မြတ်စေတနာ အထူးကုဆေးခန်း နှင့် ရောဂါရှာဖွေရေးဓာတ်ခွဲခန်း

  • Home
  • Myanmar
  • Yangon
  • မြတ်စေတနာ အထူးကုဆေးခန်း နှင့် ရောဂါရှာဖွေရေးဓာတ်ခွဲခန်း

မြတ်စေတနာ အထူးကုဆေးခန်း နှင့် ရောဂါရှာဖွေရေးဓာတ်ခွဲခန်း " လက်တွဲကျန်းမာ မြတ်စေတနာ "

အအေးမိတာလား၊ နှာစေးတာလား... နား၊ နှာခေါင်း၊ လည်ချောင်း ပြဿနာတွေကို ပေါ့ဆနေပါသလား။ 🤔မကြာခဏ နှာပိတ်တာ၊ အနံ့မရတာ၊ နားအူတာ၊ ...
23/08/2026

အအေးမိတာလား၊ နှာစေးတာလား... နား၊ နှာခေါင်း၊ လည်ချောင်း ပြဿနာတွေကို ပေါ့ဆနေပါသလား။ 🤔

မကြာခဏ နှာပိတ်တာ၊ အနံ့မရတာ၊ နားအူတာ၊ လည်ချောင်းနာပြီး မျိုချရခက်တာမျိုးတွေက ရိုးရိုးအအေးမိတာထက် ပိုတဲ့ နား၊ နှာခေါင်း၊ လည်ချောင်းဆိုင်ရာ ရောဂါလက္ခဏာတွေ ဖြစ်နိုင်ပါတယ်။

အသေးအဖွဲပဲဆိုပြီး ပေါ့ဆနေရင် ရေရှည်မှာ ပိုမိုဆိုးရွားတဲ့ ဝေဒနာတွေ ခံစားရနိုင်လို့ အချိန်မီ တိကျတဲ့ကုသမှု ခံယူဖို့ လိုအပ်ပါတယ်နော်။

🩺✨ဘယ်လိုဝေဒနာမျိုးတွေ ခံစားနေရရင် ပြသသင့်လဲ။
• မကြာခဏ နှာစေး၊ နှာပိတ်ပြီး ထိပ်ခတ်နာ (Sinus) ဖြစ်ခြင်း
• နားကိုက်ခြင်း၊ နားအူခြင်း၊ နားပြည်ယိုခြင်းနှင့် အကြားအာရုံချို့ယွင်းခြင်း
• လည်ချောင်းခဏခဏနာခြင်း၊ အသံဝင်ခြင်း၊ အာသီးရောင်ခြင်း
• နှာခေါင်းသွေးယိုခြင်းနှင့် လည်ပင်းတွင် အလုံးအကျိတ်များ ထွက်ခြင်း

ကျွန်မတို့ မြတ်စေတနာ ၂၄နာရီ အထူးကုဆေးခန်းနှင့်ရောဂါရှာဖွေရေးဓါတ်ခွဲခန်း တွင် မိဘပြည်သူများအတွက် နား၊ နှာခေါင်း၊ လည်ချောင်း အထူးကုဆရာဝန်ကြီး (ENT Specialist) ကိုယ်တိုင် လာရောက်ကာ အနီးကပ် တိုင်ပင်ဆွေးနွေး ကုသပေးနေပြီဖြစ်ကြောင်း သတင်းကောင်းပါပါရစေရှင်။

📞 ကြိုတင်ရက်ချိန်းယူရန်နှင့် အသေးစိတ်စုံစမ်းရန် 📍 ဆေးခန်းလိပ်စာ - အမှတ် (၃၁)၊ ဗိုလ်စိန်မှန်လမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။

📞 ဖုန်းဖြင့် ကြိုတင်ရက်ချိန်းယူရန် - 09-685550551, 09-778870909

#မြတ်စေတနာ
#ကျန်းမာရေး
#ဗဟန်း
#၂၄နာရီအထူးကုဆေးခန်း
#နားနှာခေါင်းလည်ချောင်း


23.8.2026

21/08/2026

အပတ်စဉ်သောကြာနေ့ ကျန်းမာရေးကဏ္ဍ
အစီအစဥ်မှ
"ဝမ်းလျောတဲ့အခါတိုင်း ဝမ်းပိတ်ဆေး သောက်ဖြစ်နေလား"
Dr Zay Thu Aung ဆွေးနွေးပေးထားမှုကို တင်ဆက်ပေးလိုက်ပါတယ်


#မြတ်စေတနာ
#ကျန်းမာရေး
#ဗဟန်း
#၂၄နာရီအထူးကုဆေးခန်း
#ဝမ်းပျက်ဝမ်းလျော

21.8.2026

19/08/2026

ဒီနေ့မှာတော့ အပတ်စဥ် ဗုဒ္ဓဟူးနေ့တိုင်း
တင်ဆက်ပေးမည့် Dr Zay Thu Aung အမေးဖြေ viber group မှာ မေးမြန်းထားသည့် မေးခွန်း များထဲ(၂)ခုကိုမျှဝေပေးလိုက်ပါတယ်

မေးခွန်း(၁)မင်္ဂလာပါ မဖျားဘယ်နဲ့ ကိုယ်လက်တွေနာကျင်နေတာ ဘာဆေး သောက်ရမလဲး ခင်ဗျာ..
အဖြေ(၁) အိမ်တွင်းဆေးဖြစ်တဲ့
Paracetamol+ Orphenadrine တစ်နေ့3ကြိမ်
2ရက်လောက် သောက်ကြည့်လို့ရပါတယ်
လှုပ်ရှားမှုများတာကြောင့် ကြွက်သားနာကျင်တာလည်း ဖြစ်နိုင်သလို အဖျားမတက်ခင်မှာလည်း ကိုယ်လက်နာကျင်ကိုက်ခဲခြင်းကို အရင် ခံစားရတတ်တာမျိုးလည်း ရှိပါတယ်
ဆေးသောက်ကြည့်ပြီး မသက်သာရင်တော့ ဆရာဝန်နဲ့ သေချာ တိုင်ပင်ဆွေးနွေးဖို့ လိုအပ်ပါတယ်

မေးခွန်း(၂) မုန့်ချိုအိတ် ရောင်တယ်ဆိုတာ ဘာကြောင့်လဲ ရှင့် ဘယ်လိုနေထိုင်စားသောက်ရမလဲ ရှင့်
အဖြေ(၂)မုန့်ချိုအိတ်ရောင်စေနိုင်တတ်တဲ့အဖြစ်များဆုံးအကြောင်းအရင်းများကတော့ သည်းခြေကျောက်တည်ခြင်း နဲ့ အရက်အလွန်အကျွံသောက်သုံးခြင်း ကြောင့် ဖြစ်ပါတယ်
အခြားသော အကြောင်းအရင်းများကတော့
-အချို့သော ဗိုင်းရပ်စ်ပိုးများ
-သွေးတွင်းအဆီဓာတ် (Triglyceride) များခြင်း
-သွေးတွင်း calciumဓာတ်များခြင်း အစရှိသည်တို့ကြောင့်လည်း ဖြစ်ပွားတတ် ပါတယ်
လိုက်နာရန် နေထိုင်စားသောက်မှုပုံစံကတော့ အကြမ်းဖျင်းအားဖြင့်
-အရက်နဲ့ ဆေးလိပ် သောက်တတ်ရန် ဖြတ်သင့်ပါတယ်
-အဆီနည်းသော အစားအစာများကို စားပါ
-ရေများများ သောက်ပါ
အတိအကျအနေနဲ့ကတော့ မုန့်ချိုဓာတ်ရောင်စေတဲ့ အကြောင်းအရင်း ပေါ်မူတည်ပြီး သက်ဆိုင်ရာဆရာဝန်ရဲ့ ညွှန်ကြားချက်အတိုင်း လိုက်နာရ ပါမယ်

#အမေးအဖြေ
#မြတ်စေတနာ
#ကျန်းမာရေး
#ဗဟန်း
#၂၄နာရီအထူးကုဆေးခန်း

19.8.2026

နေ့စဉ်ဘဝကို နာကျင်မှုက အနှောင့်အယှက်မဖြစ်စေဖို့—အရိုးအကြောနာကျင်မှုတွေကို လျစ်လျူမရှုလိုက်ပါနဲ့ခါးနာ၊ လည်ပင်းနာ၊ အဆစ်အမြ...
16/08/2026

နေ့စဉ်ဘဝကို နာကျင်မှုက အနှောင့်အယှက်မဖြစ်စေဖို့—
အရိုးအကြောနာကျင်မှုတွေကို လျစ်လျူမရှုလိုက်ပါနဲ့

ခါးနာ၊ လည်ပင်းနာ၊ အဆစ်အမြစ်နာ၊ ဒူးနာ၊ ပခုံးနာ၊ လက်ခြေထုံကျဉ်ခြင်း၊ လှုပ်ရှားရခက်ခဲခြင်းတို့ကို ခံစားနေရပါသလား။ နာကျင်မှုကို ခဏတာပဲဖြစ်မယ်ဆိုပြီး သည်းခံမနေဘဲ အချိန်မီ စစ်ဆေးကုသမှုခံယူဖို့ အရေးကြီးပါတယ်။

**နာကျင်မှုကို မစောင့်ပါနဲ့။ အချိန်မီ စစ်ဆေးပါ။ ကျန်းမာစွာ လှုပ်ရှားနိုင်ဖို့ မြတ်စေတနာကို ယုံကြည်စွာ လာရောက်ပါ။**

**မြတ်စေတနာ ၂၄ နာရီ အထူးကုဆေးခန်းနှင့် ရောဂါရှာဖွေရေးဓာတ်ခွဲခန်းတွင် အရိုးအကြောအထူးကုဆရာဝန်နှင့် လာရောက်ပြသနိုင်ပါပြီ။**

အရိုး၊ အဆစ်၊ ကြွက်သားနှင့် အကြောဆိုင်ရာ ပြဿနာများကို ကျွမ်းကျင်သော ဆရာဝန်နှင့် တိုင်ပင်စစ်ဆေးနိုင်ပြီး လိုအပ်ပါက ရောဂါရှာဖွေရေးဓာတ်ခွဲခန်း စစ်ဆေးမှုများကိုလည်း တစ်နေရာတည်းတွင် ဆောင်ရွက်နိုင်ပါသည်။

ဆရာဝန်ကြီးများနှင့် ပြသရန် ရက်ချိန်းရယူလိုပါက သို့မဟုတ် အသေးစိတ်သိရှိလိုပါက အောက်ပါအတိုင်း ဆက်သွယ်နိုင်ပါသည်။

📍 ဆေးခန်းလိပ်စာ - အမှတ် (၃၁)၊ ဗိုလ်စိန်မှန်လမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။

📞 ဖုန်းဖြင့် ကြိုတင်ရက်ချိန်းယူရန် - 09-685550551, 09-778870909

#မြတ်စေတနာ
#ကျန်းမာရေး
#ဗဟန်း
#၂၄နာရီအထူးကုဆေးခန်း
#အရိုးအကြောအထူးကု

16.8.2026

14/08/2026

အပတ်စဉ်သောကြာနေ့ ကျန်းမာရေးကဏ္ဍ
အစီအစဥ်မှ
"ဝမ်းပျက် ဝမ်းလျော "အကြောင်း
Dr Zay Thu Aung ဆွေးနွေးပေးထားမှုကို
တင်ဆက်ပေးလိုက်ပါတယ်


#မြတ်စေတနာ
#ကျန်းမာရေး
#ဗဟန်း
#၂၄နာရီအထူးကုဆေးခန်း
#ဝမ်းပျက်ဝမ်းလျော

12/08/2026

ဒီနေ့မှာတော့ အပတ်စဥ် ဗုဒ္ဓဟူးနေ့တိုင်း
တင်ဆက်ပေးမည့် Dr Zay Thu Aung အမေးဖြေ viber group မှာ မေးမြန်းထားသည့် မေးခွန်း များထဲ(၂)ခုကိုမျှဝေပေးလိုက်ပါတယ်

မေးခွန်း(၁) မင်္ဂလာပါဆရာနှင့်ဆရာမများရှင့်..။
လွန်ခဲ့တဲ့နှစ်ပါတ်မြောက်လောက်က ဖျားပြီးချောင်းဆိုးခဲ့ပါတယ်။သုံးရက်မြောက်လောက်မှာအဖျားပျောက်ပြီးချောင်းဆိုးကျန်ခဲ့တာ ချောင်းဆိုးရင်းအသံပါပျောက်သွားခဲ့ပါတယ်ရှင့်။ခုပြန်ထွက်လာတဲ့အသံက ကွဲအက်အက်နဲ့တော်တော်နားထောင်ရဆိုးပြီး လည်ချောင်းမှာလည်းချွဲကပ်သလိုဖြစ်နေပါတယ်ရှင့်။အသံလည်းအကုန်ပြန်ထွက်မလာသေးလို့ ပုံမှန်အသံပြန်ရလာအောင်ဘာဆေးသောက်ရမလဲကျေးဇူးပြုပြီးဖြေပေးပါဦးရှင့်။

အဖြေ(၁) အိမ်တွင်းဆေးဖြစ်တဲ့ Tussic တစ်နေ့ 3ကြိမ် 2ရက်လောက် သောက်ကြည့်လို့ ရပါတယ်
ဆေးသောက်ကြည့်ပြီး မသက်သာရင်တော့ ဆရာဝန်နဲ့ သေချာတိုင်ပင်ဆွေးနွေးဖို့ အကြံပေးလိုပါတယ်

မေးခွန်း(၂) 35 days baby ပါ
လေ လည်ခါနီး ဝမ်းသွားခါနီးညှစ်ပီးငိုလို့ပါ ဝမ်းကလဲ အဖတ်ရော အရည်ပါ အချွဲနဲနဲပါပါတယ် တနေ့ 8ကြိမ်လောက်သွားပါတယ်
သွားခါနီးတိုင်းညှစ်ပီးငိုတာပါ colicaid တိုက်ပါတယ် ဝမ်းကအရည်ပါနေလို့ kidlac တိုက်လို့ရလားရှင်

အဖြေ(၂) 35ရက်ကလေးလေးဖြစ်တဲ့အတွက် ဆရာဝန်နဲ့ သေချာ တိုင်ပင်ဆွေးနွေးပြီးမှ ဆေးတိုက်သင့်ကြောင်း အကြံပေးလိုပါတယ်

#အမေးအဖြေ
#မြတ်စေတနာ
#ကျန်းမာရေး
#ဗဟန်း
#၂၄နာရီအထူးကုဆေးခန်း

12.8.2026

ကျန်းမာရေးပြဿနာတစ်ခုခုကြောင့် ခွဲစိတ်ဖို့ လို၊ မလို ဝေခွဲမရ ဖြစ်နေပါသလား။ခွဲစိတ်ကုသမှုဆိုတာ လူတိုင်းအတွက် စိုးရိမ်ပူပန်မ...
09/08/2026

ကျန်းမာရေးပြဿနာတစ်ခုခုကြောင့် ခွဲစိတ်ဖို့ လို၊ မလို ဝေခွဲမရ ဖြစ်နေပါသလား။

ခွဲစိတ်ကုသမှုဆိုတာ လူတိုင်းအတွက် စိုးရိမ်ပူပန်မှု ဖြစ်စေတဲ့ အရာတစ်ခုပါ။ ဒါကြောင့် စိတ်ချရတဲ့ ဆုံးဖြတ်ချက်တစ်ခုရဖို့ “ခွဲစိတ်အထူးကုဆရာဝန်ကြီးများ” နှင့် သေချာတိုင်ပင်ဆွေးနွေးဖို့ လိုအပ်ပါတယ်။

မြတ်စေတနာ ၂၄နာရီအထူးကုဆေးခန်းနှင့်ရောဂါရှာဖွေရေးဓါတ်ခွဲခန်း တွင် ခွဲစိတ်အထူးကုဆရာဝန်ကြီးများကိုယ်တိုင် နေ့စဉ် စိတ်ရှည်လက်ရှည် တိုင်ပင်ဆွေးနွေးကုသပေးနေပါပြီ။

🩺 ဘယ်လိုလူနာတွေ ပြသတိုင်ပင်သင့်လဲ။

• ခွဲစိတ်ရန် လိုအပ်သော ရောဂါဝေဒနာရှင်များ
• ခွဲစိတ်ဖို့ လို/မလို အဖြေရှာချင်သူများ
• ခွဲစိတ်ပြီးနောက်ပိုင်း ပြန်လည်ပြသလိုသူများ

• ကျွမ်းကျင်မှု: ဝါရင့်ခွဲစိတ်အထူးကုဆရာဝန်ကြီးများ နေ့စဉ်ထိုင်ခြင်း
• တိကျမှု: ခေတ်မှီရောဂါရှာဖွေရေးဓာတ်ခွဲခန်း (Lab & X-Ray) တစ်ပါတည်းရှိခြင်း

• စိတ်ချရမှု: ၂၄ နာရီပတ်လုံး နွေးထွေးပျူငှာစွာ စောင့်ရှောက်ပေးခြင်း

💡 မှတ်ချက်: ရောဂါဝေဒနာတိုင်းဟာ ခွဲစိတ်ဖို့ မလိုပါဘူး။ မှန်ကန်တဲ့ အကြံဉာဏ်ကသာ သင့်ကို စိုးရိမ်စိတ်ကင်းဝေးစေမှာပါ။

ဆရာဝန်ကြီးများနှင့် ပြသရန် ရက်ချိန်းရယူလိုပါက သို့မဟုတ် အသေးစိတ်သိရှိလိုပါက အောက်ပါအတိုင်း ဆက်သွယ်နိုင်ပါသည်။

📍 ဆေးခန်းလိပ်စာ - အမှတ် (၃၁)၊ ဗိုလ်စိန်မှန်လမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။

📞 ဖုန်းဖြင့် ကြိုတင်ရက်ချိန်းယူရန် - 09-685550551, 09-778870909

#မြတ်စေတနာ
#ကျန်းမာရေး
#ဗဟန်း
#၂၄နာရီအထူးကုဆေးခန်း
#ခွဲစိတ်အထူးကု

9.8.2026

07/08/2026

အပတ်စဉ်သောကြာနေ့ ကျန်းမာရေးကဏ္ဍ
အစီအစဥ်မှ
"ကလေးနှင့်အဖျားကျထိုးဆေး "အကြောင်း
Dr Zay Thu Aung ဆွေးနွေးပေးထားမှုကို တင်ဆက်ပေးလိုက်ပါတယ်


#မြတ်စေတနာ
#ကျန်းမာရေး
#ဗဟန်း
#၂၄နာရီအထူးကုဆေးခန်း
#အဖျားကျထိုးဆေး

7.8.2026

05/08/2026

ဒီနေ့မှာတော့ အပတ်စဥ် ဗုဒ္ဓဟူးနေ့တိုင်း
တင်ဆက်ပေးမည့် Dr Zay Thu Aung အမေးဖြေ viber group မှာ မေးမြန်းထားသည့် မေးခွန်း များထဲ(၂)ခုကိုမျှဝေပေးလိုက်ပါတယ်

မေးခွန်း(၁)နှာခေါင်းနှာရည် နောက်ပြန်ကြသလိုဖြစ်ပြီး လည်ပင်းမှာကပ်ပြီးတစ်စို့ဖြစ်တာ ဘာဖြစ်တာလဲဆရာ နှာလဲစေးတာမဟုတ်ဘူး။

အဖြေ(၁) နှာရည်က နှာခေါင်းထဲကနေ လည်ချောင်းထဲမှာ ကပ်နေတာ ဖြစ်တတ်ပါတယ်
အိမ်တွင်းဆေးဖြစ်တဲ့ Burmeton ညအိပ်ခါနီး တစ်ကြိမ်
2ရက်လောက် သောက်ကြည့်လို့ရပါတယ်
ဆေးသောက်ကြည့်ပြီး မသက်သာရင်တော့ ဆရာဝန်နဲ့ သေချာ တိုင်ပင်ဆွေးနွေးဖို့ လိုအပ်ပါတယ်

မေးခွန်း(၂) ဆရာရှင့် သွေးပေါင်ချိန်160/97ဖြစ်နေတာအရမ်းစိုးရိမ်ရပါသလား။

အဖြေ(၂) သွေးပေါင်ချိန် 160/97ဟာ သွေးပေါင်ထိန်းဆေး သောက်ဖို့ လိုအပ်နိုင်ပါတယ်
သွေးပေါင်ထိန်းဆေးများကတော့ အိမ်တွင်းဆေးမဟုတ်ပဲ သေချာစမ်းသပ်ပြီးမှ လိုအပ်သော ဆေးကို သောက်ရမှာ ဖြစ်ပြီး အခြားသော စကားပြောတာလေးနေခြင်း ရှိမရှိ, ခြေလက်များလေးနေခြင်းရှိမရှိ အစရှိတဲ့ လက္ခဏာများကိုလည်း စမ်းသပ်ဖို့ လိုအပ်တဲ့အတွက် ဆရာဝန်နဲ့ သေချာ တိုင်ပင်ဆွေးနွေးဖို့ အကြံပေးလိုပါတယ်။

#အမေးအဖြေ
#မြတ်စေတနာ
#ကျန်းမာရေး
#ဗဟန်း
#၂၄နာရီအထူးကုဆေးခန်း

5.8.2026

🏥 မြတ်စေတနာ ၂၄နာရီ အထူးကုဆေးခန်းနှင့် ရောဂါရှာဖွေရေးဓာတ်ခွဲခန်းတွင် ကလေးအထူးကုဆရာဝန်ကြီးနှင့် ပြသနိုင်ပြီဖြစ်ကြောင်း သတင...
02/08/2026

🏥 မြတ်စေတနာ ၂၄နာရီ အထူးကုဆေးခန်းနှင့် ရောဂါရှာဖွေရေးဓာတ်ခွဲခန်းတွင် ကလေးအထူးကုဆရာဝန်ကြီးနှင့် ပြသနိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။

မိဘတို့ရဲ့ အသည်းကျော် ရင်သွေးငယ်လေးတွေ ကျန်းမာရွှင်လန်းပြီး ဉာဏ်ရည်ထက်မြက်စေဖို့ အခုပဲ လာရောက်ပြသတိုင်ပင်လိုက်ပါ။

🩺 ရရှိနိုင်မည့် ဝန်ဆောင်မှုများ
• ဖွံ့ဖြိုးမှုစစ်ဆေးခြင်း — ကလေးငယ်များ အရွယ်အစားအလိုက် ပုံမှန်ဖွံ့ဖြိုးမှု ရှိ/မရှိ စစ်ဆေးခြင်း

• ကာကွယ်ဆေးဆွေးနွေးခြင်း — အသက်အရွယ်အလိုက် ထိုးနှံရမည့် ကာကွယ်ဆေးများ လမ်းညွှန်ပေးခြင်း

• ရောဂါရှာဖွေကုသခြင်း — ကလေးအထွေထွေရောဂါများကို တိကျသေချာစွာ စမ်းသပ်ကုသပေးခြင်း

• ဓာတ်ခွဲခန်းဝန်ဆောင်မှု — လိုအပ်သော သွေး၊ ဆီး နှင့် ရောဂါရှာဖွေရေးစစ်ဆေးမှုများကို တစ်ပါတည်း ဆောင်ရွက်နိုင်ခြင်း

📍 ဆက်သွယ်ရန် လိပ်စာနှင့်ဖုန်းနံပါတ်
• ဆေးခန်းအမည် - မြတ်စေတနာ ၂၄ နာရီ အထူးကုဆေးခန်းနှင့် ရောဂါရှာဖွေရေးဓာတ်ခွဲခန်း

📍 ဆေးခန်းလိပ်စာ - အမှတ် (၃၁)၊ ဗိုလ်စိန်မှန်လမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။

📞 ဖုန်းဖြင့် ကြိုတင်ရက်ချိန်းယူရန် - 09-685550551, 09-778870909

ဖေဖေ မေမေတို့ရဲ့ အသည်းကျော်လေးများ ကျန်းမာရေးအတွက် မြတ်စေတနာက အမြဲအနားမှာ ရှိနေပါမည်။ ရောဂါဝေဒနာကင်းဝေးပြီး ပျော်ရွှင်စရာနေ့ရက်များကို ပိုင်ဆိုင်နိုင်ပါစေ။

#မြတ်စေတနာ
#ကျန်းမာရေး
#ဗဟန်း
#၂၄နာရီအထူးကုဆေးခန်း
#ကလေးအထူးကူ

2.8.2026

Address

Yangon
11201

Opening Hours

Monday 08:00 - 19:00
Tuesday 08:00 - 19:00
Wednesday 08:00 - 19:00
Thursday 08:00 - 19:00
Friday 08:00 - 19:00
Saturday 08:00 - 19:00
Sunday 08:00 - 19:00

Telephone

+959778870909

Website

Alerts

Be the first to know and let us send you an email when မြတ်စေတနာ အထူးကုဆေးခန်း နှင့် ရောဂါရှာဖွေရေးဓာတ်ခွဲခန်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to မြတ်စေတနာ အထူးကုဆေးခန်း နှင့် ရောဂါရှာဖွေရေးဓာတ်ခွဲခန်း:

Shortcuts

Share