Dr Khine -Dermatologist

Dr Khine -Dermatologist M.,B.,B.S (YGN, UM2)
M.Med.Sc (Dermatology, UM1)
အရေပြားရောဂါမျိုးစုံကိုဆွေးနွေးတိုင်ပင်ရန်
Viber 09755267495သို့စာပို့ပါ။
**အခမဲ့မဟုတ်ပါ။**

"ဆေးစာတိုင်းမှာ သက်တမ်းရှိပါတယ်"အရေပြားရောဂါလူနာများ သတိပြုရန်ရက်ကျော်လွန်နေသော ဆေးစာဖြင့် အရေပြားဆေး(လိမ်းဆေး၊သောက်ဆေး)...
06/06/2026

"ဆေးစာတိုင်းမှာ သက်တမ်းရှိပါတယ်"

အရေပြားရောဂါလူနာများ သတိပြုရန်
ရက်ကျော်လွန်နေသော ဆေးစာဖြင့် အရေပြားဆေး(လိမ်းဆေး၊သောက်ဆေး)များကို မိမိသဘောဖြင့် ထပ်မံဝယ်ယူမသုံးစွဲပါနှင့်။
အရေပြားရောဂါများသည် အချိန်နှင့်အမျှ ပြောင်းလဲတတ်ပြီး ရောဂါတစ်မျိုးနှင့်တစ်မျိုး ဆင်တူသော လက္ခဏာများ ရှိနိုင်ပါသည်။
ယခင်က ဆရာဝန်ညွှန်ကြားခဲ့သော ဆေးစာဖြင့် ရံဖန်ရံခါ၊လများစွာ သို့မဟုတ် နှစ်များစွာကြာပြီးနောက် ဆေးဆိုင်များတွင် ဆေးစာအဟောင်းများ ပြ၍ပြန်လည်ဝယ်ယူသုံးစွဲခြင်းသည် အန္တရာယ်ရှိနိုင်ပါသည်။
ဘာကြောင့် အန္တရာယ်ရှိသလဲ?
• ယခင်ရောဂါနှင့် ယခုဖြစ်နေသော ရောဂါ မတူတော့နိုင်ပါ
• Steroid ပါသော လိမ်းဆေးများကို မသင့်တော်စွာ ကြာရှည်အသုံးပြုခြင်းကြောင့် အရေပြားပါးခြင်း၊ သွေးကြောပေါ်ခြင်း၊ ဝက်ခြံထွက်ခြင်းနှင့် အရောင်ပြောင်းလဲခြင်းများ ဖြစ်နိုင်ပါသည်။
• မှိုပိုးရောဂါများတွင် Steroid လိမ်းဆေးကို မိမိသဘောဖြင့် အသုံးပြုပါက ရောဂါပိုမိုပြန့်ပွားပြီး ကုသရခက်ခဲလာနိုင်ပါသည်။
• ဝက်ခြံ၊ အရေပြားယားယံခြင်း၊ အဖုအပိန့်များအတွက် သုံးခဲ့သော ဆေးများသည် ယခုအခြေအနေအတွက် မသင့်တော်တော့နိုင်ပါ။
• သောက်ဆေးများတွင်လည်း ဆေးဘေးထွက်ဆိုးကျိုးများနှင့် အခြားသောက်နေသော ဆေးများနှင့် အပြန်အလှန်သက်ရောက်မှုများ ဖြစ်နိုင်ပါသည်။
အရေပြားပြဿနာ ပြန်ဖြစ်လာပါက
✔ ဆရာဝန်နှင့် ပြန်လည်တိုင်ပင်စစ်ဆေးပါ။
✔ ရောဂါအခြေအနေအသစ်အပေါ် မူတည်၍ သင့်လျော်သော ကုသမှုကို ခံယူပါ။
✔ ဆေးစာဟောင်းများဖြင့် ဆေးဝယ်ယူသုံးစွဲခြင်းကို ရှောင်ကြဉ်ပါ။
✔️ရက်ချိန်းပြန်ပြရန်လိုပါကပြန်ပြရန်
သင့်အရေပြားသည် ယခင်ကနှင့် မတူတော့နိုင်ပါ။ ထို့ကြောင့် ဆေးစာဟောင်းထက် ဆရာဝန်၏ လက်ရှိအကြံပြုချက်က ပိုအရေးကြီးပါသည်။

လူနာအများစုက "ဒီဆေးနဲ့ အရင်တုန်းကပျောက်ဖူးတယ်" ဆိုပြီး လများစွာ၊ နှစ်များစွာကြာတဲ့ ဆေးစာကို ပြန်ပြပြီး ဆေးဝယ်သုံးတတ်ကြပါတယ်။
ဒါပေမယ့် ဆရာဝန်ရေးပေးတဲ့ ဆေးစာဟာ Time-Limited Prescription ဖြစ်ပါတယ်။
ဆိုလိုတာက ဆေးစာတစ်စောင်ဟာ လူနာရဲ့ အဲဒီအချိန်က ရောဂါအခြေအနေ အတွက်သာ သင့်တော်တာဖြစ်ပြီး အမြဲတမ်းအသုံးပြုဖို့ ရေးပေးထားတာ မဟုတ်ပါဘူး။
ဥပမာ - 🔹 ဝက်ခြံအတွက် ၃ လကုပေးထားတဲ့ ဆေးစာဟာ ၁ နှစ်ကြာပြီးနောက် ပြန်ထွက်လာတဲ့ ဝက်ခြံအတွက် မသင့်တော်တော့နိုင်ပါ။
🔹 ယားနာ၊ နှင်းခူ၊ မှိုပိုး စတဲ့ အရေပြားရောဂါတွေက လက္ခဏာဆင်တူပေမယ့် ကုသနည်း မတူကြပါဘူး။
🔹 Steroid လိမ်းဆေးတွေကို ဆေးစာဟောင်းနဲ့ ထပ်သုံးနေရင် အရေပြားပါးခြင်း၊ သွေးကြောပေါ်ခြင်း၊ မှိုပိုးရောဂါ ပိုဆိုးလာခြင်းတို့ ဖြစ်နိုင်ပါတယ်။
"အရင်က ပျောက်ခဲ့တဲ့ဆေး" က "အခုဖြစ်နေတဲ့ရောဂါ" အတွက် မှန်ကန်တဲ့ဆေးဖြစ်မယ်လို့ မယူဆသင့်ပါ။
အရေပြားပြဿနာ ပြန်ဖြစ်လာရင် ဆေးစာဟောင်းနဲ့ ဆေးမဝယ်ဘဲ အရေပြားဆရာဝန်နှင့် ပြန်လည်တိုင်ပင်စစ်ဆေးပါ။
ဆေးစာတိုင်းမှာ သက်တမ်းရှိပါတယ်။ ရောဂါအခြေအနေ အသစ်အတွက် စစ်ဆေးမှုအသစ် လိုအပ်ပါတယ်။




#ဆေးစာတိုင်းမှာသက်တမ်းရှိပါတယ်

Peptide အကြောင်းလေးမျှဝေပါမယ်🟣Peptide ဆိုသည်မှာ အသားအရေကို တင်းရင်းချောမွေ့စေသည့် Protein (ကော်လာဂျင်) ၏ အခြေခံ Building...
20/05/2026

Peptide အကြောင်းလေးမျှဝေပါမယ်

🟣Peptide ဆိုသည်မှာ
အသားအရေကို တင်းရင်းချောမွေ့စေသည့် Protein (ကော်လာဂျင်) ၏ အခြေခံ Building Block အမိုင်နိုအက်ဆစ် (Amino acid) သေးသေးလေးများ စုစည်းထားခြင်းဖြစ်သည်。အသားအရေကို အသစ်ပြန်လည်ပြုပြင်ရန် သဘာဝအတိုင်း နှိုးဆော်ပေးသော Skincare ပါဝင်ပစ္စည်းတစ်မျိုး ဖြစ်ပါသည်

🟢Peptide ၏ အဓိက အကျိုးကျေးဇူးများ
တင်းရင်းစေခြင်း - အသားအရေတွန့်ခြင်းကို ကာကွယ်ပေးပြီး ကော်လာဂျင် (Collagen) နှင့် အီလက်စတင် (Elastin) ထုတ်လုပ်မှုကို အားပေးသည်
အရေးအကြောင်းများ လျော့ကျစေခြင်း - မျက်နှာရှိ Fine lines များကို သက်သာစေသည်
အသားအရေ အစိုဓာတ် ထိန်းပေးခြင်း - အသားအရေ အတားအဆီး (Skin barrier) ကို ခိုင်မာစေပြီး အစိုဓာတ်ကို ထိန်းသိမ်းပေးသည်

🟡Peptide အမျိုးအစားများ
၁။ Signal Peptides: ကော်လာဂျင် အသစ်များ ထုတ်လုပ်ရန် အရေပြားဆဲလ်များကို ညွှန်ကြားနှိုးဆော်ပေးသည်
၂။ Carrier Peptides: ကြေးနီ (Copper) ကဲ့သို့ အသားအရေအတွက် လိုအပ်သော သတ္တုဓာတ်များကို အရေပြားအတွင်းသို့ ပို့ဆောင်ပေးသည်
၃။ Enzyme-Inhibiting Peptides: ကော်လာဂျင် ပျက်စီးယိုယွင်းမှုကို နှေးကွေးစေသည်

🟠ဘယ်သူတွေ အထူးသုံးသင့်လဲ
အသက် ၃၀ ကျော်လာ၍ အသားအရေ မတင်းရင်းတော့ဟု ခံစားရသူများ
မျက်နှာတွင် Fine lines (ပါးရေတွန့်ခြင်း) စတင်ပေါ်လာသူများ
အသားအရေ ထိခိုက်လွယ်သူများ (Sensitive Skin)

🟧သုံးစွဲပုံ အဆင့်ဆင့် (Skincare Routine)
မနက်/ည - နှစ်ချိန်လုံး သုံးနိုင်ပါသည်
အဆင့် - Cleanser (မျက်နှာသစ်) ➔ Toner ➔ Peptide Serum/Cream ➔ Moisturizer (အစိုဓာတ်ထိန်းခရင်မ်)
သတိပြုရန် - မနက်ပိုင်းတွင် Sunscreen (နေလောင်ကာခရင်မ်) မဖြစ်မနေ လိမ်းရန်လိုသည်

🤎🤎Peptide and other active ingredientsရောသုံးရမရ?
Peptide သည် အာနိသင်ပြင်းသော Acid များ (ဥပမာ- AHA/BHA) သို့မဟုတ် Vitamin C ကဲ့သို့ အခြား Skincare ပစ္စည်းများနှင့် တွဲဖက်သုံးစွဲရန် အထူးသင့်တော်ပြီး ဓာတ်မတည့်မှု အလွန်နည်းပါးသောကြောင့် အသားအရေ အမျိုးအစားမရွေး ယုံကြည်စိတ်ချစွာ သုံးစွဲနိုင်ပါသည်။

သတိထားရန်မှာ Peptide တွေဟာ ပြင်ပအပူချိန်၊ pH နဲ့ oxidation တို့အပေါ် အလွန် sensitive ဖြစ်လို့ အလွယ်တကူ ပျက်စီးတတ်တဲ့အတွက် အဆင့်မြင့်နည်းပညာများနဲ့ အထူးပြုလုပ်ထားခြင်းမရှိရင် မတည်ငြိမ် (Unstable)ပါဘူး။ ဒါပေမဲ့ Skincare ထုတ်လုပ်သူတွေက ၎င်းတို့ကို တည်ငြိမ်ပြီး အသားအရေထဲ စိမ့်ဝင်စေဖို့ Formulation မှာ အဆင့်မြင့် နည်းပညာတွေ အသုံးပြုထားတတ်ကြပါတယ်။
တကယ်အာနိသင် အပြည့်အဝရနိုင်မလားဆိုတာ အောက်ပါအချက်တွေပေါ် မူတည်ပါတယ် -
ထုပ်ပိုးမှုပုံစံ (Packaging): Peptide တွေဟာ လေနဲ့ အလင်းရောင်ထိတွေ့ရင် အာနိသင်လျော့ကျတတ်လို့ လေလုံတဲ့ Airless Pump (သို့) အလင်းကာနိုင်တဲ့ အုပ်ပိတ်ဘူးတွေနဲ့ ထုတ်လုပ်ထားတဲ့ Serum မျိုးကို ရွေးချယ်သင့်ပါတယ်။
Peptides တွေကို Retinol၊ Vitamin C (သို့) AHA/BHA စတဲ့ ပြင်းထန်တဲ့ Active Ingredients တွေနဲ့ တွဲသုံးတဲ့အခါ အာနိသင်ပြောင်းလဲသွားနိုင်ပါတယ်။

Q-အဲ့တာဆိုရင်peptide တွေကို တခြား vitc , AHA, BHA, RETINOL စတာတွေနဲ့ရောသုံးရင်ရမရ၊ရောထားသောskincareတချို့လဲတွေ့ရတယ် တချို့ကတွဲသုံးရင်ပိုကောင်တယ်ဟုဆိုပေမဲ့တချို့ကတွဲမသုံးရလို့လည်းဆိုတယ် ဘယ်ဟာအမှန်လဲ?

Peptide တွေကို Vit C, AHA, BHA, Retinol စတာတွေနဲ့ တွဲသုံးလို့ရပါတယ်။ တစ်ခါတရံ တမင်တကာ တွဲဖက်ထုတ်လုပ်ထားတဲ့ Skin Care တွေတောင် ရှိပါတယ်။ သို့သော် အာနိသင်ပျက်ပြားခြင်း (သို့) အရေပြားယားယံခြင်း မဖြစ်စေရန် အသုံးပြုပုံအဆင့်ဆင့်ကို ဂရုစိုက်ဖို့တော့ လိုအပ်ပါတယ်။
အောက်ဖော်ပြပါ အချက်များအတိုင်းစနစ်တကျ တွဲသုံးရင်ဖြစ်ပါတယ်-
၁။ အဘယ်ကြောင့် တွဲမသုံးသင့်ဟု ဆိုကြသနည်း။
အက်စစ်ဓာတ်ကြောင့် ပျက်ပြားခြင်း (pH levels): Peptide များသည် သတ်မှတ်ထားသော pH ပမာဏတစ်ခုတွင်သာ အလုပ်လုပ်နိုင်စွမ်း အကောင်းဆုံးဖြစ်ပါတယ် AHA, BHA နှင့် Vitamin C (L-Ascorbic Acid) ကဲ့သို့ ပြင်းထန်သော အက်စစ်ဓာတ်များ (pH နိမ့်) နှင့် ချက်ချင်း ရောထွေးလိမ်းမိပါက Peptide များ၏ မော်လီကျူးဖွဲ့စည်းပုံ ပျက်စီးသွားပြီး အာနိသင် ဆုံးရှုံးသွားတတ်ပါတယ်။
အရေပြား ယားယံခြင်း: Retinol, AHA နှင့် BHA တို့သည် အသားအရေကို ဆဲလ်အသစ်လဲလှယ်စေခြင်း (cell turnover)၊ အပေါ်ယံလွှာဖယ်ရှားခြင်းများ ပြုလုပ်ပေးရာတွင် အသားအရေကို ခြောက်သွေ့ခြင်း၊ နီမြန်းခြင်း၊ စပ်ဖျင်းဖျင်းဖြစ်ခြင်းတို့ ဖြစ်စေတတ်ပါတယ်။

၂။ ထိရောက်အောင် မည်သို့ တွဲသုံးမည်နည်း။
စောင့်ဆိုင်းပြီး လိမ်းခြင်း (Waiting Time): အက်စစ် (AHA/BHA/Vit C) သုံးပြီးနောက် ၎င်းတို့အလုပ်လုပ်ရန်နှင့် အသားအရေ၏ pH ပုံမှန်ပြန်ဖြစ်ရန် မိနစ် ၂၀ - ၃၀ ခန့် စောင့်ပြီးမှ Peptide ကို လိမ်းပေးသင့်ပါတယ်။
အချိန်ခွဲ၍ လိမ်းခြင်း: အကယ်၍ ပြင်းထန်သော Active Ingredients များကို တစ်နေ့တည်းတွင် အပြည့်အဝ အသုံးပြုလိုပါက နံနက်ပိုင်းတွင် Vitamin C ကို သုံးပြီး၊ ညပိုင်းတွင် Retinol သို့မဟုတ် AHA/BHA ကို သုံးကာ၊ Peptide ကို နေ့ရောညပါ အစိုဓာတ်ထိန်းပေးရန် သီးသန့်အသုံးပြုခြင်းက အကောင်းဆုံး နည်းလမ်းဖြစ်ပါတယ်။

၃။ ပိုမိုကောင်းမွန်စေသော တွဲဖက်မှုများ
အက်စစ် (သို့) Retinol ကြောင့် အသားအရေ ထိခိုက်ယားယံခြင်း၊ အစိုဓာတ်ဆုံးရှုံးခြင်းများ မဖြစ်ပေါ်စေရန် Peptide က အရေပြားအတားအဆီး (Skin Barrier) ကို ပြုပြင်ပေးပြီး ရေဓာတ်ဖြည့်ပေးနိုင်သဖြင့် ၎င်းတို့ကို တွဲသုံးခြင်းသည် အသားအရေကို ပိုမို ကြံ့ခိုင်စေပါတယ်。
ယခုနောက်ပိုင်း ထုတ်လုပ်ထားသော Skin care အများစုတွင်မူ အာနိသင်မပျက်ပြားစေရန် ဓာတုနည်းပညာဖြင့် ဖော်စပ်ထားသောကြောင့် တိုက်ရိုက်တွဲသုံးနိုင်အောင် ပြုလုပ်ထားကြပါတယ်။

အချုပ်အားဖြင့်ဆိုရသော် တစ်ပြိုင်နက်တည်း ရောလိမ်းခြင်းမျိုးကို ရှောင်ကြဉ်ပြီး အချိန်ခြား၍ အသုံးပြုမည်ဆိုပါက Peptide သည် အခြား Active Ingredients များနှင့် အလွန်လိုက်ဖက်ပြီး အသားအရေကို ပိုမိုလှပကျန်းမာစေနိုင်ပါတယ်။

🤍🤍အရေပြား စိမ့်ဝင်နိုင်စွမ်း (Delivery System):
သာမန် Peptide ကြီးတွေက အသားအရေထဲ အလွယ်တကူ မစိမ့်ဝင်နိုင်ပါဘူး။ ဒါကြောင့် အာနိသင်အပြည့်ရဖို့ Serum တွေမှာ သေးငယ်တဲ့ Peptides တွေ (သို့) အဆီဖုံးပေးထားတဲ့ (Encapsulated) နည်းပညာသုံး ထုတ်ကုန်များကိုသာ ရွေးချယ်အသုံးပြုသင့်ပါတယ်။

🟪🟫🟨ယုံကြည်စိတ်ချရသောBrandsများ
1-Medicube PDRN Pink Peptide Serum (Korea):
အသားအရေအိုမင်းရင့်ရော်မှုကို တားဆီးရန်အတွက် ကောင်းမွန်သော နည်းပညာမြင့် Peptide နှင့် ဆဲလ်ပြန်လည်ရှင်သန်စေသော PDRN ဓာတ်တို့ကို ပေါင်းစပ်ဖော်စပ်ထားသည်

2-SkinCeuticals(US): အထူးသဖြင့် ၎င်းတို့၏ P-Tiox Anti-Wrinkle Peptide Serum သည် အရေးအကြောင်းများကို လျော့ပါးစေရန် Peptide များ (Acetyl Hexapeptide-8 စသည်) ကို အဆင့်မြင့် နည်းပညာဖြင့် ပေါင်းစပ်ထုတ်လုပ်ထား၍ နာမည်အကြီးဆုံးနှင့် အထိရောက်ဆုံး Brand တစ်ခု ဖြစ်ပါသည်

3-Allies of Skin(Singapore): ၎င်းတို့၏ Multi Peptides & GF Advanced Lifting Serum သည် အသားအရေ တင်းရင်းလှပစေရန်အတွက် Peptides ၉မျိုး၊ Growth Factors များနှင့် အဆင့်မြင့် Antioxidants များကို ထည့်သွင်းထားသောကြောင့် အထူးကောင်းမွန်ပါသည်。

4-Medik8(UK): ဗြိတိန်အခြေစိုက် Liquid Peptides Advanced MP Face Serum သည် Peptide Complex အစုံအလင်ကို အသားအရေ အတွင်းပိုင်းထိ စိမ့်ဝင်စေနိုင်သော နည်းပညာဖြင့် ဖော်စပ်ထားသောကြောင့် ရလဒ် သိသာစေပြီး နာမည်ကျော်ပါသည်

5-SkinMedica(US): TNS Advanced+ Serum သည် အသားအရေ ဆဲလ်အသစ်ပြန်လည်ဖြစ်ပေါ်ရေး နည်းပညာကို အသုံးပြုထားသောကြောင့် အိုမင်းရင့်ရော်မှုကို ကာကွယ်ရန် အဆင့်မြင့်ဆုံးနှင့် လူကြိုက်အများဆုံး Brand ဖြစ်ပါသည်

6-The Ordinary(Canada): အကယ်၍ ဘတ်ဂျက်သင့်တင့်ပြီး ထိရောက်မှုရှိသော ပစ္စည်းကို ရှာဖွေနေပါက Multi-Peptide + Copper Peptides 1% Serum သည် Peptide အမျိုးအစားစုံလင်စွာ ပါဝင်သဖြင့် နာမည်အကြီးဆုံးနှင့် လူတိုင်းသုံးနိုင်သော ရွေးချယ်မှုတစ်ခု ဖြစ်ပါသည်


#အရေပြားရောဂါမျိုးစုံဆွေးနွေးတိုင်ပင်နိုင်ပါသည်

Skincare ဝယ်ယူတဲ့အခါအောက်ပါအချက်တွေကို သေချာစဉ်းစားပြီးဝယ်ရင် အရမ်းအသုံးဝင်ပါတယ် 👇🔎 1. မိမိအသားအရေအမျိုးအစားကို အရင်သိပါ...
26/04/2026

Skincare ဝယ်ယူတဲ့အခါအောက်ပါအချက်တွေကို သေချာစဉ်းစားပြီးဝယ်ရင် အရမ်းအသုံးဝင်ပါတယ် 👇

🔎 1. မိမိအသားအရေအမျိုးအစားကို အရင်သိပါ
Skin type အလိုက်ရွေးချယ်မှုက အရေးကြီးဆုံးပါ
-Oily skin (အဆီပြန်) → Oil-free, non-comedogenicရေးထားတာမျိုးရွေးချယ်သုံးပါ
-Dry skin (ခြောက်သွေ့) → Moisturizing, hydratingပါတာဦးစားပေးသုံးပါ
-Combination → Balance type,all skin type,combination ဆိုပြီးပါတာမျိုးရွေးပါ
-Sensitive skin → Fragrance-free, alcohol-free ဖြစ်တာသုံးပါ
-Acne-prone ဝက်ခြံအရေပြား → Salicylic acid / Niacinamide ပါဝင်တာရွေး (ဝက်ခြံကိုဆေးကုသမှုခံယူနေပါက ဆေး၏chemicalနှင့်ပေါင်းသုံးရန်သင့်တော်မှုရှိမရှိ ဆိုတာပါထည့်တွေးရသည့်အတွက် သက်ဆိုင်ရာဆရာဝန်ထံမေးမြန်းပြီးမှ ရွေးချယ်သုံးသင့်ပါတယ်)

🧪 2. Ingredients (ပါဝင်ပစ္စည်း) ကို နားလည်ပြီးရွေးပါ
✔️ အသုံးဝင်တဲ့ Ingredients
-Hyaluronic Acid → ရေဓာတ်ဖြည့် (အသားခြောက်သူအdry skinအတွက်သင့်တော်)
-Niacinamide → oil control အဆီထိန်း+ brightening ဝင်းပစေ
-Salicylic Acid → acne skin ဝက်ခြံအရေပြား
-Vitamin C → brightening အသားရောင်အမဲစက် တင်းတိတ် ရှိသူသင့်တော်
-Ceramide → barrier repair (skin barrier ထိခိုက်ပျက်စီးထားသူအတွက်သင့်တော်)

⚠️ ရှောင်သင့်တဲ့ Ingredients (Sensitive skinသမားမှာရှောင်ရန်)
Alcohol (Denatured alcohol)
Artificial fragranceအနံ့ပြင်းတာ
Paraben (တချို့ sensitive တွေမှာ reaction ဖြစ်နိုင်)

🏷️ 3. Label စစ်ဆေးရန် (အရမ်းအရေးကြီး)
✔️ Expire Date
✔️ Manufacturing Date
✔️ Batch Number
✔️ Made in (နိုင်ငံ)နှင့်ထိုနိုင်ငံတွင်းသုံးစွဲခွင့်ပြုထားလားစစ်ရန်
✔️ QR code scan (authentic ဖြစ်/မဖြစ်စစ်)
✔️ FDA approval (Myanmar FDA)
👉 Myanmar မှာတော့
Food and Drug Administration Myanmar
registration number ပါရင်ပိုစိတ်ချရပါတယ်

📱 4. QR Scan & Authentic Check
Official app / website မှ scan လုပ်ပါ
Fake product တွေမှာ QR scan မဖြစ်တာများတယ်
Facebook seller မှာသာဝယ်မယ့်အခါ page review check လုပ်ပါ
သတိ
❌❌Cele ၊ သရုပ်ဆောင် တွေရဲ့ review ကောင်းတိုင်းမဝယ်ပါနှင့် ❌❌
❌MLM ဟုတ်မဟုတ်သေချာစုံစမ်းပါ❌❌
နောက်မှMLM အကြောင်းထပ်ရေးပါမယ်

🛒 5. ဝယ်ယူရာနေရာ Tips
✔️ Official store / pharmacy မှဝယ်ပါ
✔️ Authorized distributor
✔️ Too cheap → fake ဖြစ်နိုင်
✔️ Tester try လုပ်ပြီးမှဝယ် (patch test)

⚠️ 6. Patch Test မမေ့ပါနဲ့
နားနောက် / လက်မောင်းမှာ 24hr testလုပ်ပြီး
rednessနီခြင်း / itching ယားခြင်းဖြစ်ပါက→ မသုံးသင့်

⛔️7.မတွဲသင့်တဲ့skin care နှင့်ဆေးများ
အရေပြားဆေးကုသမှုခံယူနေရသူများမှာSkincare ကို မှန်ကန်စွာမတွဲသုံးတာကြောင့် irritation ခေါ်အရေပြားထိခိုက်မှု/ acne worsen ဝက်ခြံပိုဆိုးမှု/ skin barrier damage အရေပြား barrierပျက်စီးမှု ဖြစ်တာတွေ အများကြီးတွေ့ရပါတယ်။
အောက်မှာ မတွဲသုံးသင့်တဲ့ combinationsတွေအကြမ်းဖျင်းရေးပေးထားပါတယ် 👇
⚠️ 1. မတွဲသုံးသင့်တဲ့ Skincare / ဆေး combinations
❌ (1) Retinol + AHA/BHA
Retinol (Vitamin A) +
Glycolic Acid / Salicylic Acid
👉 Over-exfoliation → skin barrier damage, peeling အရေပြားကွာခြောက်တာ ပျက်စီးတာ
❌ (2) Retinol + Benzoyl Peroxide
Retinol + Benzoyl peroxide
👉 Retinol အာနိသင် လျော့ + irritationအသားလောင်တာဖြစ် တက်
(ဥပမာ acne cleanser တွေမှာ benzoyl peroxide ပါတတ်ပါတယ် )
❌ (3) Vitamin C + Niacinamide (high concentration)
Low % ok ပေမဲ့
High % တွဲ ရင်→ flushing / redness
ရဲတာဖြစ်နိုင်
❌ (4) Vitamin C + AHA/BHA
👉 → irritation လောင်တာ/ sensitivity ခေါ်အရေပြားsensitiveဖြစ်တတ်
❌ (5) Multiple Exfoliants (AHA + BHA + Scrub)
👉 skin thinning / breakoutsဝက်ခြံပိုထွက် အသားရေခြောက်တာ၊ပါးလာတာဖြစ်
❌ (6) Steroid cream + Acne skincare
topical steroid (Betamethasone etc.) + acne products
👉 steroid acne, rebound ဝက်ခြံပြန်ကန်တာဖြစ်နိုင်
❌ (7) Strong acne treatment တွေကို overuseလုပ်ပါက
ဥပမာ👇
Benzoyl peroxide cleanser + Salicylic acid toner + Retinol serum
👉 skin barrier ပျက်နိုင်
ဥပမာ မိမိကဝက်ခြံအရေပြားမို့ skin care seriesတခုလုံးကိုဝက်ခြံသမားသုံးတာဝယ်တယ် တပြိုင်တည်းဆရာဝန်ဆီမှာလဲဆေးကုသမှုခံယူနေတယ် ဆိုပါက ဆရာဝန်ကလဲဝက်ခြံဆေးလိမ်းဆေးတွေပေးမယ် ဆေးရော skin careတွေအကုန်က ဝက်ခြံသက်သာစေတာတွေပဲသုံးနေရင်းနဲ့ overuse /extreme တွေဖြစ်တတ်ပါတယ်
ဒါကြောင့် တွဲမသုံးသင့်တဲ့ အခြေအနေတွေရှိလို့ သက်ဆိုင်ရာဆရာဝန်ကိုမေးမြန်းဝယ်ယူတာကောင်းပါတယ်

⚠️ အမှားများလေ့ရှိတဲ့ Real-life Combination
The Ordinary AHA peeling solution + Retinol ❌
COSRX BHA + Vitamin C ❌
CeraVe SA cleanser + exfoliating toner ❌
Acne cream + whitening cream (unknown ingredients ပါဝင်ပစ္စည်းမသိပဲသုံးတာ) ❌

🧴 8. မြန်မာပြည်မှာ လွယ်ကူစွာရနိုင်ပြီး quality ကောင်းတဲ့ စိတ်ချရတဲ့brandsတချို့ကိုဖော်ပြပေးထားပါတယ် ၊အတုတော့ရွေးမဝယ်မိစေရန်သတိထားပါ👇
🌍 International Brands
CeraVe → barrier repair (ceramide rich)
La Roche-Posay → sensitive skin
The Ordinary → active ingredients focused
Neutrogena → acne & daily skincare
Cetaphil → sensitive skin

🇰🇷 Korean Brands
COSRX → acne skin
Innisfree → natural extracts
Laneige → hydration

🇯🇵 Japanese Brands
Hada Labo → hydration (hyaluronic acid)
Shiseido → premium skincare

Brand (Midစျေးအသင့်မှ→ High range
စျေးကြီး)
⭐ Mid-range brands(စျေးသင့်)
CeraVe → barrier repair (ceramide)
Cetaphil → sensitive skin
Neutrogena → daily use
Hada Labo → hydration
COSRX → acne care
👉 ဥပမာ
CeraVe cleanser → salicylic acid + ceramide ပါဝင်ပြီး acne control + barrier support လုပ်ပေးတယ် �

⭐ Upper Mid-range(စျေးအလယ်အလတ်)
La Roche-Posay → sensitive + acne
Bioderma → micellar water famous
Avene → sensitive skin soothing
Eucerin → medical skincare

⭐ High-end / Premium (စျေးအမြင့်လိုင်း)
SK-II → brightening
Shiseido → anti-aging
Estée Lauder → serum (ANR famous)
Laneige → hydration

🛒 . 9-မြန်မာမှာဝယ်တဲ့အခါ extra tips
✔️ Pharmacy စိတ်ချရတဲ့ဆေးဆိုင် / official စတိုးမှာသာဝယ်ပါ
✔️ FDA registration checkရှိမရှိစစ်ပါ
✔️ QR scan လုပ်ပါ
✔️ Too cheapစျေးသိပ်ပေါနေရင် → အတုအပသတိထားပါ (စျေးပေါတိုင်းလဲမ​ေကာင်းတာ၊အတုဖြစ်တာလို့ဆိုလိုတာမဟုတ်ဘူးနော်)
✔️ MLM သတိထားပါ

ပုံက free AI image generator နဲ့ လုပ်ထားတော့ font errorလေးတချို့သည်းခံဖတ်ပေးပါရန်


#အရေပြားရောဂါမျိုးစုံဆွေးနွေးတိုင်ပင်နိုင်ပါသည်

ွေးချယ်နည်း

ခုပြောမှာကတော့ Steatocytoma multiplex ခေါ်အရေပြားအဆီရည်ဖုရောဂါအကြောင်းလေးပါSteatocytoma Multiplex (အဆီအိတ်လုံးများဖြစ်သေ...
23/04/2026

ခုပြောမှာကတော့ Steatocytoma multiplex ခေါ်အရေပြားအဆီရည်ဖုရောဂါအကြောင်းလေးပါ

Steatocytoma Multiplex (အဆီအိတ်လုံးများဖြစ်သောရောဂါ) ဆိုတာဟာ အရေပြားအောက်မှာ အဆီပါဝင်တဲ့ cyst (အိတ်သေးသေးများ) တွေ များများဖြစ်လာတဲ့ ရောဂါတစ်မျိုးပါ။ အသက်ငယ်ရွယ်ချိန်—အထူးသဖြင့် လူငယ်/အသက် ၁၀–၃၀ ဝန်းကျင်မှာ စတင်တွေ့ရတတ်ပါတယ်။
🔎 ရောဂါလက္ခဏာများ
အရေပြားအောက်မှာ အိတ်သေးသေးလုံးလုံး တွေ ဖြစ်လာခြင်း
အရောင်က အသားရောင်၊ အဝါနည်းနည်း၊ သို့မဟုတ် နည်းနည်းပြာပြာ ဖြစ်နိုင်
များသောအားဖြင့်အဖြစ်များတာက
ရင်ဘတ်
ကျော
လည်ပင်း
လက်မောင်း
မျက်နှာ
တွင် တွေ့ရတတ်
အနာမဟုတ်ပါ၊မနာမယားပါ
တချို့မှာ အိတ်ပွင့်ပြီး အဆီရည်ပြစ်၂ပုံစံ ထွက်နိုင်

🧬 ဘာကြောင့်ဖြစ်တာလဲ?
sebaceous gland (အဆီထုတ်ဂလန်း) မမှန်ကန်စွာ ဖွံ့ဖြိုးခြင်းကြောင့် ဖြစ်တတ်
တချို့မှာ မိသားစုဆက်ခံမှု(Genetic-Autosomal Dominant ) ရှိနိုင်
အထူးသဖြင့် puberty (ဟော်မုန်းပြောင်းလဲချိန်) မှာ ပိုတွေ့ရတတ်

⚠️ အန္တရာယ်ရှိပါသလား?
အများအားဖြင့် အန္တရာယ်မရှိပါ (benign)
သို့သော်
အဖုလုံးများများဖြစ်လာလျှင်အထူးသဖြင့်လူမြင်သည့်အစိတ်အပိုင်းတွေမှာဖြစ်နေပါက အလှအပထိခိုက်နိုင် ၊ စိတ်ပိုင်းဆိုင်ရာယုံကြည်မှုလျော့နဲသည်
တချို့မှာ ပိုးဝင်ယောင်ယမ်းကာအနာ(infection) ဖြစ်နိုင်

🩺 ဘယ်လိုကုသမလဲ?
Steatocytoma multiplex ကို အပြီးပျောက်အောင် ကုသရခက်တတ်ပါတယ်။ သို့သော်—
✔️ ကုသနိုင်သောနည်းလမ်းများ
Surgical removal (အိတ်ကို ခွဲထုတ်ခြင်း)
Laser treatment
Needle aspiration (အတွင်းအရည်ထုတ်ခြင်း)
အရမ်းများများ ဖြစ်နေရင်
အရေပြားဆရာဝန်ညွှန်ကြားချက်အောက်မှာ ဆေးသောက်ကုသမှုလုပ်ရပါတယ်

🧼 မိမိကိုယ်တိုင် ထိန်းသိမ်းနည်း
အိတ်တွေကို ကိုယ်တိုင်မညှစ်မဖြုတ်ပါနဲ့
သန့်ရှင်းမှုကို ထိန်းသိမ်းပါ

📌 ဘယ်အချိန်မှာ ဆရာဝန်ကိုပြသင့်လဲ?
အိတ်တွေ မြန်မြန်ကြီးလာရင်
နာ၊ ရောင်၊ ပူ တာဖြစ်လာရင်
အလှအပထိခိုက်ပြီး စိတ်အနှောင့်အယှက်ဖြစ်လာရင်

Steatocytoma multiplex (SM) ရှိတဲ့ patient တွေမှာ တခါတလေ အခြား ရောဂါတွေပါတွဲနေနိုင်ပါတယ်
🔗 SM နဲ့ တွဲတွေ့နိုင်တဲ့အရာတွေ
1️⃣ Acne Vulgaris / Sebaceous Hyperplasia disorders
ဝက်ခြံနှင့်အဆီပြန်မှုနှင့်အဆီဖုများစွာမျက်နှာတွင်လည်းတွေ့ရတတ်သည်

2️⃣ Pachyonychia congenita (PC type 2)
SM နဲ့ အရေးကြီးဆုံး association တစ်ခု
👉 တွဲတွေ့နိုင်သော features:
Nail dystrophy လက်သည်းခြေသာ်း ပုံစံပျက်နေတတ်တယ်(ထူ၍ဝါနေမယ်)
Palmoplantar keratoderma (လက်ဖဝါး/ခြေဖဝါးထူနေမယ်)
Oral leukokeratosisပါးစပ်ထဲအဖြူစင်းတွေ အကွက်တွေ တွေ့ရမယ်
Multiple cysts (SM)-အဆီဖုအလုံးတွေကိုယ်ခန္ဓာအနှံ့ထွက်မယ်
➡️ Keratin gene mutation (KRT17) နဲ့ဆက်နွယ်

3️⃣ Eruptive vellus hair cyst
SM နဲ့ ၂မျိုးရောတွေ့ရတတ်တယ်
အဆီဖုဝက်ခြံလိုအဖုတွေပါတွဲတွေ့ရတတ်တယ်

4️⃣ Hidradenitis suppurativa
Chronic inflammatory follicular disorder
ဂျိုင်း တင်ပါး ပေါင်ခြံတွေမှာ နာတာရှည် ပြည်ဖုတွေ ဝက်ခြံဖုလိုအနာဖုကြီးတွေမကြာမကြာဖြစ်ပြီး ခနခနယောင်ယမ်းမှုဖြစ်လာပြီးနောက် အမာရွတ်တွေခနခနဖြစ်ကာ အနာတွေဆက်ပြီးလမ်းကြောင်းဖြစ်လာတာပါ ထိုရောဂါနဲ့လဲတွဲတတ်ပါတယ်

5️⃣ Rare associations
Steatocystoma multiplex suppurativum (inflammatory type)
Family history (autosomal dominant)

🔬 ဘာတွေစစ်ရမလဲ?

သူက အဓိက ကြည့်ရုံနဲ့သိနိုင်ပေမဲ့သူနဲ့ခွဲမရအောင်ဆင်တဲ့တချို့ရောဂါတွေလဲရှိတတ်ပါတယ်

ERUPTIVE EPIDERMAL CYST လိုဟာတွေ
NEUROFIBROMA EARLY STAGE
Multiple EPIDERMOID CYST
Lipoma

စတာတွေရှိတော့ နားလည်တတ်ကျွမ်းတဲ့အရေပြားအထူးကုနဲ့သေချာဆွေးနွေးမှုခံယူရန်လိုပါတယ်

အခြေအနေပေါ်မူတည်၍ အသားစယူတာ၊ယောင်ယမ်းပါကပိုးမွေးတာ၊GENETIC TESTING စတာတွေလိုနိုင်ပါတယ်

🩺
အနှစ်ချုပ်အနေနဲ့ Steatocytoma multiplex ဟာ အန္တရာယ်မရှိတဲ့သာမန်အရေပြားအဆီဖုပြဿနာတခု (benign skin condition) ဖြစ်ပေမယ့် လူမှုဘဝနဲ့ အလှအပပိုင်းမှာ သက်ရောက်မှုရှိနိုင်ပါတယ်။ အကောင်းဆုံးနည်းလမ်းကတော့ အရေပြားအထူးကုဆရာဝန် (Dermatologist) ကို ပြသပြီး သင့်တော်တဲ့ကုသမှုရွေးချယ်ခြင်းပါ။


#အရေပြားရောဂါမျိုးစုံဆွေးနွေးတိုင်ပင်နိုင်ပါပြီ

#အရေပြားအဆီဖုရောဂါ

Melioidosis (မီလီအိုဒိုးစစ် )or Whitmore Disease ရောဂါခေါ် မြေဆီအဖျားရောဂါအကြောင်းပြောပါမယ် – အမည်ရင်းမြစ်ဤရောဂါကို ၁၉၁၁...
22/04/2026

Melioidosis (မီလီအိုဒိုးစစ် )or Whitmore Disease ရောဂါခေါ် မြေဆီအဖျားရောဂါအကြောင်းပြောပါမယ် –

အမည်ရင်းမြစ်
ဤရောဂါကို ၁၉၁၁ ခုနှစ်တွင် ရန်ကုန်မြို့၌ အမှုထမ်းနေသော ဗြိတိသျှလူမျိုး ရောဂါဗေဒပညာရှင် Alfred Whitmore (အဲဖရက် ဝှစ်တမော) က ပထမဦးဆုံး ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သောကြောင့် ၎င်းကို အစွဲပြု၍ "ဝှစ်တမော ရောဂါ" ဟု ခေါ်ဆိုခြင်း ဖြစ်သည်

ပြည်သူလူထုအတွက်အသိပေးစာ
လက်ရှိအချိန်မှာ Thailand တွင် Melioidosis ဖြစ်ပွားမှုများမြင့်တက်လာနေခြင်းကြောင့် Myanmar တွင်လည်း သတိထားရန်လိုအပ်ပါတယ်။ ဤရောဂါသည် တစ်ခါတစ်ရံ ပြင်းထန်နိုင်ပြီး သေဆုံးမှုအထိဖြစ်နိုင်သော ကူးစက်ရောဂါတစ်မျိုးဖြစ်ပါတယ်။

🔬 Melioidosis ဆိုတာဘာလဲ?
Melioidosis သည် Burkholderia pseudomallei ဆိုသော ဘက်တီးရီးယားကြောင့်ဖြစ်ပြီး ယင်းပိုးသည် သဘာဝအားဖြင့် မြေ၊ ရေ (အထူးသဖြင့် မိုးရာသီတွင်) တွင်ရှိနေတတ်ပါတယ်။

📊 မြန်မာနိုင်ငံတွင်ဖြစ်နှုန်း
မြန်မာနိုင်ငံတွင် official data များမပြည့်စုံသော်လည်း
အထူးသဖြင့် တောင်ပိုင်း၊ မြစ်ဝကျွန်းပေါ်ဒေသများ နှင့် စိုစွတ်သောဒေသများတွင် ဖြစ်နိုင်ခြေရှိ

🌍 ဖြစ်နိုင်သောဒေသများ
မြစ်ဝကျွန်းပေါ်ဒေသ (Ayeyarwady delta)
တနင်္သာရီ၊ မွန်ပြည်နယ်
စိုစွတ်သောဒေသများနှင့် မိုးရာသီကာလ

⚠️ ဖြစ်စေသောအကြောင်းရင်း
ဘက်တီးရီးယားရှိသော မြေ/ရေ နှင့်ထိတွေ့ခြင်း

အောက်ပါလူများတွင်ပိုမိုဖြစ်လွယ်👇
ဆီးချိုရောဂါရှိသူ
အရက်သောက်သူများ
အသည်း၊ ကျောက်ကပ်ရောဂါရှိသူများ
ကိုယ်ခံအားနည်းသူများ

Melioidosis (မီလီအိုဒိုးစစ်) ရောဂါက မြေ၊ ရေနဲ့ထိတွေ့မှုကြောင့် ဖြစ်နိုင်တာကြောင့် အလုပ်အကိုင်အချို့မှာ အန္တရာယ်ပိုများပါတယ်။
⚠️ အန္တရာယ်ပိုများတဲ့ အလုပ်အကိုင်များ
🌾 လယ်ယာ၊ စိုက်ပျိုးရေးမှာလုပ်ကိုင်နေသောလယ်သမားများ

🧱 ဆောက်လုပ်ရေးနှင့်မြေတူးလုပ်ငန်း
အလုပ်သမားများ (construction workers)
မြေတူး၊ လမ်းတည်ဆောက်သူများ

🐄 တိရစ္ဆာန်နှင့်ပတ်သက်သောအလုပ်များ
မွေးမြူရေးလုပ်ငန်း
သားသတ်ရုံအလုပ်သမားများ

🚰 ရေနဲ့ပတ်သက်သောအလုပ်များ
ရေလုပ်သားများ၊မြစ်၊ ရေကန်တွင် အလုပ်လုပ်သူများ

🧹 သန့်ရှင်းရေးနှင့်စွန့်ပစ်ပစ္စည်းလုပ်ငန်းလုပ်ကိုင်သူများ
Drain cleaner
Waste collector

🛡️ ကာကွယ်ရန် အကြံပြုချက်
လယ်လုပ်သားများ၊ရေလုပ်သားများ၊မွေးမြူရေးလုပ်သားများ လက်အိတ်၊ ဘွတ်ဖိနပ် (boots) မဖြစ်မနေဝတ်ပါ
ဒဏ်ရာရှိလျှင် အနာကိုအဝတ်သို့မဟုတ် plasterကပ်၍လုံခြုံအောင်ထားပါ အနာကိုရေနှင့်မြေမထိတွေ့စေရ
အလုပ်ပြီးတိုင်း လက်ဆေး၊ သန့်ရှင်းရေးလုပ်ပါ
မိုးရာသီတွင် ပိုသတိထားပါ

🔄 ကူးစက်ပုံ
Melioidosis ဟာ “မြေ + ရေ + အရေပြားဒဏ်ရာ” ဆိုတဲ့အခြေအနေမှာ အလွယ်တကူဖြစ်နိုင်ပြီး အရေပြားဒဏ်ရာမှတဆင့် ဝင်ရောက်ခြင်း
ပိုးရှိသောရေ၊ မြေမှုန်ကို ရှူရှိုက်မိခြင်း နှင့်ရေသောက်သုံးခြင်း
(လူမှလူသို့ ကူးစက်မှုကတော့ ရှားပါးပါတယ်)

🩺 ရောဂါလက္ခဏာများ
Melioidosis သည် ပုံစံမျိုးစုံဖြစ်နိုင်ပါတယ်—
(1) အဆုတ်ရောဂါပုံစံ
ချောင်းဆိုး
ဖျား
အသက်ရှူခက်

(2) သွေးဆိပ်တက်မှု (Sepsis)
အဖျားမြင့်
မောပန်း
အရေးပေါ်အခြေအနေဖြစ်နိုင်

(3) အရေပြား/အနာ
အနာ၊ ပြည်ဖြစ်ခြင်း

(4) အခြား
အသည်း, ဘေလုံးထဲပြည်တည်ခြင်း၊ယောင်ခြင်း
chronic infection နာတာရှည်ခြင်း(တစ်နှစ်ကျော်ထိဖြစ်နိုင်)

💊 ဆေးကုသမှု
Melioidosis သည် အချိန်မီကုသရင် ကယ်နိုင်သောရောဂါ ဖြစ်ပါတယ်
Treatment (၂ပိုင်း)ရှိတယ် ဆေးသွင်းကုသခြင်းကပြင်းထန်ရောဂါအဆင့်မှာလိုအပ်ပါတယ်
နာတာရှည်အဆင့်အတွက်ကသောက်ဆေးကိုတော့ ၃လမှ ၆လထိလိုနိုင်ပါတယ်
👉 မကုသဘဲထားလျှင် သေဆုံးနိုင်ပါတယ်

🚨 သတိပေးချက်
မိုးရာသီတွင် ဖျား၊ ချောင်းဆိုး၊ အနာများမကောင်းပဲကြာနေပါက
➡️ ဆေးရုံသို့ အမြန်သွားပါ
“သာမန်အအေးမိ” လို့ထင်ပြီး လျစ်လျူရှုမထားပါနဲ့


#အရေပြားရောဂါဆွေးနွေးတိုင်ပင်ရန်ဘိုင်ဘာသို့စာပို့ပါ


#မြေဆီအဖျားရောဂါ

📢 အရေပြားရောဂါများနှင့် Telemedicineယနေ့ခေတ်တွင် နည်းပညာတိုးတက်လာမှုကြောင့် ဆရာဝန်နှင့် တိုက်ရိုက်မတွေ့ဘဲ အွန်လိုင်းမှတဆ...
17/04/2026

📢 အရေပြားရောဂါများနှင့် Telemedicine

ယနေ့ခေတ်တွင် နည်းပညာတိုးတက်လာမှုကြောင့် ဆရာဝန်နှင့် တိုက်ရိုက်မတွေ့ဘဲ အွန်လိုင်းမှတဆင့် ဆေးကုသမှုခံယူနိုင်သော Telemedicine သည် ကျန်းမာရေးစောင့်ရှောက်မှုတွင် အရေးပါတဲ့ အခန်းကဏ္ဍတစ်ခုဖြစ်လာပါသည်။ အထူးသဖြင့် အရေပြားရောဂါများ (Skin diseases) တွင် Telemedicine သည် အလွန်အသုံးဝင်ပြီး ထိရောက်သောနည်းလမ်းတစ်ခုဖြစ်သည်။



🧠 Telemedicine ဆိုတာဘာလဲ?

Telemedicine ဆိုသည်မှာ
📱 ဖုန်းခေါ်ဆိုမှု
💬 Chat messaging
📸 ပုံပို့ခြင်း
🎥 Video consultation
တို့မှတဆင့် ဆရာဝန်နှင့် အဝေးမှ ဆက်သွယ်၍ စစ်ဆေးကုသခြင်းဖြစ်သည်။



🌟 အရေပြားရောဂါများနှင့် Telemedicine — အထူးသင့်လျော်မှု

အရေပြားရောဂါများသည်
👉 မျက်စိဖြင့် မြင်နိုင်သောရောဂါများဖြစ်သောကြောင့်
📸 ပုံရိပ်များဖြင့် diagnosis ခန့်မှန်းနိုင်သည်

ဥပမာ—
• ဝက်ခြံ (Acne)
• အရေပြားယားယံခြင်း (Dermatitis/Eczema)
• ဖန်းဂတ်စ်ရောဂါများ
• Psoriasis, Vitiligo

👉 ထို့ကြောင့် Telemedicine နည်းဖြင့်ဆေးကုပေးရသော Tele-dermatology အဖြစ် (Online အရေပြားရောဂါကျန်းမာရေးသည်)ရေပန်းစားလာသည်



💎 Telemedicine ရဲ့ ကောင်းကျိုးများ

⏰ 1. အချိန်နှင့်နေရာကန့်သတ်မှုမရှိ
• အိမ်မှာနေရင်း ဆရာဝန်နှင့် ဆက်သွယ်နိုင်
• နယ်မြို့/ကျေးရွာတွင်နေသူများအတွက် အထူးအဆင်ပြေ

⚡ 2. အချိန်မီ စစ်ဆေးကုသနိုင်
• ရောဂါကို အစောပိုင်းတွင် သိရှိနိုင်
• Complication မဖြစ်ခင် ကာကွယ်နိုင်

💰 3. ကုန်ကျစရိတ်သက်သာ
• ခရီးစရိတ်မလို
• အချိန်ကုန်မှုလျော့နည်း


🏥 4. ဆရာဝန်ရွေးချယ်နိုင်မှု
• Dermatologist ကိုရွေးချယ်နိုင်
• Second opinion ရယူနိုင်

🔒 5. Privacy ကောင်းမွန်
• Sensitive area များကို အဆင်ပြေစွာ ဆွေးနွေးနိုင်

🔄 6. Follow-up လွယ်ကူ
• Chronic diseases လိုနာတာရှည်ရောဂါများအတွက် အထူးအသုံးဝင်



📸 အရေးကြီးဆုံးအချက် — Photo Documentation (မှတ်တမ်းပုံများ)

Telemedicine ရဲ့ အထူးအားသာချက်တစ်ခုက
👉 မှတ်တမ်းပုံများ သိမ်းဆည်းထားနိုင်ခြင်း ဖြစ်သည်

🔍 1. Before vs After နှိုင်းယှဉ်နိုင်သည်
• Day 1 / Week / Month အလိုက်
👉 lesion size, redness, scaling ပြောင်းလဲမှုကို မြင်နိုင်
ရောဂါဆင့်ကဲပြောင်းလဲမှာ (Progression, Resolution )စတာတွေကိုမိတယ်

📊 2. Treatment effectiveness ကို တိုင်းတာနိုင်
• ဆေးထိရောက်မှုကို Visual evidence နဲ့ သိနိုင်
• မတိုးတက်လျှင် treatment plan ပြောင်းတာ ,Diagnosis ခေါ်ရောဂါပြန်သုံးသပ်စဥ်းစာတာတွေမှာအလွန်အသုံးဝင်

⏱️ 3. Chronic diseases တွင် အထူးအသုံးဝင်
• Psoriasis / Acne / Eczema
👉 Flare-up pattern ကို track လုပ်နိုင်

🧠 4. လူနာနားလည်မှု တိုးတက်
• ကိုယ်တိုင် improvement မြင်နိုင်
👉 Compliance ပိုကောင်းလာ

👨‍⚕️ 5. ဆရာဝန်နှင့် ဆက်သွယ်မှု ပိုမိုထိရောက်
• History ပြန်ရှင်းစရာ လျော့နည်း
• Decision making မြန်ဆန်

📁 6. Medical record လူနာဆေးမှတ်တမ်း အဖြစ်အသုံးပြုနိုင်(Online မှတ်တမ်းရှိနေတဲ့အတွက်သွားလေရာစာအုပ်သယ်ရတဲ့ဒုက္ခကင်းတယ်)
• Long-term record
• Second opinion အတွက် အသုံးဝင်



ကောင်းတာတွေများပေမဲ့ အကန့်သတ်တချို့ရှိပါတယ်

⚠️ Telemedicine ၏ အကန့်အသတ်များ
• Physical examination လူနာစမ်းသပ်ရတဲ့အခြေအနေလိုအပ်ရင်စမ်းသပ်ခြင်း မပြုနိုင်
• Dermoscopy / Biopsy အသားစယူတာ မလုပ်နိုင်
• Poor image quality ပုံအရည်အသွေးမကောင်းရင်→ diagnosis ခေါ်ရောဂါရှာဖွေမှုမှားနိုင်
• Emergency cases လိုမျိုးမှာမသင့်တော်

👉 အထက်ပါကန့်သတ်ချက်တွေရှိလာပါက
လိုအပ်ပါက ဆရာဝန်ညွှန်ကြားချက်အတိုင်း in-person visit ဆေးခန်းဆေးရုံသို့လူနာကိုယ်တိုင်လာရန် လိုအပ်သည်



📱 မြန်မာနိုင်ငံတွင် အသုံးပြုနေသော Platform များ

Social media
• Facebook messenger
• Viber
• Telegram
etc

Telemedicine apps
• MyanCare
• Health4U Myanmar
• Doctor2U
•Mymedicine

Hospital / Clinic services တချိုးပုဂ္ဂလိကဆေးရုံဆေးခန်းတွေမှာလဲTelemedicine ဝန်ဆောင်မှုရတယ်
• Private clinics & hospitals (online booking / chat)



🧪 အသုံးပြုသူများအတွက် လမ်းညွှန်

✔ ပုံရိုက်ရာတွင်
• Natural light အလင်းရောင်ကောင်းကောင်းနှင့်ရိုက်ထားသောပုံ (Selfie camera နှင့်မရိုက်ရ, Effectပါသောပုံမရိုက်ရ)
• Same angle / distance ရှုထောင့်စုံမှရိုက်ထားသောပုံများ
• Clear focusကြည်လင် ပြတ်သားသောပုံ များရိုက်ပို့ရန်

✔ လိုအပ်ပါကအလွယ်တကူပြန်လည်ဆွေးနွေးတာ FU ပြန်ပြတာပြုလုပ်နိုင်သည်





#အရေပြားရောဂါမျိုးစုံဆွေးနွေးတိုင်ပင်နိုင်ပါပြီ

ဒီတခေါက်ပြောမှာကတော့ အတွေ့ရနည်းပေမဲ့ဖြစ်လိုက်ရင်လည်းဆိုးဝါးတဲ့Dissecting cellulitisခေါ်ဦးရေပြားရောဂါတစ်ခုအကြောင်းပြောပါ...
12/04/2026

ဒီတခေါက်ပြောမှာကတော့ အတွေ့ရနည်းပေမဲ့ဖြစ်လိုက်ရင်လည်းဆိုးဝါးတဲ့Dissecting cellulitisခေါ်ဦးရေပြားရောဂါတစ်ခုအကြောင်းပြောပါမယ်

🧠 Dissecting Cellulitis ဆိုတာဘာလဲ?
Dissecting cellulitis of the scalp ဆိုတာကခေါင်းအရေပြား (scalp) မှာ ဖြစ်ပေါ်တဲ့ နာတာရှည်ယောင်ယမ်းမှု (chronic inflammatory disease ) တစ်မျိုးဖြစ်ပြီး
ဆံပင်မြစ်အတွင်း ပိုးဝင်ပြီး(infection) + ကာလရှည်ယောင်ယမ်းခြင်း(inflammation) ဖြစ်လာကာနောက်ဆုံးမှာ scar (အမာရွတ်) နဲ့ ဆံပင်ကျွတ်ခြင်း (permanent hair loss) ဖြစ်နိုင်ပါတယ်

⚠️ ဘယ်သူတွေမှာတွေ့ရတတ်လဲ?
ဆယ်ကျော်သက်အရွယ်မှလူလတ်ပိုင်းအထိ (teen–young adult)ဖြစ်ကာ အထူးသဖြင့် အမျိုးသားတွေမှာပိုများ
Acne conglobata ခေါ်ပြင်းထန်ဝက်ခြံ, Hidradenitis suppurativa ခေါ် အမွှေးရှိတဲ့နေရာတွေဖြစ်တဲ့ဂျိုင်း ၊ဆီးခုံ ၊တင်ပါး စတဲ့နေရာတွေမှာပါ ခေါင်းမှာဖြစ်တဲ့ပုံပါအတိုင်းဖြစ်တဲ့ရောဂါရာဇဝင် ရှိသူတွေမှာပိုတွေ့ရတတ်တယ်

ဘာကြောင့်ဖြစ်တာလဲ????
အကြောင်းတွေတခုမကရှိနေပါတယ်
🔬 အဓိကဖြစ်ပေါ်စေသောအကြောင်းများ
1️⃣ Hair follicle blockage (ဆံပင်အမြစ်ပိတ်ခြင်း)
ဆံပင်မြစ်အတွင်း keratin ပိုများလာပြီး ပိတ်သွားခြင်း
အဲဒီပိတ်မှုကြောင့်
👉 follicle rupture ဖြစ်ပြီး
👉 inflammation (ရောင်ရမ်းခြင်း) စတင်ပါတယ်
2️⃣ Inflammation (ရောင်ရမ်းတုံ့ပြန်မှု)
ခန္ဓာကိုယ် immune system က overreact လုပ်ပြီးအဖု၊ နာခြင်း၊ swelling တွေ ဖြစ်လာပါတယ်
3️⃣ Bacterial infection (ဘက်တီးရီးယားဝင်ခြင်း)
ပိတ်နေတဲ့ follicle ထဲမှာ bacteria (ဥပမာ Staphylococcus) ဝင်လာနိုင်
👉 pus formation (ပြည်ထွက်) ဖြစ်လာတတ်
4️⃣ Follicular occlusion syndrome group
Dissecting cellulitis ကို
အောက်ပါရောဂါတွေပါဝင်တဲ့ group ထဲမှာ ထည့်သတ်မှတ်ကြပါတယ် —
Acne conglobata
Hidradenitis suppurativa
Pilonidal sinus
👉 ဒီ group တွေဟာ
follicle ပိတ်ခြင်း + inflammation ဆိုတဲ့ mechanism တူတယ်
5️⃣ Hormonal influence
Androgen hormones (male hormones) သက်ရောက်မှုကြောင့်
👉 oil production တိုးလာပြီး follicle ပိတ်လွယ်တယ်
👉 ဒါကြောင့် အမျိုးသားတွေမှာပိုများပါတယ်
6️⃣ Genetic tendency
မိသားစုထဲမှာ acne/severe follicular disease ရှိသူတွေမှာ
👉 ဖြစ်နိုင်ခြေတိုးနိုင်ပါတယ်
7️⃣ Trigger factors (တိုးမြှင့်စေသောအချက်များ)
Excess oil / greasy scalp-အဆီထွက်များပြီးစေးကပ်သောဦးရေပြား
Tight helmet / cap (occlusion)-အဝတ်၊ဦးထုတ်စသည်ကိုကြပ်ထုတ်စွာစည်းနှောင်ခြင်း၊ဝတ်ဆင်ခြင်း၊
Poor hygiene -သန့်ရှင်းမှုနည်းပါးခြင်း
Smoking (တချို့ study တွေမှာဆက်စပ်မှုရှိ)-ဆေးလိပ်သောက်ခြင်း

🔍 လက္ခဏာတွေ
အစပိုင်းမှာ —
ခေါင်းအရေပြားမှာ နာတဲ့အဖု (painful nodules)
အဖုတွေက ပျော့လာ(soft swelling) ပြီး ပြည်(pus) တည်လာသည်
နောက်ပိုင်းမှာ —အဖုတွေချင်း ချိတ်ဆက်ပြီး လမ်းကြောင်း (sinus tract )ဖြစ်လာပြီး ပြည်(pus) ထွက်ခြင်း၊ အနံ့မကောင်းခြင်း ၊ဆံပင်ကျွတ်ပြီး ၊scarring alopecia ဆံပင်ပြန်မပေါက်နိုင်တဲ့အဆင့်ထိဖြစ်သွားနိုင်သည်

❗ အန္တရာယ်များ
မကုသဘဲထားလျှင် —
Permanent hair loss (ဆံပင်ပြန်မပေါက်တော့ခြင်း)
ပိုးခနခနဝင်ပြီး(Infection )ပိုဆိုးလာနိုင်
စိတ်ပိုင်းဆိုင်ရာယုံကြည်မှုကျဆင်းလာခြင်း၊စိတ်ဓါတ်ကျလာခြင်း(Psychosocial impact )

🧪 ရောဂါရှာဖွေရန်
အရေပြားအထူးကုဆရာဝန်(Dermatologist )က clinical exam နဲ့ အများအားဖြင့်ရောဂါရှာဖွေမှုပြုလုပ်နိုင်
တခါတရံ
ပိုးမွေးခြင်း(pus culture)
လိုအပ်ပါက အသားစယူခြင်း(biopsy)
လိုအပ်နိုင်ပါတယ်

💊 ကုသမှု
Dissecting cellulitis က နာတာရှည်ရောဂါ (chronic disease )ဖြစ်တဲ့အတွက် ရေရှည်ကုသမှု(long-term treatment )လိုအပ်တတ်ပါတယ်။
အသုံးများတဲ့ကုသမှုများ —
🔹 သောက်ဆေး၊လိုအပ်ပါက အနာတွင်းထိုးဆေးနှင့်ခွဲစိတ်ကုသမှုတွေလုပ်ရပါတယ်
👉 စောစောကုသမှု(Early treatment )လုပ်တာက အမာရွတ်(scarring နဲ့ hair loss)နှင့်ဆံသားဆုံးရှုံးမှုကို ကာကွယ်ပေးဖို့အထောက်အကူဖြစ်စေပါတယ်

🧴 ကိုယ်တိုင်ဂရုစိုက်ရန်
ခေါင်းအရေပြားကို သန့်ရှင်းစွာထားပါ
အဖုတွေကို မညှစ်ပါနဲ့
Chemical ပါတဲ့ဦးရေပြားအသုံးအဆောင်တွေရှောင်ပါ
အရောင်ဆိုးတာ၊အဆီပျစ်သောဆံသားနှင့်ဥိးရေပြားအလှကုန်တွေရှောင်ပါ
အထက်ပါလက္ခဏများပေါ်ပါက စောစောဆရာဝန်နှင့်ဆွေးနွေးပါ

📌 သတိပြုရန်
Dissecting cellulitis ဟာ contagious (ကူးစက်ရောဂါ) မဟုတ်ပါ
ဝက်ခြံရောဂါအုပ်စု(Acne type disease spectrum )ထဲကတစ်ခုဖြစ်ပါတယ်
နာတာရှည်ဖြစ်တတ်ပေမယ့် control လုပ်လို့ရပါတယ်

🩺 အရေးကြီးသောအကြံပြုချက်
ခေါင်းမှာ —
နာတဲ့အဖုများ
ပြည် ထွက်ခြင်း
ဆံပင်ကျွတ်နေခြင်း
တွေ့ရင် အရေပြားဆရာဝန်ကို အမြန်ဆုံး ပြသရန်။




#ဦးရေပြားနာတာရှည်ယောင်ယမ်းရောဂါ
#အရေပြားရောဂါမျိုးစုံဆွေးနွေးတိုင်ပင်နိုင်ပါသည်

Gym ဆော့တဲ့လူတွေမှာညှင်း ဘာကြောင့်ပိုဖြစ်ရတာလဲ?ခန္ဓာကိုယ်ပေါ်ရှိ နဂိုရှိပြီးသားMalassezia ဆိုတဲ့ yeast (မှိုပိုး) ဟာ အပူ...
08/04/2026

Gym ဆော့တဲ့လူတွေမှာညှင်း ဘာကြောင့်ပိုဖြစ်ရတာလဲ?

ခန္ဓာကိုယ်ပေါ်ရှိ နဂိုရှိပြီးသားMalassezia ဆိုတဲ့ yeast (မှိုပိုး) ဟာ အပူ၊ အစိုဓာတ်၊ ချွေးထွက်များတာကြောင့် အလွန်လွယ်ကူစွာပဲပိုမိုပွါးများလာတာကြောင့် ဖြစ်ပါတယ်။ ချွေးစိုနေစဥ် တင်းတင်းကျပ်ကျပ် ဝတ်ထားတဲ့ gym outfit တွေ (synthetic fabric)ကြောင့်လဲ အရေပြားမှာyeast အတွက် ပိုပွါးများလာစေဖို့တွန်းပို့ပေးပါတယ်။

---

📌 Risk Factors =

- Hot & Humid Climate → မြန်မာလို အပူချိန်မြင့်၊ အစိုဓာတ်များတဲ့ နေရာတွေ၊

- Age → အထူးသဖြင့် Body အဆီထွက်များတဲ့ လူငယ်လူရွယ်များ (late teens – twenties) အဲ့အရွယ်တွေမှာ hormonal အပြောင်းလဲတွေဖြစ်တတ်ပြီး ခန္ဓာကိုယ်အဆီထွက်စေနိုင်ပါတယ်
မှိုကယင်းအဆီကိုစားသုံးပြီး ပိုမိုပွါးများလာပါတယ်

- Sun Exposure → Gym ပြီးနောက် နေပူထဲသွားတဲ့အခါ အရေပြားအရောင်မညီတာ ပိုမိုသိသာလာတတ်သည်။

-Gymဆော့ပြီးချွေးစိုဝတ်ကိုမလဲပဲအချိန်ကြာကြာဝတ်ထားတာ၊

-Gymဆော့ပြီးရေမချိုးပဲနေတာ

---

🩺 ညှင်းနောက်ဆက်တွဲ

- ကူးစက်နိုင်ပါသည်
- အရေပြားအရောင်မညီတာ၊ အနည်းငယ်ယားယံခြင်းဖြစ်တတ်သည်။
- ပြန်ဖြစ်နိုင်ခြေများ → Gym ဆော့တဲ့လူတွေမှာ ချွေးထွက်များတာကြောင့် အကြိမ်ကြိမ် ပြန်ဖြစ်တတ်သည်။

---

🛡️ ကာကွယ်နိုင်တဲ့ အချက်များ

- Loose-fitting cotton clothes → ချွေးစိုထိန်းသောပွပွယယ ချည်ထည်များဝတ်ပါ။
- Shower after workout → Gym ပြီးချိန်ရေချိုးပါ
- Antifungal body wash/shampoo → Selenium sulfide, ketoconazole စတဲ့ antifungal wash တွေကို အချိန်ကြာကြာ အသုံးပြုခြင်းက ပြန်ဖြစ်ခြင်းကို လျော့စေနိုင်သည်။
- Avoid oily lotions → အရေပြားအဆီများစေတဲ့ lotion /oil မသုံးသင့်ပါ။



#ညှင်းရောဂါနှင့်Gym
#အရေပြားရောဂါမျိုးစုံဆွေးနွေးတိုင်ပင်နိုင်ပါသည်


---

Address

Yangon

Telephone

+959755267495

Website

Alerts

Be the first to know and let us send you an email when Dr Khine -Dermatologist posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category