31/01/2021
World Leprosy Day 2021
****************************
အားလုံးပဲ မင်္ဂလာပါ🙌
ယနေ့ ဇန်နဝါရီလ ၃၁ရက်နေ့ မှာကျရောက်သော ကျရောက်သော World Leprosy Day အား မှတ်တမ်းတင် ဖော်ပြပေးလိုက်ပါတယ်။🎉
World Leprosy Day ကို အမြဲတမ်းလိုလို ဇန်နဝါရီလရဲ့ နောက်ဆုံး တနင်္ဂနွေနေ့မှာ ကျင်းပ ပြုလုပ်ကြပြီး ရည်ရွယ်ချက် အနေနဲ့ကတော့ Leprosy များပပျောက်ရေးနဲ့ တန်းတူအခွင့်အရေး များ ရရှိရေး အတွက်ပဲ ဖြစ်ပါတယ်။ 🤝
✴ Leprosy (သို့) Hansen's Disease ဆိုတာဟာ Mycobacterium Leprae လို့ခေါ်တဲ့ ဘတ်တီးရီးယား ကြောင့်ဖြစ်ပြီး နာတာရှည် ရောဂါ၊ နာရီပိုင်းအတွင်း ကူးစက်လွယ်သော ရောဂါ တစ်မျိုးဖြစ်ပါတယ်။ အဓိကအနေနဲ့ကတော့ အရေပြားပျက်စီးမှုမျိုးနဲ့ အာရုံကြောပျက်စီးမှုများ ဖြစ်ပြီး မျက်စိ၊နား၊အရေပြား၊ခြေ၊လက် စတာတွေမှာ အများဆုံးဖြစ်တတ်ပါတယ်။ အဆိုးရွားဆုံး အခြေအနေကတော့ မျက်စိ ကွယ်လွန်ခြင်း၊ ခန္ဓာကိုယ် တစ်ခုလုံး ပြည်တည်နာများ ဖြစ်ပြီး ထုံကျင် ကိုက်ခဲ ခြင်း၊ ခြေချောင်းလက်ချောင်းများ ဆုံးရှုံးခြင်း တို့အထိဖြစ်နိုင်ပါတယ်။
✴ Leprosy ရဲ့ ရောဂါလက္ခဏာတွေကတော့
》အရေပြားပေါ်မှာ အနီရောင်အစက်အပျောက်များ ပေါ်ထွက်လာခြင်း
》ခြေချောင်း၊ လက်ချောင်းများ ဆုံးရှုံးခြင်း
》ထုံကျင် ကိုက်ခဲခြင်း
》ခြေ၊လက် တို့ အားလျော့လာခြင်း
》ခန္ဓာကိုယ် အလေးချိန်ကျဆင်းခြင်း
》အထိအတွေ့ အာရုံများ ဆုံးရှုံးခြင်း
》ကြွက်သားများ အားနည်းလာခြင်း
》ခန္ဓာကိုယ် အပူချိန် ကျဆင်းခြင်း တို့ ဖြစ်ပေါ်ပါတယ်။
✴ Leprosy ရောဂါကို ၆လ ကနေ ၁၂လ ကြာမြင့်စွာ ကုထုံးများဖြင့် ကုသနိုင်ပါတယ်။ ဒါ့အပြင် ကိုယ်ခံစွမ်းအား မြင့်တင်ပေးခြင်း၊ ဘတ်တီးရီးယား သေစေနိုင်ရန် (သို့) ကြီးထွားမှုနှုန်း နှောင့်နှေးစေရန် ဆရာဝန်ညွှန်ကြားသော ဆေးဝါးများ သောက်သုံးခြင်းဖြင့် ရှောင်ရမ်းခြင်းများ လျှော့ချနိုင်ခြင်း၊ ထိုဆေးဝါးများကြောင့် ဟော်မုန်း များတွင် အကျိုးသက်ရောက်မှုများ ရှိလာပြီး ဟော်မုန်းများပြောင်းလဲလာခြင်းဖြစ်သော်လည်း ရောဂါအခြေအနေ ပိုမိုဆိုးရွားလာနိုင်ခြင်းမှ ထိန်းသိမ်းထားနိုင်ခြင်းတို့ကို လုပ်ဆောင်နိုင်ပါတယ်။
Leprosy ဆိုတာဟာ ကျွန်တော်တို့ တွေးထင်နေသလို မဟုတ်ပါဘူး။ ❌
ပတ်ဝန်းကျင်မှာ Leprosy လို့ကြားလိုက်ရင် အရာရာမှာ တွန့်ဆုတ်သွားတတ်ကြပါတယ်။
ကျွန်တော်တို့တွေမှာ မျှော်လင့်ချက်တွေ ရှိသလို Leprosy ရောဂါခံစား နေရသူတို့မှာလည်း မျှော်လင့်ချက်တွေ၊ အိပ်မက်တွေ ရှိပါတယ်။ ဒါပေမယ့် သူတို့ဟာ ကျွန်တော်တို့ အကူအညီ လိုအပ်နေပါတယ်။ Leprosy ဆိုတာဟာ ယနေ့အချိန်အခါမှာတော့ အဆိုးရွားဆုံး ရောဂါ မဟုတ်ပါဘူး။
ဒါကြောင့် လက်လေးတစ်ဖက် ကမ်းပေးလိုက်ဖို့ပဲ လိုအပ်တာပါ။
"The biggest disease today is not leprosy or tuberculosis,
but rather the feeling of being unwanted."….. Mother Teresa