Shar USA Suppliments Store

Shar USA Suppliments Store USA 🇺🇸Authentic Suppliments များကိုလက်လီလက်ကား
အာမခံချက်အပြည့်ဝဖြင့်​ရောင်းချ​ပေး​နေပါသည်😍❌အတုအပလုံးဝမရောင်းပါ❌

All instock
08/08/2026

All instock

🌿 အူလမ်းကြောင်းကျန်းမာရေးအတွက် LactoBif 30 Probiotics​"အူလမ်းကြောင်းကျန်းမာမှ လူလည်းလန်းဆန်းပြီး ပျော်ရွှင်တဲ့နေ့ရက်တွေက...
05/08/2026

🌿 အူလမ်းကြောင်းကျန်းမာရေးအတွက် LactoBif 30 Probiotics
​"အူလမ်းကြောင်းကျန်းမာမှ လူလည်းလန်းဆန်းပြီး ပျော်ရွှင်တဲ့နေ့ရက်တွေကို ပိုင်ဆိုင်နိုင်မှာပါ" 🥰
​နေ့စဉ်စားသောက်မှုပုံစံကြောင့်ဖြစ်စေ၊ စိတ်ဖိစီးမှုကြောင့်ဖြစ်စေ လေပွတာ၊ ရင်ပြည့်ရင်ကယ်ဖြစ်တာနဲ့ အစာမကြေတာမျိုးတွေ ခံစားနေရပြီလား? အစာခြေစနစ်နဲ့ ကိုယ်ခံအားစနစ်ကို အကောင်းဆုံး ထောက်ပံ့ပေးမယ့် အမေရိကန်နိုင်ငံထုတ် California Gold Nutrition LactoBif 30 Probiotics ရှိပါတယ်။
​✨ LactoBif 30 ရဲ့ ထူးခြားတဲ့ ကောင်းကျိုးများ
​အကျိုးပြုဘက်တီးရီးယား အားကောင်းခြင်း
အစာခြေစနစ်ကို အထောက်အကူပြုတဲ့ Clinically Researched Probiotic အာနိသင်ရှိ အမျိုးအစားပေါင်း (၈) မျိုးအထိ ပါဝင်ပါတယ်။ (Lactobacilli ၅ မျိုး နှင့် Bifidobacteria ၃ မျိုး)။
​အစာခြေစနစ်နှင့် အူလမ်းကြောင်း ကောင်းမွန်စေခြင်း
တစ်လုံးမှာ အကျိုးပြုအကောင်ရေ 30 Billion CFU ပါဝင်လို့ အူလမ်းကြောင်းထဲက မကောင်းတဲ့ ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးပြီး ဝမ်းမှန်စေကာ လေပွခြင်းကို သက်သာစေပါတယ်။
​ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးခြင်း
ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ် (၇၀%) ကျော်ဟာ အူလမ်းကြောင်းကျန်းမာရေးပေါ်မှာ မူတည်နေတာကြောင့် ရောဂါဘယတွေကို ခုခံနိုင်စွမ်း တိုးတက်စေပါတယ်။
​သောက်သုံးရ လွယ်ကူ အဆင်ပြေခြင်း
အအေးခန်းထဲ (ရေခဲသေတ္တာထဲ) ထည့်သိမ်းထားစရာမလိုဘဲ အပြင်အပူချိန်မှာတင် ပုံမှန်အတိုင်း အလွယ်တကူ ထားသိုနိုင်ပါတယ်။
​အရည်အသွေး စိတ်ချရခြင်း
ဆေးတောင့်တစ်လုံးချင်းစီကို သေချာစွာ စက္ကူအဖုံး (Blister Sealed) နဲ့ ပတ်ထားလို့ လေဝင်လေထွက်မရှိဘဲ သန့်ရှင်းလတ်ဆတ်မှုကို ရေရှည်ထိန်းထားနိုင်ပါတယ်။ နို့ထွက်ပစ္စည်း၊ ဂျုံ (Gluten) နှင့် ပဲစင်းငုံ (Soy) တို့ လုံးဝမပါဝင်သလို သတ်သတ်လွတ်စားသူများ (Vegetarians) အတွက်လည်း အထူးသင့်လျော်ပါတယ်။
​💊 သောက်သုံးရန်အညွှန်း
​တစ်နေ့ (၁) လုံး ပုံမှန်သောက်သုံးပေးနိုင်ပါသည်။
​"ဝမ်းဗိုက်ပေါ့ပါးပြီး ကျန်းမာလန်းဆန်းတဲ့ နေ့ရက်တွေကို ပိုင်ဆိုင်ဖို့ LactoBif 30 ကို ဒီနေ့ပဲ ရွေးချယ်လိုက်ပါ" 🌟

🇺🇸 Made in USA | Centrum Silver Adults 50+ (325 Tablets)👨‍🦳👩‍🦳 အသက် ၅၀ ကျော်လာပြီဆိုရင်... ကျန်းမာရေးကို နေ့တိုင်းဂရုစို...
04/08/2026

🇺🇸 Made in USA | Centrum Silver Adults 50+ (325 Tablets)

👨‍🦳👩‍🦳 အသက် ၅၀ ကျော်လာပြီဆိုရင်... ကျန်းမာရေးကို နေ့တိုင်းဂရုစိုက်ဖို့ အချိန်ရောက်ပါပြီ။

အသက်အရွယ်တိုးလာတာနဲ့အမျှ ခန္ဓာကိုယ်လိုအပ်တဲ့ Vitamin နဲ့ Mineral တွေကို အစားအသောက်တစ်ခုတည်းကနေ လုံလောက်စွာ မရနိုင်တဲ့အခါတွေ ရှိနိုင်ပါတယ်။
Centrum Silver Adults 50+ ကတော့ အသက် ၅၀ အထက် လူကြီးများအတွက် အထူးဖော်စပ်ထားတဲ့ Complete Multivitamin ဖြစ်ပြီး—

✅ နှလုံးကျန်းမာရေးကို ထောက်ပံ့ပေးနိုင်ပါတယ်။
✅ ဦးနှောက်နှင့် မှတ်ဉာဏ်လုပ်ဆောင်မှုကို အားပေးနိုင်ပါတယ်။
✅ မျက်စိကျန်းမာရေးကို ထိန်းသိမ်းပေးနိုင်ပါတယ်။
✅ ကိုယ်ခံအားစနစ်ကို ထောက်ပံ့ပေးနိုင်ပါတယ်။
✅ Vitamin C, Zinc နှင့် အရေးကြီးသော Vitamin & Mineral များစွာ ပါဝင်ပါတယ်။

💊 တစ်နေ့ ၁ လုံး သောက်ရုံနဲ့ နေ့စဉ်လိုအပ်တဲ့ အာဟာရဓာတ်များကို ဖြည့်ဆည်းပေးနိုင်ပါတယ်။

❗️Sale Price - 198000ကျပ် ❗️Instock ✅️
အရေအတွက် အနည်းငယ်သာ ရပါမယ် ။
Expired Date ကလဲ 2027 ကုန်ခါနီးမှ ဆိုတော့ စိတ်ချလက်ချသာ
သောက်သုံးနိုင်ပါတယ် ✅️👌

❤️ မကြာခင် ဝါတွင်းကာလ ရောက်တော့မှာဆိုတော့ မိဘများအတွက် လက်ဆောင်ပေးဖို့လည်း အကောင်းဆုံးရွေးချယ်မှုပါ။

ကျန်းမာရေးက ဘဝရဲ့ အကောင်းဆုံးရင်းနှီးမြှုပ်နှံမှုပါ။💯

📩 Order - Page Messenger 📱 Viber - 09 420316282



Send message

Nature's Bounty B12300tablets Vitamin B12 အစားအစာ ရင်းမြစ်များအမဲ နှင့် ကြက်သည်း၊ ဆဲမာန် ငါး၊ ဟဲရင်း ငါး၊ မက်ကရယ် ငါး၊ ဆ...
04/08/2026

Nature's Bounty B12
300tablets

Vitamin B12

အစားအစာ ရင်းမြစ်များ
အမဲ နှင့် ကြက်သည်း၊ ဆဲမာန် ငါး၊ ဟဲရင်း ငါး၊ မက်ကရယ် ငါး၊ ဆားဒင်း ငါး (ငါးသေတ္တာ ငါး)၊ တူနာ ငါး၊ ထရောက် ငါး၊ အော်ဂဲနစ် ဒိန်ချဉ်၊ ကြက်ဆင်သား၊ ပိုးမသတ်ထားသော နို့၊ အမဲ မိုးခိုသား၊ သိုးသား

အကျိုးကျေးဇူးများ
မှတ်ဉာဏ် ဆုံးရှုံးခြင်းကို ကာကွယ်ပေးခြင်း၊ အာရုံကြော ရောဂါကို ကာကွယ်ပေးခြင်း၊ နှလုံး ကျန်းမာရေးကို ထိန်းသိမ်းပေးခြင်း၊ အရေပြားနှင့် ဆံပင်တို့အတွက် လိုအပ်ခြင်း၊ အစာကြေခြင်းကို ကူညီခြင်း၊ ကိုယ်ဝန်ဆောင်ခြင်းအတွက် လိုအပ်ခြင်း၊ ကင်ဆာကို တားဆီးရန် ကူညီနိုင်ခြင်း၊ သွေးနီဥ ထုတ်လုပ်ရာတွင် ကူညီပေးပြီး သွေးအားနည်းခြင်းကို တားဆီး ကာကွယ်ပေးခြင်း။

B12 ဓာတ် ချို့တဲ့တတ်သူတွေက
၁။ အသက် ၅၀ ကျော်သူ
၂။ သက်သတ်လွတ် စားသူ
၃။ အူသိမ်မှ အာဟာရဓာတ်များကို စုတ်ယူနိုင်စွမ်း မရှိသူ၊ မုန့်ချိုအိပ် pancreas အားနည်းသူ၊ အူလမ်းကြောင်းမှာ ပိုးမွှား များနေသူ (bacterial overgrowth, Tape worm infection)
၄။ Autoimmune ရောဂါများ၊ အထူးသဖြင့် Hashimoto, Graves disease ဖြစ်နေသူ
၅။ Acid blockers (အက်စစ် မထွက်အောင် သောက်နေကြသော ဆေးများ)၊ Metformin (ဆီးချို လူနာများ သောက်သောဆေး) သောက်နေသူ

B12 ချို့တဲ့နေရင်
သွေးနီဥတွေ ကျလာမယ် (anemia)၊ သွေးဖြူဥတွေ ကျလာမယ်၊ သွေးဥမွှားတွေ ကျလာမယ်၊ ဦးနှောက် နှင့် အာရုံကြော ရောဂါ၊ အစာအိမ် ကင်ဆာ၊ ခြေလက် ထုံကျင်ခြင်း (ခြေထောက်မှာ အဖြစ်များ)၊ နာတာရှည် ကြွက်သားနာခြင်း၊ စိတ်ဓာတ် ကျဆင်းခြင်း၊ စိတ်တိုခြင်း၊ အိပ်မပျော်ခြင်း၊ လုပ်ရိုးလုပ်စဉ် လုပ်ငန်းများမှာ နှေးကွေးသွားခြင်း (ဒီမင်းရှား)၊ သတိ မေ့တတ်ခြင်း၊ နေ့စဉ် လုပ်နေကြများကို မသိတော့ခြင်း (အယ်ဇိုင်းမား)၊ ရူးသွပ်သလို ဖြစ်ခြင်း၊ မျက်စိ အမြင် ပြောင်းလဲနေခြင်း၊ အားမရှိ လမ်းမလျှောက်နိုင်တော့ခြင်း၊ လမ်းလျှောက်သည့်အခါ အနေအထား ချိန်ဆနိုင်သည့် စွမ်းရည် ကျဆင်းသွားခြင်း၊ ခေါင်းငုံ့လိုက်သည့်အခါ ရှော့ရသကဲ့သို့ ခြေထောက်ထဲကို ဆင်းသွားသကဲ့သို့ ခံစားရခြင်း၊ လမ်းလျှောက်ရင် ယိုင်ထိုးယိုင်ထိုး ဖြစ်ခြင်း၊ ပျော့ဖတ်ဖတ် ဖြစ်နေခြင်း၊ စကားလုံး မကွဲခြင်း၊ ခြေထောက် အငြိမ်မနေ ဖြစ်နေခြင်း (Restless leg syndrome)၊ ဆံပင်ပါးခြင်းနှင့် ဆံပင်ဖြူခြင်း၊

B12 အလွန် ချို့တဲ့နေသူများ အသားဆေး ထိုးရပါတယ်၊ ဆေးမထိုးလိုသူများက 5000 microgram သောက်ကြပါတယ်၊ သက်သာလာပါက 2500mcg (or) 1000mcg ဆက်သောက်ကြပါတယ်

B12 အမျိုးမျိုး ရှိတဲ့ထဲက Methylcobalamin ကို သောက်သင့်ပါတယ်၊ လျှာအောက်မှာ ငုံထားမှ အာနိသင် အပြည့် ရပါတယ်။

Credit-To a better health and Original writer

Magnesium Glycinate Instock Nature's Bounty 180 capsules .  148000KAL .                   160 capsule       138000Life E...
04/08/2026

Magnesium Glycinate
Instock
Nature's Bounty 180 capsules . 148000
KAL . 160 capsule 138000
Life Extension. 90 capsules 102000

Magnesium တွေထဲမှာ အကောင်းဆုံးက
MAGNESIUM Glycinate 🙋
အိပ်ပျော် ဝမ်းမှန် စိတ်ဖိစီးမှုလျှော့ချပေး
အကြောတက်သက်သာ
ကြွက်တက်ခြင်းမှကာကွယ်
ခြေလက်ညောင်းညာကိုက်ခဲခြင်းပျောက်ကင်း
စိတ်ဖိစီးမှုလျော့ချပေးလို့ အလုပ်ပင်ပန်းသူတွေ အဆင်ပြေ
အာရုံကြောတွေ အားရှိစေလို့ ကျီးပေါင်းသမား အားရုံကြောအားနည်းသူများ အမြဲခေါင်းကိုက်ဇက်ထိုးတတ်သူများ တလလောက်သောက်ကြည့်ရုံဖြင့် အရမ်းသိသာစေသော

Magnesium ဟာ Vitamin D ကဲ့သို့ နာတာရှည်ရောဂါများ မဖြစ်ရန်အတွက် အလွန် အရေးကြီးသော သတ္တုဓာတ် ဖြစ်ပါတယ်။

မဂ္ဂနီစီယမ် ကြွယ်ဝသော အစားအစာများမှာ
ဟင်းနုနွယ်၊ မတ်ပဲညို၊ ပဲတီ၊ ဗာဒံစေ့၊ သီဟိုစေ့၊ အာလူး၊ ဖရုံစေ့၊ ထောပတ်သီး၊ ငှက်ပျောသီး၊ ပန်းဂေါ်ဖီစိမ်း၊ နာနတ်သီး

၁။ အာရုံကြောတို့ကို သက်တောင့်သက်သာ ရှိစေသည်။ စိုးရိမ်သောက နည်းစေရန် အားပေးကူညီသည်။
၂။ စိတ်မတည်ငြိမ်ခြင်းကို ငြိမ်သက်စေရန် ကူညီပေးသည်၊ ကြွက်သားများကို ဖြေလျော့ပေးသည်၊ အိပ်ပျော် လွယ်စေသည်
၃။ ဝမ်းချုပ်ခြင်းကို သက်သာစေသည်။
၄။ ကြွက်သားများ ကိုက်ခဲခြင်းနှင့် အကြောဆွဲခြင်းတို့ကို သက်သာစေသည်။
၅။ ကယ်လစီယမ်နှင့် ပိုတက်စီယမ် ပမာဏတို့ကို ထိန်းညှိပေးသည်။ အရိုးပွ ရောဂါကို ကာကွယ်ပေးသည်။
၆။ နှလုံးရောဂါ မဖြစ်အောင် ကာကွယ်ပေးသည်
၇။ သွေးတိုးခြင်းကို ကာကွယ်ပေးသည်။
၈။ ခေါင်းတခြမ်းကိုက်ခြင်းများကို ကာကွယ်ပေးသည်။
၉။ နှလုံးရောဂါကြောင့် ရုတ်တရက် သေဆုံးခြင်း ၊လေဖြတ်ခြင်း၊ အသက်ကြီးမှ ဖြစ်သော ဆီးချို၊ ပန်းနာရင်ကြပ် ကာကွယ်ပေးသည်
၁၀။ အားကစား လုပ်သူများ Magnesium ချို့တဲ့ပါက ရုတ်တရက် သေဆုံးတတ်သည်၊

Magnesium ကို မှန်မှန် လုံလုံ လောက်လောက် သောက်သူများ ကင်ဆာရောဂါ ဖြစ်နိုင်တဲ့ အလားအလာ ကျဆင်းသွားခြင်းကို တွေ့ရပါတယ်။

အလွန် ထင်ရှားတဲ့ သုတေသန တစ်ခုမှာ တွေ့တာကတော့ အလွန်ဆိုးတဲ့ ကင်ဆာ ဖြစ် တဲ့ pancreatic cancer ရယ် အူမကြီး ကင်ဆာရယ် အလွန် အဖြစ် နည်းသွားတာကို တွေ့ရပါတယ်တဲ့။

Magnesium ချို့တဲ့နေသူများမှာ Pancreatic cancer risk က 76% တက်သွားပါသည်

ကျောက်ကပ် မကောင်းလို့ ဆီးဆိပ် (creatinine) တက်နေသူတွေ မသောက်သင့်ပါ

Natrol Melatonin 5mg Gummy 180gummies  Exp.    2027/7 Price. 155000ks​🌙 ညတိုင်း အိပ်မပျော်လို့ စိတ်ညစ်နေရပါသလား။ 😴✨​အလုပ...
29/07/2026

Natrol Melatonin 5mg Gummy 180gummies
Exp. 2027/7
Price. 155000ks

​🌙 ညတိုင်း အိပ်မပျော်လို့ စိတ်ညစ်နေရပါသလား။ 😴✨
​အလုပ်ပင်ပန်းပေမဲ့ ညဘက်ရောက်ရင် အိပ်ရခက်နေသူတွေ၊ အိပ်ရေးမဝလို့ မနက်မိုးလင်းရင် မလန်းဆန်းဘဲ နွမ်းနယ်နေသူတွေအတွက် Natrol Melatonin 5mg Gummies လေး ရှိနေပြီနော်!
​🍓 ဒီ Natrol Melatonin Gummy လေးရဲ့ အားသာချက်တွေကတော့ -
​Fall Asleep Faster: ခေါင်းအုံးနဲ့ ခေါင်းနဲ့ ထိတာနဲ့ မြန်မြန်ဆန်ဆန် အိပ်ပျော်စေတယ်။
​Stay Asleep Longer: ညဘက် လန့်လန့်နိုးတာမျိုး မရှိဘဲ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေတယ်။
​Wake Up Refreshed: မနက်နိုးလာရင် အိပ်ရေးဝဝဝနဲ့ လန်းဆန်းတက်ကြွစေတယ်။
​100% Drug Free: ဆေးစွဲကျန်ရစ်ခြင်း မရှိဘဲ သဘာဝအတိုင်း အိပ်စက်ခြင်းစက်ဝန်းကို ကူညီပေးပါတယ်။
​Strawberry Flavor: အရသာရှိတဲ့ စထရောဘယ်ရီ အရသာ gummy လေးမို့ သောက်ရတာ အရမ်းလွယ်ကူပြီး စိတ်ချမ်းသာစရာပါ။
​တစ်ဘူးမှာ 180 Gummies တောင် ပါဝင်တာမို့ လပေါင်းများစွာ စိတ်အေးချမ်းသာစွာ သုံးစွဲနိုင်ပါတယ်ရှင်။
​✨ သဘာဝအတိုင်း နှစ်ခြိုက်စွာ အိပ်ပျော်ပြီး ကျန်းမာလန်းဆန်းတဲ့ နံနက်ခင်းတွေကို ပိုင်ဆိုင်ဖို့ အခုပဲ မှာယူလိုက်ပါတော့နော်။ 💖

29/07/2026
Instock
23/07/2026

Instock

Address

On Pyay Road Around Sawbwargyigone Insein
Yangon

Telephone

+959696065229

Website

Alerts

Be the first to know and let us send you an email when Shar USA Suppliments Store posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Shar USA Suppliments Store:

Shortcuts

Share