Myanmar Premium J Medical Clinic - Myanmar

Directions Website

Myanmar Premium J Medical Clinic - Myanmar Myanmar Premium J medical clinic is a Japanese operated clinic located at Junction City Tower 5th Floor.

✨ Weight ချချင်ပေမယ့် ဘယ်ကစရမလဲ မသိသေးဘူးလား? ✨⚖️ GLP-1 Therapy ဖြင့် Weight Management ကို စနစ်တကျ စတင်လိုက်ပါ! 💉💚🥗 အစာ...
11/09/2026

✨ Weight ချချင်ပေမယ့် ဘယ်ကစရမလဲ မသိသေးဘူးလား? ✨

⚖️ GLP-1 Therapy ဖြင့် Weight Management ကို စနစ်တကျ စတင်လိုက်ပါ! 💉💚

🥗 အစားအသောက်ကို ထိန်းရခက်နေသူများ
🍽️ မကြာခဏ အစာစားချင်နေသူများ
⚖️ ကိုယ်အလေးချိန်ကို လျှော့ချလိုသူများ

💪 Healthy Weight ကို ထိန်းသိမ်းလိုသူများအတွက်
GLP-1 Therapy က ဆရာဝန်၏ ကြီးကြပ်မှုအောက်တွင် စဉ်းစားနိုင်သော နည်းလမ်းတစ်ခု ဖြစ်ပါတယ်။

🌿 GLP-1 Therapy ရဲ့ အဓိကအကျိုးကျေးဇူးများ

✨ Appetite Control ကို ကူညီပေးနိုင်ခြင်း
✨ အစားအစာစားသုံးမှု လျော့နည်းစေရန် ကူညီနိုင်ခြင်း
✨ Weight Management ကို အထောက်အကူပြုနိုင်ခြင်း
✨ သွေးတွင်း Sugar Control ကိုလည်း အထောက်အကူပြုနိုင်ခြင်း

💚 Weight လျှော့ချခြင်းဆိုတာ အလှအပအတွက်သာမက ကျန်းမာရေးအတွက်လည်း အရေးကြီးပါတယ်။

📩 GLP-1 Treatment ကို ရယူဖို့ MPM Clinic မှာ Booking ကြိုယူလိုက်ပါနော်

☎️ Clinic ဖုန်းနံပါတ် - 09-883768885

📍 MYANMAR PREMIUM J MEDICAL CLINIC

Junction City Office tower (5th floor), Yangon.

💪✨ Testosterone Treatment – ကိုယ့်ရဲ့နေ့စဉ်ဘဝကို ပိုမိုတက်ကြွလာစေဖို့! ✨💪အမြဲတမ်းပင်ပန်းနွမ်းနယ်နေသလို ခံစားနေရလား? 😮‍💨စ...
04/09/2026

💪✨ Testosterone Treatment – ကိုယ့်ရဲ့နေ့စဉ်ဘဝကို ပိုမိုတက်ကြွလာစေဖို့! ✨💪

အမြဲတမ်းပင်ပန်းနွမ်းနယ်နေသလို ခံစားနေရလား? 😮‍💨
စွမ်းအင်လျော့နည်းလာတာ၊ အားအင်မပြည့်သလိုခံစားရတာတွေ ရှိနေပါသလား?

🩺 Testosterone Level နည်းနေခြင်း က အမျိုးသားတွေရဲ့ စွမ်းအင်၊ ကြွက်သားထု၊ စိတ်ခံစားချက်နဲ့ လိင်ပိုင်းဆိုင်ရာကျန်းမာရေးတို့အပေါ် သက်ရောက်မှုရှိနိုင်ပါတယ်။

💙 Self-medication မလုပ်ဘဲ ကျွမ်းကျင်ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ ကုသမှုခံယူပါ။

💪🧔‍♂️ အမျိုးသားဟော်မုန်း (Testosterone) ကျဆင်းခြင်းကို သိထားပါ! 🩺✨
အသက်အရွယ်ရလာတာနဲ့အမျှ Testosterone ဟော်မုန်းပမာဏ လျော့နည်းလာနိုင်ပါတယ်။ 📉
ဒါပေမယ့် “အသက်ကြီးလာလို့ပဲ” ဆိုပြီး လျစ်လျူရှုမထားသင့်ပါဘူး။ ⚠️

🔎 Testosterone နည်းလာတဲ့အခါ တွေ့ရနိုင်တဲ့ လက္ခဏာများ

😴 အမြဲလိုလို ပင်ပန်းနွမ်းနယ်ခြင်း
⚡ စွမ်းအင်နှင့် အားအင်လျော့နည်းခြင်း
💪 ကြွက်သားထုနှင့် ကိုယ်ခန္ဓာကြံ့ခိုင်မှု လျော့ကျခြင်း
📉 လိင်စိတ်ဆန္ဒ (Libido) လျော့နည်းခြင်း
😔 စိတ်ဓာတ်ကျခြင်း၊ စိတ်အပြောင်းအလဲများခြင်း
🧠 အာရုံစူးစိုက်ရခက်ခြင်း
🌙 အိပ်စက်မှုပုံစံ ပြောင်းလဲခြင်း

✨ သင့်ခန္ဓာကိုယ်ကပေးနေတဲ့ အချက်အလက်ကို လျစ်လျူမရှုပါနဲ့ 💙

📩 Testosterone Treatment နှင့် ပတ်သက်ပြီး သိရှိလိုပါက
MPM Clinic သို့ ဆက်သွယ်ပြီး ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်ပြီး သင့်တော်သောအမျိုးသား‌‌‌‌‌‌‌ ‌‌‌ဟော်မုန်း treatment ကိုရယူလိုက်ပါ🏥

☎️ Clinic ဖုန်းနံပါတ် - 09-883768885
📍 MYANMAR PREMIUM J MEDICAL CLINIC
Junction City Office Tower (5th floor), Yangon.

🧑‍🦱 ဆံသားပါး ဆံပင်အကျွတ်များတာကို ဒီအတိုင်းပဲ လက်လျှော့ထားမလား? 💇‍♂️💇‍♀️မနက်တိုင်း ခေါင်းဖြီးတိုင်း ဆံပင်တွေ အများကြီးကျ...
27/08/2026

🧑‍🦱 ဆံသားပါး ဆံပင်အကျွတ်များတာကို ဒီအတိုင်းပဲ လက်လျှော့ထားမလား? 💇‍♂️💇‍♀️

မနက်တိုင်း ခေါင်းဖြီးတိုင်း ဆံပင်တွေ အများကြီးကျွတ်နေတယ်မလား? 😟
ဆံပင်ပါးလာပြီး Hairline တွေကျဲလာတာကို သတိထားမိနေပြီလား? 👀

AGA (Androgenetic Alopecia) ဟာ အမျိုးသား၊ အမျိုးသမီး နှစ်မျိုးစလုံးမှာ ဖြစ်နိုင်ပြီး မျိုးရိုးဗီဇနှင့် ဟော်မုန်းပြောင်းလဲခြင်းကြောင့် ဆံပင်ကျွတ်ခြင်းအမျိုးအစားတစ်ခု ဖြစ်ပါတယ်။ 🧬

💡 AGA Treatment ဟာ ဆံပင်အကျွတ်သက်သာစေပြီး ကျန်းမာသန်စွမ်းသော ဆံသားများကို ထိထိရောက်ရောက်ပွားများစေနိုင်ခြင်း၊ ရှိပြီးသားဆံပင်တွေကိုလည်း ကျန်းမာသန်စွမ်း‌အောင် ထိန်းသိမ်းပေးခြင်းနဲ့ ဆံသားကျန်းမာရေးကို ပိုမိုကောင်းမွန်လာစေဖို့ ရည်ရွယ်ထားတဲ့ treatment လေး တစ်ခု ဖြစ်ပါတယ်။

✨ AGA Treatment ရဲ့ အကျိုးကျေးဇူးများ

✅ ဆံပင်ကျွတ်မှုကို လျော့နည်းစေရန် ကူညီပေးနိုင်ခြင်း
✅ ဆံပင်အမြစ်များကို ထိန်းသိမ်းအားကောင်းစေရန် ကူညီပေးနိုင်ခြင်း
✅ ဆံပင်ပါးခြင်းနှင့် ထိပ်ပြောင်လာခြင်းကို ထိန်းချုပ်ရန် ကူညီပေးနိုင်ခြင်း
✅ ပိုမိုကျန်းမာပြီး သန်စွမ်းတဲ့ ဆံပင်ရရှိစေရန် ကူညီပေးနိုင်ခြင်း 🌱

💡 ဆံပင်ကျွတ်တာ ပါးတာကို “ပုံမှန်ပါပဲ” လို့ မထားလိုက်ပါနဲ့။
စောစောသိပြီး ကိုယ်နဲ့ သင့်တော်တဲ့ Treatment ကို စောစောစတင်လိုက်တာက ပိုကောင်းပါတယ်။ 🩺✨

📩 ဆံပင်ကျွတ်တာများလာနေပြီဆိုရင် အခုကတည်းက ကျွန်မတို့ MPM ဆေးခန်းမှ ဆရာဝန်နှင့်တိုင်ပင်ပြီး သင့်တော်သော AGA Treatment ကို အမြန်ဆုံး ခံယူနိုင်ပါတယ်နော်

☎️ Clinic ဖုန်းနံပါတ် - 09-883768885

📍 MYANMAR PREMIUM J MEDICAL CLINIC

Junction City Office Tower (5th floor), Yangon.

✨ Cinderella Beauty Drip ✨Glow Better • Feel Refreshed • Care for Yourself 💎🌸 အသားအရေကြည်လင်တောက်ပပြီး Fresh & Glow Look...
21/08/2026

✨ Cinderella Beauty Drip ✨

Glow Better • Feel Refreshed • Care for Yourself 💎

🌸 အသားအရေကြည်လင်တောက်ပပြီး Fresh & Glow Look ရချင်သူများအတွက် Cinderella Beauty Drip 💧

နေ့စဉ်အလုပ်များ၊ အိပ်ရေးမဝခြင်း၊ ပင်ပန်းနွမ်းနယ်မှုတွေကြားမှာ ကိုယ့်ကိုယ်ကို ဂရုစိုက်ဖို့ မမေ့ပါနဲ့။ 💗

💧 Cinderella Beauty Drip သည် Vitamin နှင့် အာဟာရဓာတ်များကို ဆေးသွင်းပေးခြင်းဖြင့် ဖြည့်တင်း ပေးသည့် wellness treatment တစ်မျိုးဖြစ်ပြီး—

✨ Skin ကို Healthy & Glow Skin ရရှိစေရန် အထောက်အကူပြုနိုင်ခြင်း
💎 အရေပြားအတွက်လိုအပ်သော Vitamin နှင့်အာဟာရဓါတ်များကို ပံ့ပိုးပေးသည့်အတွက် အရေပြား အလှအပအတွက်သာမက ကိုယ်ခံအားစနစ် ကောင်းမွန်စေရန် ကူညီပေးခြင်း
🌿 အရေးအကြောင်းနှင့် ဝက်ခြံကြောင့်ဖြစ်သော အမာရွတ်၊ အမဲစက်များ လျော့ပါးသက်သာနိုင်ခြင်း
💖 ကိုယ့်ကိုယ်ကို ပြန်လည်ဂရုစိုက်နိုင်မည့် Self-care experience တစ်ခု ရရှိစေခြင်း
တို့အတွက် ရွေးချယ်နိုင်ပါတယ်။

👩‍⚕️ နုပျိုလှပသော အလှအပတရားကို ပိုင်ဆိုင်ဖို့အတွက် ကျွန်မတို့ MPM ဆေးခန်းမှဆရာဝန်နှင့်တိုင်ပင်ပြီး Beauty Drip ကုထုံးလေးကို အခုပဲခံယူလိုက်ပါ

✨ Your Glow. Your Confidence. Your Self-Care. ✨

📩 Beauty Drip Treatment ကို ရယူဖို့ MPM Clinic မှာ Booking ကြိုယူလိုက်ပါနော်

☎️ Clinic ဖုန်းနံပါတ် - 09-883768885

📍 MYANMAR PREMIUM J MEDICAL CLINIC
Junction City Office tower (5th floor), Yangon.

ကျန်းမာရေးအတွက် ကြိုတင်ကာကွယ်ခြင်းက အကောင်းဆုံးကုသမှုပါ 🩺💚အသည်းရောင်အသားဝါ 🦠 | သားအိမ်ခေါင်းကင်ဆာ 🎗️ | ရာသီတုပ်ကွေး 🤧 | ...
18/08/2026

ကျန်းမာရေးအတွက် ကြိုတင်ကာကွယ်ခြင်းက အကောင်းဆုံးကုသမှုပါ 🩺💚
အသည်းရောင်အသားဝါ 🦠 | သားအိမ်ခေါင်းကင်ဆာ 🎗️ | ရာသီတုပ်ကွေး 🤧 | သွေးလွန်တုပ်ကွေး 🦟
ရောဂါတချို့ကို ကုသခြင်းထက် မဖြစ်ခင် ကြိုတင်ကာကွယ်ခြင်း က ပိုမိုအရေးကြီးပါတယ်။
ကာကွယ်ဆေးများကို သင့်လျော်သည့်အချိန်တွင် ထိုးနှံခြင်းက မိမိကိုယ်တိုင်သာမက မိသားစုနှင့် ပတ်ဝန်းကျင်ရှိသူများကိုပါ ကာကွယ်ပေးနိုင်ပါတယ်။ 💉🛡️

🦠 အသည်းရောင်အသားဝါ (Hepatitis B)
Hepatitis B virus ကြောင့် ဖြစ်ပွားပြီး အသည်းရောင်ခြင်း၊ အသည်းခြောက်ခြင်းနှင့် အသည်းကင်ဆာအထိ ဖြစ်စေနိုင်ပါတယ်။
💉 Hepatitis B ကာကွယ်ဆေး ဖြင့် ကြိုတင်ကာကွယ်နိုင်ပါတယ်။

🎗️ သားအိမ်ခေါင်းကင်ဆာ (Cervical Cancer)
အများစုမှာ HPV (Human Papillomavirus) ကူးစက်မှုနှင့် ဆက်စပ်ပြီး ဖြစ်ပွားနိုင်ပါတယ်။
💉 HPV ကာကွယ်ဆေး ထိုးနှံခြင်းနှင့် ပုံမှန်စစ်ဆေးခြင်းတို့က သားအိမ်ခေါင်းကင်ဆာ ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။

🤧 ရာသီတုပ်ကွေး (Influenza)
ရာသီအလိုက် ဖြစ်ပွားတတ်သော အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါတစ်မျိုးဖြစ်ပြီး ကလေးငယ်များ၊ အသက်ကြီးသူများနှင့် အခြားရောဂါအခံရှိသူများတွင် ပိုမိုပြင်းထန်နိုင်ပါတယ်။
💉 နှစ်စဉ် Influenza ကာကွယ်ဆေး ထိုးနှံခြင်းက ကာကွယ်ရာမှာ အထောက်အကူပြုပါတယ်။

🦟 သွေးလွန်တုပ်ကွေး (Dengue)
ခြင်မှတစ်ဆင့် ကူးစက်နိုင်ပြီး ဖျားခြင်း၊ ခေါင်းကိုက်ခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်းတို့ ဖြစ်နိုင်ပါတယ်။ အချို့အခြေအနေများတွင် ပြင်းထန်သော သွေးလွန်တုပ်ကွေးအဖြစ် ဖြစ်ပေါ်နိုင်ပါတယ်။
🦟 ခြင်ကိုက်မခံရအောင် ကာကွယ်ခြင်း နှင့် ဆရာဝန်၏ အကြံပြုချက်အတိုင်း သင့်လျော်သော ကာကွယ်မှုများ ပြုလုပ်ခြင်းက အရေးကြီးပါတယ်။
💉 ကာကွယ်ဆေးမထိုးမီ သိထားသင့်သည်များ
✔️ အသက်အရွယ်နှင့် ကျန်းမာရေးအခြေအနေအလိုက် သင့်တော်သော ကာကွယ်ဆေးကို ရွေးချယ်ပါ
✔️ ယခင်က ထိုးထားသော ကာကွယ်ဆေးမှတ်တမ်းများကို ပြန်လည်စစ်ဆေးပါ
✔️ ကိုယ်ဝန်ရှိခြင်း၊ အခြားရောဂါများရှိခြင်း သို့မဟုတ် ဆေးမတည့်မှုမှတ်တမ်းရှိပါက ဆရာဝန်အား အသိပေးပါ
✔️ မိမိအတွက် သင့်တော်သော ကာကွယ်ဆေးနှင့် ထိုးနှံရမည့်အကြိမ်ရေကို ဆရာဝန်နှင့် တိုင်ပင်ပါ

💚 Prevention is better than cure.
ကျန်းမာရေးအတွက် ဒီနေ့ကစပြီး ကြိုတင်ကာကွယ်လိုက်ပါ။ 💉🩺
📩 ကာကွယ်ဆေးများနှင့် ပတ်သက်၍ အသေးစိတ်သိရှိလိုပါက Facebook comment & messenger မှတစ်ဆင့်တိုက်ရိုက်ဆက်သွယ်မေးမြန်းနိုင်သလို

☎️ Clinic ဖုန်းနံပါတ် - 09-883768885 သို့လည်း ဆက်သွယ်နိုင်ပါသည်။

📍 MYANMAR PREMIUM J MEDICAL CLINIC

Junction City Office tower (5th floor), Yangon.

#အသည်းရောင်အသားဝါဘီပိုး #ဘီပိုးကာကွယ်ဆေး #ကျန်းမာရေး #ကာကွယ်ဆေး

🚨 ဝမ်းပျက်ဝမ်းလျှော ရောဂါ ဖြစ်လာရင် ဘာလုပ်မလဲ? 🚨 (ကျန်းမာရေးအတွက် သိထားသင့်တဲ့ အရေးကြီး အချက်များ 💡)ရာသီဥတု အပြောင်းအလဲမ...
14/08/2026

🚨 ဝမ်းပျက်ဝမ်းလျှော ရောဂါ ဖြစ်လာရင် ဘာလုပ်မလဲ? 🚨 (ကျန်းမာရေးအတွက် သိထားသင့်တဲ့ အရေးကြီး အချက်များ 💡)
ရာသီဥတု အပြောင်းအလဲမှာ သတိမထားမိဘဲ အစားအသောက်မှားရာကနေ ဝမ်းပျက်ဝမ်းလျှော ဖြစ်ရတာ ခဏခဏပါပဲနော်။ 🤢🤢

ဝမ်းလျှောတဲ့အခါ ခန္ဓာကိုယ်ထဲက ရေဓာတ်နဲ့ ဆားဓာတ်တွေ ကုန်ခမ်းသွားတတ်လို့ မပေါ့ဆသင့်ပါဘူး။ မိသားစုနဲ့ မိမိကိုယ်ကို ကာကွယ်ဖို့အတွက် အောက်ပါ အချက်လေးတွေကို သတိထားကြည့်ရအောင်👇✨
💧 အိမ်မှာတင် ပြုလုပ်နိုင်တဲ့ ရှေးဦးပြုစုကုသနည်းများ
1️⃣ ဓာတ်ဆားရည် ပုံမှန်သောက်ပါ 🥤 ဝမ်းသွားရုံနဲ့ ခန္ဓာကိုယ်ထဲက အရေးကြီးတဲ့ ရေဓာတ်နဲ့ ဆားဓာတ်တွေ ဆုံးရှုံးသွားလို့ ဓာတ်ဆားရည် (ORS) ကို မကြာမကြာ သောက်ပေးပါ။
2️⃣ ရေနဲ့ အရည်များများသောက်ပါ 🥛 ကျိုချက်ထားတဲ့ ရေကျက်အေး၊ ပူ‌ေနွးသောအရည်၊ ဆန်ပြုတ်ရည်၊ စွပ်ပြုတ်ရည် စတဲ့ အဆီမပါတဲ့ အရည်တွေကို ခပ်စိပ်စိပ် သောက်သုံးပေးပါ။
3️⃣ အစာပျော့ပျော့ စားပေးပါ 🍌🍞 အစာအိမ်ကို ဝန်မပိစေဖို့ ဆန်ပြုတ်၊ ငှက်ပျောသီး၊ ပေါင်မုန့်စတဲ့ ကြေလွယ်တဲ့ အစားအစာတွေကို နည်းနည်းနဲ့ မကြာမကြာ စားပေးပါ။
4️⃣ ရှောင်ရမယ့် အစားအစာများ 🚫 အဆီများတဲ့ အစားအစာ၊ အစပ်လွန်ကဲသောအစားအစာ၊ နို့ထွက်ပစ္စည်းနဲ့ အချိုလွန်ကဲတဲ့ အဖျော်ယမကာတွေကိုတော့ ခေတ္တ ရှောင်ပေးပါ။
⚠️ အရေးကြီးသတိပေးချက်: ဆရာဝန် ညွှန်ကြားချက်မပါဘဲ ဝမ်းပိတ်ဆေးနဲ့ ပဋိဇီဝဆေး (Antibiotics) များကို မိမိသဘောဖြင့် ဝယ်ယူသောက်သုံးခြင်း လုံးဝ မပြုလုပ်ပါနှင့်။ ❌
🩺 ဘယ်လိုအချိန်မှာ ဆေးခန်းသို့ ချက်ချင်း လာရောက်သင့်သလဲ?
အောက်ပါ လက္ခဏာတွေ တွေ့ရင်တော့ ဆရာဝန်နှင့်ချက်ချင်း ပြသဖို့ လိုအပ်ပါတယ်🏥👇
❌ တစ်ရက်ကို ဝမ်း (၅) ကြိမ်နှင့်အထက် ခပ်စိပ်စိပ် သွားခြင်း ❌ ဝမ်းထဲတွင် သွေး သို့မဟုတ် ဆန်ဆေးရေကဲ့သို့ ဝမ်းအရည် များ သွားခြင်း ❌ ပြင်းထန်စွာ ဗိုက်အောင့်ခြင်း သို့မဟုတ် မကြာမကြာ အော့အန်ခြင်း ❌ ကိုယ်အပူချိန်တက်ပြီး အဖျားကြီးခြင်း ❌ နှုတ်ခမ်းခြောက်၊ ခြေလက်အေး၊ ဆီးနည်း/မထွက် စသည့် ပြင်းထန် သောရေဓာတ်ခမ်းခြောက်ခြင်း ❌ ကလေးငယ်များ သို့မဟုတ် သက်ကြီးရွယ်အိုများတွင် ဝမ်းလျှောခြင်း
#ကျန်းမာရေး

💡 GLP-1 ဆိုတာ ဘာလဲ? ကိုယ်အလေးချိန်ထိန်းချုပ်ရာမှာ ဘယ်လိုအရေးပါသလဲ?GLP-1 ဆေးသည် ယနေ့ခေတ် လူအများကြားကိုယ်အလေးချိန်ချရာတွင...
12/08/2026

💡 GLP-1 ဆိုတာ ဘာလဲ? ကိုယ်အလေးချိန်ထိန်းချုပ်ရာမှာ ဘယ်လိုအရေးပါသလဲ?
GLP-1 ဆေးသည် ယနေ့ခေတ် လူအများကြားကိုယ်အလေးချိန်ချရာတွင် ရေပန်းစားလာသောဆေးတစ်ခုဖြစ်လာပါတယ်
💉✨
GLP-1 treatment ဆိုတာ “ဝိတ်ကျဆေး” တစ်မျိုးတည်းမဟုတ်ပဲ အခြားသောကျန်းမာရေးအတွက် ကောင်းမွန်သော ဆေးလည်းဖြစ်ပါတယ်
GLP-1 ဆေးသည် အလှအပဆိုင်ရာ ဝိတ်ချခြင်းအတွက်သုံးသည်သာမက Medical Wellness ကျန်းမာရေးအတွက်ပါ အကျိုးရှိသောဆေးဝါးတစ်ခုဖြစ်ပါတယ်
မိမိလိုချင်သော အချိန်ကာလအတွင်း ကျန်းမာလှပသော ခန္ဓာကိုယ်လေးပိုင်ဆိုင်ရဖို့အတွက်အခုပဲ ကျွန်မတို့ MPM Clinic ကိုဆက်သွယ်ပြီး တိုင်ပင်ဆွေးနွေးလိုက်ပါ
🔎 GLP-1 က ဘာလုပ်ပေးနိုင်လဲ?
GLP-1 ဟော်မုန်းရဲ့ လုပ်ဆောင်ချက်တွေက—
🍽️ အစာစားချင်စိတ်ကို ထိန်းညှိပေးနိုင်ခြင်း
🧠 အစားအစာစားပြီးနောက် ဗိုက်ပြည့်ဝနေတဲ့ခံစားချက်ကို ကူညီပေးခြင်း
⚖️ ကိုယ်အလေးချိန်ကို စနစ်တကျ ထိထိရောက်ရောက်လျော့ကျခြင်း
🩺 သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်ခြင်း
🫀နှလုံးသွေးကြော ဆိုင်ရာကျန်းမာရေး ကိုအထောက်အကူပြုပေးခြင်း စသည့်အကျိုး ကျေးဇူးများ ရှိပါတယ်
မိမိနှင့် သင့်တော်သော GLP-1ဆေးအမျိုးအစား (သောက်ဆေး/ထိုးဆေး) အကြောင်းအရာနှင့်ပတ်သက်၍ မသုံးစွဲမှီ ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးရန်တော့ လိုအပ်ပါတယ်
GLP-1 ဆေးနှင့်ပတ်သက်ပြီး တိုင်ပင်ဆွေးနွေးလိုပါက အောက်ပါ
📩 Messenger မှတစ်ဆင့် ဆက်သွယ်ပြီး အသေးစိတ် မေးမြန်းနိုင်သလို
☎️ Clinic ဖုန်းနံပတ် 09-883768885 သို့လည်းမေးမြန်းနိုင်ပါသည်။

👉 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐏𝐫𝐞𝐦𝐢𝐮𝐦 𝐉 𝐌𝐞𝐝𝐢𝐜𝐚𝐥 𝐂𝐥𝐢𝐧𝐢𝐜
🏠 𝟓𝐭𝐡 𝐅𝐥𝐨𝐨𝐫, 𝐉𝐮𝐧𝐜𝐭𝐢𝐨𝐧 𝐂𝐢𝐭𝐲 𝐎𝐟𝐟𝐢𝐜𝐞 𝐓𝐨𝐰𝐞𝐫
📨 𝐦𝐩𝐣𝐦𝐜𝐥𝐢𝐧𝐢𝐜@𝐠𝐦𝐚𝐢𝐥.𝐜𝐨𝐦

#အဆီလောင်ကျွမ်း #ကျန်းမာရေး

🚨 အသည်းရောင် အသားဝါ (ဘီပိုး) သည် ကြိုတင်ကာကွယ်လို့ရသော ရောဂါတစ်ခုဆိုတာ သင်သိပါသလား...❓အသည်းရောင် အသားဝါ ဘီပိုးသည် အချိန်...
28/07/2026

🚨 အသည်းရောင် အသားဝါ (ဘီပိုး) သည် ကြိုတင်ကာကွယ်လို့ရသော ရောဂါတစ်ခုဆိုတာ သင်သိပါသလား...❓

အသည်းရောင် အသားဝါ ဘီပိုးသည် အချိန်ကြာလာတာနဲ့အမျှ အသည်းခြောက်ခြင်း နဲ့ အသည်းကင်ဆာ အထိ ဖြစ်ပွားစေနိုင်သည့် တိတ်တဆိတ် အန္တရာယ်ပေးနိုင်သော ရောဂါပိုးတစ်မျိုး ဖြစ်ပါသည် ⚠️

❓ ဘီပိုးဟာ ဘယ်လိုအကြောင်းရင်းတွေကြောင့် ကူးစက်မှုဖြစ်ပွားတာလဲ?

ဘီပိုးဟာ ရောဂါပိုးရှိသူ၏ သွေးနှင့် ခန္ဓာကိုယ်မှထွက်‌ သောအရည်များဖြစ်သော (ချွေး၊ သလိပ်၊ တံတွေး) စသည်တို့ မှတစ်ဆင့် ကူးစက်တတ်ပြီး

အဓိကအားဖြင့် -

🩸 သွေးမှတစ်ဆင့် ကူးစက်ခြင်း - ရောဂါပိုးရှိသူ၏ သွေးကို စစ်ဆေးခြင်းမရှိဘဲ သွင်းမိခြင်း၊ ပိုးမသတ်ထားသော ဆေးထိုးအပ်/ဆေးမင်ကြောင်ထိုးအပ်များ သုံးစွဲခြင်း

🧑‍🍼မိခင်မှ ကလေးသို့ ကူးစက်ခြင်း - ဘီပိုးရှိသော မိခင်မှ မွေးဖွားစဉ် ကလေးသို့ ကူးစက်နိုင်ခြင်း

👩‍❤️‍👨 ရောဂါပိုးရှိသူနှင့် အကာကွယ်မသုံးပဲလိင်ဆက်ဆံခြင်း

✂️ ရောဂါပိုးရှိသူ၏တစ်ကိုယ်ရေသုံး ပစ္စည်းများ (ဥပမာ သွားပွတ်တံ၊ မုတ်ဆိတ်ရိတ်ဓား၊လက်သည်းညှပ်) အစရှိသည် တို့ကို မျှဝေသုံးစွဲခြင်း
စသော ကူးစက်မှုလမ်းကြောင်း ကနေတဆင့် အသည်းရောင် အသားဝါ ဘီပိုး ကူးစက်နိုင်ပါသည်။

👉 ဒါပေမဲ့ ယခုအခါ ဘီပိုးရောဂါကူးစက်မှုကို စိုးရိမ်စရာမလိုတော့ပဲ စနစ်တကျ အပြည့်အဝ ကာကွယ်ဆေးထိုးထားခြင်း ဖြင့် ဘီပိုးကူးစက်မှုကို စိတ်ချလက်ချ ကာကွယ်နိုင်ပါသည် 💉✨

💡 ဘီပိုး ကာကွယ်ဆေးကို မည်သူတွေ ထိုးသင့်ပါသလဲ?

✅ ဘီပိုး ကာကွယ်ဆေးထိုးနှံထားခြင်း မရှိသေးသူများ 💉

✅ မိသားစုထဲတွင် ဘီပိုးရှိသူများ 👨‍👩‍👧‍👦

သို့မဟုတ် ရောဂါကူးစက်ခံရနိုင်‌ချေများ‌သောသူများ (ဥပမာ-ကျန်းမာရေးဝန်ထမ်းများ)

✅ ဘီပိုး ဖြစ်ပွားမှုများသောနေရာများသို့ ခရီးမကြာခဏ ထွက်ရသူများ ✈️

📢 "ကာကွယ်ခြင်းသည် ကုသခြင်းထက် ပိုမိုကောင်းမွန်သည်" ဆိုသည့်အတိုင်း မိမိနှင့် မိသားစုဝင်များ၏ အနာဂတ် ကျန်းမာရေးအတွက် ဘီပိုးကာကွယ်ဆေးကို စနစ်တကျ ထိုးနှံထားဖို့ လိုအပ်ပါသည် ❤️

🏥 MYANMAR PREMIUM J MEDICAL CLINIC တွင် အရည်အသွေးကောင်းမွန်ပြီး FDA အသိအမှတ်ပြု အသည်းရောင် အသားဝါ ဘီပိုး ကာကွယ်ဆေးများကို
ကျွမ်းကျင်သောဆရာဝန်/ဆရာမများက ဂရုတစိုက် ထိုးနှံပေးနေပါပြီ ရှင့်✨

🩺 ကာကွယ်ဆေး မထိုးမီ သွေးတွင်း ဘီပိုး ရှိ/မရှိစစ်ဆေးဖို့‌တော့ လိုအပ်ပါတယ်နော် ။

📩 အသေးစိတ် မေးမြန်းစုံစမ်းလိုပါက -

💬 Facebook comment & messenger မှတစ်ဆင့် တိုက်ရိုက် ဆက်သွယ်မေးမြန်းနိုင်သလို

☎️ Clinic ဖုန်းနံပါတ် - 09-883768885 သို့လည်း ဆက်သွယ်နိုင်ပါသည်။

📍 MYANMAR PREMIUM J MEDICAL CLINIC

Junction City Office tower (5th floor), Yangon.

#အသည်းရောင်အသားဝါဘီပိုး #ဘီပိုးကာကွယ်ဆေး #ကျန်းမာရေး #ကာကွယ်ဆေး

ဆေးခန်းပိတ်ရက်အား အသိပေးကြေညာခြင်း 📢၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၂၉) ရက် (ဗုဒ္ဓဟူးနေ့) သည် ဝါဆိုလပြည့် (ဓမ္မစကြာနေ့) ဖြစ်ပါသဖြ...
27/07/2026

ဆေးခန်းပိတ်ရက်အား အသိပေးကြေညာခြင်း 📢

၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၂၉) ရက် (ဗုဒ္ဓဟူးနေ့) သည် ဝါဆိုလပြည့် (ဓမ္မစကြာနေ့) ဖြစ်ပါသဖြင့် MYANMAR PREMIUM J MEDICAL CLINIC ကို ခေတ္တပိတ်ထားမည်ဖြစ်ပါကြောင်း မိဘပြည်သူ/Customer များအား လေးစားစွာ အသိပေးအကြောင်းကြားအပ်ပါသည်။

၃၀.၇.၂၀၂၆ ရက်နေ့တွင် ဆေးခန်းအား ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်ပေးသွားပါမည်။




🩺  Medical Check-up လိုနေပြီလား?အလုပ်လျှောက်ဖို့ပဲဖြစ်ဖြစ် 💼ကျောင်းတက်ဖို့ပဲဖြစ်ဖြစ် 🎓ဗီဇာ၊ အဖွဲ့အစည်းတင်ပြဖို့ပဲဖြစ်ဖြစ...
24/07/2026

🩺 Medical Check-up လိုနေပြီလား?
အလုပ်လျှောက်ဖို့ပဲဖြစ်ဖြစ် 💼
ကျောင်းတက်ဖို့ပဲဖြစ်ဖြစ် 🎓
ဗီဇာ၊ အဖွဲ့အစည်းတင်ပြဖို့ပဲဖြစ်ဖြစ် ✈️
ဒါမှမဟုတ် မိသားစုနဲ့ ကျန်းမာရေးစစ်ချင်တာပဲဖြစ်ဖြစ် 👨‍👩‍👧‍👦

အကုန်လုံးအတွက် အဆင်ပြေတဲ့ Package တစ်ခု!

💚 Medical Check-up Package
✨ Only 52,000 Ks

✔️ Doctor Consultation
✔️ Hepatitis B Test
✔️ Hepatitis C Test
✔️ HIV Test
✔️ Chest X-Ray
✔️ Medical Report (Japanese 🇯🇵 or English 🇬🇧)

💯 တစ်နေရာတည်းမှာ မြန်မြန်ဆန်ဆန် စစ်ဆေးနိုင်ပြီး Report ကို English သို့မဟုတ် Japanese ဖြင့် ထုတ်ပေးပါသည်။

🔥 စျေးနှုန်းသက်သာ • အချိန်ကုန်သက်သာ • ယုံကြည်စိတ်ချရ

📞 Book Now – 09 883768885

👉 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐏𝐫𝐞𝐦𝐢𝐮𝐦 𝐉 𝐌𝐞𝐝𝐢𝐜𝐚𝐥 𝐂𝐥𝐢𝐧𝐢𝐜
🏠 𝟓𝐭𝐡 𝐅𝐥𝐨𝐨𝐫, 𝐉𝐮𝐧𝐜𝐭𝐢𝐨𝐧 𝐂𝐢𝐭𝐲 𝐎𝐟𝐟𝐢𝐜𝐞 𝐓𝐨𝐰𝐞𝐫
📨 𝐦𝐩𝐣𝐦𝐜𝐥𝐢𝐧𝐢𝐜@𝐠𝐦𝐚𝐢𝐥.𝐜𝐨𝐦

#ကျန်းမာရေး

Address

No. 3/A, Corner Of Bogyoke Aung San Road & 27th Street, Level 5, Junction City Tower Pabaedan Township
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Alerts

Be the first to know and let us send you an email when Myanmar Premium J Medical Clinic - Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category