promoting oral health and enhancing c...
09/02/2024

From routine check-ups to transformative treatments, dentists play a vital role in promoting oral health and enhancing confidence ✨

Let's appreciate their commitment to creating beautiful smiles and improving lives.

Happy International Dentist's Day ❣️

#သွားဆေးခန်း

တစ်ခုခုမစားလိုက်နဲ့၊ စားလိုက်တာနဲ့ သွားဖုံးကသွေးထွက်လာပြီ 😣အချို့ကျ အစားစားရင်သွေးထွက်တယ်၊ သွားတိုက်ရင် သွေးထွက်တယ်၊ ဒီလ...
08/02/2024

တစ်ခုခုမစားလိုက်နဲ့၊ စားလိုက်တာနဲ့ သွားဖုံးကသွေးထွက်လာပြီ 😣

အချို့ကျ အစားစားရင်သွေးထွက်တယ်၊ သွားတိုက်ရင် သွေးထွက်တယ်၊ ဒီလိုသွားဖုံးက သွေးထွက်တာ ကိုယ်တစ်ယောက်တည်း ဖြစ်နေတာတော့ မဟုတ်ပါဘူး။

ဒါဆို ဘာလို့ ထစ်ခနဲရှိ သွားဖုံးကသွေးထွက်ထွက်လာတာ ဘာလို့များလဲ❓

✅ သွားဖုံးရောင်ရမ်းတာ
သွားဖုံးသွေးထွက်စေတဲ့ အဓိကအကြောင်းအရင်းကတော့ သွားဖုံးရောင်နေလို့ပါပဲ။ အဖြစ်များတဲ့ ဝေဒနာဆိုပေမယ့် တအားတော့ မပြင်းထန်ပါဘူး။ သွားချေးကျောက်တွေ စုပြုံနေလို့ သွားဖုံးရောင်ပြီး သွေးထွက်တာပါ။

✅ ရေစီးကမ်းပြိုဖြစ်တာ
မပြင်းထန်တဲ့ သွားဖုံးရောင်တာကို ပေါ့ဆမိတဲ့အခါ သွားဘေးနားက တစ်ရှူးတွေ၊ အရိုးတွေ တဖြည်းဖြည်း ပျက်စီးလာပြီး ပိုးဝင်လာမယ်၊ ရောင်ရမ်းလာမယ်၊ နောက်ဆုံး သွားတွေ အမြစ်ကနေ ကျွတ်ထွက်သွားတာတွေအထိ ဖြစ်စေတဲ့ ရေစီးကမ်းပြိုဝေဒနာကို ခံစားရစေလိမ့်မယ်။

✅ ဗီတာမင်ကေချို့တဲ့တာ
သွားဖုံးသွေးယိုနေတာက ဗီတာမင်ကေချို့တဲ့လို့လည်း ဖြစ်နိုင်ပါတယ်။ ဗီတာမင်ကေက သွေးတိတ်စေတဲ့ အလုပ်ကို လုပ်ဆောင်ပေးတာမို့ စားလိုက်တဲ့အစားအစာတွေမှာ ဗီတာမင်ကေ မပါရင်ပဲ ဖြစ်ဖြစ်၊ ခန္ဓာကိုယ်က ကောင်းကောင်း မစုပ်ယူရင်ပဲ ဖြစ်ဖြစ် သွေးမတိတ်တဲ့ ပြဿနာတွေ ဖြစ်တတ်ပါတယ်။

သွားဖုံးသွေးထွက်တာကတော့ သွားနဲ့ခံတွင်းနဲ့ဆိုင်တဲ့ ပြဿနာဖြစ်တာမို့ သွားဆရာဝန်နဲ့ အသေးစိတ်တိုင်ပင်ပြီး သွားကျောက်ခြစ်ပေးရပါမယ်။ သွားမှာသွားချေးတွေစုံပြုပြီး ကျောက်ဖြစ်နေရင် သွားကျောက်တွေခြစ်လိုက်ချိန်ကျ သွေးထွက်တာမျိုး မဖြစ်နိုင်တော့ပါဘူး။

သွားချေးတွေကို သေချာဖယ်ရှားဖို့ လူတိုင်း ခြောက်လတစ်ခါ သွားကျောက်ခြစ်ဖို့ လိုအပ်ပါတယ်။ ကိုယ်တိုင်က ဘာစားစားသွေးထွက်နေတာမို့ သွားကျောက်ခြစ်ဖို့ စဉ်းစားနေပြီဆိုရင်တော့ Empire မှာ Valentine’s Day Special Promotion လေးလည်း ရှိနေတုန်း လာခဲ့လိုက်ပါခင်ဗျာ ❣️

သင့်သွားကျန်းမာရေးပြဿနာတိုင်းကို အင်ပါယာမှ တာဝန်ယူဖြေရှင်းပေးပါရစေနော် 🙇‍♀️

✨✨✨ Address ✨✨✨

❗️အမှတ်(၃၈)၊ ပထမထပ်၊ မင်းနန္ဒာလမ်းမပေါ်၊ Myanmar Net အပေါ်ထပ်၊ သဒ္ဒါရုံမှတ်တိုင်အနီး၊ ဒေါပုံမြို့နယ်၊ ရန်ကုန်မြို့

❗️ No.(38), First Floor, Min Nandar Road, Dawbon Township, Yangon.

📞 Call Now - 09442197778, 0945434094

#သွားဆေးခန်း

အချစ်တွေကို ဖော်ကြူးတဲ့ ချစ်သူများနေ့မှာ ပျော်ပျော်ရွှင်ရွှင်ရယ်မောလိုက်တဲ့အခါ သွားလေးတွေ ဖြူဖွေးနေဖို့ကလည်း အရေးကြီးပါတ...
27/01/2024

အချစ်တွေကို ဖော်ကြူးတဲ့ ချစ်သူများနေ့မှာ ပျော်ပျော်ရွှင်ရွှင်ရယ်မောလိုက်တဲ့အခါ သွားလေးတွေ ဖြူဖွေးနေဖို့ကလည်း အရေးကြီးပါတယ် ✨

သွားဖြူဖြူဖွေးဖွေးလေးတွေနဲ့ အလင်းလက်ဆုံးတောက်ပနိုင်ဖို့ဆို အင်ပါယာရဲ့ သွားဖြူကုထုံးလေးကို ဝေမျှချင်ပါတယ်နော် ❣️

Empire ရဲ့ Teeth Whitening Treatment လေးနဲ့သာဆို ချစ်ရတဲ့ ချစ်သူလေးနဲ့ အချစ်တွေဖလှယ်ချိန်မှာ ပိုပြီးလင်းလက်တောက်ပစွာနဲ့ ပိုအသက်ဝင်နိုင်မှာ မဟုတ်လားဗျာ 🥳

ချစ်သူများနေ့မှာ သွားဖြူဖြူလေးရယ်၊ ပန်းစည်းနဲ့ ချောကလက်ရယ်၊ ချစ်ရသူလေးရယ် ဘယ်လိုတောင် လိုက်ဖက်ညီတင့်တယ်လိုက်မလဲနော် 💕

✨✨✨ Address ✨✨✨

❗️အမှတ်(၃၈)၊ ပထမထပ်၊ မင်းနန္ဒာလမ်းမပေါ်၊ Myanmar Net အပေါ်ထပ်၊ သဒ္ဒါရုံမှတ်တိုင်အနီး၊ ဒေါပုံမြို့နယ်၊ ရန်ကုန်မြို့

❗️ No.(38), First Floor, Min Nandar Road, Dawbon Township, Yangon.

📞 Call Now - 09442197778, 0945434094

#သွားဆေးခန်း

Address

Min Nan Dar Street
Yangon
11231

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+959454340947

Website

Alerts

Be the first to know and let us send you an email when Empire High-Quality Dental Clinic အင်ပါယာ သွားနှင့်ခံတွင်း အထူးကုဆေးခန်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share