ကောင်းသုခ - Kaung Thukha Clinic and Lab

ကောင်းသုခ - Kaung Thukha Clinic and Lab "ကောင်းသုခ" အထွေထွေရောဂါကုဆေးခန်းနှင့် ဓာတ်ခွဲခန်း
ဖုန်း - 09973914030 ဆေးခန်းဖွင့်ချိန် -
မနက် (၈း၃၀) နာရီမှ နေ့လည် (၁၁း၀၀) ထိ
ဖုန်း - 09973914030

မင်္ဂလာရှိသော ကျန်းမာပျော်ရွှင်အောင်မြင်သော နှစ်သစ်ဖြစ်ကြပါစေကြောင်း ကောင်းသုခဆေးခန်းမိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါတယ...
01/01/2026

မင်္ဂလာရှိသော ကျန်းမာပျော်ရွှင်အောင်မြင်သော နှစ်သစ်ဖြစ်ကြပါစေကြောင်း ကောင်းသုခဆေးခန်းမိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်။ ❤️

အိပ်တဲ့အချိန်အရမ်းဟောက်တတ်နေလား။တစ်ညလုံးအိပ်ခဲ့ပေမယ့် မနက်ကျရင်အိပ်ရေးမဝမောပန်းနွမ်းနယ်သလိုခံစားနေရပါသလား။မင်္ဂလာပါ။ ဒီန...
13/11/2025

အိပ်တဲ့အချိန်အရမ်းဟောက်တတ်နေလား။
တစ်ညလုံးအိပ်ခဲ့ပေမယ့် မနက်ကျရင်အိပ်ရေးမဝမောပန်းနွမ်းနယ်သလိုခံစားနေရပါသလား။

မင်္ဂလာပါ။ ဒီနေ့မှာတော့ sleep apnoea လို့ခေါ်တဲ့ အိပ်နေစဉ်အသက်ရှူရပ်တန့်ခြင်းအကြောင်းကို ပြောပြသွားမှာဖြစ်ပါတယ်။

🟨 အိပ်နေစဉ်အသက်ရှူရပ်တန့်ခြင်း sleep apnea ဆိုတာဘာလဲ?
အိပ်နေစဉ် အသက်ရှူရပ်တန့်ခြင်း (Sleep Apnea) ဆိုတာ အိပ်နေတဲ့အချိန်မှာ ခဏခဏ အသက်ရှူရပ်သွားတဲ့ ရောဂါအခြေအနေပါ။

🟡 ဘာကြောင့်ဖြစ်ရတာလဲ?
Sleep Apnea ဟာ အများအားဖြင့် အသက်ရှူလမ်းကြောင်း ခဏခဏပိတ်ဆို့တာ ကြောင့် ဖြစ်ရတာပါ။ ဖြစ်နိုင်ခြေ အကြောင်းရင်းတွေကတော့...
• အဝလွန်ခြင်း သို့မဟုတ် လည်ပင်းတိုခြင်း။
• အာသီးကြီးခြင်း (Tonsil) ကြောင့် လေရှူလမ်းကြောင်းကို ပိတ်ဆို့ခြင်း။
• တစ်ခါတလေမှာ ပက်လက်လှန်အိပ်ခြင်း ကြောင့် လျှာနဲ့ လည်ချောင်းနောက်ဘက်က ကြွက်သားတွေက လေလမ်းကြောင်းကို ပိတ်မိစေခြင်း တို့အပြင်
• အသက် ၃၀ ကျော် အမျိုးသားတွေမှာ ပိုအဖြစ်များ ပေမယ့် အမျိုးသမီးတွေမှာလည်း ဖြစ်နိုင်ပါတယ်။

🟨 တွေ့ရလေ့ရှိသော လက္ခဏာများ

• ညတိုင်း အသံကျယ်ကျယ် ဟောက်ခြင်း
• အိပ်ပျော်နေစဉ် အသက်ရှုရခက်ခြင်း၊ အသက်ရှိုက်ရှိုက်ရှူနေရခြင်း၊ လည်ချောင်းနင်သလို ဖြစ်ခြင်း
• မနက်ပိုင်းမှာ ခေါင်းကိုက်ခြင်း၊ မူးဝေခြင်း၊ ပင်ပန်းနွမ်းနယ်နေခြင်း
• နေ့ခင်းဘက် မကြာခဏ အိပ်ငိုက်ခြင်း၊ စိတ်တိုလွယ်ခြင်း၊ အာရုံစူးစိုက်မှု အားနည်းခြင်း
• ပါးစပ်ခြောက်ပြီး လည်ချောင်းနာကာ နိုးထလာခြင်း

🟡 ဘာကြောင့် အရေးကြီးတာလဲ?
သေသေချာချာကုသမှုမခံယူလျှင် Sleep Apnea ဟာ ခန္ဓာကိုယ်ကို အောက်ဆီဂျင် ချို့တဲ့စေရုံသာမကဘဲ ရေရှည်မှာ ပြဿနာရှိပါတယ်။
• နှလုံးရောဂါ၊ သွေးတိုး၊ လေဖြတ်ခြင်း တို့ ဖြစ်ပွားနိုင်ခြေကို မြင့်တက်စေပါတယ်။
• ဆီးချိုရောဂါ ကိုလည်း ပိုဆိုးစေနိုင်ပါတယ်။
• နေ့ခင်းဘက် အလွန်အမင်း အိပ်ငိုက်နေတာကြောင့် ယာဉ်မတော်တဆမှုများ အပါအဝင် မတော်တဆမှုတွေ ဖြစ်နိုင်ခြေ ပိုများပါတယ်။

🟩 ကုသမှု နည်းလမ်းများ

• ကိုယ်အလေးချိန် လျှော့ချခြင်း နဲ့ ပုံမှန် လေ့ကျင့်ခန်း လုပ်ခြင်း
• အရက် နှင့် အိပ်ဆေးများ ရှောင်ကြဉ်ခြင်း
• ဘေးတစောင်း လှဲအိပ်ခြင်း
• CPAP စက် (အသက်ရှူလမ်းကြောင်းကို ညဘက်မှာ ပွင့်နေစေတဲ့ စက်) ကို အသုံးပြုခြင်း
• အချို့သူတွေမှာ ခွဲစိတ်ကုသခြင်း သို့မဟုတ် သွားဘက်ဆိုင်ရာ အထောက်အကူပြု ကိရိယာများအသုံးပြုခြင်း

🟥 ဆရာဝန်နဲ့ ဘယ်အချိန် ပြသသင့်လဲ?
• ဘေးမှာအတူတူအိပ်တဲ့မိသားစုဝင်က သင် အိပ်ပျော်နေစဉ် အသက်ရှူရပ်သွားတာ ဒါမှမဟုတ် အသက်ရှူရခက်နေတာမျိုးကို သတိထားမိတယ်လို့ ပြောပြလာရင်။
• ဘယ်လောက်ပဲ အနားယူအိပ်စက်ပါစေ အမြဲတမ်း မောပန်းနွမ်းနယ်နေတယ်၊ အာရုံစူးစိုက်ရ ခက်နေတယ်လို့ ခံစားရရင်
• နေ့ခင်းဘက်တွေအလွန်အမင်းအိပ်ငိုက်နေလျှင်

🟢 Sleep apnea နဲ့ပတ်သတ်ပြီးသိချင်တာရှိရင် comment ၊ chat box တွေမှာ လာမေးလို့ရပါတယ်။

ဒေါက်တာမြတ်နိုးဗမာ
“ကောင်းသုခ အထွေထွေရောဂါကုဆေးခန်းနှင့် ဓါတ်ခွဲခန်း”
အမှတ် (၁၁)၊ ကျောင်းတော်ရာလမ်း၊
(မဏ္ဍိုင်လမ်း၏ဒုတိယမြောက်လမ်းသွယ်)၊ ဝါဆို၊ ဒေါပုံ။ (ဝါဆိုကားမှတ်တိုင်အနီး)
ဖုန်း - 09973914030/ 09776417803/ 09668162347

🪔 Happy Deepavali..!May the lights of Diwali bring you health, happiness and peace...- Kaung ThuKha Clinic
19/10/2025

🪔 Happy Deepavali..!

May the lights of Diwali bring you health, happiness and peace...

- Kaung ThuKha Clinic

🤧 နှာခေါင်းပိတ်တာ ဘယ်လိုမှ မပျောက်နိုင်တော့တဲ့အခါ... 🤧  #နာတာရှည်ထိပ်ကပ်နာအကြောင်း😪 နှာခေါင်းက အမြဲတမ်း ပိတ်နေသလို ခံစား...
05/10/2025

🤧 နှာခေါင်းပိတ်တာ ဘယ်လိုမှ မပျောက်နိုင်တော့တဲ့အခါ... 🤧
#နာတာရှည်ထိပ်ကပ်နာအကြောင်း

😪 နှာခေါင်းက အမြဲတမ်း ပိတ်နေသလို ခံစားနေရလား..?
😰 မျက်နှာတစ်ဝိုက်က လေးလံထိုင်းမှိုင်းပြီး နေလား? ညဘက် ချောင်းဆိုးတာ ပိုဆိုးလာသလား..?

မင်္ဂလာပါ...
ဒီနေ့မှာတော့ ထိပ်ကပ်နာလို့ ခေါ်ကြတဲ့ နှာခေါင်းနဲ့မျက်နှာကလေအိတ်ငယ်လေးတွေရောင်ရမ်းခြင်းအကြောင်းကို ပြောပြသွားမှာဖြစ်ပါတယ်...

❓ နာတာရှည် ထိပ်ကပ်နာဆိုတာ ဘာလဲ... ❓
ထိပ်ကပ်နာ (Sinusitis) ဆိုတာ နှာခေါင်းတစ်ဝိုက်မှာရှိတဲ့ လေအိတ်ငယ်လေးတွေ ရောင်ရမ်းတာပါ... ရုပ်ချည်းဖြစ်တာနဲ့ ကြာရှည်ဖြစ်တာဆိုပြီးတော့ နှစ်မျိုးရှိပြီး ၃ လနဲ့အထက် ဖြစ်နေရင်တော့ နာတာရှည် ထိပ်ကပ်နာ ဖြစ်သွားပါပြီ...
ဒီလို ရေရှည်ရောင်ရမ်းမှုကြောင့်...
👾 လေရှူလမ်းကြောင်းတွေ ပိတ်ဆို့တာ
👾 အချွဲအကျိတွေ စုပုံပြီး အပြင်မထွက်နိုင်တာ
👾 မျက်နှာတစ်ဝိုက်မှာ ဖိအားနဲ့ နာကျင်မှု ခံစားရတာ
👾 မောပန်းနွမ်းနယ်တာတွေ ဖြစ်လာစေပါတယ်...

❓ ရောဂါလက္ခဏာတွေက ဘာတွေလဲ... ❓
😨 အနံ့မရတော့တာ
😨 အဝါရောင်/အစိမ်းရောင် ချွဲအကျိတွေ ရက်ရှည်ထွက်နေတာ
😨 ပါး၊ နဖူး ဒါမှမဟုတ် မျက်လုံးတစ်ဝိုက်မှာ ဖိအား ဒါမှမဟုတ် နာကျင်ကိုက်ခဲတာ
😨 လည်ချောင်းနောက်ကို ချွဲတွေ စီးကျပြီး ချောင်းခဏခဏဟန့်နေရတာ
😨 နှာခေါင်းပိတ်လို့ ညဘက် ကောင်းကောင်း အိပ်မပျော်ဘဲ မောပန်းနွမ်းနယ်နေတာ

✅ ဆောင်ရန် တွေက ✅
✅ဆားရည်နဲ့ နှာခေါင်းဆေးခြင်း (Saline Nasal Rinses) ကို နေ့စဉ် ပုံမှန်ပြုလုပ်ပါ...
✅ ဆရာဝန် ညွှန်ကြားချက်နဲ့အညီ စတီးရွိုက် နှာခေါင်းဖြန်းဆေး များကို စနစ်တကျ သုံးစွဲပါ...
✅ ဓာတ်မတည့်မှုတွေကို သတိထားပြီး ဆေးလိပ်၊ ခြင်ဆေး၊ မီးခိုးငွေ့၊ အညှော်နံ့တွေနဲ့ လေထုညစ်ညမ်းမှု ရှိတဲ့ နေရာတွေကို ရှောင်ပါ...
✅ ရေများများသောက်ပြီး လုံလောက်စွာ အနားယူ ပါ။

❌ ရှောင်ရန်တွေက ❌
❌ နှာခေါင်းပိတ်တာ သက်သာစေတဲ့ Decongestant ဖြန်းဆေးတွေကို အလွန်အကျွံ မသုံးပါနဲ့...
❌ ရိုးရိုး နှာစေးနေတာလို့ပဲထင်ပြီး ဆေးမကုဘဲ အကြာကြီးမနေပါနဲ့...

❓ ဘယ်လိုကုသလို့ရလဲ... ❓
✅ ရောင်ရမ်းမှု လျှော့ချဖို့ စတီးရွိုက် နှာခေါင်းဖြန်းဆေးတွေ၊ ပိုးဝင်တာ တွေ့ရင် ပဋိဇီဝဆေးတွေ (Antibiotics) ပေးတာမျိုး တွေအပြင်
နှာခေါင်းတွင်းမှန်ပြောင်းကြည့်ပြီး လေပူဖောင်းနဲ့ ကျဉ်းနေတဲ့ ထိပ်ကပ်နာလမ်းကြောင်းကို ချဲ့ပေးတဲ့ Balloon Sinuplasty လိုမျိုး တွေလုပ်လို့ရပါတယ်...
🌟 နောက်ထပ်အရေးကြီးတာက နေထိုင်မှုပုံစံကိုလဲ ပြုပြင်ရပါမယ်... ကိုယ်နဲ့မတည့်တာတွေကို သေချာ သတိထားရှောင်တာ၊ လေထုအစိုဓါတ်ကိုသေချာထိန်းသိမ်းတာတွေကလည်း အရေးကြီးပါတယ်...

🚑 ဆရာဝန်နဲ့ ဘယ်အချိန် ပြသသင့်လဲ..? 🚑
နာတာရှည် ထိပ်ကပ်နာကို စောစောကုသလေ၊ ပိုသက်သာလေပါပဲ...
✅ နှာခေါင်းပိတ်၊ အချွဲထွက်တာ ၃ လကျော်ကြာနေရင်...
✅ မျက်နှာ နာကျင်ကိုက်ခဲတာ အရမ်း ပြင်းထန်လာရင်...
✅ ဖျားနာတာ၊ မျက်လုံးတစ်ဝိုက် ရောင်ရမ်းတာ ဒါမှမဟုတ် အမြင်အာရုံ ပြောင်းလဲမှုတွေ တွဲပြီး ဖြစ်လာရင်...
✅ ညဘက် ချောင်းဆိုးတာကြောင့် အိပ်ရေးအရမ်းပျက်ရလျှင်...

💡 တကယ်တော့ နာတာရှည် ထိပ်ကပ်နာဟာ "ရိုးရိုးအအေးမိခြင်း" မဟုတ်ပါဘူး... စောစီးစွာ ဂရုစိုက်ကုသရင် နောက်ဆက်တွဲပြဿနာတွေ ကာကွယ်နိုင်ပြီး ပိုမိုသက်သောင့်သက်သာ အသက်ရှူနိုင်မှာ ဖြစ်ပါတယ်ရှင်...

ဒေါက်တာမြတ်နိုးဗမာ
“ကောင်းသုခ အထွေထွေရောဂါကုဆေးခန်းနှင့် ဓါတ်ခွဲခန်း”
အမှတ် (၁၁)၊ ကျောင်းတော်ရာလမ်း၊
(မဏ္ဍိုင်လမ်း၏ဒုတိယမြောက်လမ်းသွယ်)၊ ဝါဆို၊ ဒေါပုံ။ (ဝါဆိုကားမှတ်တိုင်အနီး)
☎️ 09973914030
☎️ 09776417803
☎️ 09668162347




#နာတာရှည်ထိပ်ကပ်နာ

Address

No 11, Kyaung Taw Yar Street, Daw Pone
Yangon
11241

Opening Hours

Monday 09:00 - 12:00
16:00 - 19:00
Tuesday 09:00 - 12:00
16:00 - 19:00
Wednesday 09:00 - 12:00
16:00 - 19:00
Thursday 09:00 - 12:00
16:00 - 19:00
Friday 09:00 - 12:00
16:00 - 19:00
Saturday 09:00 - 12:00
16:00 - 19:00
Sunday 09:00 - 12:00
16:00 - 19:00

Telephone

+959973914030

Website

Alerts

Be the first to know and let us send you an email when ကောင်းသုခ - Kaung Thukha Clinic and Lab posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category