23/09/2026
#နေပူထဲသွားရင်_မျက်နာမှာအနီကွက်ကြီးထွက်လာတယ်
#အဆစ်လေးတွေ_ရောင်တယ်_ကိုက်တယ်
ေမကောင်းဖြစ်တယ်
( )
#အရေပြားလေးဖက်နာရောဂါ
ဖြစ်တာသိပ်မရှားပေမယ့် ၊ Covid ဖြစ်ပြီးနောက်ပိုင်းမှ လူတော်တော်များများ ကြားမိ၊ သတိထားမိလာကြတဲ့ရောဂါပါ။
ရောဂါ လက္ခဏာတွေကများသလို၊ Presentations တွေက စုံတဲ့အတွက် #ဗဟုသုတရစေရန်နှင့်၊ ရောဂါရှိတဲ့ သူများ #ဘာလို့ဖြစ်ရတာလဲ ဆိုတာ သိရှိစေရန် ရည်ရွယ်ပါတယ်။
Auto-Immune disease အမျိုးအစားထဲပါတဲ့ခန္ဓာကိုယ်ရဲ့ ကာကွယ်ရေးစနစ်ကမောက်ကမ ဖြစ်တဲ့ရောဂါပါ။
ထပ်ရှင်းရရင် ကျွန်တော်တို့ခန္ဓာကိုယ်က
Self - မိမိကိုယ်တိုင်လား ?
non-self ပြင်ပက ပစ္စည်းလား ? ဆိုတာကို ခွဲခြားသိ ပါတယ် ၊
ပြင်ပ ပစ္စည်း (ဥပမာ - ရောဂါပိုးတွေခန္ဓာကိုယ်ထဲရောက်လာရင် သတ်ပစ်တာပေါ့)
Auto Immune ရောဂါဆိုတာ အဗပါ်ကပြောတဲ့ self လား non self လား မခွဲနိုင်တော့တာပါ။ အဲ့လိုနဲ့ ကိုယ်ခံအားက ပိုး တွေဝင်လာမှ တိုက်ဖို့လုပ်တာမဟုတ်တော့ပဲ၊ မိမိ ခန္ဓာကိုယ်ရဲ့ Cells တွေကို
ပြန်တိုက်ခိုက်ဖျက်ဆီးတော့တာပါ။
__________
အဲ့ဒီရောဂါမှာရှိတဲ့ ဓာတ်ပစ္စည်းတွေထဲက ရောဂါလက္ခဏာ တော်တော်များများကို ရှင်းပြလို့ရတဲ့ Antibody တစ်မျိုးကို ရှင်းပြချင်ပါတယ်။
SLE (antiphospholipid syndrome)
သူက phospholipid ဆိုတဲ့ အဆီလွှာကို တိုက်ပါတယ်။
ပြဿနာက ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်က Cells တိုင်းကို ဖုံးအုပ်ထားတဲ့ အလွှာက phospholipid bilayer ပါ။
အဲ့တော့ phospholipid ကို တိုက်တဲ့ Antibody (ဓာတ်ပစ္စည်း) ထွက်တဲ့အတွက်
SLE အရမ်းဆိုးရင် မထိခိုက်တဲ့နေရာမရှိပါဘူး။
👉👉👉
cells တိုင်းကိုတိုက်တော့ နေရာတိုင်း ထိပေမယ့် cell တစ်လုံးစီရှိတဲ့နေရာလေးတွေက လက္ခဏာပိုသိသိသာသာပြပါတယ်
- Photosensitive ဖြစ်တယ်လို့ ခေါ်ပါတယ် နေရောင်နဲ့ထိရင် ရောဂါကြွပါတယ်
- အရေပြား ကသွေးကြော လေးတွေရောင်တော့ #အနီကွက်တွေ ထွက်ပါတယ် (မျက်နှာမှာ , ကိုယ်လုံးမှာ )
- အရေပြား Cells တွေမှာ အမွေးလည်းပါတော့ အမွေးကျွတ်ပါတယ် ဆံပင်ကျွတ်ပါတယ် (Hair loss)
- Mucosa လို့ခေါ်တဲ့ အလွှာတွေကို တိုက်တော့ ပါးစပ်နဲ့ နှာခေါင်းမှာ အနာလေးတွေပေါက်ပါတယ် (Oral and nasal ulceration)
- သွေးကြောလေးတွေရောင်စေတော့ သွေးကြောသေးသေးလေးတွေ အများကြီးစုထားတဲ့ အင်္ဂါ ကျောက်ကပ်ရောင်ပါတယ် (SLE nephritis)
- သွေး cells တွေကိုတိုက်တဲ့ အတွက် သွေးနီဥတွေပေါက်ကုန်ပါတယ်=> သွေးအားနည်းရောဂါရပါတယ် (Haemolytic anaemia) ၊သွေးဖြူဥတွေသေကုန်တဲ့အတွက် (ကူးစက်ရောဂါခဏ ခဏ ဖြစ်ပါတယ်)
- အဆစ်တွေကိုလည်းတိုက်တဲ့ အတွက် အဆစ်ရောင်ပါတယ်
- Serosa ဆိုတဲ့ အရေပြားလို ကိုယ်ခန္ဓာအတွင်းပိုင်းကို အုပ်ထားတဲ့ အလွှာကိုလည်း တိုက်တဲ့အတွက် (Serositis => Pleuritis အဆုတ်အမြှေးပါးရောင်ရင် #ရင်ပတ်အောင့်ပါတယ်၊ Pericarditis နှလုံးအမြှေးပါးရောင်ရင် #ရင်ပတ်အောင့်ပါတယ်၊ peritonitis => ဝမ်းခေါင်းအမြှေးပါးရောင်ရင် #ဗိုက်အောင့်ပါတယ်၊
👉👉👉
SLE လူနာတွေမှာက Antibody က ရှိပြီးသားပေမယ့် အရမ်းအင်အားမကောင်းသေးတဲ့ အချိန် လက္ခဏာမပြသေးပါဘူး။ ဒါပေမယ့် ကိုယ်ခံအားကို လှုံ့ဆော်တဲ့ ကိစ္စတွေရှိလာရင်ရောဂါကြွပါတယ်
- ရောဂါပိုးတစ်ခုခု ဝင်တာ
- ဆေး သောက်လိုက်တာ
- ပြင်ပကနေ Foreign body ဝင်ရင် ကိုယ်ခံအားကြွတဲ့ အတွက် တချို့ SLE လူနာတွေမှာ ကိုယ်ဝန်ရှိသွားတာက ရောဂါ ကြွစေတဲ့ အကြောင်းရင်းဖြစ်သွားပါတယ်
ကလေးဆိုတာ ကိုယ့်သွေးသားဆိုပေမယ့် "အဖေ"ဖြစ်သူရဲ့ DNA တစ်ဝက်ပါပါတယ် အဲ့တော့ Foreign body ပါပဲ။ ကလေးရှိနေတဲ့ အတွက် ကိုယ်ခံအားက ကြွလာပြီး ရောဂါလက္ခဏာတွေ ဆိုးလာရသလို (ကိုယ်ခံအားအရမ်း ကြွလာလျှင် ကလေးကို တိုက်ခိုက်ပစ်လိုက်ပါတယ်)
***SLE လူနာတွေမှာ ကလေး အဖတ်မတင်တတ်ပါဘူး
👉👉👉
#ရောဂါရှိကြောင်း_ဘယ်လိုသိမလဲ ⁉️
- အပေါ်ကရောဂါလက္ခဏာတွေအပြင်
- သွေးစစ်ပါတယ် (ANA, ENA profile)
👉👉👉
#ရောဂါရှိနေပြီ_ဘာလုပ်မလဲ ⁉️
ကိုယ်ခံအားက ပြဿနာဖြစ်နေတဲ့ အတွက်အပြီးပျောက်သွားအောင် မလုပ်နိုင်ပါဘူး။
ကိုယ်ခံအားတရားလွန်ထကြွမနေအောင်နဲ့
ကိုယ်ခံအား ကျသွားမရအောင် ထိန်းညှိပြီးဆေးပေးရပါတယ်။
အဓိက ကတော့ အရောင်ကျဆေးပေးလိုက်တာနဲ့ သက်သာပါတယ် ( )
ရေရှည်မှာ Steroid တွေက အန္တရာယ်ရှိတဲ့ အတွက်
ကိုယ်ခံအားထိန်းညှိဆေး Drugs တွေပေးပါတယ်။
နေရောင်နဲ့ထိရင် ရောဂါပိုကြွစေတဲ့ အတွက်နေပူမခံပါနဲ့။
ဆေးတွေကလည်း ရောဂါပိုကြွစေတဲ့ အတွက် ဆေးတစ်ခုခုသောက်မယ် ဆိုတိုင်း ဆရာဝန်နဲ့တိုင်ပင်ပြီးမှသောက်ပါ
👉👉👉
သတိထားရမှာတွေက မိမိရဲ့ကိုယ်ခံအားကို ထိန်းညှိထားတဲ့အတွက် ပုံမှန်လူတွေလောက် ***ကိုယ်ခံအားမကောင်းပါဘူး
ရောဂါပိုးတွေဝင်လွယ်ပါတယ်
ဆေးတွေကြောင့် ပိုးဝင်ရင်တောင်ချက်ချင်းမဖျားပါဘူး ဖျားပြီဆိုတာ တော်တော်ကိုဆိုးတဲ့ အခြေအနေဖြစ်နေပါပြီ။ ဖျားတာနဲ့ ချက်ချင်း ဆရာဝန်ပြပါ။
TB ရောဂါကူးလွယ်ပါတယ်၊ ဖြစ်လွယ်ပါတယ်
နာနေတတ်တဲ့အတွက် အကိုက်ပျောက်ဆေးတွေအလွယ်သုံးတတ်ပါတယ်၊ ရောဂါကိုယ်တိုင်က ကျောက်ကပ်ကိုထိခိုက်စေတဲ့ အတွက်ကိုယ်ဟာကို အကိုက်ပျောက်ဆေးတွေအလွယ်သုံးရင် ကျောက်ကပ်အမြန်ပျက်တတ်ပါတယ်
ဆေးမီးတိုတွေ လုံးဝ (လုံးဝ) မသောက်ပါနဲ့
👉👉👉
ဒီလောက်ဆိုရင် ရောဂါအကြောင်းနည်းနည်းတီးမိခေါက်မိပြီထင်ပါတယ်။
SLE ရောဂါ ကိုပြသရမယ့်ဆရာဝန်က ပါ။ အရိုးအဆစ်နှင့်လေးဖက်နာအထူးကုဆရာဝန် ဖြစ်ပါတယ်။
ကျောက်ကပ်ကိုပါ ထိခိုက်ရင်တော့ ကျောက်ကပ်အထူးကုဆရာဝန်ကြီးနဲ့ပါ တွဲပြီး ကြည့်ရှု့ကုသပေးပါလိမ့်မယ်
ကျန်းမာရေးဗဟုသုတတိုးပြီး
သက်ရှည်ကျန်းမာ စိတ်ချမ်းသာကြပါစေ
ဆေးကုသခြင်း ကျန်းမာရေးစစ်ဆေးခြင်း စတဲ့ ကျန်းမာရေးစောင့်ရှောက်ခြင်းတွေအတွက် သွားလာရလွယ်ကူတဲ့ မြို့လယ်ခေါင်မှာရှိတဲ့ စျေးနှုန်းသင့်တင့်တဲ့ မေခလာအထူးကုဆေးခန်းမှာ အထွေထွေရောဂါအထူးကုဆရာဝန်ကြီးများနှင့် ပြသလို့ရပါတယ်
#မေခလာအထူးကုဆေးခန်း
ကြိုတင်ရက်ချိန်းယူရန်နှင့် စုံစမ်းရန် ➡️
☎️ 018375222, 018387721, 09886600300
📮 အမှတ် ၃၂၇၊ရွှေဘုံသာလမ်း(အပေါ်ဘလောက်)၊ပန်းပဲတန်းမြို့နယ်၊ရန်ကုန်မြို့။