Just Tarot Things

Directions Website Contact the practice

Just Tarot Things ✨🖤Keep Calm & Have A Tarot Reading 🖤✨

🌺ဆုတောင်းပြည့်တော့မလား။🌺 (PAC Reading)Ltnsနော်။ အခု Sebastian ပြန်ပေါ်လာတာက ကတ်တွေခုနောက်ပိုင်း သိပ်မဝယ်ဖြစ်တဲ့နောက် အခု...
29/08/2026

🌺ဆုတောင်းပြည့်တော့မလား။🌺 (PAC Reading)
Ltnsနော်။ အခု Sebastian ပြန်ပေါ်လာတာက ကတ်တွေခုနောက်ပိုင်း သိပ်မဝယ်ဖြစ်တဲ့နောက် အခု ဒီနေ့မှ Seb ကတ်ထုပ်လေးတစ်ထုပ်ကိုလက်ဆောင်ရခဲ့တယ်လေ။

အဲ့ကတ်လေးပေးတဲ့သူလဲ ကုသိုလ်ရပြီး ကောင်းသောဆုတောင်း​ခြင်းတွေ အမြန်ပြည့်စေဖို့ကို ရည်ရွယ်ပြီး အခုလို PAC Readingလေးကို shortcutလေးလာလုပ်ပေးဖြစ်တာပေါ့နော်။

အောက်ပါ Squishyလေးတွေဖြစ်တဲ့
၁.အာလူး 🥔
၂.ပေါင်မုန့် 🍞
၃.ဆပ်ပြာ 🧼
၄.ဒူးရင်းသီး 🍍
စတာလေးတွေထဲက ကိုယ့်စိတ်ထဲက resonateဖြစ်တာလေးကိုရွေးနော်။ အရမ်းမစဉ်းစားပဲ ဖြတ်ခနဲ ပေါ်တာကိုသာရွေးပါ။ ဒါသာလျှင် intuition ကလာတဲ့ direct msg ဖြစ်ပါလိမ့်မယ်နော်။
အော်ဒါနဲ့လေး ပုံထဲက မြန်မာပြည်မှာ ရှားပါး squishy လေးတွေကို ဒီမှာ သွားဝယ်လို့ရတယ်နော်။ Tiktokမှာလဲရှိတယ်နော်။

https://www.tiktok.com/.pop67?_r=1&_t=ZS-99HyyFUgfmW

၁.အာလူး 🥔
အာလူးလေးကိုရွေးထားတဲ့သူတွေကတော့ ဆုတောင်းပြည့်ဖို့ အနည်းငယ်ကြာမြင့်ပါဦးမယ်ခင်ဗျာ။
တခြားပြောင်းဆုတောင်းဖို့လိုမယ်လို့လဲ ခံစားရပါတယ်။

Choose a new direction ဆိုတဲ့စကားလေးကိုခေါင်းထဲကြားမိလို့လေ။

တစ်ခုရှိတာက ကိုယ်ဒီဆုတောင်းအတွက် ကြိုးစားအားထုတ်ထားတာတွေရှိထားပါကလဲ အချည်းနှီးမဖြစ်သွားပဲ သွားရာလမ်းတစ်လျှောက်မှာ မျိုးစေ့ချထားခဲ့သလိုလေးဖြစ်ပါလိမ့်မယ်ခဗျာ့။

၂.ပေါင်မုန့် 🍞
ပေါင်မုန့်သမားတွေကတော့ ဆုတောင်းပြည့်ဖို့ ၁၀၀% ပါပဲနော်။
ကိုယ့်မှာ ဒီဆုတောင်းနဲ့ပတ်သက်ပြီးတော့လဲ ဘဝအဆက်ဆက်မှာ ပါရမီဖြည့်ထား၊ ကုသိုလ်တွေများစွာပြုထားခဲ့ပုံပါပဲ။

ကိုယ်နဲ့ အခုဆုနဲ့လဲ ထိုက်တန်လို့ကိုပြည့်သော ဆုတောင်းပြည့်ခြင်းတစ်ခု၊ blessingတစ်ခုဖြစ်လာပါလိမ့်မယ်။ အချိန်ကတော့ 1 နှစ်အတွင်းမှာ အချိန်မရွေးပြည့်ပါလိမ့်မယ်။

၃.ဆပ်ပြာ 🧼
အို! ဒီဆပ်ပြာရွေးတဲ့သူတွေက အသန့်ကြိုက်လိုနေပါလိမ့်မယ် ဆုတောင်းက များမကြာခင် ၁လအတွင်းတောင်ပြည့်နိုင်ပါတယ်တဲ့နော်။🫢

ကိုယ့်ဆုတောင်းက ကြီးရင် ကြီးသလို ကြာနိုင်ပေမယ့်၊ တော်ရုံဆုတောင်းလောက်ဆိုရင်တော့ တကယ်ကို ၁လအတွင်းပြည့်လာနိုင်ပါတယ်နော်။

ဘုရားသောက်တော်ရေလေး တစ်ခွက်အမြဲကပ်ကပ်ပြီး ဆုတောင်းပေးနော်။
၃၁ဘုံသားအားလုံး အေးမျှဖို့နဲ့ ကိုယ့် အစောင့်အရှောက်တွေကိုပါ မြတ်စွာဘုရားအတွက် အတူ သောက်တော်ရေကပ်ကြပါဆိုပြီး ပင့်ဖိတ်ပြီး ကုသိုလ်ပြုပေးပါ။
စိတ်ရင်းနဲ့ လုပ်ပါများလို့ ထုံလာတဲ့အခါ သိသိသာသာထူးခြားလာပါလိမ့်မယ်။
(ဒါနဲ့ ကိုယ့် guardian က အမျိုးသမီးဖြစ်ဖို့များပါတယ်တဲ့နော်)

၄.ဒူးရင်းသီး 🍍
ဒွင်းသီးသမားလေးတွေကလဲ မကြာခင်သတင်းကောင်း ကြားရလို့ ပျော်ပွဲဆင်ရပါလိမ့်ဦးမယ်။
၃လဆိုတဲ့ကာလအတွင်းမှာ မိတ်ကောင်းဆွေကောင်း၊ အစောင့်အရှောက်ကောင်းတွေရဲ့ ကူညီဆောင်မမှုကြောင့် ဆုတောင်းပြည့်လာလိမ့်မယ်တဲ့နော်။

သရဏဂုံ(၃)ပါးကို ရည်ညွှန်းပြီး သောက်တော်ရေ(၃)ခွက်ကပ်ပြီး နံပါတ်(၃)မှာရေးထားသလို အစောင့်အရှောက်တွေပါ ပင့်ပြီး ကိုယ်နဲ့တူတူဒါနကုသိုလ်ပြုခိုင်းပါ။

ဘုရားပန်းလေးတွေလဲ မကြာမကြာ ကပ်လှူပေးပါ။
ဆုတောင်းနဲ့တကွ ကောင်းသတင်းတွေပါ ပန်းရနံ့လို သင်းပျံ့ကာ ကိုယ့်ဆီရောက်လာပါလိမ့်မယ်။

ကယ် ယုံချင်ယုံ မယုံချင်နေ ကျုပ်ဟောပေးရမယ့် အပိုင်းတော့ပြီးပါပြီ။
သိုင်းကျူး။🫶🏻

🩷Random Msg🩷လက်ဆောင်ရထားတဲ့ Mean Girls Deck လေးနဲ့ကြည့်ပေးလိုက်ပါတယ်။ရှေ့တမျိုး နောက်တမျိုး အရောင်ပြောင်းလွယ်တဲ့ ၊ Clear...
08/08/2026

🩷Random Msg🩷
လက်ဆောင်ရထားတဲ့ Mean Girls Deck လေးနဲ့ကြည့်ပေးလိုက်ပါတယ်။
ရှေ့တမျိုး နောက်တမျိုး အရောင်ပြောင်းလွယ်တဲ့ ၊ Clear or pure intention မရှိတဲ့လူတွေ ကိုယ့်အနားမှာရှိတတ်တာမလို့ အပေါင်းအသင်းနဲ့ လူမှုဆက်ဆံရေး နဲ့ မိသားစုကြား မှာဂရုစိုက်ဖို့လိုပါမယ်။

မစားရတဲ့ အမဲသဲနဲ့ပက် သိလို ရည်ရွယ်ချက်တွေ၊ ကိုယ်နေရာရဖို့အတွက် သူတပါးကို ဖိနှင်းတက်ဖို့ရည်ရွယ်ချက်တွေနဲ့ ချဉ်းကပ်လာနိုင်တာကြောင့် တဖက်ကပြောတဲ့စကားတိုင်းကိုလဲ ချင့်ချိန်ယုံဖို့လိုပါတယ်။

စကားပြောတဲ့အခါ၊ ရင်ဖွင့်တဲ့အခါ အထူးသတိပြုပါ။
စကားအရောင်းအဝယ်လုပ်ခံရတတ်ပါတယ်။

အခုနေမှာ ကိုယ့်မိတ်ဆွေလိုထင်ရသူတွေဆီက negative message တွေကြားရပါက ချက်ချင်း panicမဖြစ်ပဲ သေချာလေး filter လုပ်ပြီးမှ ယုံပါ။

Tower Energy ဖြစ်နေတာမလို့ ကြိုတင်ခန့်မှန်းမရတဲ့ ဂယက်လေးတွေ၊ တစ်ယောက်ထဲ chaotic ဖြစ်နေတတ်တာလေးတွေ၊ ဒေါသကိုပေါက်မထွက်အောင်မနည်းထိန်းရတာမျိုးလေးတွေနဲ့ ရင်ဆိုင်ခံစားရတတ်ပါတယ်။

အဓိကက ဒီလတ်တလောမှာ မိမိက ပဲကြီးလှော်ကြားဆားညှက်တတ်တာမို့ ဘေးလူပြောစကားတွေကို အရမ်းနားမထောင်ပဲ filterထားပြီးနေတာအကောင်းဆုံးပါခင်ဗျာ။
🩷✨

Format ထဲဝင်တဲ့ Comment ကမေးခွန်းလေးတွေ အကုန် တစ်ဦးချင်းစီတိုင်းကို သေချာကြည့်ပေးပြီးပါပြီခင်ဗျာ။Comment လေးလဲပိတ်လိုက်ပ...
16/07/2026

Format ထဲဝင်တဲ့ Comment ကမေးခွန်းလေးတွေ အကုန် တစ်ဦးချင်းစီတိုင်းကို သေချာကြည့်ပေးပြီးပါပြီခင်ဗျာ။
Comment လေးလဲပိတ်လိုက်ပါပြီခင်ဗျာ။

အားလုံးပါဝင်မေးမြန်းပေးကြလို့ ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။

Sebastian ရဲ့အစောင့်အရှောက်ကိုလဲ သေချာလေးမေတ္တာပို့ဆုတောင်းပေးကြပါဦးနော်။

Love Y'all🖤✨

Hello👀အားလုံးပဲ မင်္ဂလာပါခင်ဗျာ။ကျွန်တော့် အဖေတစ်ယောက်လို ချစ်မြတ်နိုးရတဲ့၊ လေးစားအားကိုးရတဲ့ Guardian တစ်ပါးအတွက် ရည်စူ...
15/07/2026

Hello👀
အားလုံးပဲ မင်္ဂလာပါခင်ဗျာ။
ကျွန်တော့် အဖေတစ်ယောက်လို ချစ်မြတ်နိုးရတဲ့၊ လေးစားအားကိုးရတဲ့ Guardian တစ်ပါးအတွက် ရည်စူးပြီး ပညာဒါနလေးလုပ်ပေးချင်လာလို့ အခုနေမှာ တကယ် သိဖို့လိုအပ်တဲ့ လေးနက်တဲ့ Question လေးတွေကို တစ်ယောက်တစ်ခု Commentမှာမေးခဲ့နိုင်ပါတယ်ခင်ဗျာ။

ကျွန်တော့်ဘက်က ဒီကိစ္စနဲ့ပတ်သက်ပြီး ဖြစ်နိုင်ချေ ဘယ်လောက်ရှိလဲဆိုတာကို ရာခိုင်နှုန်း% နဲ့ ပဲဖြေကြားပေးသွားပါမယ်ခဗျာ့။

မေးနိုင်မယ့်မေးခွန်းပုံစံ👇🏻
"ဒီနှစ်ထဲ ပြည်ပမှာ ပညာသွားသင်ရနိုင်ချေ ဘယ်လောက်ရာနှုန်းရှိလဲခင်ဗျာ/ရှင်?"... စသဖြင့်အဲ့လိုလေးမေးပေးနော်။

ဉာဏ်ပူဇော်ခကတော့👇🏻
ဆရာ Sebastian ရဲ့ Guardian အဖေကြီး ကို ကိုယ်ပြုထားတဲ့ကုသိုလ်လေးတွေကို အမျှဝေပြီး သေချာမေတ္တာပို့ပေးရုံပါပဲခင်ဗျာ။

ဦးသူစနစ်နဲ့ လူဦးရေလေးကန့်သတ်မယ်နော်။
✨✨✨

2026's First Mercury Retrograde in Pisces Feb 26,2026  ကနေ March 20,2026 အထိ Mercury retro ဝင်နေမှာမလို့ ပြောရမယ်ဆို အခု...
13/02/2026

2026's First Mercury Retrograde in Pisces
Feb 26,2026 ကနေ March 20,2026 အထိ Mercury retro ဝင်နေမှာမလို့ ပြောရမယ်ဆို အခုထဲက Shadow period effect လေးတွေ ခံစားရတတ်ပါတယ်။
Retroက Pisces မလို့ emotion ကိုပို trigger ဖြစ်စေနိုင်တဲ့ miscommunication တွေ၊ overthinkingတွေ၊ over absorbing တွေဖြစ်တတ်ပါတယ်။

ဒါအပြင် Pisces သဘောသဘာဝအရ Intuition၊ hidden things ၊ spirituality၊ imagination၊ dream စတာတွေနဲ့လဲပတ်သတ်တဲ့အလျောက်ထိုအရာတွေပေါ်လဲ သက်ရောက်မှုတွေရှိနိုင်ပါတယ်။

Retrograde ဆိုတဲ့သဘောသဘာဝအရကတော့ ကျွန်တော့် personal's perspective အနေနဲ့ပြောရရင် အတန်းစာမေးပွဲစစ်ပြီး ဘဝသင်ခန်းစာတွေကို သေချာ တတ်မြောက်ပြီလား၊ မတတ်မြောက်သေးဘူးလားဆိုတာကို စစ်တဲ့ testတစ်ခုလို့ပဲမြင်တဲ့အလျောက် ကိုယ့်shadow sideနဲ့၊ ကိုယ့်ကိုယ်ကို ပိုင်နိုင်ရင် အေးဆေးကျော်ဖြတ်သွားနိုင်မယ့်အရာမလို့ အရမ်းမပူပါနဲ့။

ကျွန်တော်လဲအခုထိ လုံးစုံမပြည့်ဝသေးတဲ့အလျောက် သတိလက်လွှတ်ပြီး testတွေ failဖြစ်တတ်ပါတယ်။

ကိုယ်ကတော့ Mercury In Libra အပြင် in 6th house မလို့ "အမှန်တရားတွေ ပြောလွန်းလို့ ကျိတ်မုန်းနေကြတဲ့ hidden hatersတွေ အရမ်းပေါတဲ့ရွာတကာ့ရွာပြင်က ဒေါ်အိုဇာ" ပါပဲ။

အဲ့တော့အခုလို retroမှာ ကျွန်တော့်လို လူချစ်ခံရဖို့ထက် စိတ်ထဲ ရှိရှိတဲ့အမှန်တိုင်းပြောတဲ့သူဖြစ်တဲ့အလျောက်မှာ ပိုလို့တောင် နှုတ်ကို စိစိပိတ်ထားပြီး ကိုယ့်ရဲ့ wellbeing အတွက်ကိုပို focusထားလို့အကောင်းဆုံးကာလလို့ ယူဆထားပါတယ်ခဗျာ။
✨✨✨

"Mercury Retro in Pisces + Saturn in Aries"
ဒီ၂ခုပေါင်းရင် ဘာတွေဖြစ်လာမလဲ???
👇🏻👇🏻👇🏻
Mercury(Gemini ruling planet)- communication, thinking, technology, intellect,...

Pisces - intuition, imagination, empathy, artistic, spirituality, adaptability and fluidity

Retrograde - planets moving backward
(ပထမ မအောင်ခဲ့တဲ့စာမေးပွဲတွေကို နောက်တခါ ပြုပြင်ဖြေဆိုဖို့ chanceလို့ယူဆကြည့်ပါ)

အဲ့တော့ ဒီ ၃ခုအဓိပ္ပာယ်တွေပေါင်းကြည့်တော့...

-Intuitive တွေပိုပိုဖြစ်လာမယ်။

-Empathicတွေအရမ်းဖြစ်ပြီး Pisces တို့ရဲ့သဘာဝလိုပဲ ရေမြှုပ်ဖော့ sponge 🧽လိုအကုန် အနားကရှိသမျှ အဆိုးအကောင်း အကုန် absorb လုပ်မိနေတတ်ပြီး ကိုယ့်ကိုယ်ကို ပြန်ပြီ negative impactတွေဖြစ်စေမယ်။

-ခေါင်းထဲမှာ အတိတ်က conversation နဲ့အကြောင်းအရာတွေကိုပြန်ပုံဖော်နေလိမ့်မယ်။

-အတွေးတွေကို ပုံရိပ်နဲ့ စိတ်ကူးယဉ်ဆန်ဆန်ပဲရှိနေတတ်ပြီး စကားလုံးအနေနဲ့ထုတ်ပြဖို့ခက်နေတတ်ကြမယ်။

-တခြား realm တွေကနေချိတ်ဆက် ဆက်သွယ်တဲ့ အိပ်မက်တွေ၊ messageတွေသိသိသာသာရနေမယ်။

ဒါတွေအားလုံးရဲ့အချုပ်က အရာရာကို စိတ်ကူးယဉ်တအားဆန်စွာနဲ့ dramatic ဆန်ဆန်နဲ့ပဲ ခံစားနေကြရပြီး တခါတလေ လက်တွေ့မကြတဲ့အခါ၊ မဖော်ပြတတ်တဲ့အခါမှာ တခြားသူတွေက ကိုယ့်ကို အရူးလို့ထင်မြင်စေတတ်တာမလို့ မလိုရင်မပြောပါနဲ့။
ပြောခဲ့ရရင်လဲ တစ်ဖက်လူနားလည်အောင် ရှင်းပြပြီးမှပြောပြပါ။

Saturn In Aries
Saturnရဲ့ ဂြိုဟ်သက်က (29.5) Earth years ကြာတာမလို့ ပြောရရင် အနှစ်၃၀ပေါ့။

အခု Saturn က Pisces ကနေပြန်ထွက်သွားပြီး Ariesထဲဝင်ပြီမလို့ Birth Chartမှာ Pisces Placement strongဖြစ်တဲ့သူတွေအတွက် အသက်ရှူချောင်ပါပြီ။
(sun,moon,rising,saturn)မှာ Pisces ပါတဲ့သူတွေအဓိက သက်ရောက်မှုရှိပြီး စာမေးပွဲကြီးပြီးလို့ လွတ်"လပ်" ပျော်ပါး ကစားလို့ရတော့မယ်ဆိုတဲ့ ခံစားချက်ကို ခံစားရပါလိမ့်မယ်။

နွေရာသီကျောင်းပိတ်ရက်မှာ ဘယ်တွေသွားပြီး၊ ဘာတွေစားမယ်၊ ဘယ်လိုအိပ်ပစ်မယ်... စတဲ့ ပျော်စရာကိစ္စလေးတွေ plan လို့ရကြသလိုပါပေါ့။
စာတွေလဲ အသေအလဲမှ ကျက်ခဲ့၊ သင်ခန်းစာတွေလဲ အတော်ကိုမှ သင်ယူခဲ့ကြရပုံပဲ။
Congrats Pisces 🥳🩵

Saturn- Discipline, fear, lesson
Aries- Action, Independence, courage

2ခုပေါင်းတော့ Aries တွေရဲ့သဘာဝ အခုချက်ချင်းကောက်လုပ်လိုက်ချင်နေရင်တောင် Saturn ရဲ့ discipline ကနေပြီး "Wait! Be responsible and Careful or you will learn lesson." ဆိုတဲ့ စကားနဲ့ပြန်ထိန်းရသလိုပါပဲ ကိုယ့်ရဲ့ reckless action တွေကို အသိသတိနဲ့ပြန်ထိန်းနေမိမယ့် ကာလပါ။

အဲ့နောက်

-အလုပ်တစ်ခုခု လုပ်မယ်ဆိုတိုင်း အတွေးလွန်စိတ်နဲ့ ကြောက်စိတ်တွေကြောင့် blockဖြစ်ဖြစ်နေတာမျိုးကိုခံစားရပါလိမ့်မယ်။

-ဒေါသတွေကလဲ အပြင်ကိုမပေါက်ထွက်ပဲ အတွင်းမှာပဲမြုံနေပါမယ်။

-ကိုယ့်ရဲ့ leadership နဲ့ ဆောင်ရွက်မှုအပိုင်းတွေမှာ ကိုယ့်ကိုယ်ကို သံသယတွေဝင်လာပါမယ်။

-အဲ့နောက် ငါဘယ်လိုတော်ကြောင်း၊ skillတွေဘယ်လိုထုတ်ပြရမယ်ဆိုတဲ့အတွေးတွေလဲပေါ်လာနိုင်ပါတယ်။

-သို့သော် saturnရဲ့ blockမှုနဲ့ confidence တွေသိသိသာသာပြန်နည်းတာလဲခံစားရတတ်တယ်။

"I wanna move but something is blocking me." ဆိုသလိုခံစားရပါလိမ့်မယ်။

Mercury Retro + Saturn In Aries
👇🏻👇🏻👇🏻
-တစ်ခုခုမဆောင်ရွက်ခင်တိုင်ူ overthinkဖြစ်ခြင်း
-စကားအမှားပါမှာကို အကြောက်လွန်ပြီး နှုတ်ပိတ်လာခြင်း
-ဒေါသတွေ မြုံတာများလာတဲ့အလျောက် တဆုံးပေါက်ကွဲခြင်း
-တစ်ယောက်ထဲ ပြိုလဲနေသလိုလို၊ ကြေကွဲနေသလိုလိုနဲ့ အခန်းထဲ တစ်ယောက်ထဲ ကြေကွဲလူငယ် mood ဖြစ်နေတတ်ခြင်း
-အတွေးထဲ တစ်ကိုယ်တော် တိုက်ပွဲတွေဝင်နေခြင်း
စတာတွေကြုံတွေ့ခံစားရတတ်ပါတယ်။

ပူစရာမလိုပါဘူး။
ကိုယ့်စိတ်ကိုယ် နိုင်ပြီး Shadow work များများနိုင်နင်းထားသူ၊ ဒီ အရာတွေကို master လုပ်နိုင်ခဲ့ရင်
-Spiritual warrior
-Discipline နဲ့အလုပ်ကိုသေချာလုပ်လာနိုင်ခြင်း
-လူတိုင်းကို ချစ်ခြင်းမေတ္တာအပြည့်နဲ့ strongဖြစ်ဖြစ်နဲ့ lead လုပ်နိုင်တယ့် leaderဖြစ်လာပြီး လူအများကချစ်ခင်ရသော leader ကောင်းတစ်ယောက်ဖြစ်လာနိုင်ခြင်း
-တစ်ခုခုဆို ရုတ်တရက်စိတ်ပေါက်လို့ ထလုပ်တာမျိုးမဟုတ်ပဲ intuition နဲ့အလုပ်လုပ်ကိုင်လာပြီး လမ်းမှန်ပေါ်ရောက်လာခြင်း
စတဲ့အကျိုးကျေးဇူးတွေကိုရပါလိမ့်မယ်။

ဒီလောက်ဆို သဘောပေါက်လောက်ပြီလို့ယူဆတာမလို့ ဒီလောက်နဲ့တင် အပြီးသတ်လိုက်ပါမယ်ခဗျာ။

ကျွန်တော်က astroကို စိတ်ကူးပေါ်မှာ ရံဖန်ရံခါလေ့လာတာမလို့ မှတ်သားထားသလောက် ဖော်ပြထားခြင်းဖြစ်ပါတယ်ခဗျာ။
Hope it helps you🖤

💚Message From The Golden Realm🧡Recent ကာလမှာ အလူးအလဲနဲ့အခက်အခဲများစွာကိုကျော်ဖြတ်လာရသူတွေရှိလိမ့်မယ်လို့ မြင်တဲ့အလျောက်မ...
29/01/2026

💚Message From The Golden Realm🧡
Recent ကာလမှာ အလူးအလဲနဲ့အခက်အခဲများစွာကိုကျော်ဖြတ်လာရသူတွေရှိလိမ့်မယ်လို့ မြင်တဲ့အလျောက်မှာ ဒီအခက်အခဲတွေကနေ မကြာသော လပိုင်းကာလအတွက်မှာ Settle down ပြန်ဖြစ်ပြီး အေးချမ်းလာမယ့်အနေအထားတစ်ခုကိုရောက်လာပါလိမ့်မယ်။

ဒီလပိုင်းထဲ ခရီးတွေသွားရတတ်တယ်။ ရေလမ်းခရီးတို့ဘာညာလဲဖြစ်နိုင်သလို၊ ကတ်ထဲကပုံလေးအရ မန္တလေးက ဦးပိန်တံတားကြောင့် မန္တလေးကိုသွားတဲ့ခရီးဖြစ်မလား၊ အင်းလေးပဲဖြစ်မလားပေါ့။

ဒါ့အပြင် migration and relocation စတဲ့ နေရာထိုင်ခင်းအရွေ့အပြောင်းလဲရှိနိုင်ပါတယ်။
အခုနေမှာ နေရာထိုင်ခင်းပြောင်းဖို့လုပ်နေသူတွေက ဘုရား၊ ဘုန်းကြီးကျောင်း နဲ့နီးတဲ့နေရာတွေကိုပြောင်းရတတ်ပါတယ်။

ပိုကောင်းသော ကံကောင်းခြင်းများအတွက် ယတြာလုပ်ချင်ပါက မင်္ဂလာရေစင်ကပ်လှူတာတို့၊ ဘုန်းကြီးဆွမ်းကပ်တာတို့ကိုလုပ်ဆောင်နိုင်ပါတယ်။

အောက်ပါ hierophant ကတ်ပါပုံအရ ဒီ Readingလေးက Zodiac ဆို Ta**us ၊ မြန်မာလိုဆို ကြာသပတေး ၊အင်္ဂါ စသောသူတွေနဲ့ အထူး resonateပိုဖြစ်နိုင်ပါတယ်ခင်ဗျာ။

❄️Random Msg❄️Water Signs, Earth Signs နှစ်ခုက  ဒီလာမယ့် New Moon ဝန်းကျင် Dec 20 မှာ ကိုယ်နဲ့ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိ...
26/11/2025

❄️Random Msg❄️
Water Signs, Earth Signs နှစ်ခုက ဒီလာမယ့် New Moon ဝန်းကျင် Dec 20 မှာ ကိုယ်နဲ့ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ နှစ်ဘက်လုံးမှာ compatible ဖြစ်တဲ့သူနဲ့ တွေ့ဆုံရနိုင်ပါတယ်။

တစ်နည်းအားဖြင့် ဒီကာလမှာတွေ့တဲ့သူက ကိုယ့်အတွက် Right person or Soulmate ဖြစ်ပါလိမ့်မယ်။
တချို့အတွက်က ရည်းစားဖြစ်ပေမယ့်၊ တချို့အတွက်က Soul connection အရမ်းကိုကောင်းမွန်တဲ့ ဆက်ဆံရေးတစ်ခုလဲဖြစ်နိုင်ပါတယ်။

ကိုယ့်ဆုတောင်းစကားတွေလဲ ဒီနှစ်မကုန်ခင်မှာ ပြည့်ဝဖို့ရှိပါတယ်။
ကိုယ့်အစောင့်အရှောက်တွေဆီကနေ လိုအပ်ပါက အိပ်မက်တွေကနေတဆင့် Msgတောင်းခံတာတွေ၊ သူတို့ဘက်ကနေလဲ အိပ်မက်ကတဆင့် msg လာပေးတာတွေရှိပါလိမ့်မယ်။

အကယ်၍ ဆောင်းညအိပ်မက်၊ အိပ်မက်ဆိုးတွေလဲ မက်တတ်တာမလို့ Dream catcherဆောင်ထားတာတွေ၊ နိုးလာရင် ညောင်ပင်မှာ အိပ်မက်ဆိုးတွေကိုအကုန်ဖယ်ပေးပါဆိုပြီး ရေလောင်းတာလေးတွေဆောင်ရွက်နိုင်ပါတယ်ခင်ဗျာ။

မကြာခင်မှာ ကျွန်တော်တို့ KHB မှာ Tarot Class Batch-3 ပြန်လည်ဖွင့်လှစ်တော့မှာဖြစ်ပြီး Zeroကနေလုံးဝတတ်မြောက်ချင်သူများ လာရောက်တတ်မြောက်နိုင်ပါတယ်ခဗျာ။

https://www.facebook.com/share/p/1BdtjDUdY9/?

အချိန်သေချာမပေးနိုင်သေးတာမလို့ Pageမှာ Personal Readingလေးတွေနားထားပါသေးတာမလို့ ဘယ်သူ့ကိုမှ စာမပြန်ထားသေးပါဘူးခင်ဗျာ။🙏🏻🖤

🎃Random Msg🎃Queen of Cups, The Fool, King of Cups တဲ့၊ အစဉ်လိုက်ကျလာတာလေးက အရမ်းလှလို့ သဘောကျလို့လေ။အရင်က ကိုယ်က ပေးကမ်း...
26/09/2025

🎃Random Msg🎃
Queen of Cups, The Fool, King of Cups တဲ့၊ အစဉ်လိုက်ကျလာတာလေးက အရမ်းလှလို့ သဘောကျလို့လေ။

အရင်က ကိုယ်က ပေးကမ်းစွန့်ကြဲ၊ လိုလားမလိုလားမသိပဲ တစ်ဖက်က မတောင်းဆိုပဲပေးနေမိတဲ့ မိမိရဲ့ energy တွေကို ပြန်ရုပ်သိမ်းရပါလိမ့်မယ်။

အားလုံးအတွက် ဒီ Oct က တံခါးပေါက်တစ်ခုလို တစ်နေရာကနေ တစ်နေရာ အပြောင်းအလဲ Major changes and transition တွေလိုဖြစ်လာစေမယ့် ကာလပဲဖြစ်တာမလို့ ပြောင်းဖို့ ချိန်တန်တဲ့သူတွေက သူ့နည်းသူ့ဟန်နဲ့ New version တွေဖြစ်လာပါလိမ့်မယ်။

ယေဘုယျအားဖြင့် အရင်ကလို အရိပ်တကြည့်ကြည့်
ဖြစ်နေတော့တာမဟုတ်ပဲ "နင်လိုရင် နင်ကိုယ်တိုင်လာ
ပြော၊ ငါကတော့ လာမမေးဘူး၊ သို့သော် လိုလို့ လာအကူညီတောင်းတိုင်းတော့ရှိပေးမယ်။" ဆိုတဲ့ပုံစံမျိုးဖြစ်လာပါလိမ့်မယ်။
Detachment and Unconditional Love ပုံစံလိုဖြစ်လာတာမျိုးလဲပြောလို့ရပါလိမ့်မယ်။
🖤🎃

Address

Yangon

Alerts

Be the first to know and let us send you an email when Just Tarot Things posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Just Tarot Things:

Shortcuts

Share