WUTT YEE - Pharmacy

WUTT YEE - Pharmacy ဝတ်ရည် (ဆေးမျိုးစုံရောင်းဝယ်ရေး)

တို့ အမျိုးသမီးတွေရဲ့  ခန္ဓာကိုယ်တခုလုံးကျန်းမာရေးနဲ့ အသားအရေ  အလှအပ  အားလုံးရဲ့ 70% ကို ထိန်းချုပ်ပြီး ပံပိုးပေးနေတာ အမ...
30/08/2026

တို့ အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်တခုလုံးကျန်းမာရေးနဲ့ အသားအရေ အလှအပ အားလုံးရဲ့ 70% ကို ထိန်းချုပ်ပြီး ပံပိုးပေးနေတာ အမျိုးသမီးဟော်မုန်းပါ

အမျိုးသမီးဟော်မုန်းက အသက် 13-14-15 နှစ် အရွယ် ရာသီစပေါ်တဲ့အချိန်ကစပြိး ထွက်လာပါတယ်
ရာသီလာနေတဲ့အချိန် သားဥကြွေချိန်မှာ
အများဆုံးထွက်ပါတယ်။
ရာသီ ပေါ်ချိန်မှစပြီးတော့ အသက်၃၅ နှစ်အထိဟာ အမျိုးသမီးဟော်မုန်းအကြွယ်ဝဆုံးအချိန်ပါ။

ဒါကြောင့် အသက်၂၀အရွယ်အမျိုးသမီး လေးတွေဟာဆိုရင် ဘာမှမလိမ်းဘဲ မပြင်ဆင်ဘဲနဲ့တောင် လှ‌သွေးကြွယ်နေတဲ့အချိန်ပေါ့

ကျန်းမာရေးဆိုရင်လည်း အချိန်မှန်မစား အချိန်မှန် မအိပ်တာတောင် ဒူပေတာပေ ခံနိုင်ကြတာပေါ့

အသက်၃၅ ကျော်လာပြီဆိုရင်တော့ အမျိုးသမီးဟော်မုန်း စပြီး ကျလာပါပြီ
ဒါပေမဲ့ ကျန်းမာရေးအရမသိသာသေးဘူး။
ရုပ်ရည်စပြီးကျလာပြီ။

အသက်၄၀ကျော်ရင် အမျိုးသမီးဟော်မုန်း ၅၀% ထိ ကျလာပြီ
အဲဒီမှာ ရုပ်ရည် သိသိသာသာကျလာပြီ
အသားအရည်မှိန်သွားပြီ တင်းတိပ်ဝက်ခြံ အမဲစက်တွေဖြစ်လာပြီ
ရံဖန်ရန်ခါမှာ အိပ်မပျော်တာ ခေါင်းမူးတာ
အပင်ပန်းမခံနိုင်တာ စပြီးဖြစ်လာတယ်။

၄၀ကျော် ကနေ ၅၀ဖက်ကိုရောက်လာလေ
အမျိုးသမီးဟော်မုန်းကျဆင်းနှုန်း အရမ်းမြန်လာတယ်။ 50%-60%-70%-80% အထိပေါ့

ဒီအချိန်အတွင်းမှာ သွေးဆုံးကိုင်ဖို့လက္ခဏာတွေ ကောင်းကောင်းခံစားရပြီပေါ့

နှလုံရောဂါမရှိဘဲ နှလုံးတုန်တာ
ဘာမှမလုပ်ဘဲမောတာ
စိတ်တိုလွယ်တာ စိုးရိမ်ပူပန်စိတ်များတာ
အမျိုးသမီးအင်္ဂါခြောက်တာ
အမျိုးသားနဲ့အတူနေချင်စိတ်လုံးဝမရှိတာ
ည၁၂နာရီအထိ အိပ်မရတာ
ဒါမှမဟုတ် ည တစ်နာရီမှာ တရေးနိုးပြီး
မိုးလင်းထိအိပ်လို့မရတော့တာ။
အချို့တွေတော့လည်း တစ်ညလုံးရဲ့အိပ်ပျော်သလို ထင်ရပေမယ့် နိုးနေတာမျိုး
ခေါင်းကြီးတခုလုံး အုံခဲနေတာ
အာရုံစိုက်လို့မရတာ
ခြေမသယ်ချင် လက်မသယ်ချင် ဖြစ်တာ
ခြေစစ်လက်ဆစ်တွေကိုက်တာ
ဖြစ်တတ်ပါတယ်
ဒါတွေကို သွေးဆုံးကိုင်လို့ သတ်မှတ်သလိုမတ်တတ်နာလို့ ခေါ်ပါတယ်

ဆရာဝန်ပြရင် ရောဂါရှာမရပါဘူး
သွေးဆုံးသွားပြီဆိုရင်တော့ အမျိုးသမီးဟော်မုန်းလုံးဝမထွက်တော့ပါဘူး

ဒါကြောင့် သွေးဆုံးကိုင်ဝေဒနာတွေ ပိုပြီးတော့ပြင်းပြင်းထန်ထန်ခံစားလာရပါတယ်။

ဒါကြောင့်အမျိုးသမီးအားလုံး
ကျန်းမာရေးကောင်းချင်တယ်ဆိုရင်
အသက်၄၀ကျော်ကစပြီးတော့
အမျိုးသမီးဟော်မုန်း အားဖြည့်တဲ့အစားအစာတွေကို ဂရုတစိုက်စားသောက်ရပါမယ်။
ဒါမှမဟုတ် အမျိုးသမီးဟော်မုန်းဖြည့်စွက်စာတွေကို ပုံမှန်စားသွားရပါမယ်။

အမြဲတမ်းကိုစားသွားရမှာလား မစားရင်ရောဘာတွေဖြစ်လာမှာလဲလို့ ယုကိုမေးကြပါတယ်။

အမျိုးသမီးဟော်မုန်းဖြေစွက်စာ မစားတဲ့သူက အိပ်ယာထဲမှာ ဘုန်းဘုန်းလည်းသွားမှာမဟုတ်ပါဘူး
တစ်နေ့တနေ့ မတ်တတ်နာတွေနဲ့ ရှာမရတဲ့ရောဂါတွေနဲ့ စိတ်ပင်ပန်း လူပင်ပန်းနေရမယ်
ဘာမှလုပ်ချင်ကိုင်ချင်စိတ်မရှိဘူး။ မိသားစု ရှိနေရင်တောင်မှ
စိတ်မပျော်ရွှင်တော့ဘူး တစ်ယောက်တည်းအထီးကျန်လာမယ်။

အမျိုးသမီးဟော်မုန်းဖြည့်စွက်စာစားတဲ့သူတွေကတော့ နေ့စဉ် သွက်လက်ဖြတ်လတ်ပြီးတော့
ကျန်းမာပျော်ရွှင်မယ်။ နုပျိုပါမယ်။ မိသားစုနဲ့အတူသွား အတူလာပြီးတော့ ပျော်ရွှင်နဲ့ဘဝကိုရရှိပါလိမ့်မယ်။
မယုံမရှိပါနဲ့
ယုကိုယ်တိုင် သွေးဆုံး စောခဲ့ပြီး 42 မှာ သွေးဆုံးခဲ့ပါတယ် သွေးဆုံးကိုင်လည်း ခံစားခဲ့ရပါတယ်
ဒါပေမဲ့ယုက မကျန်းမာမှာ အရမ်းကြောက်တဲ့သူမို့ အမျိုးသမီးဟော်မုန်း ဖြည့်စွက်စာတွေကို
အမြဲတမ်းစားခဲ့ပါတယ်။
လေ့ကျင့်ခန်းလည်းလုပ်ခဲ့ပါတယ်။
တာရှည်ခံအစားအသောက်တွေကိုလည်း
အတက်နိုင်ဆုံးရှောင်ခဲ့ပါတယ်။
ဒါကြောင့်လည်း အသက် 49 နှစ်အရွယ် သွေးဆုံးပြီးတာ ၇နှစ် ရှိနေတာတောင်
ကျန်းမာပျော်ရွှင်စွာနဲ့ နေနိုင်ပါတယ်။
ဘဝမှာ အဓိပ္ပါယ်ရှိစွာ အချိန်ကို တန်ဖိုးရှိရှိ အသုံးချနေနိုင်ခဲ့ပါတယ်
အမျိုးသမီးတိုင်း သွေးဆုံးကိုင်ခြင်းမှ ကင်းဝေးကြပါစေရှင်

15/08/2026

အိပ်ရေးပျက်ခြင်းနှင့် ကင်ဆာဖြစ်နိုင်ခြေ 😴⚠️

အိပ်ရေးပျက်ခြင်းဟာ ပင်ပန်းရုံတင်မကဘဲ ခန္ဓာကိုယ်ရဲ့ ပြုပြင်ထိန်းသိမ်းရေးစနစ်တွေကို ကမောက်ကမဖြစ်စေတာကြောင့် ရေရှည်မှာ ကင်ဆာရောဂါဖြစ်ပွားနိုင်ခြေကို မြင့်တက်စေနိုင်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က သတိပေးထားပါတယ်။ ✨

______________________________

အိပ်ရေးပျက်ခြင်းက ကင်ဆာကို ဘယ်လိုဖြစ်စေတာလဲ? 🔬

၁။ ကိုယ်ခံအားစနစ် အားနည်းခြင်း (Immune Suppression) - ကျွန်တော်တို့ အိပ်ပျော်နေချိန်မှာ ကိုယ်ခံအားစနစ်ကနေ "Natural Killer (NK) Cells" လို့ခေါ်တဲ့ ဆဲလ်တွေကို ထုတ်လွှတ်ပါတယ်။ ဒီဆဲလ်တွေရဲ့ အဓိကအလုပ်က ခန္ဓာကိုယ်ထဲမှာ ပုံမှန်မဟုတ်တဲ့ ကင်ဆာဆဲလ်တွေ စတင်ဖြစ်ပေါ်လာရင် တိုက်ဖျက်ပစ်ဖို့ ဖြစ်ပါတယ်။ အိပ်ရေးပျက်တဲ့အခါ ဒီဆဲလ်တွေရဲ့ လုပ်ဆောင်နိုင်စွမ်း သိသိသာသာ ကျဆင်းသွားပါတယ်။ ✅

၂။ Melatonin ဟော်မုန်း ချို့ယွင်းခြင်း - အမှောင်ထဲမှာ အိပ်စက်တဲ့အခါ ထွက်ရှိတဲ့ Melatonin ဟော်မုန်းဟာ ပြင်းထန်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်း (Antioxidant) တစ်မျိုး ဖြစ်ပါတယ်။ သူဟာ DNA ပျက်စီးမှုကို ကာကွယ်ပေးပြီး ကင်ဆာဆဲလ်တွေ ပြန့်ပွားမှုကို ဟန့်တားပေးပါတယ်။ အလင်းရောင်အောက်မှာ အိပ်ရေးပျက်ခြင်းက ဒီဟော်မုန်း ထွက်ရှိမှုကို ကျဆင်းစေနိုင်ပါတယ်။ 📉

၃။ နာတာရှည် ရောင်ရမ်းမှု (Chronic Inflammation) - အိပ်ရေးမဝခြင်းက ခန္ဓာကိုယ်အတွင်းမှာ ရောင်ရမ်းမှုတွေကို ဖြစ်စေပါတယ်။ နာတာရှည် ရောင်ရမ်းမှုဟာ ဆဲလ်တွေရဲ့ မျိုးဗီဇ (DNA) ကို ပြောင်းလဲစေပြီး ကင်ဆာဆဲလ်တွေအဖြစ် အသွင်ပြောင်းဖို့ လမ်းခင်းပေးပါတယ်။ 🛡️

______________________________

ဘယ်လို ကာကွယ်မလဲ? 🛡️

- ၇ နာရီမှ ၉ နာရီအထိ အိပ်ပါ: ခန္ဓာကိုယ်က ဆဲလ်တွေကို ပြုပြင်ဖို့ အချိန်အလုံအလောက် ပေးပါ။ ⏱️
- မှောင်နေပါစေ: Melatonin အပြည့်အဝ ထွက်ရှိဖို့အတွက် အိပ်ချိန်မှာ အိပ်ခန်းကို အတတ်နိုင်ဆုံး မှောင်နေအောင် ထားပါ။ 🌙
- အိပ်ချိန် ပုံမှန်ထားပါ: စနေ၊ တနင်္ဂနွေ အပါအဝင် နေ့တိုင်း အချိန်မှန် အိပ်စက်တဲ့ အလေ့အကျင့် လုပ်ဆောင်ပါ။ ✅
- အိပ်ခါနီး ဖုန်းရှောင်ပါ: ဖုန်းကထွက်တဲ့ အပြာရောင်အလင်း (Blue Light) က Melatonin ထွက်ရှိမှုကို အနှောင့်အယှက်ပေးပါတယ်။ 🚫📱

______________________________

သတိပြုရန် အချက်များ ⚠️

တစ်ည အိပ်ရေးပျက်ရုံနဲ့ ကင်ဆာဖြစ်တာမျိုး မဟုတ်ပေမဲ့ နှစ်ရှည်လများ အိပ်ရေးပျက်တဲ့ အလေ့အကျင့်ဟာ ခန္ဓာကိုယ်ရဲ့ ကင်ဆာကို ခုခံနိုင်စွမ်းကို တဖြည်းဖြည်းချင်း ဖျက်ဆီးပစ်တာ ဖြစ်ပါတယ်။ အိပ်စက်ခြင်းဟာ အာဟာရပြည့်ဝစွာ စားသောက်ခြင်းလိုမျိုး အရေးကြီးတဲ့ ဆေးတစ်ခွက် ဖြစ်ပါတယ်။ 🩺

______________________________

ကျန်းမာစွာ အိပ်စက်ခြင်းဟာလည်း ကင်ဆာကို ကာကွယ်တဲ့ အကောင်းဆုံး နည်းလမ်းတွေထဲက တစ်ခုပါ။ ဒီနေ့ကစပြီး အိပ်ချိန်ကို အလေးထား ဂရုစိုက်ပါခင်ဗျာ။ 💪 ✨

______________________________

ကူးယူဖော်ပြခွင့်မပြုပါ။ လွတ်လပ်စွာ မျှဝေ/ရှယ် (Share) နိုင်ပါတယ်ခင်ဗျာ။

Dr. Beast 😴⚠️

03/06/2026

အသက် အန္တရာယ်​ပေးနိုင်တဲ့ Heart Attack ဘာ​ကြောင့်ဖြစ်တာလဲ? ဘယ်လို ကာကွယ်ရမလဲ? 💔

ရုတ်တရက် ​နှလုံး တိုက်ခိုက်ခံရမှု (Myocardial Infarction) ဆိုတာ နှလုံးကြွက်သားတစ်စိတ်တစ်ပိုင်းကို သွေးလုံလောက်စွာ မရရှိတော့တဲ့အခါ ဖြစ်ပေါ်ပါတယ်။

ကမ္ဘာတစ်ဝန်းမှာ လူအများဆုံး ရုတ်တရက် အ-သ-က်-ဆုံး-ရှုံး-ရတဲ့ အကြောင်းအရင်းများထဲက တစ်ခုဖြစ်တဲ့ နှလုံးသွေးကြောကျဉ်းရောဂါ (Coronary Artery Disease - CAD) ဟာ အဓိက အကြောင်းအရင်း ဖြစ်ပါတယ်။ 🌏

🩸 ​Plaque စုပုံခြင်း (Atherosclerosis): နှလုံးကို သွေးပို့ဆောင်ပေးတဲ့ သွေးကြောတွေ (Coronary Arteries) ရဲ့ အတွင်းနံရံတွေမှာ အဆီဓာတ်တွေ၊ ကိုလက်စထရောတွေနဲ့ အခြားအရာတွေ စုပုံပါတယ်။ ဒီလိုစုပုံခြင်းကို Plaque လို့ခေါ်ပြီး သွေးကြောတွေကို ကျဉ်းမြောင်းစေပါတယ်။

🩸 ​သွေးခဲပိတ်ဆို့ခြင်း (Thrombosis): အချိန်ကြာလာရင် ဒီ Plaque အဖတ်တွေကွဲထွက်သွားပြီး အဲဒီနေရာမှာ သွေးခဲ (Blood Clot) တွေ လျင်မြန်စွာ ဖြစ်ပေါ်လာပါတယ်။ သွေးခဲက သွေးစီးဆင်းမှုကို လုံးဝ ပိတ်ဆို့လိုက်တဲ့အခါ နှလုံးကြွက်သားတွေဟာ အောက်ဆီဂျင်နဲ့ အာဟာရဓာတ် မရရှိတော့ဘဲ ပျက်စီးသွားပါတယ်။

-------------------------------

​အန္တရာယ်ဖြစ်စေတဲ့ အဓိက အချက်များ (Risk Factors)

Heart attack ဖြစ်​စေတဲ့/ ဖြစ်နိုင်​ခြေကို တိုး​​စေတဲ့ အရာ​တွေက​တော့ 👇

🚨​ ဆေးလိပ်သောက်ခြင်း

ဆေးလိပ်သောက်ခြင်းနဲ့ (သူများ​​​သောက်တဲ့) ဆေးလိပ်ငွေ့ ရှူရှိုက်မိခြင်းက နှလုံးနဲ့ သွေးကြောတွေကို ပျက်စီးစေပါတယ်။ ဆေးလိပ်ဖြတ်ပြီး တစ်နှစ်အကြာမှာ နှလုံးရောဂါဖြစ်နိုင်ခြေဟာ ဆေးလိပ်သောက်သူရဲ့ ထက်ဝက်လောက်အထိ လျော့ကျသွားပါတယ်။

🚨 ​ကိုယ်လက်လှုပ်ရှားမှု မရှိခြင်း

ပုံမှန် လေ့ကျင့်ခန်း မလုပ်တာက အဝလွန်ခြင်း၊ သွေးတိုးခြင်းနဲ့ ကိုလက်စထရော မြင့်မားခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။

🚨 ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအသောက်

​ဆား (အငန်ဓါတ်) အလွန်အကျွံ စားသုံးခြင်းက သွေးတိုးစေပါတယ်။
​ပြည့်ဝဆီ (Saturated Fat) နဲ့ Trans Fat များတဲ့ အစားအစာတွေက မကောင်းတဲ့ ကိုလက်စထရော (LDL) ကို မြင့်တက်စေပါတယ်။

🚨 ​အရက်အလွန်အကျွံ သောက်သုံးခြင်း

သွေးပေါင်ချိန်ကို မြင့်တက်စေပြီး နှလုံးအန္တရာယ်ကို တိုးစေပါတယ်။

🚨 ​သွေးတိုးရောဂါ

သွေးတိုးကို ​ကောင်း​ကောင်းမထိန်းဘဲ/ ကုသမှု မခံယူဘဲ အချိန်ကြာလာတဲ့အခါ နှလုံးဆီကို သွေးပို့ဆောင်ပေးတဲ့ သွေးကြောတွေကို ပျက်စီးစေနိုင်ပါတယ်။

🚨 ​သွေးတွင်း ကိုလက်စထရော မြင့်မားခြင်း

LDL (မကောင်းသော) ကိုလက်စထရော မြင့်မားခြင်းနဲ့ Triglycerides များပြားခြင်းက နှလုံးတိုက်ခိုက်မှု အန္တရာယ်ကို တိုးစေပါတယ်။

🚨 ​ဆီးချိုရောဂါ

သွေးတွင်းသကြားဓာတ် မြင့်မားခြင်းက သွေးကြောတွေကို ပျက်စီးစေပြီး နှလုံးတိုက်ခိုက်မှု အန္တရာယ်ကို တိုးစေပါတယ်။

🚨 အဝလွန်ခြင်း

အဝလွန်ခြင်းက သွေးတိုး၊ ဆီးချိုနဲ့ ကိုလက်စထရော မြင့်မားခြင်း စတဲ့ အခြား အန္တရာယ်အချက်တွေနဲ့ ဆက်စပ်နေပါတယ်။

🚨 ​Metabolic Syndrome: ဗိုက်ပတ်လည် အဆီများခြင်း၊ သွေးတိုးခြင်း၊ ကောင်းသော ကိုလက်စထရောနည်းခြင်း၊ သွေးတွင်း Triglycerides မြင့်မားခြင်းနဲ့ သွေးတွင်းသကြားဓာတ် မြင့်မားခြင်း စတဲ့ အချက်တွေထဲက အနည်းဆုံး သုံးခု ပေါင်းစပ်နေတာဟာ နှလုံးရောဂါဖြစ်ဖို့ အန္တရာယ် နှစ်ဆ ပိုများစေပါတယ်။

🚨 ​မျိုးရိုးရာဇဝင်

မိသားစုဝင်တွေ (အထူးသဖြင့် အမျိုးသားဆို ၅၅ နှစ်မတိုင်မီ၊ အမျိုးသမီးဆို ၆၅ နှစ်မတိုင်မီ) နှလုံးတိုက်ခိုက်မှု ဖြစ်ဖူးရင် သင့်မှာ အန္တရာယ် ပိုများနိုင်ပါတယ်။

-------------------------------

​မဖြစ်အောင် ဘယ်လိုကာကွယ်ရမလဲ? 🤔

✅️ ​ဆေးလိပ်လုံးဝ ဖြတ်ပါ

ဆေးလိပ်နဲ့ ဆေးရွက်ကြီးအားလုံးကို ရှောင်ရှားပါ။ ဆေးလိပ်ဖြတ်နိုင်ဖို့အတွက် လိုအပ်ရင် ဆရာဝန်ရဲ့ အကူအညီ ယူနိုင်ပါတယ်

✅️ ​ပုံမှန် ကိုယ်လက်လှုပ်ရှားမှု လုပ်ပါ

​အရွယ်ရောက်သူတွေအနေနဲ့ တစ်ပတ်ကို မိနစ် ၁၅၀ ခန့် ပြင်းအားအလယ်အလတ်ရှိတဲ့ လေ့ကျင့်ခန်း (ဒါမှမဟုတ်) မိနစ် ၇၅ ခန့် ပြင်းအားပြင်းတဲ့ လှုပ်ရှားမှုတွေကို လုပ်သင့်ပါတယ်။ ​ကြွက်သားကို ​လေ့ကျင့်​ပေးတဲ့ ​လေ့ကျင့်ခန်း​​တွေ (အလွယ်​ပြောရရင် gym ​ဆော့ခြင်း) ကလည်း ကျန်းမာ​စေဖို့ အခရာ ကျပါတယ်)

✅️ ​ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက် ရွေးချယ်ပါ

ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံနဲ့ ဂျုံကြမ်း (Whole Grains) တွေကို ပိုစားသုံးပါ။ 🥗

ဆား စားသုံးမှုကို တစ်နေ့ကို ၅ ဂရမ် (လက်ဘက်စားဇွန်း ၁ဇွန်း) အောက် လျှော့ချပါ။ 🧂

Saturated Fat နဲ့ Trans Fat များတဲ့ အစားအစာတွေကို ကန့်သတ်ပါ။ 🔻

✅️ ​ကျန်းမာတဲ့ ကိုယ်အလေးချိန် ထိန်းသိမ်းပါ

အဝလွန်ခြင်းကို ရှောင်ရှားပြီး သင့်ရဲ့ ကိုယ်အလေးချိန်ကို ကျန်းမာတဲ့ အတိုင်းအတာတစ်ခုအထိ ထိန်းသိမ်းပါ။

✅️ ​ရောဂါရှိရင် ​သေချာစွာကုသမှု ခံယူပါ

​သွေးပေါင်ချိန်၊ ကိုလက်စထရောနဲ့ သွေးတွင်းသကြားဓာတ် တွေကို ပုံမှန် စစ်ဆေးပါ။
​ဆရာဝန်ရဲ့ ညွှန်ကြားချက်အတိုင်း ဆေးဝါးတွေကို မှန်ကန်စွာ သောက်သုံးပါ။

-------------------------------

⚠️ ​သတိပြုရန်: နှလုံးတိုက်ခိုက်မှု လက္ခဏာတွေဖြစ်တဲ့ ရင်ဘတ်အောင့်တာ၊ မောပန်းတာ၊ မေးရိုး သို့မဟုတ် လက်မောင်း နာကျင်တာ စတဲ့ လက္ခဏာတစ်ခုခု ခံစားရရင် ချက်ချင်း အရေးပေါ် ဆေးကုသမှု ခံယူပါ။ အချိန်မီ ကုသမှုခံယူတာဟာ နှလုံးကြွက်သား ပျက်စီးမှုကို လျှော့ချပေးနိုင်ပါတယ်။

-------------------------------

ဗိုက်-အ-ဆီ-ချ-နည်း ဗီဒီယိုကို​တော့ ကွန်းမန့်ထဲမှာ ဝင်​ရောက်ကြည့်ရှုနိုင်ပါတယ် ခင်ဗျာ 👇

ကူးယူဖော်ပြခွင့်မပြုပါ။ လွတ်လပ်စွာ မျှဝေနိုင်ပါတယ် ခင်ဗျာ ✅️

Dr. Beast 💔

တင်ပါးဆုံရိုးအာရုံကြောညပ် (Sciatica) ဝေဒနာကြောင့် ခါးကနေတစ်ဆင့် တင်ပါးနဲ့ ခြေထောက်အထိ ကိုက်ခဲကျဉ်းစီပြီး ခံစားနေရသူတွေအတ...
27/05/2026

တင်ပါးဆုံရိုးအာရုံကြောညပ် (Sciatica) ဝေဒနာကြောင့် ခါးကနေတစ်ဆင့် တင်ပါးနဲ့ ခြေထောက်အထိ ကိုက်ခဲကျဉ်းစီပြီး ခံစားနေရသူတွေအတွက် သတင်းကောင်းလေးတစ်ခု ပါးပါးရစေရှင်။
ဆေးသောက်စရာမလိုဘဲ ဇွဲရှိရှိနဲ့ နေ့တိုင်း ပုံမှန်လုပ်ပေးရုံနဲ့တင် သိသိသာသာ သက်သာပျောက်ကင်းစေမယ့် သဘာဝကုထုံး လေ့ကျင့်ခန်းလေးတစ်ခု ရှိပါတယ်။ အထူးသဖြင့် လှုပ်ရှားမှုနည်းတဲ့ သက်ကြီးရွယ်အိုတွေနဲ့ ယောဂဝါသနာအိုးတွေအတွက် အလွန်ထိရောက်တဲ့ "အိပ်လျက်ခပတ်ခွေ (Reclined Pigeon Pose)" အကြောဆန့်နည်းလမ်းလေးကို မာမာက မျှဝေပေးချင်ပါတယ်နော်။
ခြေလှမ်းအစအဆုံး ပြုလုပ်ပုံအဆင့်ဆင့်
• အဆင့် (၁) - ပထမဦးဆုံး ညီညာတဲ့ ကြမ်းပြင်ပေါ်မှာ ဖျာ သို့မဟုတ် ယောဂဖျာလေးခင်းပြီး ပက်လက်လှန်အိပ်ပါ၊ ပြီးရင် ဒူးနှစ်ဖက်ကို ထောင်ထားပေးပါ။
• အဆင့် (၂) - ညာဘက်ခြေကျင်းဝတ်ကို ဘယ်ဘက်ဒူးခေါင်းပေါ် ခွတင်လိုက်ပါ။ (အပေါ်ကနေ ကြည့်ရင် မိမိခြေထောက်က ဂဏန်း "၄" ပုံစံမျိုး ဖြစ်နေရပါမယ်ရှင်။)
• အဆင့် (၃) - ထောင်ထားတဲ့ ဘယ်ဘက်ပေါင်အောက်ကို လက်နှစ်ဖက်နဲ့ လျှိုနှိုက်ပြီး သိုင်းဖက်ကာ မိမိရင်ဘတ်ဆီသို့ ဖြည်းဖြည်းချင်း ဆွဲကပ်ပေးပါ။
• အဆင့် (၄) - တင်ပါးနဲ့ ပေါင်နောက်ကြောလေး တင်းသွားတဲ့ အနေအထား ရောက်ပြီဆိုရင် ဒီအတိုင်းလေး ငြိမ်ငြိမ်ထားပြီး (၂) မိနစ်ခန့် ပုံမှန်အတိုင်း အသက်ကို ဝဝရှူသွင်း၊ ရှူထုတ် လုပ်ပေးပါ။
• အဆင့် (၅) - အချိန်ပြည့်ရင် မူလအနေအထားအတိုင်း ပြန်နားပြီး၊ နောက်ထပ် ဘယ်ဘက်ခြေထောက်ကိုလည်း ညာဘက်ဒူးပေါ်တင်ကာ (၂) မိနစ် စီ အလှည့်ကျ ထပ်မံလုပ်ဆောင်ပေးရပါမယ်။
ရရှိနိုင်မယ့် အကျိုးကျေးဇူးများ

ဒီအကြောဆန့်လေ့ကျင့်ခန်းဟာ တင်ပါးဆုံတွင်းက တောင့်တင်းနေတဲ့ ကြွက်သားတွေကို ပြေလျော့သွားစေလို့ ညပ်နေတဲ့ အာရုံကြောပေါ်က ဖိအားတွေကို လျော့ကျစေပါတယ်။ ညအိပ်ရာဝင်ခါနီးဖြစ်စေ၊ မနက်ခင်းဖြစ်စေ နေ့စဉ်ပုံမှန် လုပ်ပေးသွားမယ်ဆိုရင် ခါးနာ၊ ခြေကျဉ်ဝေဒနာတွေ သိသိသာသာ သက်သာပြီး ပေါ့ပါးသွားမှာ အသေအချာပါပဲရှင်။

မိမိတို့အိမ်က ဖေဖေမေမေ၊ ဖိုးဖိုးဖွားဖွားတွေကိုလည်း ဝေဒနာတွေ သက်သာစေဖို့ ဒီနည်းလမ်းကောင်းလေးကို လက်ဆင့်ကမ်းပြီး လုပ်ခိုင်းကြည့်ကြဦးနော်။
အားလုံးပဲ ရောဂါဘယတွေ ကင်းဝေးပြီး စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာနဲ့ ပျော်ရွှင်စရာနေ့ရက်များကို ပိုင်ဆိုင်နိုင်ကြပါစေရှင်။

23/05/2026

"လေးဆယ်ကျော် မိန်းမသား ရေးတဲ့စာ"
သူငယ်ချင်းရေ!
အသက်၄၀ကျော်လာတဲ့ အချိန်မှာ ငါတို့မိန်းမသားတွေဟာ အရင်လို လူတိုင်းကို စိတ်ချမ်းသာအောင် လိုက်လုပ်ပေးနိုင်တဲ့ အင်အား မရှိတော့ဘူး။ပင်ပန်းလာပြီ။တိတိတိတ်လေး ခံစားရတာလည်း မောလာပြီနော်။
ငါတို့က ဒီအရွယ်မှာ လူတွေအတွက်အများကြီးပေးဆပ်ခဲ့ ပြီးနေပါပြီ။
မိသားစု၊ ကလေးတွေ၊ အိမ်ထောင်ရေး၊ အလုပ်၊ လူမှုဆက်ဆံရေး။
အခြားသူတွေအတွက် အမြဲစဉ်းစားပေးရင်း
တစ်ချိန်မှာ “ကိုယ်ကိုယ်တိုင်” ပျောက်သွားတတ်တယ်။

ဒါကြောင့် ကိုယ့်ရဲ့စိတ်ကျန်းမာပျော်ရွှင်ဖို့(mental health )အတွက် ထိန်းဖို့လိုတဲ့အရာတွေက

(၁)။လူတိုင်းကို ကျေနပ်အောင်လုပ်ပေးဖို့ မကြိုးစားပါနဲ့တော့။
အားလုံးကို အဆင်ပြေအောင်လုပ်ပေးဖို့ကြိုးစားရင်းအများဆုံးပင်ပန်းသွားတာ ကိုယ့်စိတ်ပဲ။
(၂)။ဘယ်အရာကို မဆိုအကန့်အသတ်(Boundary )ထားတတ်ဖို့လိုတယ်။
ကိုယ့်ကို အမြဲစိတ်ဖိစီးစေတဲ့လူ၊
လိပ်ပြာမလုံအောင် ခံစားချက်ပေးတဲ့ ဆက်ဆံရေးတွေ ကနေ နောက်တစ်လှမ်းဆုတ်ပြီး အကွာအဝေးထားတတ် ရမယ်။
(၃)။အနားယူတာကို အပြစ်လို့ မခံစားပါနဲ့။
တစ်ချို့မိန်းမတွေက အမြဲအလုပ်လုပ်နေမှ တန်ဖိုးရှိတယ်လို့ထင်တတ်ကြတယ်။
တကယ်တော့ စိတ်ကျန်းမာဖို့ဆိုတာ အနားယူပေးဖို့လည်းလိုတယ်။
(၄)။ကိုယ့်ခန္ဓာကိုယ်ပြောင်းလဲမှုကို လက်ခံတတ်ပါစေ။
ဟိုမုန်း(Hormone )ပြောင်းလဲတာ/ စိတ်အတက်အကျ၊ ဝမ်းနည်းလွယ်လာတာတွေက အားနည်းနေတာမဟုတ်ဘူး။
ကိုယ့်ကိုယ်ကိုယ် နားလည်ပေးဖို့လိုတဲ့အချက်ပေးခေါင်းလောင်း(warning sign)ပါ။
(၅)။ကိုယ့်အတွက်ပျော်ရွှင်မှုတစ်ခုခုကို တကူးတက လုပ်ပါ။
စာဖတ်တာ၊ လမ်းလျှောက်တာ၊ သစ်ပင်/ပန်းပင်စိုက်တာ/သီချင်းနားထောင်တာ/ကခုန်တာ။
"မိခင်” “ဇနီး” ဆိုတဲ့ role အပြင်
“ကိုယ်တိုင်” အနေနဲ့အသက်ရှင်နေဖို့လိုတယ်။
(၆)။အရာအားလုံးကို တိတ်တိတ်လေး ခံစားမနေပါနဲ့တော့။
စိတ်ဖိစီးမှုတွေကို အမြဲမျိုသိပ်ထားရင်
နောက်ဆုံးမှာ anxiety, depression ပုံစံနဲ့ ပြန်ထွက်လာတတ်တယ်။
ယုံကြည်ရသူတစ်ယောက်ယောက်ကို အမြဲရင်ဖွင့်ပါ။
လိုအပ်ရင် အကူအညီ(professional help )ယူဖို့လည်း မရှက်ပါနဲ့။
မှတ်ထားပါ သူငယ်ချင်းရေ!

အသက် ၄၀ ကျော်လာတာက
အိုမင်းလာတာမဟုတ်ဘူး။

ဘယ်အရာက ကိုယ့်စိတ်ကို ဖျက်ဆီးနေတယ်။
ဘယ်သူတွေက ကိုယ့်ကို အဆိပ်လာခပ်နေတယ်။
ဘယ်အရာက တကယ်တန်ဖိုးရှိတယ်ဆိုတာ
ပိုရှင်းရှင်းလင်းလင်းသိလာတဲ့ ဘဝတစ်ဆစ်ချိုး
စိတ် ပြန်လည် နုပျိုလာတဲ့အရွယ်ပါနော်။
(ပျော်ပျော်ရွှင်ရွှင်နဲ့အိုမင်းသွားကြမယ်နော်။သဘောတူကြလား?)
ညနေမိုး(ကလေး)

&usa
40
health for women

စိုးရိမ်စရာပါ
20/05/2026

စိုးရိမ်စရာပါ

#နေ့စဉ်ဘဝမှာ မျက်နှာသစ်ဆေး၊ ခေါင်းလျှော်ရည်၊ ရေချိုးဆပ်ပြာကစလို့ လိုးရှင်း (Lotion) နဲ့ ခရင်မ် (Cream) မျိုးစုံကို မသုံးဖူးတဲ့သူ မရှိသလောက်ပါပဲ။ ဒါပေမဲ့ ကျွန်တော်တို့ ကျန်းမာလှပဖို့ ယုံကြည်စိတ်ချစွာ လိမ်းနေတဲ့ အလှကုန်တွေရဲ့ နောက်ကွယ်မှာ ခန္ဓာကိုယ်ကို တိတ်တဆိတ် ဒုက္ခပေးနေတဲ့ "ဓာတုဗေဒ အဆိပ်အတောက်" တစ်ခု ပုန်းကွယ်နေနိုင်တယ်ဆိုတာ သတိပြုမိကြရဲ့လား??

အဲဒါကတော့ တခြားမဟုတ်ပါဘူး။ ကျန်းမာရေးပညာရှင်တွေ သတိပေးတားမြစ်လာကြတဲ့ "Paraben (ပါရာဘင်)" ပဲ ဖြစ်ပါတယ်။

အရေပြားပြဿနာမျိုးစုံ၊ ဟော်မုန်းမညီမျှတဲ့ ပြဿနာမျိုးစုံနဲ့ လာပြကြတဲ့ လူနာတွေကို ကုသပေးရင်း သူတို့ သတိမထားမိဘဲ သုံးနေတဲ့ နေ့စဉ်သုံးပစ္စည်းတွေမှာ ပါရာဘင်တွေ ဘယ်လောက်တောင် လွှမ်းမိုးနေလဲဆိုတာ တွေ့ရလို့ တကယ်ပဲ စိုးရိမ်မိပါတယ်။ ဒါကြောင့် မိမိကိုယ်တိုင်နဲ့ မိသားစုဝင်တွေ၊ အထူးသဖြင့် ကလေးငယ်တွေရဲ့ ကျန်းမာရေးအတွက် ပါရာဘင်အကြောင်းကို သေချာလေး မျှဝေပေးချင်လို့ ဒီဆောင်းပါးလေးကို ရေးရခြင်း ဖြစ်ပါတယ်။

👉Paraben (ပါရာဘင်) ဆိုတာ တကယ်တော့ ဘာလဲ?

Paraben (ပါရာဘင်) ဆိုတာ အရိုးရှင်းဆုံးပြောရရင် အလှကုန်ပစ္စည်းတွေ၊ အရေပြားလိမ်းဆေးတွေမှာ ဗက်တီးရီးယားနဲ့ မှိုတွေမပေါက်အောင် တားဆီးပေးတဲ့ ဓာတုဗေဒ ကြာရှည်ခံဆေး (Preservative) တစ်မျိုးပါပဲ။

အလှကုန်တွေထဲမှာ ရေဓာတ်ပါဝင်မှု မြင့်မားတဲ့အခါ ပတ်ဝန်းကျင်က ပိုးမွှားတွေကြောင့် ပုပ်သိုးပျက်စီးလွယ်တတ်ပါတယ်။ အဲဒီလို မပျက်စီးဘဲ နှစ်နဲ့ချီပြီး အထားခံအောင် ထည့်သုံးကြတာပါ။ သက်တမ်းရင့်ပြီး ဈေးပေါတဲ့ ဓာတုပစ္စည်းတစ်ခုလို့လည်း ဆိုနိုင်ပါတယ်။

👉ဘယ်လို အသုံးအဆောင်တွေမှာ ပါဝင်တတ်လဲ?

ပါရာဘင်ဟာ ထုတ်လုပ်တဲ့သူတွေအတွက် ကုန်ကျစရိတ် အလွန်သက်သာပြီး စွမ်းဆောင်ရည် ကောင်းတာကြောင့် ကျွန်တော်တို့ မနက်မိုးလင်းကနေ ညမအိပ်ခင်အထိ သုံးနေတဲ့ ပစ္စည်းတော်တော်များများမှာ ပါနေတတ်ပါတယ်။

တစ်ကိုယ်ရေသန့်ရှင်းရေးသုံးပစ္စည်းများ - ခေါင်းလျှော်ရည်၊ ကွန်ဒီရှင်နာ၊ ရေချိုးဆပ်ပြာရည်၊ သွားတိုက်ဆေး နဲ့ ဂျိုင်းချွေးနံ့ပျောက်ဆေး (Deodorants)။

အရေပြားစောင့်ရှောက်မှုပစ္စည်းများ - မျက်နှာသစ်ဆေး၊ အစိုဓာတ်ထိန်းခရင်မ် (Moisturizer)၊ ကိုယ်လိမ်းလိုးရှင်း၊ နေလောင်ကာခရင်မ် (Sunscreen) တွေ။

အလှကုန်ပစ္စည်းများ - ဖောင်ဒေးရှင်း၊ ပေါင်ဒါမှုန့်၊ နှုတ်ခမ်းနီ နဲ့ မက်စကာရာ (Mascara) တွေ။

ကလေးအသုံးအဆောင်ပစ္စည်းများ - ကလေးသုံး လိုးရှင်း၊ ကလေးရေချိုးဆပ်ပြာ နဲ့ Wet Wipes (တစ်ရှူးအစို) အချို့။

👉ဘာလို့ အရင်က သုံးပြီး အခုနောက်ပိုင်း မသုံးကြတော့တာလဲ?
အရင်ကတော့ ပါရာဘင်ကို အလှကုန်လောကရဲ့ "သူရဲကောင်း" လို့တောင် ထင်ခဲ့ကြတာပါ။ ဒါပေမဲ့ နည်းပညာတွေ တိုးတက်လာပြီး ဆေးဘက်ဆိုင်ရာ သုတေသနတွေ လုပ်ကြည့်တဲ့အခါမှာတော့ သူ့ရဲ့ လျှို့ဝှက်ဆိုးကျိုးတွေ ပေါ်လာပါတော့တယ်။ အဓိက အကြောင်းရင်း ၃ ချက် ရှိပါတယ် -

၁။ ဟော်မုန်းစနစ်ကို ကမောက်ကမဖြစ်စေတယ်

ပါရာဘင်ရဲ့ မော်လီကျူးပုံစံဟာ လူ့ခန္ဓာကိုယ်ထဲက အမျိုးသမီးဟော်မုန်း အက်စထရိုဂျင် (Estrogen) နဲ့ အလွန်တူပါတယ်။ အရေပြားကနေတစ်ဆင့် ပါရာဘင် ခန္ဓာကိုယ်ထဲ ရောက်သွားတဲ့အခါ၊ ခန္ဓာကိုယ်က ၎င်းကို ဟော်မုန်းအစစ်လို့ မှားပြီး တုံ့ပြန်ပါတယ်။ ဒီလို ဟော်မုန်းအတုတွေ များလာတဲ့အခါ -

အမျိုးသမီးတွေမှာ ဓမ္မတာမမှန်တာ၊ သားအိမ်အကျိတ်ဖြစ်တာ၊ ကလေးရနိုင်ခြေ ကျဆင်းတာတွေ ဖြစ်နိုင်ပါတယ်။

အမျိုးသားတွေမှာလည်း သုက်ပိုးအရေအတွက် လျော့နည်းတာနဲ့ အမျိုးသားဟော်မုန်း ကျဆင်းတာမျိုး ဖြစ်စေနိုင်ပါတယ်။

၂။ ရင်သားကင်ဆာ ဖြစ်ပွားမှုနဲ့ ဆက်စပ်နေတယ်

သုတေသနပြုချက်တွေအရ ရင်သားကင်ဆာအကျိတ် (Breast Tumor) တွေကို ဓာတ်ခွဲစစ်ဆေးခဲ့ရာမှာ အကျိတ်တစ်ရှူးတွေထဲမှာ ပါရာဘင်ဓာတ်အကြွင်းအကျန်တွေကို မြင့်မားစွာ တွေ့ရှိခဲ့ရပါတယ်။ ပါရာဘင်ဟာ ရင်သားကင်ဆာဆဲလ်တွေ တိုးပွားလာအောင် လှုံ့ဆော်ပေးနိုင်တယ်ဆိုတဲ့ အချက်ကြောင့် ကမ္ဘာတစ်ဝန်းမှာ Paraben-Free လှုပ်ရှားမှုတွေ စတင်လာခဲ့တာပါ။

၃။ ပတ်ဝန်းကျင်ညစ်ညမ်းမှု ဖြစ်စေတယ်

ကျွန်တော်တို့ ရေချိုး၊ ခေါင်းလျှော်ရင်း ပါသွားတဲ့ ပါရာဘင်တွေဟာ ရေဆိုးမြောင်းတွေကနေတစ်ဆင့် မြစ်ချောင်း၊ ပင်လယ်တွေထဲ ရောက်သွားပါတယ်။ ဒါဟာ ပင်လယ်ရေသတ္တဝါတွေ (အထူးသဖြင့် ငါးနဲ့ လင်းပိုင်တွေ) ရဲ့ မျိုးပွားမှုစနစ်ကို ပျက်စီးစေကြောင်း တွေ့ရှိရပါတယ်။

👉ဘယ်နိုင်ငံတွေမှာ Paraben ကို Ban ထားပြီလဲ? ဘာကြောင့်လဲ?
ပါရာဘင်ရဲ့ အန္တရာယ်ကြောင့် အဆင့်မြင့်နိုင်ငံတွေမှာ ဥပဒေအရ စတင်ပိတ်ပင်တာ ဒါမှမဟုတ် ပြင်းပြင်းထန်ထန် ကန့်သတ်တာတွေ လုပ်လာကြပါတယ်။

ဥရောပသမဂ္ဂ (EU): ၂၀၁၄ ခုနှစ်ကတည်းက စတင်ပြီး Isopropylparaben, Isobutylparaben, Phenylparaben, Benzylparaben နဲ့ Pentylparaben စတဲ့ ပါရာဘင်အမျိုးအစား ၅ မျိုးကို အလှကုန်တွေထဲမှာ လုံးဝမသုံးဖို့ ပိတ်ပင် (Ban) လိုက်ပါတယ်။ ကျန်တဲ့ အမျိုးအစားတွေကိုလည်း သုံးစွဲခွင့် ပမာဏကို အလွန်နည်းအောင် ကန့်သတ်ထားပါတယ်။

အာဆီယံနိုင်ငံများ (ASEAN): မြန်မာနိုင်ငံအပါအဝင် အာဆီယံအလှကုန်ညွှန်ကြားချက်အရလည်း အထက်ပါ ပါရာဘင် ၅ မျိုးကို ပိတ်ပင်ထားပြီး ဖြစ်ပါတယ်။

👉ဘာကြောင့် Ban တာလဲ?
အဓိကကတော့ ကလေးငယ်တွေရဲ့ အရေပြားကနေ စုပ်ယူမှုအားကောင်းပြီး ရေရှည်မှာ ကင်ဆာနဲ့ ဟော်မုန်းရောဂါတွေ ဖြစ်ပွားနိုင်ခြေ အလွန်မြင့်မားတာကြောင့် ပြည်သူတွေရဲ့ ကျန်းမာရေးကို ကာကွယ်တဲ့အနေနဲ့ ပိတ်ပင်ရခြင်း ဖြစ်ပါတယ်။

👉မြန်မာပြည်မှာရော Paraben ပါတာတွေ ဘယ်လောက်များလဲ?
ဒါကတော့ ကျွန်တော်တို့ ရင်ဆိုင်နေရတဲ့ အလွန်စိုးရိမ်စရာကောင်းတဲ့ အချက်ပဲ ဖြစ်ပါတယ်။ ဥပဒေအရ ပိတ်ပင်ထားတာတွေ ရှိပေမဲ့ လက်တွေ့မြန်မာ့ဈေးကွက်မှာတော့ ပါရာဘင်ပါတဲ့ ပစ္စည်းတွေဟာ နေရာအနှံ့မှာ အများကြီး ရှိနေဆဲပါ။ ဘာကြောင့်လဲဆိုတော့ -

မှောင်ခိုနဲ့ တရားမဝင်ကုန်ပစ္စည်းများ: နယ်စပ်တွေကနေတစ်ဆင့် FDA ခွင့်ပြုချက်မရှိဘဲ ဝင်လာတဲ့ ဈေးပေါတဲ့ အလှကုန်တွေ၊ Whitening Cream (အသားဖြူခရင်မ်) တွေမှာ သက်တမ်းကြာရှည်ခံဖို့ ပါရာဘင်တွေကို အလွန်အကျွံ ထည့်သွင်းထားတတ်ပါတယ်။

တံဆိပ်အတုနဲ့ စံမမှီပစ္စည်းများ: နာမည်ကြီး Brand တွေကို အတုလုပ်ပြီး ဈေးပေါပေါနဲ့ ရောင်းနေတဲ့ Mask တွေ၊ လိုးရှင်းတွေမှာ ကုန်ကျစရိတ်သက်သာအောင် ပါရာဘင်တွေကို သုံးထားကြပါတယ်။

အသိပညာ အားနည်းခြင်း: အများစုဟာ အလှကုန်ဝယ်တဲ့အခါ "အနံ့မွှေးလား၊ ချက်ချင်းဖြူလား၊ ဈေးသက်သာလား" ဆိုတာကိုပဲ ကြည့်လေ့ရှိပြီး နောက်ကျောက ပါဝင်ပစ္စည်း (Ingredients) တွေကို ဖတ်လေ့မရှိကြပါဘူး။ ဒါကို အခွင့်ကောင်းယူပြီး စီးပွားရေးသမားအချို့က ပါရာဘင်ပါတဲ့ ပစ္စည်းတွေကို လူထုထဲ ရောင်းချနေကြတာ ဖြစ်ပါတယ်။

👉 ပါတဲ့ လိုးရှင်းနဲ့ ခရင်မ်တွေ သာမာန်လူတွေ၊ကလေးတွေလိမ်းမိရင် ဘာဖြစ်နိုင်လဲ?

ပါရာဘင်ရဲ့ အဓိက ပြဿနာက ချက်ချင်းလိမ်း၊ ချက်ချင်း အဆိပ်တက်တာမျိုး မဟုတ်ဘဲ ခန္ဓာကိုယ်ထဲမှာ တဖြည်းဖြည်းချင်းစီ စုမိလာတဲ့ "ရေရှည်အဆိပ်အတောက်" ဖြစ်တာပါ။

သာမာန်လူကြီးတွေမှာ ဖြစ်နိုင်တဲ့ဆိုးကျိုးများ -

အရေပြား ဓာတ်မတည့်ခြင်း: သာမာန်အရေပြားရှိသူတွေတောင် ပါရာဘင်ပါတဲ့ လိုးရှင်းကို ရေရှည်လိမ်းရင် အရေပြားနီမြန်းတာ၊ ယားယံတာ၊ အဖုအပိမ့်ထွက်တာမျိုး တဖြည်းဖြည်း ဖြစ်လာတတ်ပါတယ်။

အရေပြား အိုမင်းရင့်ရော်လွယ်ခြင်း: Methylparaben ပါတဲ့ ခရင်မ်ကို လိမ်းပြီး နေရောင်ထဲသွားရင် အရေပြားဆဲလ်တွေ ပျက်စီးမှု ပိုမြန်ပြီး အရေးအကြောင်းတွေ စောစောထင်လာတတ်ပါတယ်။

ကင်ဆာနဲ့ ဟော်မုန်းပြဿနာများ: စောစောက ပြောခဲ့သလို ရေရှည်သုံးစွဲရင် ရင်သားကင်ဆာ၊ သားအိမ်ကင်ဆာနဲ့ မျိုးပွားစနစ် ချို့ယွင်းမှုတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။

ကလေးငယ်တွေမှာ ဖြစ်နိုင်တဲ့ဆိုးကျိုးများ (ဒါကတော့ အထူးသတိပြုရပါမယ်) -

ကလေးတွေရဲ့ အရေပြားဟာ လူကြီးတွေထက် ၃ ဆလောက် ပိုပါးပြီး ခုခံအားစနစ် မပြည့်စုံသေးပါဘူး။

စုပ်ယူမှု မြင့်မားခြင်း: ကလေးအရေပြားပေါ် ပါရာဘင်လိမ်းမိရင် လူကြီးတွေထက် ခန္ဓာကိုယ်ထဲကို ပိုမြန်ဆန်စွာနဲ့ အများကြီး စုပ်ယူသွားပါတယ်။

ကြီးထွားမှုစနစ် ထိခိုက်ခြင်း: ကလေးငယ်တွေရဲ့ ဖွံ့ဖြိုးဆဲ ဟော်မုန်းစနစ်ကို ပါရာဘင်က သွားနှောင့်ယှက်တဲ့အတွက် အရွယ်မတိုင်ခင် အပျိုဖော်/လူပိုဖော်ဝင်တာ ဒါမှမဟုတ် ကြီးထွားမှုနှုန်း မမှန်တာမျိုး ကြုံရနိုင်ပါတယ်။

📌အရေပြားရောဂါ (နှင်းခူ၊ အင်ပြင်နဲ့ ယားနာအမျိုးမျိုး) ရှိတဲ့အခါ ပါရာဘင်ပါတာတွေ လိမ်းမိရင် ဘာဖြစ်နိုင်လဲ?

ဆောင်းပါးရဲ့ ခေါင်းစဉ်အတိုင်း "ရောဂါနှစ်ဆ" ဖြစ်စေမယ့် အချက်ကတော့ ဒီနေရာပဲ ဖြစ်ပါတယ်။ အရေပြားရောဂါအခံ ရှိသူတွေဟာ ပါရာဘင်ကို လုံးဝ ရှောင်ရပါမယ်။❌

၁။ နှင်းခူ (Eczema) ရှိသူများ

နှင်းခူသမားတွေရဲ့ အရေပြားဟာ သဘာဝအကာအကွယ်လွှာ ပျက်စီးပြီး အက်ကွဲခြောက်သွေ့နေတတ်ပါတယ်။ ဒီလိုအချိန်မှာ ပါရာဘင်ပါတဲ့ လိုးရှင်း သို့မဟုတ် ခရင်မ် သွားလိမ်းမိရင် -

ပါရာဘင်ဓာတ်တွေဟာ အက်ကွဲကြောင်းတွေကနေတစ်ဆင့် အရေပြားအောက်ထဲ တိုက်ရိုက်စိမ့်ဝင်သွားပါတယ်။

ဒါဟာ ပျက်စီးနေတဲ့ အရေပြားကို ဓာတုဗေဒနည်းနဲ့ ထပ်ပြီး မီးရှို့လိုက်သလိုဖြစ်လို့၊ နှင်းခူနာကို ပိုဆိုးစေပြီး အနာတွေ ပိုပြန့်လာစေပါတယ်။ ယားတာလည်း နှစ်ဆ၊ သုံးဆ တိုးလာပါလိမ့်မယ်။

၂။ အင်ပြင် နဲ့ ယားနာအမျိုးမျိုး ရှိသူများ

အင်ပြင်ထတယ်ဆိုတာ ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်က ဓာတ်မတည့်တာတစ်ခုခုကို တုံ့ပြန်တဲ့အနေနဲ့ Histamine ဓာတ်တွေ ထုတ်လို့ ဖြစ်တာပါ။ အသားလေး အေးသွားအောင်ဆိုပြီး ပါရာဘင်ပါတဲ့ လိုးရှင်းတွေ သွားလိမ်းပေးရင် -

ပါရာဘင်က ဓာတ်မတည့်မှုကို ပိုပြီး လှုံ့ဆော်ပေးလိုက်သလိုဖြစ်လို့ အင်ပြင်တွေ ပိုကြီးလာတာ၊ တစ်ကိုယ်လုံး ပြန့်သွားတာမျိုး ဖြစ်တတ်ပါတယ်။

ကုတ်ဖဲ့ထားတဲ့ ယားနာအနာကွက်တွေထဲ ပါရာဘင်ဝင်သွားရင် အနာကျက်နှေးပြီး ဗက်တီးရီးယားပိုး ထပ်ဝင်တာမျိုး (Secondary Infection) ပါ ဖြစ်နိုင်ပါတယ်။

✅ Paraben ပါမပါ ဘယ်လိုရွေးချယ်ပြီး ဝယ်ရမလဲ?
အလှကုန်နဲ့ လိုးရှင်းတွေ ဝယ်တဲ့အခါ အောက်ပါအချက်တွေကို သေချာလေး လိုက်နာကြည့်ရအောင်ပါ။

၁။ "Paraben-Free" အညွှန်းကို ရှာဖွေပါ

အခုနောက်ပိုင်း စံချိန်စံညွှန်းမှီတဲ့ ထုတ်ကုန်တွေမှာ ဗူးရဲ့အရှေ့ဘက် ဒါမှမဟုတ် အနောက်ဘက်မှာ "Paraben-Free" (ပါရာဘင် လုံးဝမပါဝင်ပါ) ဆိုတဲ့ စာသားလေးကို ထင်ထင်ရှားရှား ရိုက်နှိပ်ထားလေ့ ရှိပါတယ်။ ဒါမျိုးကို ဦးစားပေးရွေးချယ်ပါ။

၂။ ပါဝင်ပစ္စည်းစာရင်း (Ingredients List) ကို ဖတ်ပါ

ဗူးတွေရဲ့ နောက်ကျောမှာ စာလုံးသေးသေးလေးတွေနဲ့ ရေးထားတဲ့ Ingredients စာရင်းကို ဖတ်ကြည့်ပါ။ စာလုံးရဲ့အဆုံးမှာ "-paraben" လို့ ဆုံးတဲ့ ဘယ်လိုဓာတ်ပစ္စည်းကိုမဆို တွေ့ရင် ထိုပစ္စည်းကို လုံးဝ မဝယ်ပါနဲ့။

ရှောင်ကြဉ်ရမယ့် ပါရာဘင်အမည်များ -

Methylparaben

Ethylparaben

Propylparaben

Butylparaben

💡 ဗဟုသုတအနေနဲ့- အချို့ကုမ္ပဏီတွေက ပါရာဘင်လို့ တိုက်ရိုက်မရေးဘဲ Parahydroxybenzoate လို့ ရေးတတ်ကြပါတယ်။ ဒါဟာလည်း ပါရာဘင်ပဲမို့ ရှောင်ရပါမယ်နော်။

၃။ သဘာဝအခြေခံ ကုန်ပစ္စည်းများကို ရွေးချယ်ပါ

ပါရာဘင်အစား သဘာဝအတိုင်း ကြာရှည်ခံစေတဲ့ ပစ္စည်းတွေ (ဥပမာ - Rosemary Extract, Vitamin E, Neem Oil) သုံးထားတဲ့ Organic သို့မဟုတ် Natural တံဆိပ်ပါတာတွေကို အစားထိုး အသုံးပြုနိုင်ပါတယ်။

✅အကြံပြုချင်တာကတော့...
ကျန်းမာရေးဆိုတာ ငွေနဲ့ဝယ်လို့မရတဲ့ အဖိုးတန်ဆုံးအရာပါ။ ကျွန်တော်တို့ အစားအသောက်တွေ ဘေးကင်းဖို့ ဂရုစိုက်ကြသလိုပဲ၊ အရေပြားပေါ်မှာ နေ့စဉ် လိမ်းနေတဲ့ ပစ္စည်းတွေ ဘေးကင်းဖို့လည်း ဂရုစိုက်ရပါမယ်။ အရေပြားဆိုတာ ခန္ဓာကိုယ်ရဲ့ အကြီးဆုံး အစိတ်အပိုင်းဖြစ်ပြီး အဆိပ်အတောက်တွေကို ခန္ဓာကိုယ်ထဲ တိုက်ရိုက်စုပ်ယူပေးနိုင်တဲ့ တံခါးပေါက်ကြီးပါ။

"ဈေးပေါရုံ"၊ "ချက်ချင်းဖြူရုံ" ကိုပဲ ကြည့်ပြီး ဝယ်သုံးတာဟာ မိမိကိုယ်မိမိ ရောဂါဆိုးတွေ လက်ဆောင်ပေးနေသလို ဖြစ်တတ်ပါတယ်။

ဒီနေ့ပဲ အိမ်က ရေချိုးခန်း၊ မှန်တင်ခုံပေါ်မှာရှိတဲ့ လိုးရှင်းဗူး၊ ခေါင်းလျှော်ရည်ဗူးတွေကို ပြန်စစ်ကြည့်ကြရအောင်ပါ။ ပါရာဘင်တွေ ပါနေရင် စွန့်ပစ်ဖို့ ဝန်မလေးကြပါနဲ့။ ပစ္စည်းတစ်ခုကို မဝယ်ခင် နောက်ကျောက အညွှန်းစာကို မိနစ်ပိုင်းမျှ အချိန်ပေးဖတ်ခြင်းဖြင့် သင်နဲ့ သင့်မိသားစုကို "ရောဂါနှစ်ဆပေးမယ့် Paraben" အန္တရာယ်ကနေ ကာကွယ်နိုင်ကြပါစေကြောင်း စေတနာရှေ့ထားပြီး မျှဝေလိုက်ရပါတယ်ခင်ဗျာ။

လေးစားစွာဖြင့် -

#ဒေါက်တာဝေယံဖြိုး

Address

အမှတ် (၁၅/ခ)၊ သစ္စာပန်းလမ်းမ၊ ဌ-ရပ်ကွက်၊ မြောက်ဥက္ကလာပမြို့နယ်။
Yangon
ရန်ကုန်မြို့။

Opening Hours

Monday 08:00 - 21:00
Tuesday 08:00 - 21:00
Wednesday 08:00 - 21:00
Thursday 08:00 - 21:00
Friday 08:00 - 21:00
Saturday 08:00 - 21:00
Sunday 08:00 - 21:00

Telephone

+959975445362

Website

Alerts

Be the first to know and let us send you an email when WUTT YEE - Pharmacy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category