Dr.Tin Mg Htwe

Dr.Tin Mg Htwe အမျိုးသား ကျမ်းမာရေးနှင့် အိမ်ထောင?

ကြက်ဥကို ဘာကြောင့် နေ့စဉ်ပုံမှန်စားသုံးသင့်လဲ🥚🥚----------------------------------------------------------နေ့စဉ်လုပ်ငန်းဆ...
20/08/2020

ကြက်ဥကို ဘာကြောင့် နေ့စဉ်ပုံမှန်စားသုံးသင့်လဲ🥚🥚
----------------------------------------------------------
နေ့စဉ်လုပ်ငန်းဆောင်တာတွေကို တက်ကြွလန်းဆန်းစွာနဲ့ လုပ်ကိုင်နိုင်ဖို့အတွက် လုံလောက်တဲ့ အာဟာရဓာတ် တွေလိုအပ်ပါတယ်။ အာဟာရပညာရှင်တွေရဲ့ လေ့လာချက်အရ ကြက်ဥကို အထူးအစားအစာအဖြစ် တနေ့ တလုံးပုံမှန်စားသုံးသင့်ကြောင်း အကြံပြုထားပါတယ်။ ကြက်ဥဟာ ခန္ဓာကိုယ်ကျန်းမာရေးအတွက် ကောင်းကျိုး တွေများစွာရှိတာကြောင့် ကြက်ဥကို ဘာကြောင့် နေ့စဉ်ပုံမှန်စားသုံးသင့်လဲ ဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။

(၁) ကြက်ဥမှာ ခန္ဓာကိုယ်ခုခံအားစနစ်ကို အထောက်အပံ့ပေးနိုင်တဲ့ Selenium ဓာတ်များစွာ ပါဝင်တာကြောင့် အအေးမိနေတဲ့အချိန်မှာ စားသုံးပေးမယ်ဆိုရင် အအေးမိရောဂါကို သက်သာစေနိုင်ပြီး အအေးမိခြင်းကို ကာကွယ် ပေးနိုင်ပါတယ်။

(၂) ကြက်ဥမှာ ကယ်လိုရီပါဝင်မှုနည်းပါးပေမယ့် ပရိုတင်းဓာတ်ကြွယ်ဝစွာပါဝင်တာကြောင့် ကိုယ်အလေးချိန် လျှော့ ချနေသူတွေအနေနဲ့ မနက်စာအဖြစ် ထည့်သွင်းစားသုံးပေးသင့်ပါတယ်။ Antioxidant ကြွယ်ဝစွာ ပါဝင်တာကြောင့် အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။

(၃) ကြက်ဥကို နေ့စဉ်ပုံမှန်စားသုံးပေးတဲ့ အမျိုးသမီးတွေနဲ့ မစားသုံးတဲ့အမျိုးသမီးတွေကို နှိုင်းယှဉ်ပြီး သုတေသန ပြု လုပ်တဲ့အခါ စားတဲ့အမျိုးသမီးတွေဟာ မစားတဲ့အမျိုးသမီးတွေထက် ၄၀ ရာခိုင်နှုန်း ရင်သားကင်ဆာဖြစ်နိုင်ခြေ နည်းပါး တယ်လို့ ဆိုပါတယ်။

(၄) ကြက်ဥမှာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဖော့စဖရပ်၊ ဇင့်ဓာတ်နဲ့ သံဓာတ်တွေ ကြွယ်ဝစွာ ပါဝင်တာကြောင့် သွေးအားနည်းရောဂါ ခံစားနေရသူတွေနဲ့ ကိုယ်ဝန်ဆောင်မိခင်တွေ ပုံမှန်စားသုံးပေးသင့်ပါတယ်။

(၅) ကြက်ဥမှာ ပါဝင်တဲ့ ကိုလင်းဓာတ်ဟာ ဦးနှောက်ရဲ့လုပ်ငန်းဆောင်တာတွေကို အထောက်အကူပြုနိုင်တာကြောင့် အာရုံစူးစိုက်မှုအားကောင်းစေပါတယ်။ ပုံမှန်စားသုံးပေးခြင်းအားဖြင့် နှလုံးရောဂါဖြစ်ပွားနှုန်းနဲ့ လေဖြတ်ရောဂါ ဖြစ်နိုင် ခြေတို့ကို လျော့နည်းစေနိုင်ပါတယ်။

အဝလွန်ခြင်း၏ နောက်ဆက်တွဲ ပြဿနာများ×××××××××××××××××××××××××××××ဆေးပညာရှုထောင့်ကကြည့်ရင် ခန္ဓာကိုယ်ပိန်ခြင်းကြောင့် ဖြစ်တ...
20/08/2020

အဝလွန်ခြင်း၏ နောက်ဆက်တွဲ ပြဿနာများ
×××××××××××××××××××××××××××××
ဆေးပညာရှုထောင့်ကကြည့်ရင် ခန္ဓာကိုယ်ပိန်ခြင်းကြောင့် ဖြစ်တဲ့ရောဂါဆိုတာ မရှိသလောက်ပါပဲ။ အဝလွန်ခြင်းကြောင့်တော့ ခေါင်းအစ၊ ခြေထောက်အဆုံးထိ ခန္ဓာကိုယ်တစ်ခုလုံးမှာ ရောဂါတွေရနိုင်ပါတယ်။

လူတစ်ယောက် “ဝလား” ၊ “မဝလား” ကို Waist Hip Ratio (ခါး၊ တင် အချိုးအဆ) နဲ့ တိုင်းတာလို့ရသလို Body Mass Index (ခန္ဓာကိုယ် ထုညွှန်ကိန်း) လို့ခေါ်တဲ့ BMI နဲ့လည်း တိုင်းတာလို့ ရပါတယ်။ အများဆုံးအသုံးပြုနေကြတာကတော့ BMI ပါပဲ။
အဝလွန်ခြင်းနဲ့ ဆက်စပ်နေတဲ့ရောဂါတွေကတော့ ...
. အပြည့်အစုံဖတ်ရှုရန် အောက်ပါ link တွင်ဝင်ရောက်ဖတ်ရှုပါ။ ...

https://bit.ly/3iOeZKe

မှတ်ချက်။ ။ အထက်ပါအကြောင်းအရာနှင့် ပတ်သက်၍ အသေးစိတ်သိရှိလိုပါက Hotline နံပါတ် 09400558803သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီအချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်တိုင်ပင်ဆွေးနွေးနိုင်ပါပြီ။

Zawgyi

အဝလွန်ခြင်း၏ နောက်ဆက်တွဲ ပြဿနာများ
×××××××××××××××××××××××××××××
ဆေးပညာရှုထောင့်ကကြည့်ရင် ခန္ဓာကိုယ်ပိန်ခြင်းကြောင့် ဖြစ်တဲ့ရောဂါဆိုတာ မရှိသလောက်ပါပဲ။ အဝလွန်ခြင်းကြောင့်တော့ ခေါင်းအစ၊ ခြေထောက်အဆုံးထိ ခန္ဓာကိုယ်တစ်ခုလုံးမှာ ရောဂါတွေရနိုင်ပါတယ်။

လူတစ်ယောက် “ဝလား” ၊ “မဝလား” ကို Waist Hip Ratio (ခါး၊ တင် အချိုးအဆ) နဲ့ တိုင်းတာလို့ရသလို Body Mass Index (ခန္ဓာကိုယ် ထုညွှန်ကိန်း) လို့ခေါ်တဲ့ BMI နဲ့လည်း တိုင်းတာလို့ ရပါတယ်။ အများဆုံးအသုံးပြုနေကြတာကတော့ BMI ပါပဲ။
အဝလွန်ခြင်းနဲ့ ဆက်စပ်နေတဲ့ရောဂါတွေကတော့ ...
. အပြည့်အစုံဖတ်ရှုရန် အောက်ပါ link တွင်ဝင်ရောက်ဖတ်ရှုပါ။ ...

https://bit.ly/3iOeZKe

မှတ်ချက်။ ။ အထက်ပါအကြောင်းအရာနှင့် ပတ်သက်၍ အသေးစိတ်သိရှိလိုပါက Hotline နံပါတ် 09400558803 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီအချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်တိုင်ပင်ဆွေးနွေးနိုင်ပါပြီ။

Address

တာမွှေမြို့နယ်
Yangon
959

Alerts

Be the first to know and let us send you an email when Dr.Tin Mg Htwe posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Dr.Tin Mg Htwe:

Shortcuts

Share