Origin Fertility Center

Call Directions Contact the practice

Origin Fertility Center We bring a team of specialist committed to providing the best care in infertility.

ရင်သွေးလေးရရှိဖို့ ကြိုးစားနေကြပေမယ့် အချိန်ကြာလာတဲ့အခါ “နောက်ထပ် ဘာလုပ်သင့်လဲ?” ဆိုတဲ့ မေးခွန်းက ဇနီးမောင်နှံတွေရဲ့ စိတ...
04/10/2026

ရင်သွေးလေးရရှိဖို့ ကြိုးစားနေကြပေမယ့် အချိန်ကြာလာတဲ့အခါ “နောက်ထပ် ဘာလုပ်သင့်လဲ?” ဆိုတဲ့ မေးခွန်းက ဇနီးမောင်နှံတွေရဲ့ စိတ်ထဲမှာ ရှိလာတတ်ကြပါတယ်။
ဒီလိုအခြေအနေတွေမှာ စုံတွဲတချို့အတွက် IVF က ရွေးချယ်စရာ Fertility Treatment တစ်ခု ဖြစ်လာနိုင်ပါတယ်နော်…။

IVF ဆိုတာ အမျိုးသမီးရဲ့ သားဥနဲ့ အမျိုးသားရဲ့ သုတ်ကို ဓာတ်ခွဲခန်းအတွင်းမှာ ပေါင်းစပ်ပြီး သန္ဓေသား ဖြစ်ပေါ်လာတဲ့အခါ သင့်တော်တဲ့အချိန်မှာ သားအိမ်အတွင်း ပြန်လည်ထည့်သွင်းပေးတဲ့ ကုသမှုနည်းလမ်းတစ်ခုပါ။ ဒါပေမယ့် စုံတွဲတိုင်းရဲ့ Fertility Journey က မတူညီတာကြောင့် IVF လိုအပ်၊ မလိုအပ်ဆိုတာကို သင့်တော်တဲ့ စစ်ဆေးမှုတွေနဲ့ Fertility Specialist ရဲ့ အကြံပြုချက်အပေါ် မူတည်ပြီး ဆုံးဖြတ်သင့်ပါတယ်။

ရင်သွေးလေးရရှိဖို့ ကြိုးစားနေတဲ့ အချိန်မှာ အကြောင်းရင်းကို သိရှိနားလည်ပြီး သင့်အတွက် သင့်တော်တဲ့ လမ်းကြောင်းကို ရှာဖွေခြင်းက ပထမဆုံးခြေလှမ်းတစ်ခုပါ။ 🌱
သင့်ရဲ့ Fertility Journey အတွက် သိလိုသမျှကို Origin Fertility Center က တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။

𝐎𝐫𝐢𝐠𝐢𝐧 𝐅𝐞𝐫𝐭𝐢𝐥𝐢𝐭𝐲 𝐂𝐞𝐧𝐭𝐞𝐫 🏥
📍 Moe Kaung Street, (15) Quarter, Yankin Township, Yangon, Myanmar.
☎ +95 9 346 156747
📩 [email protected]

တစ်ချိန်က “ဘယ်နေ့များ ဒီအိပ်မက်လေး အကောင်အထည်ဖော်နိုင်မလဲ” လို့ မျှော်လင့်ခဲ့ရပါတယ်… 🩷ရင်ခုန်စရာနေ့ရက်တွေ၊ စောင့်ဆိုင်းရ...
01/10/2026

တစ်ချိန်က “ဘယ်နေ့များ ဒီအိပ်မက်လေး အကောင်အထည်ဖော်နိုင်မလဲ” လို့ မျှော်လင့်ခဲ့ရပါတယ်… 🩷
ရင်ခုန်စရာနေ့ရက်တွေ၊ စောင့်ဆိုင်းရတဲ့အချိန်တွေ၊ မရေရာမှုတွေကြားက ဆုတောင်းမှုတွေနဲ့ IVF ခရီးလမ်းလေးကို တစ်လှမ်းချင်း ဖြတ်သန်းလာခဲ့ကြပါတယ်။
အခုတော့ အဲ့ဒီမျှော်လင့်ချက်လေးက မိဘတို့ရဲ့ ရင်ခွင်ထဲမှာ ပွေ့ဖက်နိုင်တဲ့ အဖိုးမဖြတ်နိုင်တဲ့ ရင်သွေးရတနာလေးအဖြစ် ရောက်ရှိလာခဲ့ပါပြီ။ 👶🩷
မိဘနှစ်ပါးရဲ့ မျက်လုံးထဲက ပျော်ရွှင်မှုတွေကို မြင်ရတဲ့ ဒီအခိုက်အတန့်လေးဟာ Origin Fertility Center မိသားစုအတွက်လည်း အလွန်တန်ဖိုးရှိတဲ့ ပျော်ရွှင်မှုတစ်ခု ဖြစ်ပါတယ်။ 🥰
မျှော်လင့်ခြင်းကနေ အိပ်မက်အကောင်အထည်ဖော်ခြင်းအထိ လျှောက်လှမ်းလာခဲ့တဲ့ ဒီမိသားစုလေးရဲ့ ဘဝခရီးမှာ ရင်သွေးလေးနဲ့အတူ မေတ္တာ၊ ပျော်ရွှင်ခြင်းနဲ့ အမှတ်တရကောင်းများစွာ ပြည့်နှက်နေပါစေ။
𝐎𝐫𝐢𝐠𝐢𝐧 𝐅𝐞𝐫𝐭𝐢𝐥𝐢𝐭𝐲 𝐂𝐞𝐧𝐭𝐞𝐫 🏥
📍 Moe Kaung Street, (15) Quarter, Yankin Township, Yangon, Myanmar.
☎ +95 9 346 156747
📩 [email protected]

IVF နဲ့ ICSI ဆိုတာ Fertility Treatment လုပ်ဖို့ စဉ်းစားတဲ့အခါ မကြာခဏ ကြားရတဲ့ နည်းလမ်းနှစ်ခုပါ။ဒါပေမယ့် ဒီနှစ်ခုရဲ့ အဓိက...
28/09/2026

IVF နဲ့ ICSI ဆိုတာ Fertility Treatment လုပ်ဖို့ စဉ်းစားတဲ့အခါ မကြာခဏ ကြားရတဲ့ နည်းလမ်းနှစ်ခုပါ။
ဒါပေမယ့် ဒီနှစ်ခုရဲ့ အဓိကကွာခြားချက်က ဘာလဲ?

ဘာလဲဆိုတော့ မျိုးဥနဲ့ သုတ်ကောင်ကို ဘယ်လိုပေါင်းစပ်ပေးသလဲ ဆိုတဲ့အချက်ပါပဲ။
💢 IVF ဆိုတာ မျိုးဥနဲ့ သုတ်ကောင်ကို ဓာတ်ခွဲခန်းအတွင်းမှာ အတူတကွထားပြီး သဘာဝအတိုင်း Fertilization ဖြစ်ပေါ်စေတဲ့ နည်းလမ်းဖြစ်ပြီး
💢 ICSI ကတော့ သင့်တော်တဲ့ သုတ်ကောင်တစ်ကောင်ကို ရွေးချယ်ပြီး ဥအတွင်းသို့ တိုက်ရိုက် ထိုးသွင်းပေးတဲ့ နည်းလမ်းပါ။

အထူးသဖြင့် အမျိုးသားဘက်မှာ S***m Count နည်းခြင်း၊ S***m Motility အားနည်းခြင်း၊ ယခင် Fertilization အခက်အခဲရှိခြင်း စတဲ့ အခြေအနေတွေမှာ ICSI ကို ကုသမှုနည်းလမ်းတစ်ခုအဖြစ် စဉ်းစားနိုင်ပါတယ်။

Origin Fertility Center မှာတော့ လူနာတစ်ဦးချင်းစီရဲ့ အခြေအနေကို သေချာစွာ စစ်ဆေးအကဲဖြတ်ပြီး ICSI Treatment နဲ့ Fertility Care ဝန်ဆောင်မှု ပေးနေပါတယ်။

Fertility Journey တစ်ခုချင်းစီမှာ လိုအပ်တဲ့အခြေအနေတွေ မတူညီနိုင်တာကြောင့် ဘယ်လို Treatment Plan က သင့်တော်မလဲဆိုတာကို ကျွမ်းကျင် Fertility Specialist နဲ့ တိုင်ပင်ဆွေးနွေးခြင်းက အရေးကြီးတဲ့အချက်တစ်ခုပါ။

သင့်ရဲ့ ရင်သွေးလေးရရှိဖို့ ခရီးလမ်းအတွက် Origin Fertility Center မှာ လာရောက်တိုင်ပင်နိုင်ပါတယ်။

𝐎𝐫𝐢𝐠𝐢𝐧 𝐅𝐞𝐫𝐭𝐢𝐥𝐢𝐭𝐲 𝐂𝐞𝐧𝐭𝐞𝐫 🏥
📍 Moe Kaung Street, (15) Quarter, Yankin Township, Yangon, Myanmar.
☎ +95 9 346 156747
📩 [email protected]

ဒီ Live လေးမှာ မလေးရှားနိုင်ငံနဲ့ ထိုင်းနိုင်ငံတို့က ကျွမ်းကျင်ဆရာဝန်ကြီးတွေဖြစ်တဲ့ Dr. Helena Lim နဲ့ Dr. Olarik Musiga...
26/09/2026

ဒီ Live လေးမှာ မလေးရှားနိုင်ငံနဲ့ ထိုင်းနိုင်ငံတို့က ကျွမ်းကျင်ဆရာဝန်ကြီးတွေဖြစ်တဲ့ Dr. Helena Lim နဲ့ Dr. Olarik Musigavong တို့နဲ့အတူ...Myanmar နိုင်ငံမှ Origin IVf center မှ Dr. Wai Phyoက

🔹 မြန်မာနိုင်ငံရဲ့ ဖန်ပြွန်သန္ဓေသား (IVF) နည်းပညာ တိုးတက်မှုတွေ
🔹 မျိုးရိုးဗီဇစစ်ဆေးခြင်း (PGT) နည်းပညာနဲ့ အောင်မြင်မှုမှတ်တိုင်အသစ်များ
🔹 အရှေ့တောင်အာရှနိုင်ငံတွေကြားက ပူးပေါင်းဆောင်ရွက်မှုတွေအကြောင်းကို စိတ်ဝင်စားဖွယ် ဆွေးနွေးသွားကြမှာပါ။
သားသမီးရတနာ ရယူဖို့ ကြိုးစားနေကြတဲ့ ဇနီးမောင်နှံတွေနဲ့ မျိုးဆက်ပွားဆေးပညာကို စိတ်ဝင်စားသူတိုင်းအတွက် အထူးအကျိုးရှိစေမယ့် ဆွေးနွေးပွဲလေးဖြစ်လို့ အားလုံးပဲ ဝင်ရောက်ကြည့်ရှုဖို့ ဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာ။ မိမိတို့ သိချင်တဲ့ မေးခွန်းလေးတွေကိုလည်း Live မှာ ဝင်ရောက်မေးမြန်းနိုင်ပါတယ်။ 👶🏻🍼
⏰ အချိန် - ယနေ့ညနေ ၃:၃၀ နာရီ (မြန်မာစံတော်ချိန်)
📍 နေရာ - ASPIRE Instagram Page 👉🏻 [ဒီနေရာမှာ IG Live Link သို့မဟုတ် ASPIRE IG Profile Link ထည့်ပေးပါ]
ခဏနေ Live မှာ ဆုံကြမယ်နော်! 👋🏻


Today 3:30 pm (Myanmar time )

2,004 Followers, 69 Following, 394 Posts - See Instagram photos and videos from ASPIRE (Asia Pacific Initiative on Reproduction) ()

Hey everyone!You're invited to ASPIRE's Instagram Live with experts from Malaysia, Myanmar and Thailand. In Part 2 of ou...
25/09/2026

Hey everyone!

You're invited to ASPIRE's Instagram Live with experts from Malaysia, Myanmar and Thailand. In Part 2 of our Southeast Asia series, we're decoding IVF and reproductive medicine trends across the region, controversial topics included.

Got a question you've always wanted to ask? Bring it along and pick the brains of these experts.

Stick around for a quick quiz at the end. The winner gets a small prize from us 🎁

📅 26 September 2026, 5pm GMT+8 (3:30 PM Myanmar Time)
📍 Instagram:

Follow us on Instagram beforehand so you're notified when we go live. See you there!

မျှော်လင့်ခြင်းမှ အကောင်အထည်ဖော်ခြင်းဆီသို့… ✨မိဘတစ်ဦးဖြစ်လာဖို့ မျှော်လင့်ချက်တွေနဲ့ စတင်ခဲ့တဲ့ ခရီးစဉ်ဟာ ယနေ့မှာတော့ အ...
24/09/2026

မျှော်လင့်ခြင်းမှ အကောင်အထည်ဖော်ခြင်းဆီသို့… ✨
မိဘတစ်ဦးဖြစ်လာဖို့ မျှော်လင့်ချက်တွေနဲ့ စတင်ခဲ့တဲ့ ခရီးစဉ်ဟာ ယနေ့မှာတော့ အဖိုးမဖြတ်နိုင်တဲ့ ပျော်ရွှင်မှုလေးတစ်ခုအဖြစ် ပြည့်စုံလာခဲ့ပါပြီ။ 👶🩷
ရင်ခုန်ခြင်း၊ စောင့်ဆိုင်းခြင်း၊ ဆုတောင်းခြင်းတွေနဲ့ ဖြတ်သန်းခဲ့ရတဲ့ နေ့ရက်တိုင်းရဲ့ အဆုံးမှာတော့ မိဘတို့ရဲ့ဘဝထဲကို အလင်းရောင်လေးတစ်စင်းအဖြစ် ရင်သွေးရတနာလေး ရောက်ရှိလာခဲ့ပါပြီ။ 🌸
Origin Fertility Center အနေနဲ့လည်း ဒီအဖိုးတန်အခိုက်အတန့်လေးမှာ မိဘအသစ်စက်စက်တို့နဲ့အတူ ထပ်တူဝမ်းမြောက်ဂုဏ်ယူမိပါတယ်။
ရင်သွေးလေးနဲ့အတူ စတင်လျှောက်လှမ်းမယ့် မိသားစုဘဝခရီးလမ်းတစ်လျှောက်မှာ ကျန်းမာခြင်း၊ ပျော်ရွှင်ခြင်း၊ မေတ္တာနဲ့ နွေးထွေးမှုများ အစဉ်အမြဲ ပြည့်စုံနေပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်။

𝐎𝐫𝐢𝐠𝐢𝐧 𝐅𝐞𝐫𝐭𝐢𝐥𝐢𝐭𝐲 𝐂𝐞𝐧𝐭𝐞𝐫 🏥
📍 Moe Kaung Street, (15) Quarter, Yankin Township, Yangon, Myanmar.
☎ +95 9 346 156747
📩 [email protected]

တချို့သော မိသားစုတွေအတွက် ရင်သွေးလေးရရှိဖို့ ကြိုးစားတဲ့အချိန်မှာ အမျိုးသားဘက်က Fertility Factor တွေဟာလည်း အရေးကြီးတဲ့ အ...
22/09/2026

တချို့သော မိသားစုတွေအတွက် ရင်သွေးလေးရရှိဖို့ ကြိုးစားတဲ့အချိန်မှာ အမျိုးသားဘက်က Fertility Factor တွေဟာလည်း အရေးကြီးတဲ့ အခန်းကဏ္ဍက ပါဝင်နေပါတယ်။

🍀 အမျိုးသားဘက်က သုတ်ကောင်ကို သဘာဝအတိုင်း ရရှိဖို့ ခက်ခဲတဲ့ အခြေအနေအချို့မှာ TESA (Testicular S***m Aspiration) လို့ခေါ်တဲ့ ကုသမှုနဲ့ ရင်သွေးလေး ရယူလို့ရနေပါပြီ။

TESA ကနေတစ်ဆင့် ရရှိလာတဲ့ S***m ကို Fertility Treatment မှာ ဆက်လက်အသုံးပြုနိုင်ပြီး လူနာရဲ့ အခြေအနေအပေါ်မူတည်ကာ သင့်တော်တဲ့ Treatment Plan ကို ဆရာဝန်က ဆုံးဖြတ်ပေးရတာမျိုးဖြစ်ပါတယ်။

Origin Fertility Center မှာလည်း ဒီလို TESA Treatment ပြုလုပ်ပြီး အောင်မြင်စွာ ကျန်းကျန်းမာမာနဲ့ မွေးဖွားလာခဲ့တဲ့ ရင်သွေးလေးတွေ ရှိနေပါပြီ။

👩‍⚕️ ဒီအောင်မြင်မှုတိုင်းရဲ့ နောက်ကွယ်မှာတော့
မိသားစုတစ်စုရဲ့ မျှော်လင့်ချက်၊ စိတ်ရှည်မှုနဲ့ ရင်သွေးလေးကို ပိုင်ဆိုင်လိုတဲ့ အိပ်မက်တွေ ရှိနေပါတယ်။

အခက်အခဲတစ်ခုရှိနေခြင်းက အဆုံးသတ်တစ်ခု မဟုတ်ပါဘူး။
သင့်ရဲ့ Fertility အခြေအနေကို မှန်ကန်စွာ သိရှိပြီး သင့်တော်တဲ့ ကုသမှုလမ်းကြောင်းကို ရှာဖွေဖို့ Origin Fertility Center မှာ Fertility Specialist များနဲ့ တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။

𝐎𝐫𝐢𝐠𝐢𝐧 𝐅𝐞𝐫𝐭𝐢𝐥𝐢𝐭𝐲 𝐂𝐞𝐧𝐭𝐞𝐫 🏥
📍 Moe Kaung Street, (15) Quarter, Yankin Township, Yangon, Myanmar.
☎ +95 9 346 156747
📩 [email protected]

IVF အောင်မြင်ဖို့ဆိုရင် ဖန်ပြွန်သန္ဓေသား (IVF) ကုသမှု ခံယူနေကြတဲ့ ဖေဖေမေမေလောင်းတွေအနေနဲ့ ရင်သွေးလေးကို အမြန်ဆုံး ရင်ခွင...
19/09/2026

IVF အောင်မြင်ဖို့ဆိုရင်

ဖန်ပြွန်သန္ဓေသား (IVF) ကုသမှု ခံယူနေကြတဲ့ ဖေဖေမေမေလောင်းတွေအနေနဲ့ ရင်သွေးလေးကို အမြန်ဆုံး ရင်ခွင်ထဲပိုက်ချင်ကြသလို၊ မအောင်မြင်မှာကိုလည်း အရမ်းစိုးရိမ်တတ်ကြတာကို ဆရာ အပြည့်အဝ နားလည်ပါတယ်။ ဆေးခန်းကို ရောက်လာတဲ့အခါ လူနာတွေ အမေးအများဆုံး မေးခွန်းလေးတစ်ခုကို ဒီနေ့ ဆွေးနွေးပေးချင်ပါတယ်။

လူနာများ မေးလေ့ရှိသော မေးခွန်း -
"ဆရာ... ကလေးမြန်မြန်ရအောင် ၅ ရက်သား (Blastocyst) အထိမွေး၊ ပြီးရင် မျိုးရိုးဗီဇ (Genetic) ပါ PGTA စစ်ပြီးမှပဲ ထည့်ချင်တယ်။ အဲဒါ အကောင်းဆုံးနဲ့ အသေချာဆုံးမလား။ ၃ ရက်သား ထည့်ရင်ရော တကယ် အောင်မြင်နိုင်ပါ့မလား။"

ဆရာ ရှင်းပြချင်တဲ့ အဖြေ -

လူနာတိုင်းက အကောင်းဆုံးနဲ့ အမြန်ဆုံး ဝန်ဆောင်မှုကို လိုချင်ကြတာ သဘာဝပါ။ ၅ ရက်သားအထိ မွေးပြီး မျိုးရိုးဗီဇစစ်တာက ကောင်းမွန်တဲ့ နည်းလမ်းတစ်ခု ဖြစ်ပေမဲ့၊ လူနာတိုင်းအတွက်တော့ အမြဲတမ်း အကောင်းဆုံး ရွေးချယ်မှု မဟုတ်ပါဘူး။ ၃ ရက်သားနဲ့ အောင်မြင်သွားတဲ့ သူတွေ အများကြီး ရှိသလို၊ ၅ ရက်သားနဲ့ အောင်မြင်သူတွေလည်း ရှိပါတယ်။

နိုင်ငံတကာ လမ်းညွှန်ချက် (International Guidelines) တွေနဲ့ နောက်ဆုံးပေါ် သုတေသနတွေအရ ကြည့်ရအောင်ပါ -

၂၀၂၆ ခုနှစ် Meta-analysis သုတေသန (လူနာ ၂,၄၃၂ ဦး) အရ - ရရှိလာတဲ့ သန္ဓေသားတွေကို ထည့်သွင်းပြီးနောက် ကလေးမွေးဖွားနိုင်မှု ရလဒ်တွေက သိပ်ကွာခြားမှုမရှိဘဲ (Clinically comparable) ဖြစ်တယ်လို့ ပညာရှင်တွေက သတ်မှတ်ပါတယ်။

နောက်ထပ် ၂၀၂၆ Cochrane Review အရတော့ ပထမနှစ်အတွင်းမှာ ၅ ရက်သားက အနည်းငယ် ပိုသာတာကို တွေ့ရပါတယ်။

ဒါဆို ဘာလို့ အားလုံးကို ၅ ရက်သားအထိ မမွေးတာလဲ?

ဒီနေရာမှာ သတိထားရမယ့် အချက်တစ်ခု ရှိပါတယ်။ ၅ ရက်သားအထိ စောင့်လိုက်တဲ့အခါ မအောင်မြင်တဲ့ အကြိမ်ရေကို လျှော့ချနိုင်ပေမဲ့၊ ဓာတ်ခွဲခန်းထဲမှာ ဆက်မကြီးထွားနိုင်တော့ဘဲ ထည့်စရာ သန္ဓေသား တစ်ခုမှ မကျန်တော့တဲ့ အန္တရာယ် ပိုများသွားပါတယ်။ တကယ်လို့များ ဓာတ်ခွဲခန်းထဲမှာ ရပ်တန့်သွားတဲ့ အဲဒီသန္ဓေသားလေးကို ၃ ရက်သားအရွယ်မှာသာ မိခင်ရဲ့ သားအိမ်ထဲ ထည့်ပေးခဲ့ရင် ဆက်လက် ရှင်သန်ကြီးထွားသွားနိုင်မလား ဆိုတာကိုတော့ ဘယ်သူမှ တပ်အပ် မပြောနိုင်ပါဘူး။

သုတေသနတွေအရ သန္ဓေသား အရေအတွက် များများရတဲ့ သူတွေအတွက် ၅ ရက်သားအထိ စောင့်တာက ပိုကောင်းနိုင်ပေမဲ့၊ သန္ဓေသား အရေအတွက် နည်းတဲ့ သူတွေအတွက်တော့ ၃ ရက်သားမှာ ထည့်တာက အကောင်းဆုံး ရွေးချယ်မှု ဖြစ်နိုင်ပါတယ်။

ဆရာတို့ သန္ဓေသားပါရဂူ တွေနဲ့ လူနာတစ်ဦးချင်းစီရဲ့ အခြေအနေကို သေချာသုံးသပ်ပြီး အန္တရာယ်အကင်းဆုံးနဲ့ အောင်မြင်မှု အများဆုံးဖြစ်မယ့် နည်းလမ်းကို အကောင်းဆုံး အကြံဉာဏ်ပေး ဆောင်ရွက်ပေးနေတာ ဖြစ်ပါတယ်။

Dr San Linn Ko
#09346156747

15/09/2026

ဒီနေ့ ဆရာ လူနာလေး တစ်ယောက် အကြောင်းပြောပြမယ်နော်😍

သူလေးက သားသားလေးလိုချင်လို့ Bangkok အထိသွားပြီးယူတာ သားလေးတစ်ခါ၊ သားနဲ့သမီးအမွှာ တစ်ခါ ထည့်ပြီး ကြိုးစားပေမယ့် မအောင်မြင်ခဲ့ဖူး😒😒

ဆရာတို့ ဆီမှာ လာကြိုးစားတော့ သားတစ်ယောက်၊ သမီးနှစ်ယောက်ကို Origin မှာ PGTA နဲ့စစ်ပြီး ရပေမယ့်လည်း မပျော်နိုင်ရှာသေးဘူး စိတ်တွေပူနေတာနဲ့😒😏

“ အရမ်းစိတ်မပူနဲ့ ဆရာ ပူဖို့လည်းထားအုံး “ “ သမီးသာ ဗိုက်ကြီးလို့ကတော့ ဆရာ ဆေးရုံ (၁၀) ပါတ် ပါတ်ပြေးမယ်လို့ ပြောထားတာ “ 🫣😬😅

ဟူတ်တယ်လေ အရင် ကျန်းမာတဲ့ သန္ဓေသားတွေ BKK မှာ ထည့်တုံးကတောင် မအောင်မြင်ခဲ့တာ ဆိုတော့လေ

ဒါပေမယ့် သားသားလေးက ဆရာတို့ကချစ်လို့နဲ့ တူတယ် ဒီတစ်ခေါက် ပထမဆုံး အကြိမ်မှာဘဲ သားသားလေး တစ်ယောက်ထဲ ကြိုးစားပေးလိုက်တာ အောင်မြင်သွားတယ်

အဖြေရတော့ ဆရာ့ IVF Nurse တွေက ဆရာရေ ဆေးရုံပတ်ပြေးဖို့သာပြင်ထားအုံးဆိုတော့ မေ့တောင် မေ့နေတာ 😅😅

အမှန်တော့ ပါတ်ပြေးတိုင်းသာ ဗိုက်ကြီးကြမယ်ဆိုရင် ပြေးပါ့မယ်လို့ 🫣🫣😅😅




🧬 ကလေးတစ်ယောက်ရဖို့ Euploid သန္ဓေသားလောင်း ဘယ်နှစ်ခု လိုအပ်သလဲ? IVF လုပ်နေတဲ့သူတွေ အများဆုံးမေးလေ့ရှိတဲ့ မေးခွန်းတစ်ခုအတ...
08/09/2026

🧬 ကလေးတစ်ယောက်ရဖို့ Euploid သန္ဓေသားလောင်း ဘယ်နှစ်ခု လိုအပ်သလဲ?

IVF လုပ်နေတဲ့သူတွေ အများဆုံးမေးလေ့ရှိတဲ့ မေးခွန်းတစ်ခုအတွက် နောက်ဆုံးပေါ် သုတေသန အထောက်အထားတွေကို မျှဝေပေးချင်ပါတယ်။

(💡 Euploid သန္ဓေသားလောင်း ဆိုသည်မှာ အဘယ်နည်း?)

Euploid သန္ဓေသားလောင်းဆိုသည်မှာ ပုံမှန် ခရိုမိုဇုန်းအရေအတွက် (စုစုပေါင်း ၄၆ ခု သို့မဟုတ် ၂၃ စုံ) အပြည့်အဝပါရှိသော ကျန်းမာသည့် သန္ဓေသားလောင်းကို ခေါ်ဆိုခြင်းဖြစ်ပါသည်။ ယင်းကို PGT-A (Preimplantation Genetic Testing for Aneuploidies) ဟုခေါ်သော သန္ဓေသားလောင်း၏ မျိုးရိုးဗီဇကို ကြိုတင်စစ်ဆေးသည့် နည်းပညာဖြင့် အတည်ပြုနိုင်ပါသည်။ ဤသို့ PGT-A ဖြင့် စစ်ဆေးခြင်းက ခရိုမိုဇုန်း ပုံမှန်မဟုတ်ခြင်းများကို ဖယ်ရှားပေးနိုင်ပြီး ကိုယ်ဝန်ပျက်ကျနိုင်ချေကို လျှော့ချပေးကာ ကျန်းမာသော ကလေးမွေးဖွားနိုင်ချေကို များစွာတိုးစေပါသည်။

ပုံမှန်ခရိုမိုဇုန်းရှိတဲ့ (Euploid) သန္ဓေသားလောင်းတွေကို တစ်ကြိမ်လျှင် တစ်ခုစီ ထည့်သွင်းတဲ့ လူနာတွေကို လေ့လာထားတဲ့ ကြီးမားတဲ့ သုတေသနတွေအရ အနည်းဆုံး ကလေးတစ်ယောက် အသက်ရှင်မွေးဖွားနိုင်ချေ (Live birth rate) ဟာ အောက်ပါအတိုင်း ဖြစ်ပါတယ်-
1 euploid: ၆၃–၆၅%
2 euploids: ၈၃–၈၄%
3 euploids: ၉၂–၉၃%
4 euploids: ၉၆%
5 euploids: ၉၈%

ဒါက ကလေးတစ်ယောက်ရဖို့ Euploid သန္ဓေသားလောင်း ၃ ခုလောက် လိုအပ်တယ်ဆိုတဲ့ အများလက်ခံထားတဲ့ အခြေခံစည်းမျဉ်း (rule of thumb) ကို ရှင်းပြနေပါတယ်။

ဒါပေမယ့် သက်သေအထောက်အထားတွေအရ ဒါက လုံးဝတိကျနေတာတော့ မဟုတ်ပါဘူး။
လူနာအများစုဟာ ၃ ခုအထိ မလိုအပ်ပါဘူး။ လူနာ ၆၃-၆၅ ရာခိုင်နှုန်းခန့်ဟာ ပထမဆုံးအကြိမ် ထည့်သွင်းပြီးနောက်မှာတင် အောင်မြင်စွာ ကလေးမွေးဖွားနိုင်ခဲ့ကြပါတယ်။ ဒီကိန်းဂဏန်းတွေဟာ လူအများစုရဲ့ ပျမ်းမျှစာရင်းသာဖြစ်ပြီး လူနာတစ်ဦးချင်းစီအတွက် တိကျတဲ့ ခန့်မှန်းချက်တော့ မဟုတ်ပါဘူး။

Euploid သန္ဓေသားလောင်း အားလုံးဟာလည်း အရည်အသွေးတူညီနေတာ မဟုတ်ပါဘူး။ သန္ဓေသားလောင်း ကြီးထွားတဲ့ရက် (Developmental day)၊ အရည်အသွေးအဆင့် (Embryo grade)၊ အသက်အရွယ်၊ အခြားသော လူနာရဲ့ ကျန်းမာရေးအခြေအနေနဲ့ ဆေးခန်းရဲ့ အချက်အလက်တွေကလည်း အောင်မြင်မှုနှုန်းကို
သက်ရောက်မှုရှိစေနိုင်ပါတယ်။

Origin IVF Center ၏ ကုသမှုဝန်ဆောင်မှုများထဲက တခုဖြစ်တဲ့ Advanced PGT-A (Preimplantation Genetic Testing) at Origin

သန္ဓေသားလောင်းကို သားအိမ်တွင်းသို့ မထည့်သွင်းမီ ခရိုမိုဇုန်းများ ပုံမှန် ရှိ/မရှိ အတိအကျသိရှိနိုင်ရန် Origin ၏ နောက်ဆုံးပေါ် အဆင့်မြင့် မျိုးရိုးဗီဇစစ်ဆေးသည့် နည်းပညာ (Advanced PGT-A) ဖြင့် စစ်ဆေးခြင်းဖြစ်ပါသည်။

အသက်အရွယ်ကြီးရင့်သူများ၊ ကိုယ်ဝန်ခဏခဏပျက်ကျဖူးသူများ သို့မဟုတ် ယခင်က IVF အကြိမ်ကြိမ် မအောင်မြင်ဖူးသူများအတွက် အထူးသင့်လျော်ပါသည်။

Origin IVF Center ၏ အဆင့်မြင့် PGT-A နည်းပညာသည် အကောင်းဆုံးနှင့် အကျန်းမာဆုံး (Euploid) သန္ဓေသားလောင်းကို ရွေးချယ်ပေးနိုင်သဖြင့် ကိုယ်ဝန်ဆောင်နိုင်ချေကို နိင်ငံတကာ paper မှာ ဖော်ပြထားတဲ့ one euploid potential 70-80% live birth အထိ အမြင့်မားဆုံးဖြစ်အောင် မြှင့်တင်ပေးပါသည်။
San Linn Ko






Dr San Linn Ko

Address

Moe Kaung Street, (15) Quarter, Yankin Township
Yangon
11081

Telephone

+959346156747

Website

Alerts

Be the first to know and let us send you an email when Origin Fertility Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Origin Fertility Center:

Shortcuts

Share

Category