Art of Healing

Directions Contact the practice

Art of Healing Healing minds through art, empathy, and awareness. We create a safe and creative space to express emotions, find calm, and grow stronger.

Your journey to mental wellness and inner peace starts here. MISSION
The mission of Art of Healing is to enhance mental health awareness, promote individual empowerment, and increase access to treatment and services for persons living with mental illness. We work to help people by serving mental health, child psychology, parenting education and community support needs through direct service, policy advocacy, and outreach. VISION
Our vision is to improve the lives of those living with mental illness and provide emotional wellness for individuals and families as we strive to deliver services and support necessary to improve the quality of life for children, youth, and adults with mental illness and addictive disorders.

RETURNING TO SAFETYNervous System Regulation Through Expressive Artsတခါတလေ ဘာအန္တရာယ်မှ မရှိပေမယ့် စိတ်မငြိမ်ခြင်း၊ အတွေ...
20/09/2026

RETURNING TO SAFETY
Nervous System Regulation Through Expressive Arts

တခါတလေ ဘာအန္တရာယ်မှ မရှိပေမယ့် စိတ်မငြိမ်ခြင်း၊ အတွေးများခြင်း၊ ရင်တုန်ခြင်းနဲ့ ခန္ဓာကိုယ်တင်းမာခြင်းတွေ ဖြစ်နေတတ်ပါတယ်။

တခါတလေတော့ အားအင်မရှိခြင်း၊ ခံစားချက်တွေထုံကျင်နေခြင်း၊ လူတွေနဲ့မဆက်သွယ်ချင်ခြင်း၊ ဘာမှမလုပ်ချင်ဘဲ ပိတ်သွားသလို ခံစားရနိုင်ပါတယ်။

ဒါတွေဟာ ကိုယ်အားနည်းနေလို့ မဟုတ်ပါဘူး။ ကိုယ့်ရဲ့ nervous system က အန္တရာယ်ရှိနိုင်တယ်လို့ ခံစားပြီး ကိုယ့်ကိုကာကွယ်ဖို့ တုံ့ပြန်နေတာ ဖြစ်နိုင်ပါတယ်။

Returning to Safety Online Workshop မှာ nervous system ရဲ့ အချက်ပြမှုတွေကို နူးညံ့စွာသတိပြုပြီး အရောင်၊ မျဉ်းကြောင်းနဲ့ ပုံသဏ္ဌာန်တွေကတဆင့် လက်ရှိခံစားမှုကို ဖော်ပြသွားမှာဖြစ်ပါတယ်။

ဒီ Workshop မှာ—

🌿 Nervous System Regulation ဆိုတာ ဘာလဲ
🌿 Fight, Flight, Freeze နှင့် Fawn responses
🌿 Window of Tolerance ကို သိရှိနားလည်ခြင်း
🌿 ခန္ဓာကိုယ်ရဲ့ stress signals တွေကို သတိပြုခြင်း
🌿 My Nervous System Landscape Art Activity
🌿 My Path Back to Safety Art Activity
🌿 ကိုယ့်အတွက် သင့်တော်တဲ့ regulation tools ရွေးချယ်ခြင်း—တို့ကို အတူတကွ လေ့လာပြီး လက်တွေ့ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

ပန်းချီဆွဲတတ်ဖို့ မလိုပါဘူး။
ကိုယ့်အကြောင်းအရာတွေကို မဖြစ်မနေ မျှဝေရပါဘူး။
Art ကို လှပအောင် ဖန်တီးခြင်းထက် ကိုယ့်ခန္ဓာကိုယ်နဲ့ ခံစားချက်တွေကို အပြစ်မတင်ဘဲ နားထောင်ပေးနိုင်ဖို့သာ အရေးကြီးပါတယ်။

ဒီ Workshop ဟာ—

* အတွေးများပြီး စိတ်မငြိမ်ဖြစ်တတ်သူများ
* စိတ်ဖိစီးမှုကြောင့် ခန္ဓာကိုယ်တင်းမာတတ်သူများ
* အားကုန်ပြီး ပိတ်သွားသလို ခံစားရတတ်သူများ
* Expressive Arts နဲ့ self-awareness ကို စိတ်ဝင်စားသူများ
* ကိုယ့်အတွက် အသုံးဝင်မယ့် calming tools ရှာဖွေလိုသူများ —အတွက် သင့်တော်ပါတယ်။

Workshop Information

📅 Date: 27 September 2026
⏰ Time: 6:30-08:30PM
💻 Location: Zoom Online
⏳ Duration: 2 Hours
💰 Fee: 20,000 Kyats
🎨 No art experience required
✨ Limited Seats

ကိုယ့်စိတ်ကို အတင်းငြိမ်အောင် မလုပ်ခင်
ကိုယ့်ခန္ဓာကိုယ် ဘာပြောနေသလဲဆိုတာ
နူးညံ့စွာ ပြန်နားထောင်ကြည့်ရအောင်။

Regulation is not about being calm all the time.
It is about finding your way back to safety.

This is a mental-wellness educational workshop and does not replace psychotherapy, medical care or crisis support.

Co-Regulation — တယောက်တည်း အားတင်းနေဖို့ မလိုပါဘူးစိတ်မငြိမ်တဲ့အချိန်တိုင်း ကိုယ့်ကိုယ်ကိုယ် တယောက်တည်း ပြန်တည်ငြိမ်အောင...
19/09/2026

Co-Regulation — တယောက်တည်း အားတင်းနေဖို့ မလိုပါဘူး

စိတ်မငြိမ်တဲ့အချိန်တိုင်း ကိုယ့်ကိုယ်ကိုယ် တယောက်တည်း ပြန်တည်ငြိမ်အောင် လုပ်ရမယ်လို့ ကျမတို့ ထင်တတ်ကြပါတယ်။

ဒါပေမယ့် လူသားတွေရဲ့ nervous system ဟာ တခြားသူတွေနဲ့ လုံခြုံစွာ ဆက်သွယ်မှုကတဆင့်လည်း တည်ငြိမ်လာနိုင်ပါတယ်။ ဒီလို ယုံကြည်ရသူတယောက်ရဲ့ ရှိနေပေးမှု၊ နားထောင်ပေးမှုနဲ့ တုံ့ပြန်ပေးမှုက ကိုယ့်စိတ်နဲ့ ခန္ဓာကိုယ်ကို ပြန်လည်တည်ငြိမ်စေခြင်းကို Co-Regulation လို့ ခေါ်ပါတယ်။

Co-Regulation ဆိုတာ တယောက်ယောက်က ကိုယ့်ပြဿနာတွေကို ဖြေရှင်းပေးရမယ်လို့ မဆိုလိုပါဘူး။ ကိုယ်မလုံခြုံသလို ခံစားနေရတဲ့အချိန်မှာ—

🌿 အလျင်မလိုဘဲ နားထောင်ပေးခြင်း
🌿 နူးညံ့တည်ငြိမ်တဲ့ အသံနဲ့ ပြောပေးခြင်း
🌿 “မင်းဒီလိုခံစားနေရတာ နားလည်တယ်” လို့ အသိအမှတ်ပြုပေးခြင်း
🌿 အကြံပေးဖို့မကြိုးစားဘဲ အတူရှိနေပေးခြင်း
🌿 ကိုယ်အဆင်ပြေမှသာ လက်ကိုကိုင်ပေးခြင်း သို့မဟုတ် ပွေ့ဖက်ပေးခြင်း
🌿 ကိုယ်လိုအပ်တဲ့ နေရာနဲ့ အချိန်ကို လေးစားပေးခြင်း

ဒီလို သေးငယ်တဲ့တုံ့ပြန်မှုတွေက “အခု ငါတယောက်တည်း မဟုတ်ဘူး၊ ငါလုံခြုံနိုင်တယ်” ဆိုတဲ့ သတင်းစကားကို nervous system ဆီ ပို့ပေးနိုင်ပါတယ်။

တခါတလေ Co-Regulation ကို စကားအများကြီးမလိုဘဲလည်း ရရှိနိုင်ပါတယ်။

ချစ်ခင်ရသူတယောက်နဲ့ တိတ်တိတ်လေးထိုင်နေခြင်း၊
သူငယ်ချင်းတယောက်နဲ့ ဖြည်းဖြည်းလမ်းလျှောက်ခြင်း၊
အတူတူ ပန်းချီဆွဲခြင်း သို့မဟုတ် လက်မှုအနုပညာပြုလုပ်ခြင်း၊
အိမ်မွေးတိရစ္ဆာန်လေးကို နူးညံ့စွာပွတ်သပ်ပေးခြင်းတွေကလည်း တည်ငြိမ်မှုကို အထောက်အကူပြုနိုင်ပါတယ်။

အကူအညီတောင်းခြင်းဟာ အားနည်းခြင်း မဟုတ်ပါဘူး။ လူသားတယောက်အနေနဲ့ လုံခြုံတဲ့ဆက်သွယ်မှုကို လိုအပ်ခြင်းသာ ဖြစ်ပါတယ်။

ဒီနေ့ ကိုယ့်ကိုယ်ကို မေးကြည့်ပါ—

“ငါစိတ်ပင်ပန်းတဲ့အခါ ဘယ်သူနဲ့အတူရှိရင် အားတင်းနေစရာမလိုဘဲ လုံခြုံသလို ခံစားရသလဲ?”

တခါတလေ ကျမတို့ လိုအပ်နေတာက အဖြေတခုမဟုတ်ပါဘူး။
မဝေဖန်ဘဲ၊ အပြစ်မတင်ဘဲ နားထောင်ပေးမယ့်သူတယောက်နဲ့
“မင်းတယောက်တည်း မဟုတ်ဘူး” ဆိုတဲ့ ခံစားချက်လေးသာ ဖြစ်ပါတယ်။

Window of Tolerance — ကိုယ်အဆင်ပြေစွာ ခံနိုင်ရည်ရှိနေတဲ့ စိတ်ပိုင်းဆိုင်ရာအကွာအဝေးတခါတလေ စိတ်ဖိစီးမှုရှိပေမယ့် အတွေးတွေက...
18/09/2026

Window of Tolerance — ကိုယ်အဆင်ပြေစွာ ခံနိုင်ရည်ရှိနေတဲ့ စိတ်ပိုင်းဆိုင်ရာအကွာအဝေး

တခါတလေ စိတ်ဖိစီးမှုရှိပေမယ့် အတွေးတွေကို စုစည်းနိုင်တယ်၊ ခံစားချက်တွေကို သတိထားနိုင်တယ်၊ တခြားသူတွေနဲ့လည်း ဆက်သွယ်နိုင်ပါတယ်။

ဒီလို ကိုယ့်ခံစားချက်တွေကို ခံနိုင်ရည်ရှိပြီး နေ့စဉ်ဘဝကို ဆက်လက်လုပ်ဆောင်နိုင်တဲ့ အခြေအနေကို Window of Tolerance အတွင်း ရှိနေခြင်းလို့ ခေါ်ပါတယ်။

ဒါပေမယ့် စိတ်ဖိစီးမှုတွေ များလာတဲ့အခါ ဒီအကွာအဝေးရဲ့ အပေါ်ဘက် သို့မဟုတ် အောက်ဘက်ကို ရောက်သွားနိုင်ပါတယ်။

🔺 Hyperarousal — အလွန်နိုးကြားတက်ကြွနေခြင်း

* စိုးရိမ်ပူပန်ပြီး အတွေးများခြင်း
* ရင်တုန်ခြင်း၊ အသက်ရှူမြန်ခြင်း
* ဒေါသထွက်လွယ်ခြင်း
* အန္တရာယ်ရှိသလို အမြဲသတိထားနေခြင်း
* အိပ်မပျော်ခြင်းနှင့် စိတ်မငြိမ်ခြင်း

ဒီအခြေအနေမှာ ခန္ဓာကိုယ်က တိုက်ခိုက်ဖို့ ဒါမှမဟုတ် ထွက်ပြေးဖို့ ပြင်ဆင်နေတာမျိုး ဖြစ်နိုင်ပါတယ်။

🔻 Hypoarousal — အားလျော့ပိတ်သွားခြင်း

* ခန္ဓာကိုယ်လေးလံပြီး အားမရှိခြင်း
* ခံစားချက်မရှိသလို ထုံကျင်နေခြင်း
* လူတွေနဲ့ မဆက်သွယ်ချင်ခြင်း
* အာရုံစိုက်ဖို့ ခက်ခဲခြင်း
* အရာအားလုံးကနေ ဝေးကွာနေသလို ခံစားရခြင်း

ဒီအခြေအနေမှာ nervous system က အားကုန်သွားပြီး ပိတ်ထားခြင်း သို့မဟုတ် အေးခဲနေခြင်းမျိုး(Freeze)ဖြစ်နိုင်ပါတယ်။

ကိုယ်ဘယ်အခြေအနေမှာ ရှိနေသလဲ သိရှိလာခြင်းက regulation ရဲ့ ပထမဆုံးအဆင့်ပါ။

စိတ်တက်ကြွလွန်းနေတယ်ဆိုရင်—

🌿 အသက်ရှူထုတ်ချိန်ကို ဖြည်းဖြည်းပိုရှည်စေပါ။
🌿 ခြေဖဝါးနဲ့ မြေပြင်ထိတွေ့မှုကို သတိပြုပါ။
🌿 အလင်းရောင်နဲ့ အသံနည်းတဲ့နေရာမှာ ခဏနားပါ။
🌿 ကိုယ့်ကို သက်သာစေတဲ့ အရောင်နဲ့ မျဉ်းကြောင်းတွေ ရေးဆွဲပါ။

အားလျော့ပြီး ပိတ်သွား(Freeze)သလို ခံစားရရင်—

🌿 လက်ချောင်း၊ ခြေချောင်းတွေကို ဖြည်းဖြည်းလှုပ်ရှားပါ။
🌿 လတ်ဆတ်တဲ့လေကို ရှူပြီး ပတ်ဝန်းကျင်ကို ကြည့်ပါ။
🌿 စည်းချက်ရှိတဲ့သီချင်းကို နားထောင်ပါ။
🌿 ယုံကြည်ရသူတယောက်နဲ့ ဆက်သွယ်စကားပြောကြည့်ပါ။

ကိုယ့်ကိုယ်ကို “ဘာလို့ဒီလိုဖြစ်နေတာလဲ” လို့ အပြစ်တင်မယ့်အစား—

“အခု ငါ့ nervous system က ဘာကိုလိုအပ်နေသလဲ—တည်ငြိမ်မှုလား၊ နူးညံ့တဲ့လှုပ်ရှားမှုလား၊ အနားယူမှုလား၊ တယောက်ယောက်ရဲ့ အထောက်အပံ့လား” လို့ မေးကြည့်ပါ။

ရည်ရွယ်ချက်က အမြဲတမ်းငြိမ်သက်နေရဖို့ မဟုတ်ပါဘူး။ ကိုယ်ဘယ်အခြေအနေကို ရောက်နေတယ်ဆိုတာ သတိပြုမိပြီး ကိုယ့်အတွက် သင့်တော်တဲ့နည်းလမ်းနဲ့ တည်ငြိမ်မှုဆီ ဖြည်းဖြည်းပြန်လာနိုင်ဖို့ပါ။

စိတ်ကိုမထိန်းချုပ်ခင် ခန္ဓာကိုယ်ကို အရင်နားထောင်ပါတခါတလေ စိတ်အေးအေးထားဖို့ ကိုယ့်ကိုယ်ကို ပြောလေလေ ပိုပြီးစိတ်မငြိမ်လေလေ...
17/09/2026

စိတ်ကိုမထိန်းချုပ်ခင် ခန္ဓာကိုယ်ကို အရင်နားထောင်ပါ

တခါတလေ စိတ်အေးအေးထားဖို့ ကိုယ့်ကိုယ်ကို ပြောလေလေ ပိုပြီးစိတ်မငြိမ်လေလေ ဖြစ်တတ်ပါတယ်။

ဘာကြောင့်လဲဆိုတော့ စိတ်ဖိစီးမှုဆိုတာ အတွေးထဲမှာပဲ ဖြစ်နေတာမဟုတ်ဘဲ ခန္ဓာကိုယ်ထဲမှာပါ ဖြစ်ပေါ်နေလို့ပါ။

ရင်ဘတ်တင်းကျပ်နေခြင်း၊
အသက်ရှူမြန်လာခြင်း၊
ပခုံးနဲ့မေးရိုး တင်းမာနေခြင်း၊
ဗိုက်ထဲမအီမသာဖြစ်ခြင်း၊
အသံနဲ့အလင်းကို ပိုမိုအာရုံခံမိခြင်း၊
ဘာမှမလုပ်ချင်ဘဲ အားကုန်နေခြင်းတွေဟာ—ကိုယ့်ရဲ့ nervous system က ဖိအားတခုကို ခံစားနေရကြောင်း ပြသနေတဲ့ ခန္ဓာကိုယ်ရဲ့ အချက်ပြမှုတွေ ဖြစ်နိုင်ပါတယ်။

ဒီလိုအချိန်မှာ ကိုယ့်ကိုယ်ကို “မစိုးရိမ်နဲ့” လို့ အတင်းမပြောဘဲ အောက်ပါအတိုင်း ဖြည်းဖြည်း စမ်းကြည့်ပါ။

🌿 ပတ်ဝန်းကျင်ကို သတိပြုပါ
အခန်းထဲကို ဖြည်းဖြည်းကြည့်ပြီး ကိုယ့်ကို သက်သောင့်သက်သာဖြစ်စေတဲ့ အရောင် သို့မဟုတ် အရာဝတ္ထုတခုကို ရွေးကြည့်ပါ။

🌿 ခန္ဓာကိုယ်ရဲ့ အထောက်အပံ့ကို ခံစားပါ
ထိုင်ခုံက ကိုယ့်ခန္ဓာကိုယ်ကို ထောက်ထားပုံနဲ့ ခြေဖဝါးတွေ မြေပြင်ပေါ်ထိနေမှုကို သတိပြုပါ။

🌿 အသက်ရှူထုတ်ချိန်ကို ပိုရှည်စေပါ
အသက်ကို သဘာဝအတိုင်းရှူသွင်းပြီး ဖြည်းဖြည်းချင်း ပိုရှည်အောင် ရှူထုတ်ပါ။ အဆင်မပြေလျှင် အတင်းမလုပ်ပါနဲ့။

🌿 နူးညံ့တဲ့လှုပ်ရှားမှုတခု ပြုလုပ်ပါ
လက်ကိုဆန့်ခြင်း၊ ပခုံးကိုလှည့်ခြင်း၊ ဖြည်းဖြည်းလမ်းလျှောက်ခြင်း ဒါမှမဟုတ် ကိုယ်နှစ်သက်တဲ့ သီချင်းနဲ့ ခန္ဓာကိုယ်ကို ညင်သာစွာ လှုပ်ရှားပါ။

🌿 ခံစားချက်ကို ပုံဖော်ပါ
အခုခံစားနေရတာကို အရောင်တရောင်၊ မျဉ်းတကြောင်း သို့မဟုတ် ပုံသဏ္ဌာန်တခုအဖြစ် စက္ကူပေါ်မှာ ဖော်ပြကြည့်ပါ။

Nervous system regulation ဆိုတာ မသက်မသာခံစားချက်တွေကို ချက်ချင်းပျောက်ကွယ်အောင် လုပ်ခြင်းမဟုတ်ပါဘူး။ အဲဒီခံစားချက်တွေကြားမှာတောင် ကိုယ့်ကိုယ်ကို လုံခြုံစွာ ထောက်ပံ့ပေးတတ်လာခြင်း ဖြစ်ပါတယ်။

ဒီနေ့ ကိုယ့်ကိုယ်ကို ပြန်မေးကြည့်ပါ—

“အခုအချိန်မှာ ငါ့စိတ်ကို ပြင်ဖို့မဟုတ်ဘဲ ငါ့ခန္ဓာကိုယ်ကို နည်းနည်းပိုလုံခြုံစေဖို့ ဘာလုပ်ပေးနိုင်မလဲ?”

သေးငယ်တဲ့ နားချိန်တခု၊ နူးညံ့တဲ့ အသက်ရှူမှုတစ်ကြိမ်နဲ့ ကိုယ့်ကိုယ်ကို ကြင်နာစွာ ထိတွေ့ပေးခြင်းကအစ ပြန်လည်တည်ငြိမ်လာနိုင်ပါတယ်။

Nervous System Regulation ဆိုတာ ဘာလဲ?တခါတလေ ဘာမှမဖြစ်ပေမယ့် ရင်တုန်နေတတ်တယ်။စိတ်မငြိမ်ဘဲ အတွေးတွေများနေတတ်တယ်။လူတွေနဲ့မတ...
17/09/2026

Nervous System Regulation ဆိုတာ ဘာလဲ?

တခါတလေ ဘာမှမဖြစ်ပေမယ့် ရင်တုန်နေတတ်တယ်။
စိတ်မငြိမ်ဘဲ အတွေးတွေများနေတတ်တယ်။
လူတွေနဲ့မတွေ့ချင်ဘဲ တိတ်တိတ်နေချင်တတ်တယ်။
ခန္ဓာကိုယ်လေးလံပြီး ဘာမှမလုပ်ချင်တော့တာမျိုးလည်း ဖြစ်တတ်ပါတယ်။

ဒါတွေက ကိုယ်အားနည်းနေလို့၊ စိတ်ဓာတ်မခိုင်မာလို့ မဟုတ်ပါဘူး။ ကိုယ့်ရဲ့ nervous system က အန္တရာယ်ရှိနိုင်တယ်လို့ ခံစားပြီး ကိုယ့်ကို ကာကွယ်ဖို့ တုံ့ပြန်နေတာ ဖြစ်နိုင်ပါတယ်။

စိတ်ဖိစီးမှုများလာတဲ့အခါ ခန္ဓာကိုယ်က—

🔺 Fight — ဒေါသထွက်လွယ်ခြင်း၊ တင်းမာခြင်း
🔺 Flight — စိတ်ပူခြင်း၊ ရင်တုန်ခြင်း၊ မငြိမ်မသက်ဖြစ်ခြင်း
🔺 Freeze — ခန္ဓာကိုယ်လေးလံခြင်း၊ မစဉ်းစားနိုင်ခြင်း၊ ဘာမှမလုပ်ချင်ခြင်း
🔺 Fawn — ကိုယ့်လိုအပ်ချက်ကို ဖိနှိပ်ပြီး တခြားသူတွေကျေနပ်အောင် အမြဲကြိုးစားခြင်း-စတဲ့ တုံ့ပြန်မှုတွေ ဖြစ်ပေါ်နိုင်ပါတယ်။

Nervous System Regulation ဆိုတာ ဒီတုံ့ပြန်မှုတွေကို အတင်းရပ်ခိုင်းတာ မဟုတ်ပါဘူး။ ကိုယ့်ခန္ဓာကိုယ်ရဲ့ အချက်ပြမှုတွေကို သတိထားနားထောင်ပြီး “အခုအချိန်မှာ ငါလုံခြုံနေတယ်” ဆိုတဲ့ ခံစားချက်ဆီ ဖြည်းဖြည်းပြန်ရောက်လာနိုင်အောင် ကူညီပေးခြင်း ဖြစ်ပါတယ်။

စိတ်မငြိမ်တဲ့အချိန်မှာ ဒီလိုစမ်းကြည့်နိုင်ပါတယ်—

🌿 ခြေဖဝါးနှစ်ဖက် မြေပြင်နဲ့ထိနေမှုကို သတိပြုပါ။
🌿 ပတ်ဝန်းကျင်မှာ မြင်ရတဲ့အရာ ၅ မျိုးကို ဖြည်းဖြည်းကြည့်ပါ။
🌿 အသက်ရှူထုတ်ချိန်ကို ရှူသွင်းချိန်ထက် အနည်းငယ်ပိုရှည်စေပါ။
🌿 ပခုံးနဲ့မေးရိုး တင်းနေမှုကို ဖြေလျှော့ပါ။
🌿 ရင်ဘတ်ပေါ် လက်တဖက်တင်ပြီး “အခုအချိန်မှာ ငါ ဘာလိုအပ်နေသလဲ” လို့ ကိုယ့်ကိုယ်ကို မေးပါ။
🌿 အရောင်၊ မျဉ်းကြောင်းနဲ့ လှုပ်ရှားမှုတွေကို အသုံးပြုပြီး ခံစားချက်ကို စက္ကူပေါ်မှာ ဖော်ပြပါ။

Regulation ဆိုတာ အမြဲတမ်း ငြိမ်သက်နေရမယ်လို့ မဆိုလိုပါဘူး။ စိတ်ဖိစီးမှုဖြစ်ပြီးနောက် ကိုယ့်အရှိန်နဲ့ကိုယ် လုံခြုံမှုနဲ့ တည်ငြိမ်မှုဆီ ပြန်လာနိုင်ခြင်းကို ဆိုလိုပါတယ်။

ကိုယ့်ခန္ဓာကိုယ်က ကိုယ့်ကို ဆန့်ကျင်နေတာ မဟုတ်ပါဘူး။
သူက ကိုယ့်ကို ကာကွယ်ဖို့ ကြိုးစားနေတာပါ။
ပြုပြင်ဖို့မကြိုးစားခင် နူးညံ့စွာ နားထောင်ပေးပါ။

12/09/2026
ဒီတပတ် ပိတ်ရက် ၁၂/၁၃ ယခုအတန်းလေး ရှိပါမယ်ရှင်။
11/09/2026

ဒီတပတ် ပိတ်ရက် ၁၂/၁၃ ယခုအတန်းလေး ရှိပါမယ်ရှင်။

🎨Introduction to Expressive Art Therapy

🎨 Introduction to Expressive Art Therapy ၂ ရက် သင်တန်းကို စက်တင်ဘာ။ ၁၂ရက်နဲ့ ၁၃ ရက်တို့မှာ ပြုလုပ်သွားမှာဖြစ်ပါတယ်။ ဒီသင်တန်းမှာ စာတွေ့၊ လက်တွေ့ Therapeutic Art therapy လေ့ကျင့်ခန်းများအပြင် Expressive Art Therapy ရဲ့ သီအိုရီများ၊ ဆက်စပ်အသုံးပြုနိုင်မဲ့ mindfulness and grounding practices များကိုလည်း သင်ကြားပို့ချပေးမှာ ဖြစ်ပါတယ်။ သင်တန်းပြီးတဲ့အခါ နည်းလမ်းများကို မိမိရဲ့ တကိုယ်ရေတိုးတက်မှု၊ စိတ်တည်ငြိမ်မှုနဲ့ အသိ-သတိရှိမှုတို့အတွက် ချက်ချင်းလက်တွေ့ အသုံးချနိုင်မှာ ဖြစ်ပါတယ်။

🎨 အခြေခံကစပြီး သင်ကြားပို့ချမှာ ဖြစ်တဲ့အတွက် Art Therapyကို စိတ်ဝင်စားပြီး လက်တွေ့အသုံးချလိုသူတိုင်းအတွက် သင့်တော်ပါတယ်။ ဒါ့အပြင် စိတ်ပညာနဲ့ အနုပညာ အခြေခံ ရှိဖို့လည်း မလိုအပ်ပါဘူး။ အရင်သင်တန်းများကို တက်ရောက်ပြီးသူများလည်း သီအိုရီပိုင်း လေ့လာချင်ရင် တက်ရောက်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

🎨 သင်ကြားရမည့် အရာများ

🗓️ Day 1
⏳ Duration: 2 hours
✅ Art Therapy Theory
✅ Types of Art Therapy
✅ Expressive Art Therapy
✅ Mindfulness and Grounding

🗓️ Day 2
⏳ Duration: 2 hours
✅ Mindfulness and Grounding Techniques
✅ Expressive Art Therapy (continued)
✅ Basic Ex
✅ Mindfulness and Grounding

🖌️ Materials List
* Drawing Paper (sketchbook) 150gsm or 200gsm ( sketchbook ရဲ့ စာရွက် gsm အမျိုးအစား )
* Color pencils / markers
* Crayons / pen

ဖော်ပြပါ စာရင်းထဲ မိမိမှာ တခုခု ရှိနေရင် အဆင်ပြေပါတယ်။

Trainers: Yuko
Dates: 12 September 2026 (Saturday), 13 September 2026 ( Sunday )
Time: 7:00PM - 9:00PM
Platform: Zoom (online)
Fees: 60,000 MMK

‼️သင်တန်းပြီးဆုံးပါက Certificate ပေးပါမယ်။

‼️လူဦးရေ ကန့်သတ်ထားပါသည်။

✨🍀
11/09/2026

✨🍀

“The Journey Within – ကိုယ့်ရဲ့အတွင်းစိတ်လေးကို လှည့်ပြန်ငဲ့ကြည့်ခြင်း” ✨

ကိုယ့်ဘဝတစ်လျှောက် ဖြတ်သန်းရတဲ့ အနိမ့်အမြင့် လောကဓံတွေကြားမှာ... ဘာတွေကို လေးလေးပင်ပင် သယ်ဆောင်လာခဲ့မိလဲ? ဘာတွေကို ချန်ထားခဲ့ဖို့လိုပြီး၊ ဘယ်အရာတွေကို ဆက်လက်သယ်ဆောင်သွားမလဲ? 🤔

ဒီသီတင်းကျွတ်ပိတ်ရက်မှာတော့ စိတ်ပင်ပန်းမှုတွေကို ခဏဘေးဖယ်ပြီး ကလောရဲ့ သဘာဝတောတောင်တွေကြားမှာ အနားယူရင်း၊ ပန်းချီဆွဲရင်းနဲ့ ကိုယ့်ကိုယ်ကိုယ် ပြန်လည်ကုစားနိုင်ဖို့အတွက် Nature’s Nirvana Campsite နဲ့ Art of Healing တို့ ပူးပေါင်းပြီး "Mental Wellness Retreat" အစီအစဉ်လေးတစ်ခုကို အထူးထည့်သွင်း စီစဉ်ပေးထားပါတယ်ခင်ဗျာ။ ✨

"Mental Wellness Retreat " လို့ နာမည်ပေးထားတဲ့အတိုင်း Expressive Arts Program လေးဖြစ်တာကြောင့် သဘာဝတရားရဲ့ ကူညီဖေးမမှုနဲ့အတူ ကိုယ့်စိတ်ရဲ့ အတွင်းသဏ္ဍာန်တွေကို ပန်းချီအနုပညာကတစ်ဆင့် လွတ်လွတ်လပ်လပ် ခံစားဖော်ထုတ်ကြည့်ကြပါမယ် 🎨🌿

ဒီ Program လေးမှာ ဘာတွေလုပ်ကြမလဲ?

• Trekking & Nature Quiet Time:

ကလောရဲ့ လှပတဲ့ တောင်တက်လမ်းတွေကို ဖြည်းဖြည်းချင်း လျှောက်လှမ်းရင်း၊ သစ်ပင်တွေ၊ တိုး​​ဝှေ့ဖြတ်တိုက်လာတဲ့ သဘာဝလေတိုးသံတွေနဲ့အတူ ကိုယ့်ရဲ့အသက်ရှူသံကို ငြိမ်းငြိမ်းချမ်းချမ်း ပြန်နားထောင်မယ်။

• Expressive Arts Session:

ပန်းချီလှလှဆွဲတတ်ဖို့ မလိုပါဘူး။ ကာလာတွေ၊ လိုင်းတွေကတစ်ဆင့် ကိုယ့်ရဲ့အတွင်းစိတ် ခံစားချက်တွေကို လွတ်လပ်စွာ ပုံဖော်ရင်း၊ လွှတ်ချချင်တဲ့ စိတ်ဖိစီးမှုတွေကို တောင်ပေါ်မြေမှာ ထားရစ်ခဲ့ကြမယ်။

သဘာဝတရားရဲ့ ရင်ခွင်ထဲမှာ ကိုယ့်ရဲ့အတွင်းစိတ်လေးကို အနုပညာနဲ့ ကုစားဖို့ Campsite မှာ ဆုံကြစို့နော် 🏕️🎨

✨ အသေးစိတ်အချက်အလက်များ -

⏳ Duration: 2 Days / 1 Night
📍 Location: Nature’s Nirvana Campsite, Kalaw
📅 Date: 26 October 2026 (သီတင်းကျွတ်ပိတ်ရက်)
👥 Limited Participants: (လူဦးရေ အကန့်အသတ်ရှိပါတယ်ခင်ဗျာ)

📩 စုံစမ်းမေးမြန်းပြီး စာရင်းပေးလိုပါက ကျွန်တော်တို့ Page Messenger သို့မဟုတ် ဖုန်း 09-250789486 ကိုတိုက်ရိုက် ဆက်သွယ်နိုင်ပါတယ်ခင်ဗျာ။

🌿 THE JOURNEY WITHIN2 Days • 1 Night Trekking & Expressive Arts Mental Wellness Retreatတခါတလေ ကျမတို့ ပင်ပန်းနေတာကခန္ဓာက...
11/09/2026

🌿 THE JOURNEY WITHIN
2 Days • 1 Night Trekking & Expressive Arts Mental Wellness Retreat

တခါတလေ ကျမတို့ ပင်ပန်းနေတာက
ခန္ဓာကိုယ်တခုတည်း မဟုတ်ပါဘူး။

မပြောဖြစ်ခဲ့တဲ့ ခံစားချက်တွေ၊
မလွှတ်ချနိုင်သေးတဲ့ အရာတွေ၊
နေ့စဉ်ဘဝထဲမှာ မသိမသာ သယ်ဆောင်လာခဲ့ရတဲ့ စိတ်ဖိစီးမှုတွေလည်း ရှိနေတတ်ပါတယ်။

ဒီတခေါက်တော့ သဘာဝတရားထဲကို ခဏထွက်သွားကြမယ်။

တောင်တက်လမ်းတွေကို ဖြည်းဖြည်းလျှောက်မယ်။

အသက်ရှူသံကို ပြန်နားထောင်မယ်။

ကိုယ့်ခန္ဓာကိုယ်ရဲ့ ပင်ပန်းမှုကို သတိပြုမယ်။

ပတ်ဝန်းကျင်က သစ်ပင်တွေ၊ လေတိုက်သံတွေ၊ ကောင်းကင်နဲ့ တိတ်ဆိတ်မှုကို ခံစားကြမယ်။

တနေ့တာ Trekking ပြီးဆုံးတဲ့ ညမှာတော့
“The Journey Within — What I Carried, What I Leave Behind”ဆိုတဲ့ Expressive Arts Session ကို အတူတူ ဖြတ်သန်းကြမယ်။

🎨 My Inner Landscape

ဒီနေ့ လျှောက်ခဲ့တဲ့လမ်းက
ကိုယ့်ရဲ့အတွင်းစိတ် landscape တခု ဖြစ်ခဲ့မယ်ဆိုရင်ဘယ်လိုပုံစံ ရှိနေမလဲ။

ပန်းချီလှလှဆွဲတတ်ဖို့ မလိုပါဘူး။
Color, line, shape နဲ့ texture တွေကတစ်ဆင့် ဒီခရီးမှာ ခံစားခဲ့ရတာတွေကို လွတ်လပ်စွာ ဖော်ပြကြမယ်။

ပြီးတော့ ကိုယ့်ကိုယ်ကို မေးကြည့်ကြမယ်။

What am I carrying?
ငါ ဘာတွေကို သယ်ဆောင်လာခဲ့သလဲ။

What am I ready to leave behind?
ဘာတွေကို ဒီနေရာမှာ ထားခဲ့ဖို့ အဆင်သင့်ဖြစ်ပြီလဲ။

What do I want to carry forward?
ဒီခရီးကနေ ဘာကို ကိုယ်နဲ့အတူ ပြန်ယူသွားချင်သလဲ။

ဒီခရီးဟာ ကိုယ့်ကိုယ်ကို ပြောင်းလဲပစ်ဖို့ ကြိုးစားတဲ့ခရီးတခု မဟုတ်ပါဘူး။

နေ့စဉ်ဘဝရဲ့ ဆူညံမှုတွေကနေ ခဏဝေးပြီး
လမ်းလျှောက်ဖို့၊ အသက်ရှူဖို့၊ ခံစားဖို့၊ ဖန်တီးဖို့နဲ့ ကိုယ့်အတွင်းကို ပြန်လှည့်ကြည့်ဖို့ နေရာလေးတခု ဖြစ်ပါတယ်။

ယခု အစီအစဉ်ကို Nature’s Nirvana Campsiteနှင့် Art of Healing တို့ အတူ ပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်ပါတယ်။

Trekking အကြောင်းအရာ ခရီးစဉ်နှင့်ပတ်သက်သော အချက်များ -

“Nature’s Nirvana Campsite ခရီးစဉ်”ကတော့ ကလောမြို့လေးကို အရောက်လာရမှာဖြစ်ပြီး ကလောကို မနက်ရောက်ပြီဆိုတာနဲ့ ကြိုပေးမှာဖြစ်ပါတယ် ✨

ကလောမှာမနက်ပိုင်း ခဏနားနားဖို့အတွက်ကို စီစဉ်ပေးမှာဖြစ်ပြီး နေ့လည်ခင်းရောက်မှနေ့လည်စာအတူစားကြမှာဖြစ်ပါတယ် 🍜

ကလောမှာ နေ့လည်စာစားပြီးတာနဲ့ လမ်းစလျှောက်မယ့် နေရာဆီကို ကားနဲ့စထွက်ကြမှာဖြစ်ပါတယ် 🚘

ရောက်ပြီးတာနဲ့ Trekking စလျှောက်ကြမှာဖြစ်ပြီး တောတောင်သဘာဝရှုခင်းတွေနဲ့ စိုက်ခင်းတွေကြားမှာ ပျော်ပျော်ပါးပါး လမ်းလျှောက်ကြမှာဖြစ်ပါတယ် ⛰️🌲

Trekking လျှောက်ပြီးလို့ Campsite ရောက်ပြီဆိုတာနဲ့ အေးဆေးအနားယူကြမှာပါ။ အနားယူရင်းနဲ့ ပန်းချီဆွဲဖို့အစီအစဉ်လေးလည်းပါဝင်မှာဖြစ်ပါတယ် 🎨✨

ညဘက်ကျရင်တော့ ပူပူနွေးနွေး ဒေသအစားအစာတွေစားကြပြီးတော့ မီးလေးလှုံကြရင်းနဲ့ ကြယ်တွေတဝကြီးကြည့်ပြီး စကားတွေပြောကြပါမယ် 🌌🏕️

ကြယ်တွေအောက်မှာ Tent နဲ့ အိပ်စက်ရမယ့် ခရီးစဉ်လေးဖြစ်ပါတယ် 🌠🏕️

မြို့ပြရဲ့မွန်းကြပ်မှုတွေကိုခဏမေ့ထားပြီး သဘာဝတရားရဲ့ကြီးကျယ်ခမ်းနားမှုတွေကို ခံစားဖို့အတွက် အခုပဲစာရင်းပေးလို့ရပါပြီ ✨

ပက်ကေ့ချ်စျေးနှုန်းလေးကတော့ တယောက်ကို ၃၀၀, ၀၀၀ကျပ်ကျသင့်မှာဖြစ်ပါတယ်။

ပထမဦးဆုံး Booking Confirm ဖြစ်တဲ့ အယောက် (၃၀)အတွက်ကိုတော့ သီးသန့်လက်ဆောင်လေးပေးဖို့ရှိပါတယ် 👀🙂‍↕️

ခရီးစဉ်လေးကို စိတ်ဝင်စားတယ်ဆိုရင်တော့ Comment မှာ မန့်ခဲ့ပေးပါ တယောက်ချင်းဆီဖြေပေးမှာဖြစ်သလို Pageမှာလည်း ခရီးစဉ်အသေးစိတ်လေးကို လာရောက်မေးမြန်းလို့ရပါတယ်ခင်ဗျာ။

09-250789486 နံပါတ်ကိုလည်း ဆက်သွယ်မေးမြန်းနိုင်ပါတယ် 🤗



🌿 Trekking
🌙 Nature & Quiet Time
🎨 Expressive Arts Practice
📝 Guided Reflection
🤍 Sharing Circle
✨ Letting Go & Intention Ritual

2 Days / 1 Night
📍 Location — Nature’s Nirvana Campsite၊ Kalaw
📅 Date — 26 October 2026
👥 Limited Participants
💌 Registration — 09-250789486, Page Messenger

Walk into nature.
Listen to what is within.
Leave a little lighter.

Nothing to lose.Everything to rebuild. 🌱တခါတလေ ဘဝမှာဆုံးရှုံးစရာတွေ အများကြီးရှိနေသလို ခံစားရတယ်။Relationship တခု၊အလုပ်တ...
10/09/2026

Nothing to lose.
Everything to rebuild. 🌱

တခါတလေ ဘဝမှာ
ဆုံးရှုံးစရာတွေ အများကြီးရှိနေသလို
ခံစားရတယ်။

Relationship တခု၊
အလုပ်တခု၊
လူတယောက်၊
အိပ်မက်တခု…
ဒါမှမဟုတ် ကိုယ့်ရဲ့ အရင်က “ကိုယ်” ကိုတောင်။

ဒါပေမယ့် တချိန်ချိန်မှာ
“ငါ ဘာတွေဆုံးရှုံးမလဲ?” ဆိုတဲ့အတွေးကနေ“ငါ့ဘဝကို ဘယ်လိုပြန်တည်ဆောက်မလဲ?” ဆိုတဲ့အတွေးဆီ ပြောင်းလာနိုင်တယ်။

Nothing to lose ဆိုတာ
ဘာမှမရှိတော့တာ မဟုတ်ဘူး။

ကိုယ့်ကိုယ်ကို ဆုံးရှုံးမသွားအောင်
ကိုယ့်ဘက်က ကိုယ့်ကို ပြန်ရွေးချယ်ဖို့
အကြောက်အလန့်နည်းလာတာပါ။

မဖြစ်နိုင်တော့ဘူးလို့ ထင်ခဲ့တဲ့နေရာကနေ
တလှမ်းချင်း ပြန်စနိုင်တယ်။

Healing ဆိုတာ
အရာအားလုံးကို ပြန်ရဖို့ မဟုတ်ဘူး။

တခါတလေ
ဆုံးရှုံးခဲ့ရတဲ့အရာတွေကြားထဲကနေ
ကိုယ့်ကိုယ်ကို ပြန်တွေ့လာဖို့ပါ။

So breathe.
Let go of what you cannot carry anymore.
And start again.

You may have lost something.
But you haven’t lost your chance to begin again. 🤍

Address

Yangon

Opening Hours

Monday 09:00 - 19:00
Tuesday 09:00 - 19:00
Wednesday 09:00 - 19:00
Thursday 09:00 - 19:00
Friday 09:00 - 19:00

Website

Alerts

Be the first to know and let us send you an email when Art of Healing posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Art of Healing:

Shortcuts

Share