14/08/2026
👉ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါနှင့် ပတ်သက်ပြီး ဒီအချက်လေးတွေ သိထားဖို့လိုမယ်နော်...💧
မိုးရာသီကာလမှာ သန့်ရှင်းတဲ့သောက်ရေ၊ အစားအစာနဲ့ တစ်ကိုယ်ရေသန့်ရှင်းမှုကို အထူးဂရုစိုက်ဖို့ လိုအပ်ပါတယ်…
📌 ပြင်းထန်ဝမ်းပျက်၊ ဝမ်းလျှောရောဂါဟာ ဝမ်းရောဂါပိုးနဲ့ ရောဂါပိုးတွေ ပါရှိတဲ့ မသန့်ရှင်းတဲ့ရေနဲ့ အစားအစာများ စားသောက်မိခြင်းမှတစ်ဆင့် ကူးစက်နိုင်ပါတယ်…
💧 ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါဆိုတာ?
ဝမ်းပျက်ဝမ်းလျှောခြင်းဟာ ရေဓာတ်နဲ့ ဓာတ်ဆားတွေ အလွန်အကျွံဆုံးရှုံးသွားတဲ့အခါ ရေဓာတ်ခန်းခြောက်ခြင်း (Dehydration) ဖြစ်ပြီး အခြေအနေပြင်းထန်လာရင် အသက်အန္တရာယ်ရှိတဲ့အထိ ဖြစ်နိုင်ပါတယ်။ အထူးသဖြင့် ကလေးငယ်များ၊ အသက်ကြီးသူများနဲ့ ကိုယ်ခံအားနည်းသူများမှာ ပိုမိုဂရုစိုက်ဖို့ လိုအပ်ပါတယ် 💚
⚠️ ဘာကြောင့် ဖြစ်နိုင်သလဲ?
မသန့်ရှင်းတဲ့ သောက်ရေကို သောက်သုံးတာ၊ ယင်နားစာများနဲ့ မသန့်ရှင်းတဲ့အစားအစာတွေ စားသုံးတာ၊ အိမ်သာအသုံးပြုပြီးနောက် လက်ကို စနစ်တကျမဆေးတာ၊ အစားအစာမပြင်ဆင်မီနဲ့ မစားမီ လက်မဆေးတာတွေအပြင် ပတ်ဝန်းကျင်သန့်ရှင်းမှုနဲ့ တစ်ကိုယ်ရေသန့်ရှင်းမှု အားနည်းတာတွေကြောင့် ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားနိုင်ပါတယ်…
🛡️ ဘယ်လိုကာကွယ်မလဲ?
✅ သန့်ရှင်းပြီး ကလိုရင်းဆေးခပ်ထားသော ရေ (သို့မဟုတ်) ကျိုချက်ထားသော ရေကို အသုံးပြုပါ...
✅ အစားအစာများကို သန့်ရှင်းစွာ ချက်ပြုတ်ပြီး ယင်မနားစေရန် ဖုံးအုပ်ထားပါ...
✅ အိမ်သာအသုံးပြုပြီးတိုင်း၊ အစားအစာမပြင်ဆင်မီနဲ့ မစားမီ ဆပ်ပြာနဲ့ လက်ကို သေချာဆေးကြောပါ...
✅ အစားအစာနဲ့ သောက်ရေတွေကို ယင်ကောင်၊ ဖုန်မှုန့်နဲ့ အညစ်အကြေးတွေ မထိတွေ့အောင် ဖုံးအုပ်ထားပါ...
✅ ဝမ်းပျက်ဝမ်းလျှောဖြစ်လာပါက ရေဓာတ်မခန်းခြောက်စေရန် ORS (ဓာတ်ဆားရည်) ကို မှန်ကန်စွာ အသုံးပြုပြီး မသက်သာပါက ဆေးရုံ/ဆေးခန်းသို့ အမြန်ဆုံး သွားရောက်ပြသပါ…
🚨 အထူးသတိပြုရန်
(၂) ရက်ကျော်သည်အထိ မသက်သာဘဲ ဆက်တိုက်ဝမ်းသွားနေခြင်း … အလွန်အမင်းရေဆာခြင်း၊ နှုတ်ခမ်းနဲ့ အရေပြားတွေ ခြောက်ခြင်း၊ ဆီးနည်းခြင်း၊ အားနည်းနွမ်းနယ်ခြင်း၊ မူးဝေခြင်း၊ ပြင်းထန်စွာ ဗိုက်နာခြင်းတို့ ဖြစ်လာရင် ရေဓာတ်ခန်းခြောက်မှု ပြင်းထန်လာနိုင်တဲ့ လက္ခဏာတွေ ဖြစ်နိုင်တာကြောင့် အချိန်မဆွဲဘဲ ဆေးကုသမှုခံယူပါ ❗️
🌿ကျန်းမာရေးပြဿနာတွေကို ကြိုတင်ကာကွယ်ခြင်းက ကုသခြင်းထက် ပိုအရေးကြီးပါတယ်….
ကိုယ့်အတွက်သာမက မိသားစုဝင်တွေအတွက်ပါ သန့်ရှင်းတဲ့သောက်ရေ၊ အစားအစာနဲ့ တစ်ကိုယ်ရေသန့်ရှင်းမှုကို ဂရုစိုက်ပေးဖို့ မမေ့ပါနဲ့နော် 💚💚💚