Nephrocare LC

Nephrocare LC Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Nephrocare LC, Pharmaceutical Company, No. 23/5(C), Thiri Mingalar Yeik Thar Street, (7) Ward, Yankin Township, Yangon.

ဆီးမီးရောင် ထိန်ထိန်လင်းတဲ့ သီတင်းကျွတ်အခါသမယမှာ… 🪔✨မိသားစုဝင်များ၊ မိတ်ဟောင်းမိတ်သစ်များနှင့် ကျောက်ကပ်ဆေးနေရသူများအားလ...
26/10/2026

ဆီးမီးရောင် ထိန်ထိန်လင်းတဲ့ သီတင်းကျွတ်အခါသမယမှာ… 🪔✨

မိသားစုဝင်များ၊ မိတ်ဟောင်းမိတ်သစ်များနှင့် ကျောက်ကပ်ဆေးနေရသူများအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းတို့ဖြင့် ပြည့်စုံပြီး အေးချမ်းသာယာသော နေ့ရက်များကို ပိုင်ဆိုင်နိုင်ကြပါစေကြောင်း Nephrocare LC မိသားစုမှ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။ ❤️

ကျောက်ကပ်ဆေး (Dialysis) အပြီးမှာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေ ပါဝင်ဆုံးရှုံးသွားတာကြောင့်လူနာတစ်ဦးနဲ့တစ်ဦး ခံစ...
22/10/2026

ကျောက်ကပ်ဆေး (Dialysis) အပြီးမှာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေ ပါဝင်ဆုံးရှုံးသွားတာကြောင့်လူနာတစ်ဦးနဲ့တစ်ဦး ခံစားရတဲ့ ဝေဒနာ မတူညီနိုင်ပါဘူး။

Nephrocare LC ရဲ့ မိတ်ဆွေတို့ရေ… သင် သို့မဟုတ် မိသားစုဝင်တွေ ကျောက်ကပ်ဆေးပြီးချိန်မှာ ဘယ်လိုဝေဒနာကိုအဆိုးဆုံး ခံစားရလေ့ရှိပါသလဲ?
🅰️ (A) ခြေသလုံး/ပေါင် ကြွက်တက်တာ
🅱️ (B) လွန်စွာ မောပန်းနုံးခွေတာ
🅲 (C) ခေါင်းမူး၊ မူးဝေတာ
🅳 (D) အိပ်မပျော်တာ

💬 ကိုယ်တိုင်ကြုံတွေ့ဖူးတဲ့ အတွေ့အကြုံလေးတွေကို Comment မှာ (A, B, C သို့မဟုတ် D) ရေးပေးခဲ့ပါဦးနော်။
(ကြုံတွေ့ရတဲ့ ဝေဒနာတွေ ပုံမှန်ထက် ပိုဆိုးရွားပါက သက်ဆိုင်ရာ ဆရာဝန် သို့မဟုတ် ကျန်းမာရေးအဖွဲ့နှင့် စနစ်တကျတိုင်ပင်ပေးပါနော်။) ❤️
#ကျောက်ကပ်ကျန်းမာရေး #ကျောက်ကပ်

Nephrocare LC ဆိုတာဘာလဲ?👉🏻ကျောက်ကပ်ဆေး (Dialysis) တဲ့အခါ မလိုလားအပ်တဲ့ အညစ်အကြေးတွေနဲ့အတူ ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ...
21/10/2026

Nephrocare LC ဆိုတာဘာလဲ?
👉🏻ကျောက်ကပ်ဆေး (Dialysis) တဲ့အခါ မလိုလားအပ်တဲ့ အညစ်အကြေးတွေနဲ့အတူ ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့အာဟာရဓာတ်တွေပါ ဆုံးရှုံးသွားရလေ့ရှိပါတယ်။

👉🏻Nephrocare LC ဆိုတာ ကျောက်ကပ်ဆေးသူတွေမှာ လျော့နည်းသွားတဲ့ အာဟာရဓာတ်များကို စနစ်တကျ ပြန်လည်ဖြည့်တင်းပေးဖို့ သီးသန့်ဖော်စပ်ထားတဲ့ Renal-Specific Nutritional Supplement ဖြစ်ပါတယ်။

အဓိက အကျိုးကျေးဇူးတွေအနေနဲ့
L-Carnitine: Dialysis ကြောင့် ဆုံးရှုံးသွားသော L-Carnitine ကို ပြန်လည်ဖြည့်ပေးပြီး ဆေးပြီးချိန် ဖြစ်တတ်သည့်ကြွက်တက်ခြင်းနှင့် မောပန်းနုံးခွေခြင်းများကို သက်သာစေခြင်း။
Tocotrienols (Vitamin E): ဆဲလ်များ ပျက်စီးခြင်းမှ ကာကွယ်ပေးပြီး သွေးကြောနှင့် နှလုံးကျန်းမာရေးကို ထောက်ပံ့ပေးခြင်း။

L-Methylfolate & B-Vitamins: သွေးနီဥ ထုတ်လုပ်မှုကို ကူညီပေးပြီး ခန္ဓာကိုယ် အားအင်ပြည့်ဝစေခြင်း စတာတွေပဲဖြစ်ပါတယ်။

❗️ကျောက်ကပ်လူနာတစ်ဦးစီရဲ့ အာဟာရလိုအပ်ချက် မတူညီနိုင်သဖြင့် မိမိကျန်းမာရေးအခြေအနေနှင့် ကိုက်ညီမှုရှိစေဖို့ သမားတော် (သို့) သက်ဆိုင်ရာ ဆရာဝန်နဲ့ အရင်ဆုံးတိုင်ပင်ပြီးမှ သောက်သုံးသင့်ပါတယ်။

📩 အသေးစိတ် စုံစမ်းမေးမြန်း၊ ဝယ်ယူလိုပါက Page Messenger သို့ ဆက်သွယ်နိုင်ပါပြီ။
#ကျောက်ကပ်ကျန်းမာရေး

ကျောက်ကပ်ကျန်းမာရေးအတွက် လိုအပ်တဲ့ L-Carnitine 🌿ကျောက်ကပ်ဆိုတာ အဆိပ်အတောက်တွေကို နေ့စဉ် စစ်ထုတ်ပေးနေတဲ့ အင်္ဂါတစ်ခုပါ။ ဒ...
06/10/2026

ကျောက်ကပ်ကျန်းမာရေးအတွက် လိုအပ်တဲ့ L-Carnitine 🌿

ကျောက်ကပ်ဆိုတာ အဆိပ်အတောက်တွေကို နေ့စဉ် စစ်ထုတ်ပေးနေတဲ့ အင်္ဂါတစ်ခုပါ။ ဒါပေမဲ့ ကျောက်ကပ်ဆိုတာ ပျက်စီးသွားမှ နောင်တရလို့ မရတဲ့ ရောဂါမို့လို့ မပျက်စီးခင် ကြိုတင်စောင့်ရှောက်ဖို့ လိုအပ်ပါတယ်။✨

ကျောက်ကပ် ကျန်းမာရေးအတွက် ရေဝဝသောက်ဖို့ လိုသလိုပဲ ခန္ဓာကိုယ်အတွက် မရှိမဖြစ် လိုအပ်တဲ့ "L-Carnitine" အာဟာရဓာတ်ကိုလည်း ဖြည့်ဆည်းပေးဖို့ လိုပါတယ်။

L-Carnitine ဟာ —
✨ အဆိပ်အတောက်တွေကြောင့် ကျောက်ကပ်ဆဲလ်များ ယိုယွင်း ပျက်စီးတာကို ကာကွယ်ပေးတယ်။

✨ အဆိပ်အတောက် စစ်ထုတ်မှုကို ကူညီပေးပြီး ကျောက်ကပ်ရဲ့ ပုံမှန် လုပ်ဆောင်ချက်တွေကို အထောက်အကူပြုပေးတယ်။

✨ ကျောက်ကပ် အားနည်းသူတွေမှာ ဖြစ်တတ်တဲ့ မောပန်းနွမ်းနယ်တာနဲ့ ကြွက်သား အားနည်းတာတွေကို သက်သာစေတယ်။

ဒါကြောင့်မို့လို့ ကျောက်ကပ် ကျန်းမာရေးအတွက် လိုအပ်တဲ့ အရေးကြီး အာဟာရဓာတ်များကို နေ့စဉ် ဖြည့်ဆည်းပေးပြီး အချိန်မလွန်ခင် ဒီနေ့ပဲ ကြိုတင် ကာကွယ်လိုက်ပါနော်။ ❤️

✨ Nephrocare LC မှာ ကျောက်ကပ်အတွက် မရှိမဖြစ် လိုအပ်သော L-Carnitine ဓာတ်ပါဝင်တာကြောင့် —
• ကျောက်ကပ်ဆဲလ်များကို ကာကွယ်ပေးပြီး
• မောပန်းနွမ်းနယ်မှုကို သက်သာစေကာ
• ကျောက်ကပ် လုပ်ဆောင်ချက်များကို ပိုမို ကောင်းမွန်စေပါတယ်။

ကျောက်ကပ် ကျန်းမာရေးအတွက် Nephrocare LC ဖြင့် နေ့စဉ် မှန်မှန် စောင့်ရှောက်လိုက်ပါ။

📩 အသေးစိတ် သိရှိလိုပါက Page Chat Box တွင် အခမဲ့ ဆက်သွယ် မေးမြန်းနိုင်ပါတယ်ရှင့်။

#ကျောက်ကပ်ကျန်းမာရေး

🚽 ဆီးမြှုပ်ထတာ ဘာကြောင့်လဲ? ဘယ်အချိန် သတိထားရမလဲ?"ဆီးသွားတဲ့အခါ အမြှုပ်တွေ အများကြီးထပြီး ခလုတ်နှိပ် ရေချလိုက်ရင်တောင် အ...
30/09/2026

🚽 ဆီးမြှုပ်ထတာ ဘာကြောင့်လဲ? ဘယ်အချိန် သတိထားရမလဲ?

"ဆီးသွားတဲ့အခါ အမြှုပ်တွေ အများကြီးထပြီး ခလုတ်နှိပ် ရေချလိုက်ရင်တောင် အမြှုပ်မပျောက်တာဟာ ဆီးထဲ ပရိုတင်းဓာတ် (Protein) ပါနေတဲ့ သတိပေး လက္ခဏာပါ။ ကျောက်ကပ်က ပရိုတင်းတွေကို မစစ်ထုတ်နိုင်တော့တဲ့ သင်္ကေတဖြစ်လို့ စနစ်တကျ စစ်ဆေးပြီး အာဟာရ မှန်ကန်စွာ ဖြည့်ဆည်းပေးသင့်ပါတယ်။"✨

ဆီးအမြှုပ်ထရတဲ့ အကြောင်းရင်းများ
🔰ဆီးအောင့်ထားပြီး အရှိန်ပြင်းပြင်းသွားရင် သာမန်အမြှုပ်ထတတ်ပြီး ခဏနေရင် ပြန်ပျောက်သွားတတ်ပါတယ်။

🔰ရေဓာတ်ခမ်းခြောက်တဲ့အခါ ဆီးက ပိုပျစ်လာပြီး အမြှုပ်ထလွယ်တတ်လို့ ရေများများသောက်ပေးဖို့ လိုပါတယ်။

🔰အမြှုပ်တွေက အများကြီးဖြစ်ပြီး မပျောက်ဘဲ ရှိနေရင် ကျောက်ကပ်က အသားဓာတ် (Protein) တွေကို သေချာမစစ်ထုတ်နိုင်ဘဲ ဆီးထဲပါလာတာ ဖြစ်နိုင်ပါတယ်။

⚠️ ဘယ်အချိန်မှာ သတိထားရမလဲ?
❌ရေချလိုက်ရင်တောင် ဆီးမြှုပ်တွေ အလွယ်တကူ မပျောက်ခြင်း
❌မျက်နှာ၊ လက်၊ ခြေထောက် သို့မဟုတ် ဗိုက်များ ဖောရောင်လာခြင်း
❌အမြဲနုံးခွေခြင်း၊ ပျို့အန်ချင်ခြင်းနှင့် အစားအသောက်ပျက်ခြင်း
❌ဆီးချို၊ သွေးတိုးရောဂါအခံ ရှိနေခြင်း

ဒီလို လက္ခဏာတွေရှိနေရင် ဆီးစစ်ခြင်း (Urine Test)ကို စနစ်တကျ လုပ်ဆောင်ပါ။ ဆီးထဲပရိုတင်းပါပါက ဆရာဝန်ညွှန်ကြားချက်အတိုင်း အသားဓာတ်နှင့် ဆား စားသုံးမှုကို မှန်ကန်စွာ စားပေးဖို့လိုပါတယ်🤗

NephrocareLC #ဆီးမြှုပ်ထခြင်း #ကျောက်ကပ်ကျန်းမာရေး

ကျောက်ကပ် ဆဲလ်တွေ ထပ်မပျက်စီးအောင် ဘယ်လို တားဆီးမလဲ? ကျောက်ကပ်ဆဲလ်များ ထပ်မံပျက်စီးခြင်းမှ ကာကွယ်ရန် သွေးတိုးနှင့် ဆီးချ...
29/09/2026

ကျောက်ကပ် ဆဲလ်တွေ ထပ်မပျက်စီးအောင် ဘယ်လို တားဆီးမလဲ?
ကျောက်ကပ်ဆဲလ်များ ထပ်မံပျက်စီးခြင်းမှ ကာကွယ်ရန် သွေးတိုးနှင့် ဆီးချိုရောဂါကို စနစ်တကျ ထိန်းချုပ်ခြင်းဟာ အရေးကြီးဆုံးပါပဲ။ ✨

ကျောက်ကပ်ဆဲလ် (Nephrons) များဟာ တစ်ကြိမ်ပျက်စီးသွားပါက ပြန်လည်ကောင်းမွန်လာဖို့ ခဲယဉ်းတာကြောင့် ကျောက်ကပ်လုပ်ဆောင်ချက်ကို ရေရှည်ထိန်းသိမ်းထားနိုင်ရန် အောက်ပါ ရှောင်ရန်/ဆောင်ရန် အချက်များကို လိုက်နာဖို့လိုအပ်ပါတယ်✨

🛑 ရှောင်ရန်
🔶အကိုက်အခဲပျောက်ဆေးများ: အလွယ်တကူဝယ်ရတဲ့ဆေးတွေ (Ibuprofen, Diclofenac စုစုပေါင်း NSAIDs) လုံးဝမသောက်ပါနဲ့။
🔶အငန်ဓာတ် (ဆိုဒီယမ်): ဆား၊ ငံပြာရည်၊ ဟင်းခတ်မှုန့်နဲ့ အသင့်စားမုန့်တွေကို လျှော့ပါ။
🔶အသားဓာတ်အလွန်အကျွံစားခြင်း: အသား၊ ငါး အစားများရင် ကျောက်ကပ် ဝန်ပိစေပါတယ်။
🔶အတည်မပြုနိုင်သောဆေးများ: တိုင်းရင်းဆေး၊ အမြစ်ဆေးနဲ့ အားဆေးအချို့ကို ရှောင်ပါ။

✅ ဆောင်ရန်
🔶ရောဂါအခံထိန်းပါ: သွေးပေါင်ချိန်ကို 130/80 mmHg အောက်ရှိအောင် ဆေးမှန်မှန်သောက်ပါ။
🔶ရေဓာတ်ဖြည့်ပါ: မိမိကျောက်ကပ်အခြေအနေအလိုက်
🔶ဆရာဝန်ညွှန်ကြားတဲ့ ရေပမာဏကို ပြည့်ဝအောင်သောက်ပါ။
🔶ပန်းသီး၊ ပန်းဂေါ်ဖီ၊ ကြက်သွန်နီတို့ကို ဦးစားပေးစားပါ။
ပုံမှန်ဆေးစစ်ပါ: သွေးထဲက Creatinine (eGFR) နဲ့ ဆီးစစ်ချက်ကို ဆရာဝန်နဲ့ ပုံမှန်ပြသပါ။

Insuvit #ကျောက်ကပ်ကျန်းမာရေး #ဆီးချိုသွေးတိုးနှင့်ကျောက်ကပ် #ကျောက်ကပ်အမိုင်နိုအက်ဆစ်

မွေးမြူရကျိုး နပ်စေမဲ့ အလေ့အကျင့်တစ်ခု 🌱နေ့စဉ်ဘဝမှာ အစားအသောက် ဆင်ခြင်တာ၊ အိပ်ရေးဝဝအိပ်တာအပြင် တကယ်ကို "မွေးမြူရကျိုး နပ...
26/09/2026

မွေးမြူရကျိုး နပ်စေမဲ့ အလေ့အကျင့်တစ်ခု 🌱

နေ့စဉ်ဘဝမှာ အစားအသောက် ဆင်ခြင်တာ၊ အိပ်ရေးဝဝအိပ်တာအပြင် တကယ်ကို "မွေးမြူရကျိုး နပ်စေမဲ့ အလေ့အကျင့်တစ်ခု" ရှိပါတယ်။✨

အဲဒါကတော့ ခန္ဓာကိုယ်အတွက် နေ့စဉ် မညည်းမညူ အလုပ်လုပ်ပေးနေတဲ့ ကျောက်ကပ်လေးတွေကို အနီးကပ် ဂရုစိုက်ပေးတဲ့ အလေ့အကျင့်ပါပဲ။🤗

ကျောက်ကပ်ဆိုတာ ပျက်စီးသွားမှ နောင်တရလို့ မရတဲ့ ရောဂါပါ။ ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို နေ့တိုင်း စစ်ထုတ်ပေးနေတဲ့ ကျောက်ကပ်လေးတွေ ကျန်းမာနေမှသာ ပျော်ရွှင်စွာ လှုပ်ရှားသွားလာနိုင်မှာ ဖြစ်ပါတယ်။

ဒါကြောင့်မို့လို့ ကျောက်ကပ်လေးတွေ ဒီအလေ့အကျင့်လေးတွေကို နေ့စဉ် ပြုလုပ်ပေးပါ —

💧 ရေဝဝသောက်ပေးပါ
နေ့စဉ် ရေလုံလောက်စွာ သောက်သုံးခြင်းက ကျောက်ကပ်အတွက် အရိုးရှင်းဆုံး အထောက်အကူပါ။

🌿 လိုအပ်တဲ့ အာဟာရဓာတ်များ ဖြည့်ဆည်းပါ
ရေဝဝသောက်ခြင်းအပြင် ကျောက်ကပ်အတွက် လိုအပ်တဲ့ အရေးကြီး အာဟာရဓာတ်များကို နေ့စဉ် ဖြည့်ဆည်းပေးဖို့ လိုပါတယ်။

✨ Nephrocare LC ဟာ —
• ကျောက်ကပ်ဆဲလ်များ ပျက်စီးခြင်းမှ ကာကွယ်ပေးတယ်
• အဆိပ်အတောက် စစ်ထုတ်မှုစနစ်ကို ကူညီပေးတယ်
• မောပန်းနွမ်းနယ်မှုကို သက်သာစေပြီး အားအင်ဖြည့်ပေးတယ်
ဒါကြော့င်မို့လို့ ကျောက်ကပ်အတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေကို Nephrocare LC နဲ့ နေ့စဉ် မှန်မှန် ဖြည့်ဆည်းပြီး ကျန်းမာရေးကို စောင့်ရှောက်လိုက်ပါ။

📩 အသေးစိတ် သိရှိလိုပါက Page Chat Box တွင် မေးမြန်းနိုင်ပါတယ်ရှင့်။

#ကျောက်ကပ်ကျန်းမာရေး

ကျောက်ကပ် ကောင်းမကောင်း ဘယ်လိုသိနိုင်လဲ ⁉ကျောက်ကပ် ကောင်းမကောင်း သိနိုင်မယ့် နည်းလမ်းကတော့ ဆေးရုံ၊ ဆေးခန်းမှာ သွေးစစ်၊ ဆ...
22/09/2026

ကျောက်ကပ် ကောင်းမကောင်း ဘယ်လိုသိနိုင်လဲ ⁉

ကျောက်ကပ် ကောင်းမကောင်း သိနိုင်မယ့် နည်းလမ်းကတော့ ဆေးရုံ၊ ဆေးခန်းမှာ သွေးစစ်၊ ဆီးစစ်ကြည့်ခြင်း ဖြစ်ပါတယ်။ ကျောက်ကပ်ရောဂါဟာ အစောပိုင်းအဆင့်တွေမှာ လက္ခဏာ လုံးဝမပြတတ်တာကြောင့် တိကျသေချာစွာ သိရှိနိုင်ဖို့အတွက် ဆေးဘက်ဆိုင်ရာ စစ်ဆေးမှုတွေ လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။

ကျောက်ကပ် ကောင်းမကောင်းကို သိရှိဖို့ အောက်ပါစစ်ဆေးမှုတွေကို လုပ်ဆောင်ရပါမယ်။
1️⃣သွေးစစ်ခြင်း (Creatinine & eGFR): သွေးထဲမှာ ရှိတဲ့ ခရီရတနင်း (Creatinine) အညစ်အကြေးဓာတ်ကို စစ်ဆေးတာ ဖြစ်ပါတယ်။ ကျောက်ကပ်က ကောင်းကောင်း အလုပ်မလုပ်ရင် သွေးထဲမှာ ဒီဓာတ်တွေ မြင့်တက်နေတတ်ပြီး eGFR (ကျောက်ကပ် ဇကာစစ်နှုန်း) ကျဆင်းနေပါလိမ့်မယ်။

2️⃣ဆီးစစ်ခြင်း (Urinalysis): ဆီးထဲမှာ အသားဓာတ် (Albumin/Protein) ပါဝင်နေလား၊ သွေးပါနေလားဆိုတာကို စစ်ဆေးတာ ဖြစ်ပါတယ်။ ကျောက်ကပ် ကောင်းမကောင်း သိဖို့ ဆီးစစ်ခြင်းက အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်ပါတယ်။

3️⃣ဓာတ်မှန်ရိုက်ခြင်း (Ultrasound): ကျောက်ကပ်ရဲ့ ပုံသဏ္ဌာန်၊ အရွယ်အစားနဲ့ ကျောက်တည်ခြင်း ရှိ၊ မရှိတို့ကို အာထရာဆောင်း (Ultrasound) ရိုက်ပြီး အဖြေရှာနိုင်ပါတယ်။

🫘ကျောက်ကပ်မကောင်းရင် ပြတတ်တဲ့ ရှေ့ပြေးလက္ခဏာများ

🤎ဖောရောင်ခြင်း: မျက်ခွံ၊ ခြေထောက်၊ ခြေဖဝါးနဲ့ ခြေမျက်စိတွေ ဖောရောင်လာခြင်း။

🤎ဆီးသွားတဲ့အလေ့အထ ပြောင်းလဲခြင်း: ညဘက် ဆီးခဏခဏ ထသွားရခြင်း၊ ဆီးသွားရခက်ခြင်း သို့မဟုတ် ဆီးပမာဏ နည်းသွားခြင်း။

🤎ဆီးပုံစံပြောင်းခြင်း: ဆီးထဲမှာ သွေးစပါခြင်း သို့မဟုတ် ဆီးက အမြှုပ် တစီစီနဲ့ ထွက်ခြင်း။
🤎အလွန်အမင်း နုံးခွေခြင်း: အညစ်အကြေးတွေ သွေးထဲမှာ စုပုံလာပြီး သွေးအားနည်းလာတာကြောင့် အမြဲတမ်း မောပန်းနုံးခွေနေခြင်း။

🤎အရေပြား ယားယံခြင်း: သွေးထဲမှာ သတ္တုဓာတ်နဲ့ အညစ်အကြေးတွေ မမျှတတော့ဘဲ အရေပြားတွေ ခြောက်သွေ့ကာ အလွန်အမင်း ယားယံခြင်း။

🤎ခံတွင်းပျက်ခြင်း: အစားအသောက် ပျက်ခြင်း၊ ပျို့အန်ချင်ခြင်း သို့မဟုတ် ခံတွင်းထဲမှာ သံချေးနံ့/အညှီနံ့ ရနေခြင်း။

ဘယ်လိုလူတွေ ပိုပြီး စစ်ဆေးသင့်သလဲ ⁉
🔰ဆီးချိုရောဂါ ရှိသူများ
🔰သွေးတိုးရောဂါ ရှိသူများ
🔰မိသားစုမျိုးရိုးထဲတွင် ကျောက်ကပ်ရောဂါရှိဖူးသူများ
🔰အသက် ၆၀ ကျော်သူများ
🔰အကိုက်အခဲပျောက်ဆေးများကို ဆရာဝန်ညွှန်ကြားချက်မပါဘဲ ရေရှည်စွဲသောက်နေသူများ

အထက်ပါ ရှေ့ပြေးလက္ခဏာတွေ ခံစားနေရရင် ဒါမှမဟုတ် ရောဂါအခံ ရှိနေရင် နီးစပ်ရာ ဆေးရုံ၊ ဆေးခန်း သို့မဟုတ် ပြည်သူ့ကျန်းမာရေးဌာနတစ်ခုခုမှာ ကျောက်ကပ် လုပ်ဆောင်ချက် (Kidney Function Test) ကို သွားရောက် စစ်ဆေးကြည့်ရှုဖို့ လိုပါတယ်။

#ကျောက်ကပ်ကျန်းမာရေး #ကျန်းမာရေးဗဟုသုတ #ကျောက်ကပ်လက္ခဏာများ

Nephrocare LC Myanmar မှ သတင်းကောင်း !Nephrocare LC Myanmar page ကနေ ဆေးတစ်ဘူးဝယ်ယူလိုက်တာနဲ့ ရန်ကုန်မြို့တွင်း...
18/09/2026

Nephrocare LC Myanmar မှ သတင်းကောင်း !

Nephrocare LC Myanmar page ကနေ ဆေးတစ်ဘူးဝယ်ယူလိုက်တာနဲ့ ရန်ကုန်မြို့တွင်း အိမ်အရောက် ပို့ဆောင်ခ အခမဲ့ (Delivery Free) ရရှိနိုင်မှာ ဖြစ်ပါတယ်။
အိမ်ကနေ အေးအေးဆေးဆေး မှာယူနိုင်ပြီး ပို့ဆောင်ခများမှာ စိတ်ပူစရာ မလိုတော့တာမို့ 🛒 အခုပဲ Nephrocare Myanmar Page ကို Like လုပ်ပြီး Order တင်လိုက်ပါ ခင်ဗျ။ လူကြီးမင်းတို့ဆီ အိမ်တိုင်ရာရောက်ပို့ဆောင်ပေးဖို့ တာဝန်ယူပါရစေ ...

Nephrocare LC နဲ့အတူ နေ့ရက်တိုင်းကို လှပစွာ ဖြတ်သန်းနိုင်ပါစေ!❤

Address

No. 23/5(C), Thiri Mingalar Yeik Thar Street, (7) Ward, Yankin Township
Yangon
11011

Opening Hours

Monday 09:00 - 17:30
Tuesday 09:00 - 17:30
Wednesday 09:00 - 17:30
Thursday 09:00 - 17:30
Friday 09:00 - 17:30
Saturday 09:00 - 17:30

Website

Alerts

Be the first to know and let us send you an email when Nephrocare LC posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Nearby clinics