09/09/2024
ရာသီအကူးအပြောင်းမှာ တုပ်ကွေးရောဂါ မိမိကစ ကာကွယ်ပါ
ရာသီတုပ်ကွေးရောဂါသည် ရာသီတုပ်ကွေးရောဂါပိုးကြောင့် ဖြစ်ပွားပြီး အသက်ရှူလမ်းကြောင်းမှတဆင့် ကူးစက်ဖြစ်ပွားစေနိုင်ပါတယ်
ရောဂါလက္ခဏာများ
😷 ဖျားနာခြင်း၊ ချောင်းဆိုးခြင်း၊ ကြွက်သားများနာကျင်ကိုက်ခဲခြင်း၊ အားအင်ကုန်ခမ်းခြင်းတို့ အဖြစ်များပါတယ်
😷 ရံဖန်ရံခါ လည်ချောင်းနာခြင်း၊ နှာချေခြင်း၊ နှာစေးခြင်းနှင့် ကလေးများတွင် ဝမ်းလျှောခြင်း၊ အော့အန်ခြင်း၊ ဗိုက်နာခြင်းတို့ ဖြစ်တတ်ပါတယ်
😷 သက်ကြီးရွယ်အိုများ၊ နာတာရှည်ရောဂါအခံရှိသူများ၊ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များတွင် ပိုမိုပြင်းထန်စွာ ခံစားရနိုင်ပါတယ်
ရာသီတုပ်ကွေးကြောင့် ဖျားနာခြင်း ကင်းဝေးဖို့ ရာသီတုပ်ကွေး ကာကွယ်ဆေး ထိုးနှံကြပါစို့
🛑 Don't take the risk this season. Get the flu vaccine.
ကာကွယ်ဆေးထိုးနှံခြင်းသည် ရာသီတုပ်ကွေးရောဂါမှ အကောင်းဆုံး ကာကွယ်မှု ဖြစ်ပါတယ်
ရောဂါပိုးက အသွင်အမျိုးမျိုး ပြောင်းလဲနေသဖြင့် ကာကွယ်ဆေးကိုလည်း နှစ်စဉ် ပြုပြင်မွမ်းမံထုတ်လုပ်ထားသောကြောင့် လူတိုင်း ရာသီတုပ်ကွေး ကာကွယ်ဆေးကို မဖြစ်မနေ ထိုးနှံပြီး ကာကွယ်ထားသင့်ပါတယ်နော်
ပြင်သစ်နိုင်ငံ Sanofi Pasteur ကုမ္ပဏီထုတ်
၂၀၂၄ ခုနှစ်အတွက် လေးမျိုးစပ် ရာသီတုပ်ကွေး ကာကွယ်ဆေးမှာ ဘာတွေပါဝင်လဲ
🦠 A/Victoria/4897/2022 (H1N1)pdm09-like strain
🦠 A/Thailand/8/2022 (H3N2)-like strain
🦠 B/Austria/1359417/2021-like strain
🦠 B/Phuket/3073/2013-like strain
🖋️ မြန်မာနိုင်ငံ FDA အသိအမှတ်ပြု ရာသီတုပ်ကွေး ကာကွယ်ဆေး ထိုးနှံလိုပါက သစ္စာဦး ဆေးခန်းနှင့်ဆေးဆိုင်တွင် ကြိုတင်စာရင်းပေးသွင်းပြီး ဝယ်ယူထိုးနှံနိုင်ပြီ ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်
🚑 အကြောင်းအမျိုးမျိုးကြောင့် ဆေးရုံဆေးခန်းသို့ သွားရောက်ဖို့ အခက်အခဲရှိပါက အိမ်တိုင်ရာရောက် ကာကွယ်ဆေးထိုးနှံပေးပါတယ်
🏢 ကုမ္ပဏီအသင်းအဖွဲ့များနှင့် စက်ရုံအလုပ်ရုံများသို့ On-Site Service စီစဉ်ဆောင်ရွက်ပေးပါတယ်
အသေးစိတ် သိရှိလိုပါက 09 89 333 55 88, 09 89 333 66 88 သို့ နံနက် (၉) နာရီမှ ညနေ (၆) နာရီအတွင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်
ကာကွယ်ဆေးထိုးနှံသင့်သူများ
💉 ၅ နှစ်အောက် ကလေးများ
💉 ကိုယ်ဝန်ဆောင်များ
💉 ၆၅ နှစ်အထက် သက်ကြီးရွယ်အိုများ
💉 ပန်းနာရင်ကြပ်၊ ဆီးချိုနှင့် နာတာရှည် ခုခံမှုအားနည်းသော ရောဂါသည်များ
💉 လူနာနှင့်တိုက်ရိုက် ထိတွေ့နေသော ကျန်းမာရေးဝန်ထမ်းများ
⚠️ အရေအတွက် အကန့်အသတ် ရှိပါသဖြင့် မြန်မြန် စာရင်းပေးသွင်းကြဖို့ မေတ္တာရပ်ခံအပ်ပါတယ်
🚚 ရန်ကုန်မြို့တွင်း အိမ်တိုင်ရာရောက် ပို့ဆောင်ပေးပြီး Cash on Delivery ပစ္စည်းရငွေချေစနစ်ဖြင့် ရောင်းချပေးပါတယ်
💰 KBZ, AYA, CB, YOMA, uab, KBZPay, AYA Pay, CB Pay, WavePay, uabpay ဖြင့် လွယ်ကူလျင်မြန်စွာ ငွေပေးချေနိုင်ပါတယ်
📦 အခြားမြို့များသို့ ရေခဲခြောက်၊ ရေခဲပုံး စသည်တို့ဖြင့် စနစ်တကျ ထုပ်ပိုးကာ ကားဂိတ်မှတဆင့် ပို့ဆောင်ပေးပြီး Prepaid ငွေကြိုရှင်းစနစ်ဖြင့် ရောင်းချပေးလျက် ရှိပါတယ်
💁 သစ္စာဦးမှာ ဆေးနှင့်ဆေးပစ္စည်းအမျိုးမျိုးကို ပစ္စည်းမှန် ဈေးနှုန်းမှန် ယုံကြည်စိတ်ချစွာ ဝယ်ယူရရှိနိုင်ပါတယ်
🌏 မြန်မာနိုင်ငံအနှံ့ အိမ်တိုင်ရာရောက် ပို့ဆောင်ပေးလျက် ရှိပါတယ်
အစဉ်အမြဲ ဝယ်ယူအားပေးကြတဲ့ မိတ်ဟောင်းမိတ်သစ်များအားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်ရှင့်
သင်နှင့်သင့်မိသားစုကျန်းမာရေးအတွက်
သစ္စာဦး
ဆေးခန်းနှင့်ဆေးဆိုင်
🏥 အမှတ် U1-3၊ (၉၉) လမ်းနှင့် ကျန်စစ်သားလမ်းဒေါင့်၊ နဝဒေးဥယျာဉ်ဆိုင်ခန်း၊ ဘုရားလမ်းမှတ်တိုင်အနီး၊ (၆) ရပ်ကွက်၊ လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်၊ ရန်ကုန်မြို့
📱 09 89 333 55 88, 09 89 333 66 88
📧 [email protected] https://www.facebook.com/thitsaroo.healthcare2020/
https://t.me/thitsaroohealthcare2020