100 Bedded Traditional Medicine Hospital, Yangon

Call Directions Contact the practice

100 Bedded Traditional Medicine Hospital, Yangon Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from 100 Bedded Traditional Medicine Hospital, Yangon, Hospital, အမှတ်(၉၀)၊ ငါးထပ်ကြီးဘုရားလမ်း၊ ဗိုလ်ချို(၂)ရပ်ကွက်၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့, Yangon.

ခုတင် (၁၀၀) ဆံ့ တိုင်းရင်းဆေးရုံကြီး၊ ရန်ကုန်၏ Official Page
ပြင်ပလူနာကြည့်ချိန် (တင်္နလာမှ သောကြာအထိ)
နံနက် ၀၈:၀၀ - ၁၂:၀၀ ထိ
နေ့လယ် ၀၁:၃၀ - ၀၄:၀၀ ထိ
စနေ၊ တနင်္ဂနွေနှင့် ရုံးပိတ်ရက်များ ပိတ်ပါသည်။

၁၄.၉.၂၀၂၆ (တနင်္လာနေ့)​ခုတင် (၁၀၀)ဆံ့ တိုင်းရင်းဆေးရုံ၊ ရန်ကုန်၌ ဒေါ်လှရီ ၏ အသက် (၇၈) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် ...
14/09/2026

၁၄.၉.၂၀၂၆ (တနင်္လာနေ့)
​ခုတင် (၁၀၀)ဆံ့ တိုင်းရင်းဆေးရုံ၊ ရန်ကုန်၌ ဒေါ်လှရီ ၏ အသက် (၇၈) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် ဆရာ/ဆရာမများ၊ လူနာများနှင့် လူနာစောင့်များအတွက် နေ့လယ်စာ ကြက်ဆီထမင်းနှင့် ရေခဲမုန့် အာဟာရဒါနနှင့် ဆေးပဒေသာပင် (၁,၀၀,၀၀၀/-) ကျပ် (တစ်သိန်းကျပ်တိတိ) လှူဒါန်းပေးခဲ့ပါသည်။
​ယခုကဲ့သို့ လာရောက်လှူဒါန်းမှုအတွက် အထူးပင် ကျေးဇူးတင်ရှိကြောင်း မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။
​ဒါနပြုရသော အကျိုးအားကြောင့် မွေးနေ့အလှူရှင် ဒေါ်လှရီ အနေဖြင့် သက်ရှည်ကျန်းမာ ကိုယ်စိတ်နှစ်ဖြာ အစဉ်အေးချမ်းသာယာပြီး လိုရာဆန္ဒများအားလုံး ပြည့်ဝစုံလင်ပါစေကြောင်း အထူးပင် ဆုမွန်ကောင်းတောင်းပေးအပ်ပါသည်။
​ #ရန်ကုန်တိုင်းရင်းဆေးရုံ
#အထိမ်းအမှတ်

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊  လူမှုဝန်ထမ်းဦးစီးဌာန၊ရန်ကုန်တိုင်းဒေသကြီး၊သက်ကြီးရွယ်အိုများနေ...
11/09/2026

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ရန်ကုန်တိုင်းဒေသကြီး၊သက်ကြီးရွယ်အိုများနေ့ပိုင်းစောင့်ရှောက်ရေးဂေဟာတွင် (၂၀.၈.၂၀၂၆)မှ(၂၁.၁၀.၂၀၂၆)နေ့ထိဖွင့်လှစ်သော သက်ကြီးရွယ်အိုများအတွက်ပြုစုစောင့်ရှောက်သူ(caregiver)သင်တန်း(အမှတ်စဉ်-၂၀) တွင်ခုတင်(၁၀၀)ဆံ့တိုင်းရင်းဆေးရုံရန်ကုန်မှဒေါ်စန္ဒာယု(အကြီးတန်းတိုင်းရင်းဆေးမှုး)နှင့်ဒေါ်ဝင်းဝင်းဌေးဦး(တိုင်းရင်းဆေးမှူး)တို့မှခန္ဓာကိုယ်ရှိအကြောထောက်ကွက်များ၊ဒေါ်သိင်္ဂီကျော်(တိုင်းရင်းဆေးမှုး)နှင့်ဒေါမိခင်ယမင်းဟန်(ဒုတိုင်းရင်းဆေးမှုး)တို့မှ တိုင်းရင်းဆေးပညာအခြေခံသဘောတရားများ၊မိမိပတ်ဝန်းကျင်ရှိဆေးဖက်ဝင်အပင်များအသုံးပြုပုံများအားစာတွေ့လက်တွေ့ဖြင့်သင်တန်းသား၊သင်တန်းသူ (၂၁)ဦးတို့အား သင်ကြားပို့ချပေးခဲ့ကြပါသည်။

ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ ခုတင် (၁၀၀) ဆံ့ တိုင်းရင်းဆေးရုံ၊  ရန်ကုန်မှ အကြီးတန်းတိုင်းရင်းဆေးမှူးဒ...
10/09/2026

ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ ခုတင် (၁၀၀) ဆံ့ တိုင်းရင်းဆေးရုံ၊ ရန်ကုန်မှ အကြီးတန်းတိုင်းရင်းဆေးမှူးဒေါ်တင်နွယ် ဦးဆောင်၍ လက်ထောက်တိုင်းရင်းဆေးမှူး ဒေါ်ပပ‌ကျော် ၊ အလုပ်သင်ဆရာမ မမြတ်သိင်္ဂီချော၊ အလုပ်သင်ဆရာ မောင်မြင့်မြတ်ထွန်းနှင့် ဒေါ်နီနီအောင် (အကြီးတန်း လက်နှိပ်စက်) တို့ ပါဝင်သောဆေးကုသရေး အဖွဲ့သည် (၁၀.၉.၂၀၂၆)ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ သက်ကြီးရွယ်အိုများ နေ့ပိုင်းစောင့်ရှောက်ရေးဂေဟာသို့ သွားရောက်၍ ကျား (၃၅)ဦး၊ မ (၄၀)ဦး၊ စုစုပေါင်း (၇၅)ဦးအား ကျန်းမာရေးစောင့်ရှောက်မှုပြုလုပ်ပေးခဲ့ပါသည်။ ဆက်လက်၍ ဒေါ်တင်နွယ် (အကြီးတန်းတိုင်းရင်းဆေးမှူး) မှ “အရိုးအ‌ကြောရောဂါများနှင့် ဆောင်ရန်၊ရှောင်ရန်” တို့ကို ဟောပြောခဲ့ရာ ဟောပြောဦးရေ (၆၅)ဦး တက်ရောက် ကြားနာခဲ့ပါသည်။
ထို့နောက် မှန်ချိုတိုင်းရင်းဆေးဝါးထုတ်လုပ်ရေး၊ မိမိဇင်တိုင်းရင်းဆေးဝါးထုတ်လုပ်ရေး၊ ဂရိတ်ဝေါတိုင်းရင်း‌ဆေးဝါးထုတ်လုပ်ရေး၊ ထွန်းရွှေဝါတိုင်းရင်းဆေးဝါးထုတ်လုပ်ရေးနှင့် ဒေဝယက္ခတိုင်းရင်းဆေးဝါးထုတ်လုပ်ရေးတို့မှ ဆေးဝါးများအား လှူဒါန်းပေးအပ်ခဲ့ပါသည်။

ခုတင်၁ဝဝဆံ့တိုင်းရင်းဆေးရုံ ရန်ကုန်၏ (၃.၉.၂၀၂၆)ရက်နေ့တွင် ကျင်းပပြုလုပ်သော ဝါဆိုသင်္ကန်းကပ်လှူပွဲအခမ်းအနား၌ ရန်ကုန်တိုင်...
03/09/2026

ခုတင်၁ဝဝဆံ့တိုင်းရင်းဆေးရုံ ရန်ကုန်၏ (၃.၉.၂၀၂၆)ရက်နေ့တွင် ကျင်းပပြုလုပ်သော ဝါဆိုသင်္ကန်းကပ်လှူပွဲအခမ်းအနား၌ ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ ဗိုလ်ချို(၂)ရပ်ကွက်၊ ငါးထပ်ကြီးဘုရားလမ်း၊ ​အောင်မြေသုခဘုန်းတော်​ကြီးပညာသင်ကျောင်းမှ ပင့်သံဃာ(၅)ပါးအား ဝါဆိုသင်္ကန်း နှင့် လှူဖွယ်ပစ္စည်းဆက်ကပ်လှူဒါန်းခြင်း၊ နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်း နှင့် တက်ရောက် လာကြသော ဧည့်သည်တော်များ၊ ဆေးရုံရှိ ဆရာ/ဆရာမများ၊ ဝန်ထမ်း/ မိသားစုများနှင့် လူနာများအား နေ့လည်စာဖြင့် ကျွေးမွေးဧည့်ခံခဲ့ပြီး ပင့်သံဃာဆရာတော်များအား ဝတ္ထုငွေနှင့် လှူဖွယ်ပစ္စည်းများ၊ဝါဆိုပန်းများကုသိုလ်ပြုလှူဒါန်းခဲ့ပါသည်။ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းအခမ်းအနား အောင်မြင်စွာဖြစ်မြောက်ရေးအတွက် အဖက်ဖက်မှ ဝိုင်းဝန်းကူညီ ပံ့ပိုးပေးကြသော လူကြီးမင်းများနှင့် တိုင်းရင်းဆေးမိသားစုများအား ကျေးဇူးအထူးတင်ရှိပါကြောင်းမှတ်တမ်းတင်အပ်ပါသည်။
#ရန်ကုန်တိုင်းရင်းဆေးရုံကြီး
#ပဒေသရာဇာခန်းမ
#ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခြင်း

ကျန်းမာရေးဝန်ကြီးဌာန၊တိုင်းရင်ဆေးပညာဦးစီးဌာန၊ရန်ကုန်၊ခုတင်(၁၀၀)ဆံ့တိုင်းရင်းဆေးရုံကြီး၌ ဆေးရုံတက်ရောက်ကုသနေသောအတွင်းလူနာ...
27/08/2026

ကျန်းမာရေးဝန်ကြီးဌာန၊တိုင်းရင်ဆေးပညာဦးစီးဌာန၊ရန်ကုန်၊ခုတင်(၁၀၀)ဆံ့တိုင်းရင်းဆေးရုံကြီး၌ ဆေးရုံတက်ရောက်ကုသနေသောအတွင်းလူနာများအတွက် (ရေပူ/ရေအေး)စဉ်းစားပေးပြီး ရေနွေးကြိုရန်စတီးအိုးကြီးနှင့်သောက်ရေအတွက် ယခင်ဆေးရုံရှိရေသန့်စက်အတွက် Filter များလဲလှယ်ရန် Filter (၈)လုံး စုစုပေါင်းတန်ဖိုး သုံးသိန်းရှစ်သောင်းရှစ်ထောင်(၃၈၈၀၀ဝိ/)ကျပ်တန်ဖိုးရှိ ​ပစ္စည်းများ ကိုဖခင်ကြီးဦးခင်မောင်ဝင်းအားရည်စူး၍ မိခင်ကြီးဒေါ်ခင်မာကြည်၊ဒေါ်အေး(မိသားစု)များမှလာရောက်လှူဒါန်းပေးမှုအား ကျေးဇူးအထူးတင်ရှိစွာဖြင့် မှတ်တမ်းတင်အပ်ပါသည်။

(၂၇.၈.၂၀၂၆)
#ပစ္စည်းလှူဒါန်ရခြင်း
#ရန်ကုန်တိုင်းရင်းဆေးရုံကြီး

ပြည်သူများ၏ ကျန်းမာရေးအား တိုင်းရင်းဆေးဖြင့် ကွင်းဆင်း ဆေးကုသမှုပေးရာတွင် အသုံးပြုရန်အတွက် ရန်ကုန်မြို့ ခုတင်(၁၀၀)ဆံ့တို...
27/08/2026

ပြည်သူများ၏ ကျန်းမာရေးအား တိုင်းရင်းဆေးဖြင့် ကွင်းဆင်း ဆေးကုသမှုပေးရာတွင် အသုံးပြုရန်အတွက် ရန်ကုန်မြို့ ခုတင်(၁၀၀)ဆံ့တိုင်းရင်းဆေးရုံကြီး သို့
ကွယ်လွန်သူဖခင်ကြီး ဦးမြင့်သန်းအားရည်စူး၍ ဆရာဦးသက်ဝေ(မြကန်သာ​)ဆေးတိုက် မှ နတ်​ရေစင် နှလုံးအားတိုး​ဆေး (၃၀)ဒါဇင် ကာလတန်ဖိုး ၅၁၀,၀၀၀ တန်ဖိုးရှိ ​ဆေးဝါးများ ပေးပို့လှူဒါန်းမှုအား ကျေးဇူးအထူးတင်ရှိစွာဖြင့် မှတ်တမ်းတင်အပ်ပါသည်။

(၂၇.၈.၂၀၂၆)
#ဆေးဝါးများလှူဒါန်းခြင်း
#မြကန်သာဆေးတိုက်
#နတ်ရေစင်_နှလုံးအားတိုးဆေး
#ရန်ကုန်တိုင်းရင်းဆေးရုံကြီး

ရန်ကုန်တိုင်းဒေသကြီး၊ ခုတင် (၁၀၀) ဆံ့တိုင်းရင်းဆေးရုံ၊ ရန်ကုန်၌ ၂၀၂၆ခုနှစ်၊တိုင်းရင်းဆေးတက္ကသိုလ်၊အပတ်စဉ်(၂၀)၊အလုပ်သင်စာ...
20/08/2026

ရန်ကုန်တိုင်းဒေသကြီး၊ ခုတင် (၁၀၀) ဆံ့တိုင်းရင်းဆေးရုံ၊ ရန်ကုန်၌ ၂၀၂၆ခုနှစ်၊တိုင်းရင်းဆေးတက္ကသိုလ်၊အပတ်စဉ်(၂၀)၊အလုပ်သင်စာတမ်းဖတ်ပွဲ (Clinical Meeting) အခမ်းအနား ကျင်းပပြုလုပ်ခြင်း။
၂၀၂၆ခုနှစ် ၊ဩဂုတ်လ(၂၀)ရက်နေ့၊နေ့လည်(၁:၃၀)နာရီတွင် ခုတင်(၁၀၀)ဆံ့ တိုင်းရင်းဆေးရုံ၊ ရန်ကုန်၊ ပဒေသရာဇာခန်းမ၌ ၂၀၂၆ခုနှစ်၊ တိုင်းရင်းဆေးတက္ကသိုလ်၊အပတ်စဉ်(၂၀)၊ အလုပ်သင်ဆရာ၊ဆရာမများ၏ အလုပ်သင်စာတမ်းဖတ်ပွဲ (Clinical Meeting) အခမ်းအနားကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါအခမ်းအနားတွင် သဘာပတိအဖြစ် ခုတင်(၁၀၀)ဆံ့ တိုင်းရင်းဆေးရုံ၊ ရန်ကုန်မှအကြီးတန်းတိုင်းရင်းဆေးမှူးဒေါ်ချောထက်က ဆောင်ရွက်ခဲ့ပြီး အခမ်းအနားမှူးများအဖြစ် မဝါဝါလင်း(သင်-၂)၊မောင်သီဟမင်းဇင်(သင် -၅၀)တို့မှဆောင်ရွက်ခဲ့ကြပါသည်။
အဆိုပါအခမ်းအနား၌ ခုတင်(၁၀၀)ဆံ့ တိုင်းရင်းဆေးရုံ၊ရန်ကုန်၊ လေငန်းရောဂါကုဌာနမှ မယဉ်မင်းအေး(သင်-၁၅)၊မောင်မင်းသန့်ကို(သင်-၃၅)တို့မှ”Left sided hemiplegia”ခေါင်းစဥ်ဖြင့် ဖတ်ကြားဆွေးနွေးခဲ့ပြီး ခုတင်(၁၀၀)ဆံ့ တိုင်းရင်းဆေးရုံ၊ရန်ကုန်မှ ဆေးရုံအုပ်ကြီးနှင့် ဆရာ၊ ဆရာမ၊အလုပ်သင် စုစုပေါင်း(၅၃)ဦး တက်ရောက်၍ ဝိုင်းဝန်းအကြံပြု ဆွေးနွေးခဲ့ကြပါသည်။
အခမ်းအနားကို ညနေ(၄:၀၀)နာရီတွင်အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။


#ရန်ကုန်တိုင်းရင်းဆေးရုံ

တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးရာတွင် အသုံးပြုရန်အတွက် ရန်ကုန်မြို့ ခုတင်(၁၀၀)ဆံ့တိုင်းရင်းဆေးရုံကြီး သိ...
14/08/2026

တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးရာတွင် အသုံးပြုရန်အတွက် ရန်ကုန်မြို့ ခုတင်(၁၀၀)ဆံ့တိုင်းရင်းဆေးရုံကြီး သို့ ​မှော်ဘီမြို့ ​ဒေါ်ခန့်​ ​ဆေးတိုက်မှ စုစုပေါင်း (၉)သိန်းကျပ်တန်ဖိုးရှိသော တိုင်းရင်းဆေးဝါးများ ပေးပို့လှူဒါန်းမှုအား ကျေးဇူးအထူးတင်ရှိစွာဖြင့် မှတ်တမ်းတင်အပ်ပါသည်။

#ခုတင်_၁၀၀_ဆံ့_တိုင်းရင်းဆေးရုံကြီး
#အခမဲ့ကွင်းဆင်းဆေးကုသခြင်း
#ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း
#​ဒေါ်ခန့်_ဆေးတိုက်
#​မှော်ဘီ
#တိုင်းရင်းဆေး
#ရန်ကုန်တိုင်းရင်းဆေးရုံ

ပြည်သူများ၏ ကျန်းမာရေးအား တိုင်းရင်းဆေးဖြင့် ကွင်းဆင်း ဆေးကုသမှုပေးရာတွင် အသုံးပြုရန်အတွက် ရန်ကုန်မြို့ ခုတင်(၁၀၀)ဆံ့တို...
14/08/2026

ပြည်သူများ၏ ကျန်းမာရေးအား တိုင်းရင်းဆေးဖြင့် ကွင်းဆင်း ဆေးကုသမှုပေးရာတွင် အသုံးပြုရန်အတွက် ရန်ကုန်မြို့ ခုတင်(၁၀၀)ဆံ့တိုင်းရင်းဆေးရုံကြီး သို့ မြကန်သာ​ဆေးတိုက် မှ နတ်​ရေစင် နှလုံးအားတိုး​ဆေး (၃၀)ဒါဇင် ကာလတန်ဖိုး ၅၁၀,၀၀၀ တန်ဖိုးရှိ ​ဆေးဝါးများ ပေးပို့လှူဒါန်းမှုအား ကျေးဇူးအထူးတင်ရှိစွာဖြင့် မှတ်တမ်းတင်အပ်ပါသည်။

(၁၄.၈.၂၀၂၆)

#ခုတင်_၁၀၀_ဆံ့_တိုင်းရင်းဆေးရုံကြီး
#အခမဲ့ကွင်းဆင်းဆေးကုသခြင်း
#ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း
#မြကန်သာဆေးတိုက်
#နတ်ရေစင်_နှလုံးအားတိုးဆေး
#တိုင်းရင်းဆေး
#ကျန်းမာရေး
#ရန်ကုန်တိုင်းရင်းဆေးရုံကြီး

ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ ခုတင် (၁၀၀) ဆံ့ တိုင်းရင်းဆေးရုံ၊  ရန်ကုန်မှ အကြီးတန်းတိုင်းရင်းဆေးမှူးဒ...
14/08/2026

ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ ခုတင် (၁၀၀) ဆံ့ တိုင်းရင်းဆေးရုံ၊ ရန်ကုန်မှ အကြီးတန်းတိုင်းရင်းဆေးမှူးဒေါ်တင်နွယ် ဦးဆောင်၍ဒေါ်သိင်္ဂီကျော်(တိုင်းရင်းဆေးမှူး)၊ ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်ဝင်းဝင်းသန်း၊ ဒုတိယတိုင်းရင်းဆေးမှူးဒေါ်မြတ်ဆုနှင်းအလုပ်သင်ဆရာ၊ဆရာမ (၈)ဦးနှင့်ဒေါ်နီနီအောင် (အကြီးတန်း လက်နှိပ်စက်) တို့ ပါဝင်သောဆေးကုသရေး အဖွဲ့သည် (၁၄.၈.၂၀၂၆)ရက်နေ့ နံနက်(၁၁:၀၀)နာရီမှနေ့လည်(၂:၀၀)နာရီထိ ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ စေတဝန်စာသင်တိိုက်သို့ သွားရောက်၍ ကျား (၇၉)ဦး၊ မ (၁၀)ဦး၊ စုစုပေါင်း (၈၉)ဦးအား ကျန်းမာရေးစောင့်ရှောက်မှုပြုလုပ်ပေးခဲ့ပါသည်။
ဆက်လက်၍ ဒေါ်တင်နွယ် (အကြီးတန်းတိုင်းရင်းဆေးမှူး) မှဟောပြောပွဲတက်ရောက်လာသူ(၇၀)ဦးအား “ဝမ်းပျက်ဝမ်းလျောရောဂါ”အကြောင်းသိကောင်းစရာအားကျန်းမာရေးပညာပေးဟောပြောပေးခဲ့ပါသည်။
ထို့နောက် ဂရိတ်ဝေါတိုင်းရင်းဆေးဝါးထုတ်လုပ်ရေး၊ ထွန်းရွှေဝါတိုင်းရင်းဆေးဝါးထုတ်လုပ်ရေး၊မှန်ချိုတိုင်းရင်းဆေးဝါးထုတ်လုပ်ရေး၊မိမိဇင်တိုင်းရင်းဆေးဝါးထုတ်လုပ်ရေး၊ဦးသာရင်ဆေးတိုက်၊ဒေဝယက္ခဆေးတိုက်နှင့် ရွှေရီဝင်းပတ္တမြားတို့မှ ဆေးဝါးများအား လှူဒါန်းပေးအပ်ခဲ့ပါသည်။

#ရန်ကုန်တိုင်းရင်းဆေးရုံ
#ကွင်းဆင်းဆေးကုသခြင်း

Address

အမှတ်(၉၀)၊ ငါးထပ်ကြီးဘုရားလမ်း၊ ဗိုလ်ချို(၂)ရပ်ကွက်၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့
Yangon
11201

Opening Hours

Monday 08:00 - 12:00
13:30 - 16:00
Tuesday 08:00 - 12:00
13:30 - 16:00
Wednesday 08:00 - 12:00
13:30 - 16:00
Thursday 08:00 - 12:00
13:30 - 16:00
Friday 08:00 - 12:00
13:30 - 16:00

Telephone

+951542346

Website

Alerts

Be the first to know and let us send you an email when 100 Bedded Traditional Medicine Hospital, Yangon posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to 100 Bedded Traditional Medicine Hospital, Yangon:

Shortcuts

Share

Category