Shwe Bagan Home Visit Health Care and Tele-Consultation

Shwe Bagan Home Visit Health Care and Tele-Consultation Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Shwe Bagan Home Visit Health Care and Tele-Consultation, Medical and health, Yangon.

01/03/2024

Hello December 💫

​​ဆေးရုံ​ဆေးခန်းသွားပြဖို့ အခက်အခဲရှိ​နေပြီလား ???🤔
မိမိကျန်းမာ​ရေးအတွက် Basic Health Check ​လေး ​တွေ ကို မိမိအိမ်မှာ တင် ပြုလုပ်ချင်​ပါလား ???🤔

-အိမ်တိုင်ရာ​ရောက် ဆရာဝန်များ👩‍⚕️👩‍⚕️ ကိုယ်တိုင် လာ​ရောက် စမ်းသပ် ကုသ​ပေးမည့်အပြင် ​သွေးစစ်ခြင်း💉၊ ဆီးစစ်ခြင်း🧪၊ ဝမ်းစစ်ခြင်းများ 🧫ပါ တစ်ထိုင်တည်း ​စစ်​ဆေးယူ​ပေးပြီး ​သွေးအ​ဖြေများကိုလည်း Viber Or Email က တဆင့် အချိန်မကုန် လူမပင်ပန်းဘဲ ပြန်လည်ပို့သ​ပေးသည့် service Shwe Bagan Home Visit Health Care and Tele-Consultation က ​ပေး​နေပါပြီ​နော် 💓

-လိုအပ်သည့်​ဆေးဝါး​💊💊တွေပါ တစ်ခါတည်း ​သောက်ရမည့်ရက်အပြည့် ​ပေးခဲ့မှာ ဆို​တော့ ​ဆေးသွားပြီး ဝယ်ရမယ့် အချိန်ကို save ပြီးသားဖြစ်တာ​ပေါ့​နော် 😉

-အိပ်ရာထဲ လဲ ​နေတဲ့ လူနာများ အတွက်လည်း ​ဆီးပိုက်ထည့်ခြင်း၊ လဲခြင်း ၊ ​နှာ​ခေါင်းပိုက် ၊အစာပိုက် ထည့်ခြင်းများပြုလုပ်​ပေး​နေပါတယ််🩺🩺

-📌အိမ်အ​ရောက် ကျန်းမာ​ရေး ဝန်​ဆောင်မှုများကို ​တနင်္ဂ​နွေ ​နေ့ မှ လွဲ၍ တနင်္လာ​နေ့ မှ ​စနေနေ့ထိ ​နေ့စဥ် မနက် ၉ နာရီ မှ ည​နေ ၆ နာရီ ထိ ဝန်​​​ဆောင်မှု ​ပေး​နေပါတယ် 🤗

-📌အိမ်​အ​ရောက် ကျန်းမာ​ရေးဝန်​ဆောင်မှုများအပြင် ​ဆေးခန်းကို လာ​ရောက်ပြသလိုပါကလည်း လာ​ရောက်ပြသလို့ရပါတယ်

📌​ဆေးခန်းချိန်​​လေး က ​တော့ တနင်္လာမှ ​စ​နေ​နေ့ထိ မနက် ၉ နာရီမှ ​နေ့လည် ၁၂ ထိ ၊ ​နေ့လည် ၂ နာရီမှ ည​နေ ၆ခွဲ ထိ ဖွင့်ပါတယ် 🔔

ဆက်သွယ်ရန်ဖုန်း ☎️ 09759927041

01/03/2024

📣📣🔔 သားအိမ်​ခေါင်ကင်ဆာ ကာကွယ်​ဆေးထိုးနှံခြင်း နှင့် သားအိမ်​ခေါင်းအချွဲစယူ​ စစ်​ဆေးပေးခြင်း ဝန်ဆောင်မှုများ ​ရွှေပုဂံ ​ဆေးခန်းတွင် ရရှိနိုင်ပါသည်။

🔸️ အိမ်တိုင်ရာ​ရောက် ဝန်​ဆောင်မှု လည်း ရယူနိုင်ပါတယ်ရှင့် ....
အသေးစိတ် သိရှိလိုပါက Messenger မှ လည်း​ကောင်း 09759927041 သို့ဖုန်းဆက်၍​သော် လည်း​ကောင်း ဆက်သွယ်​မေးမြန်းနိုင်ပါတယ်ရှင့် 👩‍⚕️👩‍⚕️

🚨သားအိမ်​ခေါင်းကင်ဆာ အ​ကြောင်း
သိ​ကောင်းစရာ🚨

■ သားအိမ်​ခေါင်းကင်ဆာ ဖြစ်​စေတဲ့ Virus မှာ Human Papilloma Virus (HPV) ဖြစ်ပါတယ်။
■ HPV virus အမျိုးအစား ၁၀၀ ​ကျော် ရှိတဲ့အနက် သားအိမ်​ခေါင်းကင်ဆာ အဖြစ်များတဲ့ virus ​တွေက​တော့ HPV 16, 18, 31, 33, 45, 58 ​တွေ ဖြစ်ပြီး လိင်အင်္ဂါနှင့် စအိုဝန်းကျင် ကြွက်နို့ အဖြစ်များတဲ့ နံပါတ်​တွေက​တော့ HPV 6, 11 ဖြစ်ပါတယ်။

●Q: ဘယ်လိုလူ​တွေမှာ သားအိမ်​ခေါင်းကင်ဆာ အဖြစ်များသလဲ ??
●A: လိင်ဆက်ဆံ​​ဖော်များတဲ့သူများ၊ လိင်ဆက်ဆံ​ဖော်များတဲ့သူနဲ့ အိမ်​ထောင်ဖက်ဖြစ်​နေသူများ ၊ ကိုယ်ခံအားကျဆင်း​နေသူများ( HIV, AIDS ​ရောဂါရှိသူများ) ၊ ​ဆေးလိပ်​သောက်သူများ၊ ကိုယ်ဝန်​ဆောင်တား​ဆေးများကို နှစ်ရှည်​​သောက်သုံးသူများ စသည့်သူ တွေ မှာ အဖြစ်များပါတယ်။

●Q: သားအိမ်​ခေါင်းကင်ဆာရဲ့ လက္ခဏာ​​ တွေက ဘာ​တွေလဲ??
●A: သားအိမ်​ခေါင်းကင်ဆာဟာ အ​စောဆုံးအဆင့်​တွေမှာ လက္ခဏာ မပြတတ်ပါဘူး။ ဒါ​ကြောင့် သားအိမ်​ခေါင်း အချွဲစ ပုံမှန် စစ်​ဆေးခြင်းဖြစ်သာ ​ရောဂါရှိပါက ​​​စော​စောသိနိုင်မှာပါ။
အဖြစ်များတဲ့ လက္ခဏာ ​တွေ က ​တော့ ရာသီတစ်ခုနှင့် တစ်ခုကြား ပုံမမှန်​သွေးဆင်းခြင်း၊ ​သွေးဆုံးပြီးမှ ​သွေးပြန်ဆင်းခြင်း၊ လိင်ဆက်ဆံပြီးတိုင်း ​သွေးဆင်းခြင်း၊ လိင်ဆက်ဆံချိန် ပုံမှန်ထက် ပိုနာကျင်ခြင်း၊ ပုံမှန်အ​​ရောင်မဟုတ်​သော အနံ့နံသည့် အရည်များ မိန်းမကိုယ်မှ ဆင်းခြင်း စသည့် လက္ခဏာ ​တွေ ပြတတ်ပါတယ်။

●Q: သားအိမ်​ခေါင်းကင်ဆာ မဖြစ်​အောင် ဘယ်လို ကာကွယ်နိုင်မလဲ??
●A: အ​ကောင်းဆုံး ကာကွယ်နည်း က ​တော့ ​ကာကွယ်​ဆေး ထိုးနှံ​ခြင်း ဖြစ်ပါတယ်။ ​နောက်တစ်မျိုး က ​တော့ အကာအကွယ်သုံးပြီး လိင်ဆက်ဆံခြင်း ဖြစ်ပါတယ်။

●Q: ကာကွယ်​ဆေး ဘယ်လိုထိုးနှံရမလဲ??
●A: ကာကွယ်​ဆေးကို အသက် (၉) နှစ်မှ စတင် ထိုးနှံလို့ရပါတယ်။

ထိုးနှံ​ပေးတဲ့ အစီအစဥ်​တွေက​တော့
-အသက် (၉)-(14) နှစ် --(0- 6 လ )
-အသက် (14) နှစ် နှင့် အထက် --(0-2-6 လ)
or (0-1-6 လ)
တို့ဖြစ်ပါတယ်။
-လိင်ဆက်ဆံဖူးသူ (သို့) အသက် ၂၆ နှစ် မှ ၄၅ နှစ်ကြားမှာ ကာကွယ်​ဆေးထိုးပါက သားအိမ်​ခေါင်းအချွဲစ အရင်ယူစစ်​ဆေးပြီးမှ ထိုးနှံဖို့ လိုအပ်ပါတယ်။

• သားအိမ်​​ခေါင်းကင်ဆာ ကာကွယ်​ဆေး အမျိုးအစား (၂) မျိုးရှိပါတယ်။
● Gardasil 4 ( 6, 11, 16, 18 )
● Gardasil 9 (6, 11, 16, 18, 31, 33, 45, 52, 58)

📌 သားအိမ်​ခေါင်းကင်ဆာ ကာကွယ်​ဆေး ဆိုလို့ အမျိုးသမီး​တွေပဲ ထိုးရမှာ မဟုတ်ဘူး​နော် အမျိုးသား​တွေ လည်း အထက်ပါ ​ရောဂါပိုး​တွေ ကာကွယ်ဖို့ ထိုးနှံနိုင်ပါတယ်​နော် 👩‍⚕️

03/04/2023

Cold Chain စိတ်ချရတဲ့ မိုးရာသီ တုပ်​ကွေး
ကာကွယ်​ဆေး , Vaxigrip Tetra ထိုးနှံ​ပေး​နေပါပြီ။

အိမ်အ​ရောက် ထိုးနှံချင်သူများ အတွက်လည်း အိမ်အ​ရောက် ဝန်​​ဆောင်မှု ​ပေး​နေပါပြီ။

​ရွှေပုဂံအ​ထွေ​ထွေ​ရောဂါကု​ဆေးခန်း
လှိုင်မြို့နယ်
09759927041

💥ဘယ်သူတွေ တုပ်ကွေးကာကွယ်ဆေး ထိုးသင့်ပါသလဲ။

✅ အသက် ၆၅ နှစ်အထက် လူကြီးများ

✅ အသက် ၆ လ မှ ၅ နှစ် အရွယ် ကလေးငယ်များ

✅ ကျောင်းနေစအရွယ် ကလေးငယ်များ

✅ G6PD ရောဂါအခံရှိသော ကလေးငယ်များ

✅ ကိုယ်ခံအားနည်း ရောဂါဝေဒနာ ရှိသူများ

✅ ကင်ဆာ ဝေဒနာရှင်များ

✅ သွေးတိုး ၊ နှလုံး ၊ ဆီးချို ၊ ကျောက်ကပ် စသော နာတာရှည် ရောဂါဝေဒနာရှင်များ

✅ အဆုတ်ရောဂါ ဝေဒနာရှင်များ

✅ ဆေးလိပ်သောက်သုံးသူများ

✅ လူအများနှင့် ထိတွေ့၍ လုပ်ငန်းခွင် ဝင်ရသောသူများ

✅ ကျန်းမာရေးဝန်ထမ်းများ
ဦးစားပေးအနေဖြင့် ထိုးနှံသင့်ပါတယ်။

💥 ကလေးတွေကို တုပ်ကွေးကာကွယ်ဆေး ထိုးနှံတဲ့အခါ ဘာတွေ လိုက်နာရမလဲ။

✅ Vaxigrip Tetra 2022 ဆေးအမျိုးအစားအတွက် -

💉 အသက် ၆ လ မှ ၁၇ နှစ်အထိ ကလေးများ တုပ်ကွေးကာကွယ်ဆေး 0.5 ml ပါဝင်သော အရန်သင့်ထိုးဆေး ၁ လုံး ထိုးနှံ၍ ရပါသည်။

💉 ယခုမှ တုပ်ကွေးကာကွယ်ဆေး ပထမဆုံးစထိုးမည့် အသက် ၉ နှစ်အောက် ကလေး ဖြစ်ပါက ပထမဆေးထိုးနှံပြီး နောက်ထပ် ၄ ပတ် အကြာတွင် နောက်ထပ် ဆေး ၁ လုံး ထပ်မံထိုးနှံရန် လိုအပ်ပါသည်။

💉 အသက် ၆ လ အောက် ကလေးငယ်များကို ထိုးနှံ၍ မရပါ။

💥 တုပ်ကွေးကာကွယ်ဆေးကို ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်တွေ ထိုးလို့ ရပါသလား။

💉 ကိုယ်ဝန်ပတ် မည်သည့် အချိန်ကာလတွင်မဆို တုပ်ကွေး ကာကွယ်ဆေးကို ထိုးနှံ၍ ရပါသည်။ ဤသို့ထိုးနှံခြင်းဖြင့် မိခင်သာမက မွေးဖွားလာမည့် ကလေး အသက် ၆ လ အရွယ်အထိ တုပ်ကွေးရောဂါ ကာကွယ်ပေးနိုင်မည် ဖြစ်ပါသည်။

💉 နို့တိုက်မိခင်များလည်း မည်သည့် အချိန်ကာလတွင်မဆို တုပ်ကွေး ကာကွယ်ဆေးကို ထိုးနှံ၍ ရပါသည်။

Credit

07/04/2022

2022 အတွက် ရာသီတုပ်ကွေးကာကွယ်ဆေး
Vaxigrip(tetra) ရွှေပုဂံဆေးခန်းတွင်ထိုးနှံလို့ရပါပြီ...

ကြိုတင်စာရင်းပေးသွင်းထားလိုသူများလည်း
စာရင်ပေးသွင်းနိုင်ပါပြီ...

☎️ 09759927041

🏥 အမှတ်(၂၀)၊ရှမ်းစု (၂)လမ်း၊(၁၀) ရပ်ကွက်၊
လှိုင်မြို့နယ်။

Address

Yangon
11051

Telephone

+959759927041

Website

Alerts

Be the first to know and let us send you an email when Shwe Bagan Home Visit Health Care and Tele-Consultation posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share