HIV Knowledge and ရှင်သန်ခြင်း

HIV Knowledge and ရှင်သန်ခြင်း HIV နှင့် ပါတ်သက်သော အသိပညာများနှင့် PEP / Prep / ART ဆေးဝါးများအကြောင်း ယုံကြည်စိတ်ချစွာ တိုင်ပင်ဆေးနွေးနိူင်ပါသည်, 09441430034

HIV ရှိတယ်လို့ သိတဲ့အခါ 💥💥အနောက်ကို ခဏခဏ လှည့်မကြည့်ပါနဲ့အတိတ်ကို ယောင်လို့တောင် ပြန်မလှည့်ပါနဲ့."ငါသာ အဲဒီတုန်းက အဲ့ဒီလ...
25/07/2026

HIV ရှိတယ်လို့ သိတဲ့အခါ 💥💥
အနောက်ကို ခဏခဏ လှည့်မကြည့်ပါနဲ့

အတိတ်ကို ယောင်လို့တောင် ပြန်မလှည့်ပါနဲ့.
"ငါသာ အဲဒီတုန်းက အဲ့ဒီလိုမလုပ်ခဲ့ရင်..."ဆိုပြီး
တချိန်လုံး ပြန်မတွေးပါနဲ့။

တွေးလည်း အပိုပါပဲ
သင့်ကိုယ်သင် နာကျင်စေတာပဲ အဖတ်တင်မယ်။
နောင်တဟာ ဘဝကို အထူးတလည်
ပြောင်းလဲ မသွားစေပါဘူး။
ရှေ့ဆက် မမှားဖို့ပဲ ဂရုစိုက်ရပါမယ်။

ငယ်ရွယ်ချိန်မှာ အမှားဆိုတာ ရှိစမြဲမို့
ဘာမှမဖြစ်ဘူးလို့ ကိုယ့်ကိုယ်ကို ခွင့်လွှတ်ပါ။
မှတ်ထားပါ မျက်လုံးဆိုတာ ရှေ့ကိုကြည့်ဖို့ပါ။

အနောက်ကို ခဏခဏ
ပြန်လှည့်ကြည့်ဖို့ မဟုတ်ပါဘူး။
နောက်ကို ပြန်လှည့်ကြည့်နေရင်
တော်ရုံနဲ့ ရှေ့ရောက်မှာ မဟုတ်ဘူး။

လူတွေနဲ့ ခွဲခွာရတဲ့အခါ "ငါ့အမှားလား" ဆိုပြီး
တစိမ့်စိမ့် ပြန်မတွေးနဲ့။
အများကြီးလည်း ဝမ်းမနည်းပါနဲ့။

လူတွေနဲ့ အတူရှိရခြင်းက
တစ်ယောက်ကိုတစ်ယောက် ကူညီဖို့ ဖေးမကြဖို့ပါ။
ဒီလိုမှမဟုတ်ရင် တစ်ယောက်တည်းနေတာက
ပိုပြီး အဆင်ပြေပါလိမ့်မယ်။

ဘယ်အရာမှ တစ်သက်လုံး မတည်မြဲသလို
ဘယ်သူမှလည်း သင့်အနားမှာ
တစ်သက်လုံး ရှိမနေနိုင်ပါဘူး။
ဆုံတွေ့ရချိန် ခဏတာလေးကိုပဲ ကျေနပ်ပါ။

ရေစက်ဆိုတာ ကြိုမသိနိုင်သလို
လမ်းခွဲခြင်း ဆိုတာလည်း
ကြိုတင်ပြင်ဆင်လို့ မရပါဘူး။
တချိန်ကျရင် ခွဲရမှာပဲလို့
အခိုင်အမာ လက်ခံထားရင် လုံလောက်ပါတယ်။

အတွေးလွန်ခြင်းကြောင့်
လက်ရှိ စိတ်အခြေအနေကို အပျက်စီးမခံပါနဲ့။
အားလုံးက ဖြစ်ချိန်တန်ရင် ဖြစ်လာတာပါပဲ။
ပျက်ချိန်တန်ရင်လည်း ပျက်ရမှာပဲလေ။

မယုံရင် အတိတ်ကို ပြန်လှည့်ကြည့်ပါ။
အဲ့ဒီတုန်းက သိပ်ခက်ခဲတယ်ဆိုတဲ့ အရာတွေကိုတောင်
သင် အကောင်းဆုံး ကျော်ဖြတ်နိုင်ခဲ့တာ မဟုတ်လား။
အခုလည်း အားလုံး အဆင်ပြေသွားမှာပါ။

လူတိုင်းရဲ့ ဘဝပေးအခြေအနေချင်း မတူကြဘူး။
သင့်ထက် မြန်မြန်ပြေးနေသူရှိသလို
သင့်လောက် မပြေးနိုင်သူလည်း ရှိပါတယ်။
ဒါကြောင့် သင့်ဘဝကို တခြားသူရဲ့ တာထွက်ချိန်နဲ့
လိုက်တိုင်းစရာ မလိုဘူး။
အရေးကြီးတာက သင့်အလုပ်ကို မရပ်ပဲ
ဆက်လုပ်သွားဖို့ပါပဲ။

လူ့ဘဝမှာ ကျန်းမာရေးမကောင်းရင်
ဘာကိုမှ ကြွားဝါလို့ မရပါဘူး။
ဒေါသတွေလျှော့ပါ၊ အငြိုးအတေးတွေ မထားပါနဲ့။
စိတ်ချမ်းသာမှ လူရဲ့ကံကလည်း မြင့်လာတတ်တာပါ။
ပျော်စရာရှိရင် ပျော်ပါ ပင်ပန်းရင် အိပ်ပါ။
ဝမ်းနည်းရင် အားတင်းထားပါ။
တချို့အခြေအနေတွေက သဘာဝအတိုင်း
နေလိုက်တာက ပိုအဆင်ပြေပါတယ်။

ဘဝထဲမှာ မိမိစိတ်ကို နိုင်အောင်
ထိန်းကျောင်းပြီး နေတတ်သူဟာ
တခြားသူတွေထက် တစ်ပန်းသာနေမှာ အမှန်ပါပဲ။
စိတ်အဆင်မပြေတိုင်း စိတ်ခွန်အား လိုအပ်တိုင်းမှာ
ဒီစာကို ခဏခဏ ပြန်ဖတ်ပါ။
သင့်အတွက် အကျိုးရှိနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။
Crd #ဗဟုသုတ
ကျန်းမာပျော်ရွှင်စွာဖြင့် ပုံမှန် နေထိုင်မူ ရရှိပိုင်ဆိုင်ပါစေ
HIV နှင့် ပတ်သက်၍ အကြံဉာဏ်ရယူခြင်း၊ စိတ်ကျန်းမာရေးဆိုင်ရာ အားပေးကူညီမှု၊ ART နှင့် PEP ဆေးဝါးများ လိအပ် ပါက အောက်ပါဖုန်းနံပါတ်သို့ ဆက်သွယ်နိုင်ပါသည်။ ​
📞 ဖုန်း - 09 441430034

❝နေ့တိုင်း ဆေးသောက်စရာမလိုတော့ဘဲ တစ်နှစ် ၂ ကြိမ်ပဲ ထိုးရမယ့် HIV ကာကွယ်ဆေးသစ်ကို ဘန်ကောက်မှာ အခမဲ့ စတင်စမ်းသပ်မယ်❞ ထိုင်...
16/07/2026

❝နေ့တိုင်း ဆေးသောက်စရာမလိုတော့ဘဲ တစ်နှစ် ၂ ကြိမ်ပဲ ထိုးရမယ့် HIV ကာကွယ်ဆေးသစ်ကို ဘန်ကောက်မှာ အခမဲ့ စတင်စမ်းသပ်မယ်❞

ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ဆေးခန်းအချို့မှာ တစ်နှစ်ကို ၂ ကြိမ် (၆ လတစ်ကြိမ်) ပဲ ထိုးရုံနဲ့ HIV ကူးစက်မှုကို ကာကွယ်ပေးနိုင်မယ့် ဆေးထိုးစနစ်သစ်ကို အခမဲ့ စမ်းသပ်ထိုးနှံပေးဖို့အတွက် စိတ်ပါဝင်စားသူတွေကို စတင်စာရင်းပေးသွင်းခိုင်းနေပြီ ဖြစ်ပါတယ်။
ဒီဆေးရဲ့အမည်ကတော့ Lenacapavir ဖြစ်ပြီး ဆယ်စုနှစ်များစွာအတွင်း HIV ကာကွယ်ရေးအကြီးမားဆုံး အောင်မြင်မှုတစ်ခုလို့တောင် သတ်မှတ်ထားကြပါတယ်။ နေ့တိုင်း ဆေးသောက်ဖို့မလိုတော့ဘဲ တစ်နှစ်ကို ၂ ကြိမ်ပဲ ဆေးထိုးရုံနဲ့တင် HIV ကူးစက်မှုကို ၉၉.၉ ရာခိုင်နှုန်းကျော်အထိ ထိရောက်စွာ ကာကွယ်ပေးနိုင်ကြောင်း စမ်းသပ်မှုတွေအရ တွေ့ရှိထားပါတယ်။ ဒီဆေးကို ၂၀၂၅ ခုနှစ် ဇွန်လမှာ အမေရိကန် FDA က အတည်ပြုခဲ့ပြီး ဇူလိုင်လမှာတော့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ထောက်ခံချက် ပေးထားပြီးသား ဖြစ်ပါတယ်။
အခု စမ်းသပ်မှုပရောဂျက်ကိုတော့ ထိုင်းနိုင်ငံ ရောဂါထိန်းချုပ်ရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနနဲ့ ကမ္ဘာလုံးဆိုင်ရာ ရန်ပုံငွေအဖွဲ့ (Global Fund) တို့ ပူးပေါင်းပြီး ဆေးထုတ်လုပ်တဲ့ Gilead ကုမ္ပဏီရဲ့ ပံ့ပိုးမှုနဲ့အတူ အကောင်အထည်ဖော်တာ ဖြစ်ပါတယ်။
ဘန်ကောက်၊ Silom လမ်းမှာရှိတဲ့ SWING Clinic ကလည်း ဒီပရောဂျက်မှာ ပါဝင်တဲ့ ဆေးခန်းတစ်ခုဖြစ်ပြီး အခုပဲ စတင်စာရင်းပေးသွင်းနိုင်ပြီလို့ ကြေညာထားပါတယ်။ ဒီဆေးဟာ လက်ရှိအချိန်အထိ ထိုင်းနိုင်ငံရဲ့ ဆေးဝါးမှတ်ပုံတင်ခွင့်မှာစိစစ်ဆဲ အဆင့်မှာပဲ ရှိသေးတာကြောင့် အခုစာရင်းပေးသွင်းတာဟာ ဆေးချက်ချင်း ထိုးခွင့်ရပြီလို့ မဆိုလိုသေးပါဘူး။ သတ်မှတ်ချက်နဲ့ ကိုက်ညီမှုရှိမရှိ အရင်ဆုံး လာရောက်စစ်ဆေးဖို့ စာရင်းကောက်ယူတဲ့ အဆင့်သာ ရှိပါသေးတယ်။ (နိုင်ငံခြားသားတွေ ထိုးခွင့် ရှိ၊ မရှိကတော့ မသိရသေးပါ)
ထိုင်းနိုင်ငံမှာ တစ်နှစ်ကို HIV ကူးစက်ခံရသူအသစ် ၈,၀၀၀ ကနေ ၁၃,၀၀၀ ဝန်းကျင်အထိ ရှိနေဆဲဖြစ်ပြီး အထူးသဖြင့် အမျိုးသားအချင်းချင်း လိင်တူဆက်ဆံသူတွေနဲ့ လူငယ်တွေကြားမှာ အဖြစ်များပါတယ်။ လက်ရှိမှာ နေ့တိုင်းသောက်ရတဲ့ PrEP ဆေးကို အလကားရအောင် အစိုးရက စီစဉ်ပေးထားပေမဲ့ နေ့တိုင်း ဆေးသောက်ရတဲ့ အခက်အခဲကြောင့် သောက်ဖို့ ဝန်လေးနေကြတာပါ။
ဒီထိုးဆေးက ဒေါ်လာ ၂၈,၀၀၀ ကျော်အထိ ဈေးရှိပေမဲ့၊ ကမ္ဘာလုံးဆိုင်ရာ သဘောတူညီချက်အရ လာမယ့် ၂၀၂၇ ခုနှစ်ကျရင် ဖွံ့ဖြိုးဆဲနိုင်ငံ ၁၂၀ မှာ တစ်နှစ်စာ ဆေးဖိုးကို ဒေါ်လာ ၄၀ ဝန်းကျင်အထိ လျှော့ချပေးသွားဖို့ ရှိနေပါတယ်။ နိုင်ငံခြားသားတွေ ထိုးလို့ ရ၊ မရကတော့ သက်ဆိုင်ရာ HIV ဆေးခန်းတွေကို မေးဖို့ အကြံပြုပါတယ်နော်။

ကျန်းမာပျော်ရွှင်စွာ ပုံမှန်နေထိုင်ခွင်ရရှိပိုင်ဆိုင်ပါစေ
Ph 09441430034 🌼🌼

Ref: Thaiger
#ထိုင်းရောက်မြန်မာ

🎗🎗🎗HIV နှင့်အတူ နေထိုင်သူများအတွက် စိတ်ကျန်းမာရေးက ဘာကြောင့် အရေးကြီးသလဲ? 🎈🎈🎈HIV ကဲ့သို့သော ရေရှည်ကျန်းမာရေးအခြေအနေတစ်ခု...
11/07/2026

🎗🎗🎗HIV နှင့်အတူ နေထိုင်သူများအတွက် စိတ်ကျန်းမာရေးက ဘာကြောင့် အရေးကြီးသလဲ? 🎈🎈🎈

HIV ကဲ့သို့သော ရေရှည်ကျန်းမာရေးအခြေအနေတစ်ခုနှင့် နေထိုင်ရခြင်းသည် လူတစ်ဦး၏ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအပေါ် သက်ရောက်မှုရှိနိုင်ပါသည်။

HIV ပိုးရှိကြောင်း သိရှိပြီးနောက် အချို့သောသူများသည် စိတ်ဖိစီးမှု၊ စိုးရိမ်ပူပန်မှု သို့မဟုတ် စိတ်ဓာတ်ကျမှုများကို ကြုံတွေ့ရနိုင်ပါသည်။ ထိုအချိန်များတွင် မိသားစု၊ မိတ်ဆွေများ၊ ကျန်းမာရေးဝန်ထမ်းများ သို့မဟုတ် စိတ်ကျန်းမာရေးပညာရှင်များ၏ အားပေးကူညီမှုသည် များစွာအရေးပါပြီး အားအင်တစ်ခု ဖြစ်စေနိုင်ပါသည်။

စိတ်ကျန်းမာရေးကို ဂရုစိုက်ခြင်းသည် ကိုယ်ကျန်းမာရေးကို ဂရုစိုက်ခြင်းနှင့် တန်းတူ အရေးကြီးပါသည်။

အကူအညီတောင်းခံခြင်းသည် အားနည်းခြင်းမဟုတ်ဘဲ သတ္တိရှိခြင်း၏ လက္ခဏာဖြစ်ပြီး ဘဝ၏အခက်အခဲများကို မည်သူမျှ တစ်ယောက်တည်း ရင်ဆိုင်ရန် မလိုအပ်ပါ။

💚 သင့်အမြင်ကရော ဘယ်လိုလဲ?
ကျန်းမာရေးနှင့်ပတ်သက်သော ခက်ခဲသည့် သတင်းတစ်ခုကို ယခုမှ သိရှိလိုက်ရသူတစ်ဦးကို သင် ဘာအကြံဉာဏ်ပေးချင်ပါသလဲ။ Comment မှာ မျှဝေပေးခဲ့ပါ။

​🎈🎈HIV နှင့် ပတ်သက်၍ အကြံဉာဏ်ရယူခြင်း၊ စိတ်ကျန်းမာရေးဆိုင်ရာ အားပေးကူညီမှု၊ ART နှင့် PEP ဆေးဝါးများအတွက် အောက်ပါဖုန်းနံပါတ်သို့ ဆက်သွယ်နိုင်ပါသည်။ ​📞 ဖုန်း - 09 441430034

ကျန်းမာပျော်ရွှင်စွာ ပုံမှန် နေထိုင်မူ ရရှိပိုင်ဆိုင်နိူင်ပါစေ 🎈🎈

Crd #

💉 PrEP ထိုးဆေး – HIV ကို ကြိုတင်ကာကွယ်နိုင်တဲ့ ရွေးချယ်စရာအသစ်🎗🎗🎗PrEP (Pre-Exposure Prophylaxis) ဆိုတာ HIV မရှိသေးသူများ...
06/07/2026

💉 PrEP ထိုးဆေး – HIV ကို ကြိုတင်ကာကွယ်နိုင်တဲ့ ရွေးချယ်စရာအသစ်🎗🎗🎗
PrEP (Pre-Exposure Prophylaxis) ဆိုတာ HIV မရှိသေးသူများအတွက် HIV ကူးစက်နိုင်ခြေကို ကြိုတင်လျှော့ချပေးနိုင်တဲ့ ဆေးဖြစ်ပါတယ်။
ယခင်က PrEP ကို နေ့စဉ်သောက်ဆေး အဖြစ်သာ အသုံးပြုခဲ့ကြပေမယ့် ယခုအခါမှာ အချိန်ကြာရှည်အာနိသင်ရှိတဲ့ PrEP ထိုးဆေး (Long-acting Injectable PrEP) တွေလည်း အသုံးပြုနိုင်လာပြီဖြစ်ပါတယ်။
🌍 ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ၂၀၂၅ ခုနှစ်၊ Kigali, Rwanda တွင် ကျင်းပခဲ့တဲ့ 13th International AIDS Society Conference on HIV Science (IAS 2025) မှာ Lenacapavir (LEN) ကို HIV ကာကွယ်ရေးအတွက် PrEP ရွေးချယ်စရာအသစ်အဖြစ် အကြံပြုခဲ့ပါတယ်။ ယခုအခါ WHO က အကြံပြုထားတဲ့ Long-acting Injectable PrEP တွေကတော့ Cabotegravir (CAB-LA) နဲ့ Lenacapavir (LEN) တို့ဖြစ်ပါတယ်။
✅ Cabotegravir (CAB-LA) • Integrase inhibitor အမျိုးအစားဖြစ်ပြီး HIV ဗိုင်းရပ်စ်က ကိုယ်ခန္ဓာဆဲလ်၏ DNA ထဲသို့ ဝင်ရောက်ပေါင်းစည်းခြင်းကို တားဆီးပေးပါတယ်။ • ၂ လ (၈ ပတ်) တစ်ကြိမ် ထိုးပေးရပါတယ်။
✅ Lenacapavir (LEN) • Capsid inhibitor အမျိုးအစားဖြစ်ပြီး HIV ဗိုင်းရပ်စ်ရဲ့ အသက်ရှင်ပွားများမှု အဆင့်များစွာကို တားဆီးပေးနိုင်တဲ့ နည်းပညာသစ်ဖြစ်ပါတယ်။ • HIV ကာကွယ်ရေးအတွက် ၆ လတစ်ကြိမ် (တစ်နှစ် ၂ ကြိမ်) သာ ထိုးပေးရပါတယ်။
💜 PrEP ထိုးဆေးနဲ့ PrEP သောက်ဆေး နှစ်မျိုးစလုံးဟာ HIV ကူးစက်မှုကို ထိရောက်စွာ ကာကွယ်ပေးနိုင်ပါတယ်။ ထိုးဆေးရဲ့ အားသာချက်ကတော့ နေ့တိုင်းဆေးသောက်ဖို့ မလိုတော့တာ၊ ဆေးသောက်မေ့တာကို လျှော့ချပေးနိုင်တာနဲ့ HIV ကာကွယ်ရေးကို ပိုမိုအဆင်ပြေစေတာ ဖြစ်ပါတယ်။
PrEP ဟာ HIV ကူးစက်နိုင်ခြေရှိသူတိုင်းအတွက် HIV ကို ကြိုတင်ကာကွယ်နိုင်တဲ့ ရွေးချယ်စရာတစ်ခုဖြစ်ပါတယ်။
🇲🇲 မြန်မာနိုင်ငံမှာ ရနိုင်ပြီလား?
လက်ရှိအချိန်မှာ PrEP သောက်ဆေး ကို မြန်မာနိုင်ငံရှိ HIV/Key Population ဝန်ဆောင်မှုပေးနေတဲ့ ဆေးခန်းများနှင့် NGO/INGO အချို့မှာ ရရှိနိုင်ပါတယ်။
သို့သော် PrEP ထိုးဆေး (Cabotegravir – CAB-LA နှင့် Lenacapavir – LEN) ကိုတော့ မြန်မာနိုင်ငံမှာ အများပြည်သူအတွက် ပုံမှန်ဝန်ဆောင်မှုအဖြစ် ကျယ်ကျယ်ပြန့်ပြန့် မရရှိသေးပါ။ နောက်လာမယ့် နှစ်တွေမှာ
ရရှိအသုံးပြုနိုင်ရန် မျှော်လင့်ထားပါတယ်။
📞 HIV Counseling / Mental Health Counseling / Psychosocial Support နှင့် PEP / PrEP အကြောင်း သိရှိဆွေးနွေးလိုပါက
09 441 430 034 သို့ ဆက်သွယ်၍ အခမဲ့ မေးမြန်း၊ ဆွေးနွေး၊ တိုင်ပင်နိုင်ပါသည်။ 💜
Remark ..Page စာသားများ copy ယူပါက Crd ပေးပေးပါရန် &&& ကျေးဇူးတင်ပါသည် ။

HIV ပိုး ရှိသူ  ကလေးရလိုခြင်း ✨️✨️🎈🎈✨️HIV ပိုးရှိသူ ထဲကမှ တစ်ချို့သော သူ ( အမျိုးသား က ရောဂါပိုးရှိပီး အမျိုးသမီး က ရောဂ...
03/07/2026

HIV ပိုး ရှိသူ ကလေးရလိုခြင်း ✨️✨️🎈🎈✨️
HIV ပိုးရှိသူ ထဲကမှ တစ်ချို့သော သူ ( အမျိုးသား က ရောဂါပိုးရှိပီး အမျိုးသမီး က ရောဂါပိုး မရှိ သူ ) တွေ ဟာ မိမိ ရင်သွေး ရလိုတာ ရှိပါတယ် ၊ ကလေး ရလိုခြင်းအတွက် ပထမဦးစွာ အမျိုးသမီးတစ်ဦး၏ ဓမ္မတာ (ရာသီလာခြင်း) စက်ဝန်း (Menstrual Cycle) ကို အောက်ပါအတိုင်း တွက်နိုင်ပါတယ်။
🧧🎗၁။ ဓမ္မတာစက်ဝန်းကို ဘယ်လိုတွက်မလဲ။
ဓမ္မတာလာတဲ့ ပထမနေ့ ကို Day 1 အဖြစ် သတ်မှတ်ပါ။
နောက်တစ်ကြိမ် ဓမ္မတာ လာတဲ့ ပထမနေ့အထိ ရက်အရေအတွက်ကို ရေတွက်ပါ။
အဲဒီရက်အရေအတွက်က ဓမ္မတာစက်ဝန်း ဖြစ်ပါတယ်။
ဥပမာ
ဇူလိုင် ၁ ရက် – ဓမ္မတာစတင်လာသည် (Day 1)
နောက်တစ်ကြိမ် ဇူလိုင် ၂၉ ရက်တွင် စလာသည်။
ဇူလိုင် ၁ မှ ဇူလိုင် ၂၉ အထိ = ၂၈ ရက် စက်ဝန်း
🧧🎗🎗၂။ ပုံမှန်စက်ဝန်းက ဘယ်လောက်လဲ။
ပုံမှန်အားဖြင့် ၂၁ ရက်မှ ၃၅ ရက် အတွင်း ဖြစ်နိုင်ပါတယ်။
လူအများစုမှာ ၂၈ ရက် ဝန်းကျင်ရှိတတ်ပေမယ့် လူတိုင်း ၂၈ ရက်တိတိ မဟုတ်ပါ။
🧧🎗🎗🎗၃။ ဓမ္မတာက ဘယ်နှရက်ကြာလဲ။
ပုံမှန်အားဖြင့် ၃ ရက်မှ ၇ ရက် ကြာတတ်ပါတယ်။
🧧🎗🎗🎗🎗၄။မျိုးဥထွက်ချိန် (Ovulation)
ပုံမှန် ၂၈ ရက်စက်ဝန်း ဖြစ်ပါက မျိုးဥထွက်ချိန်သည် Day 14 ဝန်းကျင် ဖြစ်တတ်ပါတယ်။
ကိုယ်ဝန်ရနိုင်ခြေ အများဆုံးက မျိုးဥမထွက်မီ ၅ ရက်မှ မျိုးဥထွက်ပြီး ၁ ရက်အထိ ဖြစ်ပါတယ်။
🎗🎗🎗🎗🎗
​HIV နှင့် ပတ်သက်၍ အကြံဉာဏ်ရယူခြင်း၊ စိတ်ကျန်းမာရေးဆိုင်ရာ အားပေးကူညီမှု၊ ART နှင့် PEP ဆေးဝါးများအတွက် အောက်ပါဖုန်းနံပါတ်သို့ ဆက်သွယ်နိုင်ပါသည်။ ​📞 ဖုန်း - 09 441430034
ကျန်းမာ ပျော်ရွှင်စွာ ပုံမှန် နေထိုင်မူ ရရှိပိုင်ဆိုင်ပါစေ
# # HIV Hotline Initiative Group ( HHIG )
# # Ph ..09441430034

HIV ပိုးရှိသော ကိုယ်ဝန်ဆောင်မိခင်မှ ကလေးသို့ HIV ကူးစက်ခြင်းကို မိခင်မှ ကလေးသို့ HIV ကူးစက်ခြင်းနှင့်ကာကွယ်ခြင်း  ( Prev...
01/07/2026

HIV ပိုးရှိသော ကိုယ်ဝန်ဆောင်မိခင်မှ ကလေးသို့ HIV ကူးစက်ခြင်းကို မိခင်မှ ကလေးသို့ HIV ကူးစက်ခြင်းနှင့်ကာကွယ်ခြင်း ( Preventation Mother-to-Child Transmission – PMTCT) ဟုခေါ်ပါသည်။
HIV သည် ကလေးသို့ ဘယ်အချိန်တွေမှာ ကူးစက်နိုင်သလဲ?
HIV သည် အောက်ပါအချိန် (၃) မျိုးတွင် ကူးစက်နိုင်ပါသည်။
ကိုယ်ဝန်ဆောင်စဉ် – အချင်း (Placenta) မှတစ်ဆင့် ကလေးသို့ ကူးစက်နိုင်သည်။
မီးဖွားစဉ် – မွေးဖွားစဉ် မိခင်၏ သွေးနှင့် ကိုယ်တွင်းအရည်များနှင့် ထိတွေ့ရာမှ ကူးစက်နိုင်သည်။
မိခင်နို့တိုက်စဉ် – HIV ပါဝင်သော မိခင်နို့မှတစ်ဆင့် ကူးစက်နိုင်သည်။
HIV ကူးစက်နိုင်ခြေ ဘယ်လောက်ရှိသလဲ?
ကုသမှုမခံယူပါက ကလေးသို့ HIV ကူးစက်နိုင်ခြေမှာ 15% မှ 45% အထိ ရှိနိုင်သည်။
HIV ဆေး (ART) ကို မှန်မှန်သောက်ပြီး ဆရာဝန်ညွှန်ကြားချက်များကို လိုက်နာပါက ကူးစက်နိုင်ခြေကို 5% အောက် (အချို့နေရာများတွင် 1% အောက်) အထိ လျှော့ချနိုင်ပါသည်။
ကလေးသို့ HIV မကူးစက်စေရန် ဘာလုပ်သင့်သလဲ?
ကိုယ်ဝန်ရှိကြောင်း သိသည်နှင့် HIV စစ်ဆေးမှု ပြုလုပ်ပါ။
HIV ပိုးရှိပါက ART (Antiretroviral Therapy) ဆေးကို နေ့စဉ် မှန်မှန်သောက်ပါ။
ကိုယ်ဝန်ဆောင်စောင့်ရှောက်မှု (ANC) ကို ပုံမှန်ခံယူပါ။
မီးဖွားမည့်အစီအစဉ်ကို ကျန်းမာရေးဝန်ထမ်းနှင့် တိုင်ပင်ဆွေးနွေးပါ။
ကလေးမွေးပြီးနောက် ကလေးအတွက် HIV ကာကွယ်ဆေးဝါး ကို သတ်မှတ်ထားသည့်အတိုင်း တိုက်ပေးပါ။
ကလေးကို HIV စစ်ဆေးမှု သတ်မှတ်ထားသောအချိန်တွင် ပြုလုပ်ပါ။
မိခင်နို့တိုက်ကျွေးခြင်း နှင့်ပတ်သက်၍ ကျန်းမာရေးဝန်ထမ်း၏ အကြံပြုချက်ကို လိုက်နာပါ။ မိခင်သည် ART ကို မှန်မှန်သောက်နေပါက မိခင်နို့တိုက်ကျွေးခြင်းသည် အရေးကြီးသော အကျိုးကျေးဇူးများရှိပြီး နိုင်ငံအလိုက် လမ်းညွှန်ချက်များကို လိုက်နာသင့်ပါသည်။
အရေးကြီးသော အသိပေးချက်
HIV ပိုးရှိသော မိခင်တစ်ဦးသည် ART ဆေးကို မှန်မှန်သောက်ပြီး ကျန်းမာရေးဝန်ထမ်း၏ လမ်းညွှန်ချက်များကို လိုက်နာပါက HIV မရှိသော ကျန်းမာသော ကလေးကို မွေးဖွားနိုင်ပါသည်။
အဓိက သတင်းစကား
"HIV ရှိခြင်းသည် HIV ရှိသော ကလေးကို မဖြစ်မနေ မွေးဖွားရမည်ဟု မဆိုလိုပါ။ စောစီးစွာ စစ်ဆေးခြင်း၊ ART ဆေးကို မှန်မှန်သောက်ခြင်းနှင့် ကျန်းမာရေးဝန်ထမ်း၏ လမ်းညွှန်ချက်များကို လိုက်နာခြင်းဖြင့် မိခင်မှ ကလေးသို့ HIV ကူးစက်မှုကို ထိရောက်စွာ ကာကွယ်နိုင်ပါသည်။"
​HIV နှင့် ပတ်သက်၍ အကြံဉာဏ်ရယူခြင်း၊ စိတ်ကျန်းမာရေးဆိုင်ရာ အားပေးကူညီမှု၊ ART နှင့် PEP ဆေးဝါးများအတွက် အောက်ပါဖုန်းနံပါတ်သို့ ဆက်သွယ်နိုင်ပါသည်။ ​📞 ဖုန်း - 09 441430034
ကျန်းမာပျော်ရွှင်စွာဖြင့် ပုံမှန်နေထိုင်မူ ရရှိနိူင်ပါစေ ။
# # HIV Hotline Initiative Group ( HHIG )
# 09441430034

HIV နှင့် AIDS 🎗🎗🎗​၁။ HIV ဆိုသည်မှာ ဘာလဲ?2✨️✨️​HIV (Human Immunodeficiency Virus) သည် လူ၏ ကိုယ်ခံအားစနစ်ကို တိုက်ခိုက်ဖျ...
30/06/2026

HIV နှင့် AIDS 🎗🎗🎗
​၁။ HIV ဆိုသည်မှာ ဘာလဲ?2✨️✨️
​HIV (Human Immunodeficiency Virus) သည် လူ၏ ကိုယ်ခံအားစနစ်ကို တိုက်ခိုက်ဖျက်ဆီးသော ဗိုင်းရပ်စ်ပိုးတစ်မျိုး ဖြစ်သည်။
​၂။ HIV ကူးစက်နိုင်သည့် နည်းလမ်းများ✨️✨️
​HIV သည် သွေး၊ သုတ်ရည်၊ မိန်းမကိုယ်အရည် နှင့် မိခင်နို့တို့မှတစ်ဆင့် ကူးစက်နိုင်ပါသည်။
​အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်း။
​ဆေးထိုးအပ်၊ ဆေးထိုးပြွန်နှင့် ထိုးသွင်းကိရိယာများကို မျှဝေသုံးစွဲခြင်း။
​HIV စစ်ဆေးထားခြင်းမရှိသော သွေးကို သွေးသွင်းခြင်း။
​မိခင်မှ ကလေးသို့ ကူးစက်ခြင်း (ကိုယ်ဝန်ဆောင်စဉ်၊ မီးဖွားစဉ် သို့မဟုတ် မိခင်နို့တိုက်စဉ်)။
​မှတ်ချက်။ လက်ဆွဲခြင်း၊ ပွေ့ဖက်ခြင်း၊ အတူစားသောက်ခြင်း၊ ခြင်ကိုက်ခြင်း၊ အိမ်သာအတူအသုံးပြုခြင်း၊ ချောင်းဆိုးခြင်းနှင့် နှာချေခြင်းတို့ဖြင့် မကူးစက်နိုင်ပါ။
​၃။ HIV စစ်ဆေးခြင်း✨️✨️
​အန္တရာယ်ရှိသော အပြုအမူ ဖြစ်ပွားပြီးနောက် စစ်ဆေးနည်းအလိုက် ၂ ပတ်မှ ၃ လအတွင်း စစ်ဆေးနိုင်ပါသည်။
​သံသယရှိပါက ကျန်းမာရေးဝန်ထမ်းနှင့် တိုင်ပင်၍ အချိန်မှန် စစ်ဆေးပါ။
​၄။ HIV ၏ အစောပိုင်းလက္ခဏာများ✨️✨️
​ကူးစက်သူတိုင်းတွင် လက္ခဏာပြမည်မဟုတ်ပါ။ အချို့သူများတွင် ၂ ပတ်မှ ၄ ပတ်အတွင်း အောက်ပါလက္ခဏာများ ဖြစ်ပေါ်နိုင်ပါသည်။
​ဖျားခြင်းနှင့် လည်ချောင်းနာခြင်း။
​အကြိတ်ရောင်ခြင်း။
​ကိုယ်အလေးချိန်ကျခြင်းနှင့် ဝမ်းလျှောခြင်း။
​ပါးစပ်အနာဖြစ်ခြင်းနှင့် အရေပြားအဖုထွက်ခြင်း။
​၅။ ကာကွယ်ခြင်းနှင့် ကုသခြင်း✨️✨️
​ကာကွယ်နည်း: ကွန်ဒုံးကို မှန်ကန်စွာအသုံးပြုပါ၊ ဆေးထိုးအပ်များ မျှဝေမသုံးပါနှင့်၊ HIV စစ်ဆေးထားသော သွေးကိုသာ သွင်းပါ။
​ကုသခြင်း: ART ဆေးကို ပုံမှန်သောက်သုံးခြင်းဖြင့် ကျန်းမာစွာ၊ အသက်ရှည်စွာ နေထိုင်နိုင်ပါသည်။
​U=U (Undetectable = Untransmittable): ART ဆေးဖြင့် ပိုးအရေအတွက်ကို မတွေ့နိုင်အောင် ထိန်းထားနိုင်ပါက လိင်ဆက်ဆံခြင်းမှတစ်ဆင့် HIV မကူးစက်တော့ပါ။
​၆။ အကူအညီရယူရန်🎈🎈🎈
​HIV နှင့် ပတ်သက်၍ အကြံဉာဏ်ရယူခြင်း၊ စိတ်ပိုင်းဆိုင်ရာ အားပေးကူညီခြင်း ၊ ART နှင့် PEP ဆေးဝါးများအတွက် အောက်ပါဖုန်းနံပါတ်သို့ ဆက်သွယ်နိုင်ပါသည်။
​📞 ဖုန်း - 09 441430034🎗🎗🎗
ကျန်းမာပျော်ရွှင်စွာ ပုံမှန် နေထိုင်မူ ရရှိပိုင်ဆိုင်နိူင်ပါစေ
# Hotline Initiative Group ( HHIG )
# #09441430034

↗️↗️ Positive Life⬆️⬆️⬆️HIV Positive ဆိုတဲ့ အဖြေကို ရလို့ ပျော်သွားသူကိုတော့ မတွေ့ဖူးသေးပါဘူး။ လူအများစုက ရောဂါပိုးရှိနေ...
28/06/2026

↗️↗️ Positive Life⬆️⬆️⬆️
HIV Positive ဆိုတဲ့ အဖြေကို ရလို့ ပျော်သွားသူကိုတော့ မတွေ့ဖူးသေးပါဘူး။ လူအများစုက ရောဂါပိုးရှိနေကြောင်း သိလိုက်ရချိန်မှာ အလွန်စိုးရိမ်ကြောက်ရွံ့တတ်ကြပါတယ်။
အဓိက စိုးရိမ်ရတဲ့ အချက်တွေကတော့—🚫
၁။ လူမှုအသိုင်းအဝိုင်းက ခွဲခြားဆက်ဆံမှာကို ကြောက်ခြင်း ☢️
HIV ရှိတယ်ဆိုတာကြောင့် တစ်စုံတစ်ယောက်က ခွဲခြားဆက်ဆံတယ်ဆိုရင်၊ အဲဒီသူမှာ HIV နဲ့ပတ်သက်တဲ့ ကျန်းမာရေးဗဟုသုတ မလုံလောက်တာကြောင့် ဖြစ်နိုင်ပါတယ်။ နားလည်အောင် ရှင်းပြပေးဖို့ ကြိုးစားပါ။ ကိုယ်တိုင်လည်း မှန်ကန်တဲ့ ကျန်းမာရေးဗဟုသုတကို လေ့လာထားဖို့ လိုပါတယ်။
၂။ သာမန်လူတွေလို အသက်ရှည်မနေနိုင်မှာကို ကြောက်ခြင်း ☢️☢️
HIV ရှိလို့ အသက်တိုမယ်လို့ မဆိုလိုပါဘူး။ ART ဆေးကို ပုံမှန်သောက်ပြီး ကျန်းမာရေးစောင့်ရှောက်မှုကို ဆက်လက်ခံယူမယ်ဆိုရင် လူအများနဲ့တန်းတူ ကျန်းမာစွာ၊ အသက်ရှည်စွာ နေထိုင်နိုင်ပါတယ်။
၃။ ပုံမှန်ဘဝ ဆုံးရှုံးသွားမှာကို ကြောက်ခြင်း☢️☢️☢️
HIV ရှိတယ်ဆိုလို့ အားငယ်နေစရာ မလိုပါဘူး။ ကုသမှုကို ဆက်လက်ခံယူပါ၊ မိမိကျန်းမာရေးကို ဂရုစိုက်ပါ၊ အခြားသူများသို့ မကူးစက်အောင် နေထိုင်ပါ။ ကျန်းမာလာတဲ့အခါ အလုပ်လုပ်နိုင်တယ်၊ မိသားစုနဲ့ ပျော်ရွှင်စွာ နေထိုင်နိုင်တယ်၊ ကိုယ်လိုချင်တဲ့ အိပ်မက်တွေကိုလည်း ဆက်လက်အကောင်အထည်ဖော်နိုင်ပါတယ်။
💚 HIV Positive ဖြစ်ခြင်းဟာ ဘဝအဆုံး မဟုတ်ပါဘူး။ ကုသမှုရှိတယ်။ မျှော်လင့်ချက်ရှိတယ်။ အနာဂတ်ရှိတယ်။
တစ်ဆင့်မျှဝေပေးခြင်းဖြင့် HIV နှင့်ပတ်သက်သော အမုန်းတရားများ၊ ခွဲခြားဆက်ဆံမှုများကို လျှော့ချနိုင်ပါတယ်။
ကျန်းမာပျော်ရွှင်စွာဖြင့် ပုံမှန်နေထိုင်မူရရှိပိုင်ဆိုင်နိူင်ပါစေ ⬆️⬆️⬆️⬆️
HIV Counseling / Mental Health Counseling / Psychosocial Support လိုအပ်ပါက ဆက်သွယ်ဆွေးနွေးနိူင်ပါသည် ..🚹🚹🚹phone **09441430034
# Hotline Initiative Group ( HHIG )
# #09441430034

26/06/2026

National HIV Testing Day ♡♡●●♤♤

ဒီနေ့ က National HIV Testing Day ပါ ↗️↗️

HIV စစ်ဆေးပြီးရင် ဘာဆက်လုပ်သင့်လဲ?

HIV စစ်ဆေးမှုရလဒ်က အနုတ် (Negative) ဖြစ်စေ၊ အပေါင်း (Positive) ဖြစ်စေ မိမိကျန်းမာရေးကို ကာကွယ်စောင့်ရှောက်ရန် လုပ်ဆောင်နိုင်သည့် အရာများ ရှိပါသည်။

➖ ရလဒ် အနုတ် (HIV Negative)HIV မကူးစက်အောင် ကာကွယ်နိုင်သည့် နည်းလမ်းများကို အသုံးပြုပါ။• PrEP (Pre-Exposure Prophylaxis) သောက်သုံးခြင်း• ကွန်ဒုံး ကို မှန်ကန်စွာ အသုံးပြုခြင်း• လိင်ဆက်ဆံဖော် တစ်ဦးတည်းသာ ရှိခြင်း (အပြန်အလှန် သစ္စာရှိခြင်း)

➕ ရလဒ် အပေါင်း (HIV Positive)ကျန်းမာရေးကို ကာကွယ်ပြီး အခြားသူများထံ HIV မကူးစက်စေရန် HIV ကုသဆေး (ART – Antiretroviral Therapy) ကို အမြန်ဆုံး စတင်သောက်သုံးပါ။

✅ HIV စစ်ဆေးခြင်း၏ အကျိုးကျေးဇူးများမှာ• အချိန်တိုအတွင်း သိရှိနိုင်ခြင်း• မိမိကိုယ်ရေးအချက်အလက်ကို လျှို့ဝှက်ထားပေးသည်။ (Confidential)• နေရာအချို့တွင် အခမဲ့ စစ်ဆေးနိုင်သည်။

မိမိ၏ HIV အခြေအနေကို သိရှိခြင်းသည် မိမိကျန်းမာရေးကို ကာကွယ်ရန် ပထမဆုံးခြေလှမ်း ဖြစ်ပါသည်။

ယနေ့ပဲ HIV စစ်ဆေးမှု ပြုလုပ်လိုက်ပါ။
HIV Testing အတွက်
↕️Pre Test Counseling and Post test Counseling

↕️ PreP and PEP Counseling

↕️ART Counseling

↕️HIV Family Counseling

↕️Psychosocial Support

↕️Mental Health Counseling

လိုအပ်ပါက ဖုန်း _ 09441430034 သို့ ဆက်သွယ်ဆွေးနွေးနိူင်ပါသည် ..


# # HHIG
# # Ph 09441430034

HIV PEP ဆိုတာဘာလဲ? 🔶️🔶️🔶️PEP (Post-Exposure Prophylaxis) ဆိုသည်မှာ HIV နှင့် ထိတွေ့ပြီးနောက် HIV ကူးစက်မှုကို ကာကွယ်ရန် ...
25/06/2026

HIV PEP ဆိုတာဘာလဲ? 🔶️🔶️
🔶️PEP (Post-Exposure Prophylaxis) ဆိုသည်မှာ HIV နှင့် ထိတွေ့ပြီးနောက် HIV ကူးစက်မှုကို ကာကွယ်ရန် သောက်သုံးရသော အရေးပေါ် HIV ကာကွယ်ဆေးကုသမှု ဖြစ်ပါသည်။
PEP ကို ဘယ်အချိန်မှာ သုံးသင့်လဲ?🔶️🔶️
↔️ကွန်ဒုံးပေါက်ခြင်း သို့မဟုတ် အကာအကွယ်မဲ့ လိင်ဆက်ဆံပြီးနောက်
↔️HIV ရှိနိုင်သူ၏ သွေး သို့မဟုတ် ကိုယ်တွင်းအရည်နှင့် ထိတွေ့မိပြီးနောက်
↔️ဆေးထိုးအပ်၊ ဓားစသည်တို့ဖြင့် မတော်တဆ ထိခိုက်မိပြီးနောက်
↔️လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရပြီးနောက်
အရေးကြီးဆုံးအချက်HIV ထိတွေ့ပြီး ၇၂ နာရီ (၃ ရက်) အတွင်း PEP ကို စတင်သောက်ရန် လိုအပ်သည်။
အမြန်ဆုံး ( စတင်သောက်လေ၊ ထိရောက်မှု ပိုကောင်းလေ ဖြစ်သည်)။
🔶️🔶️🔶️
၇၂ နာရီ ကျော်သွားပါက PEP ၏ ထိရောက်မှု လျော့နည်းသွားပြီး အာနိသင် လျော့တတ်ပါသည် ။
PEP ကို ဘယ်လောက်ကြာ သောက်ရမလဲ?🔶️🔶️
၂၈ ရက် (၄ ပတ်) တိတိ ဆက်တိုက် သောက်ရပါသည်။
ဆေးကို နေ့မပျက်၊ အချိန်မှန် သောက်ရန် အရေးကြီးပါသည်။
ဘေးထွက်လက္ခဏာများ အချို့သူများတွင်
ပျို့အန်ခြင်း
မောပန်းနွမ်းနယ်ခြင်း
ခေါင်းကိုက်ခြင်း
ဝမ်းလျှောခြင်း စသည့် လက္ခဏာများ ဖြစ်နိုင်သော်လည်း များသောအားဖြင့် ဘေးထွက်ဆိုးကျုိး နည်းပါးပါးသည် ။
သတိပြုရန်🔺️🔺️🔺️
PEP သည် HIV ကူးစက်မှုကို ၁၀၀% အာမခံကာကွယ်ပေးသော ဆေးမဟုတ်ပါ။
PEP စတင်မီနှင့် စတင်ပြီးနောက် HIV စစ်ဆေးမှုများကို ကျန်းမာရေးဝန်ထမ်း၏ လမ်းညွှန်မှုအတိုင်း ပြုလုပ်သင့်ပါသည်။
PEP သည် အရေးပေါ်အသုံးပြုရန် ဖြစ်ပြီး HIV ကာကွယ်ရေးအတွက် ပုံမှန်နည်းလမ်းအဖြစ် မသုံးသင့်ပါ။
အဓိက "HIV နှင့် ထိတွေ့မိသည်ဟု သံသယရှိပါက စောင့်မနေပါနှင့်။ ၇၂ နာရီအတွင်း PEP အကြောင်း တိုင်ပင်ဆွေးနွေးပါ။"
✳️✳️ART နှင့် PEP ဆေးအကြောင်း ဖုန်း 09441430034 သို့ တိုင်ပင်ဆွးနွေး နိူင်ပါသည်*

Address

Yangon

Telephone

09441430034

Website

Alerts

Be the first to know and let us send you an email when HIV Knowledge and ရှင်သန်ခြင်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share