KBZ Center Mandalay

KBZ Center Mandalay Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from KBZ Center Mandalay, ၇၃ လမ်းနှင့် ၁၁၀ (မနော်ဟရီ) လမ်းထောင့်၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့, Yangon.

03/07/2026

"ဒုတိယအသုတ်မှာ ပါမယ်ဆိုပြီး ဖုန်းဆက်ပြောကတည်းက အိပ်လို့တောင် မ​ပျော်ဘူး။ ကျေးဇူးတင်နေတာ။"

- ဆေးကုသမှု ခံယူသူတစ်ဦး

KBZ Center Mandalay တွင် ကျောက်ကပ်သွေးသန့်စင်ခြင်း အခမဲ့ပြုလုပ်ပေးနိုင်ရန်အတွက် တတိယအကြိမ်မြောက်အဖြစ် လျှောက်လွှာများကို ဇူလိုင်လ (၁) ရက်နေ့မှ (၃)ရက်နေ့အထိ ထုတ်ဝေပေးခဲ့ပြီး ဇူလိုင်လ (၁၅) ရက်၊ (၁၆) ရက်နှင့် (၁၇) ရက်နေ့များတွင် လျှောက်လွှာများကို ပြန်လည်လက်ခံပေးသွားမည် ဖြစ်ပါသည်။

ယခင်ပထမအကြိမ်နှင့် ဒုတိယအကြိမ်တို့တွင် လျှောက်လွှာထုတ်ယူ၍ လာရောက်လျှောက်လွှာတင်ပြီးသားသူများအနေဖြင့် ထပ်မံထုတ်ယူရန် မလိုအပ်ဘဲ ယင်းလျှောက်လွှာများထဲမှ ထပ်မံရွေးချယ်သွားမည် ဖြစ်ပါသည်။

လက်ရှိတွင် KBZ Center Mandalay အနေဖြင့် ငွေကြေးခက်ခဲပြီး ကျောက်ကပ်သွေးသန့်စင်ခြင်းပြုလုပ်ရမည့် လူနာများအတွက် အခမဲ့ကျောက်ကပ်သွေးသန့်စင် ကုသမှုအား ယခုအခါ ကျောက်ကပ်သွေးသန့်စင်စက် အလုံးရေ (၂၀) ဖြင့် အခမဲ့ ကျောက်ကပ်သွေးသန့်စင် ကုသမှု ပြုလုပ်ပေးနေပါသည်။

KBZ Center Mandalay မှ ဆောင်ရွက်ပေးနေသည့် ကျန်းမာရေး ဝန်ဆောင်မှုများနှင့် ပတ်သက်၍ စုံစမ်း မေးမြန်းခြင်း၊ ကြိုတင်စာရင်းပေးသွင်းခြင်းတို့ကို ဆောင်ရွက်လိုပါက KBZ Center Mandalay ၏ Call Center ဖုန်း (၀၉ ၉၄၁ ၆၀၀ ၉၉၉) သို့မဟုတ် U9 ဖုန်း ကိုင်ဆောင်သူများအတွက် Short Code ၁၀၁၀ သို့ နေ့စဉ် တနင်္လာနေ့မှ သောကြာနေ့အတွင်း နံနက် ၉ နာရီမှ ညနေ (၄) နာရီအထိ ဆက်သွယ် စုံစမ်းနိုင်ပါသည်။

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ၇၃ လမ်းနှင့် ၁၁၀ လမ်းထောင့်ရှိ KBZ Center Mandalay တွင် ဇူလိုင်လ (၁) ရက်က အခမဲ့ ကျော...
01/07/2026

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ၇၃ လမ်းနှင့် ၁၁၀ လမ်းထောင့်ရှိ KBZ Center Mandalay တွင် ဇူလိုင်လ (၁) ရက်က အခမဲ့ ကျောက်ကပ်သွေးသန့်စင် ကုသပေးခြင်း၊ အရိုးအကြောအဆစ် အထူးကုဆရာ ဝန်ကြီးမှ အခမဲ့ စမ်းသပ်စစ်ဆေး ကုသပေးခြင်း၊ အခမဲ့မဲ့ X Ray ရိုက်ကူးပေးခြင်းနှင့် အထွေထွေရောဂါအခမဲ့ စမ်းသပ်စစ်ဆေး ကုသပေးခြင်းများကို ဆောင်ရွက်ပေးခဲ့သည်။

အရိုးအကြောအဆစ် ရောဂါဝေဒနာ စမ်းသပ်စစ်ဆေး ကုသပေးခြင်းကို အရိုးအကြောအထူးကု ဆရာဝန်ကြီး ဒေါက်တာဦးဌေးကြွယ်မှ ဆောင်ရွက်ပေးခဲ့ပြီး အထွေထွေရောဂါ အခမဲ့စမ်းသပ်စစ်ဆေး ကုသပေးခြင်းများကို စင်တာမှ ဆရာဝန်များက စမ်းသပ်စစ်ဆေး ကုသပေးခဲ့သည်။

KBZ Center Mandalay သို့ လာရောက် ဆေးဝါးကုသမှု ခံယူသူများ အနေဖြင့် အသက် (၁၈) နှစ်ပြည့်ပြီးသော လူနာစောင့် တစ်ဦးအား တစ်ပါတည်း ခေါ်ယူခဲ့ပေးပါရန် အသိပေး အပ်ပါသည်။

KBZ Center Mandalay ၏ အရိုးအကြောအဆစ် အထူးကုဆရာဝန်ကြီးများထံ ပြသလိုပါက အပတ်စဥ် ဗုဒ္ဓဟူးနေ့တွင် အရိုးအကြော အထူးကု ဆရာဝန်ကြီး ဒေါက်တာဦးဌေးကြွယ်က လည်းကောင်း၊ Ultrasound ရိုက်ကူးမှုကို အပတ်စဉ် အင်္ဂါနေ့နှင့် သောကြာနေ့တို့တွင် လည်းကောင်း၊ အထွေထွေရောဂါ အခမဲ့စမ်းသပ်စစ်ဆေး ကုသပေးခြင်းကို နေ့စဥ် တနင်္လာမှ သောကြာနေ့အထိ လည်းကောင်း၊ အခမဲ့ ကျောက်ကပ်သွေးသန့်စင် ကုသပေးခြင်းအား အပတ်စဥ် တနင်္လာမှ စနေအထိ ဆောင်ရွက်ပေးနေပြီး စမ်းသပ်စစ်ဆေး ကုသမှုများအတွက် KBZ Center Mandalay ၏ Call Center သို့ ကြိုတင် ဆက်သွယ်ပြီး စာရင်းပေးသွင်းရန် လိုအပ်ပါသည်။

KBZ Center Mandalay မှ ဆောင်ရွက်ပေးနေသည့် အခမဲ့ ကျန်းမာရေး စောင့်ရှောက်မှုများနှင့် ပတ်သက်ပြီး သိရှိလိုပါက Call Center ဖုန်း (၀၉ ၉၄၁ ၆၀၀ ၉၉၉) သို့မဟုတ် U9 ဖုန်း ကိုင်ဆောင်သူများအတွက် Short Code ၁၀၁၀ သို့ နေ့စဉ် တနင်္လာနေ့မှ သောကြာနေ့အတွင်း နံနက် ၉ နာရီမှ ညနေ (၄) နာရီအထိ ဆက်သွယ်နိုင်ပါသည်။

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ၇၃ လမ်းနှင့် ၁၁၀ (မနော်ဟရီ) လမ်းထောင့်ရှိ KBZ Center Mandalay တွင် ကျောက်ကပ်သွေးသန့်...
01/07/2026

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ၇၃ လမ်းနှင့် ၁၁၀ (မနော်ဟရီ) လမ်းထောင့်ရှိ KBZ Center Mandalay တွင် ကျောက်ကပ်သွေးသန့်စင်ခြင်းပြုလုပ်ရန် လိုအပ်သည့် လူနာများအတွက် အခမဲ့ကျောက်ကပ်သွေးသန့်စင်ခြင်း ပြုလုပ်ပေးနိုင်ရန် လျှောက်လွှာများကို ဇူလိုင်လ (၁) ရက်နေ့က စတင်ထုတ်ပေးခဲ့သည်။

လျှောက်လွှာများကို ဇူလိုင် (၁) ရက်မှ (၃) ရက်အတွင်း ထုတ်ပေးသွားမည်ဖြစ်ပြီး ကျောက်ကပ်သွေးသန့်စင်ခြင်း ပြုလုပ်ရမည့် သူသည် လက်အကြောမွေးထားပြီး ကျောက်ကပ်သွေးသန့်စင်ခြင်း သုံးလနှင့်အထက် ပြုလုပ်ထားသည့်လူနာ ဖြစ်ရမည့်အပြင် HIV၊ ဘီပိုး၊ စီပိုး မရှိသော လူနာများ ဖြစ်ရပါမည်။

လျှောက်လွှာထုတ်ယူရာတွင်လည်း လူနာကိုယ်တိုင်သော်လည်းကောင်း၊ လူနာ၏ရောဂါလက္ခဏာ အရင်းအမြစ်ကို သိရှိသော မိသားစုဝင်တစ်ဦးဦးက သော်လည်ကောင်း လူနာ၏ မှတ်ပုံတင်မူရင်းနှင့် မိတ္တူတို့ကို ယူဆောင်၍ လျှောက်လွှာများ လာရောက်ထုတ်ယူနိုင်သည်။

ယခင်ပထမအကြိမ်နှင့် ဒုတိယအကြိမ်တို့တွင် လျှောက်လွှာထုတ်ယူ၍ လာရောက်လျှောက်လွှာတင်ပြီးသား သူများအနေဖြင့် ထပ်မံထုတ်ယူရန် မလိုအပ်ဘဲ ယင်းလျှောက်လွှာများထဲမှ ထပ်မံရွေးချယ်သွားမည်ဖြစ်သည်။

လက်ရှိတွင် KBZ Center Mandalay အနေဖြင့် ငွေကြေးခက်ခဲပြီး ကျောက်ကပ်သွေးသန့်စင်ခြင်းပြုလုပ်ရမည့် လူနာများအတွက် အခမဲ့ကျောက်ကပ်သွေးသန့်စင်ကုသမှုအား ယခုအခါ ကျောက်ကပ်သွေးသန့်စင်စက် အလုံးရေ (၂၀) ဖြင့် အခမဲ့ ကျောက်ကပ်သွေးသန့်စင်ကုသမှု ပြုလုပ်ပေးနေသည်။

KBZ Center Mandalay မှ ဆောင်ရွက်ပေးနေသည့် ကျန်းမာရေး ဝန်ဆောင်မှုများနှင့် ပတ်သက်၍ စုံစမ်း မေးမြန်းခြင်း၊ ကြိုတင်စာရင်းပေးသွင်းခြင်းတို့ကို ဆောင်ရွက်လိုပါက KBZ Center Mandalay ၏ Call Center ဖုန်း (၀၉ ၉၄၁ ၆၀၀ ၉၉၉) သို့မဟုတ် U9 ဖုန်း ကိုင်ဆောင်သူများအတွက် Short Code ၁၀၁၀ သို့ နေ့စဉ် တနင်္လာနေ့မှ သောကြာနေ့အတွင်း နံနက် ၉ နာရီမှ ညနေ (၄) နာရီအထိ ဆက်သွယ် စုံစမ်းနိုင်ပါသည်။

29/06/2026

KBZ Center Mandalay တွင် ကျောက်ကပ်သွေးသန့်စင်ခြင်း ပြုလုပ်ရမည့် လူနာများအတွက် ကျောက်ကပ်သွေးသန့်စင်ခြင်း အခမဲ့ပြုလုပ်ပေးနိုင်ရန် လျှောက်လွှာများကို ဇူလိုင်လ (၁) ရက်၊ (၂) ရက်နှင့် (၃) ရက်တို့တွင် နံနက် (၉) နာရီမှ ညနေ (၄) နာရီအထိ ထုတ်ဝေပေးသွားမည် ဖြစ်ပါသည်။

ကျောက်ကပ်သွေးသန့်စင်ခြင်း ပြုလုပ်ရမည့် သူသည် လက်အကြောမွေးထားပြီး ယင်းလက်ဖြင့် ကျောက်ကပ်သွေးသန့်စင်ခြင်း သုံးလနှင့်အထက် ပြုလုပ်ထားသည့် လူနာများနှင့် ဘီပိုး၊ စီပိုး မရှိသောလူနာများ ဖြစ်ရပါမည်။

လျှောက်လွှာထုတ်ယူရာတွင်လည်း လူနာကိုယ်တိုင်သော်လည်းကောင်း၊ လူနာ၏ ရောဂါလက္ခဏာ အရင်းအမြစ်ကို သိရှိသော မိသားစုဝင် တစ်ဦးဦးကသော် လည်ကောင်း လူနာ၏ မှတ်ပုံတင်မူရင်းနှင့် မိတ္တူတို့ကို ယူဆောင်၍ လျှောက်လွှာများ လာရောက် ထုတ်ယူနိုင်ပါသည်။

လျှောက်လွှာများကို ဇူလိုင်လ (၁၅) ရက်၊ (၁၆) ရက်နှင့် (၁၇) ရက်တို့၌ ပြန်လည်လက်ခံသွားမည်ဖြစ်ပြီး စိစစ်ရွေးချယ်ပြီးပါက ကျောက်ကပ်အခမဲ့ သွေးသန့်စင် ကုသခွင့်ရရှိမည့် လူနာများအား ပြန်လည်ဆက်သွယ် ပေးသွားမည် ဖြစ်ပါသည်။

ယခင်ပထမအကြိမ်နှင့် ဒုတိယအကြိမ်တို့တွင် လျှောက်လွှာထုတ်ယူ၍ လာရောက် လျှောက်လွှာတင်ပြီးသားသူများ အနေဖြင့် ထပ်မံထုတ်ယူရန် မလိုအပ်ဘဲ ယင်းလျှောက်လွှာများထဲမှထပ်မံရွေးချယ်သွားမည် ဖြစ်ပါသည်။

လက်ရှိတွင် KBZ Center Mandalay အနေဖြင့် ငွေကြေးခက်ခဲပြီး ကျောက်ကပ်သွေးသန့်စင်ခြင်းပြုလုပ်ရမည့် လူနာများအတွက် အခမဲ့ကျောက်ကပ်သွေးသန့်စင် ကုသမှုအား ယခုအခါ ကျောက်ကပ် သွေးသန့်စင်စက် အလုံးရေ (၂၀) ဖြင့် အခမဲ့ ကျောက်ကပ်သွေးသန့်စင် ကုသမှု ပြုလုပ်ပေးနေပါသည်။

KBZ Center Mandalay မှ ဆောင်ရွက်ပေးနေသည့် ကျန်းမာရေး ဝန်ဆောင်မှုများနှင့် ပတ်သက်၍ စုံစမ်း မေးမြန်းခြင်း၊ ကြိုတင်စာရင်းပေးသွင်းခြင်းတို့ကို ဆောင်ရွက်လိုပါက KBZ Center Mandalay ၏ Call Center ဖုန်း (၀၉ ၉၄၁ ၆၀၀ ၉၉၉) သို့မဟုတ် U9 ဖုန်း ကိုင်ဆောင်သူများအတွက် Short Code ၁၀၁၀ သို့ နေ့စဉ် တနင်္လာနေ့မှ သောကြာနေ့အတွင်း နံနက် ၉ နာရီမှ ညနေ (၄) နာရီအထိ ဆက်သွယ် စုံစမ်း နိုင်ပါသည်။

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ၇၃ လမ်းနှင့် ၁၁၀ လမ်းထောင့်ရှိ KBZ Center Mandalay တွင် ဇွန်လ (၂၄) ရက်က အခမဲ့ ကျောက်...
24/06/2026

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ၇၃ လမ်းနှင့် ၁၁၀ လမ်းထောင့်ရှိ KBZ Center Mandalay တွင် ဇွန်လ (၂၄) ရက်က အခမဲ့ ကျောက်ကပ်သွေးသန့်စင် ကုသပေးခြင်း၊ အရိုးအကြောအဆစ် အထူးကုဆရာဝန်ကြီးမှ အခမဲ့စမ်းသပ်စစ်ဆေး ကုသပေးခြင်း၊ အခမဲ့ X Ray ရိုက်ကူးပေးခြင်းနှင့် အထွေထွေရောဂါ အခမဲ့စမ်းသပ်စစ်ဆေး ကုသပေးခြင်းများကို ဆောင်ရွက်ပေးခဲ့သည်။

အရိုးအကြောအဆစ် ရောဂါဝေဒနာ စမ်းသပ်စစ်ဆေး ကုသပေးခြင်းကို အရိုးအကြောအထူးကု ဆရာဝန်ကြီး ဒေါက်တာဦးဌေးကြွယ်မှ ဆောင်ရွက်ပေးခဲ့ပြီး အထွေထွေရောဂါ အခမဲ့စမ်းသပ်စစ်ဆေး ကုသပေးခြင်းများကို စင်တာမှ ဆရာဝန်များက စမ်းသပ်စစ်ဆေး ကုသပေးခဲ့သည်။

KBZ Center Mandalay သို့ လာရောက်ဆေးဝါးကုသမှု ခံယူသူများအနေဖြင့် အသက် (၁၈) နှစ် ပြည့်ပြီးသော လူနာစောင့်တစ်ဦးအား တစ်ပါတည်း ခေါ်ယူခဲ့ပေးပါရန် အသိပေးအပ်ပါသည်။

KBZ Center Mandalay ၏ အရိုးအကြောအဆစ် အထူးကုဆရာဝန်ကြီးများထံ ပြသလိုပါက အပတ်စဥ် ဗုဒ္ဓဟူးနေ့တွင် အရိုးအကြောအထူးကု ဆရာဝန်ကြီး ဒေါက်တာဦးဌေးကြွယ်က လည်းကောင်း၊ Ultrasound ရိုက်ကူးမှုကို အပတ်စဉ် အင်္ဂါနေ့နှင့် သောကြာနေ့တိုတွင် လည်းကောင်း၊ အထွေထွေရောဂါ အခမဲ့စမ်းသပ်စစ်ဆေး ကုသပေးခြင်းကို နေ့စဥ် တနင်္လာမှ သောကြာနေ့အထိ လည်းကောင်း၊ အခမဲ့ ကျောက်ကပ်သွေးသန့်စင် ကုသပေးခြင်းအား အပတ်စဥ် တနင်္လာမှ စနေအထိ ဆောင်ရွက်ပေးနေပြီး စမ်းသပ်စစ်ဆေး ကုသမှုများအတွက် KBZ Center Mandalay ၏ Call Center သို့ ကြိုတင် ဆက်သွယ်ပြီး စာရင်းပေးသွင်းရန် လိုအပ်ပါသည်။

KBZ Center Mandalay မှ ဆောင်ရွက်ပေးနေသည့် အခမဲ့ကျန်းမာရေး စောင့်ရှောက်မှုများနှင့် ပတ်သက်ပြီး သိရှိလိုပါက Call Center ဖုန်း (၀၉ ၉၄၁ ၆၀၀ ၉၉၉) သို့မဟုတ် U9 ဖုန်း ကိုင်ဆောင်သူများအတွက် Short Code ၁၀၁၀ သို့ နေ့စဉ် တနင်္လာနေ့မှ သောကြာနေ့အတွင်း နံနက် ၉ နာရီမှ ညနေ (၄) နာရီအထိ ဆက်သွယ်နိုင်ပါသည်။

23/06/2026

KBZ Center Mandalay တွင် ကျောက်ကပ်သွေးသန့်စင်ခြင်း ပြုလုပ်ရမည့် လူနာများအတွက် ကျောက်ကပ်သွေးသန့်စင်ခြင်း အခမဲ့ပြုလုပ်ပေးနိုင်ရန် လျှောက်လွှာများကို ဇူလိုင်လ (၁) ရက်၊ (၂) ရက်နှင့် (၃) ရက်တို့တွင် နံနက် (၉) နာရီမှ ညနေ (၄) နာရီအထိ ထုတ်ဝေပေးသွားမည် ဖြစ်ပါသည်။

လျှောက်လွှာများကို ဇူလိုင်လ (၁၅) ရက်၊ (၁၆) ရက်နှင့် (၁၇) ရက်တို့၌ ပြန်လည်လက်ခံ သွားမည်ဖြစ်ပြီး စိစစ်ရွေးချယ်ပြီးပါက ကျောက်ကပ်အခမဲ့ သွေးသန့်စင်ကုသခွင့်ရရှိမည့် လူနာများအား ပြန်လည်ဆက်သွယ် ပေးသွားမည် ဖြစ်ပါသည်။

KBZ Center Mandalay တွင် ကျောက်ကပ်သွေးသန့်စင်ခြင်း ပြုလုပ်ရမည့် လူနာများအတွက် ကျောက်ကပ်သွေးသန့်စင်ခြင်း အခမဲ့ပြုလုပ်ပေးန...
23/06/2026

KBZ Center Mandalay တွင် ကျောက်ကပ်သွေးသန့်စင်ခြင်း ပြုလုပ်ရမည့် လူနာများအတွက် ကျောက်ကပ်သွေးသန့်စင်ခြင်း အခမဲ့ပြုလုပ်ပေးနိုင်ရန် လျှောက်လွှာများကို ဇူလိုင်လ (၁) ရက်၊ (၂) ရက်နှင့် (၃) ရက်တို့တွင် နံနက် (၉) နာရီမှ ညနေ (၄) နာရီအထိ ထုတ်ဝေပေးသွားမည် ဖြစ်ပါသည်။

ကျောက်ကပ်သွေးသန့်စင်ခြင်း ပြုလုပ်ရမည့်သူသည် လက်အကြောမွေးထားပြီး ယင်းလက်ဖြင့် ကျောက်ကပ်သွေးသန့်စင်ခြင်း သုံးလနှင့်အထက် ပြုလုပ်ထားသည့် လူနာများနှင့် ဘီပိုး၊ စီပိုး မရှိသော လူနာများ ဖြစ်ရပါမည်။

လျှောက်လွှာထုတ်ယူရာတွင်လည်း လူနာကိုယ်တိုင်သော်လည်းကောင်း၊ လူနာ၏ ရောဂါလက္ခဏာ အရင်းအမြစ်ကို သိရှိသော မိသားစုဝင် တစ်ဦးဦးကသော်လည်ကောင်း လူနာ၏ မှတ်ပုံတင်မူရင်းနှင့် မိတ္တူတို့ကို ယူဆောင်၍ လျှောက်လွှာများ လာရောက်ထုတ်ယူနိုင်ပါသည်။

လျှောက်လွှာများကို ဇူလိုင်လ (၁၅) ရက်၊ (၁၆) ရက်နှင့် (၁၇) ရက်တို့၌ ပြန်လည်လက်ခံ သွားမည်ဖြစ်ပြီး စိစစ်ရွေးချယ်ပြီးပါက ကျောက်ကပ်အခမဲ့ သွေးသန့်စင်ကုသခွင့်ရရှိမည့် လူနာများအား ပြန်လည်ဆက်သွယ် ပေးသွားမည် ဖြစ်ပါသည်။

ယခင်ပထမအကြိမ်နှင့် ဒုတိယအကြိမ်တို့တွင် လျှောက်လွှာထုတ်ယူ၍ လာရောက် လျှောက်လွှာတင်ပြီးသား သူများအနေဖြင့် ထပ်မံထုတ်ယူရန် မလိုအပ်ဘဲ ယင်းလျှောက်လွှာများထဲမှ ထပ်မံရွေးချယ်သွားမည် ဖြစ်ပါသည်။

လက်ရှိတွင် KBZ Center Mandalay အနေဖြင့် ငွေကြေးခက်ခဲပြီး ကျောက်ကပ်သွေးသန့်စင်ခြင်း ပြုလုပ်ရမည့် လူနာများအတွက် အခမဲ့ကျောက်ကပ်သွေးသန့်စင် ကုသမှုအား ယခုအခါ ကျောက်ကပ်သွေးသန့်စင်စက် အလုံးရေ (၂၀) ဖြင့် အခမဲ့ ကျောက်ကပ်သွေးသန့်စင် ကုသမှု ပြုလုပ်ပေးနေပါသည်။

KBZ Center Mandalay မှ ဆောင်ရွက်ပေးနေသည့် ကျန်းမာရေး ဝန်ဆောင်မှုများနှင့် ပတ်သက်၍ စုံစမ်း မေးမြန်းခြင်း၊ ကြိုတင်စာရင်းပေးသွင်းခြင်းတို့ကို ဆောင်ရွက်လိုပါက KBZ Center Mandalay ၏ Call Center ဖုန်း (၀၉ ၉၄၁ ၆၀၀ ၉၉၉) သို့မဟုတ် U9 ဖုန်း ကိုင်ဆောင်သူများအတွက် Short Code ၁၀၁၀ သို့ နေ့စဉ် တနင်္လာနေ့မှ သောကြာနေ့အတွင်း နံနက် ၉ နာရီမှ ညနေ (၄) နာရီအထိ ဆက်သွယ် စုံစမ်းနိုင်ပါသည်။

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ၇၃ လမ်းနှင့် ၁၁၀ လမ်းထောင့်ရှိ KBZ Center Mandalay တွင် ဇွန်လ (၁၇) ရက်က အခမဲ့ ကျောက်...
17/06/2026

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ၇၃ လမ်းနှင့် ၁၁၀ လမ်းထောင့်ရှိ KBZ Center Mandalay တွင် ဇွန်လ (၁၇) ရက်က အခမဲ့ ကျောက်ကပ်သွေးသန့်စင် ကုသပေးခြင်း၊ အရိုးအကြောအဆစ် အထူးကုဆရာဝန်ကြီးမှ အခမဲ့စမ်းသပ်စစ်ဆေး ကုသပေးခြင်း၊ အခမဲ့ X Ray ရိုက်ကူးပေးခြင်းနှင့် အထွေထွေရောဂါ အခမဲ့စမ်းသပ်စစ်ဆေး ကုသပေးခြင်းများကို ဆောင်ရွက်ပေးခဲ့သည်။

အရိုးအကြောအဆစ် ရောဂါဝေဒနာ စမ်းသပ်စစ်ဆေး ကုသပေးခြင်းကို အရိုးအကြောအထူးကု ဆရာဝန်ကြီး ဒေါက်တာဦးဌေးကြွယ်မှ ဆောင်ရွက်ပေးခဲ့ပြီး အထွေထွေရောဂါ အခမဲ့စမ်းသပ်စစ်ဆေး ကုသပေးခြင်းများကို စင်တာမှ ဆရာဝန်များက စမ်းသပ်စစ်ဆေး ကုသပေးခဲ့သည်။

KBZ Center Mandalay သို့ လာရောက် ဆေးဝါးကုသမှု ခံယူသူများ အနေဖြင့် အသက် (၁၈) နှစ် ပြည့်ပြီးသော လူနာစောင့် တစ်ဦးအား တစ်ပါတည်း ခေါ်ယူခဲ့ပေးပါရန် အသိပေးအပ်ပါသည်။

KBZ Center Mandalay ၏ အရိုးအကြောအဆစ် အထူးကုဆရာဝန်ကြီးများထံ ပြသလိုပါက အပတ်စဥ် ဗုဒ္ဓဟူးနေ့တွင် အရိုးအကြော အထူးကုဆရာဝန်ကြီး ဒေါက်တာဦးဌေးကြွယ်က လည်းကောင်း၊ Ultrasound ရိုက်ကူးမှုကို အပတ်စဉ် အင်္ဂါနေ့နှင့် သောကြာနေ့တို့တွင် လည်းကောင်း၊ အထွေထွေရောဂါ အခမဲ့စမ်းသပ်စစ်ဆေး ကုသပေးခြင်းကို နေ့စဥ် တနင်္လာမှ သောကြာနေ့အထိ လည်းကောင်း၊ အခမဲ့ ကျောက်ကပ်သွေးသန့်စင် ကုသပေးခြင်းအား အပတ်စဥ် တနင်္လာမှ စနေအထိ ဆောင်ရွက်ပေးနေပြီး စမ်းသပ်စစ်ဆေး ကုသမှုများအတွက် KBZ Center Mandalay ၏ Call Center သို့ ကြိုတင်ဆက်သွယ်ပြီး စာရင်းပေးသွင်းရန် လိုအပ်ပါသည်။

KBZ Center Mandalay မှ ဆောင်ရွက်ပေးနေသည့် အခမဲ့ကျန်းမာရေး စောင့်ရှောက်မှုများနှင့် ပတ်သက်ပြီး သိရှိလိုပါက Call Center ဖုန်း (၀၉ ၉၄၁ ၆၀၀ ၉၉၉) သို့မဟုတ် U9 ဖုန်း ကိုင်ဆောင်သူများအတွက် Short Code ၁၀၁၀ သို့ နေ့စဉ် တနင်္လာနေ့မှ သောကြာနေ့အတွင်း နံနက် ၉ နာရီမှ ညနေ (၄) နာရီအထိ ဆက်သွယ်နိုင်ပါသည်။



#

ပြင်ဦးလွင်မြို့နယ်၊ အောင်ချမ်းသာကျေးရွာအုပ်စု၊ တွင်းငယ်ကျေးရွာရှိ ကမ္ဘာ့ဧကရာဇာ သာသနာ့ အေးရိပ်သာကျောင်း၏ ပဓာနနာယကဆရာတော်...
17/06/2026

ပြင်ဦးလွင်မြို့နယ်၊ အောင်ချမ်းသာကျေးရွာအုပ်စု၊ တွင်းငယ်ကျေးရွာရှိ ကမ္ဘာ့ဧကရာဇာ သာသနာ့ အေးရိပ်သာကျောင်း၏ ပဓာနနာယကဆရာတော် မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဝိလာသ အမှူးပြုသော သံဃာတော်အရှင်သူမြတ် ငါးပါးထံမှ အန္တရာယ်ကင်း ပရိတ်တရားတော် နာယူကြည်ညိုပွဲ အခမ်းအနားကို ဇွန်လ ၁၆ ရက် နံနက် ၉ နာရီခွဲက ၇၃ လမ်း၊ ၁၁၀ လမ်းထောင့်ရှိ KBZ Center Mandalay တွင် ကျင်းပခဲ့ပါသည်။

အခမ်းအနားတွင် မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဝိလာသ အမှူးပြုသော သံဃာတော် အရှင်သူမြတ်များက အန္တရာယ်ကင်း ပရိတ်တရားတော်များ ဟောကြားချီးမြှင့်ပြီးနောက် KBZ Center Mandalay မှ တာဝန်ရှိသူများက မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဝိလာသထံသို့ သံဃိကဒါနအဖြစ် ဝတ္ထုငွေနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကာ စေတနာရှင် အလှူရှင် မိသားစုက ဆရာတော်များအား နေ့ဆွမ်းဆပ်ကပ် လှူဒါန်းခဲ့ပါသည်။

ထိုနောက် မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဝိလာသမှ KBZ Center Mandalay တွင် အခမဲ့ ကျောက်ကပ်သွေးသန့်စင်မှု ဆောင်ရွက်နေခြင်းကို လှည့်လည်ကြည့်ရှုပြီး အားပေးစကားများ ပြောကြားခဲ့သည်။

ထို့အပြင် ကမ္ဘာ့ဧကရာဇာ သာသနာ့အေးရိပ်သာကျောင်းအတွင်း တည်ထားကိုးကွယ်တော်မူမည့် ဉာဏ်တော်အမြင့် ပေ ၉၀ ရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ပြန်လည်ပြုပြင် မွမ်းမံနိုင်ရန်အတွက် ဘိလပ်မြေ ၃၅၀ အိတ်ကို KBZ Center Mandalay မှ လှူဒါန်းခဲ့သည်။

ငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် မန္တလေးမြို့၊ချမ်းအေးသာစံမြို့နယ်၊ ဒေးဝန်းအနောက်ရပ်ကွက်၊လမ်း ၉၀၊ ၃၁ နှင့် ၃၂ လမ်းကြာ...
12/06/2026

ငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် မန္တလေးမြို့၊ချမ်းအေးသာစံမြို့နယ်၊ ဒေးဝန်းအနောက်ရပ်ကွက်၊လမ်း ၉၀၊ ၃၁ နှင့် ၃၂ လမ်းကြားရှိ သုဝဏ္ဏသူရိယ
ဓမ္မာရုံ ပြန်လည်တည်ဆောက်ရန်အတွက် KBZ Center Mandalay မှ ဘိလပ်မြေအိတ် (၂၀၀) ကို ဇွန်လ ၁၂ ရက်နေ့ နံနက်ပိုင်းက သွားရောက်လှူဒါန်းခဲ့သည်။

ဘိလပ်မြေအိတ် (၂၀၀) ကို KBZ Center Mandalay မှ တာဝန်ရှိသူများက လှူဒါန်းခဲ့ရာ သုဝဏ္ဏသူရိယဓမ္မာရုံဂေါပကအဖွဲ့မှ လက်ခံရယူခဲ့သည်။

KBZ Center Mandalay သည် မန္တလေးမြေငလျင်ကြီးကြောင့် ပြိုကျပျက်စီးခဲ့ရသည့် ဘာသာရေးဆိုင်ရာ အဆောက်အအုံများ ပြန်လည်တည်ဆောက်နိုင်ရန်အတွက် စင်တာ စတင်ဖွင့်လှစ်သည့် ၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၀ ရက်မှစ၍ လက်ရှိအချိန်ထိ ဘိလပ်မြေအိတ်များကို လှူဒါန်းခဲ့ရာတွင် ဘိလပ်မြေအိတ် (၁၃၀၀၀) ကျော် လှူဒါန်းခဲ့ပြီး ဖြစ်သည်။

Address

၇၃ လမ်းနှင့် ၁၁၀ (မနော်ဟရီ) လမ်းထောင့်၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့
Yangon

Website

Alerts

Be the first to know and let us send you an email when KBZ Center Mandalay posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share