𝐈𝐧𝐠𝐲𝐢𝐧 𝐏𝐡𝐲𝐮 𝐋𝐚𝐛𝐨𝐫𝐚𝐭𝐨𝐫𝐲 𝐘𝐚𝐧𝐠𝐨𝐧

  • Home
  • Myanmar
  • Yangon
  • 𝐈𝐧𝐠𝐲𝐢𝐧 𝐏𝐡𝐲𝐮 𝐋𝐚𝐛𝐨𝐫𝐚𝐭𝐨𝐫𝐲 𝐘𝐚𝐧𝐠𝐨𝐧

𝐈𝐧𝐠𝐲𝐢𝐧 𝐏𝐡𝐲𝐮 𝐋𝐚𝐛𝐨𝐫𝐚𝐭𝐨𝐫𝐲 𝐘𝐚𝐧𝐠𝐨𝐧 Ingyin Phyu Medical Centre & Laboratory (Yangon)

03/06/2025

ကြောင်မှတဆင့် ကူးစက်တတ်သောရောဂါများ

❌❌❌❌❌❌❌❌❌❌❌❌❌❌

(Edit - ဒီရောဂါတွေအကြောင်းရေးပေးတာက ကြောင်မွေးထားသူတွေ အသိသတိလေးရှိကြရအောင်ဖြစ်ပါတယ်။ ကြောင်မွေးတိုင်း ဒီရောဂါဖြစ်တာမဟုတ်ပါ။ ကူးစက်ရောဂါဆိုတာ ကာကွယ်လို့ရနိုင်တဲ့ရောဂါတွေပါ။ ကာကွယ်ဆေး ထိုးတန်ရာထိုး၊ ကြောင်ကိုင်ပြီး လက်ဆေး၊ ကြောင်စာတွေ သန့်သန့်ရှင်းရှင်း ကိုင်တွယ်၊ ကြောင်အညစ်အကြေးကို စနစ်တကျ သန့်ရှင်းမယ်ဆိုရင် ကြောင်ဆိုတာ အိမ်မွေးတိရစ္ဆာန်ဖြစ်ပါတယ်။ လူတွေရဲ့အဖော်မွန်သတ္တဝါလေးတွေပါ။ ကျနော်ကိုယ်တိုင်လည်း ကြောင်ချစ်ပါတယ်။ စေတနာထားပြီးရေးသားပေးတာမို့ အမုန်းတရားတွေ မဖြန့်ဝေပါနဲ့ခင်ဗျာ 🙏🙏)

၁။ Toxoplasmosis

ဒါကတော့ HIV လူနာတွေကဲ့သို့ ခုခံအားစနစ်အားလျော့တဲ့လူတွေမှာ အရမ်းကြောက်ရတဲ့ရောဂါဖြစ်ပါတယ်။ ကြောင်ရဲ့ချေးကို ထိမိရာကတဆင့် ကူးစက်နိုင်ပါတယ်။ Toxoplasma gondii ဆိုတဲ့ ကပ်ပါးကောင်ကြောင့်ဖြစ်တာပါ။

၂။ Cat scratch disease

ဒါကတော့ Bartonella henselae လို့ဆိုတဲ့ ဘက်တီးရီးယားကြောင့်ဖြစ်ပါတယ်။ ကြောင်ကုတ်တာ၊ ကိုက်တာကနေတဆင့် ဖြစ်တတ်ပါတယ်။ ဖျားမယ်၊ lymph အကြိတ်ယောင်မယ်၊ အာရုံကြောပြဿနာတွေဖြစ်တတ်ပါတယ်။

၃။ Dermatophytosis

ကြောင်ရဲ့အမွှေးကတဆင့် တိုက်ရိုက်ထိတွေ့မှုကြောင့်ဖြစ်တဲ့ ပွေးရောဂါတစ်မျိုးပါ။ Ring-like skin lesions ပွေးကွက်တွေ မြင်ရပါမယ်။

၄။ Hookworm, Roundworm

ချိတ်သံကောင်၊ သံလုံးကောင်တွေကလည်း ကြောင်ရဲ့ မစင်ကတဆင့် ကူးစက်နိုင်ပါတယ်။
Ancylostoma Braziliense (Cat hookworm)
Toxocara Cati (Cat roundworm)

၅။ Rabies (ခွေးရူးပြန်)

Rabies virus ကူးစက်ခံထားရတဲ့ ကြောက်ကိုက်တာကတဆင့်လည်း ခွေးရူးပြန်ရောဂါ ဖြစ်တတ်ပါတယ်။

၆။ Salmonella

Non-typhoidL salmonella ဘက်တီးရီးယားတွေက ကြောင်ကတဆင့် လူကို ကူးစက်နိုင်ပါတယ်။ ကြောင်မစင် နဲ့ သူတို့ရဲ့ အစာခြောက်တွေကို လက်ဗလာနဲ့ကိုင်တွယ်တာကတဆင့် ဖြစ်နိုင်ပါတယ်။


#ရောဂါကင်းဝေးကျန်းမာကြပါစေ

မေတ္တာဖြင့်
ဒေါက်တာအောင်မင်းသူ
၂၊ဇွန်လ၊ ၂၀၂၅

မြန်မာပြည်သူပြည်သားအပေါင်း သဘာဝဘေးအန္တရာယ်များမှကင်းဝေးပြီး ကျန်းမာလို့ချမ်းသာကြပါစေ။
22/05/2025

မြန်မာပြည်သူပြည်သားအပေါင်း သဘာဝဘေးအန္တရာယ်များမှကင်းဝေးပြီး ကျန်းမာလို့ချမ်းသာကြပါစေ။

18/05/2025

"တတိယလှိုင်း ဗီဇပြောင်း Covid 19 ရောဂါလက္ခဏာများ"

ကူးစက်ခံရပြီး ၁ ရက်မှ ၃ ရက်
၁။ သာမန်အအေးမိအဖျားနှင့်ဆင်တူသည်။
၂။ လည်ချောင်းအနည်းငယ်နာသည်။
၃။ ဖျားနာကိုက်ခဲ ပင်ပန်းနွမ်းနယ်ခြင်းမရှိ။
၄။ ပုံမှန်အတိုင်း အစားအသောက်မပျက်။

၄ ရက်မြောက်နေ့
၁။ အာသီးအနည်းငယ်ယောင်သည်။
၂။ စကားပြောလျှင် လည်ချောင်း နာလာသည်။
၃။ ကိုယ်အပူအချိန်မှာ ပုံမှန်အပူချိန် 36.5C ဖြစ်သည်။
သို့သော် အစားသောက်မြိုချရာတွင် အခက်အခဲရှိသည်။
ခေါင်းအနည်းငယ်ကိုက်မည်။
၄။ light belly အစာအိမ်လေထမည်။ အရက်မူးသကဲ့သို့
အနည်းငယ် မူးဝေနေမည်။

၅ ရက်မြောက်နေ့
၁။ လည်ချောင်းနာနေမည်။ ပင်ပန်းနွမ်းနယ်နေမည်။
၂။ ကိုယ်အပူချိန် 36.5-36.7C တွင်ရှိမည်
၃။ အဆစ်အမြစ် ကိုက်ခဲနာကျင်မည်။

၆ ရက်မြောက်နေ့
၁။ ကိုယ်အပူချိန် 37 C+ အထက်ရောက်လာသည်။
၂။ သလိပ်မထွက်သည့် ချောင်းခြောက်ဆိုးသည်။
၃။ စကားပြောတိုင်း အစာစားတိုင်း လည်ချောင်း
နာကျင်နေမည်။
၄။ အားအင်ကုန်ခမ်းပြီး မောပန်းနွမ်းနယ်နေမည်။
၅။ ရံဖန်ရံခါတွင် အသက်ရှူရန် အခက်အခဲဖြစ်လာမည်။
၆။ inches feel pain ခြေချောင်းများ နာကျင်လာမည်။
၇။ ဝမ်းလျှော၍ အော့အန်မည်။

၇ ရက်မြောက်နေ့
၁။ ကိုယ်အပူချိန် 37.4-37.8C ရှိလာသည်။
၂။ ချောင်းအဆက်မပြတ်ဆိုးပြီး သလိပ်ပျစ်ပျစ်များ
ထွက်နေမည်။
၃။ ခေါင်းကိုက်ပြီး ခန္ဓာကိုယ်တစ်ခုလုံး ကိုက်ခဲနာကျင်နေ
မည်။
၄။ အပြင်းအထန် ဝမ်းလျှောမည်။
၅။ အော့အန်မည်။

၈ ရက်မြောက်နေ့
၁။ ကိုယ်အပူချိန် 38C +++ အထက်ထိရောက်လာပြီး
အပြင်းအထန်ဖျားလာမည်။
၂။ အသက်ရှူရန် အခက်အခဲဖြစ်လာသည်။
၃။ ချောင်းအဆက်မပြတ်ဆိုးမည်။
၄။ ခေါင်းကိုက်ပြီး အဆစ်အမြစ်နှင့် ကြွက်သားများ
နာကျင်မည်။
၅။ ခြေထောက်နှင့် ခန္ဓာကိုယ်အောက်ပိုင်းတစ်ခုလုံး
ကိုက်ခဲနာကျင်မည်။

၉ ရက်မြောက်နေ့
၁။ ရောဂါအခြေအနေ အတိုးအလျော့မရှိပါ။
၂။ အပြင်းအထန် အဖျားတက်လာမည်။
၃။ အချို့ရောဂါလက္ခဏာများ သက်သာလာမည်။
၄။ သို့သော် အသက်ရှူရန်အတွက် အပြင်းအထန်
ကြိုးစားလာရမည်ဖြစ်သည်။ ထိုအနေအထားသို့
ရောက်လာလျှင် သွေးစစ်ပြီး ရင်ခေါင်းဓာတ်မှန်ရိုက်ရန်
လိုအပ်လာပြီဖြစ်သည်။

ထိုင်းနိုင်ငံ ချူလာလောင်ကောင်ဆေးရုံမှ ထုတ်ပြန်သည်။

အကြံပြုချက်များ
***************
၁။ မတ်(စ်)တပ်ပါ
၂။ လက်ကို ဆပ်ပြာဖြင့် စက္ကန့် (၂၀) ဆေးပါ
၃။ တစ်ဦးနှင့်တစ်ဦး ၆ ပေအကွာနေပါ
၄။ ထိတွေ့ပြီးတိုင်း ပိုးသတ်ဆေးဖြင့် ဖြန်းပါ
၅။ လက်ဆွဲနှုတ်ဆက်ခြင်းမှ ရှောင်ကြင်ပါ
၆။ အပြင်သွားလျှင် လက်အိတ်ဝတ်ပါ ___________________________________ တဆင့်ပြန်လည်မျှဝေပါတယ်ရှင်

16/05/2025

ရာသီပေါ်တုပ်ကွေးကာကွယ်ဆေး
အိမ်အရောက် ထိုးပေးဝန်ဆောင်မှု
ရယူနိုင်ပါပြီ။

Contact: 09765453378

ဆေးမကြာခဏပြတ်တတ်ပါရျ် အမြန်
ဆက်သွယ်မှသာ စိတ်ချရပါမည်။

နိုင်ငံတကာရှိ သူနာပြုများကိုဂုဏ်ပြုလိုက်ပါတယ်
12/05/2025

နိုင်ငံတကာရှိ သူနာပြုများကိုဂုဏ်ပြုလိုက်ပါတယ်

20/10/2024

World Osteoporosis Day
အရိုးပွရောဂါဂရုစိုက်ပါ
အောက်တိုဘာ ၂၀ ရက်

21/08/2024

#သတိထားရမည့်မျောက်ကျောက်ရောဂါ(Mpox)

လတ်တလောဖြစ်ပွားနေသော Mpox ရောဂါနှင့်ပတ်သက်ရျ် ကျမလေ့လာမိသလောက်ကို ဗဟုသုတအဖြစ် မျှဝေလိုက်ရပါတယ်။

အာဖရိကနိုင်ငံမှ စတင်ပြီးတိရိစ္ဆာန်များမှတဆင့်လူကို ကူးစက်စေသည့် virus ပိုးတမျိုးဖြစ်ပါသည်။

အသားအရေချင်းထိတွေ့မှု၊ အဝတ်အစားများတွင်ကပ်တွယ်မှု၊ နမ်းရှုတ်ခြင်း နှင့်လိင်ဆက်ဆံခြင်းတို့မှကူးစက်နိုင်ပါသည်။

မွေးကင်းစကလေးငယ်များနှင့် အသက်ငယ်ရွယ်သော
က​ေလးသူငယ်များ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ HIV ပိုးကူးစက်ခံရပြီး အဆင့်မြင့် stage တခုကိုရောက်ရှိနေသူများ(ဆေးကုသမှု ကောင်းစွာမခံယူပဲ အခြေအနေဆိုးသူဝေဒနါရှင်များ) တို့တွင်ကူးစက်မှု လျှင်မြန်ပြီး တဦးနှင့်တဦး ခံနိုင်ရည်ရှိမှုအခြေအနေပေါ်မူတည်ရျ် အသက်သေဆုံးသည်ထိ ပြင်းထန်နိုင်ပါသည်။

ရောဂါပိုးကူးစက်ခံရလျှင် အောက်ပါလက္ခဏာများဖြစ်ပွားနိုင်ပါသည်။

✔ တကိုယ်လုံးအဖုအပိန့်များထွက်လာမည်။ ကြာလျှင် အရည်ကြည်ဖုလေးများအဖြစ်သို့ပြောင်းလဲသွားနိုင်သည်။ ထိုအဖုများသည် နှစ်ပတ်မှ တလခန့်ထိကြာရှည်နိုင်သည်။

ခန္ဓာကိုယ်ပြင်ပတွင်သာမက အတွင်းတွင်လဲ ထွက်နိုင်သည်။ဥပမာ ၊ မျက်လုံး၊ နှာခေါင်း၊လည်ချောင်း၊ စအို၊ အမျိုးသမီးအဂ်ါအတွင်းပိုင်း အစရှိသည်တို့။

✔ ကိုယ်လက်များနာကျင်ကိုက်ခဲမည်။ ခေါင်းကိုက်မည်။ ခါးနာမည်။

✔ ဖျားမည်။

✔ ကြွက်သားများနာကျင်ကိုက်ခဲမည်

✔ ပြန်ရည်ကျိတ်များ ရောင်ရမ်းမည်။

အထက်ပါ Virus ကူးစက်ခံရလျှင် တဦးနှင့်တဦးကိုယ်ခံအားကောင်းမှုပေါ်တွင် မူတည်ရျ် ကိုယ်ခံအားကောင်းသူဖြစ်ပါက သာမာန်လက္ခဏာများပြပြီး အဖျားကျဆေးလောက်ဖြင့် သက်သာပျောက်ကင်းသွားနိုင်ပါသည်။
ကိုယ်ခံအားနည်းသော သူများအဖို့သာအသက်သေဆုံးသည်ထိပြင်းထန်နိုင်ပါသည်။

ထို့ကြောင့် မိမိ၏ကိုယ်ခံအားကောင်းဖို့နှင့် လူထူထပ်သောနေရာများကို ရှောင်ကျဥ်ခြင်း တို့ကိုဂရုပြုရပါမည်။

အာဖရိကနိုင်ငံမှသည် စတင်ပြန့်ပွားလာပြီး ယခုအခါ မိမိတို့ရဲ့အိမ်နီးချင်းနိုင်ငံဖြစ်သော ထိုင်းနိုင်ငံထိပါ ကူးစက်လာပြီဖြစ်ပါသဖြင့် ပေါ့ပေါ့ဆဆ မနေသင့်ပါ။

WHO မှလဲ ၂၀၂၂ ခုနှစ်က ဖြစ်ပွားခဲ့သော မျောက်ကျောက်ရောဂါထက် ပိုပြင်းထန်ကြောင်းနှင့် ကမ္ဘာအနှံ သေဆုံးမှု ပိုမိုမြင့်မားလာကြောင်း တရားဝင် Alarm လုပ်ထားပြီးဖြစ်ပါသည်။

ယခုအခါ ကာကွယ်ဆေးပေါ်ပြီဖြစ်သော်လည်း မြန်မာပြည်သို့ ရောက်ရှိခြင်းရှိ၊မရှိကို မသိရသေးပါ သဖြင့် ကြိုတင်သတိပြု ရှောင်ရှားနိုင်စေရန် မျှဝေပေးလိုက်ရပါသည်။

မီမီဇော်ကို
သြဂုတ်လ ၂၁ ၊ ၂၀၂၄

Address

No. (470), 3rd Quarter , Corner Of Wayzayantar Road And Thitsar Road, South Okkalapa Township
Yangon

Opening Hours

Monday 08:00 - 18:00
Tuesday 08:00 - 18:00
Wednesday 08:00 - 18:00
Thursday 08:00 - 18:00
Friday 08:00 - 18:00
Saturday 08:00 - 18:00
Sunday 08:00 - 18:00

Telephone

+959765452996

Website

Alerts

Be the first to know and let us send you an email when 𝐈𝐧𝐠𝐲𝐢𝐧 𝐏𝐡𝐲𝐮 𝐋𝐚𝐛𝐨𝐫𝐚𝐭𝐨𝐫𝐲 𝐘𝐚𝐧𝐠𝐨𝐧 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category