12/08/2026
⭐️ Perseid Meteor Shower ⭐️
ဒီည (ဩဂုတ် ၁၂ ရက်မှ ၁၃ ရက်ကြားအကူးပြောင်းအချိန် ) ကောင်းကင်မှာ ဆိုရင် တစ်နှစ်တာရဲ့ အလှပဆုံးနဲ့ အများအပြားဆုံး Perseid Meteor Shower ကြယ်မိုးရွာတဲ့အချိန်ကို ရောက်ရှိတော့မှာဖြစ်ပါတယ်နော်။ New Moonကာလဖြစ်တဲ့အတွက်ကြောင့် လရောင်လုံးဝမရှိဘဲ တစ်နာရီကို ကြယ်ကြွေပေါင်း ၅၀ မှ ၁၀၀ အထိကြွေကျမှာဖြစ်ပါတယ်။
ဒီလိုမျိုး ထူးခြားအံ့ဩဖွယ်ရာ မြင်ကွင်းဟာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက Swift-Tuttle ကြယ်တံခွန်လေးတွေ ကမ္ဘာ့လေထုထဲ ကျန်ခဲ့တဲ့ အာကာသဖုန်မှုန့်လေးတွေ တစ်နာရီမိုင်ပေါင်း ၁၃၀,၀၀၀ နှုန်းနဲ့ မီးတောက်မီးလျှံအဖြစ် လောင်ကျွမ်းပြာကျရာမှ ဖြစ်ပေါ်လာတာဖြစ်ပါတယ် ပြောရရင် အတိတ်ကကြယ်လေးတွေပေါ့နော် ။
အဓိကအားဖြင့် သန်းခေါင်ယံ12နာရီ မှ နံနက်မိုးလင်းခါနီး၄နာရီ အချိန်အတွင်း မှန်ပြောင်း၊ တယ်လီစကုပ် မလိုဘဲ မြို့ပြဝေးရာ ဒါမှမဟုတ် မီးအလင်းရောင်နည်းသောနေရာများကနေ မှောင်မိုက်တဲ့ ကောင်းကင်ပြင်ကို ရိုးရိုးမျက်စိနဲ့ ကြည့်ရုံနဲ့တင် လှပလွန်းတဲ့ စကြဝဠာရဲ့ သဘာဝမီးရှူးမီးပန်း အလှအပတွေကို အမိအရ ခံစားကြည့်ရှုနိုင်မှာ ဖြစ်ပါတယ် ဒါကြောင့် စိတ်၀င်စားတဲ့သူတွေအားလုံး အချိန်မှီစောင့်မျှော်ကြည့်ကြဖို့နဲ့ ဆုတောင်းကြဖို့လဲ မမေ့ကြနဲ့ဦးနော် ✨
တောင်းတဲ့ဆုတွေ ပြည့်၀ကြပြီး ဘ၀နဲ့ဆန္ဒ တစ်ထပ်တည်းဖြစ်ကြပါစေ ရှင် ⭐️