26/10/2025
🧡 အသိပညာမှ လက်တွေ့လုပ်ဆောင်ခြင်းဆီသို့ - ယနေ့ ၂၀၂၅ ခုနှစ် ကမ္ဘာ့ခွေးရူးပြန်ရောဂါတိုက်ဖျက်ရေးနေ့တွင် ပါဝင်လုပ်ရှားကြပါစို့
⚠️ ခွေးရူးပြန်ရောဂါကြောင့် နှစ်စဉ် လူပေါင်း သောင်းချီ သေဆုံးနေရပြီး ၎င်းတို့၏ တစ်ဝက်နီးပါးမှာ ကလေးများဖြစ်ကြပါသည်။
🐕 လူသားများတွင် ဖြစ်ပွားသော ခွေးရူးပြန်ရောဂါ၏ (၉၉%) မှာ ခွေးကိုက်ခြင်း သို့မဟုတ် ကုတ်ခြစ်ခံရခြင်းကြောင့် ဖြစ်ပါသည်။
💔 ရောဂါလက္ခဏာများ ပေါ်လာပြီဆိုပါက ခွေးရူးပြန်ရောဂါသည် အမြဲတမ်း အသက်ဆုံးရှုံးစေနိုင်ပါတယ်။
သို့သော် အချိန်မီကုသမှုခံယူပါက ခွေးရူးပြန်ရောဂါသည် ၁၀၀% ကာကွယ်နိုင်သောရောဂါဖြစ်ပါသည်။
ခွေးကိုက်ခြင်း သို့မဟုတ် ကုတ်ခြစ်ခံရခြင်းကိုကြုံရပါက အောက်ပါအတိုင်း ဆောင်ရွက်ပါ။
📌 ဒဏ်ရာကို ဆပ်ပြာနှင့် ရေဖြင့် ၁၅ မိနစ်ကြာအောင် ဆေးကြောပါ။
📌 ဒဏ်ရာကို ချက်ချင်းမဖုံးပါနှင့်၊ ပိုးမွှားများ ထွက်သွားစေရန် သွေးအနည်းငယ်ထွက်အောင်ထားပါ။
📌 အနီးဆုံးဆေးရုံ သို့မဟုတ် ဆေးခန်းသို့ ချက်ချင်းသွားရောက်ကုသမှုခံယူပါ။
မြန်ဆန်သော တုံ့ပြန်ဆောင်ရွက်မှု၊ ကာကွယ်ဆေးထိုးခြင်းနှင့် သင့်လျော်သော ကုသမှုတို့ဖြင့် ခွေးရူးပြန်ရောဂါကို တားဆီးနိုင်ပါသည်။ မိမိကိုယ်ကို၊ သင့်မိသားစုနှင့် သင့်ရပ်ရွာကို ကာကွယ်ပါ။ အားလုံးအတူတကွ ခွေးရူးပြန်ရောဂါကို အမြစ်ဖြတ်တိုက်ဖျက်ကြပါစို့။
ပိုမိုသိရှိလိုပါက ဤနေရာကို ဝင်ရောက်ကြည့်ရှုပါ။ https://www.who.int/news-room/events/detail/2025/09/28/default-calendar/world-rabies-day-2025
🧡 From Awareness to Action – Join Today's World Rabies Day 2025
⚠️ Rabies takes tens of thousands of lives every year – almost half of them are children.
🐕 Nearly all human rabies cases (99%) come from dog bites or scratches.
💔 Once symptoms appear, rabies is always fatal.
But here’s the good news: rabies is 100% preventable through timely treatment.
Here is what to do if you get bitten!!
📌 Wash the wound with soap and running water for at least 15 minutes
📌 Do not cover the wound right away – let it bleed a little to flush out contaminants
📌 Seek medical care immediately at the nearest hospital or clinic
Your quick action, combined with vaccination and proper care, prevents rabies. Protect yourself, your family, and your community. Together, we can eliminate rabies for good.
For more information, please visit here: https://www.who.int/news-room/events/detail/2025/09/28/default-calendar/world-rabies-day-2025
Credit -WHO Myanmar FB page