25/02/2025
ရန်ကုန် တမြို့လုံး ပျံ့နှံ့နေပြီဖြစ်တဲ့ အေ-ပို-း (ကျန်းမာရေးဝန်ကြီးဌာနကတော့ အိပ်ပျော်နေတုန်းပါပဲ)
၁၃ ရက်နေ့တည်းက ဖြစ်တဲ့ ကိုယ်လက်မအီမသာက ၁၅ ရက်နေ့မှ စ ဖျားပါလေရော၊ ၁၃ ရက်နေ့က အချဉ်ပေါင်းတွေ စားထားလို့ ဝမ်းသွားတယ် အထင်နဲ့ ဓာတ်ဆားသောက်၊ ဘိုင်အိုဂျက်ဆစ် သောက်ပြီးရင် အရင်လို သက်သာသွားမှာပါဆိုတဲ့ စိတ်နဲ့ ဆေးတွေပဲ ဆက်တိုက်သောက်နေခဲ့တာ။
၁၇ ရက်နေ့ရောက်ပါရော ဘာစားစားပျို့ချင် အ-န်ချင်နဲ့ အစာစားချင်စိတ်ပါ မရှိတော့ဘူး။ ငါ့မှာကအစာအိမ်ရောဂါအခံရှိတော့ ေ-ဆးတွေပြန်သောက်ရလို့ အစာအိမ်ပြန်ထိပြီဆိုတဲ့ စိတ်ဝင်လာရော ဖျားတာလည်း သက်သာသလိုလိုနဲ့ ညညဆို ကိုယ်ပူတွေတက်တာ အဲဒါနဲ့ မဖြစ်တော့ဘူးဆိုပြီး အဲဒီ ၁၇ ရက်နေ့ ညမှာပဲ ရပ်ကွက်ဆေးခန်းပြလိုက်တော့ အဖျားမရှိဘူးပေါ့။ ေ-ဆးထိုးပေးမယ် အစာအိမ်ေ-ဆးပေးလိုက်တော့ ၁၈ ရက် ၁၉ ရက် မှာ ဆန်ပြုတ်သောက်ပြီး အလုပ်ပြန်ဆင်းလိုက်တယ်။
အလုပ်မှာနေလို့ လုံးဝမကောင်းတာနဲ့ နေ့တစ်ဝက်ခွင့်ပြန်ယူ နောက်ထပ်ဆေးခန်းကို ထပ်ပြကြည့်တယ်။ အဲဒါလည်း အစာအိမ်ပါပဲဆိုပြီး ေ-ဆးထပ်ပေးတယ် တလေ-ဆးသောက်ပေါ့နော် အစာအိမ်သက်သာသွားလည်း သူပေးတဲ့ဆေးကို ဆက်သောက်ပါဆိုပြီး။
အဲဒီညမှာပဲ ကိုယ်က ဆီ-းတွေ စဝါလာပြီ၊ မျ-က် စိတွေ အဝါဖက်သမ်းလာပြီ၊ ရ-င် ခေါ-င်းထဲမှာ အော-င့်အော-င့်ပြီး ဘာစားစားမဝင်တော့ဘူး။ ကိုယ်အလေးချိန်ကလည်း ၁၁၀ ကနေ ၉၉ ပေါင်ထိ ထိုးကျသွားပြီ။ အဲဒါနဲ့ အိမ်ကလည်း အာထရာလ်ဆောင်း ရ-ိုက် ေ-သွးစ-စ်ပါလား ဆိုတော့ ကိုယ်ကလည်း အစာအိမ်နဲ့အူလမ်းကြောင်း ပါမောက္ခနဲ့ ပြလိုက်တာ အစာအိမ်က နည်းနည်းယောင်ပြီး အသည်-းက ဖြစ်နေတာတဲ့။
အဲ့ဒါနဲ့ သူကလည်း ေ-သွးစ-စ်ခိုင်း အာထရာလ်ဆောင်း ရ-ိုက်ခိုင်းပြီး အဖြေလည်း ရလို့ ဖတ်တဲ့အခါမှာ အခုလက်ရှိ အဖြစ်များနေတဲ့ အသည်-းရော-င်အသ-ားဝါ A ပိုး ကူးစက်ခံထားရတယ်တဲ့။ ဒေါက်တာက အသည်-းပါမောက္ခဆရာဝန်ကြီးနဲ့ ထပ်လွှဲပေးတယ် ။ အခုတော့ ေ-ဆးကုနေရပြီ။
ပြောချင်တာက အပြင်စာတွေ လုံးဝမစားပါနဲ့။ လုံးဝ လုံးဝ ရပ်ထားကြပါ။ အရမ်းဆိုးနေတာမို့ စည်သူ့လို မဖြစ်အောင် ကြိုတင်ကာကွယ်ထားကြပါ။ ရေများများသောက်ပါ။ ဗီတာမင်ပါတဲ့ အသီးအနှံတွေ များများစားပေးပါ။ B ပိုး ကာကွယ်ေ-ဆး လည်း ထိုးထားကြပါ။ အခု A ပိုးလည်း ကာကွယ်ေ-ဆးရှိပါတယ်။ အားလုံး ကျန်းမာရေး ဂရုစိုက်ကြပါ။ (Si Thu Phan)
#လမ်းဘေးစာ
#ပျံ့နှံ့