Myat ဆေးနှင့် စတိုး

Myat ဆေးနှင့် စတိုး My Knowledge�

07/11/2025

Check out Myat pharmacy’s video.

15/03/2025

❝ ၈ သုံးလုံးဆောင် အိုတောင် မဆင်းရဲ ❞

လူတစ်ယောက်နဲ့တစ်ယောက် တစ်ရက်ကို ၂၄ နာရီ ရနေပါရဲ့၊ တချို့ကျ အချိန်ကို ကောင်းကောင်းကြီး အသုံးချနိုင်တယ်။ တချို့က အချိန်ရှိတုန်းကျ ပစ်စလက်ခတ်နေပြီးမှ အချိန်မလောက်ဘူး၊ အချိန်မရှိဘူးလို့ ဆိုတယ်။ လူချင်းတူတူပဲ။

ဒါပေမဲ့ တစ်ယောက်နဲ့တစ်ယောက် အချိန်တွေခွဲဝေပုံချင်း မတူတာကို ကြည့်လိုက်တော့ မသိရင်၊ အချိန်တွေကပဲ လူတွေကို မျက်နှာသာလိုက်ပေးနေသလိုလို၊ ဆင်းရဲချမ်းသာ ရုပ်ချော အကျည်းတန် စသဖြင့် ခွဲခြားဆက်ဆံပေးနေနေသလို၊ ဒီလိုထင်စရာရှိတယ်။

တကယ်တမ်း အဲဒါ အချိန်နဲ့မဆိုင်ဘူး။ အချိန်ကို သုံးစွဲနေကြတဲ့ လူနဲ့ဆိုင်တာ။ သဘောက Time ထက် Focus က ပိုအရေးကြီးတာ။ Time Management ထက် Attention Management က ပိုအရေးကြီးတာ။ အချိန်ထက် ကိုယ့်ရဲ့ စိတ်ပါဝင်စားမှု၊ အားစိုက်ထုတ်မှု၊ အာရုံစူးစိုက်မှုတွေကပဲ ပိုအရေးကြီးတာ။

ဒါဖြင့် တစ်နေ့မှာ ၂၄ နာရီ ရတာချင်း အတူတူ ဘာလို့များ တချို့က အချိန်လောက်ပြီး တချို့က အချိန်မလောက်ဘူးလို့ ဆင်​ခြေပေးကြတာလဲ မေးရင် သူတို့အချိန်အပေါ်မှာ ဘယ်လောက်ထိ အာရုံစိုက်လဲ၊ ဒါကို သေချာပြန်ကြည့်ဖို့ လိုတယ်။

အာရုံစူးစိုက်မှု နှေးကွေးရင် တစ်ရက် နာရီ ၁၀၀၀၀ ပေးလဲ မလောက်တဲ့သူက မလောက်တာပဲ။ အာရုံစူးစိုက်မှုက အားကောင်းရင် နာရီဝက်နဲ့ အချိန်ကို အကျိုးရှိရှိ အသုံးချသူက ချတာပဲ။ ဆိုတော့ အချိန်ခွဲဝေသုံးစွဲဖို့ အခက်အခဲ ရှိနေသူတွေအတွက် Robert Owen (ရော်ဘတ် အိုဝမ်) ရဲ့ 8-8-8 Rule (၈ သုံးလုံး ဥပဒေသ) အကြောင်းကိုမျှဝေပေးချင်တယ်။

🔳 8 Hours of Quality Sleep (အိပ်စက်ချိန် ၈ နာရီ)

အိပ်စက်ခြင်းက အကောင်းဆုံး အနားယူခြင်း ဖြစ်သလို၊ ကမ္ဘာပေါ်မှာ ရှိတဲ့ ဘယ်သူမဆို ချိုးပြနိုင်တဲ့ စံချိန်တွေအထဲမှာ မအိပ်ဘဲ နေပြနိုင်တဲ့စံချိန် အခုထက်ထိ မရှိသေးဘူး။ တစ်​ယောက်မှလဲ မလုပ်ပြနိုင်သေးဘူး။ သဘောက အိပ်စက်ခြင်းဆိုတာ အရာရာပဲ။ မအိပ်ဘဲ နေနိုင်တဲ့လူမှ မရှိတာ။ ဒါ့ကြောင့်.. အလုပ်တွေ များပါစေ၊ အိပ်ချိန်မှန်ဖို့လိုတယ်။

တစ်ခုတော့ ရှိတယ်၊ အိပ်ချိန်မှန်ဖို့ လိုတယ်ဆိုပြီး အရပ်စကားနဲ့ ပြောရရင် “ ကာလနဂါးဝင်ပူးနေသလို အိပ်ခြင်းမျိုးနဲ့တော့ တစ်ချိန်လုံး အအိပ်မက်နေလို့တော့ မရဘူး။ ” အဲဒါ လူဖျင်းတွေ လုပ်တတ်တဲ့ အကျင့်ဆိုးတွေ။

🔲 8 Hours of Fulfilling Work (အလုပ်ချိန်ကို ၈ နာရီထားပါ)

စီးပွားရေး လုပ်တာပဲ ဖြစ်ဖြစ်၊ ဝမ်းရေးကျောင်းနေရတာပဲဖြစ်ဖြစ်၊ အလုပ်ချိန်ကို ၈ နာရီ အနည်းဆုံးထားပြီးတော့ပဲ လုပ်ပါ။ အဲဒီအလုပ်ချိန်အတွင်းမှာ အလေလိုက်မယ် မကြံနဲ့၊ ကယောက်ကယက် မဖြစ်နေနဲ့၊ မတွေဝေနဲ့၊ လုပ်စရာ ရှိ ခပ်သွက်သွက်လေးလုပ်။ လက်စသတ်စရာရှိတာ.. မြန်မြန် ဖြတ်။ အလုပ်ပြီးမှ အနားယူ။ မပြီးသေးဘဲ မနားလိုက်နဲ့။

🔳 8 Hours of Enjoying & Restful Activity (စိတ်ပျော်ရာ လုပ်ဖို့နဲ့ စိတ်အေးချမ်းဖို့ ၈ နာရီအချိန်ပေးပါ)

အလုပ်ချည်း တစ်ချိန်လုံး လုပ်နေလို့မရသလို တစ်ချိန်လုံး အိပ်နေမယ်ဆိုလဲ ဘယ်အဆင်ပြေမလဲ။ သွေးလည်ပတ်မှု ကောင်းအောင် အားကစားလေး ဘာလေး ထလုပ်ပေးပါ။ ဘောလုံးကန်တတ်ရင် ဘောလုံးကန်..၊ နှစ်နာရီ အများဆုံးထားပြီး လမ်းလေးဘာလေး လျှောက်။ မဟုတ်ရင် ကိုယ် Passionate ဖြစ် စိတ်အားထက်သန်တာလုပ်၊ ဝါသနာပါရာ လုပ်နေကြည့်၊ လေ့လာစရာတစ်ခုခု ရှိလား ဒါဆို လေ့လာလိုက်၊ ဘယ်တော့မှ အကျိုးမမဲ့ဘူး။ စိတ်ငြိမ်ဖို့ဆိုရင် တရားထိုင်၊ ရောဂကျင့်၊ စာဖတ်၊ အသံစာအုပ်တွေ နားထောင်၊ ShweNote နဲ့သာ အနားယူကြည့်ပါ။ စိတ်ငြိမ်နေစေရမယ်။

နေ့တိုင်း အဲလိုလေး နေပေး သူများနဲ့ မတူ ကွဲထွက်နေတဲ့ Life style (ဘဝနေထိုင်မှုပုံစံ) အသစ်တစ်ခုကို ရလာလိမ့်မယ်ဆိုတာ ရဲရဲကြီး အာမခံတယ်။ အချိန်နဲ့ပတ်သက်လာရင် အချိန်အကြောင်း နားလည်လာစေမဲ့ စာအုပ်ကောင်းတွေ ShweNote ထဲမှာ အများကြီး ရှိပါတယ်။

📌 ShweNote ထဲက စာအုပ်တွေကို အသံနဲ့ရော စာနဲ့ပါ ဖတ်ရှု နားထောင်ချင်တယ်ဆိုရင်တော့ အခမဲ့စာအုပ် ၁၀ အုပ်ကို အစမ်းနားထောင်လို့ ရပါတယ်ဗျ

📌 အခမဲ့စာအုပ် နားထောင်တဲ့လူတိုင်းအတွက်လဲ မတ်လထဲမှာ ShweNote က လျှော့ဈေးနဲ့ စာဖတ်လို့ရအောင် စီစဉ်ပေးထားပါသေးတယ် ဗျ

📌 လျှော့စျေးလက်ဆောင်ရချင်တယ်ဆိုရင် အခုပဲ 𝑺𝒉𝒘𝒆𝑵𝒐𝒕𝒆 page Messenger မှာ လာရောက် မေးမြန်းနိုင်သလို 𝟎𝟗𝟗𝟒𝟎𝟎𝟖𝟒𝟒𝟒𝟒 ကို ဖုန်းဆက်ပြီး လက်ဆောင်သွားယူလိုက်ဖို့ တိုက်တွန်းလိုက်ပါတယ်ခင်ဗျ

#စာဖတ်ရင်းလက်ဆောင်ယူ
#သင့်ဖုန်းထဲကဒီဂျစ်တယ်စာကြည့်တိုက်

အချိန်နဲနဲလေး ရတာနဲ့ Nutrition အဆတ်လေးကိုဆတ်ပီးမျှဝေပေးချင်ပါတယ်😊 Nutrition (အဟာရဓာတ်)ကို Macronutrients Vs Micronutrien...
25/11/2024

အချိန်နဲနဲလေး ရတာနဲ့ Nutrition အဆတ်လေးကိုဆတ်ပီးမျှဝေပေးချင်ပါတယ်😊
Nutrition (အဟာရဓာတ်)ကို
Macronutrients Vs Micronutrients ဆိုပီး 2မျိုးခွဲထားပါတယ်
ပထမဦးဆုံး Macronutrients ကို ပြောပြပေးပါမယ်
Macronutrients က မိမိတို့ခန္ဓာကိုယ်အတွက် ပမာဏများစွာလိုအပ်သောအဟာရဓာတ်များကို Macronutrients လို့ခေါ်ပါတယ်
Macronutrient မွာ
Carbohydrates (ကစီဓာတ်)
Fats. (အဆီ)
Proteins (အသားဓာတ်) ဆိုပီး အုပ်စု၃ခုရှိပါတယ်။
နောက်တခုက ရေသည်ခန္ဓာကိုယ်အတွက် ပမာဏများစွာလိုအပ်တာကြောင့်ရေ ကလဲ Macronutrients အုပ်စုမှာပါဝင်ပါတယ်သို့သော် ရေသောက်ခြင်းဖြင့် calories မရပါ ။
ဒီနေ့တော့ Macronutrients အကြောင်းလေးကိုမျှဝေပေးသွားပါတယ်နော် နောက်နေ့မှာ Micronutrients အကြောင်းလေးဆတ်ပီး မျှဝေပေးသွားပါမယ်နော် စာဖတ်သူလဲ ဆေးဝါးနှင့်ကျန်းမာရေးဆိုင်ရာဗဟုသုများကို သိချင်တာရှိရင် comments ပေးခ့ဲပါနော် T M

Address

Yangon
01030

Website

Alerts

Be the first to know and let us send you an email when Myat ဆေးနှင့် စတိုး posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share