Nann May KhĂĄ

Directions

Nann May Khá Fortune Teller 🔮

အချစ်ရေး အိမ်ထောင်ရေး အဆင်ပြေစေမည့်🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸လူတစ်ဦးနှင့်တစ်ဦး မွေးဖွား ကံဇာတာ ဂြိုလ်စီးဂြိုလ်နင်းများ ဘဝရပ်တည်မူများ ...
11/12/2025

အချစ်ရေး အိမ်ထောင်ရေး အဆင်ပြေစေမည့်
🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸

လူတစ်ဦးနှင့်တစ်ဦး မွေးဖွား ကံဇာတာ ဂြိုလ်စီးဂြိုလ်နင်းများ ဘဝရပ်တည်မူများ မတူညီပါ။
အဲဒီလို မတူညီသောအကြာင်းများထဲ မှာမှ
အချစ်ရေး အိမ်ထောင်ရေးကံက အလွန်ပဲ
အပြောင်းလဲ မြန်လွန်းလှပေသည်။

အချို့ကမေးကြ၏
"ဆရာရယ် ကျနော်/ကျမရဲ့ အချစ်ရေးအိမ်ထောင်ရေးက ဘယ်တော့ကောင်းမလဲ ဘယ်ချိန်ကောင်းမမှာလဲ? " တဲ့

ယခု တင်ပြပေးမှာက
(၇)နေ့နံ ၊(၇)ရက်သားသမီးအတွက်
အိမ်ထောင်ရေး၊အချစ်ရေးတွင် အဆင်ပြေစေမည့်
အသက်ပိုင်းခြားများအား ဖော်ပြပေးမှာဖြစ်ပါသည်။

🔼 တနင်္ဂနွေ သားသမီး များ၏ အသက်
၁၇. ၁၉. ၂၀. ၂၁. ၂၅. ၂၇. ၂၈. ၂၉
၃၃. ၃၅. ၃၆. ၃၇. ၄၁. ၄၃. ၄၄. ၄၅
နှစ်တို့ဖြစ်ပါ၏။

🔼 တနင်္လာ သားသမီး များ၏ အသက်
၁၆. ၂၂. ၂၃. ၂၄. ၃၀. ၃၁. ၃၂. ၃၈. ၃၉. ၄၀ .၄၆. ၄၇. ၄၈. ၅၄. ၅၅. ၅၆ နှစ်တို့ဖြစ်၏။

🔼 အင်္ဂါ သားသမီး များ၏ အသက်
၁၇. ၁၈. ၂၂. ၂၃. ၂၅. ၂၆. ၃၀. ၃၁
၃၃. ၃၄. ၃၈. ၃၉. ၄၁. ၄၂. ၄၆. ၄၇.
နှစ်တို့ဖြစ်၏။

🔼 ဗုဒ္ဓဟူး သားသမီး များ၏ အသက်
၁၈. ၂၃. ၂၄. ၂၅. ၂၆. ၃၁. ၃၂. ၃၃. ၃၄ ၃၉. ၄၀. ၄၂. ၄၄. ၄၇. ၄၈. ၅၁ နှစ်တို့ဖြစ်သည်၏။

🔼 ကြာသပတေး သားသမီး များ၏ အသက်
၁၉. ၂၀. ၂၂. ၂၃. ၂၇. ၂၈. ၃၀. ၃၁
၃၅. ၃၆. ၃၈. ၃၉. ၄၃. ၄၄. ၄၆. ၄၇
၅၁. ၅၂. ၅၄. ၅၅နှစ်တို့ဖြစ်သည်။

🔼 သောကြာ သားသမီး များ၏ အသက်
၂၂. ၂၃. ၂၇. ၃၀. ၃၁. ၃၅. ၃၈. ၃၉.
၄၃. ၄၆. ၄၇. ၅၁. ၅၄. ၅၆ နှစ်တို့ဖြစ်၏။

🔼 စနေ သားသမီး များ၏ အသက်
၂၁. ၂၇. ၂၈. ၂၉. ၃၅. ၃၆. ၃၇. ၄၃. ၄၄ ၄၅. ၅၁. ၅၂. ၅၃. ၅၉. ၆၀. ၆၁ နှစ်တို့ဖြစ်ပါ၏။

🔼 ရာဟု သားသမီး များ၏ အသက်
၂၀. ၂၄. ၂၅. ၂၈. ၃၂. ၃၃. ၃၆. ၄၀ ၄၁
၄၄. ၄၈. ၄၉. ၅၂. ၅၆နှစ်ဖြစ်၏။

💞💞💞💞💞💞💞💞💞💞💞💞💞💞

ထိုအသက်အပိုင်း အခြားတွင်
အချစ်ရေးကံ စန်းပွင့်ခြင်း၊ အချစ်ရေးကံကောင်းခြင်း အိမ်ထောင်ရေးအဆင်ပြေ ခြင်းများ ကြုံရမည် ဖြစ်သည်။

အထက်ပါ အသက်အပိုင်း အခြားများသည်
ချစ်သူကောင်း နှင့် တွေ့ဆုံခြင်း ၊ အိမ်ထောင်ကျခြင်း ၊ အိမ်ထောင်ရေးကြောင့် စိတ်ပျော်ရွှင်ရခြင်း၊
အချစ်ရေး ကြောင့် စိတ်ပျော်ရွှင်ရခြင်များ ကြုံရမည်ဖြစ်သည်။

အချစ်ရေး အိမ်ထောင်ရေး အဆင်မပြေ ဖြစ်နေပါက မကြာခဏသာ ဖြစ်ပြီးပြီးလျှင် ပြန်အဆင်ပြေဖို့ ၆၅ ရာခိုင်နူန်း သေခြာ ပါသည်။

နေ့နံ အလိုက်ထိုအသက်အပိုင်းအခြားများတွင်
အိမ်ထောင်ရေးအချစ်ရေး အဆင်မပြေ
ခြင်း၊ကံမကောင်းခြင်း၊ဒုက္ခသောက များကြုံတွေ
နေရပါလျှင်......

မိမိ မူလ မွေးကံဇာတာစစ်ဆေးရပါမည်။ဂြိလ်စီးဂြိုလ်နင်းများ၊ဂြိုလ်ဝင်ဂြိုလ်ထွက်များ ကြောင်းအညံများပေါ်ပေါက်တတ်ပါသည်။

ထိုအသက် အပိုင်းအခြားများ မိမိ ၏
အိမ်ထောင်ရေး အချစ်ရေး တို့ အဆင်ပြေလို့ပါက
အိမ်ထောင် မိတ်ဂြိုဟ်အား ကောင်းအောင်ပြုလုပ်ရမည်ဖြစ်ပါသည်။

အလွန် နာမည်ကြီး တခေတ်ဆန်းလာတဲ့ရွှေတိဂုံစေတီတော် (တနင်္ဂနွေဒေါင့်)ကဘုရားစေတီအမှတ်(၇၂)ဖြစ်တဲ့ပကောယှိဘုရားထို-ပကောယှိဘုရားသ...
10/12/2025

အလွန် နာမည်ကြီး တခေတ်ဆန်းလာတဲ့
ရွှေတိဂုံစေတီတော် (တနင်္ဂနွေဒေါင့်)က
ဘုရားစေတီအမှတ်(၇၂)ဖြစ်တဲ့
ပကောယှိဘုရား

ထို-ပကောယှိဘုရားသည်
ရန်ကုန်မြို့မှာ တည်ထားပူဇော်ထားတဲ့
ရွှေတိဂုံစေတီတော်ပေါ်မှာ
ဘုရားစေတီ ရုပ်ပွါးတော်တွေ
အများကြီးရှိတဲ့အထဲမှာမှ

ပကောယှိဘုရားသည်
မဟာသမယသုတ်ပူဇော်ကြသူတွေနဲ့
ထူးထူးခြားခြား စည်စည်ကားကား
ဖြစ်လာပါတယ်။

ထိုပကောယှိဘုရားသည်
မဟာသမယသုတ်ဒေသနာတော်ထဲမှာ
တိုက်ရိုက်ပါဝင်နေတဲ့
ဟေမဝတဘီလူးနတ်မင်း
သူစိလောမဘီလူးနတ်မင်း
သာတာဂီရိဘီလူးနတ်မင်း(၃)ပါး
တိုက်ရိုက်ထင်ထင်ရှားရှား
အစောင့်အရှောက်ရှိတယ်လို့
လက်ခံယုံကြည်ကြသူတွေများပါတယ်။

ထိုဘီလူးနတ်မင်းများရှေ့သို့
မဟာသမယသုတ်ဒေသနာတော်တို့ကို
ရွတ်ဖတ်ပူဇော်ပြီး မေတ္တာပို့သ
အမျှပေးဝေကြပါတယ်။

နေရာအသစ် အလုပ်အကိုင်
အခွင့်လမ်းသစ်ဖန်တီးနေကြသူများ

အိမ်ခြံမြေကောင်းတွေ
ပိုင်ဆိုင်ဖို့ကြိုးစားနေကြသူများ

စိတ်ထဲကတောင့်တနေတဲ့
လိုရာဆန္ဒပြည့်ဖို့အတွက်
စိတ်ကူးကြံစီနေကြသူများ

ရာထူးတိုးလိုသူများ

နိူင်ငံခြား ပညာတော်သင်သွားဖို့နှင့်
အလုပ်လုပ်ဖို့ ကြိုးစားနေကြသူများ

ကောင်းမွန်တဲ့ ပြောင်းလဲမှုတွေကို
အမြန်ရရှိဖို့ကြိုးစားကြသူတွေအသီးသီးက

ပကောယှိဘုရားအထံတော်ရှေ့မှာ
မဟာသမယသုတ်ဒေသနာတော်များကို
အဓိဋ္ဌာန်နဲ့ လာရောက်ပူဇော်ကြပါတယ်။

ပကောယှိဘုရားမှာ
ဆုတောင်းကြသူတွေ ယုံကြည်
ပူဇော်သူတွေ ဆုတောင်းပြည့်ကြပါတယ်။

ဖြစ်ချင်တဲ့ လိုရာဆန္ဒတွေ အလျဉ်အမြန်
ပြီးပြည့်စုံကြတာများကြပါတယ်။

ထို့ကြောင့် ပကောယှိဘုရားသည်
မဟာသမယသုတ်ရွတ်ဖတ်
ပူဇော်အဓိဋ္ဌာန်ပြုကြသူတွေကြောင့်
မဟာသမယသုတ်အငြိမ်းဓာတ်တွေနဲ့
ထိုင်စရာနေရာမရှိလောက်အောင်
စည်စည်ကားကား ဖြစ်လာပါတယ်။
ပကောယှိ တခေတ်ဆန်းလာပါတယ်။

ပကောယှိဘုရားရှေ့က ထုတ်လွင့်လိုက်တဲ့
မဟာသမယသုတ် အငွေ့အသက်
အငြိမ်းဓာတ်တွေသည်
မြန်မာပြည်သာမကစကြာဝဠာအဆုံးတိုင်ထိ
အအေးဓာတ် အငြိမ်းဓာတ်တွေ
ပျံ့နှံ့၍တက်စေသောဝ်

ကောင်းမွန်တဲ့ အပြောင်းအလဲတွေကြောင့်
ကောင်းကျိုးချမ်းသာ မင်္ဂလာ
အဖြာဖြာတို့ နေ့ည မသွေ ရရှိကြပါစေ။

 #ထိပ်ခတ်နာ (သို့)  #ဦးနှောက်အမှေးရောင် ရောဂါအတွက် ကိုယ်တွေ့ သက်သာစေတဲ့ ဆေးနည်းလေးပါ။ငွေကုန် သက်သာပြီး လက်တွေ့ သက်သာနေလိ...
31/07/2025

#ထိပ်ခတ်နာ (သို့)
#ဦးနှောက်အမှေးရောင် ရောဂါ
အတွက် ကိုယ်တွေ့ သက်သာစေတဲ့ ဆေးနည်းလေးပါ။

ငွေကုန် သက်သာပြီး လက်တွေ့
သက်သာနေလို့ မျှဝေ လိုက်ပါတယ်

FB မှာ တွေ့ဖူးပြီး
ကိုယ်တိုင်လဲပြန်လည် မျှဝေဘူးတဲ့ ဆေးနည်းလေး။

(နံ့သာဖြူ နဲ့ ကင်ပွန်းသီး)

ထူးခြားစွာ နှာခေါင်းထဲမှ ချွဲတွေ
လက်ဖက်ရည် ပန်းကန်တစ်လုံးခန့်ထွက်ပါတယ်၊
သိသိသာသာခေါင်းကိုက် သက်သာလာပါတယ်။

နန်းလို ခံစားနေရသူများအတွက်
အမြန်သက်သာ စေချင်လို့
အခုချက်ခြင်း ရေးလိုက်တာပါ။

[ ပြုလုပ်ပုံအဆင့်ဆင့်ကို ပုံနဲ့တစ်ကွပြထားပါတယ်၊ ]

သနပ်ခါး ကျောက်ပြင်တစ်ဖက်ခြမ်းမှာ
ရေအနည်းငယ်စီထည့်ပြီး
နံ့သာဖြူကိုသွေးပါ၊
တစ်ဖက်မှာ ရေထည့်ပြီး ကင်ပွန်းသီးကိုသွေးပါ၊
ရလာတဲ့အနှစ် ၂ ခုကို
သမအောင် ရောပေးပါ၊

ပြီးလျှင် နှာခေါင်းထဲ ဝင်အောင်ထည့်ပါ၊
အသက် ပြင်းပြင်း ရှူပေးပါ၊
သွေးထားတာကုန် အောင်ထည့်ပါ၊

ပိုလျှင် ကိုက်တဲ့နေရာ
နဖူးနဲ့ နှာခေါင်းပေါ်လိမ်း ပေးပါ။

စူးရှပြင်းရှသလိုလို စပ်သလိုလို ခံစားရပါမယ်၊
ချက်ချင်းဆိုသလိုပဲ အချွဲတွေ
ထွက်လာပါလိမ့်မယ်၊

နှပ်ညှစ်မပြစ်ပါနဲ့၊
ပါးစပ်က နေပြန်ထွေးထုပ်ပါ၊
ဆေးတွေ ပြန်မထွက်စေရန်ပါ။
မိနစ် (၃၀) ခန့်ဆို နှပ်ညှစ်လို့ရပါပြီ။

ဒီလောက်ဆို
ဒီရောဂါ ခံစားနေရသူများ
အဆင်ပြေမယ် ထင်ပါတယ်၊

ကျန်းမာချမ်းသာလို့ပျော်ရွှင်ကြပါစေခင်ဗျာ🙏

သင့်မိတ်ဆွေတွေလည်းသိစေရန်ပြန်လည်မျှဝေခြင်းဖြင့်ကျန်းမာရေး ကုသိုလ်ယူပေးပါ။

#ကျန်းမာရေး #ဗဟုသုတ #စာပေ
#နွယ်မြက်သစ်ပင်ဆေးဖက်ဝင်
#မေတ္တာဖြင့်ပြန်လည်မျှဝေပါသည်
#လေးစားစွာဖြင့်မူရင်းရေးသားသူကို
#

နမောငါးချက် စီးပွါးတတ် ဂါထာတော်ကြီး
25/07/2025

နမောငါးချက် စီးပွါးတတ် ဂါထာတော်ကြီး

⚜* အံ့မိခြင်း *⚜  အံ့မိတယ်ဆိုတာဘာဖြစ်တာလဲ ???အရောင်းအဝယ်တွေကောင်းနေရင်းကနေ......ဗြုန်းကနဲ လာဘ်တွေတိတ်သွားတယ်။စျေးရောင်းအ...
25/07/2025

⚜* အံ့မိခြင်း *⚜

အံ့မိတယ်ဆိုတာဘာဖြစ်တာလဲ ???

အရောင်းအဝယ်တွေကောင်းနေရင်းကနေ......ဗြုန်းကနဲ လာဘ်တွေတိတ်သွားတယ်။
စျေးရောင်းအား ကျသွားတယ်။
ငွေတွေဝင်နေရင်း ငွေဝင်ရပ်သွားတယ်။
ကျန်းမာရေးကောင်းနေရင်းကနေ ဖောက်သွားတယ်....

စသဖြင့်ပေါ့နော် ... အကောင်းတွေကနေ
မကောင်းဖြစ်သွားတယ်ဆိုတာ
တစ်ကယ်တော့အံ့မိသွားတာပါ။

ဘာကြောင့်အံ့မိလဲဆိုတော့ .......

ဥပမာ ကျွန်မအဝတ်အစားအသစ်ဝတ်တာမြင်ရင် " ဟာ ...လန်းနေပါလား... အံမယ် ... အဆင်ပြေနေပါလား လှလို့ ပလို့ ဝလို့ပါလား "

အဲလို "အံ့ဩတကြီးပြောခံရရင် "အံ့မိပါတယ်

ရွှေတွေငွေတွေနဲ့အပြင်သွားတယ်။
အဲ့မှာကိုယ့်ကိုမြင်တဲ့သူတွေက

ဟာ.....
နင်ကြည့်ကောင်းလာတယ်။
စျေးတွေကိုယ်အရမ်းရောင်းနေရတဲ့အခါမှာ
ဟာ...အရမ်းရောင်းရတယ်နော်
မင်းကိုအားကျတယ်....
အဲ့လိုမျိုးကိုယ့်ကိုပြောလာတဲ့စကားတွေကကာယကံရှင်ကိုထိပါတယ်
အံ့မိစေပါတယ်.....

ကလေးလေးဝဝတုတ်တုတ်လေးကို
သနပ်ခါးအဖွေးသားလူးပီး
ရပ်ကွက်ထဲခေါ်သွားတော့ဘေးကလူတွေက
ဟယ်နင့်ကလေးလေးကဝတုတ်နေတာ ပဲ.....ချစ်စရာကြီးနော်
အံ့သြတကြီးချီးကျူးကြတာ
အဲ့လိုဆိုအဲ့ကလေးဘာဖြစ်သွားလဲသိလား။
နောက်ရက်နေမကောင်းဖြစ်တာ
အဲ့လိုလုပ်မပြောစေချင်ဘူး ။ မလုပ်စေချင်ဘူး တားလို့မရပါဘူး။
ပုထုစဉ်လူသားတွေမို့
မပြောပဲလည်းမနေနိုင်ကြပါဖူး။
ကိုယ့်ကိုလာပြောတဲ့လူတွေကိုလည်း
အဲ့လိုလာမပြောနဲ့လို့လိုက်ပြောနေရင်ပါးချသွားမှာ
အဲလိုမပြောမိအောင် မုဒိတာပွားပေးရပါတယ်။
သူလှတာက ကုသိုလ်ကောင်းလို့ လှတာ ဒီထက်မကလှပါစေ
ကျန်းမာပါစေ ချမ်းသာပါစေ အဲလိုလေး မုဒိတာပွားပြီးဝမ်းသာပေးရပါတယ်။
အဲဒီမုဒိတာစိတ်လေးဟာ တူသောအကျိုးကို ကိုယ်လည်းထပ်တူရပါတယ်။ အံ့မိရင်ဘယ်လိုလုပ်ရမလဲဆိုတော့အံ့မိရင်လွတ်အောင်လုပ်တဲ့နည်းရှိပါတယ်။

ထမင်း ပူပူနွေးနွေး တစ်ပန်းကန် ခူး။
ကြက်ဥပြုတ် တစ်လုံး အခွံနွာ ထည့်။
နှင်းဆီပန်း အနီရဲရဲ တစ်ပွင့်ကနေ ပွင့်ဖတ်တွေ ခြွေယူပြီး ထမင်းပေါ် ပွင့်ဖတ်တွေ ဖြူးပါ....

✅ အဲဒီ ပန်းကန်ကို အမြင့် တစ်နေရာမှာ တင်ကာ
အံ့မိခြင်းနှင့် ဆိုင်သော နတ်များအား ကပ်လှူပါသည်။ အံ့မိခြင်း၊ ခမည်းလိုခြင်း စသည့်အထွေထွေမှ အကျွန်ပ်မှ အစပြု၍ တစ်မိသားစုလုံး ကင်းလွတ်ငြိမ်းရပါလို၏ ။
အဲလို ပြောပြီး ကပ်ရပါမယ်။ အနည်းဆုံး ခြောက်နာရီတော့ ထားပေးပါ ။ ခြောက်နာရီကျော်ရင် စွန့်။ စွန့်ပြီးရင် ဘယ်သူမှ မစားရပါဘူးနော်.......

အားလုံးပဲအလုပ်အကိုင်တွေအစဉ်ပြေပီး စီးပွားတိုးတက်အဆင်ပြေကြပါစေ......
အံ့မိခြင်းကင်းကြပါစေ.....

အနုပညာလောကမှာရှိသောသူများအတွက်
မော်ဒယ်လ်များ ၊ သီချင်းဆိုသူများ ဖက်ရှင်ရှိုးလျှောက်သူများ
အနုပညာဖြင့်အသက်မွေးဝမ်းပြုသူများအားလုံးမှာ
ရင်ထဲမှာတုန်လှုပ်ခြောက်ခြားခြင်း ဘာမှန်းမသိတခုခုထိတ်လန့်ခြောက်ခြားခြင်း စိုးရိမ်ပူပန်ခြင်း ဒေါသထွက်ထွက်ခြင်း
စိတ်တိုနေခြင်း အဲသလို မကြာ မကြာ ဖြစ်နေတတ်ပါတယ်။ အဲလိုဖြစ်နေခြင်းဟာ အံ့မိနေခြင်းကြောင့်ဖြစ်ပါတယ်..... အဲလိုတွေဖြစ်နေခဲ့ရင် အခုအံ့မိခြင်းယတြာကို
8ရက် တခါဖြစ်စေ 15 ရက်တခါဖြစ်စေ ပြုလုပ်လို့ရပါတယ်...

ဝါတွင်း (၃)လ ဂုဏ်တော် (၉) ပါး ရက်ပေါင်း (၉၀)အဓိဠာန်
25/07/2025

ဝါတွင်း (၃)လ ဂုဏ်တော် (၉) ပါး ရက်ပေါင်း (၉၀)အဓိဠာန်

စ ဓ ဗ ဝ ဂါထာတော်ကြီး
25/07/2025

စ ဓ ဗ ဝ ဂါထာတော်ကြီး

 #အာဏာစက်_အလွန်ပြင်းထန်သည့်_ဂါထာတော်  မိမိအပေါ် မကောင်းကြံသူ၊ မတရားအနိုင်ကျင့်သူရှိလျှင် ရွတ်ရန် ။"  #ဝေဒါသာကုဂါထာတော် "...
25/07/2025

#အာဏာစက်_အလွန်ပြင်းထန်သည့်_ဂါထာတော်

မိမိအပေါ် မကောင်းကြံသူ၊ မတရားအနိုင်ကျင့်သူရှိလျှင် ရွတ်ရန် ။

" #ဝေဒါသာကုဂါထာတော် "

ဝေ ဒါ သာ ကု | ကု သာ ဒါ ဝေ

ဒါ ယ သာ ဒ | ဒ သာ ယ ဒါ

သာ သာ ဒိ ကု | ကု ဒိ သာ သာ

ကု တ ကု ဘု | ဘု ကု တ ကု။

ထို စာလုံးများမှာ အနက် အဓိပ္ပာယ်များစွာရှိပါတယ်၊ ဝေဒါသာကု ဂါထာပြန်လို့လည်း ခေါ်ကြသလို…. သိကြားမင်းသက်စောင့်ဂါထာ လို့လည်း ခေါ်ကြပါတယ်။

အာဏာစက် အလွန်ပြင်းထန် သော ဂါထာတော်မြတ်ဖြစ်သဖြင့် အတိတ် ဘဝတွေတုန်းက မိမိတို့ ပြုခဲ့ဖူးတဲ့ ဒါနပါရမီ ကုသိုလ် ကောင်းမှုတွေကို သစ္စာပြု တိုင်တည်ပြီး ရန်အပေါင်းကို အောင်မြင်စေပါတယ်။

မိမိအပေါ် မကောင်းကြံသူ၊ မတရားအနိုင်ကျင့်သူ ..လူများ၊ ဆရာဆိုးများ၊ နတ်ဆိုးများကို တန်ပြန် ဒဏ်ပြန်ထိခိုက်စေပါတယ်။ ဂါထာရဲ့ အဓိက အကျိုးပေးက ရန်အပေါင်းကို အောင်မြင်တာဖြစ်ပါတယ်။

အသံပြင်းပြင်း နဲ့ ပီပီ သသ၊ အဖြတ် အတောက် မှန်မှန် ရွတ်ဆိုပေးကြပါ၊ ရွတ်ဆိုရလွယ်ကူတဲ့ ဂါထာလေးမို့ များများ ရွတ်ဖို့လိုပါမယ်၊ အောင်မြင် ကျော်ကြား ကြီးမြင့်လာသူ တော်တော်များများ ရဲ့ နောက်ကွယ်မှာ အတိတ် ကံ အကျိုးပေးတွေ အပြင် ပုံမှန်လက်စွဲထား ရွတ်ဆိုလေ့ရှိတဲ့ ဂါထာတော်မြတ် တွေရဲ့ အကျိုးပေးတွေပါ ပါဝင်နေတတ်ပါတယ်။

ဝေဒါသာကုဂါထာတော်ကြီး

ဝေ – ငါ၏ ရန်သူ ဟူသမျှတို့သည်။

ဒါ – ဝေးစွာ အရပ်သို့။

သာ – လျှင်စွာ။

ကု – ပြေးစေကုန်သတည်း။

ကု – ငါ့အား မကောင်းသဖြင့် ကြံကုန်သူတို့သည်။

သာ – မိမိအလိုလို။

ဒါ – အကြံအစည် ပျက်သော အားဖြင့်။

ဝေ – ပျောက်စေကုန်သည်။

ဒါ – ငါ၏စေတနာကြောင့်။

ယသာ – အခြံအရံ အကျော် အစောတို့သည်။

ဒ – ပွားများပါစေကုန်သတည်း။

ဒသာ – ငါပြုမိသော အကုသိုလ် ဆယ်ပါးတို့သည်။

ယ – ငါပြုမိသမျှသော ကုသိုလ်ဆယ်ပါး၏ တန်ခိုးတော်ကြောင့် ။

ဒါ – ပြေပျောက်စေကုန်သတည်း။

သာ – စက်ဆုပ်ဖွယ်သော သူတို့အားလည်းကောင်း။

သာ – အမျက်မာန ဒေါသရှိသော သူတို့အားလည်းကောင်း။

ဒိ – ဆုံးမ သြဝါဒပေးခြင်းဖြင့်သာလျှင်။

ကု – အောင်မြင်စေသတည်း။

ကု – ထိုသို့သော အမျက်မာန မာန်တက်သူတို့နှင့် ။

ဒိ – ရှည်မြင့်စွာ။

သာ – မပေါင်းဖော်ရသည်။

သာ – ဖြစ်ပါစေသတည်း။

ကု – ကုသိုလ်စရိုက် ပြုကျင့်လေ့ရှိသော။

တ – သူတော်ကောင်း တို့နှင့်သာလျှင်။

ကု – ဖြစ်လေရာ သံသရာ ဘ၀ အဆက်ဆက်၌။

ဘု – တွေ့ဆုံပေါင်းဖော်ခြင်းကို ပြုရစေသတည်း။

ဘု – အကုသိုလ် စရိုက်ပွားများသူတို့နှင့်။

ကု – ဖြစ်လေရာ ဘဝသံသရာ အဆက်ဆက်၌။

တ – အခါခပ်သိမ်း။

ကု – တွေ့ဆုံပေါင်းဖော်ခြင်း မပြုရ သည် ဖြစ်ပါစေသတည်း။

ရွှေတိဂုံစေတီတော်မြတ်ကြီးပေါ်မှာတည်ရှိနေတဲ့ လူတွေသတိမထားမိတဲ့နေရာလေးတွေ သိမှတ်ရှာတွေ့သလောက်မှတ်တမ်းပြုစုပေးထားပါတယ် 🙏🏻🙏🏻...
30/05/2025

ရွှေတိဂုံစေတီတော်မြတ်ကြီးပေါ်မှာတည်ရှိနေတဲ့ လူတွေသတိမထားမိတဲ့နေရာလေးတွေ သိမှတ်ရှာတွေ့သလောက်မှတ်တမ်းပြုစုပေးထားပါတယ် 🙏🏻🙏🏻🙏🏻

ကံကောင်းခြင်းတွေ ဖိတ်ခေါ်နိုင်တဲ့ ဂါထာ လူတိုင်းက ကိုယ့်ဘဝမှာ အောင်မြင်မှုတွေ၊ ကံကောင်းခြင်းတွေ၊ စိတ်ချမ်းသာမှုတွေ ရရှိချ...
22/04/2025

ကံကောင်းခြင်းတွေ ဖိတ်ခေါ်နိုင်တဲ့ ဂါထာ

လူတိုင်းက ကိုယ့်ဘဝမှာ အောင်မြင်မှုတွေ၊ ကံကောင်းခြင်းတွေ၊ စိတ်ချမ်းသာမှုတွေ ရရှိချင်ကြပါတယ်။ ဒီလိုဆန္ဒတွေကို ဖြည့်ဆည်းပေးနိုင်တဲ့ ဂါထာ တစ်ခုရှိတယ်

ဗုဒ္ဓဘာသာရဲ့ အံ့ဖွယ်ဂါထာ တွေထဲက တစ်ခုဖြစ်တဲ့ "ဇယစက္ကောဂါထာ" ဟာ ဘဝကို ပြောင်းလဲပေးနိုင်တဲ့ စွမ်းအားတွေရှိတယ်လို့ ယုံကြည်ကြပါတယ်။

ဇယစက္ကောဂါထာ ရွတ်ဖတ်ခြင်းရဲ့အကျိုးတွေက ဘာတွေလဲ

ဇယစက္ကောဂါထာကို ရွတ်ဆိုခြင်းအားဖြင့် မကောင်းတဲ့အရာတွေ၊ ကံဆိုးခြင်းတွေကို ဖယ်ရှားပြီး ကောင်းမွန်တဲ့အရာတွေ၊ ကံကောင်းခြင်းတွေကို ဆွဲဆောင်နိုင်တယ်လို့ ယုံကြည်ကြပါတယ်။

ဘဝမှာ ကြုံတွေ့ရတဲ့ အခက်အခဲတွေ၊ အတားအဆီးတွေကို ဇယစက္ကောဂါထာရဲ့ စွမ်းအားနဲ့ ကျော်လွှားနိုင်တယ်လို့ ဆိုကြပါတယ်။

ဇယစက္ကောဂါထာကို ရွတ်ဆိုခြင်းအားဖြင့် စိတ်ကို တည်ငြိမ်အေးချမ်းစေပြီး စိတ်ဖိစီးမှုတွေ၊ စိုးရိမ်ပူပန်မှုတွေကို လျှော့ချပေးနိုင်ပါတယ်။

ဇယစက္ကောဂါထာရဲ့ စွမ်းအားဟာ ကိုယ်ရောစိတ်ပါ ကျန်းမာရေးကောင်းမွန်စေဖို့ အထောက်အကူပြုနိုင်တယ်လို့ ယုံကြည်ကြပါတယ်။

လုပ်ငန်းဆောင်တာတွေမှာ အောင်မြင်မှုတွေ ရရှိစေပြီး စီးပွားရေးတွေ တိုးတက်လာစေနိုင်ပါတယ်။

မိမိကိုယ်တိုင်ရော ပတ်ဝန်းကျင်ကလူတွေအပေါ်မှာပါ မေတ္တာတရားတွေ ပွားများလာစေနိုင်ပါတယ်။

ဇယစက္ကောဂါထာကို ဘယ်လိုရွတ်ဆိုရင် အကျိုးရှိမလဲ

ဂါထာကို ရွတ်ဆိုတဲ့အချိန်မှာ စိတ်ကို တခြားအရာတွေဆီ မရောက်သွားအောင် အာရုံစိုက်ပြီး ရွတ်ဆိုပါ။
ဂါထာရဲ့ စွမ်းအားကို ယုံကြည်ပြီး စိတ်ထဲကနေ လေးလေးနက်နက် ရွတ်ဆိုပါ။
နေ့တိုင်း ပုံမှန်ရွတ်ဆိုပေးခြင်းအားဖြင့် ဂါထာရဲ့ စွမ်းအားကို ပိုပြီး ခံစားရနိုင်ပါတယ်။
မေတ္တာ၊ ကရုဏာနဲ့ အကောင်းမြင်တဲ့ စိတ်ထားတွေနဲ့ ရွတ်ဆိုပေးပါ။

Photo crd

20/04/2025

ထူးခြား ကြုံ ခဲ ရခဲ သော ၁၀ ရက် အဓိဌာန်
အခက်သော သောက မှန်သမျှ နင့် အကြွေး ပူကင်း ကာ လာဘ် တိုးစေစော ရှာပါးနည်း
စတင် ရမည့် ရက်
၄လ ပိုင် ၂၀ သို့မဟုတ် ၂၁ ရက် သို့မဟုတ် ၂၂ ရက် နေ့ သို့မဟုတ် ၂၃ ရက် နေ့ စတင်နိင်သည်။

ပထမနေ့ သမ္ဗုဒ္ဓေ ဂါထာတော် ၃ ကြိမ် ရွက်ရမည်။
၂ရက်မြောက်နေ့ သမ္ဗုဒ္ဓေ ဂါထာတော် ၆ ကြိမ် ရွက်ရမည်။
၃ရက်မြောက်နေ့ သမ္ဗုဒ္ဓေ ဂါထာတော် ၉ ကြိမ် ရွက်ရမည်။
၄ ရက်မြောက်နေ့ သမ္ဗုဒ္ဓေ ဂါထာတော် ၁၂ ကြိမ် ရွက်ရမည်။
‌၅ရက်မြောက်နေ့ သမ္ဗုဒ္ဓေ ဂါထာတော် ၁၅ ကြိမ် ရွက်ရမည်။
၆ရက်မြောက်နေ့ သမ္ဗုဒ္ဓေ ဂါထာတော် ၁၈ ကြိမ် ရွက်ရမည်။
၇ ရက်မြောက် သမ္ဗုဒ္ဓေ ဂါထာတော် ၂၁ ကြိမ် ရွက်ရမည်။
၈ ရက်မြောက်နေ့ သမ္ဗုဒ္ဓေ ဂါထာတော် ၂၄ ကြိမ် ရွက်ရမည်။
၉ ရက်မြောက်နေ့ သမ္ဗုဒ္ဓေ ဂါထာတော် ၂၇ ကြိမ် ရွက်ရမည်။
၁၀ရက် မြောက်နေ့ သမ္ဗုဒ္ဓေ ဂါထာတော် ၃၀ ကြိမ် ရွက်ရမည်။

သမ္ဗုဒ္ဓေဂါထာတော်

၁။ သမ်ဗုဒ်ဓေ အဌဝီသဉ်စ၊
ဒှါဒသဉ်စ သဟဿကေ။
ပဉ္စဿတ သဟဿာနိ၊
နမာမိ သိရသာ မဟံ။

၂။ ဂင်္ဂါယံ ဝါဠုက စုဏ္ဏေ။
ပရာဇေတွာ ဗဟုဖုလ္လေ၊
တေသံ ဓမ္မဉ္စ သံဃဉ္စ၊
အာဒရနေ နမာ မဟံ။

၃။ နမက်ကာရာ နုဘာဝနေ၊
ဟိတွာ သဗ္ဗေ ဥပ္ပဒ္ဒဝေ။
အနေက အန္တရာယာပိ၊
ဝိနဿန္တု အသေသတော။

ယနေ့ လကွယ်နေ့မလိုချင်တဲ့ အပူသောကတွေကို စာရွက်မှာရေးပါ။ရှေ့မှာ ပန်းကန်ထဲ ရေထည့်ပြီး..စာရွက်ထည့်ပါ။နမောတေဂါထာ ၁၀၈ ခေါက်ရွတ...
26/02/2025

ယနေ့ လကွယ်နေ့
မလိုချင်တဲ့ အပူသောကတွေကို စာရွက်မှာရေးပါ။
ရှေ့မှာ ပန်းကန်ထဲ ရေထည့်ပြီး..စာရွက်ထည့်ပါ။
နမောတေဂါထာ ၁၀၈ ခေါက်ရွတ်ပြီး
စာရွက်ကို ချေမွရေထဲပြန်ထဲ့ပြီး
အိမ်နောက်ဖေးမှာ လောင်း/ဖျန်း လိုက်ပါ။
“မကောင်းတဲ့အရာတွေ သွားတော့” ဆိုပြီး
ပါးစပ်ကပြောလိုက်ပါ။

Address

Tamwe
Yangon
TWMAE

Website

Alerts

Be the first to know and let us send you an email when Nann May KhĂĄ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share