SSC Women's Centre

Call Directions Website

SSC Women's Centre SSC Women's Centre provides highly regarded surgical, oncological, clinical care to women & children

🌕ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့  🌕 “သန္ဓေ၊ တောထွက်၊ ဓမ္မစက် ဟောမြွက် သံချို လဝါဆို”မြန်မာသက္ကရာဇ် ၁၃၈၈ခုနှစ်၊ ဝါဆိုလပြည်...
29/07/2026

🌕ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့ 🌕
“သန္ဓေ၊ တောထွက်၊ ဓမ္မစက် ဟောမြွက် သံချို လဝါဆို”

မြန်မာသက္ကရာဇ် ၁၃၈၈ခုနှစ်၊ ဝါဆိုလပြည့်နေ့ (ဗုဒ္ဓဟူးနေ့) သည် ဗုဒ္ဓဘာသာဝင်တို့ အထွဋ်မြတ်ထားရာ ဓမ္မစကြာ အခါတော် ဝါဆိုလပြည့်နေ့ဖြစ်ပြီး မိဘပြည်သူများ စိတ်ချမ်းသာကိုယ်ကျန်းမာစွာဖြင့် ကုသိုလ်တရားပွားများကာ မင်္ဂလာရှိသော ဝါဆိုလပြည့် ဓမ္မစကြာနေ့ ဖြစ်ပါစေကြောင်း ပင်လုံဆေးရုံများအုပ်စု မှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။ 🙏🙏🙏

🌏 𝐖𝐨𝐫𝐥𝐝 𝐇𝐞𝐩𝐚𝐭𝐢𝐭𝐢𝐬 𝐃𝐚𝐲 (𝟐𝟖.𝟕.𝟐𝟎𝟐𝟔)✨"𝐇𝐞𝐩𝐚𝐭𝐢𝐭𝐢𝐬: 𝐋𝐞𝐭'𝐬 𝐁𝐫𝐞𝐚𝐤 𝐈𝐭 𝐃𝐨𝐰𝐧" ✅ကမ္ဘာ့အသည်းရောင်အသားဝါရောဂါနေ့ (World Hepatitis Day)...
28/07/2026

🌏 𝐖𝐨𝐫𝐥𝐝 𝐇𝐞𝐩𝐚𝐭𝐢𝐭𝐢𝐬 𝐃𝐚𝐲 (𝟐𝟖.𝟕.𝟐𝟎𝟐𝟔)✨
"𝐇𝐞𝐩𝐚𝐭𝐢𝐭𝐢𝐬: 𝐋𝐞𝐭'𝐬 𝐁𝐫𝐞𝐚𝐤 𝐈𝐭 𝐃𝐨𝐰𝐧"
✅ကမ္ဘာ့အသည်းရောင်အသားဝါရောဂါနေ့ (World Hepatitis Day) ကို နှစ်စဉ် ဇူလိုင်လ ၂၈ ရက်နေ့ တွင် ကျင်းပကြပါတယ်။ ဒီနေ့ကို နှစ်စဉ် ကျင်းပရခြင်းရဲ့ ရည်ရွယ်ချက်ကတော့ ကမ္ဘာတစ်ဝှမ်းမှာ ဖြစ်ပွားနေတဲ့ အသည်းရောင်အသားဝါရောဂါနဲ့ ပတ်သက်ပြီး လူတွေပိုမိုသိရှိလာစေဖို့ ကာကွယ်ခြင်း၊ စစ်ဆေးခြင်းနဲ့ ကုသခြင်းတွေကို အရှိန်မြှင့်တင်ဖို့လုပ်ဆောင်ရန်အတွက် ဖြစ်ပါတယ်ရှင် ။
✅၂၀၂၆ ခုနှစ် ဒီနှစ်ရဲ့ ဆောင်ပုဒ် (Theme) ကတော့ "Hepatitis: Let's Break It Down" အသည်းရောဂါနှင့် အသည်းကင်ဆာရောဂါမဖြစ်အောင်ကာကွယ်ရာတွင်အတားအဆီးများကိုတိုက်ဖျက်ဖယ်ရှားရမည်ဖြစ်ကြောင်းတိုက်တွန်းနှိုးဆော်ထားခြင်းဖြစ်ပါသည်။
ထို့ကြောင့် ကြိုတင်ကာကွယ်ရေးများပြုလုပ်ခြင်းသည် သင်ကိုယ်တိုင်နှင့် သင့်မိသားစုကို အသည်းရောင်အသားဝါရောဂါမှ ကာကွယ်ရန် အဓိကသော့ချက်ဖြစ်ယုံသာမက အနာဂတ်တွင် အသည်းခြောက်ခြင်းနှင့် အသည်းကင်ဆာဖြစ်ပွားနိုင်ခြေကိုလည်း လျှော့ချနိုင်မည်ဖြစ်ပါသည်။ ထို့ကြောင့် ကာကွယ်ဆေးထိုးခြင်း၊ အစားအသောက်အနေအထိုင် ဆင်ခြင်ခြင်းတို့ဖြင့် အသည်းရောင်အသားဝါရောဂါ ကင်းစင်၍ ကျန်းမာပျော်ရွှင်သော ဘဝကို ပိုင်ဆိုင်နိုင်ပါစေကြောင်း ပင်လုံဆေးရုံများအုပ်စုမှ ဆုမွန်ကောင်း တောင်းအပ်ပါတယ်ရှင်။



🩸𝐖𝐨𝐫𝐥𝐝 𝐁𝐥𝐨𝐨𝐝 𝐃𝐨𝐧𝐨𝐫 𝐃𝐚𝐲 🩸𝟏𝟒𝐭𝐡 𝐉𝐮𝐧𝐞 𝟐𝟎𝟐𝟔 𝐎𝐧𝐞 𝐃𝐫𝐨𝐩 𝐨𝐟 𝐇𝐮𝐦𝐚𝐧𝐢𝐭𝐲. 𝐆𝐢𝐯𝐞 𝐁𝐥𝐨𝐨𝐝. 𝐒𝐚𝐯𝐞 𝐋𝐢𝐯𝐞𝐬.✅၂၀၂၆ ခုနှစ် ဇွန်လ (၁၄) ရက်နေ့တွင်ကျ...
14/06/2026

🩸𝐖𝐨𝐫𝐥𝐝 𝐁𝐥𝐨𝐨𝐝 𝐃𝐨𝐧𝐨𝐫 𝐃𝐚𝐲 🩸
𝟏𝟒𝐭𝐡 𝐉𝐮𝐧𝐞 𝟐𝟎𝟐𝟔
𝐎𝐧𝐞 𝐃𝐫𝐨𝐩 𝐨𝐟 𝐇𝐮𝐦𝐚𝐧𝐢𝐭𝐲. 𝐆𝐢𝐯𝐞 𝐁𝐥𝐨𝐨𝐝. 𝐒𝐚𝐯𝐞 𝐋𝐢𝐯𝐞𝐬.

✅၂၀၂၆ ခုနှစ် ဇွန်လ (၁၄) ရက်နေ့တွင်ကျရောက်သော ကမ္ဘာ့‌သွေးလှူရှင်များနေ့ကို ပင်လုံဆေးရုံများအုပ်စုမှ ကမ္ဘာတစ်ဝှမ်းလုံးရှိ မွန်မြတ်လှသော သွေးလှူရှင်များအား လေးစားဂုဏ်ယူစွာဖြင့် မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါတယ်ရှင်။ 🥰


🌏𝐖𝐨𝐫𝐥𝐝 𝐍𝐨 𝐓𝐨𝐛𝐚𝐜𝐜𝐨 𝐃𝐚𝐲, 𝟑𝟏𝐬𝐭 𝐌𝐚𝐲 𝟐𝟎𝟐𝟔𝐔𝐧𝐦𝐚𝐬𝐤𝐢𝐧𝐠 𝐭𝐡𝐞 𝐚𝐩𝐩𝐞𝐚𝐥 — 𝐜𝐨𝐮𝐧𝐭𝐞𝐫𝐢𝐧𝐠 𝐧𝐢𝐜𝐨𝐭𝐢𝐧𝐞 𝐚𝐧𝐝 𝐭𝐨𝐛𝐚𝐜𝐜𝐨 𝐚𝐝𝐝𝐢𝐜𝐭𝐢𝐨𝐧.✅ဆေးလိပ်နှင့် ဆေးရွ...
31/05/2026

🌏𝐖𝐨𝐫𝐥𝐝 𝐍𝐨 𝐓𝐨𝐛𝐚𝐜𝐜𝐨 𝐃𝐚𝐲, 𝟑𝟏𝐬𝐭 𝐌𝐚𝐲 𝟐𝟎𝟐𝟔
𝐔𝐧𝐦𝐚𝐬𝐤𝐢𝐧𝐠 𝐭𝐡𝐞 𝐚𝐩𝐩𝐞𝐚𝐥 — 𝐜𝐨𝐮𝐧𝐭𝐞𝐫𝐢𝐧𝐠 𝐧𝐢𝐜𝐨𝐭𝐢𝐧𝐞 𝐚𝐧𝐝 𝐭𝐨𝐛𝐚𝐜𝐜𝐨 𝐚𝐝𝐝𝐢𝐜𝐭𝐢𝐨𝐧.
✅ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်းများသောက်သုံးခြင်းသည် မိမိတစ်ဦးတည်း၏ ကျန်းမာရေးကိုသာမကပဲ ပတ်ဝန်းကျင်ရှိ လူများ၏ ကျန်းမာရေးကိုပါ ထိခိုက်စေနိုင်သောကြောင့် မေလ (၃၁) ရက်နေ့အား ကမ္ဘ့ာဆေးလိပ် နှင့် ဆေးရွက်ကြီးထွက်ပစ္စည်းများမသုံးစွဲရနေ့ (World No To***co Day) အဖြစ်သတ်မှတ်ကာ ကမ္ဘာတစ်ဝန်း၌ ဆန့်ကျင်လျက်ရှိပါသည်။
ဒီနှစ်ရဲ့ ဆောင်ပုဒ်ကတော့ 𝐔𝐧𝐦𝐚𝐬𝐤𝐢𝐧𝐠 𝐭𝐡𝐞 𝐚𝐩𝐩𝐞𝐚𝐥 — 𝐜𝐨𝐮𝐧𝐭𝐞𝐫𝐢𝐧𝐠 𝐧𝐢𝐜𝐨𝐭𝐢𝐧𝐞 𝐚𝐧𝐝 𝐭𝐨𝐛𝐚𝐜𝐜𝐨 𝐚𝐝𝐝𝐢𝐜𝐭𝐢𝐨𝐧. ပဲဖြစ်ပါတယ်။
ဒါ့အပြင် ဆေးလိပ်သောက်ခြင်း၏ ဆိုးကျိုးများကိုလည်းဖော်ပြပေးလိုက်ပါတယ်။
🔹နှလုံးနှင့်သွေးကြောဆိုင်ရာ ရောဂါများ၊ ကင်ဆာရောဂါများ၊ အဆုတ်ရောဂါများနှင့် လေဖြတ်ခြင်းတို့ကို ဖြစ်စေနိုင်သည်။
🔹လူ့သက်တမ်းကိုတိုစေနိုင်သည်။
🔹စဉ်းစားနိုင်စွမ်း၊ မှတ်ဉာဏ်၊ လေ့လာနိုင်စွမ်းနှင့် အနံ့ခံအာရုံကိုပျက်စီးစေကာ ဦးနှောက်ကို ပျက်စီးစေသည်။
🔹အရွယ်ရင့်ခြင်း၊ ပါးရေတွန့်ခြင်း တို့ကိုလည်း ဖြစ်ပေါ်စေနိုင်ပါသည်။
ကိုယ်ဝန်ဆောင်မိခင်များဆေးလိပ်ငွေ့ရှုမိလျှင် ကိုယ်ဝန်ပျက်ကျခြင်း၊ ကိုယ်လက်အင်္ဂါများ ချို့ယွင်းသောကလေးများမွေးခြင်း၊ လမစေ့ဘဲမွေးဖွားခြင်းနှင့် မွေးပြီးရုတ်တရက်ကလေးသေဆုံးခြင်းတို့ ဖြစ်စေနိုင်သည်။
ထို့ပြင် ‘Second Hand Smoker’ ဟုခေါ်သော ဆေးလိပ်မသောက်သော်လည်း တစ်ပါးသူ၏ ဆေးလိပ်ငွေ့များအား တစ်ဆင့်ခံ ရှူရှိုက်မိသူများသည်လည်း ဆေးလိပ်သောက်သူများနှင့် တန်းတူပင် ကျန်းမာရေးကိုဆိုးရွားစွာ ထိခိုက်စေနိုင်သဖြင့် အထူးသတိထားရန်လိုအပ်ပါသည်။
ထို့ကြောင့်မိမိအတွက်သာမက ပတ်ဝန်းကျင်ကိုပါ ဆိုးကျိုးဖြစ်စေနိုင်သော ဆေးလိပ်သောက်ခြင်းကို ရပ်တန့်ကြဖို့ တိုက်တွန်းနှိုးဆော်အပ်ပါတယ်။


***co_Day
*****************************

🌏𝐖𝐨𝐫𝐥𝐝 𝐇𝐲𝐩𝐞𝐫𝐭𝐞𝐧𝐬𝐢𝐨𝐧 𝐃𝐚𝐲 (𝟏𝟕𝐭𝐡 𝐌𝐚𝐲 𝟐𝟎 𝟐𝟔)𝐂𝐨𝐧𝐭𝐫𝐨𝐥𝐥𝐢𝐧𝐠 𝐇𝐲𝐩𝐞𝐫𝐭𝐞𝐧𝐬𝐢𝐨𝐧 𝐓𝐨𝐠𝐞𝐭𝐡𝐞𝐫!"သွေးတိုးရောဂါကိုအတူတကွ ထိန်းချုပ်စို့"✅နှစ်စဉ...
17/05/2026

🌏𝐖𝐨𝐫𝐥𝐝 𝐇𝐲𝐩𝐞𝐫𝐭𝐞𝐧𝐬𝐢𝐨𝐧 𝐃𝐚𝐲 (𝟏𝟕𝐭𝐡 𝐌𝐚𝐲 𝟐𝟎 𝟐𝟔)
𝐂𝐨𝐧𝐭𝐫𝐨𝐥𝐥𝐢𝐧𝐠 𝐇𝐲𝐩𝐞𝐫𝐭𝐞𝐧𝐬𝐢𝐨𝐧 𝐓𝐨𝐠𝐞𝐭𝐡𝐞𝐫!
"သွေးတိုးရောဂါကိုအတူတကွ ထိန်းချုပ်စို့"
✅နှစ်စဉ် ၂၀၂၆၊ မေလ (၁၇)ရက်နေ့သည် “ကမ္ဘာ့သွေးတိုးရောဂါနေ့” ဖြစ်ပါတယ်။ သွေးတိုးရောဂါသည် ယေဘုယျအားဖြင့် ရောဂါလက္ခဏာမပြဘဲ ကုသမှုမခံယူပါက နှလုံးတိုက်ခိုက်ခံရခြင်း၊ နှလုံးခုန်ရပ်ခြင်း၊ လေဖြတ်ခြင်း၊ ကျောက်ကပ်ပျက်ခြင်းနှင့် မျက်စိကွယ်ခြင်းအထိ ဖြစ်စေနိုင်သည်။
သွေးတိုးရောဂါမဖြစ်ပွားအောင်--
🔹သွေးပေါင်မှန်မှန်ချိန်ပါ။
🔹သင့်ခန္ဓာကိုယ်အလေးချိန်ကိုထိန်းပါ။
🔹ကျန်းမာရေးနှင့်အညီစားသောက်ပါ။
🔹လေ့ကျင့်ခန်းပုံမှန်လုပ်ပါ။
🔹ဆေးလိပ်၊ အရက်၊ ကဖင်းလျော့ပါ။
🔹 စိတ်ဖိစီးမှုကိုလျော့နည်းအောင်နေထိုင်ခြင်းဖြင့်
မိဘပြည်သူများသွေးတိုးရောဂါဖြစ်ပွားခြင်းမှကင်းဝေးပြီး ကြိုတင်ကာကွယ်ခြင်းဟာ ကုသခြင်းထက် ပိုမိုကောင်းမွန်တာကြောင့် ကြိုတင်ကာကွယ်ခြင်းနည်းလမ်းများကို ဝေမျှပေးလိုက်ပါတယ်။



-----------------------------

✨𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐍𝐮𝐫𝐬𝐞𝐬 𝐃𝐚𝐲✨𝟏𝟐𝐭𝐡 𝐌𝐚𝐲, 𝟐𝟎𝟐𝟔“𝐄𝐦𝐩𝐨𝐰𝐞𝐫𝐞𝐝 𝐍𝐮𝐫𝐬𝐞𝐬 𝐒𝐚𝐯𝐞 𝐋𝐢𝐯𝐞𝐬”--------------------✅နှစ်စဉ် မေလ (၁၂) ရက်နေ့သည် အပြ...
12/05/2026

✨𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐍𝐮𝐫𝐬𝐞𝐬 𝐃𝐚𝐲✨
𝟏𝟐𝐭𝐡 𝐌𝐚𝐲, 𝟐𝟎𝟐𝟔
“𝐄𝐦𝐩𝐨𝐰𝐞𝐫𝐞𝐝 𝐍𝐮𝐫𝐬𝐞𝐬 𝐒𝐚𝐯𝐞 𝐋𝐢𝐯𝐞𝐬”
--------------------
✅နှစ်စဉ် မေလ (၁၂) ရက်နေ့သည် အပြည်ပြည်ဆိုင်ရာ သူနာပြုနေ့ဖြစ်ပါသည်။ သူနာပြုများ၏ ပြည်သူလူထုတစ်ရပ်လုံး အပေါ် အကျိုးပြုမှုများကို အသိအမှတ်ပြုသောအားဖြင့် ဖလော့ရင့်နိုက်တင်ဂေးလ် (Florence Nightingale) ၏ မွေးနေ့ဖြစ်သည့် မေလ (၁၂) ရက်နေ့ကို အပြည်ပြည်ဆိုင်ရာသူနာပြုများနေ့အဖြစ် နိုင်ငံတကာတွင် သတ်မှတ်ခဲ့ခြင်းဖြစ်ပါသည်...
✅လူနာများ၏ ကျန်းမာရေးအတွက်စေတနာထား၍ မိသားစုသဖွယ် ပြုစုစောင့်ရှောက်ပေးကြသည့် သူနာပြုများ၏ သတ္တိနှင့် အကြင်နာတရားကို ပင်လုံဆေးရုံများအုပ်စုမှလည်း လေးစားဂုဏ်ပြုအပ်ပါသည်...



--------------------------

❤️Happy Mother’s Day❤️(10th May, 2026)အမေများနေ့ (Happy Mother’s Day) သည် ကမ္ဘာပေါ်ရှိ မိခင်အားလုံးကို ဂုဏ်ပြုသောနေ့အဖြစ...
10/05/2026

❤️Happy Mother’s Day❤️
(10th May, 2026)

အမေများနေ့ (Happy Mother’s Day) သည် ကမ္ဘာပေါ်ရှိ မိခင်အားလုံးကို ဂုဏ်ပြုသောနေ့အဖြစ် နှစ်စဉ် မေလ ဒုတိယပတ် တနင်္ဂနွေနေ့ကို အမေများနေ့ဟု နိုင်ငံအများစုက သတ်မှတ်ကြသည်။ ထိုသို့ လေးစားဂုဏ်ပြု ထိုက် သော နိုင်ငံအရပ်ရပ်က အမေများကိုလည်း ပင်လုံဆေးရုံများအုပ်စုမှလည်း လေးစားဂုဏ်ပြုပါကြောင်း မှတ်တမ်းတင်အပ်ပါတယ်။ 🥰

-----------------------------

✨🌎World Hand Hygiene Day (May 5th, 2026) – “Action saves lives”.--၂၀၂၆ ခုနှစ် မေလ (၅) ရက်နေ့တွင်ကျရောက်သော World Hand Hy...
05/05/2026

✨🌎World Hand Hygiene Day (May 5th, 2026) – “Action saves lives”.
--၂၀၂၆ ခုနှစ် မေလ (၅) ရက်နေ့တွင်ကျရောက်သော World Hand Hygiene Day (2026) ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပင်လုံဆေးရုံများအုပ်စုမှ သန့်ရှင်း စင်ကြယ်သော လက်ဆေးနည်းဖြင့် ရရှိနိုင်သော ကျန်းမာရေး ဗဟုသုတများ ကို ဝေငှပေးလိုက်ပါသည်။ --

✋လူတို့၏ လက်သည် ရောဂါပိုးမျိုးစုံတို့အား သယ်ဆောင်နိုင်သည့် ယာဉ်ရထားတစ်ခုဖြစ်ပါသည်။ ထိုလက်ဖြင့် တစ်နေ့တာလုံး ပစ္စည်းမျိုးစုံကိုင်တွယ်လျက်ရှိရာ ရောဂါပိုးမျိုးစုံ၊ အညစ် အကြေးမျိုးစုံ၊ ပိုးသတ်ဆေး၊ ဓာတုပစ္စည်းအဆိပ်အတောက်မျိုးစုံ ကပ်ညှိလျက်ရှိ သောကြောင့် မိမိတို့၏ လက်ကို သန့်ရှင်းစွာထားရန်နှင့် လက်ကိုမကြာခဏ (အနည်းဆုံး စက္ကန့် ၂၀) ခန့် ဆေးကြောသင့်ပါသည်။

ဘယ်အချိန်မှာ လက်ဆေးသင့်ပါသလဲ ❓
🔹အစာမစားမီနှင့်အစာစားပြီးတိုင်း
🔹 အိမ်သာတက်ပြီးတိုင်း
🔹အိမ်သန့်ရှင်းရေး လုပ်ပြီးတိုင်း
🔹အိမ်အပြင်ထွက် လမ်းလျှောက်၊ ဆော့ကစားရာမှ ပြန်လာတိုင်း
🔹 အိမ်မွေးတိရိစ္ဆာန်တို့အား ကိုင်တွယ်ပွတ်သပ်ပြီးတိုင်း
🔹ဖျားနာနေသော သူငယ်ချင်း၊ အသိမိတ်ဆွေတို့ထံ လူနာမေးသွားပြီးတိုင်း
🔹နှာချေချောင်းဆိုးပြီး မိမိတို့၏ နှာခေါင်း၊ မျက်နှာတို့အား ပွတ်သပ်မိတိုင်း လက်ကို ဆပ်ပြာဖြင့် စင်ကြယ်စွာဆေးကြောသင့်ပါသည်။
စနစ်တကျလက်ဆေးခြင်းသည် Bacteria နှင့် Virus အစရှိသော ရောဂါပိုးများ ကူးစက်ခြင်းမှ ကာကွယ်ပေးနိုင်သော အထိရောက်ဆုံးနှင့်အလွယ်ကူဆုံးသော နည်းလမ်း တစ်ခုဖြစ်ပါသည်။
ရေနှင့်ဆပ်ပြာကို အသုံးပြု၍သော်လည်းကောင်း၊ Alcohol 70% ပါဝင်သောဆေးရည်ကို အသုံးပြု၍သော်လည်းကောင်း စနစ်တကျလက်ဆေးခြင်း အားဖြင့် ဝမ်းပျက်ဝမ်းလျှောရောဂါများ၊ အသက်ရှူ လမ်းကြောင်းဆိုင်ရာရောဂါများ ကူးစက်ပျံ့နှံ့မှုကို လျော့ချနိုင်ပါကြောင်း May 5 တွင် ကျရောက်သော World Hand Hygiene Day တွင် တိုက်တွန်းနှိုးဆော်လိုက်ရပါသည်။



--------------------------------

👨‍⚕️👨‍🔧 ၂၀၂၆ ခုနှစ် မေလ (၁) ရက်နေ့တွင်ကျရောက်သော 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐋𝐚𝐛𝐨𝐮𝐫 𝐃𝐚𝐲 (အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့) ကို ပင်လုံဆေးရ...
01/05/2026

👨‍⚕️👨‍🔧 ၂၀၂၆ ခုနှစ် မေလ (၁) ရက်နေ့တွင်ကျရောက်သော 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐋𝐚𝐛𝐨𝐮𝐫 𝐃𝐚𝐲 (အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့) ကို ပင်လုံဆေးရုံများအုပ်စုမှ လေးစားစွာဖြင့် ဂုဏ်ပြုကြိုဆိုအပ်ပါသည်။



🙏ကဆုန်လပြည့်နေ့ (ဗုဒ္ဓအခါတော်နေ့)🙏ယနေ့ မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်နေ့ (ဗုဒ္ဓအခါတော်နေ့) သည် ဗုဒ္ဓဘာသာဝင်တို့...
30/04/2026

🙏ကဆုန်လပြည့်နေ့ (ဗုဒ္ဓအခါတော်နေ့)🙏
ယနေ့ မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်နေ့ (ဗုဒ္ဓအခါတော်နေ့) သည် ဗုဒ္ဓဘာသာဝင်တို့၏ အထွတ်အမြတ်ထားရာ နေ့ထူးနေ့မြတ်ဖြစ်ပြီး အေးချမ်းစွာဖြင့် ကုသိုလ်တရားများ ဆထက်ထမ်းပိုး ပွားများအားထုတ်နိုင်ပါစေကြောင်း ပင်လုံဆေးရုံများမိသားစုမှ ဆုတောင်းမေတ္တာပို့သအပ်ပါသည်။ 🙏
---------------------------

Address

No. 7, East Shwe Gon Dine Road, Bahan Township
Yangon
11201

Alerts

Be the first to know and let us send you an email when SSC Women's Centre posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category