Hnin - The Physiotherapist

Hnin - The Physiotherapist Clinical Physical Therapist Online Physiotherapy Consultation

28/01/2024

အားလုံးပဲ မင်္ဂလာပါရှင့်

အခြေအနေ အကြောင်းကြောင်းကြောင့် ကျွန်မ Career break ယူမှာဖြစ်လို့ Hnin - The Physiotherapist Page ကို မကြာခင်မှာ unpublished လုပ်ပါတော့မယ်ရှင်

ဖုန်းနဲ့ ဖြစ်စေ၊ Page messenger ကဖြစ်စေ Consultation လုပ်ခြင်းလဲ ရပ်နားတော့မည်ဖြစ်ကြောင်း ဝမ်းနည်းစွာ အသိပေးချင်ပါတယ်ရှင့်

ဒီ Page လေးကနေတဆင့် Physiotherapy Knowledge sharing နဲ့ consultation လုပ်ပေးခွင့်ရခဲ့တဲ့ အတွက် တစ်ဦးတစ်ယောက်ချင်းဆီကို ကျေးဇူးအများကြီးတင်ပါတယ်ရှင် 🥰

အားလုံးပဲ ဘေးကင်းလုံခြုံပြီး ကျန်းမာပျော်ရွှင်ကြပါစေ 🙏

Happy World PT Day 2023! 🎉🎊အားလုံးပဲ မင်္ဂလာပါရှင့်နှစ်စဉ်နှစ်တိုင်းရဲ့ စက်တင်ဘာလ ၈ ရက်နေ့ဟာ ကမ္ဘာ့အကြောအဆစ်ကုပညာနေ့ (Wo...
08/09/2023

Happy World PT Day 2023! 🎉🎊

အားလုံးပဲ မင်္ဂလာပါရှင့်

နှစ်စဉ်နှစ်တိုင်းရဲ့ စက်တင်ဘာလ ၈ ရက်နေ့ဟာ ကမ္ဘာ့အကြောအဆစ်ကုပညာနေ့ (World Physiotherapy Day) ဖြစ်ပါတယ်။

World Physiotherapy အဖွဲ့အစည်းကြီးက နှစ်တိုင်း Theme တစ်ခုဆီကို Focus လုပ်ပြီး အကြောအဆစ်ကုပညာနဲ့ပတ်သက်လို့ အသိပညာတွေမျှဝေတာ၊ Campaign တွေလုပ်တာ စသဖြင့် ဦးဆောင်ပြုလုပ်ပြီး ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ Physiotherapist တွေကိုလဲ ပါဝင်လုပ်ဆောင်ဖို့ အမြဲတိုက်တွန်းပါတယ်ရှင်။

ကျွန်မတို့ Physiotherapist များကလဲ ဒီလိုနေ့ရောက်ပြီဆိုရင် ဒီနှစ်အတွက် Focus လုပ်တဲ့ Theme အပေါ်မူတည်ပြီး အဖွဲ့အစည်းလိုက်ဖြစ်စေ၊ တစ်ဦးချင်းဖြစ်စေ၊ social platforms တွေမှာ ဖြစ်စေ Campaign တွေပြုလုပ်ပြီး အသိပညာပေးတာ၊ ဆေးကုသမှုပေးတာနဲ့ တိုင်ပင်ဆွေးနွေးပေးတာ စသဖြင့် လိုက်ပါဆောင်ရွက်ပြီး World PT Day ကို ပါဝင်ဆင်နွှဲကြပါတယ်ရှင့်

ဒီနှစ် 2023 ခုနှစ်အတွက် Focus လုပ်ထားတာကတော့ Arthritis လို့ခေါ်တဲ့ အဆစ်ရောင်ရောဂါအမျိုးမျိုးအတွက် အသိပညာဖြန့်ဝေဖို့ပဲ ဖြစ်ပါတယ်။

ဒါကြောင့် ကျွန်မက World PT ကနေ ဒီနှစ်အတွက်ထုတ်ဝေထားတဲ့ Toolkit ထဲကမှ တချို့ Posters တွေ၊ information sheets တွေကနေတစ်ဆင့် အဆစ်ရောင်ရောဂါနဲ့ပတ်သက်ပြီး အသိပညာတွေ မျှဝေပေးချင်ပါတယ်ရှင့်။ (ပုံလေးတွေမှာ ဆက်ကြည့်ပေးပါရှင်)

World PT Day ကိုပါဝင်ဆင်နွှဲပြီး အဆစ်ရောင်ရောဂါများ (Arthritis) အတွက် အသိပညာမြှင့်တင်ဖို့ Post တွေပဲ တင်တင်၊ share ပဲလုပ်လုပ် ဆိုပြီး hashtag လေးထည့်ဖို့မမေ့ပါနဲ့နော်

အားလုံးပဲ အရိုးအဆစ်နာကျင်ယောင်ရမ်းခြင်းများနဲ့ပတ်သက်လို့ ကောင်းမွန်မှန်ကန်သော ကုသမှုများရရှိကြပါစေရှင်

Hnin - The Physiotherapist

01/09/2023

💁🏻‍♀️ အားလုံးပဲ Happy Friday ပါရှင်

ဒီနေ့ ကျွန်မက အိမ်မှာဆောင်ထားသင့်ပြီး လိုအပ်တဲ့ပစ္စည်းလေးတစ်မျိုးကို ပြောပြပေးချင်တယ်ရှင့်

အဲ့တာက အိမ်မှာ ရုတ်တရက်ထိခိုက်ဒါဏ်ရာရတာတွေအတွက် အသုံးဝင်တဲ့ Cool Gel Pack (အအေးအိတ်) လေးပါ။

ကျွန်မကိုယ်တိုင်လည်း အိမ်မှာ ခုံနဲ့တိုက်မိတာ၊ စားပွဲနဲ့တိုက်မိတာ၊ ဆိုင်ကယ်နဲ့ထိခိုက်မိတာတွေကြောင့် ကြွက်သားနာသွားတာ၊ ယောင်သွားတာ၊ သွေးခြေဥပြီး အညိုမဲစွဲလာတာ မကြာခဏဖြစ်တတ်တယ်ရှင့်

အဲ့လိုဖြစ်တဲ့အခါ တခါတလေ ရေခဲကပ်ဖို့အဆင်မပြေတော့ ဒီ Cool gel pack လေးသုံးဖြစ်တာ တော်တော်အဆင်ပြေတယ်ရှင်။

ရေခဲသေတ္တာထဲမှာ တစ်နာရီ၊ တစ်နာရီခွဲလောက်ထားလိုက်ရင် သုံးလို့ရပြီ။ အထဲက Gel မို့လို့ မာတောင့်နေတာမျိုးတွေမရှိဘဲ ထိခိုက်မိတဲ့နေရာကို အလွယ်တကူ ကပ်လို့အဆင်ပြေတယ်။

ပြီးတော့ သူ့မှာအဝတ်အိတ်လေးပါတယ်၊ ဘေးနှစ်ဖက်မှာ ကပ်ခွါပါတဲ့ strap လေးနဲ့ဆိုတော့ အိတ်လေးထဲထည့်ပြီး ပတ်ထားလိုက်ရုံပဲ။ အရေပြားနဲ့တိုက်ရိုက်မထိတော့ Ice burn လဲမဖြစ်တော့ဘူးပေါ့နော်။

ကျွန်မ ဒီ cool pack လေးကို Flamingo Myanmar က ဝယ်ထားတာကြာပြီရှင့်။ ဘူးခွံတောင်မရှိတော့ဘူး။ မကြာခဏ ထိခိုက်မိတတ်တဲ့ ကျွန်မအတွက် တကယ်အသုံးဝင်ပြီး၊ အဆင်ပြေတဲ့ပစ္စည်းလေးမို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်ရှင်။

Have a great weekend ahead everyone!

Hnin - The Physiotherapist

အားလုံးပဲ မင်္ဂလာပါရှင့်ဒီနေ့ ကျွန်မပြောပြချင်တဲ့အကြောင်းအရာကတော့ ကျွန်မတို့ Physiotherapist တွေ ကုသမှုပေးတဲ့အခါ ပိုပြီး...
19/08/2023

အားလုံးပဲ မင်္ဂလာပါရှင့်

ဒီနေ့ ကျွန်မပြောပြချင်တဲ့အကြောင်းအရာကတော့ ကျွန်မတို့ Physiotherapist တွေ ကုသမှုပေးတဲ့အခါ ပိုပြီးအသုံးများလာကြတဲ့ Kinesio Taping အကြောင်းပဲ ဖြစ်ပါတယ်

ကျွန်မဆေးခန်းမှာလဲ မကြာခဏသုံးဖြစ်တယ်ရှင့်။ အထူးသဖြင့် Musculoskeletal problems ကြွက်သားနဲ့အရိုးအဆစ် နာကျင်ယောင်ရမ်းခြင်းကို သက်သာအောင်ကုသမှုပေးတဲ့နေရာမှာ တခြားသော Physiotherapy Treatment တွေနဲ့တွဲပြီး ကုသမှုပေးပါတယ်။

Kinesio Tape ဆိုတာ ကျွန်မတို့ အရေပြားမျက်နှာပြင်ပေါ်မှာ ကပ်ပြီးအသုံးပြုလို့ရတဲ့ ကျုံ့နိုင်ဆန့်နိုင်တဲ့ ကုသရေးသုံးတိပ်အမျိုးအစားဖြစ်ပါတယ်။ Kinesio Tape ကပ်တဲ့နေရာမှာ မိမိအသုံးပြုချင်တဲ့ ကြွက်သားဖြစ်စေ၊ အရိုးအဆစ်ဖြစ်စေ၊ ကြွက်သားတွယ်ဆက်ပုံနေရာနဲ့ အရိုးအဆစ်ပုံစံပေါ်မူတည်ပြီး အသုံးပြုပုံတွေ ကွဲပြားပါတယ်။

Kinesio Tape ကပ်ခြင်းဖြင့် Musculoskeletal system function and motion ကိုအထောက်အကူပြုဖို့အတွက် ခန္ဓာကိုယ်မှာ biomechanical and neurophysiological effects တွေ ဖြစ်ပေါ်လာစေပါတယ်။ Tape ကပ်လိုက်တဲ့အခါ Tape က အရေပြားကိုကပ်ပြီး ဆွဲမလိုက်သလိုဖြစ်တဲ့အတွက် အရေပြားနဲ့ကြွက်သားနဲ့ကြားမှာ နေရာလွတ်ကလေးဖြစ်သွားစေတယ်။ အဲ့ဒီအခါ အရေပြားအောက်မှာရှိတဲ့ Pain receptors လို့ခေါ်တဲ့ နာကျင်မှုကိုသိတဲ့ ဆဲလ်လေးတွေမှာ ဖိအားလျော့သွားခြင်းဖြင့် နာကျင်မှုတွေကို သက်သာလာစေပါတယ်။

ပြီးတော့ အရေပြားမှာရှိတဲ့ mechanoreceptors လေးတွေကို stimulate လုပ်တာကြောင့်လည်း အာရုံကြောအဖွဲ့အစည်းမှာ ကောင်းသောပြောင်းလဲမှုလေးတွေ ဖြစ်ပေါ်လာစေပါတယ်။ သွေးလည်ပတ်မှုနဲ့ ပြန်ရေကြောလည်ပတ်မှုကိုလည်း ကောင်းလာစေတာကြောင့် နာကျင်ယောင်ရမ်းခြင်းကို ပိုမိုသက်သာလာစေပါတယ်။

ဒါကတော့ ကျွန်မ Kinesio Taping အသုံးပြုပုံနဲ့ သူ့ရဲ့အကျိုးသက်ရောက်မှုကို အကြမ်းဖျင်းပြောပြထားတာဖြစ်ပါတယ်။ Kinesio Tape ရဲ့ strips လေးတွေကို အရေပြားရဲ့ thickness & elasticity နဲ့အနီးစပ်ဆုံး (varies within 130-140%) ပြုပြင်ထုတ်လုပ်ထားပြီး cotton elastic fiber ကိုအသုံးပြုထားတယ်၊ ရေစိုခံတယ်၊ လေဝင်လေထွက်ကောင်းတယ်၊ အရေပြားပေါ်မှာကပ်ဖို့အတွက် hypoallergenic glue ကိုအသုံးပြုတာကြောင့် ဓာတ်မတည့်မှုက မရှိသလောက်ရှားပါတယ်။

တချို့ Physiotherapist/sports-medics/kinesiotherapist များက K-Taping ကို ၄ရက်အထိ ထားလို့ရတယ်လို့ ဆိုကြပေမယ့် ကျွန်မကတော့ ကျွန်မတို့နိုင်ငံရဲ့ ရာသီဥတုအလိုက် အများဆုံး ၂ရက်အထိပဲ ထားပါတယ်ရှင့်။

ဒါကြောင့် မိမိမှာ ကြွက်သားနဲ့အကြောအဆစ်နာကျင်ယောင်ရမ်းတဲ့အခါ ကောင်းမွန်မှန်ကန်ပြီး ခေတ်မီတဲ့ကုသမှုတွေရရှိဖို့အတွက် နီးစပ်ရာ အကြောအဆစ်ကုပညာရှင်များနဲ့ တိုင်ပင်ဆွေးနွေး ကုသမှုခံယူဖို့မမေ့ပါနဲ့ရှင် 😃

Hnin - The Physiotherapist

References

https://www.ncbi.nlm.nih.gov/pmc/articles/PMC7668467/

https://www.researchgate.net/profile/Stamenka-Mitova/publication/347606820_NATURE_APPLICATION_AND_EFFECT_OF_KINESIO_-TAPING/links/5fe276bea6fdccdcb8f3dc30/NATURE-APPLICATION-AND-EFFECT-OF-KINESIO-TAPING.pdf

https://bmcmusculoskeletdisord.biomedcentral.com/articles/10.1186/s12891-022-05148-5 #:~:text=The%20Kinesio%20tape%20does%20have,the%20distance%20between%20each%20section.

Physiotherapy ဆေးခန်းတွေမှာ ဆေးကုသဖို့လာတဲ့အခါ အချိန်ဘယ်လောက်ပေးရလဲ ပြောမယ်ဆိုရင် ကျွန််မတို့ Physiotherapist တွေ လူနာတစ...
21/03/2023

Physiotherapy ဆေးခန်းတွေမှာ ဆေးကုသဖို့လာတဲ့အခါ အချိန်ဘယ်လောက်ပေးရလဲ ပြောမယ်ဆိုရင် ကျွန််မတို့ Physiotherapist တွေ လူနာတစ်ယောက်ရောက်လာတဲ့အခါ စမ်းသပ်ကုသမှုပေးတဲ့ပုံစံတွေကို အရင်သိထားသင့်ပါတယ်။

ကျွန်မက Physiotherapy mini clinic လေးဖွင့်ထားပါတယ်။ Mini clinic လေးမို့ Physiotherapist က ကျွန်မတစ်ယောက်ထဲပေါ့။ ကျွန်မအမြဲတမ်း စံထားပြီးပြုလုပ်တဲ့ ကုသမှုပုံစံကတော့ Consultation-Assessment-Treatment ပါ။ ကျွန်မတို့ လူနာတစ်ယောက်ရောက်လာတာနဲ့ စမ်းသပ်စစ်ဆေးပြီး တခါတည်း ကုသမှုပေးတာနဲ့ယှဉ်ရင် အရင်ဆုံး လူနာကို ရောဂါအခြေအနေနဲ့ပတ်သက်လို့ တိုင်ပင်ဆွေးနွေး(Consultation) ပေးတာက Patient-Therapist cooperation ရစေပြီးတော့ ကုသမှုပိုပြီးအောင်မြင်တယ်လို့ ကျွန်မထင်ပါတယ်။

အဲ့ဒီလို တိုင်ပင်ဆွေးနွေး-စမ်းသပ်စစ်ဆေး-ကုသမှုခံယူဖို့အတွက် အနည်းဆုံး ၄၅မိနစ်ကနေ - ၁နာရီ/၁နာရီခွဲထိကြာနိုင်ပါတယ်။ ဥပမာ- လေဖြတ်တာ၊ Parkinson’s Disease လိုမျိုး လမ်းလျှောက်ရခက်ခဲတာ၊ ခြေထောက်အရိုးကျိုးထားပြီးနောက် လမ်းလျှောက်ပြန်ကျင့်ဖို့ လိုအပ်တာစတဲ့အခြေအနေတွေမှာဆိုရင် ဒီထက်ပိုပြီးတော့တောင် အချိန်ပိုယူရပါသေးတယ်။

ကျွန်မရဲ့ အတွေ့အကြုံနဲ့ ကျွန်မစံထားတဲ့ ကုသမှုပုံစံတွေအရ Physiotherapist တစ်ယောက်ဟာ တစ်နေ့မှာ လူနာ အနည်းဆုံး ၈-၁၀ ယောက်၊ follow up ပြန်ပြတဲ့လူနာတွေပါရှိရင် အများဆုံး ၁၅ ယောက်လောက်အထိပဲ ကြည့်နိုင်ပါတယ်။ အဲ့ဒါမှလဲ လူနာတစ်ယောက်နဲ့တစ်ယောက်ကြားမှာ စမ်းသပ်ကြည့်ရှုမှုလိုအပ်သွားတာမျိုးမရှိဘဲ ထိရောက်တဲ့ကုသမှုပေးနိုင်မယ်လို့ ကျွန်မယုံကြည်ပါတယ်။

➡️ ဒါကြောင့် ကျွန်မတို့ Physiotherapy ဆေးခန်းတွေကိုလာတဲ့အခါ ပျမ်းမျှအချိန်တစ်နာရီလောက်တော့ပေးပြီး တိုင်ပင်ဆွေးနွေးကုသမှုခံယူကြဖို့ တိုက်တွန်းပါရစေရှင်

Disclaimer: ကျွန်မရဲ့ စံထားတဲ့ကုသမှုပုံစံနဲ့ အတွေ့အကြုံပေါ်မူတည်ပြီး မျှဝေပေးခြင်းဖြစ်ပါတယ်။ Physiotherapist တစ်ယောက်မှာ အတွေ့အကြုံ၊ Competency နဲ့ ဒီပညာရပ်မှာ ဆက်လက်လေ့လာနိုင်မှုတွေပေါ်မူတည်ပြီး တစ်ယောက်နဲ့တစ်ယောက် ကုသမှုပုံစံတွေကွဲပြားနိုင်ပါတယ်ရှင်။

Hnin - The Physiotherapist

Address

Yangon

Opening Hours

Monday 09:30 - 10:30
11:00 - 12:00
Tuesday 09:30 - 10:30
11:00 - 12:00
Wednesday 09:30 - 10:30
11:00 - 12:00
Thursday 09:30 - 10:30
11:00 - 12:00
Friday 09:30 - 10:30
11:00 - 12:00

Telephone

+959797305219

Website

Alerts

Be the first to know and let us send you an email when Hnin - The Physiotherapist posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share