Asia New Way, MedPark Hospital Agent

Call Directions Website Contact the practice

Asia New Way, MedPark Hospital Agent ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ MedPark Hospital ၏ ဆေးရုံတိုက်ရိုက် တရားဝင် မြန်မာကိုယ်စားလှယ်ရုံး ဖြစ်ပါသည်။ ဝန်ဆောင်ခပေးရန်မလိုပါ။

❓ NIPT ဆိုတာ ဘာလဲ...?🩸🔬 Non-Invasive Prenatal Testing (NIPT) ဆိုတာ အမေရဲ့ သွေးနမူနာလေးကို သုံးပြီး သန္ဓေသားလေးမှာ ခရိုမိ...
07/09/2026

❓ NIPT ဆိုတာ ဘာလဲ...?

🩸🔬 Non-Invasive Prenatal Testing (NIPT) ဆိုတာ အမေရဲ့ သွေးနမူနာလေးကို သုံးပြီး သန္ဓေသားလေးမှာ ခရိုမိုဆုန်းဆိုင်ရာ ပုံမမှန်မှုတွေ ရှိ/မရှိ စစ်ဆေးတဲ့ **ခေတ်မီဆန်းသစ်တဲ့ နည်းပညာ** တစ်ခုပါပဲ။

---

⚙️ ဒီနည်းလေး ဘယ်လို အလုပ်လုပ်လဲ...?

🧬ကိုယ်ဝန်ရလာတဲ့အခါ သန္ဓေသားရဲ့ အချင်းကနေ DNA အပိုင်းအစလေးတွေ (cell-free fetal DNA/cffDNA)က အမေရဲ့ သွေးထဲကို ရောက်လာပါတယ်။

✅NIPT ကတော့ မေမေရဲ့ လက်မောင်းသွေးကိုပဲ ယူပြီး အဲဒီ DNA အပိုင်းအစလေးတွေကို ခွဲခြမ်းစိတ်ဖြာတာပါ။
သွေးပဲဖောက်စစ်တာမို့ သန္ဓေသားအတွက် လုံးဝအန္တရာယ်မရှိသလို ဒီစစ်ဆေးမှုကြောင့် ကလေးပျက်ကျနိုင်တဲ့ အန္တရာယ်လည်း လုံးဝမရှိပါဘူး။

---

🔍 ဘာတွေကို စစ်ဆေးနိုင်လဲ...?

NIPT က အဓိကအားဖြင့် အောက်ပါ ခရိုမိုဆုန်းပုံမမှန်မှုတွေကို စစ်ပေးနိုင်ပါတယ် 👇

🧬 အဖြစ်များတဲ့ ခရိုမိုဆုန်းပုံမမှန်မှုတွေ
- Trisomy 21 (Down Syndrome)
- Trisomy 18 (Edwards Syndrome)
- Trisomy 13 (Patau Syndrome)

🧬 လိင်ခရိုမိုဆုန်းပုံမမှန်မှုတွေ
အချို့စစ်ဆေးမှုတွေမှာ Turner Syndrome (XO)၊ Klinefelter Syndrome (XXY) စတာတွေကိုလည်း သိရှိနိုင်ပါတယ်။

👶 ကလေးရဲ့ ကျား/မ သိရှိနိုင်ခြင်း
Y ခရိုမိုဆုန်းပါမပါ စစ်ဆေးခြင်းအားဖြင့် ကလေးက ယောက်ျားလေး/မိန်းကလေးဆိုတာ စောစောစီးစီး သိနိုင်ပါတယ်။

---

⚠️ အရေးကြီးဆုံး အချက်အနေနဲ့

> NIPT ဟာ စစ်ဆေးမှု (Screening Test) တစ်ခုသာဖြစ်ပြီး ရောဂါအတည်ပြုစစ်ဆေးမှု (Diagnostic Test) မဟုတ်ပါ။

👩‍⚕️🧪 ရလဒ်က High Risk (ဖြစ်နိုင်ခြေမြင့်မား) လို့ပြတယ်ဆိုရင် အတည်ပြုဖို့အတွက် Amniocentesis (ရေမွှာရည်စစ်) သို့မဟုတ် CVS (အချင်းအစိတ်အပိုင်းစစ်ဆေးခြင်း) လိုမျိုး ထပ်ဆောင်းစစ်ဆေးမှုတွေ ပြုလုပ်ဖို့ လိုပါတယ်။

---

✅ အားသာချက်တွေက ဘာတွေလဲ...?

- 🛡️ ဘေးကင်းလုံခြုံမှု – မေမေသွေးပဲ သုံးတာမို့ ကလေးအတွက် ဘာအန္တရာယ်မှမရှိပါ။
- ⏰ စောစီးစွာ စစ်ဆေးနိုင်မှု – ကိုယ်ဝန် ၁၂ ပတ် ကတည်းက စပြီး စစ်လို့ရပါတယ်။
- 🎯 တိကျမှုမြင့်မားခြင်း – Down Syndrome အတွက် တိကျမှု မြင့်မားပါတယ်။
---

🤔 ထည့်သွင်းစဉ်းစားရမယ့် အချက်တွေအနေနဲ့...?

- 🧐 ရောဂါရှာဖွေရေးကိရိယာ မဟုတ်ဘူး – ရလဒ်က ဖြစ်နိုင်ခြေကိုပဲ ဖော်ပြတာမို့ အတည်ပြုစစ်ဆေးမှု ထပ်လုပ်ဖို့ လိုအပ်နိုင်ပါတယ်။
- 🩺 ရောဂါအားလုံးကို မစစ်နိုင်ဘူး – ခရိုမိုဆုန်းအရေအတွက်ဆိုင်ရာ ပြဿနာအချို့ကိုပဲ စစ်ပေးနိုင်ပြီး Cystic fibrosis လို ဗီဇပြောင်းရောဂါတွေ၊ အာထရာဆောင်းမှာပဲ သိနိုင်တဲ့ ကိုယ်အင်္ဂါချို့ယွင်းမှုတွေကိုတော့ မတွေ့နိုင်ပါဘူး။
- 🚫 ကန့်သတ်ချက်တွေလည်း ရှိတယ် – သန္ဓေသား DNA ပမာဏ နည်းလွန်းရင် ရလဒ်မထွက်နိုင်သလို အမွှာကိုယ်ဝန်များ၊ Triplets သို့မဟုတ် ထို့ထက်ပိုသောကိုယ်ဝန်များတွင် စစ်ဆေးမှု မပြုလုပ်နိုင်ပါ။

---

👩 ဘယ်သူတွေ စစ်ဆေးသင့်လဲ...?

NIPT ကို ကိုယ်ဝန်ဆောင်တိုင်း ရွေးချယ်နိုင်ပေမယ့် အထူးသဖြင့် အောက်ပါအခြေအနေတွေမှာ အကြံပြုလေ့ရှိပါတယ်

📌 အသက် ၃၅ နှစ်နဲ့အထက်မေမေတွေ
📌မိသားစုရာဇဝင် မှာ ခရိုမိုဆုန်း မူမမှန်မှုရှိသူတွေ
📌အာထရာဆောင်း ဒါမှမဟုတ် အခြားစစ်ဆေးမှုတွေမှာ ပုံမမှန်မှုတွေ တွေ့ဖူးတဲ့ မေမေတွေ

---

💬 နိဂုံးချုပ်အနေနဲ့...

👩‍⚕️NIPT ဟာ သန္ဓေသားရဲ့ ကျန်းမာရေးအခြေအနေကို စောစီးစွာ၊ ဘေးကင်းကင်းနဲ့ သိရှိနိုင်တဲ့ ခေတ်မီနည်းပညာ တစ်ခုပါ။ 🌟

👩‍⚕️ဒါပေမယ့် သူ့ရဲ့ အကန့်အသတ်တွေကိုလည်း ကောင်းကောင်း နားလည်ထားဖို့က အရမ်းကို အရေးကြီးပါတယ်။ NIPT ပြုလုပ်ရန် ဆုံးဖြတ်သည့်အခါ သက်ဆိုင်ရာ ကျွမ်းကျင်ဆရာဝန်နှင့် အသေးစိတ် ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

❤️𝐌𝐞𝐝𝐏𝐚𝐫𝐤 𝐇𝐨𝐬𝐩𝐢𝐭𝐚𝐥 မြန်မာပြည်ရုံး ❤️

ရန်ကုန်ရုံး
🏠 အမှတ် ၉၀၊ ဗိုလ်တထောင်စျေးလမ်း၊ ကုန်သည်လမ်းနှင့် ကမ်းနားလမ်းကြား၊ ဗိုလ်တထောင်မြို့နယ်။
𝟎𝟗 𝟕𝟕𝟐 𝟖𝟖𝟖𝟖 𝟓𝟕 (𝐇𝐨𝐭 𝐋𝐢𝐧𝐞), 𝟎𝟗 𝟗𝟒 𝟎𝟎𝟎𝟎 𝟔𝟖𝟖 (𝐎𝐟𝐟𝐢𝐜𝐞 𝐇𝐨𝐮𝐫𝐬)

မန္တလေးရုံး
🏠 ၆၆လမ်း၊ ၄၁ နှင့် ၄၂လမ်းကြား၊ ၄၂ထောင့်အနီး။
𝟎𝟗 𝟕𝟕𝟐 𝟕𝟕𝟐 𝟔𝟐𝟖 (𝐇𝐨𝐭 𝐋𝐢𝐧𝐞), 𝟎𝟗 𝟒𝟎𝟕𝟐 𝟗𝟗 𝟖𝟏𝟐 (𝐎𝐟𝐟𝐢𝐜𝐞 𝐇𝐨𝐮𝐫𝐬)

#

👨‍⚕️ကိုလက်စထရော များတယ်ဆိုတာ လူကြီးတွေရဲ့ ရောဂါပဲလို့ ထင်နေကြသလား?👨‍⚕️တကယ်တော့ ကလေးဘဝကတည်းက စတင်နိုင်တဲ့ ကျန်းမာရေး အခြေ...
26/08/2026

👨‍⚕️ကိုလက်စထရော များတယ်ဆိုတာ လူကြီးတွေရဲ့ ရောဂါပဲလို့ ထင်နေကြသလား?
👨‍⚕️တကယ်တော့ ကလေးဘဝကတည်းက စတင်နိုင်တဲ့ ကျန်းမာရေး အခြေအနေတစ်ခုပါ။

ဒီနေ့ ကလေးတွေမှာ ကိုလက်စထရော များခြင်းအကြောင်းကို ပြောပြပေးသွားပါမယ်။

---
👨‍⚕️ကိုလက်စထရော ဆိုတာ
✅ခန္ဓာကိုယ်ရဲ့ ဆဲလ်တိုင်းမှာရှိတဲ့ ဖယောင်းလို အဆီတစ်မျိုးပါ။
✅ဟော်မုန်းနဲ့ ဗီတာမင် D ထုတ်လုပ်ဖို့၊ ဆဲလ်အမြှေးပါးဖြစ်ပေါ်ဖို့ မရှိမဖြစ် လိုအပ်ပါတယ်။

🤔 ဘယ်ကရလဲ?
✅အသည်းက ကိုယ်တိုင်ထုတ်လုပ်တယ်
✅အသား၊ နို့ထွက်ပစ္စည်းတွေကနေတဆင့်လဲ ရနိုင်ပါတယ်။

👨‍⚕️ဘာတွေက ကလေးတွေမှာ ကိုလက်စထရော များစေတာလဲ?

🧬 မျိုးရိုးဗီဇ
🍟 အစားအသောက် – အကြော်အလှော်၊ ပြုပြင်ထားတဲ့အစာ၊ အဆီများတဲ့ အသားတွေ
⚖️ အဝလွန်ခြင်း – LDL (မကောင်းတဲ့ကိုလက်စထရော) တက်ပြီး HDL (ကောင်းတဲ့ကိုလက်စထရော) ကျစေတယ်
🏥နောက်ခံရောဂါများ – သိုင်းရွိုက်၊ ဆီးချို၊ ကျောက်ကပ်ရောဂါတွေ

---

📈 Triglyceride ဆိုတာဘာလဲ?
သွေးထဲမှာ လည်ပတ်နေတဲ့ အဆီတစ်မျိုး။
ဆယ်ကျော်သက်တွေမှာ သွေးတွင်းအဆီများတာက Triglyceride ကြောင့် အဖြစ်များပါတယ်။

Triglyceride များစေတဲ့အကြောင်းရင်းတွေ
- အဝလွန်ခြင်း၊ ဆီးချိုအမျိုးအစား ၁ နဲ့ ၂၊ PCOS
- ဆေးဝါးဘေးထွက်ဆိုးကျိုး
- မွေးရာပါ ချေဖျက်နိုင်စွမ်းမရှိခြင်း (ရှားပါး)

---

⚠️ ဘယ်လိုနောက်ဆက်တွဲ ဆိုးကျိုးတွေရှိလဲ?

LDL များရင်...
📌သွေးကြောနံရံမှာ အဆီအနည်တွေ စုလာတယ်
📌နောက်ဆုံး နှလုံးသွေးကြောကျဉ်း၊ လေဖြတ်၊ ခြေလက်သွေးလည်ပတ်မှု အားနည်းခြင်းတွေ ဖြစ်နိုင်ပါတယ်

Triglyceride များရင်...
📌ပန်ကရိယရောင်ရမ်းခြင်း
📌သွေးကြောပိတ်ဆို့မှုကို အားပေးခြင်း
📌အင်ဆူလင် လုပ်ဆောင်မှု လျော့နည်းခြင်း
📌အဆီဖုံးအသည်းရောဂါနဲ့ ဆက်စပ်နေပါတယ်

---

🔬 စစ်ဆေးနည်းတွေက...
ရောဂါလက္ခဏာ မပြတတ်လို့ သွေးစစ်ဆေးမှု (Lipid Panel) နဲ့ပဲ သိနိုင်ပါတယ်။
အစာမစားဘဲ ၁၂ နာရီအကြာမှ စစ်ဆေးရင် ပိုတိကျပါတယ်။ ( Fasting Lipid Profile)

- Total Cholesterol – စုစုပေါင်း
- LDL– မကောင်းတဲ့အမျိုးအစား
- HDL – ကောင်းတဲ့အမျိုးအစား
- Triglycerides – အဆီတစ်မျိုး

---

👶 ကလေးတွေအတွက် ကျန်းမာရေးနဲ့ညီညွတ်တဲ့ ပမာဏ (အသက် ၁၉ နှစ်အောက်)

- စုစုပေါင်း ကိုလက်စထရော – ၁၇၀ mg/dL အောက်
- LDL – ၁၁၀ mg/dL အောက်
- HDL – ၄၅ mg/dL အထက်
- Triglycerides – ၉၀ အောက်

---

👀 သတိထားမိစေမယ့် လက္ခဏာတွေက...
(များသောအားဖြင့် လက္ခဏာမပြပေမယ့် မျိုးရိုးကြောင့်များတာဆိုရင် တွေ့နိုင်ပါတယ်)
- အရေပြားမှာ ဖယောင်းလိုအဖုအကြိတ်လေးတွေ (Xanthomas)
- မျက်ခမ်းတစ်ဝိုက်မှာ အဝါရောင်အဖုလေးတွေ (Xanthelasma)
- မျက်လုံးမျက်ဝန်းအပြင်ဘက်မှာ မီးခိုးရောင် သို့မဟုတ် အဖြူကွင်းလေး (Corneal Arcus)

🌱 အဆင့် (၁) - အခြေခံအကျဆုံး နည်းလမ်းကတော့ နေထိုင်စားသောက်မှုပုံစံ ပြောင်းလဲခြင်းပါ

🏃‍♂️ တက်ကြွစွာနေထိုင်ခြင်း
- ကိုယ်လက်လှုပ်ရှားမှု များများလုပ်ပါ
- ဖုန်း၊ ကွန်ပျူတာ၊ ရုပ်မြင်သံကြား ကြည့်ချိန်ကို လျှော့ချပါ

🥗 နှလုံးကျန်းမာရေးအတွက် အာဟာရ
- မနက်စာ နေ့တိုင်းစားပါ
- အမျှင်ဓာတ်များတဲ့ အစားအစာ လုံလုံလောက်လောက် စားသုံးပါ – ဂျုံလုံး၊ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံတွေ များများစားပါ
- သကြားနဲ့ အဆီများတဲ့အစာ လျှော့စားပါ

⚖️ ကိုယ်အလေးချိန် ထိန်းညှိခြင်း
- ကလေးအဝလွန်နေရင် ကျန်းမာရေးနဲ့အညီ ဖြည်းဖြည်းချင်း ကိုယ်အလေးချိန်ချခြင်းက ကိုလက်စထရောနဲ့ Triglyceride တွေကို သဘာဝအတိုင်း ပြန်ညီမျှစေပါတယ်။

---
💊 အဆင့် ၂ – ဆေးဝါးကုသခြင်း

အောက်ပါအခြေအနေတွေမှာ ဆရာဝန်က ဆေးဝါးညွှန်ကြားနိုင်ပါတယ် –
- လူနေမှုပုံစံ ပြောင်းလဲပြီး ၆ လခန့်အကြာမှလည်း ကိုလက်စထရော မကျဆင်းဘူးဆိုရင်
- မျိုးရိုးဗီဇအရ ဖြစ်နေတဲ့ကိစ္စမျိုးဆိုရင်

💝 သတိပြုရန်...
သွေးတွင်းအဆီဓာတ်ဆိုတာ ရုတ်တရက်များလာတာမျိုး မဟုတ်ဘဲ
နှစ်ချီပြီး စုလာတဲ့အတွက် နှလုံးရောဂါ၊ လေဖြတ်ခြင်းတွေရဲ့ အခြေခံဖြစ်လာနိုင်ပါတယ်။

📌ဒါကြောင့် ကလေးတွေရဲ့ အစားအသောက်၊ ကိုယ်လက်လှုပ်ရှားမှုနဲ့ ကျန်းမာရေးစစ်ဆေးမှုကို ပုံမှန်ဂရုစိုက်ပေးဖို့ အရေးကြီးပါတယ်။
📌ကလေးတစ်ယောက်တည်းကို အာရုံစိုက်မယ့်အစား **မိသားစုလုံးက ပါဝင်ဆောင်ရွက်တဲ့နည်းလမ်း** က ရေရှည်အကျိုးအတွက် အကောင်းဆုံးပါ။
📌ကျန်းမာရေးနဲ့ညီညွတ်တဲ့ အနာဂတ်လေးအတွက် ဒီနေ့ကတည်းက စတင်လိုက်ကြရအောင်။ ❤️

❤️𝐌𝐞𝐝𝐏𝐚𝐫𝐤 𝐇𝐨𝐬𝐩𝐢𝐭𝐚𝐥 မြန်မာပြည်ရုံး ❤️

ရန်ကုန်ရုံး
🏠 အမှတ် ၉၀၊ ဗိုလ်တထောင်စျေးလမ်း၊ ကုန်သည်လမ်းနှင့် ကမ်းနားလမ်းကြား၊ ဗိုလ်တထောင်မြို့နယ်။
𝟎𝟗 𝟕𝟕𝟐 𝟖𝟖𝟖𝟖 𝟓𝟕 (𝐇𝐨𝐭 𝐋𝐢𝐧𝐞), 𝟎𝟗 𝟗𝟒 𝟎𝟎𝟎𝟎 𝟔𝟖𝟖 (𝐎𝐟𝐟𝐢𝐜𝐞 𝐇𝐨𝐮𝐫𝐬)

မန္တလေးရုံး
🏠 ၆၆လမ်း၊ ၄၁ နှင့် ၄၂လမ်းကြား၊ ၄၂ထောင့်အနီး။
𝟎𝟗 𝟕𝟕𝟐 𝟕𝟕𝟐 𝟔𝟐𝟖 (𝐇𝐨𝐭 𝐋𝐢𝐧𝐞), 𝟎𝟗 𝟒𝟎𝟕𝟐 𝟗𝟗 𝟖𝟏𝟐 (𝐎𝐟𝐟𝐢𝐜𝐞 𝐇𝐨𝐮𝐫𝐬)

#

21/08/2026

မျက်စိအတွင်းတိမ်အကြောင်းသိကောင်းစရာများကို ဗီဒီယိုလေးနဲ့ မျှဝေထားပါတယ်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ 𝐌𝐞𝐝𝐏𝐚𝐫𝐤 𝐇𝐨𝐬𝐩𝐢𝐭𝐚𝐥 မှာ ဆေးကုသလိုသူများအတွက်
✅ ဆရာဝန်ရက်ချိန်းစီစဥ်ပေးခြင်း
✅ လေယာဉ်လက်မှတ်စီစဉ်ပေးခြင်း
✅ ကားကြိုစီစဉ်ပေးခြင်း
✅ တည်းခိုရန်အတွက် စီစဥ်ပေးခြင်း
✅ ဆေးဝယ်ပေးခြင်း
✅ ကုသမည့်နည်းလမ်း၊ ကုန်ကျစရိတ်တွက်ချက်ပေးခြင်း
✅ လေယာဉ်ဝှီးချဲစီစဉ်ပေးခြင်း
✅ မထိုင်နိုင်သောလူနာများအတွက် လေယာဉ်အိပ်စင်စီစဉ်ပေးခြင်း
✅ အရေးပေါ်လူနာများအတွက် လေယာဉ်စင်းလုံးငှါးစီစဉ်ပေးခြင်း
✅ ဆေးအဖြေများပို့ပေးခြင်း၊ တောင်းပေးခြင်း
✅ မြန်မာစကားပြန်စီစဥ်ပေးခြင်း
✅ ဆရာဝန်နှင့် online ပြသရန်စီစဉ်ပေးခြင်း
✅ ဗီဇာဆောင်ရွက်ပေးခြင်း တို့ကို

မည်သည့်ဝန်ဆောင်ခမှ ❌ပေးစရာမလိုဘဲ ဆောင်ရွက်ပေးလျက်ရှိကြောင်း အသိပေးအပ်ပါသည်

❤️𝐌𝐞𝐝𝐏𝐚𝐫𝐤 𝐇𝐨𝐬𝐩𝐢𝐭𝐚𝐥 မြန်မာပြည်ကိုယ်စားလှယ်ရုံး ❤️

ရန်ကုန်ရုံး
🏠 အမှတ် ၉၀၊ ဗိုလ်တထောင်စျေးလမ်း၊ ကုန်သည်လမ်းနှင့် ကမ်းနားလမ်းကြား၊ ဗိုလ်တထောင်မြို့နယ်။
𝟎𝟗 𝟕𝟕𝟐 𝟖𝟖𝟖𝟖 𝟓𝟕 (𝐇𝐨𝐭 𝐋𝐢𝐧𝐞), 𝟎𝟗 𝟗𝟒 𝟎𝟎𝟎𝟎 𝟔𝟖𝟖 (𝐎𝐟𝐟𝐢𝐜𝐞 𝐇𝐨𝐮𝐫𝐬)

မန္တလေးရုံး
🏠 ၆၆လမ်း၊ ၄၁ နှင့် ၄၂လမ်းကြား၊ ၄၂ထောင့်အနီး။
𝟎𝟗 𝟕𝟕𝟐 𝟕𝟕𝟐 𝟔𝟐𝟖 (𝐇𝐨𝐭 𝐋𝐢𝐧𝐞), 𝟎𝟗 𝟒𝟎𝟕𝟐 𝟗𝟗 𝟖𝟏𝟐 (𝐎𝐟𝐟𝐢𝐜𝐞 𝐇𝐨𝐮𝐫𝐬)

ထိုင်းဖုန်း
☎️ +𝟔𝟔 𝟔𝟑 𝟎𝟔𝟑 𝟒𝟓𝟖𝟖

#ဘန်ကောက်ဆေးကု #အိန္ဒိယဆေးကု #အတွင်းတိမ်

Childhood Respiratory Diseases: Top Silent Threat to Children(ကလေးများအတွက် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ ) 😷 “ငါ့က...
14/08/2026

Childhood Respiratory Diseases: Top Silent Threat to Children
(ကလေးများအတွက် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ )

😷 “ငါ့ကလေးက ဘာဖြစ်လို့ ဒီလောက် ခနခန ဖျားတာလဲ” ဒါမှမဟုတ် “ငါ့ကလေး ဘာကြောင့် ဒီလောက် ဖျားနာလွယ်ရတာလဲ” ဆိုတဲ့ မေးခွန်းတွေဟာ မိဘတိုင်းရဲ့ စိတ်ထဲမှာ အမြဲလိုလို ရှိနေတတ်ပြီး စိတ်ပူတတ်ကြပါတယ်။

👶💙 ဒီနေ့မှာတော့ ကလေးအသက်ရှူလမ်းကြောင်းဆိုင်ရာ အထူးကုဆရာဝန်ကြီး Dr. Piyachat Wongboonyakulရဲ့ ကလေးတွေမှာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေ ဘာကြောင့် အဖြစ်များရတာလဲနဲ့ ကျန်းမာရေးအတွက် အသုံးဝင်တဲ့ အကြံပြုချက်လေးတွေကို မျှဝေပေးလိုက်ပါတယ်။

🧸 ကလေးတွေမှာ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါတွေ ဘာကြောင့်ပိုဆိုးနိုင်သလဲ?

😷 တစ်ခါတလေ သာမန်အအေးမိရောဂါလို့ ထင်လိုက်မိပေမယ့် ကလေးတွေမှာတော့ ဒါဟာ သိပ်ကို သတိထားရမယ့် ကိစ္စကြီးတစ်ခုပါ။
😷 ဘာကြောင့်လဲဆိုတော့ ကလေးတွေရဲ့ လည်ချောင်းနဲ့ အသက်ရှူလမ်းကြောင်းက လူကြီးတွေထက် သေးငယ်လွန်းတာကြောင့် နှာခေါင်းပိတ်ရုံလေးနဲ့တောင် အသက်ရှူလမ်းကြောင်း ၇၅% အထိ ကျဉ်းသွားနိုင်ပါတယ်။ လူကြီးဆိုရင် ၂၅% ပဲ ကျဉ်းတာပါ။
😷 ကလေးတွေရဲ့ လည်ချောင်းနဲ့ အသက်ရှူလမ်းကြောင်းက ပျော့ပြီး သေးငယ်တာမို့ သလိပ်တွေ ကင်းစင်အောင် ရှင်းထုတ်ဖို့က ပိုခက်ခဲပြီး အချိန်ပိုကြာပါတယ်။
ဒါကြောင့် ချောင်းဆိုးတာ၊ အသက်ရှူခက်တာတွေ ကြာရှည်စွာ ခံစားရနိုင်ပါတယ်။
😷 ဒါ့အပြင် ကလေးတွေရဲ့ ခန္ဓာကိုယ်က ရောဂါကို တန်ပြန်နိုင်တဲ့ စွမ်းအားက လူကြီးတွေလောက် မများသေးတာမို့ ရောဂါဖြစ်ရင် ပိုဆိုးနိုင်ပြီး နောက်ဆက်တွဲအန္တရာယ်တွေလည်း ပိုများပါတယ်။
⏰ ဆရာဝန်တွေအနေနဲ့လည်း ကလေးတွေမှာ ခန္ဓာကိုယ်ရဲ့ ခံနိုင်ရည်အားနည်းတာမို့ ရောဂါလက္ခဏာတွေကို မြန်မြန်ဆန်ဆန် အကဲဖြတ်ပြီး အချိန်မီကုသဖို့ အရေးကြီးပါတယ်။

---

**ကာကွယ်ခြင်းက အကောင်းဆုံးနည်းလမ်းပါ**

🛡️ကလေးတွေကို ရောဂါဘယကနေ ကာကွယ်ဖို့ အဓိကနည်းလမ်းကြီး ၃ ချက်ရှိပါတယ်။
🍼 မိခင်နို့ – မွေးပြီးချင်းစမှာ စတင်ပြီး အနည်းဆုံး ၆ လအထိ မိခင်နို့သီးသန့် တိုက်ကျွေးပါ။ ဒါက ကလေးရဲ့ ကိုယ်ခံအားကို အခြေခံအုတ်မြစ်ကနေ သန်မာစေပါတယ်။ 💪
💉 ကာကွယ်ဆေး – အဆုတ်ရောင်ရောဂါ၊ တုပ်ကွေး၊ RSV ဗိုင်းရပ်စ်တွေအတွက် ကာကွယ်ဆေးတွေ အပြည့်အဝ ထိုးပေးပါ။
ဒါက ရောဂါဖြစ်နိုင်ခြေကိုရော ပြင်းထန်မှုကိုပါ လျှော့ချပေးနိုင်ပါတယ်။
🚭 သန့်ရှင်းတဲ့ ပတ်ဝန်းကျင် – ဆေးလိပ်ငွေ့ (အီး စီးကရက်အပါအဝင်) နဲ့ လေထုညစ်ညမ်းမှုတွေကနေ ကလေးကို ဝေးဝေးထားပါ။
🌫️အထူးသဖြင့် မြို့ပြဒေသမှာ ဖုန်မှုန့်နဲ့ ကားအိတ်ဇောတွေက ကလေးရဲ့ အသက်ရှူလမ်းကြောင်းကို ထိခိုက်စေနိုင်ပါတယ်။
✅ ဒါ့အပြင် ဖျားနာနေတဲ့သူတွေနဲ့ လူစုလူဝေးကိုလည်း ရှောင်ပေးဖို့ လိုပါတယ်။
🤒🏠 ကလေးဖျားရင် ကျောင်းပို့မနေဘဲ အိမ်မှာပဲ အနားယူစေပါ။ ဒါက သူ့ကိုယ်သူရော၊ တခြားကလေးတွေကိုပါ ကာကွယ်ရာရောက်ပါတယ်။

---

🚨 ဘယ်အချိန်မှာ ဆရာဝန်ပြသင့်လဲ။

✅သာမန်အအေးမိတာမျိုးက ရက်အနည်းငယ်အတွင်း သက်သာသွားတတ်ပါတယ်။ ဒါပေမယ့် အောက်ပါလက္ခဏာတွေရှိရင်တော့ ဆရာဝန်နဲ့ ပြသဖို့ အရေးကြီးပါတယ်။

🟡 ချောင်းဆိုးတာ ဒါမှမဟုတ် နှာရည်ယိုတာ ၁၀ ရက်ကျော်ကြာနေရင်
🟡 ချောင်းဆိုးပြင်းထန်ပြီး မသက်သာဘူးဆိုရင်
🟡 လည်ချောင်းနာတာ၊ သလိပ်အရောင်ပြောင်းတာ၊ အများကြီးထွက်တာ
🟡 အသက်ရှူရခက်ခဲတာ
🟡 ဓာတ်မတည့်မှုရောဂါ ရာဇဝင်ရှိတဲ့ မိသားစုက ကလေးတွေဟာ အခြားကလေးတွေထက် ကူးစက်ခံရနိုင်ခြေ ပိုများပြီး ပြန်လည်ကောင်းမွန်ဖို့ အချိန်ပိုကြာတတ်ပါတယ်။
🟡အထူးသဖြင့် ကလေးပန်းနာရင်ကျပ်ရောဂါမျိုးဆိုရင် စောစီးစွာကုသခြင်းက အဆုတ်တစ်ရှူးတွေ ပျက်စီးခြင်း၊ လေပြွန်အမြဲကျဉ်းနေခြင်းတွေကို ကာကွယ်ပေးနိုင်ပြီး ဆေးဖြတ်နိုင်တဲ့အထိ ပြန်လည်ကောင်းမွန်ဖို့ အခွင့်အလမ်း ပိုများပါတယ်။

---

💝 မိဘတိုင်းရဲ့ ဆန္ဒကြီးတစ်ခုကတော့ သားသားမီးမီးတို့ ကျန်းမာစွာ ကြီးထွားဖို့ပါပဲ။

🎁✨ ဒါကြောင့် ကြိုတင်ကာကွယ်ခြင်းက အကောင်းဆုံးနည်းလမ်းဖြစ်ပြီး ငယ်စဉ်ကတည်းက ကျန်းမာရေး အခြေခံအုတ်မြစ်ကောင်းကောင်းချပေးခြင်းက သားသားမီးမီးတို့ရဲ့ ဘဝတစ်သက်တာလုံး ကျန်းမာရေးအတွက် အဖိုးတန်ဆုံး လက်ဆောင်ပါပဲ။
🎁✨အဲ့ဒါကြောင့် သားသားမီးမီးတို့အတွက် ကျန်းမာရေးနဲ့ညီညွတ်တဲ့ ပတ်ဝန်းကျင်ကို ဖန်တီးပေးပြီး လိုအပ်လာတဲ့အခါ ဆရာဝန်နဲ့ အချိန်မီ ပြသဖို့ အရေးကြီးပါတယ်။

❤️𝐌𝐞𝐝𝐏𝐚𝐫𝐤 𝐇𝐨𝐬𝐩𝐢𝐭𝐚𝐥 မြန်မာပြည်ရုံး ❤️

ရန်ကုန်ရုံး
🏠 အမှတ် ၉၀၊ ဗိုလ်တထောင်စျေးလမ်း၊ ကုန်သည်လမ်းနှင့် ကမ်းနားလမ်းကြား၊ ဗိုလ်တထောင်မြို့နယ်။
𝟎𝟗 𝟕𝟕𝟐 𝟖𝟖𝟖𝟖 𝟓𝟕 (𝐇𝐨𝐭 𝐋𝐢𝐧𝐞), 𝟎𝟗 𝟗𝟒 𝟎𝟎𝟎𝟎 𝟔𝟖𝟖 (𝐎𝐟𝐟𝐢𝐜𝐞 𝐇𝐨𝐮𝐫𝐬)

မန္တလေးရုံး
🏠 ၆၆လမ်း၊ ၄၁ နှင့် ၄၂လမ်းကြား၊ ၄၂ထောင့်အနီး။
𝟎𝟗 𝟕𝟕𝟐 𝟕𝟕𝟐 𝟔𝟐𝟖 (𝐇𝐨𝐭 𝐋𝐢𝐧𝐞), 𝟎𝟗 𝟒𝟎𝟕𝟐 𝟗𝟗 𝟖𝟏𝟐 (𝐎𝐟𝐟𝐢𝐜𝐞 𝐇𝐨𝐮𝐫𝐬)

#
#ကလေးကျန်းမာရေး
#အသက်ရှူလမ်းကြောင်းရောဂါ
#မိခင်နို့တိုက်ကျွေးခြင်း
#ကာကွယ်ဆေး
#ကျန်းမာရေးစောင့်ရှောက်မှု

🌡️ သွေးဆုံးချိန်မှာ အဖြစ်များတဲ့ (Hot Flashes) နဲ့ အစားအသောက် ဆက်စပ်မှု✨သွေးဆုံးချိန်မှာ အဖြစ်အများဆုံး လက္ခဏာတစ်ခုကတော့...
04/08/2026

🌡️ သွေးဆုံးချိန်မှာ အဖြစ်များတဲ့ (Hot Flashes) နဲ့ အစားအသောက် ဆက်စပ်မှု

✨သွေးဆုံးချိန်မှာ အဖြစ်အများဆုံး လက္ခဏာတစ်ခုကတော့ ရုတ်တရက်ထူပူလာခြင်း (ဒါမှမဟုတ် တစ်ခါတလေ ပူလိုက်အေးလိုက်ဖြစ်ခြင်း)ပါ။
သွေးဆုံးနေတဲ့ အမျိုးသမီး ၇၅% လောက်က ဒီဝေဒနာကို ခံစားရပါတယ်။

✨သွေးဆုံးချိန်မှာ ခန္ဓာကိုယ်ရဲ့ ဟော်မုန်းတွေ အကြီးအကျယ် ပြောင်းလဲသွားပါတယ်။ ဒါဟာ ရှောင်လွှဲလို့မရတဲ့ ပြောင်းလဲမှုတစ်ခုလို့ အများက ယူဆကြပေမယ့်...

✨အစားအသောက် ရွေးချယ်မှုတွေက ဒီလက္ခဏာတွေကို သက်သာစေနိုင်ပါတယ်။
✨ဘယ်လိုမျိုး ဆိုတာ လေ့လာကြည့်ရအောင်။ 👇

---

🔥 Hot Flashesဆိုတာ ဘာလဲ။
✅Hot flashဆိုတာ ရာသီဥတုနဲ့ မဆိုင်ဘဲ ခန္ဓာကိုယ်အပေါ်ပိုင်း (ရင်ဘတ်၊ လည်ပင်း၊ မျက်နှာ) မှာ ရုတ်တရက် ပူပူနွေးနွေး ခံစားရတဲ့ ခံစားချက်ပါ။

✅တစ်ကြိမ်စီဟာ ၁ မိနစ်ကနေ ၅ မိနစ်အထိ ကြာတတ်ပြီး တစ်နေ့ကို တစ်ကြိမ်ကနေ ၁၀ ကြိမ်ထက်ပိုပြီး ဖြစ်နိုင်ပါတယ်။

✅Hot flashဖြစ်ခြင်းနဲ့အတူ ချွေးအလွန်အကျွံထွက်ခြင်း၊ မျက်နှာနီမြန်းခြင်း၊ နှလုံးခုန်မြန်ခြင်း၊ စိုးရိမ်ပူပန်ခြင်းတွေလည်း ဖြစ်တတ်ပါတယ်။

❄️🔥 တစ်ကြိမ်ပြီးတိုင်း ချမ်းတုန်တာ ဒါမှမဟုတ် ချမ်းအေးတာတွေ ခံစားရတတ်လို့ "ပူလည်းပူ၊ ချမ်းလည်းချမ်း" လို့ တချို့က ခေါ်ကြပါတယ်။

---

🥗 အစားအသောက်က Hot flashကို သက်သာစေနိုင်သလား?

🥘 စားလိုက်တဲ့ အစားအစာတွေက ခန္ဓာကိုယ်စနစ်ကို တိုက်ရိုက် သက်ရောက်မှုရှိပါတယ်။ တချို့အစားအစာတွေက Hot flashကို သက်သာစေနိုင်သလို တချို့က ပိုဆိုးစေနိုင်ပါတယ်။

✅ဘာတွေစားသင့်လဲ၊ ဘာတွေရှောင်သင့်လဲ ဆက်ဖတ်ကြည့်ရအောင်။ 👇

---

✅ Hot flashသက်သာစေမယ့် အစားအစာများ

🥛 ပဲပိစပ်ထွက်ကုန်များ - တိုဟူး၊ ပဲနို့ စတာတွေပါ။ ပဲပိစပ်မှာ ဖိုက်တိုအက်စထရိုဂျင် (Phytoestrogen) ပါဝင်ပြီး ခန္ဓာကိုယ်ထဲက အီစထရိုဂျင်နဲ့ ဆင်တူတဲ့ အာနိသင်ရှိလို့ ဟော်မုန်းပမာဏကို ထိန်းညှိပေးပြီး Hot flashကို သက်သာစေနိုင်ပါတယ်။

🥦 ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံများ - အရောင်စုံစုံ စားသုံးခြင်းက အာဟာရအမျိုးမျိုးကို ရရှိစေပါတယ်။ အထူးသဖြင့် ဘရိုကိုလီ၊ ဟင်းနုနွယ်၊ ကိုက်လန်၊ ဂေါ်ဖီထုပ်၊ သခွားမွှေး၊ ကညွှတ် စတဲ့ အရွက်စိမ်းတွေကို အကြံပြုပါတယ်။

🐟 ကျန်းမာရေးနဲ့ညီညွတ်တဲ့ အဆီများ - အိုမီဂါ-၃ fatty acidက Hot flashနဲ့ ချွေးအလွန်အကျွံထွက်ခြင်းကို လျှော့ချပေးနိုင်တယ်လို့ လေ့လာမှုတွေက ဆိုပါတယ်။
အသားနီအစား ငါးကို ရွေးချယ်စားခြင်းက ကျန်းမာတဲ့အဆီ ပိုမိုရရှိစေပါတယ်။

🥒 အအေးဓာတ်ရှိသော အစားအစာများ - တရုတ်တိုင်းရင်းဆေးပညာအရ အအေးဓာတ်ရှိတဲ့ အစားအစာတွေက Hot flashကို သက်သာစေနိုင်ပါတယ်။
🍌🍉သခွားသီး၊ မုန်လာဥ၊ ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီ၊ ငှက်ပျောသီး၊ ဖရဲသီး၊ ပန်းသီးတို့ ပါဝင်ပါတယ်။

---

❌ Hot flashကို ပိုဆိုးစေနိုင်တဲ့ အစားအစာများ

☕ ကော်ဖီ - ကော်ဖီသောက်ခြင်းက Hot flashကို ပိုဆိုးစေနိုင်တယ်လို့ လေ့လာမှုတွေက ဆိုပါတယ်။ ကော်ဖီမှာပါတဲ့ ကဖိန်းဓာတ်က နှလုံးခုန်နှုန်းကို မြန်စေပြီး ရေဓာတ်ခန်းခြောက်စေနိုင်ပါတယ်။

🍷 အရက် - အရက်သောက်ခြင်းက ခန္ဓာကိုယ်အပူချိန်ကို မြှင့်တက်စေပြီး Hot flashကို ပိုဆိုးစေနိုင်ပါတယ်။

🍰 သကြားနဲ့ အဆီများ - ပြုပြင်ထားတဲ့ အစားအစာတွေက သွေးဖိအားကို သက်ရောက်မှုရှိလို့ Hot flashကို ဖြစ်စေနိုင်ပါတယ်။ သွေးဆုံးအမျိုးသမီး အများစုက ဒီအစားအစာတွေစားပြီးရင် ရောဂါလက္ခဏာတွေ ပိုဆိုးလာတယ်လို့ ပြောကြပါတယ်။

---

💆‍♀️ သွေးဆုံးအမျိုးသမီးများအတွက် ကိုယ်တိုင်ဂရုစိုက်နည်းများ

မှန်ကန်တဲ့ အစားအသောက်အပြင် နေထိုင်မှုပုံစံ ပြောင်းလဲခြင်းကလည်း သွေးဆုံးခြင်းရဲ့ လက္ခဏာတွေကို သိသိသာသာ သက်သာစေနိုင်ပါတယ်။

❄️ ခန္ဓာကိုယ်ကို အေးအောင်ထားပါ - လေဝင်လေထွက်ကောင်းတဲ့ အဝတ်အစားတွေ ဝတ်ဆင်ပါ။ အခန်းအပူချိန်ကို လျှော့ထားပါ (လေအေးပေးစက်၊ ပန်ကာ၊ ပြတင်းပေါက်ဖွင့်ခြင်းဖြင့်)။
ပူလာတဲ့အခါ ရေများများသောက်ခြင်းက ခန္ဓာကိုယ်အပူချိန်ကို ထိန်းညှိပေးနိုင်ပါတယ်။

🧘 စိတ်ကျန်းမာရေး - တရားထိုင်ခြင်း၊ အသက်ပြင်းပြင်းရှူခြင်း၊ စိတ်ဖိစီးမှုလျှော့ချခြင်းတို့က Hot flashကို တဖြည်းဖြည်း သက်သာစေနိုင်ပါတယ်။

😌 ဒီနည်းလမ်းတွေက Hot flashကို တိုက်ရိုက်မသက်သာစေပေမယ့် အိပ်စက်မှုဆိုင်ရာ ပြဿနာတွေကို လျှော့ချပေးတာလိုမျိုး အခြားအကျိုးကျေးဇူးတွေလည်း ရှိပါတယ်။

🚭 ဆေးလိပ်ဖြတ်ပါ - ဆေးလိပ်သောက်ခြင်းက ပိုဆိုးစေနိုင်ပါတယ်။ ဆေးလိပ်ဖြတ်ခြင်းက ရောဂါလက္ခဏာတွေကို သက်သာစေရုံသာမက နှလုံးရောဂါ၊ လေဖြတ်ခြင်း၊ အဆုတ်ရောဂါ၊ ကင်ဆာစတဲ့ နာတာရှည်ရောဂါတွေရဲ့ အန္တရာယ်ကိုလည်း လျှော့ချပေးပါတယ်။

⚖️ ကိုယ်အလေးချိန်ချပါ - ကိုယ်အလေးချိန်ပိုနေခြင်း ဒါမှမဟုတ် အဝလွန်ခြင်းက Hot flashဖြစ်နိုင်ခြေကို မြင့်တက်စေပါတယ်။ ကိုယ်အလေးချိန်ချခြင်းက ဒီလက္ခဏာတွေကို သက်သာစေပြီး အလုံးစုံကျန်းမာရေးကိုလည်း မြှင့်တင်ပေးပါတယ်။

---

💚 အရေးကြီးဆုံးအချက်

🤍သွေးဆုံးချိန် လက္ခဏာတွေကို စီမံဖို့ အဓိကနည်းလမ်းက ကိုယ့်ခန္ဓာကိုယ်ကို သေချာလေ့လာဖို့ပါ။

🤍ရောဂါလက္ခဏာတွေ ဘယ်အချိန်မှာဖြစ်လဲ၊ ဘာအချက်တွေက ဖြစ်စေနိုင်လဲ၊ ဘယ်အစားအစာတွေက ပိုဆိုးစေလဲဆိုတာကို သတိထားကြည့်ပါ။

🤍အစားအသောက်ပြောင်းလဲခြင်းက ပြဿနာကို လုံးဝပျောက်ကင်းအောင် မဖြေရှင်းနိုင်ပေမယ့် ပြင်းထန်မှုနဲ့ အကြိမ်ရေကို လျှော့ချပေးနိုင်ပါတယ်။

🌸 မိမိရဲ့ နေ့စဉ်ဘဝကို သိသိသာသာ ထိခိုက်နေတယ်ဆိုရင် ကျွမ်းကျင်ဆရာဝန်နဲ့ တိုင်ပင်ပြီး သင့်တော်တဲ့ စီမံခန့်ခွဲမှုနည်းလမ်းတွေကို ရယူဖို့ မတွန့်ဆုတ်ပါနဲ့နော်။

---

❤️𝐌𝐞𝐝𝐏𝐚𝐫𝐤 𝐇𝐨𝐬𝐩𝐢𝐭𝐚𝐥 မြန်မာပြည်ရုံး ❤️

ရန်ကုန်ရုံး
🏠 အမှတ် ၉၀၊ ဗိုလ်တထောင်စျေးလမ်း၊ ကုန်သည်လမ်းနှင့် ကမ်းနားလမ်းကြား၊ ဗိုလ်တထောင်မြို့နယ်။
𝟎𝟗 𝟕𝟕𝟐 𝟖𝟖𝟖𝟖 𝟓𝟕 (𝐇𝐨𝐭 𝐋𝐢𝐧𝐞), 𝟎𝟗 𝟗𝟒 𝟎𝟎𝟎𝟎 𝟔𝟖𝟖 (𝐎𝐟𝐟𝐢𝐜𝐞 𝐇𝐨𝐮𝐫𝐬)

မန္တလေးရုံး
🏠 ၆၆လမ်း၊ ၄၁ နှင့် ၄၂လမ်းကြား၊ ၄၂ထောင့်အနီး။
𝟎𝟗 𝟕𝟕𝟐 𝟕𝟕𝟐 𝟔𝟐𝟖 (𝐇𝐨𝐭 𝐋𝐢𝐧𝐞), 𝟎𝟗 𝟒𝟎𝟕𝟐 𝟗𝟗 𝟖𝟏𝟐 (𝐎𝐟𝐟𝐢𝐜𝐞 𝐇𝐨𝐮𝐫𝐬)

#
#သွေးဆုံးချိန်စောင့်ရှောက်မှု flashသက်သာစေရေး #အမျိုးသမီးကျန်းမာရေး #ကျန်းမာစွာနေထိုင်ကြပါစို့

🍽️ သင်ဟာ ထမင်းစားတိုင်း ဆားဘူး ဒါမှမဟုတ် ငံပြာရည်ပုလင်းကို အလိုလို လှမ်းကိုင်မိသူလား။ဒါဟာ သင်တစ်ယောက်တည်းမဟုတ်ဘူးဆိုပေမယ...
24/07/2026

🍽️ သင်ဟာ ထမင်းစားတိုင်း ဆားဘူး ဒါမှမဟုတ် ငံပြာရည်ပုလင်းကို အလိုလို လှမ်းကိုင်မိသူလား။

ဒါဟာ သင်တစ်ယောက်တည်းမဟုတ်ဘူးဆိုပေမယ့်...
သတိမထားမိဘဲ နေ့စဉ် စားမိနေတဲ့ ဆားပမာဏက သင်ထင်တာထက် များနေပြီဆိုတာ ဂရုစိုက်မိဖို့ လိုပါတယ်။

⚡ ကိုယ့်ရဲ့ ဆားစားသုံးမှုဟာ နေ့စဉ်သတ်မှတ်ပမာဏထက် ကျော်လွန်နေပြီလား?

ဘာလို့လဲဆိုတော့ ဆားဆိုတာ ထမင်း ဟင်းပေါ်မှာ ထပ်ဖြူးလိုက်တိုင်း ပြီးသွားတာမဟုတ်ပါဘူး။
မျှော်လင့်ထားတာထက် ပိုများတဲ့ ဆားပမာဏက ခန္ဓာကိုယ်ထဲကို ရောက်ရှိနေပြီးတာ ဖြစ်တတ်ပါတယ်။

ဒါကြောင့် နောက်တစ်ခါ ဆားထပ်မထည့်ခင် ခဏရပ်ပြီး စဉ်းစားကြည့်လိုက်ပါ။
ကျန်းမာရေးအတွက် သေးငယ်တဲ့ ဆုံးဖြတ်ချက်တစ်ခုက ကြီးမားတဲ့ အကျိုးကျေးဇူးကို ပေးစွမ်းနိုင်ပါတယ်။ 💚

🧂 များလွန်းတဲ့ ဆားပမာဏဆိုတာ ဘယ်လောက်လဲ?

American Food and Drug Administration (FDA) ရဲ့ အဆိုအရ ကျန်းမာတဲ့ လူကြီးတစ်ဦးဟာ တစ်နေ့ကို ဆိုဒီယမ် ၂၃၀၀ မီလီဂရမ် (ဆား ၆ ဂရမ်) ထက် မပိုအောင် စားသုံးသင့်ပါတယ်။

👀 သတိထားရမှာက (Hidden Salt) ပါ။
ဆား၊ ငံပြာရည် ထပ်မထည့်ဘူးဆိုရင်တောင် ပြုပြင်ထားတဲ့ အစားအစာတွေ၊ အေးခဲထားတဲ့ အစားအစာ၊ ပြုတ်ရည်စိမ်ထားတဲ့ အစားအစာ၊ ပြုပြင်ထားတဲ့ အသားတွေ၊ ပေါင်မုန့်၊ မုန့်ဖုတ်ပစ္စည်းတွေ၊ အချိုရည်တွေမှာ ဆိုဒီယမ် မြင့်မားစွာ ပါဝင်နိုင်ပါတယ်။ 🥫🍞🥤

😊 ရံဖန်ရံခါ ပိုစားမိတာ ပြဿနာမရှိပေမယ့် နေ့စဉ်အလေ့အထ ဖြစ်လာရင်တော့ ကျန်းမာရေးကို တဖြည်းဖြည်း ထိခိုက်စေနိုင်ပါတယ်။ ⚠️

ဆားအလွန်အကျွံစားခြင်းရဲ့ ဆိုးကျိုးတွေကို လေ့လာကြည့်ရအောင်။ 👇

---

🩺 ၁။ သွေးတိုးရောဂါ
📊 ဆိုဒီယမ်များတဲ့ အစားအစာက သွေးဖိအားကို မြှင့်တက်စေပြီး ဆားလျှော့စားခြင်းက သွေးဖိအားကို ကျစေနိုင်ပါတယ်။ 📉
တစ်နေ့ကို ဆား ၄.၄ ဂရမ် လျှော့စားခြင်းက သွေးဖိအားကို သိသိသာသာ ကျစေနိုင်တယ်လို့ လေ့လာမှုတွေက ဆိုပါတယ်။ အဝလွန်သူတွေနဲ့ သက်ကြီးရွယ်အိုတွေမှာ သက်ရောက်မှု ပိုများပါတယ်။ 👵👴

---

⚠️ ၂။ အစာအိမ်ကင်ဆာ
🔬 ဆားများများစားသူတွေဟာ အစာအိမ်ကင်ဆာ ဖြစ်နိုင်ခြေ နှစ်ဆ ပိုများနိုင်တယ်လို့ လေ့လာမှုတွေက ဖော်ပြပါတယ်။ 😷
ဆားအလွန်အကျွံစားခြင်းက အစာအိမ်အနာ ဒါမှမဟုတ် အစာအိမ်ရောင်ရမ်းခြင်းကို ဖြစ်စေနိုင်ပြီး ဒါတွေက ကင်ဆာအတွက် အန္တရာယ်အချက်တွေ ဖြစ်ပါတယ်။ 🤔

---

❤️ ၃။ နှလုံးရောဂါနှင့် အရွယ်မတိုင်မီ သေဆုံးခြင်း
📌 ဆားအလွန်အကျွံစားခြင်းက သွေးဖိအားကို မြှင့်တက်စေပြီး သွေးကြောတွေ တောင့်တင်းမာကျောလာစေကာ နှလုံးရောဂါနဲ့ အရွယ်မတိုင်မီ သေဆုံးနိုင်ခြေကို မြှင့်တက်စေပါတယ်။
📉📈 နှစ် ၂၀ ကြာ လေ့လာမှုတစ်ခုအရ ဆား ၅.၈ ဂရမ်အောက် စားသုံးသူတွေမှာ သေဆုံးနှုန်း အနိမ့်ဆုံးဖြစ်ပြီး ၁၅ ဂရမ်ထက် ပိုစားသူတွေမှာ အမြင့်ဆုံးဖြစ်တယ်လို့ တွေ့ရှိရပါတယ်။

---

✅ ဆိုဒီယမ် လျှော့စားရန် နည်းလမ်းများ
💡 ဒီလိုလုပ်ဆောင်ကြည့်ပါ။ 👇

- 🥫 ပြုပြင်ထားတဲ့ အစားအစာတွေ၊ သရေစာတွေ၊ အချိုရည်တွေလိုမျိုး ကိုယ်မသိလိုက်ဘဲ ကိုယ့်ခန္ဓာကိုယ်ထဲကို ရောက်ရှိလာမဲ့ ကွယ်ဝှက်ဆိုဒီယမ်တွေကို လျှော့စားပါ။
- 🧂 ဆိုဒီယမ်နည်းတဲ့ ဟင်းခတ်အမွှေးအကြိုင်တွေ၊ ငံပြာရည်တွေကို ရွေးချယ်သုံးပါ။
- 🍳 အေးခဲထားတဲ့ ဒါမှမဟုတ် ချက်ပြုတ်ပြီးသား အစားအစာတွေထက် လတ်လတ်ဆတ်ဆတ် ပြင်ဆင်ထားတာကို ရွေးပါ။
- 🌿 ဆား၊ ငံပြာရည်အစား ဟင်းခတ်အမွှေးအကြိုင်တွေ၊ သံပုရာရည်တို့နဲ့ အရသာမြှင့်ပါ။ 🍋

---

💚 ဆားအလွန်အကျွံစားခြင်းက ကျန်းမာရေးကို ထိခိုက်စေပါတယ်။
ဆိုဒီယမ်စားသုံးမှုကို ထိန်းချုပ်ခြင်းအားဖြင့် နာတာရှည်ရောဂါတွေရဲ့ အန္တရာယ်ကို လျှော့ချနိုင်ပါတယ်။ 😊

❤️𝐌𝐞𝐝𝐏𝐚𝐫𝐤 𝐇𝐨𝐬𝐩𝐢𝐭𝐚𝐥 မြန်မာပြည်ရုံး ❤️

ရန်ကုန်ရုံး
🏠 အမှတ် ၉၀၊ ဗိုလ်တထောင်စျေးလမ်း၊ ကုန်သည်လမ်းနှင့် ကမ်းနားလမ်းကြား၊ ဗိုလ်တထောင်မြို့နယ်။
𝟎𝟗 𝟕𝟕𝟐 𝟖𝟖𝟖𝟖 𝟓𝟕 (𝐇𝐨𝐭 𝐋𝐢𝐧𝐞), 𝟎𝟗 𝟗𝟒 𝟎𝟎𝟎𝟎 𝟔𝟖𝟖 (𝐎𝐟𝐟𝐢𝐜𝐞 𝐇𝐨𝐮𝐫𝐬)

မန္တလေးရုံး
🏠 ၆၆လမ်း၊ ၄၁ နှင့် ၄၂လမ်းကြား၊ ၄၂ထောင့်အနီး။
𝟎𝟗 𝟕𝟕𝟐 𝟕𝟕𝟐 𝟔𝟐𝟖 (𝐇𝐨𝐭 𝐋𝐢𝐧𝐞), 𝟎𝟗 𝟒𝟎𝟕𝟐 𝟗𝟗 𝟖𝟏𝟐 (𝐎𝐟𝐟𝐢𝐜𝐞 𝐇𝐨𝐮𝐫𝐬)

#
#ကျန်းမာရေးအသိပညာ #ဆားအလွန်အကျွံမစားပါနဲ့ #သွေးတိုးရောဂါကာကွယ်ရေး

🩺 အမျိုးသမီးတိုင်း သိထားသင့်တဲ့ သားအိမ်ခေါင်းကင်ဆာအကြောင်း (Cervical Cancer) 🩺ဆေးဘက်ဆိုင်ရာ အထောက်အထားတွေအရ သားအိမ်ခေါင်...
16/07/2026

🩺 အမျိုးသမီးတိုင်း သိထားသင့်တဲ့ သားအိမ်ခေါင်းကင်ဆာအကြောင်း (Cervical Cancer) 🩺

ဆေးဘက်ဆိုင်ရာ အထောက်အထားတွေအရ သားအိမ်ခေါင်းကင်ဆာဖြစ်ပွားမှု ၉၉% ဟာ HPV (Human Papillomavirus) ဗိုင်းရပ်စ်နဲ့ ဆက်စပ်နေပါတယ်။
အထူးသဖြင့် HPV ၁၆ နဲ့ ၁၈ အမျိုးအစားတွေဟာ ကမ္ဘာတစ်ဝှမ်းမှာ အဖြစ်အများဆုံးနဲ့ အန္တရာယ်များတဲ့ ဗိုင်းရပ်စ်မျိုးကွဲတွေ ဖြစ်ပါတယ်။

💪 သားအိမ်ခေါင်းကင်ဆာရောဂါဟာ ကြိုတင်ကာကွယ်လို့ရတဲ့ ရောဂါဖြစ်ပါတယ်။
ကာကွယ်ဆေးထိုးခြင်း၊ ပုံမှန်စစ်ဆေးခြင်းနဲ့ အချိန်မီကုသခြင်းတွေနဲ့ ရောဂါကို ထိန်းချုပ်နိုင်ပါတယ်။

📌 HPV ကူးစက်ပုံ
HPV ဟာ လိင်ဆက်ဆံမှုကနေ အဓိကကူးစက်ပါတယ်။

👩‍⚕️Medparkဆေးရုံမှ မီးယပ်အထူးကုဆရာဝန်ကြီး Dr. Asama ရဲ့ ရှင်းလင်းချက်အရ
✨“အမျိုးသမီး ၈၀% လောက်ဟာ သူတို့ဘဝတစ်သက်မှာ တစ်ခါလောက် HPV ကူးစက်ခံရဖူးပါတယ်။
✨ဒီဗိုင်းရပ်စ်ဟာ ရောဂါလက္ခဏာမပြတဲ့အတွက် ခန္ဓာကိုယ်ထဲမှာ နှစ်ချီကြာအောင် ရှိနေနိုင်ပါတယ်။
✨ပုံမှန်အားဖြင့် ကိုယ်ခံအားစနစ်က ၁-၂ နှစ်အတွင်း သူ့အလိုလို ရှင်းထုတ်ပေးပါတယ်။
✨ဒါပေမယ့် အန္တရာယ်များတဲ့ ဗိုင်းရပ်စ်မျိုးကွဲတွေဖြစ်ရင်တော့ သားအိမ်ခေါင်းမှာ ဆဲလ်တွေ တဖြည်းဖြည်းပြောင်းလဲလာပြီး ကင်ဆာဖြစ်စဉ်အဆင့်ဆင့်ကို ဖြစ်ပေါ်စေနိုင်ပါတယ်။”

🧑‍⚕️ အမျိုးသားတွေမှာရော ရောဂါပိုး ကူးစက်တတ်သလား?
HPV ဟာ အမျိုးသားတွေမှာ လိင်အင်္ဂါ၊ စအို၊ လည်ချောင်းနဲ့ ပါးစပ်ကင်ဆာတွေကို ဖြစ်စေနိုင်ပါတယ်။
သို့သော်လည်း HPV နဲ့ ကာကွယ်ဆေးအကြောင်း အမျိုးသားတွေမှာ သိရှိမှုက အလွန်နည်းပါးပါတယ်။

⚠️ “HPV ကာကွယ်ဆေးကို ‘သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး’လို့ သုံးနှုန်းခေါ်ဝေါ်တာဟာ အထင်အမြင်လွဲမှားစေပြီး အမျိုးသားတွေကို သူတို့နဲ့မဆိုင်ဘူးလို့ ထင်စေပါတယ်။
အမျိုးသားတွေမှာလည်း ကူးစက်ခံရနိုင်ပြီး သူတို့ရဲ့အိမ်ထောင်ဖက်ကိုပါ တဆင့် ပြန်လည် ကူးစက်စေနိုင်ပါတယ်။ သို့သော်လည်း အမျိုးသားတွေမှာ ဗိုင်းရပ်စ်ရှိမရှိ စစ်ဆေးဖို့က အမျိုးသမီးတွေလို စနစ်ကျတဲ့ စစ်ဆေးမှု မရှိသေးပါဘူး။

💉 HPV ကာကွယ်ဆေး
HPV ကာကွယ်ဆေးဟာ အန္တရာယ်များတဲ့ ဗိုင်းရပ်စ် ၉ မျိုးကို ကာကွယ်ပေးနိုင်ပြီး သားအိမ်ခေါင်းကင်ဆာဖြစ်စေတဲ့ ဗိုင်းရပ်စ်တွေရဲ့ ၉၅% ကို ကာမိပါတယ်။
✅ လိင်ဆက်ဆံမှု မစတင်ခင် အသက် ၉-၁၂ နှစ်အတွင်း ထိုးနှံခြင်းက အကောင်းဆုံးဖြစ်ပါတယ်။
✅ လိင်ဆက်ဆံဖူးပြီးသူတွေအတွက်လည်း အသက် ၄၅ နှစ်အထိ ထိုးနှံခြင်းက အကျိုးရှိနေဆဲ ဖြစ်ပါတယ်။

🔬 စစ်ဆေးနည်း ၂ မျိုး
၁။ ThinPrep (Pap test) – သားအိမ်ခေါင်းဆဲလ် ပုံမမှန်မှုတွေကို စစ်ဆေးတဲ့နည်း (အသက် ၂၁ နှစ်နှင့်အထက် အမျိုးသမီးများ)
၂။ HPV DNA Test – အန္တရာယ်များတဲ့ HPV ဗိုင်းရပ်စ်ကို အတိအကျ စစ်ဆေးနိုင်တဲ့နည်း (အသက် ၂၅ နှစ်နှင့်အထက် အမျိုးသမီးများ)

🏥 သားအိမ်ခေါင်းကင်ဆာ ကုသနည်းများ

📌 ကင်ဆာမဖြစ်သေးသော အဆင့် (Precancer) – ဆဲလ်ပုံမမှန်မှု အလယ်အလတ်ဆိုရင် စောင့်ကြည့်ခြင်း သို့မဟုတ် အပူသုံးကုထုံး၊ အေးခဲကုထုံးတွေ ( Thermal ablation or cryotherapy) ပြုလုပ်နိုင်ပါတယ်။
📌 အဆင့် I – ကင်ဆာဟာ သားအိမ်ခေါင်းအတွင်းသာ ရှိသေးတဲ့အဆင့် – ခွဲစိတ်ကုသခြင်း

📌 အဆင့် II-III – အနီးအနားတစ်ရှူးတွေကို ပျံ့နှံ့သွားတဲ့အဆင့် – ဓာတ်ရောင်ခြည်သုံးကုသခြင်း Radiation therapy + ဓာတုကုထုံး (Chemotherapy)များ ပေါင်းစပ်ကုသခြင်း
📌 အဆင့် IV – အခြားအင်္ဂါတွေကို ပျံ့နှံ့သွားတဲ့အဆင့် – ဓာတုကုထုံး၊ ပစ်မှတ်ထားကုထုံး (Targeted Therapy)၊ ခုခံအားကုထုံး (Immunotherapy) တို့ကို သုံးနိုင်ပါတယ်။

🔬 Brachytherapy – အတွင်းပိုင်း ဓာတ်ရောင်ခြည်ကုထုံး
ဒီနည်းပညာက ရေဒီယိုသတ္တိကြွပစ္စည်းတွေကို သားအိမ်ခေါင်းအတွင်းတိုက်ရိုက်ထည့်သွင်းပြီး ကင်ဆာဆဲလ်တွေကို အတိအကျပစ်မှတ်ထား ကုသနိုင်တဲ့နည်း ဖြစ်ပါတယ်။

✅သားအိမ်ခေါင်းကင်ဆာကုသမှုဟာ ကျွမ်းကျင်ပညာရှင်အဖွဲ့တွေရဲ့ ပူးပေါင်းဆောင်ရွက်ရတာမျိုးဖြစ်ပြီး မီးယပ်အထူးကု၊ ကင်ဆာဆေးသွင်းကုသရေးအထူးကု၊ ဓာတ်ရောင်ခြည်အထူးကုနဲ့ ကင်ဆာသူနာပြုတွေအားလုံး ပါဝင်ပါတယ်။

🎯 ရည်ရွယ်ချက်က ရောဂါကိုသာမက ကုသပြီးနောက်ပိုင်း လူနာရဲ့ ဘဝအရည်အသွေးကိုပါ မြင့်မားအောင် ထိန်းသိမ်းပေးဖို့ပဲ ဖြစ်ပါတယ်။

❤️𝐌𝐞𝐝𝐏𝐚𝐫𝐤 𝐇𝐨𝐬𝐩𝐢𝐭𝐚𝐥 မြန်မာပြည်ရုံး ❤️

ရန်ကုန်ရုံး
🏠 အမှတ် ၉၀၊ ဗိုလ်တထောင်စျေးလမ်း၊ ကုန်သည်လမ်းနှင့် ကမ်းနားလမ်းကြား၊ ဗိုလ်တထောင်မြို့နယ်။
𝟎𝟗 𝟕𝟕𝟐 𝟖𝟖𝟖𝟖 𝟓𝟕 (𝐇𝐨𝐭 𝐋𝐢𝐧𝐞), 𝟎𝟗 𝟗𝟒 𝟎𝟎𝟎𝟎 𝟔𝟖𝟖 (𝐎𝐟𝐟𝐢𝐜𝐞 𝐇𝐨𝐮𝐫𝐬)

မန္တလေးရုံး
🏠 ၆၆လမ်း၊ ၄၁ နှင့် ၄၂လမ်းကြား၊ ၄၂ထောင့်အနီး။
𝟎𝟗 𝟕𝟕𝟐 𝟕𝟕𝟐 𝟔𝟐𝟖 (𝐇𝐨𝐭 𝐋𝐢𝐧𝐞), 𝟎𝟗 𝟒𝟎𝟕𝟐 𝟗𝟗 𝟖𝟏𝟐 (𝐎𝐟𝐟𝐢𝐜𝐞 𝐇𝐨𝐮𝐫𝐬)

#

🚬 ဆီးချိုသမားများအတွက် ဆေးလိပ်သောက်ခြင်း၏ ဆိုးကျိုးများ😷 ကိုယ်ကိုတိုင် ဆေးလိပ်သောက်ခြင်း သို့မဟုတ် အခြားသူသောက်တဲ့ ဆေးလိ...
03/07/2026

🚬 ဆီးချိုသမားများအတွက် ဆေးလိပ်သောက်ခြင်း၏ ဆိုးကျိုးများ

😷 ကိုယ်ကိုတိုင် ဆေးလိပ်သောက်ခြင်း သို့မဟုတ် အခြားသူသောက်တဲ့ ဆေးလိပ်ငွေ့ကို ရှူရှိုက်မိခြင်း (passive smoking) နှစ်မျိုးစလုံးက ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေနိုင်ပါတယ်။

📊 လေ့လာတွေ့ရှိချက်များ

🔬 လေ့လာမှုများအရ ဆေးလိပ်သောက်သူများသည် ဆေးလိပ်မသောက်သူများနှင့် နှိုင်းယှဉ်ပါက **အမျိုးအစား ၂ ဆီးချိုရောဂါ** ဖြစ်ပွားနိုင်ခြေ **၃၀ ရာခိုင်နှုန်းမှ ၄၀ ရာခိုင်နှုန်းအထိ ပိုများပါတယ်။**

💨 အတိုချုပ်ပြောရလျှင် – **ဆေးလိပ်ငွေ့ကို များများထိတွေ့လေ၊ ကျန်းမာရေးအန္တရာယ် ပိုများလေပါပဲ။**

---

🔬 ဆေးလိပ်က ဆီးချိုဖြစ်နိုင်ခြေကို ဘယ်လိုမြှင့်တင်ပေးသလဲ

🏥 American Diabetes Association (အမေရိကန် ဆီးချိုအသင်း) ၏ အဆိုအရ –

- 📅 ၂၀၁၉ ခုနှစ်တွင် ဆီးချိုရောဂါကြောင့် သေဆုံးသူ ၈၇,၀၀၀ ကျော်ရှိခဲ့ပြီး
- ဆေးလိပ်သောက်ခြင်းကြောင့် နှစ်စဉ် ဆီးချိုနှင့်ဆက်စပ်သော သေဆုံးမှု ၉,၀၀၀ ခန့်ရှိပါတယ်။

---

🧪 ဆေးလိပ်ထဲက ဓာတုပစ္စည်းတွေက ဘယ်လိုသက်ရောက်မှုရှိစေသလဲ

- 🦠 ဆေးလိပ်ထဲပါဝင်သော အဆိပ်ဓာတုပစ္စည်းများက **ဆဲလ်များအတွင်း ရောင်ရမ်းခြင်း** ကို ဖြစ်စေပါတယ်။
- 🧬 အင်ဆူလင်ရဲ့ အလုပ်လုပ်ပုံကို အနှောင့်အယှက်ပေးပါတယ်
- ⚗️ ဒီအန္တရာယ်ရှိသော အရာများက ခန္ဓာကိုယ်အတွင်းရှိ အောက်ဆီဂျင်နှင့် ဓာတ်ပြုသောအခါ…
- ⚡ Reactive Oxygen Species (ROS) နှင့် Oxidative Stress (အောက်ဆီဂျင်ဓာတ်တိုးမှု) ကို ဖြစ်ပေါ်စေပါတယ်။

---

⏳ ရေရှည်အန္တရာယ်

😟 နာတာရှည် Oxidative Stress ဟာ အချိန်ကြာလာသည်နဲ့အမျှ အမျိုးအစား ၂ ဆီးချိုရောဂါ ဖြစ်ပေါ်လာစေရန် အထောက်အကူပြုပါတယ်၊

---

🍔 ဆေးလိပ်သောက်ခြင်းနှင့် ဗိုက်အဆီ

🍕 ထို့အပြင် ဆေးလိပ်သောက်သူများတွင် ဗိုက်အတွင်း အထူးသဖြင့် ဝမ်းဗိုက်အတွင်းပိုင်း အဆီ (visceral fat)များ စုပုံလာနိုင်ခြေ ပိုများပါသည်။

📈 ဒါက အမျိုးအစား ၂ ဆီးချိုဖြစ်နိုင်ခြေကို ပိုမိုမြှင့်တင်ပေးပါတယ်။

> ⚠️ အထူးသတိပြုရန် – ကိုယ်အလေးချိန်နှင့် BMI က သတ်မှတ်ထားသည့် ပုံမှန်အတိုင်းအတာအတွင်းရှိနေသော သူများတွင်ပင် အန္တရာယ် ရှိနိုင်ပါတယ်၊

---

🚬 ဆီးချိုသမားများတွင် ဆေးလိပ်သောက်ခြင်းက နောက်ဆက်တွဲပြဿနာများ ဖြစ်နိုင်ခြေကို မြင့်တက်စေပါတယ်။

---
❤️ ၁. နှလုံးရောဂါ (Heart Disease)

🚬 ဆေးလိပ်သောက်ခြင်းသည် သွေးတွင်း အဆီဓာတ် LDL ကိုလက်စထရောကို မြင့်တက်စေပြီး

💚 ကောင်းမွန်သောအဆီဓာတ် HDL ကိုလက်စထရောကို ကျဆင်းစေပါတယ်။

⏳ အချိန်ကြာလာသည်နဲ့အမျှ ကိုလက်စထရောပမာဏ မြင့်မားခြင်းက နှလုံးသွေးကြောကျဉ်းရောဂါ (coronary artery disease) ဖြစ်ပေါ်လာစေပါတယ်။

---

💢 ၂. သွေးတိုးရောဂါ (Hypertension)

🩸 ဆေးလိပ်သောက်သော ဆီးချိုလူနာများတွင် သွေးကြောအတွင်း ရောင်ရမ်းခြင်း (vascular inflammation) ကြောင့် သွေးကြောများ ပျက်စီးနိုင်ခြေ ရှိပါတယ်။

🩺 ၎င်းသည် သွေးကြောများ မာကျောခြင်း (arterial stiffness)ကို ဖြစ်စေပြီး သွေးတိုးရောဂါကို ဖြစ်ပေါ်စေပါတယ်။

---

🩺 ၃. ကျောက်ကပ်ရောဂါ (Kidney Disease)

🧪 ဆေးလိပ်သောက်သော ဆီးချိုလူနာများတွင် ဆီးထဲသို့ ပရိုတင်းဓာတ် ယိုစိမ့်ခြင်း (proteinuria)ဖြစ်နိုင်ခြေ ပိုများပါတယ်။

📋 ဤအခြေအနေသည် ဆီးချိုကျောက်ကပ်ရောဂါ (diabetic nephropathy)ရဲ့ အစောပိုင်း လက္ခဏာတစ်ရပ်ဖြစ်ပါတယ်။

⚠️ နောက်ဆုံးတွင် ကျောက်ကပ်ဆုံးရှုံးခြင်း (kidney failure)အထိ တိုးတက်ဖြစ်ပွားနိုင်ပါတယ်။

---

🦶 ၄. အစွန်အဖျား သွေးလည်ပတ်မှု အားနည်းခြင်း (Peripheral Circulatory Impairment)

🚬 ဆေးလိပ်သောက်ခြင်းက သွေးကြောငယ်များကို ပျက်စီးစေပြီး

🦵 အစွန်အဖျား အင်္ဂါများ (အထူးသဖြင့် ခြေထောက်နှင့် ခြေဖဝါး) သို့ သွေးစီးဆင်းမှုကို အနှောင့်အယှက်ဖြစ်စေပါတယ်။

🩹 ဤသွေးလည်ပတ်မှု အားနည်းခြင်းကြောင့် နာတာရှည် အနာမကျက်ခြင်း၊ ကူးစက်ပိုးဝင်ခြင်းတို့ ဖြစ်နိုင်ခြေ မြင့်တက်လာပြီး

⚠️ ဆိုးရွားလာပါက ခြေလက်အင်္ဂါ ဖြတ်တောက်ခြင်း (limb amputation)အထိ ဖြစ်စေနိုင်ပါတယ်။

---

🧠 ၅. အာရုံကြောပျက်စီးခြင်း (Nerve Damage)

🔥 ဆေးလိပ်ကြောင့် ဖြစ်ပေါ်လာသော ရောင်ရမ်းခြင်းက သွေးကြောငယ်များ၏ လုပ်ဆောင်ချက်ကို ထိခိုက်စေရုံသာမက

🦵 အစွန်အဖျားအာရုံကြောများ (peripheral nerves)ကိုလည်း ပျက်စီးစေပါတယ်။

- 🔥 အာရုံကြောနာကျင်ခြင်း (neuritic pain)
- 🦶 ထုံကျင်ခြင်း (numbness)
- ✨ စူးအောင့်သလို ခံစားရခြင်း (tingling sensation)

---

🚭 ဆေးလိပ်ဖြတ်ခြင်းက ဘာအကျိုးရှိသလဲ။

✅ ဆေးလိပ်ဖြတ်ခြင်းက ကြီးမားသော အကျိုးကျေးဇူးများ ရှိပါတယ်။

- 📊 သွေးတွင်းသကြားဓာတ် ထိန်းညှိမှုကို သိသိသာသာ ကောင်းမွန်စေခြင်း
- 🩺 ရောဂါကို တည်ငြိမ်စေရန် အထောက်အကူပြုခြင်း
- 😊 ဆီးချိုကြောင့်ဖြစ်တဲ့နောက်ဆက်တွဲရောဂါတွေကို နှောင့်နှေးစေခြင်းဖြင့် ဘဝအရည်အသွေး ပိုမိုကောင်းမွန်လာစေခြင်း

---

🚭 ဆီးချိုရောဂါသည်များအတွက် ဆေးလိပ်ဖြတ်ခြင်းက ရောဂါကို ပျောက်ကင်းစေနိုင်မည် မဟုတ်သော်လည်း အသက်ကို ပိုမိုကောင်းမွန်စွာ ရှင်သန်နိုင်စေသော အဓိက သော့ချက်တစ်ခုဖြစ်ပါတယ်။
🏥 လိုအပ်ပါက ဆရာဝန်နှင့် တိုင်ပင်ပြီး ဆေးလိပ်ဖြတ်ရန် နည်းလမ်းများ ရယူနိုင်ပါတယ်။

❤️𝐌𝐞𝐝𝐏𝐚𝐫𝐤 𝐇𝐨𝐬𝐩𝐢𝐭𝐚𝐥 မြန်မာပြည်ရုံး ❤️

ရန်ကုန်ရုံး
🏠 အမှတ် ၉၀၊ ဗိုလ်တထောင်စျေးလမ်း၊ ကုန်သည်လမ်းနှင့် ကမ်းနားလမ်းကြား၊ ဗိုလ်တထောင်မြို့နယ်။
𝟎𝟗 𝟕𝟕𝟐 𝟖𝟖𝟖𝟖 𝟓𝟕 (𝐇𝐨𝐭 𝐋𝐢𝐧𝐞), 𝟎𝟗 𝟗𝟒 𝟎𝟎𝟎𝟎 𝟔𝟖𝟖 (𝐎𝐟𝐟𝐢𝐜𝐞 𝐇𝐨𝐮𝐫𝐬)

မန္တလေးရုံး
🏠 ၆၆လမ်း၊ ၄၁ နှင့် ၄၂လမ်းကြား၊ ၄၂ထောင့်အနီး။
𝟎𝟗 𝟕𝟕𝟐 𝟕𝟕𝟐 𝟔𝟐𝟖 (𝐇𝐨𝐭 𝐋𝐢𝐧𝐞), 𝟎𝟗 𝟒𝟎𝟕𝟐 𝟗𝟗 𝟖𝟏𝟐 (𝐎𝐟𝐟𝐢𝐜𝐞 𝐇𝐨𝐮𝐫𝐬)

#

🦴 အရိုးပွရောဂါ (Osteoporosis) ဆိုတာ ဘာလဲ? ဘာလို့ "Silent Threat"လို့ ခေါ်တာလဲ?📌 အရိုးပွရောဂါဟာ အရိုးထုထည် ကျဆင်းပြီး အရိ...
18/06/2026

🦴 အရိုးပွရောဂါ (Osteoporosis) ဆိုတာ ဘာလဲ?
ဘာလို့ "Silent Threat"လို့ ခေါ်တာလဲ?

📌 အရိုးပွရောဂါဟာ အရိုးထုထည် ကျဆင်းပြီး အရိုးရဲ့ သေးငယ်တဲ့ ဖွဲ့စည်းပုံ ပျက်စီးလို့ ဖြစ်တာပါ။

⚠️ အဲ့ဒီအခါ အရိုးတွေ ကြွပ်ဆတ်လာတယ်၊ အရိုးကျိုးလွယ်လာပါတယ်။

⏳ ဒီရောဂါဟာ အိုမင်းခြင်းရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ အချိန်ကြာလာတာနဲ့အမျှ ဖြည်းညှင်းစွာ ဖြစ်လာတတ်ပါတယ်။

📊 ပုံမှန်အားဖြင့် အရိုးသိပ်သည်းဆဟာ အသက် ၂၅ နှစ်မှာ အမြင့်ဆုံးဖြစ်ပြီး နောက်ပိုင်း တဖြည်းဖြည်း ကျဆင်းလာပါတယ်။

🤫 ဒီရောဂါကို "Silent Threat တိတ်ဆိတ်တဲ့ ခြိမ်းခြောက်မှု"လို့ ခေါ်တာက အစောပိုင်းမှာ လက္ခဏာ လုံးဝ မပြတတ်လို့ပါ။

😔 လူအများစုဟာ ကိုယ့်အရိုးတွေ အားနည်းလာနေမှန်းတောင် မသိကြဘူး။ အရိုးကျိုးသွားပြီးမှသာ သိရတာမျိုး ဖြစ်တတ်ပါတယ်။

👨‍⚕️ Medparkဆေးရုံမှ ဒေါက်တာ Dr. Pongsakorn Bupparenoo (အရိုးနဲ့ အကြော ထိခိုက်ဒဏ်ရာ ခွဲစိတ်အထူးကု)ဆရာဝန်က…

🗣️ “အရိုးပွရောဂါဟာ အမျိုးသားရော အမျိုးသမီးမှာပါ ဖြစ်နိုင်ပါတယ်။

👩 ဒါပေမဲ့ သွေးဆုံးပြီးနောက်ပိုင်း အမျိုးသမီးတွေမှာ ပိုအဖြစ်များပါတယ်။

🧬 ဘာလို့လဲဆိုတော့ အမျိုးသမီးဟော်မုန်းတွေက အရိုးသန်မာမှုအတွက် အဓိက အခန်းကဏ္ဍက ပါဝင်နေလို့ပါ။

📉 ဟော်မုန်းပမာဏ ကျဆင်းသွားတဲ့အခါ အရိုးထုထည်လည်း လျော့နည်းလာပြီး အရိုးကျိုးနိုင်ခြေ မြင့်တက်လာပါတယ်” လို့ ရှင်းပြပါတယ်။

---

⚠️ ဘယ်သူတွေမှာ အရိုးပွရောဂါ ဖြစ်နိုင်ခြေ များလဲ။

၁။ 👩🦳 သွေးဆုံးပြီးနောက်ပိုင်း အမျိုးသမီးများ
📉 သွေးဆုံးပြီးရင် အီစထရိုဂျင် ဟော်မုန်း လျင်မြန်စွာ ကျဆင်းကာ အရိုးဆုံးရှုံးမှုကို အရှိန်မြှင့်ပေးနိုင်ပါတယ်။

၂။ 👨‍👩‍👧‍👦 မိသားစုတွင် အရိုးပွရောဂါ ရာဇဝင် ရှိသူများ
🦴 ဒါမှမဟုတ် သေးသေးမွှားမွှား ထိခိုက်မှုနဲ့တောင် အရိုးကျိုးဖူးသူများ

၃။ 🥛 ကယ်လ်စီယမ်နဲ့ ☀️ ဗီတာမင် D ဓာတ် လုံလောက်စွာ မရသူများ
🦷 ဒီအာဟာရတွေဟာ အရိုးသန်မာဖို့ မရှိမဖြစ်လိုအပ်ပြီး ရေရှည်ချို့တဲ့ရင် အရိုးသိပ်သည်းဆ ကျဆင်းနိုင်ပါတယ်။

၄။ 💊 ကော်တီကိုစတီရွိုက် ဆေးတွေ ရေရှည်သုံးစွဲနေရသူများ
🦴 ဥပမာ – အဆစ်အမြစ်ရောင်ရမ်းရောဂါအတွက် Steroidပါသောဆေးများ သောက်နေရသူတွေ

၅။ 🧬 ကိုယ်ခံအားစနစ် ရောဂါများ ရှိသူများ

၆။ 🍺 အရက်ပုံမှန်သောက်သူများနှင့်
၇။ 🚬 ဆေးလိပ်သောက်သူများ

---

🩺 အရိုးပွရောဂါရှိသူတွေအတွက် လဲကျရင် ဘာလို့ ဆိုးကျိုးကြီးမားနိုင်သလဲ။

📊 ဆေးဘက်ဆိုင်ရာ အထောက်အထားတွေအရ…

😟 တင်ပါးဆုံရိုးကျိုးတဲ့ သက်ကြီးရွယ်အို ၅ ယောက်မှာ ၁ ယောက်ဟာ တစ်နှစ်အတွင်း သေဆုံးနိုင်ပါတယ်။

သေဆုံးရတဲ့ အကြောင်းရင်းက ခွဲစိတ်မှုကိုယ်တိုင်ကြောင့် မဟုတ်ပါဘူး။

ဒဏ်ရာရပြီးနောက် နောက်ဆက်တွဲ ပြဿနာတွေကြောင့်ပါ။

ဥပမာ –
🫁 အဆုတ်ရောင်တာ၊
🛏️ အိပ်ရာနာ (pressure ulcer) ဖြစ်တာ၊
🚽 ဆီးလမ်းကြောင်းပိုးဝင်တာ၊
🩸 ဒါမှမဟုတ် အိပ်ရာပေါ်မှာ ကြာကြာလှဲနေရလို့ သွေးခဲတာတွေကြောင့်ပါ။

💬 “မိသားစုတော်တော်များများက စိုးရိမ်တတ်တာက သက်ကြီးလူနာတွေ ခွဲစိတ်ပြီးရင် အိပ်ရာထဲ လှဲနေရမှာလားဆိုတာပါ။

✅ တကယ်တမ်းမှာ ခွဲစိတ်ကုသခြင်းဟာ ပထမအဆင့် ကုသမှုဖြစ်ပြီး
🏋️ ကာယကုထုံးနဲ့ တွဲလုပ်ရင် လူနာတွေ ခြေလက်လှုပ်ရှားမှု မြန်မြန်ပြန်ရနိုင်ပါတယ်။

❌ ဒါပေမဲ့ ခွဲစိတ်ဖို့ ငြင်းဆန်ရင်၊ ဒါမှမဟုတ် ခွဲစိတ်ပြီးမှ ပြန်လည်ထူထောင်ရေး မလုပ်ရင်
🛌 လူနာအများအပြားဟာ အိပ်ရာထဲ လှဲနေရပြီး နောက်ဆက်တွဲ ပြဿနာတွေ ထပ်ဖြစ်လာနိုင်ပါတယ်” လို့ ရှင်းပြပါတယ်။

---

အရိုးပွရောဂါ ကုသနည်း (၃) ချက်

၁။ 💊 ဆေးဝါးကုသခြင်း

📌 ဆေးဝါးတွေကို အရိုးဆုံးရှုံးမှုရဲ့ ပြင်းထန်မှုအပေါ် မူတည်ပြီး ပေးပါတယ်။

🟢 အစောပိုင်းအဆင့်အတွက် – bisphosphonates သို့မဟုတ် denosumab လို အရိုးဆုံးရှုံးမှုကို နှေးစေတဲ့ဆေး

🔴 ပြင်းထန်တဲ့အဆင့် (သို့) အရိုးကျိုးပြီးသားအတွက် – အရိုးသစ်ဖွဲ့စည်းမှုကို လှုံ့ဆော်တဲ့ teriparatide သို့မဟုတ် romosozumab

👩‍⚕️ ဆရာဝန်က လူနာတစ်ဦးချင်းစီအတွက် အကိုက်ညီဆုံးဆေးကို ရွေးချယ်ပေးပါမယ်။

၂။ နေထိုင်မှုပုံစံ ပြုပြင်ခြင်းနှင့် 💪 ကြွက်သားသန်မာအောင် လုပ်ခြင်း

🏃 သင့်တော်တဲ့ လေ့ကျင့်ခန်းနဲ့
🍗 ပရိုတင်းဓာတ် လုံလောက်အောင် စားသုံးဖို့ အရေးကြီးပါတယ်။

🦴 အရိုးသန်မာရုံနဲ့ မလုံလောက်ပါဘူး။

🧍 ခန္ဓာကိုယ်ကို ထောက်ပံ့ဖို့၊ ⚖️ ဟန်ချက်ညီဖို့၊
🚫 လဲကျတာကို လျှော့ချဖို့ ကြွက်သားတွေလည်း သန်မာဖို့ လိုပါတယ်။

၃။ အရိုးကျိုးခြင်းကို စီမံခန့်ခွဲခြင်းနှင့် 🔄 ထပ်မကျိုးအောင် ကာကွယ်ခြင်း

ခွဲစိတ်ဖို့လိုရင် ဆရာဝန်က အောက်ပါထဲက အကောင်းဆုံးနည်းလမ်းကို ဆုံးဖြတ်ပေးပါမယ် –

- 🔩 အတွင်းအပြင် သတ္တုအဆစ်တပ်ခြင်း (Internal Fixation)
- 🦿 သို့မဟုတ် အဆစ်အစားထိုး ခွဲစိတ်ခြင်း (Joint Replacement Surgery)

🛡️ ပြီးရင်လည်း တခြားနေရာတွေမှာ နောက်ထပ်မကျိုးအောင် ဆေးဝါးနဲ့ ပြန်လည်ထူထောင်ရေးကို ဆက်လုပ်ဖို့ အလွန်အရေးကြီးပါတယ်။

---

📊 အရိုးသိပ်သည်းဆ စစ်ဆေးခြင်း – အရိုးမကျိုးခင် သင့်ရဲ့ အန္တရာယ်ကို သိထားပါ

🤔 သင်ဟာ ‘အရိုးကျိုးခြင်း’ ကို အရိုးပွရောဂါရဲ့ ပထမဆုံး လက္ခဏာ မဖြစ်စေချင်ဘူးဆိုရင်…

📋 အရိုးသိပ်သည်းဆ (BMD) စစ်ဆေးခြင်းဟာ စံနှုန်းသတ်မှတ်ထားတဲ့ ဆေးဘက်ဆိုင်ရာ နည်းလမ်းတစ်ခုပါ။

🔍 ဒါက အရိုးသန်မာမှုကို အကဲဖြတ်ပြီး အရိုးကျိုးနိုင်ခြေကို စောစောစီးစီး တိုင်းတာပေးပါတယ်။

** DEXA Scan** ဆိုတာ…

- ✅ အရိုးသိပ်သည်းဆကို တိုင်းတာတယ်
- ✅ အရိုးထုထည် ပုံမှန်လား၊ ကျဆင်းနေပြီလားဆိုတာကို ဆုံးဖြတ်ပေးတယ်
- ✅ အရိုးမကျိုးခင်ကပဲ ကာကွယ်ဖို့ ဒါမှမဟုတ် ကုသဖို့ အစီအစဉ်ချရာမှာ ဆရာဝန်တွေကို အထောက်အကူပြုပါတယ်။

❤️𝐌𝐞𝐝𝐏𝐚𝐫𝐤 𝐇𝐨𝐬𝐩𝐢𝐭𝐚𝐥 မြန်မာပြည်ရုံး ❤️

ရန်ကုန်ရုံး
🏠 အမှတ် ၉၀၊ ဗိုလ်တထောင်စျေးလမ်း၊ ကုန်သည်လမ်းနှင့် ကမ်းနားလမ်းကြား၊ ဗိုလ်တထောင်မြို့နယ်။
𝟎𝟗 𝟕𝟕𝟐 𝟖𝟖𝟖𝟖 𝟓𝟕 (𝐇𝐨𝐭 𝐋𝐢𝐧𝐞), 𝟎𝟗 𝟗𝟒 𝟎𝟎𝟎𝟎 𝟔𝟖𝟖 (𝐎𝐟𝐟𝐢𝐜𝐞 𝐇𝐨𝐮𝐫𝐬)

မန္တလေးရုံး
🏠 ၆၆လမ်း၊ ၄၁ နှင့် ၄၂လမ်းကြား၊ ၄၂ထောင့်အနီး။
𝟎𝟗 𝟕𝟕𝟐 𝟕𝟕𝟐 𝟔𝟐𝟖 (𝐇𝐨𝐭 𝐋𝐢𝐧𝐞), 𝟎𝟗 𝟒𝟎𝟕𝟐 𝟗𝟗 𝟖𝟏𝟐 (𝐎𝐟𝐟𝐢𝐜𝐞 𝐇𝐨𝐮𝐫𝐬)

#

Address

No. 90, Botahtaung Zay St, Between Merchant Road & Strand Rd, Botahtaung Township
Yangon
11161

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Telephone

+959772772628

Alerts

Be the first to know and let us send you an email when Asia New Way, MedPark Hospital Agent posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Asia New Way, MedPark Hospital Agent:

Shortcuts

Share

Category