Linn Myanmar Healthcare

Linn Myanmar Healthcare Affordable, yet authentic. This is Linn Myanmar. As we flourished and expanded, we transformed in 2020, rebranding ourselves as "Linn Myanmar Healthcare."
(242)

Our Story

At Linn Myanmar Healthcare, we take pride in being an E-Commerce brand that offers a wide range of top-notch healthcare and wellness products from various industries. Our commitment is to ensure that the people of Myanmar have access to the finest quality healthcare products at the best value available nationwide. Our journey began in 2017 under the name "Yangon Online Shopping," a fami

ly business that prioritized selling only a select few products of exceptional quality. This rebranding allowed us to introduce high-quality healthcare products, including vitamins and supplements, to the people of Myanmar. With the advancements in technology, we decided to evolve into a large-scale E-Commerce platform, offering our online and offline products. Embracing the latest E-Commerce technologies, we aimed to make accessing our products easy and efficient for our valued customers. Our mission is clear - we strive to become the leading distributor of healthcare products, reaching every corner of Myanmar. Innovation is at the core of our efforts as we aim to foster sustainable communication with all stakeholders. Our vision is to create a healthier society and contribute to the well-being of the nation's people. Looking ahead, we are committed to expanding our business while maintaining the trust and quality our customers have come to rely on. We plan to broaden our product range to include pharmaceuticals, baby care items, and medical supplies from various industries worldwide. Throughout this journey, one thing remains constant - our unwavering dedication to customer satisfaction. At Linn Myanmar Healthcare, we continue to strive, thrive, and will always be driven by our passion for enhancing the health and wellness of our valued customers.

ငါးကြီးဆီ ဝယ်တော့မယ်ဆိုရင် အမြဲတမ်းကြုံရတဲ့ ဒုက္ခလေးများ 🤦‍♂️💁🏻‍♂️ Fish Oil လား Cod Liver Oil လား စဥ်းစားရင်း ခေါင်းရှုပ...
23/08/2026

ငါးကြီးဆီ ဝယ်တော့မယ်ဆိုရင် အမြဲတမ်းကြုံရတဲ့ ဒုက္ခလေးများ 🤦‍♂️

💁🏻‍♂️ Fish Oil လား Cod Liver Oil လား စဥ်းစားရင်း ခေါင်းရှုပ်လာတာမျိုး။

💁🏻‍♂️ Omega-3 ရာခိုင်နှုန်းတွေ လိုက်တွက်ရင်း သင်္ချာဆရာ ပြန်ဖြစ်သွားတာမျိုး။

💁🏻‍♂️ ဝယ်ပြီးတော့လည်း အလုံးကြီးတာမြင်ပြီး မျိုချဖို့ အာမွေးရပြန်တာမျိုး။

မိတ်ဆွေတို့ရော ဒီထဲမှာ ဖြစ်ဖူးတဲ့အချက်တွေပါလား?

ဒါမှမဟုတ် ကိုယ်ကြုံခဲ့တာလေးတွေ ရှိရင်လည်း
မျှဝေခဲ့လို့ရတယ်နော် အပျော်ပေါ့ 🙆‍♂️💚

#လင်းမြန်မာ #ငါးကြီးဆီ #နှလုံးကျန်းမာရေး #ဦးနှောက်ကျန်းမာရေး #အမေးအဖြေ #ဖြည့်စွက်စာ

🐟 တစ်ချက်က မိတ်ဆွေတို့ကို လိမ်နေပါတယ်...Omega-3 Fish Oil အကြောင်း သိထားသင့်တဲ့ ဒီ (၄) ခုထဲမှာ မှားနေတာတစ်ခုက ဘယ်ဟာဖြစ်မလ...
23/08/2026

🐟 တစ်ချက်က မိတ်ဆွေတို့ကို လိမ်နေပါတယ်...

Omega-3 Fish Oil အကြောင်း သိထားသင့်တဲ့ ဒီ (၄) ခုထဲမှာ မှားနေတာတစ်ခုက ဘယ်ဟာဖြစ်မလဲ?

A) Fish Oil မှာ အဓိကပြောလေ့ရှိတဲ့ Omega-3 တွေက EPA နဲ့ DHA ဖြစ်တယ်။

B) Fish Oil သောက်ရင် သွေးတွင်း Triglyceride ကို လျော့ကျစေနိုင်တယ်။

C) EPA + DHA ပမာဏ ပိုများလေ ကျန်းမာရေးအတွက် ပိုကောင်းလေ ဖြစ်တယ်။

D) Omega-3 က နှလုံး၊ ဦးနှောက်၊ မျက်စိ၊ အဆစ်အမြစ်နဲ့ အရေပြားကျန်းမာရေး (၅) ခုလုံးကို ထောက်ပံ့ပေးနိုင်တယ်။

🤔 ဒီတစ်ခါတော့ လွယ်မယ်မထင်ဘူးနော် ...

A / B / C / D ထဲ မှားနေတာ
ဘယ်တစ်ခုဖြစ်မလဲ Comment မှာ ရွေးသွားကြည့်👇

TikTok မှာ ကိုယ်တိုင် Content တွေ ဖန်တီးချင်တဲ့သူတွေအတွက် အခွင့်အရေးတစ်ခု... 🎬✨ ဒီ Position အတွက် အတွေ့အကြုံ အများကြီးရှ...
22/08/2026

TikTok မှာ ကိုယ်တိုင် Content တွေ ဖန်တီးချင်တဲ့သူတွေအတွက် အခွင့်အရေးတစ်ခု... 🎬✨

ဒီ Position အတွက် အတွေ့အကြုံ အများကြီးရှိထားပြီးသားဖြစ်ဖို့ထက် ပိုအဓိကကျတာက TikTok Platform ကို ကောင်းကောင်းနားလည်ပြီး Trend တွေကို အမှီလိုက်နိုင်စွမ်းရှိဖို့ပါပဲ။ 💚

ဒါဆို ​"Idea တွေ၊ Script တွေတော့ ရှိတယ်... ဒါပေမဲ့ ပုံဖော်ပေးမယ့် Equipment နဲ့ Support ပေးမယ့် Team မရှိသေးဘူး" ဆိုရင်တော့

အလားအလာရှိတဲ့ အရည်အချင်းတွေအတွက် Linn Myanmar Healthcare မှာ အခွင့်အရေးပေးနေပါပြီ။ 💁🏻‍♂️

───

🟢 We are Hiring !!

TikTok Content Creator - (၁) ဦး (ကျား/မ)

✅ TikTok Content Creator အတွက် လိုအပ်ချက်

- TikTok Trend များကို အမြဲစောင့်ကြည့်ပြီး Creative Content Idea များ ထုတ်နိုင်သူ။

- TikTok Video များအတွက် Content Script များ ရေးသားနိုင်သူ။

- Videographer နှင့် Video Editor များနှင့် ညှိနှိုင်းကာ Content များကို အတူတကွ ပုံဖော်နိုင်သူ။

- TikTok Account ကို စနစ်တကျ စီမံခန့်ခွဲနိုင်ပြီး၊ Video များတင်ခြင်း၊ Audience များ၏ Comment နှင့် Message များကို အဆင်ပြေပြေ ပြန်လည်ဖြေကြားနိုင်သူ။

- အဖွဲ့သားများနှင့် စိတ်ရှည်စွာ ညှိနှိုင်းတိုင်ပင် လုပ်ဆောင်နိုင်သူ။

───

🟢 ရရှိမည့် အကျိုးခံစားခွင့်များ

✅ Studio Equipment - Sony FX30, a6700, Sony GM2 Lenses, Sigma Lenses နှင့် အခြား Studio Equipment အစုံအလင်ဖြင့် လက်တွေ့ အလုပ်လုပ်ခွင့်ရမည်။

✅ အလုပ်ချိန်အတွင်း Creative Freedom အပြည့် ပေးပါသည်။

✅ လစာ - ညှိနှိုင်း
(မိမိအရည်အချင်းပေါ်မူတည်ပြီး တောင်းဆိုနိုင်ပါသည်။ CV Form တွင် Portfolio နှင့် မျှော်မှန်းလစာ ထည့်ရေးပေးပါရန်။)

✅ အခြားသော Allowance များကိုတော့ Interview တွင် အသေးစိတ်ရှင်းပြပေးပါမည်။

✅ လုပ်ငန်းဆိုင်ရာ အကြောင်းအရာများကိုလည်း ရှင်းပြသင်ကြား လက်တွဲခေါ်ဆောင် ပေးသွားပါမည်။

───

☀️ ရုံးတက်ရက် - တစ်ပတ် (၆) ရက်
Sunday နှင့် အခါကြီးရက်ကြီးများ ရုံးပိတ်ပါသည်။

☀️ ရုံးချိန် - မနက် ၉ နာရီ မှ ညနေ ၅ နာရီ

📍 ရုံးလိပ်စာ - အမှတ် (၈၆၁)၊ မေတ္တာလမ်း (သံသုမာလမ်းအနီး)၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့။

https://maps.app.goo.gl/PFDH9rUHyg2nMzzh9

───

လျှောက်လွှာတင်ရန်

📩 [email protected]

📲 Viber - 09450021100

#အလုပ်ခေါ်စာ #လင်းမြန်မာ

အာရုံကြောတွေ ခဏခဏ ထုံကျဉ် ကိုက်ခဲနေလို့ အားဆေးရှာတဲ့အခါ ... 🤔Alpha Lipoic လား? R-Lipoic လား? 💁🏻‍♂️ ဆိုပြီး ရွေးချယ်ရခက်တ...
21/08/2026

အာရုံကြောတွေ ခဏခဏ ထုံကျဉ် ကိုက်ခဲနေလို့ အားဆေးရှာတဲ့အခါ ... 🤔

Alpha Lipoic လား?
R-Lipoic လား? 💁🏻‍♂️ ဆိုပြီး ရွေးချယ်ရခက်တတ်ပါတယ်။

နှစ်မျိုးလုံးရဲ့ အဓိက အကျိုးအာနိသင်က‌တော့ သွေးတွင်း သကြားဓာတ်ကို ထိန်းညှိပေးပြီး ခြေလက်တွေ မကြာခဏ ထုံကျင်တာ၊ စိမ့်စိမ့်နာတာ၊ အပ်နဲ့ထိုးသလို ခံစားရတာမျိုးတွေကို သက်သာစေပါတယ်။

ဒါဆို ဘာကွာတာလဲ?

💚 Alpha Lipoic Acid (ALA)

ALA ဆိုတာ Lipoic Acid ရဲ့ R-Form နဲ့ S-Form နှစ်မျိုးလုံး ပါဝင်တဲ့ ပုံစံ ဖြစ်ပြီး ပုံမှန်အသုံးများတဲ့ ပုံစံတစ်ခုပါ။

စုပ်ယူမှု ကောင်းမွန်ပြီး ထုတ်လုပ်ရတာ လွယ်ကူတာကြောင့် R-Lipoic Acid သီးသန့်ထက် ဈေးနှုန်းပိုသက်သာတတ်ပါတယ်။

💚 R-Lipoic Acid (RLA)

R-Lipoic Acid ကတော့ ခန္ဓာကိုယ်မှာ သဘာဝအတိုင်း တွေ့ရတဲ့ Active Form စစ်စစ်ကို သီးသန့်ရွေးချယ်ထုတ်လုပ်ထားတာပါ။

အလွယ်ပြောရရင် ခန္ဓာကိုယ်က ချက်ချင်းအသုံးပြုနိုင်တယ်၊ စုပ်ယူမှုကောင်းတယ်၊ ရလဒ်မြန်တယ်လို့ နားလည်နိုင်ပါတယ်။

ဒါပေမယ့် R-Form ကို သီးသန့်ခွဲထုတ်ပြီး ထိန်းသိမ်းထုတ်လုပ်ရတာက ALA ထက် ပိုခက်ခဲတာကြောင့် ထုတ်လုပ်မှုကုန်ကျစရိတ်နဲ့ ဈေးနှုန်းကလည်း ပိုမြင့်တတ်ပါတယ်။

💚 အနှစ်ချုပ်‌ပြောရရင် —

ဘတ်ဂျက် သက်သက်သာသာနဲ့ ပုံမှန် အာရုံကြောအားဖြည့်ချင်ရင် Alpha Lipoic Acid (ALA) ကို ရွေးချယ်နိုင်ပြီး၊

ခြေလက်ထုံကျင်တာကို အမြန်ဆုံး သက်သာချင်သူတွေအတွက်ကတော့ R-Lipoic Acid (RLA) က အကောင်းဆုံး ရွေးချယ်မှုပဲ ဖြစ်ပါတယ်။

ကိုယ့်အတွက် ဘယ် Form က ပိုသင့်တော်မလဲ မသေချာသေးရင် "လင်းမြန်မာ" Chatbox မှာ အခုပဲ မေးမြန်းရွေးချယ်နိုင်ပါတယ်။ 💚🛒
_____________________________________

🏬လူကိုယ်တိုင်ဆိုင်ကိုလာရောက်ဝယ်ယူလိုသော Customer များအတွက် …

🗺️Showroom လိပ်စာ - အမှတ် (၈၆၁) ၊ မေတ္တာလမ်း နှင့် သံသုမာလမ်းထောင့် ၊ တောင်ဥက္ကလာပမြိုနယ်၊ ရန်ကုန်တိုင်းဒေသကြီး။

📍Google Map - https://maps.app.goo.gl/EAFrWaD8zXnWBbbbA?g_st=ic

Online မှ မှာယူလိုသော Customer များအတွက် …

📞 Phone 09752958509

💬 Viber 959752958509

Page Messenger 👉 m.me/LMH.CLM 👈 ကနေ တစ်ဆင့်မှာယူနိုင်ပါတယ်။

#အာရုံကြောကျန်းမာရေး #လင်းမြန်မာ

ခန္ဓာကိုယ်မှာ ဘာ့ကြောင့် အမျှင်ဓာတ်ကို လိုအပ်တာလဲ? 🌿အမျှင်ဓာတ်ဆိုတာ အူလမ်းကြောင်း ကျန်းမာရေးနဲ့ ဝမ်းမှန်စေဖို့အတွက် မရှိ...
20/08/2026

ခန္ဓာကိုယ်မှာ ဘာ့ကြောင့် အမျှင်ဓာတ်ကို လိုအပ်တာလဲ? 🌿

အမျှင်ဓာတ်ဆိုတာ အူလမ်းကြောင်း ကျန်းမာရေးနဲ့ ဝမ်းမှန်စေဖို့အတွက် မရှိမဖြစ်အရေးပါတဲ့ အာဟာရတစ်မျိုး ဖြစ်ပါတယ်။

💚 အမျှင်ဓာတ်က အူထဲရောက်တဲ့အခါ ရေကို စုပ်ယူပြီး ဝမ်းကို ပိုပျော့ပျောင်းစေတယ်။ အူလမ်းကြောင်းထဲမှာ အစာအကြွင်းအကျန်တွေ ပုံမှန်ရွေ့လျားသွားလာနိုင်အောင် ကူညီပေးတယ်။

ဒါကြောင့် အမျှင်ဓာတ်နည်းတဲ့ အစားအသောက်ပုံစံမှာ ဝမ်းချုပ်တာ၊ ဗိုက်လေးလံတာ၊ အူလမ်းကြောင်း အဆင်မပြေတာတွေ ပိုကြုံလာရပါတယ်။ ✅

အထူးသဖြင့် နေ့စဉ်အစားအသောက်ထဲမှာ ဟင်းသီးဟင်းရွက်နဲ့ အမျှင်ဓာတ်ပါအစားအစာတွေ မလုံလောက်တဲ့သူတွေအတွက် Psyllium Husk က ရွေးချယ်စရာတစ်ခု ဖြစ်လာနိုင်ပါတယ်။

💚 NOW Foods Whole Psyllium Husks က အူလမ်းကြောင်းထဲမှာ ရေကို စုပ်ယူပြီး ဝမ်းပမာဏနဲ့ ပျော့ပျောင်းမှုကို ကူညီပေးတာကြောင့် ဝမ်းချုပ်လွယ်သူတွေအတွက် ဝမ်းသွားရလွယ်ကူစေဖို့ ကူညီပေးပါတယ်။

အမျှင်ဓာတ်ကို ကိုယ့်နေ့စဉ်စားသောက်မှုပုံစံထဲ ထည့်သွင်းချင်သူတွေအတွက် NOW Foods Whole Psyllium Husks 16 oz (454 g) ကို "လင်းမြန်မာ" မှာ အခုပဲ ရွေးချယ်မှာယူနိုင်ပါတယ်။ 💚🛒
_____________________________________

🏬လူကိုယ်တိုင်ဆိုင်ကိုလာရောက်ဝယ်ယူလိုသော Customer များအတွက် …

🗺️Showroom လိပ်စာ - အမှတ် (၈၆၁) ၊ မေတ္တာလမ်း နှင့် သံသုမာလမ်းထောင့် ၊ တောင်ဥက္ကလာပမြိုနယ်၊ ရန်ကုန်တိုင်းဒေသကြီး။

📍Google Map - https://maps.app.goo.gl/EAFrWaD8zXnWBbbbA?g_st=ic

Online မှ မှာယူလိုသော Customer များအတွက် …

📞 Phone 09752958509

💬 Viber 959752958509

Page Messenger 👉 m.me/LMH.CLM 👈 ကနေ တစ်ဆင့်မှာယူနိုင်ပါတယ်။

#လင်းမြန်မာ #အမျှင်ဓာတ်

ခန္ဓာကိုယ်မှာ ဇင့်ဓာတ် ချို့တဲ့လာတဲ့အခါ… ⚠️ဇင့်ဓာတ်က ခန္ဓာကိုယ်ရဲ့ အဓိကလုပ်ဆောင်မှု တော်တော်များများမှာ ပါဝင်နေတဲ့ သတ္တု...
20/08/2026

ခန္ဓာကိုယ်မှာ ဇင့်ဓာတ် ချို့တဲ့လာတဲ့အခါ… ⚠️

ဇင့်ဓာတ်က ခန္ဓာကိုယ်ရဲ့ အဓိကလုပ်ဆောင်မှု တော်တော်များများမှာ ပါဝင်နေတဲ့ သတ္တုဓာတ်တစ်မျိုး ဖြစ်ပါတယ်။

ဒါကြောင့် ဇင့်ဓာတ် မလုံလောက်လာတဲ့အခါ ခန္ဓာကိုယ်မှာ ဒီလိုအပြောင်းအလဲတွေ တွေ့လာရနိုင်ပါတယ်—

💚 ကိုယ်ခံအား ပုံမှန်အလုပ်လုပ်နိုင်စွမ်း လျော့လာနိုင်ခြင်း
ရာသီဥတုအပြောင်းအလဲတွေမှာ အအေးမိဖျားနာတာမျိုး ပိုမိုကြုံလာနိုင်ပါတယ်။

💚 အနာကျက်ဖို့ အချိန်ပိုကြာလာနိုင်ခြင်း
ဇင့်ဓာတ်က ဆဲလ်အသစ်တွေ ဖြစ်ပေါ်ပြီး ထိခိုက်ထားတဲ့နေရာတွေ ပြန်လည်ပြုပြင်ရာမှာ ပါဝင်တာကြောင့် မလုံလောက်ရင် အနာကျက်တာ နှေးလာနိုင်ပါတယ်။

💚 အနံ့နဲ့ အရသာခံနိုင်မှု လျော့လာနိုင်ခြင်း
အစားစားတဲ့အခါ အရငမလို အရသာမရှိတော့တာ၊ အနံ့ခံနိုင်စွမ်း လျော့လာတာမျိုးလည်း ဖြစ်နိုင်ပါတယ်။

💚 အသားအရေနဲ့ ဆံပင်ကျန်းမာရေးကိုလည်း ထိခိုက်လာနိုင်ခြင်း
ဇင့်ဓာတ် လျော့နည်းလာတာနဲ့တပြိုင်နက် ဆံပင်ကျွတ်လွယ်တာ၊ ဝက်ခြံထွက်လွယ်တာ‌တွေဖြစ်လာပါတယ်။

ဒါကြောင့် Zinc ကို “အအေးမိရင် သောက်တဲ့အားဆေး” လို့ပဲ မမြင်သင့်ပါဘူး။

Life Extension Zinc Caps 50 mg မှာတော့ ဇင့်ကို OptiZinc® ပုံစံနဲ့ ထည့်သွင်းထားပြီး နေ့စဉ်ဇင့်ဓာတ် ဖြည့်တင်းလိုသူတွေအတွက် ရွေးချယ်စရာတစ်ခု ဖြစ်ပါတယ်။ 💚

ကိုယ်ခံအားတစ်ခုတည်းအတွက် မဟုတ်ဘဲ ခန္ဓာကိုယ်ရဲ့ ပြန်လည်တည်ဆောက်မှုတွေမှာပါ လိုအပ်တဲ့ Zinc ကို လုံလောက်အောင် ဖြည့်တင်းချင်တယ်ဆိုရင် Life Extension Zinc Caps ကို လင်းမြန်မာမှာ အခုပဲ ရွေးချယ်မှာယူနိုင်ပါတယ်။

📩 မှာယူလိုပါက Chatbox မှာ “LEZC” လို့ ပို့ထားနိုင်ပါတယ်။
_____________________________________

🏬လူကိုယ်တိုင်ဆိုင်ကိုလာရောက်ဝယ်ယူလိုသော Customer များအတွက် …

🗺️Showroom လိပ်စာ - အမှတ် (၈၆၁) ၊ မေတ္တာလမ်း နှင့် သံသုမာလမ်းထောင့် ၊ တောင်ဥက္ကလာပမြိုနယ်၊ ရန်ကုန်တိုင်းဒေသကြီး။

📍Google Map - https://maps.app.goo.gl/EAFrWaD8zXnWBbbbA?g_st=ic

Online မှ မှာယူလိုသော Customer များအတွက် …

📞 Phone 09752958509

💬 Viber 959752958509

Page Messenger 👉 m.me/LMH.CLM 👈 ကနေ တစ်ဆင့်မှာယူနိုင်ပါတယ်။

#ဆံပင်ကျွတ်ခြင်း #ကိုယ်ခံအား #လင်းမြန်မာ

Creatine က နေ့တိုင်းသောက်ဖို့လိုလား? 🏋️“Gym သွားတဲ့နေ့ပဲ သောက်ရင်ရပြီမလား?”“Workout မလုပ်တဲ့နေ့ဆို မသောက်လည်းရတယ်မလား?”ဒ...
19/08/2026

Creatine က နေ့တိုင်းသောက်ဖို့လိုလား? 🏋️

“Gym သွားတဲ့နေ့ပဲ သောက်ရင်ရပြီမလား?”
“Workout မလုပ်တဲ့နေ့ဆို မသောက်လည်းရတယ်မလား?”

ဒီလိုထင်နေတယ်ဆိုရင် Creatine ရဲ့ အလုပ်လုပ်ပုံကို သိထားဖို့လိုပါတယ်။

Creatine က သောက်လိုက်တာနဲ့ ချက်ချင်း Energy ထုတ်ပေးတာမဟုတ်ဘဲ ကြွက်သားထဲမှာ အရန်စွမ်းအင် အဖြစ် သိုလှောင်ထားပြီး အားအများကြီးလိုတဲ့ လှုပ်ရှားမှုတွေလုပ်တဲ့အချိန် စက္ကန့်ပိုင်းအားအတွင်း အားအင်မြန်မြန် ပြန်ဖြည့်ပေးနိုင်အောင် ကူညီပေးတာပါ။ ✅

💚 ဒါကြောင့် Creatine ကို နေ့တိုင်း ပုံမှန်သောက်တာက ပိုအရေးကြီးပါတယ်။

သောက်ချိန်ကတော့ မနက်၊ နေ့လယ်၊ Workout မတိုင်ခင်ဆိုပြီး တိတိကျကျ သတ်မှတ်စရာမလိုပါဘူး။ ကိုယ်အဆင်ပြေတဲ့အချိန်သောက်နိုင်ပါတယ်။ အဓိကကတော့ ပုံမှန်သောက်ဖို့ပါပဲ။

💚 Dose ကတော့ ပုံမှန်တစ်နေ့ 3–5 g လောက်ဆို လုံလောက်ပါတယ်။ အများကြီးသောက်လေလေ အကျိုးပိုရလေလေ မဟုတ်ပါဘူး။

အတိုချုပ်ပြောရရင် Creatine က

“Workout လုပ်တဲ့နေ့သောက်တဲ့ Supplement” မဟုတ်ဘဲ

“Strength နဲ့ Training Performance ကို ရေရှည် Support လုပ်ပေးဖို့ သောက်တဲ့ Daily Supplement" လို့ နားလည်ထားရင် ပိုမှန်ပါတယ်။ 🏋️‍♂️

Creatine နဲ့ပတ်သက်ပြီး သိချင်တာရှိသေးရင် Linn Myanmar Chatbox မှာ “Creatine” လို့ ပို့ပြီး မေးမြန်းနိုင်ပါတယ်။ 💚
_____________________________________

🏬လူကိုယ်တိုင်ဆိုင်ကိုလာရောက်ဝယ်ယူလိုသော Customer များအတွက် …

🗺️Showroom လိပ်စာ - အမှတ် (၈၆၁) ၊ မေတ္တာလမ်း နှင့် သံသုမာလမ်းထောင့် ၊ တောင်ဥက္ကလာပမြိုနယ်၊ ရန်ကုန်တိုင်းဒေသကြီး။

📍Google Map - https://maps.app.goo.gl/EAFrWaD8zXnWBbbbA?g_st=ic

Online မှ မှာယူလိုသော Customer များအတွက် …

📞 Phone 09752958509

💬 Viber 959752958509

Page Messenger 👉 m.me/LMH.CLM 👈 ကနေ တစ်ဆင့်မှာယူနိုင်ပါတယ်။

#စွမ်းအင် #ကြွက်သား #ဖြည့်စွက်စာ

💚 ပင်ပန်းညောင်းညာတာတွေ ဝေးဝေးပြေးမယ့်Magnesium ဖျန်းဆေးတစ်နေ့လုံး ကွန်ပျူတာရှေ့မှာ ထိုင်ပြီး အလုပ်လုပ်ထားတာပဲဖြစ်ဖြစ်၊တစ...
19/08/2026

💚 ပင်ပန်းညောင်းညာတာတွေ ဝေးဝေးပြေးမယ့်
Magnesium ဖျန်းဆေး

တစ်နေ့လုံး ကွန်ပျူတာရှေ့မှာ ထိုင်ပြီး အလုပ်လုပ်ထားတာပဲဖြစ်ဖြစ်၊
တစ်နေကုန် မတ်တပ်ရပ်ပြီး လှုပ်ရှားထားရတာပဲဖြစ်ဖြစ်...

ညဘက်ရောက်တဲ့အခါ
ဇက်နဲ့ပခုံးတွေ တင်းနေတယ်၊ ခြေသလုံးတွေ ညောင်းနေတယ် ဆိုတာမျိုး ဖြစ်တတ်ပါတယ်။

တကယ်တော့ အဲ့ဒီလိုအချိန်မှာ

ပင်ပန်းနေတဲ့နေရာလေးတွေကို နှိပ်နယ်ပေးရင်း ကြွက်သားတွေကို ပြေလျော့စေတာက တကယ့်အနားယူမှုပါ 💚

ဒါ့ကြောင့် အတော်များများ...

🌿 Life-flo Magnesium Oil Spray ကိုဆောင်ထားကြတာပေါ့

သူက သောက်ဆေးမဟုတ်ဘဲ Magnesium Chloride Brine နဲ့ ပြုလုပ်ထားတဲ့ Topical Magnesium Spray ဖြစ်လို့
လိုအပ်တဲ့နေရာကို တိုက်ရိုက်ဖျန်းပြီး နှိပ်နယ်ပေးနိုင်ပါတယ်။

💚 ဇက်၊ ပခုံး တင်းနေတဲ့နေ့တွေမှာ
လိုရာနေရာ ဖျန်းပြီး ညင်သာစွာ နှိပ်နယ်သုံးနိုင်ပါတယ်။

💚 လေ့ကျင့်ခန်းလုပ်ပြီး ညဘက်
ပင်ပန်းနေတဲ့ ကြွက်သားတွေ ပြေလျော့စေဖို့လည်း အသုံးပြုနိုင်ပါတယ်။

💚 တစ်နေ့လုံး လမ်းလျှောက်၊ မတ်တပ်ရပ်ထားရတဲ့နေ့တွေမှာလည်း
ခြေထောက်နဲ့ ခြေသလုံးတွေကို ဖျန်းပေး နှိပ်နယ်ရင်း အပန်းဖြေနိုင်ပါတယ်။

✅ အသုံးပြုပုံကလည်း လွယ်ကူရိုးရှင်းပါတယ်။

💧 အရေပြားပေါ် ၄ / ၅ ချက်လောက်ခန့် ဖျန်းပါ။
💆‍♂️ ပြီးရင် ညင်သာစွာ နှိပ်နယ်ပေးပါ။

တစ်နေ့တာလုံး ပင်ပန်းထားသမျှကို ညဘက်အေးဆေး ဖြေလျှော့နိုင်ဖို့ အခုပဲ လင်းမြန်မာမှာ မေးမြန်းဝယ်ယူ ဆောင်ထားနိုင်ပါပြီ။ 🛒💚
_____________________________________

🏬လူကိုယ်တိုင်ဆိုင်ကိုလာရောက်ဝယ်ယူလိုသော Customer များအတွက် …

🗺️Showroom လိပ်စာ - အမှတ် (၈၆၁) ၊ မေတ္တာလမ်း နှင့် သံသုမာလမ်းထောင့် ၊ တောင်ဥက္ကလာပမြိုနယ်၊ ရန်ကုန်တိုင်းဒေသကြီး။

📍Google Map - https://maps.app.goo.gl/EAFrWaD8zXnWBbbbA?g_st=ic

Online မှ မှာယူလိုသော Customer များအတွက် …

📞 Phone 09752958509

💬 Viber 959752958509

Page Messenger 👉 m.me/LMH.CLM 👈 ကနေ တစ်ဆင့်မှာယူနိုင်ပါတယ်။

#လိမ်းဆေး #ဖျန်းဆေး #လင်းမြန်မာ

မင်မင်သာ အူလမ်းကြောင်းကို ပြန်ပြုပြင် ဂရုစိုက်ရမယ်ဆိုရင်... 🌿တစ်နေ့တာရဲ့ စိတ်ပင်ပန်းမှု စိတ်အလိုမကျမှုတွေထဲမှာ အူလမ်းကြေ...
18/08/2026

မင်မင်သာ အူလမ်းကြောင်းကို ပြန်ပြုပြင် ဂရုစိုက်ရမယ်ဆိုရင်... 🌿

တစ်နေ့တာရဲ့ စိတ်ပင်ပန်းမှု စိတ်အလိုမကျမှုတွေထဲမှာ အူလမ်းကြောင်းဆိုင်ရာပြဿနာတွေ တစ်ပုံကြီးပါနေတတ်ပါတယ်။

အဲ့ဒါကြောင့် မင်မင်သာ အူလမ်းကြောင်းကို စပြီးဂရုစိုက်မယ်ဆိုရင်...

တစ်ခုခုကို အလျင်စလို လျှောက်သောက်တာထက် အူလမ်းကြောင်းရဲ့ အခြေခံကို အချက် (၂) ချက်နဲ့ အရင်ပြန်ဂရုစိုက်ဖြစ်မယ်။

💚 ပထမအဆင့် — အရင်ရှင်းမယ်

ကာလကြာရှည် အူလမ်းကြောင်းထဲမှာ ကပ်ငြိနေတဲ့ အညစ်အကြေးတွေကို အရင်ရှင်းပြီး အူလမ်းကြောင်း ပေါ့ပါးသွားအောင် ကူညီပေးမယ်။

အဲ့ဒီအတွက် Himalaya Organic Triphala ကို ရွေးမယ်။
သူ့မှာ ဇီးဖြူသီး၊ ဖန်ခါးသီးနဲ့ သစ်ဆိမ့်သီး သုံးမျိုးပါဝင်ဖော်စပ်ထားလို့ အစာမကျေ၊ ဝမ်းချုပ်၊ ဝမ်းကျန် စတာတွေကို သိသိသာသာ ကောင်းမွန် သက်သာစေတယ်။

💚 ဒုတိယအဆင့် — ပြန်ဖြည့်တင်းမယ်

အူလမ်းကြောင်းထဲက သဘာဝဂေဟစနစ်ကို ပြန်ကောင်းအောင်လုပ်ဖို့ဆို အကျိုးပြုပိုးတွေကိုလည်း ပြန်ဖြည့်တင်းပေးဖို့လိုပါတယ်။

ဒီနေရာမှာတော့ SwiftCure Probiotics 30 Billion — အကျိုးပြုပိုး မျိုးစိတ် ၁၆ မျိုး ပါဝင်တဲ့ Probiotic ကို ရွေးမယ်။

မျိုးစိတ်အမျိုးမျိုးက အူလမ်းကြောင်းရဲ့ မတူညီတဲ့လိုအပ်ချက်တွေကို ကူညီပေးတာမို့ သဘာဝဂေဟစနစ်လေး ပြန်လည်စိုပြည်လာဖို့ အားဖြည့်ပေးနိုင်ပါတယ်။ 💚

အူလမ်းကြောင်းကို ပြန်ဂရုစိုက်မယ်ဆိုရင်…
အရင်ရှင်း၊ ပြီးရင် ပြန်ဖြည့်။ 🌿

မင်မင်သာ ရွေးမယ်ဆိုရင်တော့ ဒီလိုပဲ စမယ်။

မိတ်ဆွေတို့ဆိုရင်ရော ဘယ်လိုစကြမလဲ။
အတွေ့အကြုံလေးတွေ ရှိခဲ့တယ်ဆို ပြန်မျှဝေခဲ့ကြဦးနော် 💚

Himalaya - Triphala နဲ့ SC - Probiotics ကို "လင်းမြန်မာ" မှာ မေးမြန်းမှာယူလိုပါက ....
_____________________________________

🏬လူကိုယ်တိုင်ဆိုင်ကိုလာရောက်ဝယ်ယူလိုသော Customer များအတွက် …

🗺️Showroom လိပ်စာ - အမှတ် (၈၆၁) ၊ မေတ္တာလမ်း နှင့် သံသုမာလမ်းထောင့် ၊ တောင်ဥက္ကလာပမြိုနယ်၊ ရန်ကုန်တိုင်းဒေသကြီး။

📍Google Map - https://maps.app.goo.gl/EAFrWaD8zXnWBbbbA?g_st=ic
Online မှ မှာယူလိုသော Customer များအတွက် …

📞 Phone 09752958509

💬 Viber 959752958509

Page Messenger 👉 m.me/LMH.CLM 👈 ကနေ တစ်ဆင့်မှာယူနိုင်ပါတယ်။

#လင်းမြန်မာ #အူလမ်းကြောင်းကျန်းမာရေး

၄၀ ကျော်တွေ မဖြစ်မနေ ...သိထားသင့်တဲ့ သည်းခြေရည် 🤔အသက်အရွယ်ရလာတာနဲ့အမျှ ကိုယ်ခန္ဓာရဲ့ အစာချေဖျက်ပုံတွေကလည်း အရင်ကနဲ့ မတူတ...
18/08/2026

၄၀ ကျော်တွေ မဖြစ်မနေ ...သိထားသင့်တဲ့ သည်းခြေရည် 🤔

အသက်အရွယ်ရလာတာနဲ့အမျှ ကိုယ်ခန္ဓာရဲ့ အစာချေဖျက်ပုံတွေကလည်း အရင်ကနဲ့ မတူတော့တာတွေ ရှိလာတတ်ပါတယ်။

အထူးသဖြင့် အဆီပါတဲ့အစားအစာတွေကို ချေဖျက်ဖို့ဆိုရင် သည်းခြေရည်က အရေးကြီးပါတယ်။ 💚

သည်းခြေရည်က အဆီတွေကို အူလမ်းကြောင်းထဲမှာ သေးငယ်အောင် ခွဲချေပေးပြီး အစာချေဖျက်ရလွယ်အောင် ကူညီပေးပါတယ်။ ဒီလုပ်ငန်းစဉ်က အစားအစာထဲက Vitamin A, D, E, K လို အဆီမှာပျော်ဝင်တဲ့ ဗီတာမင်တွေကို ခန္ဓာကိုယ်က စုပ်ယူရာမှာလည်း အရေးပါပါတယ်။

ဒါကြောင့် အဆီပါတဲ့အစားအစာစားပြီးတိုင်း...

💚 ဗိုက်အီနေတတ်တာ
💚 အစာမကြေသလို ခံစားရတာ
💚 နောက်ဆက်တွဲအနေနဲ့ ဗိုက်ကယ်၊ လေပွတာ

မျိုးတွေ ကြုံနေရရင် အဆီချေဖျက်တဲ့ ခန္ဓာကိုယ်ရဲ့ လုပ်ငန်းစဉ်ကိုလည်း ပြန်စဉ်းစားကြည့်ဖို့ လိုပါတယ်။

အဲ့ဒီနေရာမှာ Ox Bile က အစာချေဖျက်ရာမှာ ခန္ဓာကိုယ်က အသုံးပြုတဲ့ သည်းခြေရည်ရဲ့ လုပ်ဆောင်ချက်ကို အထောက်အကူပြုဖို့ ရည်ရွယ်ထားတဲ့ ဖြည့်စွက်စာ တစ်မျိုးပါ။ ✅

Nutricology OxBile 500 mg မှာ အမဲကနေ ထုတ်ယူထားတဲ့ သည်းခြေရည်ပါဝင်ပြီး အဆီချေဖျက်မှုနဲ့ အဆီမှာပျော်ဝင်တဲ့ ဗီတာမင်တွေ စုပ်ယူမှုကို အထောက်အကူပြုပေးပါတယ်။

အသက်အရွယ်ရလာတာနဲ့အမျှ ဂရုစိုက်ဖို့လိုတဲ့ သည်း‌ခြေရည်အတွက် Nutricost Oxbile 500mg ကို "လင်းမြန်မာ" မှာ မေးမြန်းမှာယူနိုင်ပါတယ်။ 💚🛒
_____________________________________

🏬လူကိုယ်တိုင်ဆိုင်ကိုလာရောက်ဝယ်ယူလိုသော Customer များအတွက် …

🗺️Showroom လိပ်စာ - အမှတ် (၈၆၁) ၊ မေတ္တာလမ်း နှင့် သံသုမာလမ်းထောင့် ၊ တောင်ဥက္ကလာပမြိုနယ်၊ ရန်ကုန်တိုင်းဒေသကြီး။

📍Google Map - https://maps.app.goo.gl/EAFrWaD8zXnWBbbbA?g_st=ic

Online မှ မှာယူလိုသော Customer များအတွက် …

📞 Phone 09752958509

💬 Viber 959752958509

Page Messenger 👉 m.me/LMH.CLM 👈 ကနေ တစ်ဆင့်မှာယူနိုင်ပါတယ်။

#လင်းမြန်မာ

Address

No. 861, Corner Of Myittar Road And Thanthumar Road, 10 Ward, South Okkalapa Township
Yangon
11091

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 16:00

Telephone

+959752958509

Alerts

Be the first to know and let us send you an email when Linn Myanmar Healthcare posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Linn Myanmar Healthcare:

Shortcuts

Share