29/08/2026
😷 Mask အကြာကြီးတပ်တာက နှာခေါင်းနဲ့ လည်ချောင်းအတွက် တကယ်ပဲ အဆင်ပြေရဲ့လား?
💁 အခုနောက်ပိုင်း ဖုန်မှုန့်တွေနဲ့ ရောဂါပိုးမွှားတွေကြောင့် Mask က ကျွန်တော်တို့ရဲ့ ဒုတိယမျက်နှာလို ဖြစ်နေပါပြီ။
ဒါပေမယ့်...
🤔 တစ်နေကုန် Mask တပ်ထားရတာက နှာခေါင်းနဲ့ လည်ချောင်းအတွက် တကယ်ရော ကောင်းရဲ့လား?
🤔 ဆိုးကျိုးတွေကော ရှိနိုင်သလား?
ဒါတွေကို အတူတူလေ့လာကြည့်ရအောင်ပါ။
✅ ဘယ်လိုကောင်းကျိုးတွေရှိနိုင်လဲ?
📌 Mask တပ်ထားတဲ့အခါ ကျွန်တော်တို့ ရှူထုတ်လိုက်တဲ့ လေထဲက အစိုဓာတ်ကို ပြန်ထိန်းထားပေးလို့ နှာခေါင်းနဲ့ လည်ချောင်းကို ခြောက်ကပ်မသွားအောင် ကာကွယ်ပေးပါတယ်။
📌 ဒါ့အပြင် နှာခေါင်းထဲကို တိုက်ရိုက်ဝင်လာမယ့် ဖုန်မှုန့်တွေ၊ ပန်းဝတ်မှုန်တွေနဲ့ ပိုးမွှားတွေကို တားဆီးပေးလို့ နှာခေါင်းတွင်း ရောင်ရမ်းမှုကိုလည်း လျှော့ချပေးနိုင်ပါတယ်။
❌ ဒါဆို ဆိုးကျိုးတွေကကော ဘယ်လိုရနိုင်လဲ?
📌 Mask ထဲမှာ အသက်ရှူရတာ ကြာလာတဲ့အခါ အစိုဓာတ်နဲ့ အပူချိန် တိုးလာပြီး ဘက်တီးရီးယားတွေ ပေါက်ဖွားဖို့ အကောင်းဆုံးနေရာ ဖြစ်လာတတ်ပါတယ်။ ဒါက နှာခေါင်းနဲ့ အရေပြား ယားယံမှုကို ဖြစ်စေနိုင်ပါတယ်။
📌 ဒီလို Mask တပ်ထားရင် ပါးစပ်နဲ့ အသက်ရှူမိတာ ပိုများလာတတ်ပါတယ်။ ဒါက တံတွေးထွက်နှုန်းကို နည်းစေပြီး ခံတွင်းခြောက်တာ၊ အသက်ရှူတဲ့အခါ အနံ့မကောင်းတာနဲ့ လည်ချောင်းယားတာမျိုးတွေ ဖြစ်စေနိုင်ပါတယ်။
📌 Mask ကြောင့် လေဝင်လေထွက် အနည်းငယ် ကျပ်တည်းသလို ခံစားရတာက စိတ်ပူပန်တတ်သူတွေမှာ အသက်ရှူမဝသလိုမျိုး ခံစားရစေနိုင်ပါတယ်။
💡ဒါဆို Mask တပ်မယ်ဆို ဘာတွေကို လိုက်နာရမလဲ?
😷 Mask ကို ပုံမှန်လဲပါ။ တစ်ခါသုံး Mask တွေကို ၄ နာရီမှ ၆ နာရီထက် ပိုမသုံးပါနဲ့။ စိုစွတ်သွားရင် ချက်ချင်းလဲပစ်ပါ။
👃 နှာခေါင်းနဲ့ပဲ အသက်ရှူပါ။ Mask တပ်ထားချိန်မှာ ပါးစပ်နဲ့ အသက်မရှူမိအောင် သတိထားပါ။ ဒါမှ လည်ချောင်းမခြောက်မှာပါ။
💧 ရေများများသောက်ပါ။ ခံတွင်းနဲ့ လည်ချောင်း အစိုဓာတ်ရရှိဖို့ ရေပုံမှန်သောက်ပေးဖို့ မမေ့ပါနဲ့။
⏰ Mask Free Time ပေးပါ။ ဘေးကင်းတဲ့ ပတ်ဝန်းကျင်ရောက်တဲ့အခါ Mask ကို ခေတ္တချွတ်ပြီး လေကောင်းလေသန့် ဝဝရှူပေးပါ။
👨⚕️ နှာခေါင်းနဲ့ လည်ချောင်းပိုင်းဆိုင်ရာ ဝေဒနာတွေ ခံစားနေရရင်တော့ တစ်ယောက်တည်း ကြိတ်မှိတ်မနေပါနဲ့။
👨⚕️ ကျွန်တော်တို့ရဲ့ Bio Medico Specialist Clinic က နား၊နှာခေါင်း၊လည်ချောင်းအထူးကုဆရာဝန်ကြီးများနဲ့ ဆွေးနွေးတိုင်ပင်နိုင်ပါတယ်။
Bio Medico ရဲ့ ဝန်ဆောင်မှုများနဲ့ ဆေးခန်းမှာ ထိုင်တဲ့ ဆရာဝန်ကြီးများကို ဒီပို့စ်မှာ ဝင်ကြည့်လို့ရပါတယ်—>
https://www.facebook.com/100064099862763/posts/1419453763534606/?
☎️☎️ 09 890 006 002, 09 890 006 003, 09 890 006 004 တို့သို့ ဆက်သွယ်စာရင်းပေးသွင်းနိုင်ပါပြီ။
⚠️⚠️ ဆေးခန်းဖွင့်ချိန် - နေ့စဉ် နံနက်(၈)နာရီမှ ညနေ (၆)နာရီထိ
🏥🏥 ဘိုင်အိုမဒီကို အထွေထွေရောဂါ အထူးကုဆေးခန်းလိပ်စာ - အမှတ်-၁၂၄၊ သံလွင်လမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။