NYEIN Butterfly Counseling&Empowerment

NYEIN Butterfly Counseling&Empowerment Let me be with you
“လုံခြုံစိတ်ချရင်ဖွင့်ပါ
သင်နဲ့အတူရှိနေမှာ"

မိမိကိုယ်တိုင်သော်လည်းကောင်း၊ မိမိပတ်ဝန်းကျင် အနီးနားကသူတွေကသော်လည်းကောင်း စိတ်ပိုင်းဆိုင်ရာခွန်အားများအတွက် လိုအပ်ပါက ကျွန်မမှ လူချင်းတွေ့ဆုံ၍သော်လည်းကောင်း၊ Online မှသော်လည်းကောင်ဆွေးနွေးပေးပါသည်။ သို့ဖြစ်ပါ မည်သူမဆိုလိုအပ်ခဲ့ပါက ကြိုတင်ပြီး ချိန်းဆိုရရှိနိုင်ပါသည်။

💊 နာကျင်မှုရဲ့ တစ်ဖက်မှာ..🌿 တစ်ခါတလေ ဘဝမှာ မဖြစ်ခဲ့ရင်ကောင်းမယ်လို့ ထင်ခဲ့ဖူးတဲ့ အဖြစ်အပျက်တွေက နောက်ပိုင်းမှာ ကိုယ့်ဘဝရ...
20/08/2026

💊 နာကျင်မှုရဲ့ တစ်ဖက်မှာ..
🌿 တစ်ခါတလေ ဘဝမှာ မဖြစ်ခဲ့ရင်ကောင်းမယ်လို့ ထင်ခဲ့ဖူးတဲ့ အဖြစ်အပျက်တွေက
နောက်ပိုင်းမှာ ကိုယ့်ဘဝရဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ သင်ခန်းစာတွေ ဖြစ်လာတတ်တယ်။
🌿 နာကျင်နေတဲ့ ထို အချိန်မှာတော့ နာကျင်မှု၊ နောင်တ၊ မေးခွန်းအစရှိတာတွေပဲ ရှိနေနိုင်တယ်။
🌿 ဒါပေမယ့် အချိန်ကြာလာတဲ့အခါ
အဲဒီအတွေ့အကြုံတွေက—
👉လူတွေကို ပိုနားလည်စေတယ်။
👉ကိုယ့်ကိုယ်ကို ပိုသိလာစေတယ်။
👉တစ်ချိန်က ကိုယ်နာခဲ့တဲ့နေရာက တစ်စုံတစ်ယောက်ကို ပြန်နားလည်ပေးနိုင်လာစေတယ်။
🌿 ဒါကြောင့် အတိတ်ကို ပြန်သွားပြီး ဖြစ်ခဲ့တာကို ပြောင်းလို့မရပေမယ့်…
ဖြစ်ခဲ့တာကနေ ကိုယ့်ဘဝအတွက် ဘာအဓိပ္ပါယ်တွေ ဖန်တီးမလဲဆိုတာကိုတော့ မင်းကိုယ်တိုင် ရွေးချယ်လို့ရတယ်။
🌿ဒါကြောင့် နာကျင်မှုက ကိုယ့်ဘဝရဲ့ အဆုံးသတ်မဟုတ်ဘူး။ တစ်စုံတစ်ယောက်အတွက် အလင်းဖြစ်လာမယ့် အစတစ်ခုလည်း ဖြစ်နိုင်တယ်။





🌿 Shadow (ကိုယ့်အတွင်းက ဖုံးကွယ်ထားတတ်တဲ့အပိုင်း) ကို နားလည်လာတဲ့အခါ🌿 တစ်ခါတလေ Shadow ဆိုတာ�ကိုယ်မကြိုက်တဲ့ ကိုယ့်အပိုင်...
16/08/2026

🌿 Shadow (ကိုယ့်အတွင်းက ဖုံးကွယ်ထားတတ်တဲ့အပိုင်း) ကို နားလည်လာတဲ့အခါ
🌿 တစ်ခါတလေ Shadow ဆိုတာ�ကိုယ်မကြိုက်တဲ့ ကိုယ့်အပိုင်းမဟုတ်ဘူး။
ကိုယ်အရမ်းတန်ဖိုးထားလို့�ဆုံးရှုံးရမှာကြောက်နေတဲ့�ကိုယ့်အပိုင်းလည်း ဖြစ်နိုင်တယ်။
🌿 တစ်ခါတလေ�ကိုယ့်စိတ်ထဲမှာ မရှင်းပြတတ်လောက်အောင်�တစ်စုံတစ်ယောက်အပေါ် မသက်မသာဖြစ်မိတယ်။
သူ့ကို မနာလိုတာလား၊�သူ့ကို မုန်းတာလား၊�ကိုယ့်ကိုယ်ကို မယုံကြည်တာလား၊�ဒါမှမဟုတ် ကိုယ့်မှာ တစ်ခုခုချို့တဲ့နေတာလား—
🌿 အဖြေကို ချက်ချင်းမသိနိုင်ဘူး။
🌿 ဒါပေမယ့် ကိုယ့်စိတ်ကို အပြစ်မတင်ဘဲ�နည်းနည်းလေး ငြိမ်ပြီး နားထောင်ကြည့်တဲ့အခါ�ခံစားချက်တစ်ခုရဲ့အောက်မှာ�နောက်ထပ်ခံစားချက်တစ်ခု ရှိနေတာကို တွေ့ရတတ်တယ်။
🌿 မနာလိုမှုရဲ့အောက်မှာ�ဆုံးရှုံးမှာကြောက်တဲ့စိတ် ရှိနေနိုင်တယ်။
🌿 မုန်းတီးမှုရဲ့အောက်မှာ�သစ္စာဖောက်ခံရမှု ရှိနေနိုင်တယ်။
🌿 ဒေါသရဲ့အောက်မှာ�နာကျင်မှု ရှိနေနိုင်တယ်။
🌿 တစ်စုံတစ်ခုကို အရမ်းကာကွယ်ချင်နေတဲ့စိတ်ရဲ့အောက်မှာတော့�အဲဒီအရာက ကိုယ့်အတွက် ဘယ်လောက်အရေးကြီးလဲ ဆိုတာ ရှိနေနိုင်တယ်။
🌿 တစ်ခါတလေ�ကိုယ်အပြင်းဆုံး တွန်းထုတ်ချင်တဲ့ခံစားချက်က�ကိုယ်အပြင်းဆုံး နားလည်ပေးဖို့လိုနေတဲ့�ကိုယ့်အပိုင်းတစ်ခု ဖြစ်နေနိုင်တယ်။
🌿 အဲဒီအခါ Shadow ကို�ဖယ်ရှားပစ်ရမယ့် အမှောင်တစ်ခုလို မမြင်တော့ဘူး။
ကိုယ့်အတွင်းမှာ နားမလည်ပေးရသေးတဲ့�အပိုင်းတစ်ခု လို့ မြင်လာတယ်။
🌿 တစ်ခါတလေ�ကိုယ်မကြိုက်တဲ့ ကိုယ့်အပြုအမူရဲ့နောက်မှာ�ကိုယ်အရမ်းတန်ဖိုးထားတဲ့ အရာတစ်ခု ရှိနေတတ်တယ်။
🌿 ဒါကြောင့် နောက်တစ်ခါ�ကိုယ့်စိတ်ထဲမှာ မနာလိုမှု၊ ဒေါသ၊ မုန်းတီးမှု၊ မသက်မသာဖြစ်မှု တစ်ခုခု ပေါ်လာရင်—
“ငါဘာလို့ ဒီလိုဖြစ်နေရတာလဲ?”
လို့ ကိုယ့်ကိုယ်ကို မေးမယ့်အစား
“ဒီခံစားချက်က ငါ့အတွက် ဘာကို ကာကွယ်ပေးနေတာလဲ?”
လို့ မေးကြည့်ချင်တယ်။
🌿 အဖြေက အဲဒီမှာပဲ�တိတ်တိတ်လေး စောင့်နေတတ်လို့။ 🌱




ရေမြေခြားသို့ ရွှေ့ပြောင်းအလုပ်လုပ်ကိုင်မည့် သူများအတွက် တစ်ရက်တာ စိတ်လူမှုထောက်ပံ့ခြင်း(Psychosocial Support) အစီအစဉ်လေ...
13/08/2026

ရေမြေခြားသို့ ရွှေ့ပြောင်းအလုပ်လုပ်ကိုင်မည့် သူများအတွက် တစ်ရက်တာ စိတ်လူမှုထောက်ပံ့ခြင်း(Psychosocial Support) အစီအစဉ်လေးပြီးဆုံးခြင်း ကျေးဇူးတင်လွှာ~~~~❤️❤️❤️
ဤ စိတ်လူမှုထောက်ပံ့ခြင်း အစီအစဉ်လေးကို အောင်မြင်စွာပြုလုပ်နိုင်ခဲ့ပါသည်။ အစီအစဉ်လေးတွင် ပါဝင်ကြသူများအတွက် အဖွဲ့လိုက် စကားပြောခြင်း၊ နှစ်သိမ့်ခြင်း၊ Mindfulness အစီအစဉ်လေးကိုလည်း ပြုလုပ်ပေးခဲ့ပါသည်။ ထို့အပြင် တစ်ဦးနှင့်တစ်ဦး ယုံကြည်စွာဖြင့် စိတ်လုံခြုံမှုရပ်ဝန်းငယ်လေးကိုလည်း ဖန်တီးခဲ့ပါသည်။
မိမိတို့ဘဝအတွက် ရည်မှန်းချက်များကိုရှာဖွေပေးခဲ့ပြီး
ကိုယ့်ကိုယ်ကိုယ် မှန်ကန်သည့် နည်းလမ်းများဖြင့် ဂရုစိုက်စောင့်ရှောက်နိုင်ရန်အတွက်လည်း စိတ်ခွန်အားများပေးခဲ့ပါသည်။
ထိုပြုလုပ်ဆွေးနွေးမှုအတွင်း ပါဝင်ကြသူများသည် ယုံကြည်မှုပေးခြင်း၊ စိတ်လုံခြုံနွေးထွေးခြင်း၊ အပြန်အလှန်လေးစားခြင်းတို့ဖြင့် ပါဝင်ခဲ့ကြပါသည်။
ထို့အပြင် စိတ်ခံစားမှုပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းနှင့် အပြုအမူပိုင်းဆိုင်ရာပြောင်းလဲခြင်းများအတွက် များစွာပီတိကြည်နူးမိပါသည်။
ဤအစီအစဉ်လေးအတွက်
🙏NYEIN-Counseling&Empowerment အဖွဲ့လေးကို
စိတ်ပိုင်းဆိုင်ရာ ကူညီပံ့ပိုးပေးရန်အတွက်ယုံကြည်စွာဖြင့် တာဝန်အပ်နှံပေးပါသောအဖွဲ့အစည်းများ….
🙏တက်ကြွစွာဖြင့်ပါဝင်ပေးကြသောပါဝင်ကြသူများနှင့်
🙏ကျေးဇူးတင်ထိုက်သူအားလုံးကိုကျေးဇူးတင်ရှိပါသည်။
လူကြီးမင်းတို့၏ အဖွဲ့အစည်းအတွင်းရှိ ဝန်ထမ်းများ၊ စီမံကိန်း အကျိုးခံစားခွင့်ရှိသူများ ကို ၎င်းတို့၏ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးအတွက်
အဖွဲ့လိုက်နှစ်သိမ့်ဆွေးနွေးမှုပေးရန် သော်လည်းကောင်း၊ အခြေခံနှစ်သိမ့်ဆွေးနွေးခြင်းသင်တန်းများအတွက်သော်လည်းကောင်း၊ အဖွဲ့လိုက်နှစ်သိမ့်ဆွေးနွေးခြင်းသင်တန်းများပေးရန်အတွက်သော်လည်းကောင်း NYEIN - Counseling&Empowerment လေးက သင်နဲ့အတူရှိနေပေးနိုင်ပါသည်။
မင်းရဲ့ငြိမ်း
“မင်းနဲ့အတူရှိပါရစေ”
-Counseling&Empowerment လေးက
သင် နှင့် အတူရှိနေပေးမှာပါ….. ❤️💻
လုံခြုံစိတ်ချ ရင်ဖွင့်ပါ သင်နဲ့အတူ ရှိနေမှာ..❤️❤️
ဆက်သွယ်လိုပါက👉 Page Messenger ကို အသေးစိတ် စုံစမ်းမေးမြန်းနိုင်ပါသည်။







အတ္တ “ငါ” ကို ကာကွယ်ရင်း… ဘာတွေကို ဆုံးရှုံးခဲ့ကြလဲ။တစ်ခါတလေကိုယ့်ကိုယ်ကို ကာကွယ်ဖို့ ကြိုးစားတာဟာ မှားတာမဟုတ်ပါဘူး။“ငါ ...
07/08/2026

အတ္တ

“ငါ” ကို ကာကွယ်ရင်း… ဘာတွေကို ဆုံးရှုံးခဲ့ကြလဲ။
တစ်ခါတလေ
ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ ကြိုးစားတာဟာ မှားတာမဟုတ်ပါဘူး။

“ငါ မမှားဘူး။”
“ငါ့ဘက်ကလည်း မှန်တယ်။”
“ငါ့ကို နားလည်ပေးသင့်တယ်။”
“ငါ့တန်ဖိုးကို အသိအမှတ်ပြုသင့်တယ်။”

ဆိုတဲ့ “ငါ” တွေဟာ
ကိုယ့်ကိုယ်ကို မနာကျင်အောင် ကာကွယ်ပေးဖို့ ပေါ်လာခဲ့ကြတာ ဖြစ်နိုင်ပါတယ်။

ဒါပေမယ့်…

အဲ့ဒီ “ငါ” ကို အမြဲတမ်း ကာကွယ်နေမိရင်
တစ်ဖက်လူရဲ့ စကားကို နားထောင်ဖို့ မေ့သွားနိုင်တယ်။

ကိုယ့်အမှားကို ဝန်ခံဖို့ ခက်လာနိုင်တယ်။

တောင်းပန်ဖို့ ခက်လာနိုင်တယ်။

ခွင့်လွှတ်ဖို့ ခက်လာနိုင်တယ်။

နောက်ဆုံးမှာ
“ငါ့ကိုယ်ငါ မဆုံးရှုံးအောင် ကာကွယ်နေတယ်” လို့ ထင်ရင်း
ကိုယ့်ဘဝထဲက အရေးကြီးတဲ့ ဆက်ဆံရေးတွေကို
တစ်ခုချင်းစီ ဆုံးရှုံးလာနိုင်တယ်။

ဒါကြောင့် တစ်ခါတလေ
ကိုယ့်ကိုယ်ကို ဒီလို ပြန်မေးကြည့်ချင်တယ်—

“ငါဆိုတာကို ကာကွယ်ချင်တဲ့ ငါ့အတ္တက
ငါ့ကို ဘယ်ဆီ ဆွဲခေါ်သွားခဲ့သလဲ?”

“ငါမှန်တယ်ဆိုတာကို အနိုင်ယူဖို့ ကြိုးစားရင်း
ငါ ဘာတွေကို ဆုံးရှုံးခဲ့သလဲ?”

“ငါ့ကိုယ်ငါ ကာကွယ်နေတာလား…
ဒါမှမဟုတ် ငါ့အတ္တကို ကာကွယ်နေတာလား?”

တစ်ခါတလေ
လက်လွှတ်သင့်တာက “ငါ” မဟုတ်ဘူး။

“ငါမှန်ရမယ်” ဆိုတဲ့ စွဲလမ်းမှု ဖြစ်နိုင်တယ်။

အဲ့ဒီအချိန်မှာပဲ
ကိုယ့်ရှေ့မှာရှိနေတဲ့ လူတစ်ယောက်၊
ကိုယ့်ဘဝထဲမှာရှိနေတဲ့ ဆက်ဆံရေးတစ်ခု၊
ကိုယ့်ကိုယ်ကိုတောင်
အသစ်တစ်ဖန် ပြန်မြင်လာနိုင်တယ်။

“ငါ” ကို ကာကွယ်တာထက်
“ငါတို့” ကို မဆုံးရှုံးဖို့
တစ်ခါတလေ ကိုယ့်အတ္တကို ခဏလောက် ချထားကြည့်ရအောင်။

#အတ္တ

“တစ်ချိန်ကနာကျင်ခဲ့တဲ့ ကလေးလေးနဲ့ပြန်တွေ့ခြင်း”တစ်ခါတစ်ရံ Healing ဆိုတာအဖြေမှန်တစ်ခုကို ရှာတွေ့ဖို့ မဟုတ်ပါဘူး။“ဘာကြောင့...
01/08/2026

“တစ်ချိန်ကနာကျင်ခဲ့တဲ့ ကလေးလေးနဲ့ပြန်တွေ့ခြင်း”တစ်ခါတစ်ရံ Healing ဆိုတာ
အဖြေမှန်တစ်ခုကို ရှာတွေ့ဖို့ မဟုတ်ပါဘူး။

“ဘာကြောင့် ဒီလိုဖြစ်ခဲ့တာလဲ”
“ဘယ်သူ့အမှားလဲ”
“ဘယ်လို ပြန်ပြင်ရမလဲ” ဆိုတဲ့ မေးခွန်းတွေထက်

တစ်ချိန်က နာကျင်ခဲ့တဲ့ ကိုယ့်အတွင်းက ကလေးလေးနဲ့
ထိုင်ပြီး အတူရှိပေးနိုင်ခြင်းက
Healing ရဲ့ အစဖြစ်တတ်ပါတယ်။

တချို့ဒဏ်ရာတွေက အဖြစ်အပျက်တစ်ခုတည်းကြောင့် မဟုတ်ပါဘူး။
“မင်းက လုံလောက်တယ်” ဆိုတဲ့ ခံစားချက် မရခဲ့တဲ့အချိန်တွေ၊
အမြဲကောင်းရမယ်၊ အမြဲအောင်မြင်ရမယ်၊ အမြဲတစ်ခုခု သက်သေပြနေရမယ်ဆိုတဲ့ ဖိအားတွေကနေ Worth Wound လို့ခေါ်တဲ့
“ငါ့တန်ဖိုးက ငါလုပ်နိုင်တာတွေနဲ့ပဲ ဆုံးဖြတ်ခံရမယ်” ဆိုတဲ့ ဒဏ်ရာတစ်ခု ဖြစ်လာနိုင်ပါတယ်။

အဲဒီဒဏ်ရာရှိနေတဲ့အခါ…

အတိတ်က အကဲဖြတ်ခဲ့သူတွေရဲ့ အသံတွေက
လက်ရှိဘဝရဲ့ တရားသူကြီးလို ဖြစ်လာတတ်ပါတယ်။

“မလုံလောက်သေးဘူး”
“ပိုကြိုးစားရမယ်”
“မအောင်မြင်ရင် မင်းတန်ဖိုးမရှိဘူး”
ဆိုတဲ့ အသံတွေဟာ တကယ်တော့
ကိုယ့်ရဲ့ အမှန်တရား မဟုတ်နိုင်ပါဘူး။

အဲဒါတွေဟာ တစ်ချိန်က ကြားခဲ့ရတဲ့ အသံတွေ၊
ယုံကြည်လာခဲ့ရတဲ့ အတွေးပုံစံတွေ ဖြစ်နိုင်ပါတယ်။

Healing ဆိုတာ
အဲဒီအသံတွေကို တိုက်ခိုက်ဖျက်ဆီးဖို့ မဟုတ်ပါဘူး။

“ဒါက ငါ့ရဲ့အသံလား?”
“ဒါက အတိတ်က ငါသင်ယူခဲ့ရတဲ့ အသံလား?”
လို့ ခွဲမြင်လာနိုင်ဖို့ပါ။

အဆုံးမရှိတဲ့ ဘဝပြိုင်ပွဲထဲမှာ
တစ်ခြားသူတွေရဲ့ ပန်းတိုင်ကို လိုက်ပြေးနေရင်း
ကိုယ့်ကိုယ်ကို မတွေ့တော့တာမျိုး မဖြစ်စေဖို့…

ဘဝမှာ ပန်းတိုင်တွေ ရှိနိုင်ပါတယ်။
အိပ်မက်တွေ ရှိနိုင်ပါတယ်။

ဒါပေမယ့်
ကိုယ့်တန်ဖိုးကို သက်သေပြဖို့အတွက်
အမြဲပြေးနေရမယ့် ပြိုင်ပွဲတော့ မဟုတ်ပါဘူး။

တစ်နေ့မှာ ကိုယ့်အတွင်းက ကလေးလေးကို ပြန်ကြည့်ပြီး…

“မင်းလုပ်နိုင်တာကြောင့်ပဲ မဟုတ်ဘူး။
မင်းရှိနေတာကြောင့်လည်း တန်ဖိုးရှိတယ်”

လို့ ပြောပေးနိုင်လာတဲ့အခါ
Healing က တဖြည်းဖြည်း စတင်လာပါတယ်။

~💁‍♀️💁‍♀️💁‍♀️
လူကြီးမင်းတို့၏ အဖွဲ့အစည်းအတွင်းရှိ ဝန်ထမ်းများ၊ စီမံကိန်း အကျိုးခံစားခွင့်ရှိသူများ ကို ၎င်းတို့၏ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးအတွက် အဖွဲ့လိုက်နှစ်သိမ့်ဆွေးနွေးမှုပေးရန် သော်လည်းကောင်း၊ အခြေခံနှစ်သိမ့်ဆွေးနွေးခြင်းသင်တန်းများအတွက်သော်လည်းကောင်း၊ အဖွဲ့လိုက်နှစ်သိမ့်ဆွေးနွေးခြင်းသင်တန်းများပေးရန်အတွက်သော်လည်းကောင်း NYEIN Butterfly (Counseling&Empowerment) လေးက
သင် နှင့် အတူရှိနေပေးမှာပါ….. ❤️💻
မင်းရဲ့ငြိမ်း
“မင်းနဲ့အတူရှိပါရစေ”
“လုံခြုံစိတ်ချ ရင်ဖွင့်ပါ သင်နဲ့အတူ ရှိနေမှာ..❤️❤️”
ဆက်သွယ်လိုပါက👉 Page Messenger ကို အသေးစိတ် စုံစမ်းမေးမြန်းနိုင်ပါသည်။

Selfcare PersonalDevelopment Stressmanagement Angermanagement StaffsCapacity TeambuildingWorthwoundhealing

“တစ်ချိန်ကနာကျင်ခဲ့ရတဲ့ကလေးလေးနဲ့ပြန်တွေ့ခြင်း”တစ်ခါတစ်ရံ Healing ဆိုတာအဖြေမှန်တစ်ခုကို ရှာတွေ့ဖို့ မဟုတ်ပါဘူး။“ဘာကြောင့...
01/08/2026

“တစ်ချိန်ကနာကျင်ခဲ့ရတဲ့ကလေးလေးနဲ့ပြန်တွေ့ခြင်း”
တစ်ခါတစ်ရံ Healing ဆိုတာ
အဖြေမှန်တစ်ခုကို ရှာတွေ့ဖို့ မဟုတ်ပါဘူး။

“ဘာကြောင့် ဒီလိုဖြစ်ခဲ့တာလဲ”
“ဘယ်သူ့အမှားလဲ”
“ဘယ်လို ပြန်ပြင်ရမလဲ” ဆိုတဲ့ မေးခွန်းတွေထက်

တစ်ချိန်က နာကျင်ခဲ့တဲ့ ကိုယ့်အတွင်းက ကလေးလေးနဲ့
ထိုင်ပြီး အတူရှိပေးနိုင်ခြင်းက
Healing ရဲ့ အစဖြစ်တတ်ပါတယ်။

တချို့ဒဏ်ရာတွေက အဖြစ်အပျက်တစ်ခုတည်းကြောင့် မဟုတ်ပါဘူး။
“မင်းက လုံလောက်တယ်” ဆိုတဲ့ ခံစားချက် မရခဲ့တဲ့အချိန်တွေ၊
အမြဲကောင်းရမယ်၊ အမြဲအောင်မြင်ရမယ်၊ အမြဲတစ်ခုခု သက်သေပြနေရမယ်ဆိုတဲ့ ဖိအားတွေကနေ Worth Wound လို့ခေါ်တဲ့
“ငါ့တန်ဖိုးက ငါလုပ်နိုင်တာတွေနဲ့ပဲ ဆုံးဖြတ်ခံရမယ်” ဆိုတဲ့ ဒဏ်ရာတစ်ခု ဖြစ်လာနိုင်ပါတယ်။

အဲဒီဒဏ်ရာရှိနေတဲ့အခါ…

အတိတ်က အကဲဖြတ်ခဲ့သူတွေရဲ့ အသံတွေက
လက်ရှိဘဝရဲ့ တရားသူကြီးလို ဖြစ်လာတတ်ပါတယ်။

“မလုံလောက်သေးဘူး”
“ပိုကြိုးစားရမယ်”
“မအောင်မြင်ရင် မင်းတန်ဖိုးမရှိဘူး”
ဆိုတဲ့ အသံတွေဟာ တကယ်တော့
ကိုယ့်ရဲ့ အမှန်တရား မဟုတ်နိုင်ပါဘူး။

အဲဒါတွေဟာ တစ်ချိန်က ကြားခဲ့ရတဲ့ အသံတွေ၊
ယုံကြည်လာခဲ့ရတဲ့ အတွေးပုံစံတွေ ဖြစ်နိုင်ပါတယ်။

Healing ဆိုတာ
အဲဒီအသံတွေကို တိုက်ခိုက်ဖျက်ဆီးဖို့ မဟုတ်ပါဘူး။

“ဒါက ငါ့ရဲ့အသံလား?”
“ဒါက အတိတ်က ငါသင်ယူခဲ့ရတဲ့ အသံလား?”
လို့ ခွဲမြင်လာနိုင်ဖို့ပါ။

အဆုံးမရှိတဲ့ ဘဝပြိုင်ပွဲထဲမှာ
တစ်ခြားသူတွေရဲ့ ပန်းတိုင်ကို လိုက်ပြေးနေရင်း
ကိုယ့်ကိုယ်ကို မတွေ့တော့တာမျိုး မဖြစ်စေဖို့…

ဘဝမှာ ပန်းတိုင်တွေ ရှိနိုင်ပါတယ်။
အိပ်မက်တွေ ရှိနိုင်ပါတယ်။

ဒါပေမယ့်
ကိုယ့်တန်ဖိုးကို သက်သေပြဖို့အတွက်
အမြဲပြေးနေရမယ့် ပြိုင်ပွဲတော့ မဟုတ်ပါဘူး။

တစ်နေ့မှာ ကိုယ့်အတွင်းက ကလေးလေးကို ပြန်ကြည့်ပြီး…

“မင်းလုပ်နိုင်တာကြောင့်ပဲ မဟုတ်ဘူး။
မင်းရှိနေတာကြောင့်လည်း တန်ဖိုးရှိတယ်”

လို့ ပြောပေးနိုင်လာတဲ့အခါ
Healing က တဖြည်းဖြည်း စတင်လာပါတယ်။

~💁‍♀️💁‍♀️💁‍♀️
လူကြီးမင်းတို့၏ အဖွဲ့အစည်းအတွင်းရှိ ဝန်ထမ်းများ၊ စီမံကိန်း အကျိုးခံစားခွင့်ရှိသူများ ကို ၎င်းတို့၏ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးအတွက် အဖွဲ့လိုက်နှစ်သိမ့်ဆွေးနွေးမှုပေးရန် သော်လည်းကောင်း၊ အခြေခံနှစ်သိမ့်ဆွေးနွေးခြင်းသင်တန်းများအတွက်သော်လည်းကောင်း၊ အဖွဲ့လိုက်နှစ်သိမ့်ဆွေးနွေးခြင်းသင်တန်းများပေးရန်အတွက်သော်လည်းကောင်း NYEIN Butterfly (Counseling&Empowerment) လေးက
သင် နှင့် အတူရှိနေပေးမှာပါ….. ❤️💻
မင်းရဲ့ငြိမ်း
“မင်းနဲ့အတူရှိပါရစေ”
“လုံခြုံစိတ်ချ ရင်ဖွင့်ပါ သင်နဲ့အတူ ရှိနေမှာ..❤️❤️”
ဆက်သွယ်လိုပါက👉 Page Messenger ကို အသေးစိတ် စုံစမ်းမေးမြန်းနိုင်ပါသည်။

မင်္ဂလာပါ အားလုံးပဲ။🦋 Nyein Butterfly (C&E) ဆိုတာ🦋"NYEIN” ဆိုတဲ့အမည်က "ငြိမ်းချမ်းခြင်း၊ အေးချမ်းတည်ငြိမ်ခြင်း" ကိုဆိုလိ...
28/07/2026

မင်္ဂလာပါ အားလုံးပဲ။
🦋 Nyein Butterfly (C&E) ဆိုတာ
🦋"NYEIN” ဆိုတဲ့အမည်က "ငြိမ်းချမ်းခြင်း၊ အေးချမ်းတည်ငြိမ်ခြင်း" ကိုဆိုလိုပြီး၊ စိတ်ပိုင်းဆိုင်ရာ ဒုက္ခတွေကနေ သက်သာရာရစေဖို့နဲ့ အတွင်းစိတ်ငြိမ်းချမ်းမှုဆီ ဦးတည်တဲ့ ခရီးစဉ်မှာ လူတစ်ဦးချင်းစီကို အတူလက်တွဲပေးဖို့ ရည်ရွယ်ပါတယ်။
🦋"Butterfly" (လိပ်ပြာ) ကတော့ အသွင်ပြောင်းလဲခြင်း၊ ပြန်လည်မွေးဖွားခြင်းနဲ့ အခက်အခဲတွေကနေ ပိုမိုလှပပြီး အားကောင်းတဲ့ဘဝဆီ ပြန်လည်ထွက်ပေါ်လာခြင်းရဲ့ သင်္ကေတပါ။ ဒါကြောင့် စိတ်ဒဏ်ရာတွေကနေ ကုစားခြင်းနဲ့ ကိုယ်ပိုင်ဖွံ့ဖြိုးတိုးတက်မှု အတွက်ရည်ရွယ်ပါတယ်။
🦋Nyein Butterfly (C&E) ဟာ လူတိုင်းရဲ့ စိတ်ကျန်းမာရေးကို အခြေခံလူ့အခွင့်အရေးတစ်ခုအဖြစ် ရှုမြင်ပြီး၊ ခံနိုင်ရည်ရှိတဲ့ လူ့အဖွဲ့အစည်းတွေနဲ့ ရေရှည် စိတ်လူမှုပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကအုတ်မြစ်တစ်ခုဖြစ်ပါသည်။
💁‍♀️ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်ကတော့ �💚 စိတ်ကျန်းမာရေးဆိုင်ရာ အသိပညာပေးခြင်း�💚 နှစ်သိမ့်ဆွေးနွေးခြင်းနဲ့ စိတ်ပိုင်းဆိုင်ရာ အကူအညီပေးခြင်း�💚 ကုစားခြင်းအတွက် လုံခြုံပြီး ပံ့ပိုးပေးတဲ့ နေရာတစ်ခု ဖန်တီးပေးခြင်း
💚 မိမိကိုယ်ကို ယုံကြည်မှု၊ ကိုယ်ပိုင်တန်ဖိုးနှင့် ခံနိုင်ရည်စွမ်းအား တည်ဆောက်နိုင်ရန် ပံ့ပိုးပေးခြင်း
💁‍♀️ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ကတော့
"လုံခြုံစိတ်ချရင်ဖွင့်ပါ သင်နဲ့အတူရှိနေမှာ"
“Let me be with you”🤗
💁‍♀️💁‍♀️ကျွန်တော်တို့သည် စိတ်ပိုင်းဆိုင်ရာ ခက်ခဲမှုများကို ရင်ဆိုင်နေရသူများနှင့်အတူ လျှောက်လှမ်းပေးလိုပါတယ်။ သင့်ရဲ့ စိတ်ကျန်းမာရေးကို အလေးထားစောင့်ရှောက်ပေးပြီး၊ သင်တစ်ယောက်တည်း မဟုတ်ကြောင်း ခံစားနိုင်စေရန် ပံ့ပိုးပေးလိုပါတယ်။
🫶ဒီခရီးစဉ်မှာ ကျွန်တော်တို့နဲ့ အတူလက်တွဲဖို့ အားလုံးကို ဖိတ်ခေါ်ပါတယ်။
💪အတူတူ ကြီးထွားကြစို့။ အတူတူ ကုစားကြစို့။ 🦋🌱

~NYEIN Butterfly (Counseling&Empowerment) လေးက
သင် နှင့် အတူရှိနေပေးမှာပါ….. ❤️💻
မင်းရဲ့ငြိမ်း
“မင်းနဲ့အတူရှိပါရစေ”
“လုံခြုံစိတ်ချ ရင်ဖွင့်ပါ သင်နဲ့အတူ ရှိနေမှာ..❤️❤️”
ဆက်သွယ်လိုပါက👉 Page Messenger ကို အသေးစိတ် စုံစမ်းမေးမြန်းနိုင်ပါသည်။

“ခံနိုင်ရည် (Resilience) ဆိုတာ နာကျင်မှုမရှိခြင်း မဟုတ်ပါ။”နာကျင်မှုရှိနေသေးပေမယ့်… အဓိပ္ပာယ်ရှိတဲ့ ဘဝကို ဆက်လက်တည်ဆောက်...
20/07/2026

“ခံနိုင်ရည် (Resilience) ဆိုတာ နာကျင်မှုမရှိခြင်း မဟုတ်ပါ။”

နာကျင်မှုရှိနေသေးပေမယ့်… အဓိပ္ပာယ်ရှိတဲ့ ဘဝကို ဆက်လက်တည်ဆောက်နိုင်ခြင်း ဖြစ်ပါတယ်။ 🌿

ကြောက်ရွံ့ခဲ့ပေမယ့် ယုံကြည်မှုကို တဖြည်းဖြည်း ပြန်လည်မွေးဖွားစေနိုင်ခြင်း ဖြစ်ပါတယ်။🌿

တချို့အချိန်တွေမှာ…
🌱အသေးအဖွဲကိစ္စတစ်ခုကိုတောင် အလွန်အမင်း တုံ့ပြန်မိတတ်တယ်။
🌱လူတွေကို ယုံကြည်ဖို့ ခက်လာတတ်တယ်။
🌱အမြဲသတိထားနေရသလို၊ မလုံခြုံသလို ခံစားနေရတတ်တယ်။
🌱ချစ်တဲ့သူတွေနဲ့တောင် နီးကပ်ဖို့ ခက်လာတတ်တယ်။
🌱ဒီအရာတွေဟာ "လူပျော့လို့" မဟုတ်သလို "စိတ်မခိုင်လို့" လည်း မဟုတ်ပါဘူး။
🌱Resilience မရှိလို့လည်းမဟုတ်ပါဘူး။

Resilience ဆိုတာ "ဘယ်တော့မှ မပြိုလဲတဲ့ လူ" ဖြစ်ခြင်း မဟုတ်ပါ။
🌱ပြိုလဲခဲ့ဖူးပေမယ့် အကူအညီကို လက်ခံရဲခြင်း၊
🌱ကိုယ့်ကိုယ်ကို ကြင်နာတတ်ခြင်း၊
🌱နာကျင်မှုကို အဓိပ္ပာယ်ရှိတဲ့ ဘဝအတွေ့အကြုံအဖြစ် တဖြည်းဖြည်း ပြောင်းလဲနိုင်ခြင်းပင်ဖြစ်သည်။

Resilience ဆိုတာ…�🌱ဘယ်တော့မှ မငိုတာ မဟုတ်ပါဘူး။
🌱ဘယ်တော့မှ မကြောက်တာလည်း မဟုတ်ပါဘူး။
🌱အတိတ်က နာကျင်မှုတွေကို လုံးဝမရှိခဲ့သလို နေထိုင်နိုင်တာလည်း မဟုတ်ပါဘူး။

Resilience ဆိုတာ နာကျင်မှုရှိနေသေးပေမယ့်…
🌱 ကိုယ့်ခံစားချက်တွေကို နားလည်လာနိုင်ခြင်း။
🌱 အကူအညီလိုတဲ့အခါ တောင်းခံရဲလာခြင်း။
🌱 လုံခြုံတဲ့ ဆက်ဆံရေးတွေကို တဖြည်းဖြည်း ပြန်လည်တည်ဆောက်လာနိုင်ခြင်း။
🌱 အတိတ်က ကိုယ့်ကို ထိန်းချုပ်နေရာကနေ ကိုယ့်ဘဝကို ကိုယ်တိုင် ရွေးချယ်နိုင်လာခြင်း ဖြစ်ပါတယ်။

:Trauma Treatment Institute (Über Grenzen Germany) မှ သီအိုရီ အချို့ကို အခြေခံရေးသားသည် .

ကျွန်မတို့၏  Learning by Doing အစီအစဉ်ဖြစ်သော supervision in Counselling session မှ တဆင့် Lay Counsellor များမှ ပေးသော သ...
16/07/2026

ကျွန်မတို့၏ Learning by Doing အစီအစဉ်ဖြစ်သော supervision in Counselling session မှ
တဆင့် Lay Counsellor များမှ ပေးသော သူတို့ရရှိသည့် supervision ၏ အကျိုးကျေးဇူးများနှင့် Feedbackများ

Counsellor များအတွက် Supervision ၏ အရေးပါမှု

Counsellor တွေလည်း လူသားတွေဖြစ်တဲ့အတွက် အလုပ်တာဝန်ကနေရရှိလာတဲ့ စိတ်ဖိစီးမှု၊ စိတ်ပင်ပန်းနွမ်းနယ်မှု၊ Emotional burden တွေကို ကြုံတွေ့ရတတ်ပါတယ်။ ကျွန်မတို့ကိုယ်တိုင်လည်း အဆိုပါအတွေ့အကြုံများကို ဖြတ်သန်းခဲ့ရဖူးပါတယ်။

ထိုသို့ စုပြုံလာသော ခံစားချက်များနှင့် ဖိအားများသည် Counsellor တစ်ဦး၏ Professional growth နှင့် Client များကို အရည်အသွေးပြည့်ဝစွာ ကူညီပေးနိုင်မှုအပေါ် သက်ရောက်မှုရှိလာနိုင်ပါသည်။ ထို့ကြောင့် Counsellor များနှင့် စိတ်ပိုင်းဆိုင်ရာ ကူညီပေးသူများအတွက် လမ်းညွှန်ပေးနိုင်သော Counselling Supervision နှင့် Supervisor များသည် မရှိမဖြစ် အရေးပါသော အစိတ်အပိုင်းတစ်ခု ဖြစ်ပါသည်။

ဤလိုအပ်ချက်ကို တစ်ဖက်တစ်လမ်းမှ ဖြည့်ဆည်းပေးနိုင်ရန်နှင့် ကျွန်မတို့ကိုယ်တိုင်လည်း ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်ပြီး၊ ကျွန်မတို့အဖွဲ့သည် Supervision in Counselling သင်တန်းကို Learning by Doing အတွေ့အကြုံဖြင့် ဆက်လက်သင်ယူလျက်ရှိပါသည်။

အဆိုပါ သင်ယူမှုလုပ်ငန်းစဉ်၏ တစ်စိတ်တစ်ပိုင်းအဖြစ် Candidate Supervisor များအနေဖြင့် ယခုနှစ် ဇွန်လနှင့် ဇူလိုင်လအတွင်း Counsellor များအား Individual Supervision များကို ဆောင်ရွက်ပေးခဲ့ပါသည်။

ကျွန်မတို့အပေါ် ယုံကြည်မှုထား၍ Supervision ခံယူပေးခဲ့ကြသော Counsellor များအားလုံးကို အထူးပင် ကျေးဇူးတင်ရှိပါသည်။

ထို့အပြင် Supervision အပြီးတွင် မျှဝေပေးခဲ့ကြသော အဖိုးတန် Feedback များသည်လည်း ကျွန်မတို့အတွက် ဆက်လက်သင်ယူတိုးတက်ရန် အားအင်နှင့် လမ်းညွှန်မှုများ ဖြစ်စေခဲ့ပါသည်။

ထို Feedback များကို မကြာမီ ပြန်လည်မျှဝေပေးသွားမည်ဖြစ်ပြီး၊ Counselling Supervision ကို စိတ်ဝင်စားသော Counsellor များ၊ စိတ်ကျန်းမာရေးနှင့် စိတ်လူမှုထောက်ပံ့ရေးနယ်ပယ်တွင် လုပ်ကိုင်နေသူများ အတွက်လည်း နောက်ထပ် Supervision အစီအစဉ်များတွင် ပါဝင်နိုင်ရန် ဆက်လက်ဖိတ်ခေါ်သွားမည်ဖြစ်ကြောင်း ဝမ်းမြောက်စွာ အသိပေးအပ်ပါသည်။

“Counsellor များကိုလည်း ဂရုစိုက်ပေးရန် လိုအပ်ပါသည်။ Counsellor များ ကျန်းမာမှ Client များကို ပိုမိုလုံခြုံပြီး အရည်အသွေးပြည့်ဝသော ဝန်ဆောင်မှုများ ပေးနိုင်မည် ဖြစ်ပါသည်။”

Peer to Peer Listener သင်တန်းလေးမှ ပြောင်းလဲမှု Feedback လေးတွေ….
05/07/2026

Peer to Peer Listener သင်တန်းလေးမှ ပြောင်းလဲမှု Feedback လေးတွေ….


Address

Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Website

Alerts

Be the first to know and let us send you an email when NYEIN Butterfly Counseling&Empowerment posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share