30/09/2026
‼️ လူနေမကောင်းဖြစ်တဲ့အခါ ဆရာဝန်ဆီသွားပြဖို့ မရှက်သလိုမျိုးပဲ စိတ်ကျန်းမာရေးနဲ့ ပတ်သက်ပြီး အကူအညီ ရှာဖွေတောင်းခံဖို့ကို မရှက်သင့်ပါဘူး။
🌿 ကျွန်မတို့တွေက ဘဝမှာ နေ့စဉ်နဲ့အမျှ ဘဝရဲ့ စိန်ခေါ်မှုတွေ၊ အခက်အခဲတွေနဲ့ ကြုံတွေ့ ဖြေရှင်းနေကြရတာပါ။ တစ်ခါတလေမှာ စိတ်ပိုင်းဆိုင်ရာ ဝန်ထုတ်ဝန်ပိုးတွေက လက်တွေ့ကျတဲ့ ဝန်ထုတ်ဝန်ပိုးတွေထက်တောင် ပိုလေးလှပါတယ်။ ဒီလိုအချိန်မျိုးမှာ အကူညီတောင်းခံဖို့ကို ရှက်ရွံ့နေတတ်ကြပါတယ်။
🌿 တကယ်တော့ စိတ်ကျန်းမာရေးအတွက် အကူညီတောင်းခံခြင်းဟာ အားနည်းတယ်၊ ပျော့ညံ့တယ်ဆိုတဲ့ လက္ခဏာ မဟုတ်ပါဘူး။ ဒါဟာ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်တတ်ခြင်း၊ ကိုယ့်ကိုယ်ကိုယ် ချစ်ခင်တန်ဖိုးထားခြင်းနဲ့ အားလုံးထက် သတ္တိရှိခြင်းရဲ့ လက္ခဏာပါ။
🌿 လူနေမကောင်းရင် ဆရာဝန်သွားပြဖို့ ဝန်မလေးကြသလိုပဲ စိတ်ကျန်းမာရေးပညာရှင်တွေဆီ သွားရောက်ပြခြင်းကိုလည်း Normalize ဖြစ်ဖို့ လိုပါတယ်။ ဒါဟာ မိမိကိုယ်တိုင်ရဲ့ စိတ်ခံစားချက်တွေကို အလေးထားခြင်း၊ ကိုယ့်ရဲ့ ဘဝအရည်အသွေးကို မြှင့်တင်လိုခြင်းရဲ့ ပြယုဒ်တစ်ခုပါ။
💕 အကူအညီတောင်းခြင်း၊ အကူအညီ လက်ခံယူခြင်းဟာ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်တတ်သူတစ်ဦးဖြစ်ကြောင်း ပြသလိုက်တာပါ။ ပိုကောင်းတဲ့ဘဝအတွက် ပထမဆုံး ခြေလှမ်းကို စတင်လိုက်တာပါ။
‼️ ဒါကြောင့် စိတ်ထဲမှာ အဆမတန် လေးလံ ဖိစီးလာတဲ့အခါ၊ ဘယ်လို ဆက်လုပ်ရမှန်းမသိတော့တဲ့အခါမျိုးမှာ အကူအညီတောင်းဖို့ မတွန့်ဆုတ်ပါနဲ့။ ကိုယ့်ရဲ့ စိတ်ကျန်းမာရေးဟာ အရာအားလုံးထက် အရေးကြီးပါတယ်။ အကူညီတောင်းခံဖို့၊ အကူအညီရယူဖို့ ရှက်စရာမလိုပါဘူး။ ဒါဟာ သတ္တိရှိသူတွေရဲ့ လုပ်ရပ်ပါ။
🫂 သင်ဟာ တစ်ယောက်တည်း မဟုတ်ပါဘူး။ အကူညီတောင်းခံဖို့ အခွင့်အရေး ရှိပါတယ်။
▪️ ကျွန်မတို့ရဲ့ Hepta Mental Health Clinicမှာလည်း မိတ်ဆွေတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကို လုံခြုံစိတ်ချစွာနဲ့ ဆွေးနွေးနိုင်ဖို့အတွက် စိတ်ရှည်ကျွမ်းကျင်တဲ့ ဝါရင့်ဆရာဝန်များနဲ့ Online/ In-person နှစ်မျိုးလုံးဖြင့် ယုံကြည်စိတ်ချစွာ ဆွေးနွေးတိုင်ပင်လို့ ရနိုင်ပါတယ်။ Hepta Mental Health Clinic ကလည်း အားလုံးရဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကို ကူညီပေးနိုင်ဖို့ အမြဲအဆင်သင့် စောင့်ကြိုလျက်ရှိပါတယ်ရှင်။
▪️ ဆွေးနွေးမှုများအတွက် Page Messenger (သို့မဟုတ်) ဖုန်းနံပါတ် 09-885-044-884 ကို ဆက်သွယ်ပြီး ကြိုတင်ရက်ချိန်း ယူပြီး ဆွေးနွေးလို့ ရပါတယ်ရှင်။