MOE KAUNG Treasure Maternal and Child Hospital

MOE KAUNG Treasure Maternal and Child Hospital Perfect Life, Perfect Place Level 3 Neonate ICU, IVF

 #အဝလွန်ခြင်းရဲ့ပြဿနာများ အဝလွန်ခြင်း (𝐎𝐛𝐞𝐬𝐢𝐭𝐲) ဆိုတာ ရုပ်ပိုင်းဆိုင်ရာပြောင်းလဲမှုတစ်ခုတည်း မဟုတ်ဘဲ ခန္ဓာကိုယ်ရဲ့ စနစ်အ...
02/09/2026

#အဝလွန်ခြင်းရဲ့ပြဿနာများ
အဝလွန်ခြင်း (𝐎𝐛𝐞𝐬𝐢𝐭𝐲) ဆိုတာ ရုပ်ပိုင်းဆိုင်ရာပြောင်းလဲမှုတစ်ခုတည်း မဟုတ်ဘဲ ခန္ဓာကိုယ်ရဲ့ စနစ်အတော်များများကို တဖြည်းဖြည်း ချို့ယွင်းလာစေပြီး မထင်မှတ်ထားတဲ့ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေကို ခေါ်ဆောင်နေတဲ့ "အသံတိတ် အန္တရာယ်" တစ်ခုပဲဖြစ်ပါတယ်။
အဝလွန်ခြင်းကြောင့် ဖြစ်လာနိုင်တဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကတော့ -
⚠️ နှလုံးနှင့် သွေးကြောဆိုင်ရာ ရောဂါများ
သွေးတိုးခြင်း၊ သွေးတွင်း ကိုလက်စထရော မြင့်တက်ခြင်း၊ နှလုံးသွေးကြောကျဉ်းခြင်းနှင့် လေဖြတ်ခြင်း (𝐒𝐭𝐫𝐨𝐤𝐞) အန္တရာယ်ကို သိသိသာသာ မြင့်တက်စေပါတယ်။
⚠️ အမျိုးအစား (၂) ဆီးချိုရောဂါ (𝐓𝐲𝐩𝐞 𝟐 𝐃𝐢𝐚𝐛𝐞𝐭𝐞𝐬)
ခန္ဓာကိုယ်ရဲ့ 𝐈𝐧𝐬𝐮𝐥𝐢𝐧 𝐑𝐞𝐬𝐢𝐬𝐭𝐚𝐧𝐜𝐞 နည်းပါးသွားပြီး ဆီးချိုရောဂါ စတင်ဖြစ်ပွားစေပါတယ်။
⚠️ အရိုးနှင့် အဆစ်အမြစ် ပြဿနာများ
အဝလွန်တဲ့အခါ ခါး၊ ဒူးနှင့် တင်ပါးဆုံ အဆစ်တွေပေါ်မှာ ဝန်ပိစေတာမို့ ဒူးဆစ်ရောင်ရမ်းခြင်း အဓိက ဖြစ်ပွားစေပါတယ်။
⚠️ အိပ်စက်နေစဉ် အသက်ရှူရပ်ခြင်း (𝐒𝐥𝐞𝐞𝐩 𝐀𝐩𝐧𝐞𝐚)
ညဘက် အိပ်ပျော်နေစဉ် အသက်ရှူလမ်းကြောင်း ခေတ္တပိတ်ဆို့သွားပြီး အိပ်ရေးမဝခြင်း၊ မနက်ခင်း ခေါင်းကိုက်ခြင်းနှင့် နေ့လယ်ပိုင်း ငိုက်ခြင်းတို့ကို ဖြစ်စေပါတယ်။
⚠️ အဆီဖုံး အသည်းရောဂါ (𝐅𝐚𝐭𝐭𝐲 𝐋𝐢𝐯𝐞𝐫)
အရက်မသောက်ဘဲ အသည်းမှာ အဆီဖုံးခြင်း ၊ ရေရှည်မှာ အသည်းခြောက်ခြင်းအထိ ဖြစ်သွားနိုင်ပါတယ်။
အဝလွန်ခြင်းဟာ ခန္ဓာကိုယ်ကျန်းမာရေးတင်မကဘဲ မိမိဘဝကို ယုံကြည်မှုလျော့နည်းစေပြီး စိုးရိမ်စိတ်လွန်ကဲခြင်းနှင့် စိတ်ကျရောဂါ ဖြစ်နိုင်ခြေကိုပါ မြင့်တက်စေပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်အတွင်း ရောင်ရမ်းမှုများ ဖြစ်ပေါ်ပြီး ရင်သားကင်ဆာ၊ အူမကြီးကင်ဆာနှင့် သားအိမ်ကင်ဆာ ဖြစ်နိုင်ခြေ လည်းများပြားလှပါတယ် ။
ဘယ်လို စတင်ကာကွယ်/ကုသကြမလဲ ဆိုရင်တော့ -
🥗 အာဟာရမျှတအောင် စားသုံးပါ
🏃‍♂️ ပုံမှန် လှုပ်ရှားမှုရှိပါ(လေ့ကျင့်ခန်း/ လမ်းလျှောက်)
🏥 ကျွမ်းကျင်သူများနှင့် တိုင်ပင်ပါ
"အဝလွန်တာဟာ အစားများလို့ တစ်ခုတည်း မဟုတ်ပါဘူး" စိတ်ဖိစီးမှု (𝐒𝐭𝐫𝐞𝐬𝐬) လွန်ကဲတဲ့အခါ ထွက်လာတဲ့ 𝐂𝐨𝐫𝐭𝐢𝐬𝐨𝐥 ဟော်မုန်းဟာ ဝမ်းဗိုက်ပိုင်းမှာ အဆီပိုတွေကို ပိုမိုစုစည်းစေပါတယ်။ ဒါကြောင့် အဝလွန်ခြင်းကို ထိန်းချုပ်ဖို့ဆိုရင် အစားအသောက်တင်မကဘဲ စိတ်ဖိစီးမှုနဲ့ အိပ်စက်ချိန်ကိုပါ စနစ်တကျ စီမံခန့်ခွဲဖို့ လိုအပ်ပါတယ်။ 💭
အဝလွန်ခြင်းကြောင့် ဖြစ်လာနိုင်တဲ့ ကျန်းမာရေးပြဿနာတွေကို ကြိုတင် ကာကွယ် စစ်ဆေးချင်တယ်ဆိုရင်တော့ မိုးကောင်းအထူးကုဆေးရုံကြီး ရဲ့ ကျန်းမာရေးစောင့်ရှောက်မှု အစီအစဉ်များနှင့် အထူးကုဆရာဝန်ကြီးများနှင့် လာရောက်ဆွေးနွေးတိုင်ပင်နိုင်ပါတယ်ရှင် …🙇‍
"အနွေးထွေးဆုံး ယုယကြင်နာ - ချစ်ခြင်းမေတ္တာ မိုးကောင်းရတနာ"
#အဝလွန်ခြင်းပြဿနာများ #ကျန်းမာရေးအသိ #အဝလွန်ခြင်း #အဝလွန်တဲ့အခါ #အဝလွန်တဲ့ဆိုးကျိုး #အသည်းအဆီဖုံးရောဂါ #လေဖြတ်ခြင်း
#နှလုံးသွေးကြော

💙 မိုးကောင်းရတနာ မိခင်နှင့်ကလေးဆေးရုံအတွက် ဂုဏ်ယူစရာ မှတ်တိုင်တစ်ခုမိုးကောင်းရတနာ မိခင်နှင့်ကလေးဆေးရုံကို ယုံကြည်စွာ လာရ...
31/08/2026

💙 မိုးကောင်းရတနာ မိခင်နှင့်ကလေးဆေးရုံအတွက် ဂုဏ်ယူစရာ မှတ်တိုင်တစ်ခု
မိုးကောင်းရတနာ မိခင်နှင့်ကလေးဆေးရုံကို ယုံကြည်စွာ လာရောက်ပြသကြတဲ့ မိသားစုများအားလုံးအတွက် နိုင်ငံတကာအဆင့်မီ အရည်အသွေးမြင့် ကျန်းမာရေးစောင့်ရှောက်မှုများ ပေးအပ်နိုင်ရန် အစဉ်တစိုက် ကြိုးပမ်းလျက်ရှိပါတယ်ရှင့်.........
လူနာတိုင်းအတွက် ဘေးကင်းလုံခြုံပြီး စိတ်ချယုံကြည်ရတဲ့ ကျန်းမာရေးစောင့်ရှောက်မှုကို ပေးအပ်နိုင်ရန် ဆေးရုံရဲ့ ဝန်ဆောင်မှုများနှင့် လုပ်ငန်းစဉ်များကို နိုင်ငံတကာစံနှုန်းများနှင့်အညီ စနစ်တကျ ပြင်ဆင်မြှင့်တင်ခဲ့ပါတယ်။
ကြိုးပမ်းအားထုတ်မှုများရဲ့ အောင်မြင်မှုအဖြစ် —
🏆 အမေရိကန်နိုင်ငံအခြေစိုက် AACI Accreditation:
American Accreditation Commission International (AACI) ရဲ့ အသိအမှတ်ပြု စံနှုန်းများအတိုင်း ဆေးရုံရဲ့ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ဆေးရုံလုပ်ငန်းစနစ် စစ်ဆေးအကဲဖြတ်ရာမှာ High Reliability Degree ရမှတ် 90% ကျော် ရရှိခဲ့ပြီး Accreditation ကို အောင်မြင်စွာ ရရှိခဲ့ပါတယ်ရှင်။
ဒါ့အပြင် —
🤰👶 AACI Clinical Excellence Certification – Maternity Services ကိုလည်း 97% ကျော် ရမှတ်ဖြင့် ထူးချွန်စွာ ရရှိခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ ပထမဆုံးသော AACI Accreditation အသိမှတ်ပြု မိခင်နှင့်ကလေး စောင့်ရှောက်မှု ဆေးရုံအဖြစ် မှတ်တမ်းဝင်နိုင်ခဲ့ပါတယ်။ ဒီအောင်မြင်မှုဟာဆိုရင် မိခင်များနှင့် မွေးကင်းစကလေးငယ်များအတွက် ပိုမိုလုံခြုံကောင်းမွန်ပြီး အရည်အသွေးမြင့်မားတဲ့ ကျန်းမာရေးစောင့်ရှောက်မှု ပေးအပ်နိုင်ရေးအတွက် မိမိတို့ဆေးရုံရဲ့ အစဉ်တစိုက်ကြိုးပမ်းမှုများကို အသိအမှတ်ပြုခံရခြင်းလည်း ဖြစ်ပါတယ်။
အခုလို🏆 မိမိတို့ဆေးရုံအား AACI လက်မှတ်ရရှိအောင် ဝင်ရောက်ဖြေဆိုပေးခဲ့သည့် သက်ဆိုင်ရာ ဌာနအသီးသီးမှဆရာဝန်များ၊သူနာပြုများ၊ဝန်ထမ်းများနှင့်အဘက်ဘက်မှ ဝိုင်းဝန်းကူညီ ပေးပါသော အုပ်ချုပ်မှုအဖွဲ့ဝင်များအား အထူးပင်ကျေးဇူးတင်ရှိပါကြောင်း ပြောကြားလိုပါတယ်ရှင် ..............................
"အနွေးထွေးဆုံး ယုယကြင်နာ
ချစ်ခြင်းမေတ္တာ မိုးကောင်းရတနာ"

 #နာကျင်မှုမရှိတဲ့ကလေးမီးဖွားခြင်း (Painless Labour)ကလေးမီးဖွားရမှာ ကြောက်နေတဲ့ မေမေတို့အတွက်... နာကျင်မှုမရှိဘဲ သားသားမ...
29/08/2026

#နာကျင်မှုမရှိတဲ့ကလေးမီးဖွားခြင်း (Painless Labour)
ကလေးမီးဖွားရမှာ ကြောက်နေတဲ့ မေမေတို့အတွက်... နာကျင်မှုမရှိဘဲ သားသားမီးမီးလေးတွေကို ကြိုဆိုရအောင် ✨🌸
"မီးဖွားရမှာ အရမ်းကြောက်တယ်... နာကျင်မှုကို မခံနိုင်မှာ စိုးရိမ်တယ်..."
ကိုယ်ဝန်ဆောင်ချိန်မှာ မေမေတိုင်း လိုလို ကြုံတွေ့ဖူးကြတဲ့ စိုးရိမ်စိတ်လေးတစ်ခုပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ အခုခေတ်မှာတော့ ဒီလိုစိုးရိမ်မှုတွေကို အဝေးဆုံးတွန်းထုတ်ပစ်ပြီး "နာကျင်မှုမရှိဘဲ မီးဖွားနိုင်မယ့် နည်းလမ်း (Painless Labour)" တွေ ပေါ်ပေါက်လို့နေပါပြီ။
Painless Labour ဆိုတာ ဘာလဲ?
မီးဖွားခါနီး သားအိမ်ညှစ်ချိန်နဲ့ ကလေးမွေးဖွားချိန်မှာ ခံစားရတဲ့ ပြင်းထန်တဲ့ နာကျင်မှုတွေကို လျှော့ချပေးဖို့အတွက် ခါးဆဆစ်အတွင်း အရိုးနုကြားကတစ်ဆင့် မေ့ဆေးဆရာဝန်ကြီးများက အထူးဆေး (Epidural Analgesia) ထိုးပေးတဲ့ နည်းလမ်းပဲဖြစ်ပါတယ်။
💡 Painless Labour ရဲ့ အားသာချက်များ
· နာကျင်မှုကို သိသိသာသာ လျှော့ချပေးခြင်း
သားအိမ်ညှစ်တဲ့ နာကျင်မှုကို မခံစားရဘဲ စိတ်အေးချမ်းစွာ လန်းလန်းဆန်းဆန်း မီးဖွားနိုင်ပါတယ်။
· မေမေရော ကလေးပါ စိတ်ဓာတ်ရေးရာ လုံခြုံမှုရှိခြင်း
နာကျင်မှုကြောင့် ဖြစ်ပေါ်လာတဲ့ စိတ်ဖိစီးမှုနဲ့ ထိတ်လန့်မှုတွေကို သက်သာစေလို့ မီးဖွားစဉ် မေမေရဲ့ သွေးတိုးတာနဲ့ နှလုံးခုန်မြန်တာတွေကို ထိန်းချုပ်ပေးနိုင်ပါတယ်။
· သဘာဝအတိုင်း မွေးဖွားနိုင်ရေးကို အထောက်အကူပြုခြင်း
နာကျင်မှု မရှိတော့တဲ့အတွက် မေမေတို့အနေနဲ့ မီးဖွားချိန်မှာ အားအင်မကုန်ဘေ ညှစ်အားကို ထိရောက်စွာ အသုံးပြုနိုင်ပါတယ်။
· ကလေးငယ်အတွက် ဘေးကင်းခြင်း
အသုံးပြုတဲ့ ဆေးပမာဏဟာ စနစ်တကျ တွက်ချက်ထားတာဖြစ်လို့ ရင်သွေးငယ်ရဲ့ ကျန်းမာရေးကို ထိခိုက်မှု မရှိပါဘူး။
🏥 မိုးကောင်းရတနာမိခင်နှင့်ကလေးဆေးရုံကြီးမှာ...
ကျွမ်းကျင်တဲ့ သားဖွားမီးယပ် အထူးကု ဆရာဝန်ကြီးများ၊ မေ့ဆေး အထူးကု ဆရာဝန်ကြီးများ နဲ့ အတွေ့အကြုံရှိ သူနာပြုအဖွဲ့သားများက ၂၄ နာရီပတ်လုံး အနီးကပ် စနစ်တကျ စောင့်ရှောက်ပေးနေတာမို့ မေမေတို့အနေနဲ့ စိတ်အေးချမ်းစွာနဲ့ မီးဖွားနိုင်မှာပဲ ဖြစ်ပါတယ်။

ရင်သွေးငယ်လေးကို ပြုံးပြုံးရွှင်ရွှင်နဲ့ နာကျင်မှုမရှိဘဲ ကြိုဆိုချင်တယ်ဆိုရင်တော့ မိုးကောင်း မိခင်နှင့်ကလေး ဆေးရုံကြီးမှာ Painless Labour အကြောင်း လာရောက်ဆွေးနွေး တိုင်ပင်ဖို့ ဖိတ်ခေါ်လိုက်ပါရစေနော်... 👶💖
#မိုးကောင်းမိခင်နှင့်ကလေးဆေးရုံ #မေမေနှင့်ရင်သွေးငယ် #နာကျင်မှုမရှိဘဲကလေးမီးဖွားခြင်း #ကျန်းမာရေးနှင့်ဗဟုသုတ

ယနေ့ကျရောက်သော မြတ်စွာဘုရားရှင်၏ “မေတ္တာသုတ်ဒေသနာတော်” ဖြင့် ဘေးအန္တရာယ် ခပ်သိမ်းကို ငြိမ်းအေးစေခဲ့သည့်🙏 “ဝါခေါင်လပြည့် ...
28/08/2026

ယနေ့ကျရောက်သော မြတ်စွာဘုရားရှင်၏ “မေတ္တာသုတ်ဒေသနာတော်” ဖြင့် ဘေးအန္တရာယ် ခပ်သိမ်းကို ငြိမ်းအေးစေခဲ့သည့်🙏 “ဝါခေါင်လပြည့် မေတ္တာအခါတော်နေ့” သမယ၌ -

🌿 မိဘပြည်သူများနှင့်တကွ ကမ္ဘာသူ/သားအပေါင်းတို့ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ
🌿 မေတ္တာရဲ့ အေးရိပ်မှာ ခိုလှုံရင်း ဘေးအန္တရာယ် အပေါင်းမှ ကင်းဝေးကြပါစေ။
🌿 လုပ်ကိုင်ဆောင်ရွက်သမျှ စီးပွားရေး လုပ်ငန်းများလည်း ဒီရေအလား ဆထက်တပိုး တိုးတက်အောင်မြင်ကြပါစေကြောင်း “မိုးကောင်းရတနာဆေးရုံ “ မိသားစုမှ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ် ရှင့်…🙇‍♀️

#ဝါခေါင်လပြည့်မေတ္တာအခါတော်နေ့ #မေတ္တာအခါတော်နေ့ #ဝါခေါင်လပြည့်နေ့

 #ကလေးမွေးဖွားပြီးလည်းလှပအောင်နေကြမယ်ကလေးမွေးပြီးရင် ရုပ်ပျက်သွားမယ်လို့ မေမေတို့ တွေးနေပါသလား? 🌷✨ကလေးမွေးဖွားရတာဟာ မိခင...
24/08/2026

#ကလေးမွေးဖွားပြီးလည်းလှပအောင်နေကြမယ်
ကလေးမွေးပြီးရင် ရုပ်ပျက်သွားမယ်လို့ မေမေတို့ တွေးနေပါသလား? 🌷✨
ကလေးမွေးဖွားရတာဟာ မိခင်တစ်ယောက်အတွက် ကြီးမားတဲ့ အစွမ်းထက်မှုတစ်ခု ဖြစ်သလို၊ ခန္ဓာကိုယ်နဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုများစွာကိုလည်း ကြုံတွေ့ရတတ်ပါတယ်။ ဒါပေမဲ့ "ကလေးမွေးပြီးရင် ရုပ်ရည် ကျဆင်းသွားရမယ်" ဆိုတဲ့ အယူအဆဟောင်းကို စွန့်လွှတ်လိုက်ပါ။ ကလေးမွေးဖွားပြီးလည်း ကျန်းမာလှပတဲ့ မေမေတစ်ယောက်အဖြစ် ပျော်ရွှင်စွာ ရပ်တည်နိုင်ဖို့ ဒီအချက်လေးတွေကို လေ့ကျင့်ကြည့်ရအောင်။
💖 ၁။ ခန္ဓာကိုယ် ပြောင်းလဲမှုကို ချစ်မြတ်နိုးပါ
ဗိုက်ပေါ်က အကြောင်းလေးတွေ၊ လျော့တွဲသွားတဲ့ အသားအရေတွေဟာ ကလေးငယ်လေးကို အောင်မြင်စွာ မွေးဖွားပေးခဲ့တဲ့ "မိခင်တစ်ယောက်ရဲ့ အမှတ်တံဆိပ်" တွေ ဖြစ်ပါတယ်။ မိမိကိုယ်ကို အပြစ်တင်တာထက် ဒီပြောင်းလဲမှုကို ချစ်ခင်လက်ခံပေးဖို့ ပထမဆုံး လိုအပ်ပါတယ်။
🥗 ၂။ အာဟာရ ပြည့်ဝစွာ စားသုံးပြီး ရေများများသောက်ပါ
မီးဖွားပြီးစမှာ အဆာငတ်ခံ ဝိတ်ချတာမျိုး လုံးဝမလုပ်ရပါဘူး။ အသီးအရွက်၊ ပရိုတင်းနဲ့ အာဟာရဓာတ် ပြည့်ဝတဲ့ အစားအစာတွေကို စားသုံးပြီး ရေများများ သောက်ပေးခြင်းက မီးဖွားပြီးစ အသားအရေကို စိုပြည်စေပြီး နို့ရည်ထွက်အားကိုလည်း ကောင်းမွန်စေပါတယ်။
💤 ၃။ ရနိုင်သလောက် အနားယူပါ
ကလေးအိပ်ချိန်မှာ မေမေပါ အတူတူ မှိန်းပေးပါ။ အနားယူချိန် လုံလောက်မှ စိတ်ဖိစီးမှုတွေ လျော့ကျပြီး အသားအရေနဲ့ ခန္ဓာကိုယ် ပြန်လည်လန်းဆန်းလာမှာ ဖြစ်ပါတယ်။
🏃‍♀️ ၄။ ခါးပတ် စနစ်တကျ စီးပေးပါ & ပေါ့ပေါ့ပါးပါး လေ့ကျင့်ခန်း လုပ်ပါ
ဆရာဝန် ခွင့်ပြုသည့်အချိန်တွင် သားအိမ်မြန်မြန်ကျစေရန်နှင့် ဗိုက်သားကျစ်လစ်စေရန် ခါးပတ် စနစ်တကျ စီးပေးနိုင်သလို၊ ပေါ့ပေါ့ပါးပါး လမ်းလျှောက်ခြင်း၊ Kegel Exercise ပြုလုပ်ခြင်းတို့ဖြင့် ခန္ဓာကိုယ် ကောက်ကြောင်းကို ပြန်လည် ပုံဖော်နိုင်ပါတယ်။
🌸 ၅။ မိမိကိုယ်အတိုင်း သပ်သပ်ရပ်ရပ် ပြင်ဆင်ပါ
အိမ်မှာနေရင်းနဲ့လည်း အသားအရေ ထိန်းသိမ်းမှု (Skincare) ပုံမှန်လေး လုပ်ပေးတာ၊ စိတ်ကြည်လင်စေမယ့် အဝတ်အစားလေးတွေ ဝတ်ဆင်တာက မေမေတို့ရဲ့ စိတ်ဓာတ်နဲ့ ယုံကြည်မှုကို အများကြီး မြှင့်တင်ပေးပါတယ်။
💡 မေမေတို့ ရင်းနှီးရတာတွေဟာ ကလေးငယ်အတွက်တင်မကဘဲ မိမိကိုယ်တိုင်အတွက်ပါ တန်ဖိုးရှိစေရပါမယ်။
မိုးကောင်း မိခင်နှင့်ကလေး ဆေးရုံကြီးတွင် မီးဖွားပြီးစ မေမေတို့၏ ကျန်းမာရေး၊ အာဟာရနှင့် ခန္ဓာကိုယ် ပြန်လည်ထိန်းသိမ်းရေးတို့အတွက် ကျွမ်းကျင်အထူးကု ဆရာဝန်ကြီးများ၏ လမ်းညွှန်ချက်များနှင့် အနီးကပ် စောင့်ရှောက်မှုများကို ပေးအပ်လျက် ရှိပါတယ်နော်... 🏥✨
#မိုးကောင်းမိခင်နှင့်ကလေးဆေးရုံ #ကလေးမွေးဖွားပြီးလည်းလှပအောင်နေကြမယ် #မီးဖွားပြီးစမေမေတို့ပြုစုစောင့်ရှောက်ရေး #မေမေတို့ရဲ့ကျန်းမာရေးနှင့်အလှအပ #မိခင်နှင့်ကလေး #မိုးကောင်းဆေးရုံ #ယုံကြည်မှုရှိတဲ့မေမေ

21/08/2026

မိဘတိုင်း သိထားသင့်တဲ့ သွေးလွန်တုပ်ကွေးအကြောင်း…

👉 ABRM သင်တန်းကြီးစာရင်းသွင်းဖို့အတွက် (၅) ရက်သာလိုပါတော့တယ်👈💥 ဆေးပညာရဲ့ အနာဂတ်ကို ရှေ့ဆောင်ချင်ပါသလား?American Board of...
18/08/2026

👉 ABRM သင်တန်းကြီးစာရင်းသွင်းဖို့အတွက် (၅) ရက်သာလိုပါတော့တယ်👈
💥 ဆေးပညာရဲ့ အနာဂတ်ကို ရှေ့ဆောင်ချင်ပါသလား?
American Board of Regenerative Medicine (ABRM) Diplomate Certification Course ကို မိုးကောင်းရတနာ မိခင်နှင့်ကလေးဆေးရုံ (MKTH) မှ မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် ဖွင့်လှစ်ပေးလိုက်ပါပြီ။
🔎 International Diplomate Certification
ABRM (USA) ၏ Diplomate Certification ကို ရယူပြီး Regenerative Medicine နယ်ပယ် တွင် မိမိ၏ ပညာရပ်နှင့် Clinical Practice ကို ပိုမိုမြှင့်တင်နိုင်မည့် အခွင့်အရေးတစ်ခု ဖြစ်ပါတယ်။
🗣 ဘယ်သူတွေ တက်ရောက်သင့်လဲ?
ဆေးပညာဘွဲ့ရရှိပြီး Regenerative Medicine ကို စိတ်ဝင်စားသော ဆရာဝန်များ၊ အထူးကု ဆရာဝန်များ၊ ခွဲစိတ်ဆရာဝန်များနှင့် မိမိ၏ Clinical Practice ကို Next Level သို့ မြှင့်တင်လို သူများ တက်ရောက်နိုင်ပါတယ်။
👨‍⚕️ Dr. Pezhman Hafez နှင့် ၃ ရက်တာ Intensive Training
📅 28, 29 & 30 August 2026
⏰ စတင်ချိန် – 28 August 2026, 9:00 AM
နိုင်ငံတကာမှ Dr. Pezhman Hafez ကိုယ်တိုင် ရန်ကုန်သို့ လာရောက်ပြီး 28၊ 29၊ 30 August 2026 တွင် ၃ ရက်တာ Intensive Training ကို မျက်နှာချင်းဆိုင် သင်ကြားပေးသွားမည်ဖြစ်ပါတယ်။
💥 စာတွေ့ + လက်တွေ့ + Exam Preparation အစုံအလင်
✅ ၄ လစာ Cloud-based Self-study Materials
✅ Online Tutorial ၃ ကြိမ်
✅ Pre-exam Condensed Review ၁ ရက်
✅ ABRM Examination Fee အပါအဝင်
💵 Total Fee – USD 5,200 (Market Rate)
အပိုကုန်ကျစရိတ် မရှိဘဲအပြီးအစီးပါဝင်ပါတယ်။
👍 Limited Seats – 10 to 15 Participants Only
ဦးရေအကန့်အသတ်ဖြင့်သာ လက်ခံသည့်အတွက် ဆရာ/ကျောင်းသားအနီးကပ် သင်ကြားမှု ကို ရရှိနိုင်မည်ဖြစ်ပြီး သင်ကြားရေးအရည်အသွေးကို အထူးအလေးထားပေးထားပါတယ်။
🚨 LAST DATE FOR REGISTRATION
📌 21 August 2026
⏳ စာရင်းပေးသွင်းရန် နောက်ဆုံးရက် – 21.8.2026
Seats အကန့်အသတ်ရှိပါသဖြင့် အမြန်ဆုံးစာရင်းပေးသွင်းနိုင်ပါတယ်။
📚 COURSE DETAILS
📅 Course Start Date – 28 August 2026
⏰ Time – 09:00 AM To 04:00PM
👨‍⚕️ Dr. Pezhman Hafez – 28, 29 & 30 August 2026 (Lecture 3 days)
👉 Career Acceleration
ABRM Diplomate Certification သည် မိမိ၏ Professional Development နှင့် Clinical Knowledge ကို တိုးတက်စေရန် အထောက်အကူပြုနိုင်သည့် နိုင်ငံတကာပညာရေး အခွင့်အရေးတစ်ခု ဖြစ်ပါတယ်။
🙏 သင်တန်းအကြောင်း အသေးစိတ်နှင့် စာရင်းပေးသွင်းရန်
📞 Dr. Nyein Chan – 09400228270
📧 Email: [email protected]
🏥 မိုးကောင်းရတနာ မိခင်နှင့်ကလေးဆေးရုံ (MKTH)
🌟 Registration Deadline – 21 August 2026
🌟 Course Start – 28 August 2026, 09:00 AM To 04:00PM
🌟 Dr. Pezhman Hafez – 28, 29 & 30 August 2026 (Lecture 3 days)

 #မီးယပ်သွေးဆုံးခါနီးရင်ဘာတွေသိထားရမလဲ?အမျိုးသမီးတိုင်း ကြုံတွေ့ရမယ့် "မီးယပ် သွေးဆုံးခါနီး" ကာလ... ဘာတွေ ကြိုတင်သိထားဖိ...
16/08/2026

#မီးယပ်သွေးဆုံးခါနီးရင်ဘာတွေသိထားရမလဲ?
အမျိုးသမီးတိုင်း ကြုံတွေ့ရမယ့် "မီးယပ် သွေးဆုံးခါနီး" ကာလ... ဘာတွေ ကြိုတင်သိထားဖို့ လိုမလဲ? 🌸✨
"ဒေါသထွက်လွယ်တာ၊ ရာသီလာတာ ပုံမမှန်တော့တာနဲ့ ညဘက် ချွေးစေးပြန်တာတွေ ကြုံနေရပြီဆိုရင်..."
ဒါဟာ မေမေတို့၊ အမေတို့ အသက် ၄၀ ကျော်၊ ၅၀ အတွင်း ရောက်ရှိလာချိန်မှာ သဘာဝအတိုင်း ကြုံတွေ့ရလေ့ရှိတဲ့ "မီးယပ် သွေးဆုံးခါနီး ကာလ (Perimenopause)" ရဲ့ အချက်ပြလက္ခဏာတွေပဲ ဖြစ်ပါတယ်။
မီးယပ် လုံးဝမဆုံးမီ ၄ နှစ်မှ ၈ နှစ်အထိ ကြာမြင့်နိုင်တဲ့ ဒီကာလမှာ မမျိုးဥအိမ်က မဟော်မုန်း (Estrogen & Progesterone) ထုတ်လုပ်မှု နည်းပါးသွားတာကြောင့် စိတ်ရော ခန္ဓာကိုယ်ပါ ပြောင်းလဲမှု အများကြီး ဖြစ်ပေါ်တတ်ပါတယ်။
🩺 မီးယပ် သွေးဆုံးခါနီးရင် ဘာလက္ခဏာတွေ ပြတတ်သလဲ?
· 🩸 ရာသီစက်ဝန်း ပြောင်းလဲခြင်း:
ရာသီလာသည့်ရက် ပုံမမှန်တော့ဘဲ မကြာခဏ လာခြင်း၊ လကျော်မှ လာခြင်း၊ သွေးဆင်း လွန်စွာ များခြင်း သို့မဟုတ် နည်းသွားခြင်း။
· 🔥 ရုတ်တရက် ပူနွေးလာခြင်း (Hot Flashes) နဲ့ ညဘက် ချွေးထွက်ခြင်း:
ရင်ဘတ်နှင့် မျက်နှာတစ်ခုလုံး ရုတ်တရက် ပူနွေးနီရဲလာပြီး ချွေးစေးများ ထွက်လာခြင်း။
· 😴 အိပ်စက်မှု ပြဿနာများ:
ညဘက် အိပ်မပျော်ခြင်း၊ အိပ်ရေးမဝဘဲ မနက်ခင်းတွင် နွမ်းနယ်နေခြင်း။
· စိတ်ခံစားချက် မတည်ငြိမ်ခြင်း:
အကြောင်းမဲ့ စိတ်တိုလွယ်ခြင်း၊ ဝမ်းနည်းလွယ်ခြင်း၊ စိုးရိမ်စိတ် များခြင်း သို့မဟုတ် စိတ်ဓာတ်ကျခြင်း။
· 🦴 အရိုးနှင့် အသားအရေ ပြောင်းလဲခြင်း:
အသားအရေ ခြောက်သွေ့လာခြင်း၊ အမဲစက်များ ထွက်လာခြင်းနှင့် အရိုးထုထည် လျော့ကျလာခြင်း။
💡 သွေးဆုံးခါနီး ကာလကို ကျန်းမာစွာ ဘယ်လိုကျော်ဖြတ်မလဲ?
၁။ အာဟာရဓာတ် မျှတစွာ စားသုံးပါ
အရိုးပွရောဂါ မဖြစ်စေရန် ကယ်လ်စီယမ် (Calcium) နှင့် ဗီတာမင် D ကြွယ်ဝသော နို့၊ ဒိန်ချဉ်၊ ငါးသေးလေးများနှင့် အစိမ်းရောင် အသီးအရွက်များကို ပိုမို စားသုံးပါ။
၂။ ပုံမှန် လေ့ကျင့်ခန်း လုပ်ပါ

တစ်နေ့လျှင် မိနစ် ၃၀ ခန့် လမ်းလျှောက်ခြင်း၊ ယောဂကျင့်ခြင်းတို့က စိတ်ဓာတ်ကို လန်းဆန်းစေပြီး ဟော်မုန်းပြောင်းလဲမှုကြောင့် ဝိတ်တက်လာခြင်းကို ထိန်းပေးနိုင်ပါတယ်။
၃။ အိပ်စက်မှု စနစ်တကျ ရှိပါစေ
ညဘက် ကဖင်းပါသော သောက်စရာများ (ကော်ဖီ၊ လက်ဖက်ရည်) ကို ရှောင်ကြဉ်ပြီး လေဝင်လေထွက်ကောင်းသော အခန်းတွင် အနားယူပါ။
၄။ ပုံမှန် ကျန်းမာရေး စစ်ဆေးမှု ပြုလုပ်ပါ
အမျိုးသမီး မီးယပ်အထူးကု ဆရာဝန်ကြီးများနှင့် ပြသပြီး မီးယပ် မမှန်ခြင်း၊ သားအိမ်ခေါင်း စစ်ဆေးခြင်း (Pap Smear) နှင့် ရင်သား ဓာတ်မှန်ရိုက်ခြင်း (Mammogram) များကို ပုံမှန် ပြုလုပ်သင့်ပါတယ်။
မီးယပ် သွေးဆုံးတာဟာ ရောဂါတစ်ခု မဟုတ်ဘဲ အမျိုးသမီးတိုင်း ရောက်ရှိမယ့် "ဘဝရဲ့ သဘာဝ အကူးအပြောင်း ကာလတစ်ခု" သာ ဖြစ်တာကြောင့် အလွန်အမင်း စိုးရိမ်စရာ မလိုပါဘူးနော်။
မီးယပ် သွေးဆုံးခါနီး ကြုံတွေ့ရသည့် ဟော်မုန်းပြောင်းလဲမှုများနှင့် ကျန်းမာရေးပြဿနာများအတွက် မိုးကောင်း မိခင်နှင့်ကလေးဆေးရုံကြီး ရဲ့ ကျွမ်းကျင် သားဖွားမီးယပ် အထူးကု ဆရာဝန်ကြီးများ ထံတွင် စနစ်တကျ လာရောက် ဆွေးနွေးတိုင်ပင်နိုင်ပါတယ်... 🏥💖
#မိုးကောင်းမိခင်နှင့်ကလေးဆေးရုံ #မီးယပ်သွေးဆုံးခါနီး #အမျိုးသမီးကျန်းမာရေး #မီးယပ်နှင့်သားဖွားအထူးကု #ဟော်မုန်းပြောင်းလဲမှု #မိုးကောင်းဆေးရုံ #အမျိုးသမီးဝေဒနာ #ကျန်းမာရေးအသိပညာ #မီးယပ်သွေးဆုံးခြင်း

ဝမ်းပျက် ဝမ်းလျှောရောဂါအကြောင်း #မပေါ့ဆသင့်တဲ့ဝမ်းပျက်ဝမ်းလျှောရောဂါ“ဝမ်းပျက်ဝမ်းလျှောဆိုတာ ဝမ်းသွားတာလောက်ပဲ မဟုတ်ပါဘူး...
13/08/2026

ဝမ်းပျက် ဝမ်းလျှောရောဂါအကြောင်း
#မပေါ့ဆသင့်တဲ့ဝမ်းပျက်ဝမ်းလျှောရောဂါ
“ဝမ်းပျက်ဝမ်းလျှောဆိုတာ ဝမ်းသွားတာလောက်ပဲ မဟုတ်ပါဘူး… ရေဓာတ်ဆုံးရှုံးခြင်းက အသက်အန္တရာယ်အထိ ဖြစ်စေနိုင်ပါတယ်” 💧⚕️
မိုးရာသီရောက်လာပြီဆိုရင် မိဘတွေအနေနဲ့ အထူးဂရုပြုသင့်တဲ့ ကျန်းမာရေးပြဿနာတွေထဲမှာ ဝမ်းပျက်ဝမ်းလျှောရောဂါ လည်း ပါဝင်ပါတယ်။ အထူးသဖြင့် ကလေးငယ်တွေမှာ ဝမ်းလျှောခြင်း၊ အန်ခြင်းများလာပါက ရေဓာတ်နဲ့ ဓာတ်ဆားတွေ အလျင်အမြန်ဆုံးရှုံးနိုင်တာကြောင့် မပေါ့ဆသင့်ပါဘူး။
ဝမ်းပျက်ဝမ်းလျှောဟာ မသန့်ရှင်းတဲ့ ရေ၊ အစားအစာနဲ့ လက်မှတစ်ဆင့် ရောဂါပိုးတွေ ကူးစက်ခြင်းကြောင့် ဖြစ်နိုင်ပါတယ်။ ဒါကြောင့် နေ့စဉ်သန့်ရှင်းရေးနဲ့ အစားအသောက်သန့်ရှင်းမှုကို အထူးဂရုပြုဖို့ လိုအပ်ပါတယ်။
⚕️ ဝမ်းပျက်ဝမ်းလျှောဖြစ်တဲ့အခါ တွေ့ရနိုင်တဲ့ လက္ခဏာများ
⚕️ ဝမ်းအရည်များများသွားခြင်း
တစ်နေ့အတွင်း အကြိမ်များစွာ ဝမ်းအရည်သွားခြင်း ဖြစ်နိုင်ပါတယ်။
⚕️ ပျို့အန်ခြင်း
ဝမ်းလျှောခြင်းနဲ့အတူ အန်ခြင်းပါ ဖြစ်လာနိုင်ပြီး ရေဓာတ်ဆုံးရှုံးမှု ပိုမိုမြန်ဆန်နိုင်ပါတယ်။
⚕️ ဗိုက်အောင့်ခြင်း၊ ဗိုက်နာခြင်း
ဝမ်းသွားချင်စိတ် မကြာခဏဖြစ်ခြင်းနဲ့အတူ ဗိုက်အောင့်ခြင်း၊ မအီမသာဖြစ်ခြင်းတို့ ဖြစ်နိုင်ပါတယ်။
⚕️ အားနည်းခြင်း၊ ရေငတ်ခြင်း
ဝမ်းလျှောခြင်းကြောင့် ရေနဲ့ ဓာတ်ဆားတွေ ဆုံးရှုံးလာတဲ့အခါ ရေငတ်ခြင်း၊ အားနည်းခြင်းတွေ ဖြစ်လာနိုင်ပါတယ်။
⚠️ အထူးသတိထားရမယ့် “ရေဓာတ်ခန်းခြောက်ခြင်း”
မိဘအများစု မှားတတ်ကြတာက “ဝမ်းပျက်တာပဲ၊ ခဏနေရင် သက်သာသွားမှာပါ” လို့ ထင်ပြီး စောင့်ကြည့်နေတတ်တာပါ။
တကယ်တော့ ဝမ်းလျှောခြင်းနဲ့ အန်ခြင်းများလာတဲ့အခါ ရေဓာတ်နဲ့ ဓာတ်ဆားတွေ အလွန်အမင်းဆုံးရှုံးပြီး ရေဓာတ်ခန်းခြောက်ခြင်း ဖြစ်နိုင်ပါတယ်။
🚨 အောက်ပါလက္ခဏာတွေကို အထူးသတိထားပါ—
• အလွန်အမင်း ရေငတ်ခြင်း
• မျက်လုံးချိုင့်ဝင်ခြင်း
• ပါးစပ်နှင့် လျှာခြောက်ခြင်း
• ဆီးနည်းလာခြင်း သို့မဟုတ် ဆီးမသွားခြင်း
• အလွန်နုံးချည့်ခြင်း၊ မှိန်းခြင်း
• ရေသောက်ရန် ခက်ခဲခြင်း
• အန်တာများပြီး ရေမဝင်နိုင်ခြင်း
🚑 ချက်ချင်းဆေးရုံ/ဆေးခန်းသွားရမယ့် လက္ခဏာများ
❗ ဝမ်းထဲတွင် သွေးပါလာခြင်း
❗ အဖျားမြင့်ခြင်း
❗ ဗိုက်အလွန်နာခြင်း
❗ အန်တာများပြီး ရေတောင် မသောက်နိုင်ခြင်း
❗ ဆီးအလွန်နည်းလာခြင်း
❗ အလွန်နုံးချည့်၊ မှိန်းလာခြင်း
❗ ရေဓာတ်ခန်းခြောက်မှု လက္ခဏာများ ပြင်းထန်လာခြင်း
ဒီလိုလက္ခဏာတွေရှိလာရင် အချိန်မဆွဲဘဲ နီးစပ်ရာ ဆေးရုံ/ဆေးခန်းကို ချက်ချင်းသွားရောက်ပြသပါ။ 🚑
💧 အိမ်မှာပြုစုတဲ့အခါ ဆောင်ရန်
✅ ORS (ဓာတ်ဆားရည်) ကို အထုပ်ပေါ်ရှိ ညွှန်ကြားချက်အတိုင်း သန့်ရှင်းသောရေနဲ့ ဖျော်ပြီး တိုက်ပေးပါ။
✅ အန်နေပါက တစ်ကြိမ်တည်း အများကြီးတိုက်မည့်အစား နည်းနည်းစီ မကြာခဏ တိုက်ပေးပါ။
✅ ကလေးငယ်များတွင် မိခင်နို့ကို ဆက်လက်တိုက်ကျွေးပါ။
✅ အစားအစာကို လုံးဝမဖြတ်ဘဲ အသက်အရွယ်နှင့်အညီ သင့်တော်သောအစားအစာများ ဆက်လက်ကျွေးပါ။
❌ ရှောင်ရန်
🚫 ဆရာဝန် သို့မဟုတ် ကျန်းမာရေးဝန်ထမ်း၏ အကြံပြုချက်မရှိဘဲ ဝမ်းပိတ်ဆေး၊ ပဋိဇီဝဆေးများကို မိမိဘာသာ မသောက်/မတိုက်ပါနှင့်။
🚫 မသန့်ရှင်းသော ရေ၊ အစားအစာများကို မစားသုံးပါနှင့်။
🚫 ဝမ်းပျက်ဝမ်းလျှောဖြစ်နေချိန်မှာ ရေဓာတ်ဖြည့်တင်းဖို့ကို မမေ့ပါနှင့်။
🛡️ ဝမ်းပျက်ဝမ်းလျှော မဖြစ်အောင် ဘယ်လိုကာကွယ်မလဲ?

👋ယင်နားစာ ၊ အမှည့်လွန်သစ်သီး များကို မစားပါနဲ့
🧼 လက်ဆေးပါ
အိမ်သာအသုံးပြုပြီးနောက်၊ အစားအစာပြင်ဆင်မီနှင့် အစားမစားမီ ဆပ်ပြာနှင့် သန့်ရှင်းသောရေဖြင့် လက်ကို စနစ်တကျဆေးကြောပါ။
💧 သန့်ရှင်းသောရေကိုသာ သောက်ပါ
သောက်သုံးရေကို သန့်ရှင်းစွာသိုလှောင်ပြီး မသေချာသောရေကို မသောက်သုံးပါနှင့်။
🍚 အစားအစာကို သေချာချက်ပြုတ်ပါ
ချက်ပြုတ်ပြီးသားအစားအစာများကို သန့်ရှင်းစွာ ဖုံးအုပ်ထားပါ။
🥬 သစ်သီးနှင့် ဟင်းသီးဟင်းရွက်များကို သေချာဆေးကြောပါ။
🚮 အညစ်အကြေးများကို စနစ်တကျစွန့်ပစ်ပြီး အိမ်သာနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေးကို ဂရုပြုပါ။
အရေးအကြီးဆုံးအချက်ကတော့ ဝမ်းပျက်ဝမ်းလျှောဖြစ်လာတဲ့အခါ ရေဓာတ်မဆုံးရှုံးအောင် ကြိုတင်ကာကွယ်ခြင်းနဲ့ အန္တရာယ်လက္ခဏာတွေကို အချိန်မီသိရှိခြင်း ဖြစ်ပါတယ်။ 💙
“သန့်ရှင်းသောရေ • သန့်ရှင်းသောအစားအစာ • သန့်ရှင်းသောလက်”
ဝမ်းပျက်ဝမ်းလျှောကို ကာကွယ်ဖို့ နေ့စဉ်လိုက်နာကြပါစို့။ 🫶
𝐌𝐎𝐄 𝐊𝐀𝐔𝐍𝐆 𝐓𝐫𝐞𝐚𝐬𝐮𝐫𝐞 𝐌𝐚𝐭𝐞𝐫𝐧𝐚𝐥 𝐚𝐧𝐝 𝐂𝐡𝐢𝐥𝐝 𝐇𝐨𝐬𝐩𝐢𝐭𝐚𝐥
📞 𝟎𝟗-𝟔𝟗𝟔𝟗𝟎𝟖𝟖𝟖𝟏, 𝟎𝟗-𝟑𝟒𝟎𝟐𝟐𝟏𝟗𝟔𝟎, 𝟎𝟗-340221962
🏠 အမှတ် (၁၅)၊ မိုးကောင်းလမ်း၊ (၁၅) ရပ်ကွက်၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်မြို့။
#ဝမ်းပျက်ဝမ်းလျှော #ရေဓာတ်ခန်းခြောက်ခြင်း #ကလေးကျန်းမာရေး #မိဘများသတိပြုရန်

12/08/2026

Royal Mommy Center ရဲ့ မေမေတို့သိချင်နေကြတဲ့ ကာကွယ်ဆေး အကြောင်း …

Address

Moe Kaung Street, (15) Quarter, Yankin Township
Yangon
11081

Telephone

+959696908881

Website

Alerts

Be the first to know and let us send you an email when MOE KAUNG Treasure Maternal and Child Hospital posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to MOE KAUNG Treasure Maternal and Child Hospital:

Shortcuts

Share

Category