10/07/2026
ကျန်းမာရေးကို ဘယ်လောက်ပဲ ဂရုစိုက်တယ်ပြောပြော လူနေမှုပုံစံ ပြောင်းလဲလာတာနဲ့အမျှ သတိမထားမိဘဲ ဒွန်တွဲဖြစ်ပွားလာတတ်တာကတော့ 6သွးတိုး၊ ဆီးချိုနဲ့ ကျောက်ကပ်အားနည်းခြင်း ပြဿနာပဲ ဖြစ်ပါတယ် 💁🏼♀️
တကယ်တော့ 6သွးတိုး၊ ဆီးချိုနဲ့ ကျောက်ကပ်ဆိုတာ ခွဲထုတ်လို့မရတဲ့ သံသရာစက်ဝန်းတစ်ခုလိုပါပဲ ❕
ဆီးချိုကြောင့် 6သွးတွင်းသကြားဓာတ် လွန်ကဲလာတဲ့အခါ ကျောက်ကပ်ထဲက 6သွးကြောလေးတွေကို ပျက်စီးစေသလို၊ 6သွးတိုးကြောင့်လည်း ကျောက်ကပ်ဆီ 6သွးစီးဆင်းမှုကို ဟန့်တားနှောင့်ယှက်တတ်ပါတယ် ☢️
ရလဒ်အနေနဲ့ ကျောက်ကပ်က 6သွးကို ကောင်းကောင်း မသန့်စင်နိုင်တော့ဘဲ ကျောက်ကပ်အားနည်းခြင်းဆီသို့ တဖြည်းဖြည်း တွန်းပို့လိုက်သလို ဖြစ်သွားတတ်ပါတယ် ‼️
ဒါဆို ဘယ်လိုအရာတွေက ကျောက်ကပ်ကို တဖြည်းဖြည်း အားနည်းလာစေတာလဲ 💁🏼♀️
🔸 6သွးတိုးနှင့် ဆီးချိုရောဂါကို စနစ်တကျ မထိန်းချုပ်နိုင်ခြင်းက ကျောက်ကပ်ကို အားနည်းစေတဲ့ အဓိကတရားခံ တစ်ခုဖြစ်စေပါတယ်
🔸 အငန်ဓာတ်နှင့် အချိုဓာတ် လွန်ကဲစွာ စားသုံးခြင်း၊ ရေဓာတ်ပြည့်ဝစွာ မသောက်သုံးခြင်းတို့က ကျောက်ကပ်အပေါ် ဝန်ပိစေတဲ့အရာတစ်ခု ဖြစ်စေပါတယ်
🔸 ကိုယ်အလေးချိန် လွန်ကဲခြင်း၊ ဆေးလိပ်၊ အရက် သုံးစွဲခြင်းနှင့် အကိုက်အခဲပျောက်ဆေးများကို ဆရာဝန်ညွှန်ကြားချက်မပါဘဲ ရေရှည်စွဲသောက်ခြင်းတို့ကြောင့်လည်း ဖြစ်စေနိုင်ပါတယ်
6သွးတိုးနှင့် ဆီးချိုရောဂါ ဝင်ရောက်လာပါက နောက်ဆက်တွဲ ကျောက်ကပ်ဝေဒနာအထိ မကူးစက်အောင် အခုလို ပြောင်းလဲဖို့ လိုအပ်ပါတယ် 🤗
နောက်ဆက်တွဲအန္တရာယ်များမှ ကာကွယ်ရန် နေ့စဉ်ဘဝမှာ ဆင်ခြင်သင့်သော အရာများအနေဖြင့်လည်း 💁🏼♀️
👉🏻 ဆား၊ ငံပြာရည်၊ အချိုမှုန့်နှင့် တာရှည်ခံ အစားအစာများကို အတတ်နိုင်ဆုံး ရှောင်ကြဉ်ပါ
👉🏻 အဆိပ်အတောက်များ ကောင်းစွာစစ်ထုတ်နိုင်ရန် တစ်နေ့လျှင် ရေ (၂) လီတာမှ (၃) လီတာခန့် ပုံမှန် သောက်သုံးပေးပါ
👉🏻 တစ်နေ့လျှင် အနည်းဆုံး မိနစ် ၃၀ ခန့် ပုံမှန်လမ်းလျှောက်ခြင်းဖြင့် 6သွးတွင်းသကြားဓာတ်နှင့် 6သွးဖိအားကို ထိန်းညှိပေးပါ
👉🏻 ဆရာဝန်ညွှန်ကြားချက်အတိုင်း ဆေးဝါးများကို တိကျစွာ မှီဝဲပြီး မိမိသဘောဖြင့် ဆေးဖြတ်ခြင်းမျိုး လုံးဝမပြုလုပ်ရပါ။
အကယ်၍ကိုယ်က အစောပိုင်းအဆင့်မှာ ကြိုတင်သိရှိထားတယ်ဆိုရင်လည်း 6သွးတိုး၊ ဆီးချိုကို ထိန်းချုပ်ပြီး ဆေးဝါးများဖြင့် အကောင်းဆုံး ပြန်လည်ထိန်းသိမ်းနိုင်ပါတယ် ☺️
ရောဂါရင့်သွားပါကလည်း ခေတ်မီဆေးပညာအရ ကျောက်ကပ်ဆေးခြင်း (𝐃𝐢𝐚𝐥𝐲𝐬𝐢𝐬) သို့မဟုတ် ကျောက်ကပ်အစားထိုး ကုသခြင်း (𝐊𝐢𝐝𝐧𝐞𝐲 𝐓𝐫𝐚𝐧𝐬𝐩𝐥𝐚𝐧𝐭) တို့ဖြင့် စနစ်တကျ ကုသနိုင်ပြီ ဖြစ်ပါတယ် ❗️
မိမိရဲ့ ကျန်းမာရေးနဲ့ပတ်သက်ပြီး အာယုဇီဝဆေးရုံမှာဆိုရင် ဝါရင့်အထူးကုဆရာဝန်ကြီးများက နောက်ဆုံးပေါ် ခေတ်မီစက်ကိရိယာကြီးများဖြင့် စနစ်တကျ ရောဂါရှာဖွေကုသပေးနေတာမို့ ယုံကြည်စိတ်ချစွာ လာရောက်ပြသနိုင်ပါတယ်ရှင့် 💌
☎️ Ph No : 09940005791, 09880575791, 09880575792
🏡 နေရပ်လိပ်စာ : အမှတ် (၉၀)၊ (၄၈) ရပ်ကွက်၊ ဗိုလ်မှူးဘထူးလမ်း၊ မြောက်ဒဂုံမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး
Disclaimer:
This content is shared for general knowledge sharing of KidneyHealth.