MyHealthcare

Call Directions Website Contact the practice

MyHealthcare MyHealthcare: The users can consult with doctors round the clock, search for nearest physical healthcare units and give feedback on those at their fingertips.

It allows the residents to access quality health information and expertise.

ကျောက်ကပ်နှစ်လုံးဟာ ခန္ဓာကိုယ် က အညစ်အကြေး အဆိပ်အတောက်များကို စွန့်ထုတ် ပေးရတယ်။ကျောက်ကပ်တစ်လုံး ထုတ်လိုက်ရင်လည်း ကျန်နေ...
12/10/2026

ကျောက်ကပ်နှစ်လုံးဟာ ခန္ဓာကိုယ် က အညစ်အကြေး အဆိပ်အတောက်များကို စွန့်ထုတ် ပေးရတယ်။

ကျောက်ကပ်တစ်လုံး ထုတ်လိုက်ရင်လည်း ကျန်နေတဲ့ တစ်လုံးကောင်းမွန်ရင် ဆီးဆိပ် သွေးထဲမှာ များလာမယ်။ ကျန်တစ်လုံး က သုံးပုံတစ်ပုံမှတစ်ဝက်ခန့် ထုတ် လိုက်ရင်လည်း ဆီးဆိပ်များ ပုံမှန် အတိုင်းရှိနိုင်တယ်။ သွေးထဲမှာ ဆီးဆိပ် များလာရင် အလုပ်လုပ်နိုင်တဲ့ ကျောက်ကပ်ပမာဏ ၃ဝ ရာခိုင်နှုန်းအောက်၊ သုံးလေးဆများရင် အလုပ်လုပ်နိုင်တဲ့ ကျောက်ကပ်ပမာဏ ၁ဝ ရာခိုင်နှုန်းအောက်လို့ ခန့်မှန်းနိုင်တယ်။

ခန္ဓာကိုယ်ထဲမှာ ဆီးဆိပ်များ လာရင် ထုံဆေးနဲ့ ဝမ်းဗိုက်ထဲကို ပိုက်ငယ်တစ်ခု ထည့်ပြီး တပ်ဆင်ဆေးကြော ကုသခြင်း နဲ့ ပုံမှန်ဆေးကြောခြင်း၊ ကျောက်ကပ် တုသွေးသန့်စက်ဖြင့် ဖယ်ရှားသန့်စင် ကုသခြင်းနဲ့ ကျောက်ကပ် အစားထိုးကုသခြင်းတို့ပြုလုပ်နိုင်တယ်။ရေရှည် ကျောက်ကပ် အလုပ်မလုပ်တဲ့ လူနာတွေမှာ ဆီးဆိပ်များပြီး ခန္ဓာကိုယ် အစိတ်အပိုင်းများက တဖြည်းဖြည်းချင်း ပျက်စီးချို့ယွင်းလာတယ်။ ကြာတော့ အသက်ဆုံးရှုံး ရခြင်းဖြစ်ရတယ်။

ကျောက်ကပ် အားနည်းလို့ လူနာဟာ မစားချင်မသောက်ချင် ဖြစ်လာခြင်း၊ ပျို့အန်ခြင်း၊ ကိုယ်လက် မအီမသာဖြစ်ခြင်း၊ မောပန်းခြင်း၊ နေ့အခါ အိပ်ငိုက်ခြင်း၊ မှိန်းခြင်း၊ ကိုယ်လက် ယားယံခြင်း စတဲ့ ခံစားချက်များ ခံစားရရင် ခန္ဓာ ကိုယ်ထဲမှာ ဆီးဆိပ်တွေ ပမာဏ လေး၊ ငါးဆပိုပြီး စုပုံလာလို့ ဖြစ်ပါ တယ်။အချို့လူနာများမှာကျောက်ကပ်ဘေး ဖြစ်စေတဲ့ ဆေးဝါး၊ အစားအစာ (တညင်းသီး စားသုံးခြင်းစသည်) အခြားရောဂါ (ဥပမာ ဝမ်းလျှောများခြင်း၊ သွေးပေါင်ကျခြင်း၊ သွေးပေါင်တက် လွန်းခြင်းများ) ကြောင့် တဖြည်းဖြည်း နာတာရှည် ကျောက်ကပ် အားနည်း သွားကာ ဆီးဆိပ်များ လျင်မြန်စွာ တိုးတက်လာတယ်။

နာတာရှည် ကျောက်ကပ် အလုပ်မလုပ်တဲ့ လူနာတွေမှာ ရေရှည် ဆီးဆိပ် ဖယ်ရှားကုသဖို့နဲ့ သွေးသန့်စင်ဖို့လို ပါတယ်။ ကျောက်ကပ်ဆေးပေးရမယ်။ တစ်ပတ်ကို သုံးကြိမ် အနည်းဆုံး နှစ်ကြိမ် ဆေးပေးလို့မှ ကျောက်ကပ် အလုပ်လုပ်မှု မကောင်းရင် ကျောက်ကပ်လဲလှယ် ကုသသင့်ပါတယ်။ကျောက်ကပ် ခေတ္တ အလုပ်မလုပ်တဲ့ ရောဂါကို ကျောက်ကပ်ဆေးခြင်းဖြင့် ပြန်ကောင်းမွန် လာစေပြီးရေရှည် ကျောက်ကပ် အလုပ်မလုပ်ရင် ဆီးအညစ်အကြေးများကြောင့် ဦးနှောက်၊ နှလုံးသွေး၊ အစာလမ်းကြောင်း၊ အရိုး စတဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းများ တဖြည်းဖြည်း ယိုယွင်းပျက်စီးလာပြီး အသက်ဆုံးရှုံးနိုင်တယ်။

တစ်ခါတစ်ရံ ပြန်ကောင်း သလိုရှိပြီး ပြန်လည်ယို ယွင်း ပျက်စီးနိုင်တယ်။ ကျောက်ကပ် တဖြည်းဖြည်း ပျက်စီးလာရင် နောက်ထပ် ကောင်းမွန်လာအောင် မလုပ်နိုင်ပါဘူး။ ဆေးဝါးများနဲ့ အတိုင်းအတာ တစ်ခုအထိသာ ဆောင်ရွက်နိုင်တယ်။ ဆီးချို၊ သွေးတိုး၊ ဖောရောင်ခြင်း၊ မောပန်းခြင်း၊ ဆီးသွားလျှင် လိုသည်ထက် ပို၍ အမြှုပ် ထခြင်း၊ ဆီးစစ်ကြည့်လျှင် ဆီးထဲ၌အသားဓာတ် ပါခြင်း၊ ကျောက်ကပ် အလုပ်လုပ်တဲ့ ပမာဏကို သာမန် သွေးစစ်ခြင်းမျိုး မဟုတ်ဘဲ ပိုမိုတိကျတဲ့ နည်းများနဲ့ တိုင်းတာခြင်း စသည်ဖြင့် ကျောက်ကပ် စတင်ပျက်စီးခြင်းကို စောစီးစွာသိရှိပြီး ထိရောက်တဲ့ ကုသမှုပေးနိုင်ဖို့ အရေးကြီးပါတယ်။ကျောက်ကပ်ရောဂါ မဖြစ်အောင် ဆီးလမ်းကြောင်း ပိုးဝင်ရောဂါဖြစ်ရင် သေချာတိကျတဲ့ ဆေးညွှန်းအတိုင်း ကုသပြီး ဆေးသောက်ပါ။

ငယ်ငယ်က ကျောက်ကပ်ရောင် ရောဂါဖြစ်ရင် ရာသီ ဥတုဒဏ်မခံနိုင်လို့ စွန့်စားတဲ့ အလုပ်၊ ပင်ပန်းတဲ့ အလုပ်တွေကိုရှောင်။ သောက်ဆေး စတီးရွိုက်ကို နေ့စဉ် အညွှန်း အတိုင်း သောက်ပါ။ ကိုယ့်သဘောနဲ့ ဆေးဖြတ်ခြင်းမလုပ်သင့်ပါ။ ဆီးကို သွားချင်တဲ့ ဆန္ဒရှိရင် သွားပေးပါ။ အောင့်မထားပါနဲ့။ တစ်ကိုယ်ရေသန့် ရှင်းရေးကို ဂရုစိုက်ပါ။ ကျောက်ကပ် ကျောက်တည်ခြင်း ဆီးလမ်းကြောင်း ကျောက်တည်ခြင်းတို့ကို သေချာစွာ ကုသရန် လိုအပ်ပါသည်။

ကျန်းမာရေးအကြောင်းအရာများနှင်ပတ်သက်လို့ အသေးစိတ်သိချင်ရင်တော့ chatbox မှာဖြစ်ဖြစ်၊ ကောမန့်မှာဖြစ်ဖြစ် မေးခဲ့လို့ရပါတယ်ရှင်။

MyHealthcare မှာ အရည်အချင်းပြည့်ဝပြီး အတွေ့အကြုံရင့်ကျက်တဲ့ ကျွမ်းကျင်ဆရာဝန်များစွာက မိတ်ဆွေတို့ရဲ့ ကျန်းမာရေးပြဿနာတွေကို နွေးနွေးထွေးထွေးနဲ့ အဖြေရှာပေးနေပါပြီ😍 အသေးစိတ်သိချင်ရင်တော့ chatbox မှာ "ဟယ်လို" လုပ်လိုက်ရုံပဲနော် 🤗
*အသက်သာဆုံးဈေးနှုန်း၊ ပျုငှာတဲ့ဝန်ဆောင်မှုတွေနဲ့ စိတ်ချရတဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေကို ရယူနိုင်ဖို့ MyHealthcare App ကို အခုပဲ ရယူလိုက်ပါ။
Android app link 👉 http://bit.ly/2Tr7j8s
iOS app link 👉https://apple.co/32yVJer
HMC PHARMACY Marketplace Website - http://pharmacy.myhealthcare.com.mm/
HMC PHARMACY Marketplace Application - https://bit.ly/3n9PeZJ
အသေးစိတ်စုံစမ်းရန် 09 78 8830 352

လူ ၁၀ယောက်မှာ ၁ယောက်လောက် ဖြစ်လေ့ရှိတဲ့ခေါင်းတစ်ခြမ်းကိုက်ခြင်း (ခေါ်) Migraine အကြာင်းလေး ဒီနေ့ပြောပြပေးပါ့မယ်….❓Migrai...
09/10/2026

လူ ၁၀ယောက်မှာ ၁ယောက်လောက် ဖြစ်လေ့ရှိတဲ့ခေါင်းတစ်ခြမ်းကိုက်ခြင်း (ခေါ်) Migraine အကြာင်းလေး ဒီနေ့ပြောပြပေးပါ့မယ်….
❓Migraine ကဘယ်သူတွေမှာ ဖြစ်တတ်တာလဲ
– များသောအားဖြင့် အမျိုးသမီးတွေမှာပိုဖြစ်လေ့ရှိပြီး�– အသက် (၂၀) နဲ့ (၅၀)ကြားမှာလက္ခဏာပိုပြတတ်ပါတယ်�– မျိုးရိုးလည်းလိုက်တတ်ပါတယ်
❓ဘယ်လိုလက္ခဏာတွေပြတာက Migraine လို့ပြောလို့ရလဲ
ခေါင်းမကိုက်ခင်ဖြစ်တတ်တဲ့ ( Aura )ရှေ့ပြေးလက္ခဏာတွေဖြစ်တဲ့
– ပျို့အန်တာ�– အမြင်အာရုံမှာ တဖျတ်ဖျတ်လင်းခနဲဖြစ်တာ ၊ zigzag line တွေပေါ်လာတာ၊ အလင်းစူးတာ�– လျှာလေး အာလေးသွားတာ�– ခြေတွေလက်တွေလေးသွားတာ၊ တက်သွားတာ�စသည်ရှိတတ်ပါတယ်။
auraရဲ့ကြာချိန်ကတော့ (၁၅)မိနစ်ကနေ နာရီဝက်လောက်ကြာတတ်ပါတယ်။�(Common Migraine အမျိုးအစားမှာတော့�ဒီလိုရှေ့ပြေးလက္ခဏာများ မရှိတတ်ပါဘူး)
❓ဘယ်လိုပုံစံနဲ့ ခေါင်းတစ်ခြမ်းကိုက်တာလဲ
– ခေါင်းကိုက်တဲ့ပုံစံကတော့ ထိုးထိုးပြီးကိုက်တာပါ�– ကြာချိန်ကတော့ (၄)နာရီကနေ (၃)ရက်လောက်အထိကြာတတ်ပါတယ်�– ခဏခဏလည်းပြန်ဖြစ်ပါတယ်
❓ဘာလို့ဒီလိုမျိုး ခေါင်းကိုက်ရတာလဲ
မိမိတို့ဦးခေါင်းမှာရှိတဲ့ သွေးကြောများကျယ်ခြင်း�(Vasodilation)ကြောင့်ဖြစ်တာပါ။
❓ဘာတွေက လှုံ့ဆော်ပေးတာလဲ
– စိတ်ဖိစီးတာ၊ စိတ်လှုပ်ရှားတာ၊ အိပ်ရေးပျက်ပြီးပင်ပန်းနေတာ�– TV ကြည့်နေရင်း စူးသောအလင်းရောင်များ၊ ဖျက်ခနဲလင်းလင်းနေတာကို တွေ့လိုက်ရတာ�– အချိုမှုန့်ပါတဲ့ အစားအစာများ၊ ချောကလက်၊ ခရမ်းချဥ်သီး၊ လိမ္မော်သီး၊ cheeseစားလိုက်တာ�– အရက်သောက်တာ�– တချို့သော အသံ၊ အနံ့ များ�– ရာသီမလာခင် ဟော်မုန်းအ ပြောင်းအလဲဖြစ်တာ စတာတွေက လှုံဆော်ပေးပါတယ်
❓ဒါဆိုအရှင်း ပျောက်သွားအောင်ကုလို့ရမလား
– အရှင်းပျောက်အောင်တော့ ကုလို့မရပေမယ့်�ခေါင်းကိုက်တာသက်သာအောင်၊ ပြန်ပြန်ဖြစ်တဲ့ အကြိမ်အရေအတွက်နည်းသွားအောင် သောက်လို့ရတဲ့ဆေးတွေရှိပါတယ်
❓ဘယ်လိုကုကြမလဲ
✔️ အရင်ဆုံး ခေါင်းကိုက်တာကိုလှုံ့ဆော်စေတဲ့အရာတွေ ရှောင်ရပါမယ်။
✔️ ခေါင်းကိုက်နေတဲ့အချိန်(acute attack)မှာဆိုရင်�– စိတ်ကိုအရင်လျှော့ပေးပြီး သိပ်မလင်းတဲ့အခန်းထဲမှာလှဲပေးပါ�– တရားထိုင်တာ (သို့မဟုတ်) မိမိနှစ်သက်ရာသီချင်းအေးအေးလေးတွေနားထောင်ပေးပါ�– ပါရာစီတမော (paracetamol) နဲ့ အအန်ပျောက်ဆေး (Metoclopramide) သောက်လို့ရပါတယ်�– မသက်သာရင်တော့ သွေးကြောကျဥ်းဆေးတစ်မျိုးကို ဆရာဝန်ညွှန်ကြားချက်အတိုင်းသောက်ရပါမယ်။
✔️ ဒိုင်ယာရီနဲ့…..�– ဘယ်နေ့မှာ�– ဘယ်လောက်ကြာအောင်ခေါင်းကိုက်သွားတယ်�– ဘယ်လိုပုံစံနဲ့ ခေါင်းကိုက်တယ်�– ခေါင်းမကိုက်ခင်နဲ့ခေါင်းကိုက်နေစဥ်အတွင်း တခြားခံစားရသောလက္ခဏာများ�– တစ်လမှာဘယ်နှစ်ကြိမ် ခေါင်းကိုက်တယ်�ရေးမှတ်ခြင်းအားဖြင့် ကုသရေးအတွက်ရော၊ ရောဂါအတိအကျသိရှိရေးအတွက်ပါ အထောက်အကူပြုပါတယ်။
✔️ တစ်လကိုနှစ်ကြိမ်နဲ့အထက် ခေါင်းကိုက်နေရင်တော့ ဆရာဝန်ညွှန်ကြားချက်နဲ့ တခြားလိုအပ်တဲ့ဆေးတွေ သောက်ရပါမယ်။
❌ Migraine ခံစားနေရသောအမျိုးသမီးများဟာဆိုရင် ကိုယ်ဝန်တားဆေးမသောက်သင့်ပါ။�( တားဆေးက ရှေ့ပြေးလက္ခဏာဖြစ်တဲ့ ခြေလက်လေးတာ၊ လှုပ်လို့မရတာကို လှုံဆော်ပေးလို့ပါ )

ကျန်းမာရေးအကြောင်းအရာများနှင်ပတ်သက်လို့ အသေးစိတ်သိချင်ရင်တော့ chatbox မှာဖြစ်ဖြစ်၊ ကောမန့်မှာဖြစ်ဖြစ် မေးခဲ့လို့ရပါတယ်ရှင်။

MyHealthcare မှာ အရည်အချင်းပြည့်ဝပြီး အတွေ့အကြုံရင့်ကျက်တဲ့ ကျွမ်းကျင်ဆရာဝန်များစွာက မိတ်ဆွေတို့ရဲ့ ကျန်းမာရေးပြဿနာတွေကို နွေးနွေးထွေးထွေးနဲ့ အဖြေရှာပေးနေပါပြီ😍 အသေးစိတ်သိချင်ရင်တော့ chatbox မှာ "ဟယ်လို" လုပ်လိုက်ရုံပဲနော် 🤗
*အသက်သာဆုံးဈေးနှုန်း၊ ပျုငှာတဲ့ဝန်ဆောင်မှုတွေနဲ့ စိတ်ချရတဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေကို ရယူနိုင်ဖို့ MyHealthcare App ကို အခုပဲ ရယူလိုက်ပါ။
Android app link 👉 http://bit.ly/2Tr7j8s
iOS app link 👉https://apple.co/32yVJer
HMC PHARMACY Marketplace Website - http://pharmacy.myhealthcare.com.mm/
HMC PHARMACY Marketplace Application - https://bit.ly/3n9PeZJ
အသေးစိတ်စုံစမ်းရန် 09 78 8830 352

ခန္ဓာကိုယ်တွင်း အပူငြိမ်းစေမယ့် အအေးစာလေးများလူသားတစ်ယောက်အတွက် ကိုယ်တွင်းအပူချိန်ဟာ ပျမ်းမျှ ၉၈.၆ ဒီဂရီဖြစ်ပြီး၊ ရာသီဥ ...
07/10/2026

ခန္ဓာကိုယ်တွင်း အပူငြိမ်းစေမယ့် အအေးစာလေးများ

လူသားတစ်ယောက်အတွက် ကိုယ်တွင်းအပူချိန်ဟာ ပျမ်းမျှ ၉၈.၆ ဒီဂရီဖြစ်ပြီး၊ ရာသီဥ တုပေါ်မူတည်၍ ၎င်းပမာဏထက် အပူချိန် အတက်/ အကျ အနည်းငယ်ပြောင်းလဲ တတ်ပါတယ်။

ကိုယ်တွင်းအပူများတာကို ဆေးပညာလောကမှာ “heat stress” လို့ခေါ်ကြပြီး၊ ခန္ဓာကိုယ်တွင်းအပူချိန်က သူ့အလိုလိုအေးသွားမျိုးမရှိတတ်ပါဘူး ။ လို အပ်တာထက် အပူချိန်များနေတဲ့အခါ၊ ပိန်ချုံးလာခြင်း၊ ကြွက်တက်ခြင်း၊ လျှာ-နှုတ် ခမ်းတွေသာမက အရည်ပြားပေါ်မှာ အဖုအပိမ့်တွေထွက်လာခြင်း၊ ဝက်ခြံထွက်ြ ခင်း၊ ခေါင်းမူးဝေခြင်း၊ ပျို့အန်ခြင်းတို့အပြင် ခန္ဓာကိုယ်တွင်း ကလီစာတွေကိုပါ ပျက် စီးစေနိုင်ပါတယ်။



ရေခဲရေများ၊ ရေနွေး-စွပ်ပြုတ် စတဲ့အရည်ပူပူများ၊ နေပူပူထဲအချိန်အကြာကြီးသွား လာခြင်း၊ ငရုပ်သီး-ဂျင်း-မျှစ်ချဉ်- ငရုပ်ကောင်း-ပတဲကော စတဲ့ ပူပူလောင်လောင်အစပ်တွေ စားခြင်း၊ ရေသောက် နည်းခြင်းတို့က ကိုယ်တွင်းအပူရှိန် မြင့်တက်လာစေလို့ (အထူး)ရှောင်ကျဉ်ပေးရမယ့် အစားအသောက်တွေဖြစ်ပါတယ်။ ခန္ဒာကိုယ်တွင်း အပူငြိမ်းအေးစေဖို့အတွက်၊ အဓိ က ဆေးကတော့ ရေ၀၀သောက်၍ တစ်နေ့ကို ရေ ၂-ကြိမ် ချိုးပေးခြင်းပါဘဲ။ (မိုးရာ သီမှလွဲ၍ ချမ်းအေးတဲ့ ဆောင်းရာသီနဲ့ နွေပူပူတို့မှာ ခန္ဓာကိုယ်တွင်း အပူဓာတ်များ သူတွေအနေဖြင့် ယခင်ကထက် ရေပိုသောက်ရင်း၊ နေ့စဉ်စားသမျှ အစားအစာတွေ ထဲမှာ ရေဓာတ်ကြွယ်ဝတဲ့ အအေးစာလေးတွေကို ဖြည့်စွက်စာအဖြစ် စားသုံးသင့် ပါတယ်)

(ဖရဲသီး)

လူ့ခန္ဓာကိုယ်ရဲ့ ၃-ပုံ ၂-ပုံကို အရည်ဓာတ်နဲ့ဖွဲ့စည်းတည်ဆောက်ထားပါတယ်။ ဖရဲ သီးထဲမှာ ရေဓာတ် ၉၀ ရာခိုင်နှုန်း ကျော် ပါရှိတာကြောင့် အပူငြိမ်းအေးစေတဲ့ အကောင်းဆုံး သီးနှံဖြစ်ပါတယ်။

(သခွားသီး)

သခွားသီးလေးတွေမှာ ရေဓာတ်ကြွယ်ဝစွာပါရှိလို့၊ ခန္ဓာကိုယ်ကို ထိ ထိရောက်ေ ရာက် အေးမြစေပါတယ်။ ဒါကြောင့် တန်ဖိုးနည်း သခွားသီးလေးတွေ ကို နေ့စဉ် စားပေးသင့်ပါတယ်။



(ပူစီနံရွက်)

ပူစီနံရွက်ဟာ ခန္ဓာကိုယ်တွင်းကို အေးမြစေတာကြောင့် မြန်မာ၊ အိန္ဒိယ၊ ဗီယက်နမ်၊ မကာအို စတဲ့ အာရှတိုက် တခွင်ရှိ ရှေးတိုင်းရင်းဆေးဆရာကြီးမျ ားက ပူစီနံပင်များကို အပူငြိမ်းဆေးအဖြစ် ဆေးဝါးဖော်စပ် လာခဲ့ကြပါတယ်။



(မုန်လာဥအဖြူ)

အဖြူရောင် မုန်လာဥလေးတွေမှာ ဗီတာမင်စီပါရှိတဲ့အပြင်၊ ကိုယ်တွင်းအပူရှိန်ကို တိုက် ထုတ်ပေးနိုင်တဲ့ ဓာတ် တိုးဆန့်ကျင်ပစ္စည်းတွေ အလုံအလောက်ပါရှိနေပါတယ်။ ဒါကြောင့် “heat stress” ကို တိုက်ထုတ်ပေးနိုင်တဲ့ မုန်လာဥအဖြူ တွေကို စားဖြစ်ေ အာင် စားပေးပါ။



(နှမ်း)

နှမ်းစေ့လေးတွေက အပူငြိမ်းအေးစေတဲ့ အိမ်တွင်းဆေးဝါး တစ်မျိုး ဖြစ်တာေ ကြာင့် နှမ်းစားရင်း ရေများများသောက်ပါ။ (နှမ်းပျစ်၊ နှမ်းယို လေးတွေကလည်း အပူငြိမ်းအေးစေအောင် အထောက်အပံ့ပေးပါတယ်)



(စမုံစပါး)

စမုံစပါးအစေ့လေးတွေကို သောက်ရေခွက်ထဲ တညအိပ်စိမ်ထားပြီး၊ နံက်အိပ်ယာ ထတဲ့အခါ ရေသောက်ရင်း အဖတ်တွေပါ ကုန်အောင်ဝါးစားပေးပါ။ တနေ့တာလုံး အပူငြိမ်းအေးစေနိုင်တဲ့အပြင ် ခံတွင်းရနဲ့ကိုပါ ရှင်းသန့်စေပါတယ်။



(အုန်းစိမ်းရေ)

အုန်းသီးစိမ်းနုနုမှရတဲ့ အုန်ုးစိမ်းရည်ဟာလည်း ခန္ဓာကိုယ်တွင်းအပူငြိမ်းစေ တဲ့ ဆေးကောင်းတလက် ဖြစ်တာမို့၊ ကိုယ်တွင်းအပူူဓာတ်များသူတေ ွ နဲ့ကိုယ်ဝန်ေ ဆာင် မိခင်လောင်းများ မှီဝဲသင့်ပါတယ်။ ရေဓာတ်ခမ်းခြောက်ခြင်းမှလည် း ကာ ကွယ်ပေးပါတယ်။



(သလဲသီး)

သလဲသီးနဲ့သလဲသီးဖျော်ရည်တွေက ခန္ဓာကိုယ်ကိုအေးမြပြီး၊ ကိုယ်တွင်းအပူတွေကို သူ့အလိုလိုစုပ်ယူပစ်တာ မို့နေ့စဉ်စားသုံးသင့်တဲ့ သီးနှံတစ်ခုပါဘဲ။



(ဘိန်းစေ့)

ဥပမာ ဘိန်းမုန့်၊ ဆနွင်းမကင်း စတဲ့ သရေစာမုန့်တွေမှာအသုံးပြုလေ့ရှိတဲ့ ဘိန်းစေ့ေ လးတွေကလည်း ကိုယ်ပူရှိန်ကို ပုံမှန်ဖြစ်အောင် အထောက်အပံ့ပေးပါတယ်။ ညအိပ် ယာဝင်ခါနီး ဘိန်းစေ့ လက်တဆုပ်စာဝါးစားပြီး ရေသောက်အိပ်တဲ့အခါ နှိပ်ခြိုက်စွာ အိပ်မောကျစေတဲ့အပြင် နောက်တနေ့တာလုံး အပူငြိမ်းအေးစေပါတယ်။



(ပဲနံ့သာပင်အစေ့)

ရှေးရှေးကစလို့ယနေ့ထိတိုင် အိန္ဒိယနိုင်ငံမှာ အပူငြိမ်းဆေးတိုင်းရင်းကုထံ ုးဖြင့် ပဲနံ့ သာပင် အစေ့တွေကို အသုံးပြုလျှက်ရှိပါတယ်။(ပဲန ံ့သာပင်အစေ့လေးတွေကို အိန္ဒိယပ ရဆေးဆိုင်တွေမှာ ဝယ်ယူရရှိနိုင်ပါတယ်)



(နွားနို့)

ကိုယ်တွင်းအပူငြိမ်းလိုသူမျ ား ကျိုချက်ပြီးနွားနို့ကို အအေးခံ၍ နံက်တိုင်းသောက်ပေး ပါ။ (သို့မဟုတ်) နွားနို့ကို ပျားရည် အနည်းငယ်ခတ်၍ သောက်နိုင်ပါတယ်။ (ရေခဲဖြင့် အအေးခံထားတဲ့ နို့အေးမျိုးကို မဆိုလိုပါ)



(သံပုရာသီး)

နံက်အိပ်ယာထ သံပုရာရည်တစ်ခွက် သောက်ခြင်းကလည်း ကိုယ်တွင်းအပူငြိမ်းေ အးစေရုံမျှမက၊ နေရထိုင်ရတာ ပေါ့ပါးလန်းဆန်းလာပြီး တနေကုန် သက်လုံကောင်းစေပါတယ်။

ကျန်းမာရေးအကြောင်းအရာများနှင်ပတ်သက်လို့ အသေးစိတ်သိချင်ရင်တော့ chatbox မှာဖြစ်ဖြစ်၊ ကောမန့်မှာဖြစ်ဖြစ် မေးခဲ့လို့ရပါတယ်ရှင်။

MyHealthcare မှာ အရည်အချင်းပြည့်ဝပြီး အတွေ့အကြုံရင့်ကျက်တဲ့ ကျွမ်းကျင်ဆရာဝန်များစွာက မိတ်ဆွေတို့ရဲ့ ကျန်းမာရေးပြဿနာတွေကို နွေးနွေးထွေးထွေးနဲ့ အဖြေရှာပေးနေပါပြီ😍 အသေးစိတ်သိချင်ရင်တော့ chatbox မှာ "ဟယ်လို" လုပ်လိုက်ရုံပဲနော် 🤗
*အသက်သာဆုံးဈေးနှုန်း၊ ပျုငှာတဲ့ဝန်ဆောင်မှုတွေနဲ့ စိတ်ချရတဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေကို ရယူနိုင်ဖို့ MyHealthcare App ကို အခုပဲ ရယူလိုက်ပါ။
Android app link 👉 http://bit.ly/2Tr7j8s
iOS app link 👉https://apple.co/32yVJer
HMC PHARMACY Marketplace Website - http://pharmacy.myhealthcare.com.mm/
HMC PHARMACY Marketplace Application - https://bit.ly/3n9PeZJ
အသေးစိတ်စုံစမ်းရန် 09 78 8830 352

အစားအစာတွေဟာ သင့်တင့်မျှတရုံ ချင့်ချိန်စားသုံးမယ်ဆိုရင် ခန္ဓာကိုယ် ကျန်းမာရေးအတွက် ကောင်းကျိုးများစွာ ရရှိနိုင်သလို တချိ...
04/10/2026

အစားအစာတွေဟာ သင့်တင့်မျှတရုံ ချင့်ချိန်စားသုံးမယ်ဆိုရင် ခန္ဓာကိုယ် ကျန်းမာရေးအတွက် ကောင်းကျိုးများစွာ ရရှိနိုင်သလို တချို့သော အစားအစာတွေကတော့ အလွန်အကျွံ စားသုံးမယ်ဆိုရင် အစာအဆိပ်သင့်ကာ သေစေနိုင်တဲ့အထိ ဖြစ်စေနိုင်တာကြောင့် သတိပြု ဆင်ခြင်နိုင်စေဖို့ ဖော်ပြပေးလိုက်ပါတယ်။

(၁) တူနာငါးသေတ္တာ

တူနာငါးဟာ တခြားသော ငါးတွေထက် ပြဒါးဓာတ် ပိုများတဲ့ ငါးတမျိုးဖြစ်တာကြောင့် အလွန်အကျွံ စားသုံးမယ်ဆိုရင် အစာအဆိပ်သင့်ခြင်းကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ငါးသေတ္တာဘူးအဖြစ် ရေရှည်ခံအောင် ဓာတုပစ္စည်းတွေနဲ့ ပေါင်းတင် ပိုးသတ်ထားတဲ့ တူနာငါးသေတ္တာဘူးတွေကို တပတ်မှာ ၃ ဘူးထက်ပိုပြီး မစားသင့်ဘူးလို့ အာဟာရပညာရှင်တွေက အကြံပြုထားပါတယ်။

(၂) အာလူး

အာလူးမှာ ပါဝင်တဲ့ Solanine ဆိုတဲ့ ဓာတ်ဟာ အလွန်အကျွံ စားသံုံးမယ်ဆိုရင် အစာအဆိပ်သင့်ခြင်းရဲ့ လက္ခဏာတွေဖြစ်တဲ့ ပျို့အန်ခြင်း၊ ဝမ်းလျှောခြင်းနဲ့ ရုတ်တရက် နှလုံးရပ်တန့်ခြင်းတွေအထိ ဖြစ်စေနိုင်တာကြောင့် ဆင်ခြင်သတိပြုသင့်ပါတယ်။

(၃) ဆိုဒါ ပါဝင်တဲ့ အချိုရည်တွေ

ဆိုဒါ ပါဝင်တဲ့ အချိုရည်တွေမှာ သကြားဓာတ်လွန်ကဲစွာ ပါဝင်တဲ့အပြင် တခြားသော ဓာတုပစ္စည်းတွေလည်း ပါဝင်တာကြောင့် များများသောက်သုံးမယ်ဆိုရင် အစာအဆိပ်သင့်ခြင်းကို ဖြစ်ပေါ်စေနိုင်ပါတယ်။

(၄) လက်ဖက်ရည်

အာဟာရပညာရှင်တွေရဲ့ လေ့လာမှုအရဆိုရင်တော့ လူတယောက်ဟာ တနေ့ကို လက်ဖက်ရည် ၆ ခွက်ထက်ပိုပြီး သောက်သုံးမယ်ဆိုရင် ကျောက်ကပ်ကို ထိခိုက်ပျက်စီးစေနိုင်ပြီး အစာအဆိပ်သင့်တဲ့ လက္ခဏာတွေ ချက်ချင်း ခံစားရနိုင်တယ်လို့ ဆိုပါတယ်။

(၅) ရေ

“တန်ဆေး လွန်ဘေး” ဆိုတဲ့ စကားရှိသလိုပါပဲ၊ အန္တရာယ်ကင်းပါတယ်ဆိုတဲ့ ရေတောင် အလွန်အကျွံသောက်ရင် အစာအဆိပ်သင့်နိုင်ပါတယ်။ ခန္ဓာကိုယ်ထဲမှာ ရေဓာတ်ဟာ လိုအပ်တာထက် ပိုများနေတဲ့အခါ သွေးတွင်းက ဆိုဒီယမ်ဓာတ်ကို အားပျော့သွားစေပြီး ဦးနှောက်ရဲ့ လုပ်ဆောင်မှုတွေကို ကမောက်ကမဖြစ်စေနိုင်ပါတယ်။

ကျန်းမာရေးအကြောင်းအရာများနှင်ပတ်သက်လို့ အသေးစိတ်သိချင်ရင်တော့ chatbox မှာဖြစ်ဖြစ်၊ ကောမန့်မှာဖြစ်ဖြစ် မေးခဲ့လို့ရပါတယ်ရှင်။

MyHealthcare မှာ အရည်အချင်းပြည့်ဝပြီး အတွေ့အကြုံရင့်ကျက်တဲ့ ကျွမ်းကျင်ဆရာဝန်များစွာက မိတ်ဆွေတို့ရဲ့ ကျန်းမာရေးပြဿနာတွေကို နွေးနွေးထွေးထွေးနဲ့ အဖြေရှာပေးနေပါပြီ😍 အသေးစိတ်သိချင်ရင်တော့ chatbox မှာ "ဟယ်လို" လုပ်လိုက်ရုံပဲနော် 🤗
*အသက်သာဆုံးဈေးနှုန်း၊ ပျုငှာတဲ့ဝန်ဆောင်မှုတွေနဲ့ စိတ်ချရတဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေကို ရယူနိုင်ဖို့ MyHealthcare App ကို အခုပဲ ရယူလိုက်ပါ။
Android app link 👉 http://bit.ly/2Tr7j8s
iOS app link 👉https://apple.co/32yVJer
HMC PHARMACY Marketplace Website - http://pharmacy.myhealthcare.com.mm/
HMC PHARMACY Marketplace Application - https://bit.ly/3n9PeZJ
အသေးစိတ်စုံစမ်းရန် 09 78 8830 352

မိုးရွာတိုင်း ရေတွေ စီးဆင်းမသွားတော့ ရေကြီးလာတယ်။ ခဏတဖြုတ် လျှံပြီးရင် ပြန်ဆင်းသွားတာ မျိုးရှိသလို ဒီရေတက်တဲ့ ရက်တွေ ကြု...
30/09/2026

မိုးရွာတိုင်း ရေတွေ စီးဆင်းမသွားတော့ ရေကြီးလာတယ်။ ခဏတဖြုတ် လျှံပြီးရင် ပြန်ဆင်းသွားတာ မျိုးရှိသလို ဒီရေတက်တဲ့ ရက်တွေ ကြုံရင်တော့ ပိုလို့ ကြာမြင့်ပြီး တအိအိမြုပ်နေတော့ တာပေါ့။ ရေမြုပ်နေတဲ့ လမ်းတွေ၊ အိမ်တွေ အတွက် ကြုံတွေ့ရ နိုင်တဲ့ ကျန်းမာရေး ဆိုင်ရာ ပြဿနာတွေ ကလည်း များပြားလွန်းပါတယ်။


ရေကြီးနေစဉ်နဲ့ ရေကြီး ပြီးတဲ့အခါ တွေမှာ တကိုယ်ရေ ကျန်းမာရေးနဲ့ လုံခြုံ စိတ်ချရမှု ဆိုင်ရာတွေက ဦးစားပေး စဉ်းစားစရာ ဖြစ်လာတာပါပဲ။ အထူးသဖြင့် ရောဂါကူးစက်မှု ကာကွယ်ရေးနဲ့ ထိခိုက်ဒဏ်ရာ ကာကွယ်ရေးတွေက အရေးကြီးတဲ့ ကိစ္စတွေ ဖြစ်လာပါတယ်။

ရေကြီးချိန်မှာ ဖြစ်တဲ့ ရောဂါတွေ

ရေကြီးတဲ့ အခါ ပုံမှန်သုံးနေတဲ့ ရေမှာ ရောဂါပိုးတွေ ဝင်ရောက်လာတတ် ပါတယ်။ အထူးသဖြင့် အစာနဲ့ ရေကြောင့် ကူးစက်တဲ့ ဝမ်းနဲ့ ပတ်သက်တဲ့ ရောဂါတွေကတော့ အတွေ့ရများတတ်ပါတယ်။

ဝမ်းပျက်ဝမ်းလျှောရောဂါများ

ဝမ်းပျက်ရောဂါ အများစုက ရောဂါပိုးဝင်ပြီး ၁ ရက် ကနေ ၁ ပတ်အတွင်း လက္ခဏာပြတော့တာ ပါပဲ။ သွေးဝမ်း သွားတာလည်း ဖြစ်တတ်ပါတယ်။ ဖြစ်တတ်တဲ့ ရောဂါပိုးတွေ ကလည်း အမည်စုံဆိုတော့ တိတိကျကျ သိအောင် ဝမ်းကို ဓာတ်ခွဲစစ်ဆေးပြီး ကုသသင့် ပေမယ့် အခြေအနေ မပေးတော့လည်း သင့်လျော်ရာ ပိုးသတ်ဆေးနဲ့ ကုသနေ ကြရတာပါပဲ။

အသည်းရောင်အသားဝါ (အေ)

အများအားဖြင့်တော့ အစားအသောက် ကိုင်တွယ်သူရဲ့ လက်မသန့်တာ၊ သောက်သုံးရေတွေ မသန့်တာကနေ ကူးစက် တာပါ။

ကပ်ပါးပိုးများ

ကပ်ပါးပိုးတွေကတော့ သန်ကောင်နဲ့ နွှယ်ဆက်နေတာ များပါတယ်။ နာတာရှည် ဝမ်းပျက်တတ်ပါတယ်။

Leptospirous

ဒီရောဂါကတော့ အပြင်းဖျား၊ ခေါင်းကိုက်၊ ချမ်းတုန်၊ ကြွက်သားတွေ ကိုက်ခဲ နာကျင်၊ အော့အန်၊ ဗိုက်နာ၊ ဝမ်းပျက်တာ တွေနဲ့ အသားဝါတာပါ ဖြစ်တတ်ပါတယ်။ အထူးသဖြင့် ကြွက်လို တိရစ္ဆာန်တွေရဲ့ ဆီးနဲ့ ထိတွေ့ထားတဲ့ အစား အသောက်တွေ ကနေ ကူးစက်တာမျိုးပါ။

ရေဝင်တဲ့ အဆောက်အအုံတွေမှာ တွေ့ရတတ်တဲ့ ပြဿနာတွေ

လူနေထိုင်ရာ၊ အလုပ်လုပ်ရာ အဆောက်အအုံတွေ ရေဝင်ပြီ ဆိုကတည်းက ပြဿနာက အများကြီးပါ။ နေရေး ထိုင်ရေး ဒုက္ခလောက်က သိပ်မဆိုးလှသေး ပါဘူး။ ကိုယ့်အိမ်ထဲမှာ ရောဂါပိုးမွှားတွေ ပေါက်ပွားတာ၊ ရေတွင်း ရေကန်လို အသုံးပြုနေတဲ့ ရေတွေပါ ရေလွှမ်းခံရတာက ကြောက်စရာ နောက်ဆက်တွဲတွေ ဖြစ်လာမှာပါ။ ကျန်းမာရေးနဲ့ ဘေးအန္တရာယ် လုံခြုံ စိတ်ချရေးကို ထိပါးလာမယ့် အန္တရာယ်တွေရှိလာ ပါတယ်။

ရေကြီးပြီးတဲ့နောက် မသန့်ရှင်းတဲ့ ရေစိုစွတ်မှု တွေကြောင့် မှိုတက်၊ ရေညှိတက်ခြင်း တွေကနေ ရောဂါ ရနိုင်ပါတယ်။ ရေကြီးပြီးတာနဲ့ ဆေးကြော ခြောက်သွေ့အောင် မလုပ်နိုင်ရင် ပြဿနာပါ။ အထူးသဖြင့် ကော်ဇောတွေ၊ အိပ်ရာခင်း တွေ၊ နံရံတွေ၊ ကြမ်းခင်းတွေ အားလုံး မှိုတက်လာနိုင်တာပေါ့။ အဲဒီကနေ ဓာတ်မတည့် လက္ခဏာတွေ၊ ပန်းနာရင်ကျပ် တွေ၊ နှာချေတာတွေ ဖြစ်လာမှာပါ။

ရေကြီးချိန်မှာ ရေနဲ့ထိတွေ့ စိုစွတ်ခဲ့တဲ့ အဝတ်အစား၊ အသုံးအဆောင် တွေကို ချွတ်ဆေး (Bleach) ပါ သုံးပြီး လျှော်ဖွတ် သန့်စင် သင့်ပါတယ်။ ဒါမှ မဟုတ် ရေနွေးနဲ့ ဆပ်ပြာသုံးပြီး လျှော်ဖွပ်တာက စိတ်ချရပါတယ်။ ပြီးရင်လည်း သေသေချာချာ ခြောက်သွေ့အောင် လုပ်ရပါ မယ်။ ရေမြှုပ်ပါတဲ့ အိပ်ရာခင်းတွေ၊ ကြမ်း ခင်းတွေ၊ ကော်ဇောနဲ့ တခြား အသုံးအဆောင် တွေကတော့ ရေကြီး ပြီးရင် စွန့်ပစ်လိုက်တာသာ အကောင်းဆုံးလို့ ဆိုပါတယ်။

ရေကြီးနေတဲ့ အိမ်ထဲမှာ ခန္ဓာကိုယ်အတွက် ကာကွယ်ပေးတဲ့ အဝတ်အစားတွေ ဝတ်နိုင်ရင် ကောင်းပါတယ်။ ဘွတ်ဖိနပ် စီးတာ၊ လက်အိတ်သုံး တာ၊ နှာခေါင်းဖုံး အုပ်ထားတာတွေက အသက်ရှူ လမ်းကြောင်းကို လေနဲ့ ရေက ဝင်ရောက်လာမယ့် အမှုန်အမွှားနဲ့ ရောဂါပိုးတွေကို ကာကွယ်ပေးပါတယ်။ တုပ်ကွေးနဲ့ မှိုစွဲရောဂါမျိုးတွေ ပေါ့။

စိုစွတ်နေတဲ့ ဧရိယာမှာ လျှပ်စစ်နဲ့ ပတ်သက် တဲ့ ပစ္စည်းကိရိယာတွေ ကိုင်တွယ်တာကလည်း အန္တရာယ်ပါပဲ။ ထိတွေ့မယ့် လျှပ်စစ်ပစ္စည်းတိုင်းကို ခြောက်သွေ့နေစေဖို့ သတိပြုပါ။ လက်နှိပ်ဓာတ်မီးလိုမျိုး အန္တရာယ်ကင်းတာကိုသာ အသုံးပြုပါ။ တသက်လုံး ပျက်နေတဲ့မီးက အဲဒီအချိန်ကျမှ ထလာချင်လာ နေဦးမှာ မဟုတ်လား။

အိမ်ထဲမှာ သိုလှောင်ထားတဲ့ သောက်သုံးရေ၊ သောက်သုံးတဲ့ ရေတွင်းရေကန်တွေကို ရေလွှမ်းမိုး တာကလည်း ကြုံရတတ်တဲ့ အခြေအနေပါ။ အဲဒီ အခါမျိုးမှာ ရေကို ကျိုချက်သောက်ဖို့ ကလည်း အရေးကြီး တာပါပဲ။ ဖြစ်နိုင်ရင်တော့ ရေသန့်ဘူးတွေ သောက်သင့်ပါတယ်။ ဒါမှမဟုတ်လည်း အခု ကပ်ဘေးကျ ရောက်ချိန်မှာ ရေကို သန့်စင်ပေးနိုင်တဲ့ ဆေးလုံးတွေ၊ ဆေးရည်တွေ ရှိနေပါပြီ။ အဲဒါတွေကလည်း ရေထဲက ရောဂါပိုးတွေကို သန့်စင်ပေးပါ တယ်။ ဒါကြောင့် ရေတွင်းရေကန်တွေကို ရေလွှမ်းပြီးတဲ့အခါမှာ ဆေးခတ်ဖို့ မဖြစ်မနေ လိုအပ်ပါတယ်။ ဒါတွင်မက စားသောက်ရာမှာ သုံးတဲ့ ပန်းကန်၊ ခွက်ယောက်ကအစ ပိုးသတ် သန့်စင်ထားတဲ့ ရေနဲ့ ဆေးကြောမှ စိတ်ချရမှာပါ။

အိမ်ရှေ့ အိမ်နောက်က ရှိသမျှအညစ်အကြေး အမှိုက်သရိုက်တွေ ဝင်လာမယ့် အန္တရာယ်ကလည်း ရှိတတ်လေတော့ ရေကြီးပြီးတာနဲ့ ရေညစ်တွေနဲ့ ထိတွေ့ခဲ့သမျှ ကြမ်းခင်း၊ နံရံ၊ ပရိဘောဂ အားလုံးကို ပိုးသန့်စင်တဲ့ဆေး ဒါမှမဟုတ် ဆပ်ပြာ လှိုင်လှိုင်သုံးလို့ သန့်စင်ရမှာပါ။

ရေကြီးပြီးချိန်မှာ ခြင်တွေ ပေါက်ပွားတာကလည်း အလွန်သိသာတဲ့ အချက်ပါပဲ။ ရေကြီးရာက တင်ကျန်ခဲ့တဲ့ ရေကွက်၊ ရေအိုင်တွေက ခြင်တွေ အတွက် ဥချ၊ သားပေါက်ဖို့ အခြေအနေတွေ ဖန်တီးပေးတာ ကိုး။ ဒီတော့ ရေကြွင်းကျန်မယ့် နေရာ အားလုံးကို ဖယ်ရှားသန့်ရှင်းဖို့ အလုပ်က ပိုလာပြန်ပါတယ်။

တခြား ရောဂါပိုးသယ်ဆောင်တဲ့ ကြွက်လို ပိုးမွှားတွေ ကလည်း သူတို့ အသိုက်အမြုံတွေ ရေမြုပ်ရာက အိမ်ပေါ် ရောက်လာကြမှာ ပါ။ ပျားလို အင်းဆက်တွေဆိုရင် အဲဒီအခါမျိုးမှာ ပိုပြီး ဒေါသတွေ ထွက်နေတတ် တာမို့ ပျားတုပ်ခံရ တာတွေလည်း ရှိပါသတဲ့။ ကျေးလက် ဒေသတွေမှာဆို မြွေတွေပါ အိမ်ပေါ် ရောက်လာတာမို့ ရေကြီးရာက မြွေပေါက်ခံရ တာမျိုးတွေတောင် ရှိတတ်ပါလေရဲ့။ ရေကြီးပြီးချိန် အိမ်ကို သန့်ရှင်းရေး လုပ်တော့မယ် ဆိုရင် အဲဒီ သတ္တဝါတွေလည်း ခိုအောင်းနေ တတ်တာကို မမေ့ဖို့ လိုပါတယ်။ ဒါတင်မက ရေကြီးတဲ့ အခါ တိရစ္ဆာန်အသေတွေ မျောပါ ဝင်ရောက်လာတတ် ပါသေးတယ်။ အဲဒါတွေကို လက်အိတ်နဲ့ အသေအချာ ကိုင်တွယ်ပြီး မြေအောက်ကို အနည်းဆုံး ၃ ပေ အနက် ရှိအောင် မြှုပ်နှံမှ စိတ်ချရပါတယ်။

ရေကြီး ရေမြုပ်ပြီး လျှပ်စစ်ဓာတ်အား ပြတ်တောက်ခဲ့ရင် ပြင်ပက အစားအသောက်တွေ ရေနဲ့ ထိတွေ့တဲ့ ပြဿနာ အပြင် ရေခဲသေတ္တာထဲက အစားအသောက်တွေပါ ပြဿနာ ရှိလာပြန်ပါတယ်။ ရေခဲသေတ္တာမှာ လျှပ်စစ်ဓာတ် ၂ နာရီ အထက် ပြတ်တောက်ထားတဲ့ သားငါးတွေ၊ ဥတွေ၊ နို့ထွက် ပစ္စည်းဖြစ်တဲ့ စားသောက် စရာ (ဒိန်ခဲလိုမျိုး) တွေကို စွန့်ပစ်တာက အကောင်းဆုံးလို့ ဆိုပါတယ်။

ရေကြီးရင် ကြုံရမယ့် စိတ် အနှောင့်အယှက်၊ သွားလာရခက်၊ အလုပ်ပျက်အကိုင်ပျက်တာတွေ သာမက ရေကြီးချိန်၊ ရေကြီးပြီးချိန် တွေမှာ ကြုံရမယ့် အန္တရာယ်တွေ၊ ကျန်းမာရေး မထိခိုက်အောင် ဆောင်ရွက်ရမယ့် ကြိုတင် ကာကွယ်ရေး လုပ်ငန်းတွေက အလွန်ကို များပြားလှပါတယ်။ ရေကြီးတာကို ဖြစ်စေတဲ့ အကြောင်းတွေကို တာဝန် ရှိသူတွေက လျစ်လျူရှုနေသမျှ၊ ရေကြီးပြီးချိန် လုပ်ဆောင်ရမှာတွေ အတွက်လည်း ပျက်ကွက်နေသမျှ အကျင့်ပျက် စနစ်ရဲ့ သားကောင်တွေ ထုံးစံအတိုင်း ကိုယ့်အသက် ကိုယ် ကင်းစောင့်ကြဖို့ လုပ်ဆောင်နိုင်သမျှ လေးတွေ လုပ်ဆောင်နိုင်ကြဖို့ ကြုံတတ်တာတွေကို သတိပေး လိုက်ရပါတယ်။

အသေးစိတ်သိချင်ရင်တော့ chat box မှာဖြစ်ဖြစ်၊ ကောမန့်မှာဖြစ်ဖြစ် မေးခဲ့လို့ရပါတယ်ရှင်။

MyHealthcare မှာ အရည်အချင်းပြည့်ဝပြီး အတွေ့အကြုံရင့်ကျက်တဲ့ ကျွမ်းကျင်ဆရာဝန်များစွာက မိတ်ဆွေတို့ရဲ့ ကျန်းမာရေးပြဿနာတွေကို နွေးနွေးထွေးထွေးနဲ့ အဖြေရှာပေးနေပါပြီ😍 အသေးစိတ်သိချင်ရင်တော့ chatbox မှာ "ဟယ်လို" လုပ်လိုက်ရုံပဲနော် 🤗
*အသက်သာဆုံးဈေးနှုန်း၊ ပျုငှာတဲ့ဝန်ဆောင်မှုတွေနဲ့ စိတ်ချရတဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေကို ရယူနိုင်ဖို့ MyHealthcare App ကို အခုပဲ ရယူလိုက်ပါ။
Android app link 👉 http://bit.ly/2Tr7j8s
iOS app link 👉https://apple.co/32yVJer
HMC PHARMACY Marketplace Website - http://pharmacy.myhealthcare.com.mm/
HMC PHARMACY Marketplace Application - https://bit.ly/3n9PeZJ
အသေးစိတ်စုံစမ်းရန် 09 78 8830 352

ပါရာစီတမောနဲ့ တွဲသောက်ရန်မသင့်သော အစားအသောက်အချို့ကို အများသိရှိရလေအောင် ထပ်မံမျှဝေလိုက်ပါတယ်။၁။ ပါရာစီတမောကို ကိုကာကိုလ...
28/09/2026

ပါရာစီတမောနဲ့ တွဲသောက်ရန်မသင့်သော အစားအသောက်အချို့ကို အများသိရှိရလေအောင် ထပ်မံမျှဝေလိုက်ပါတယ်။

၁။ ပါရာစီတမောကို ကိုကာကိုလာ၊ ပက်ပစီ စတဲ့ ဂတ်စ်ပါတဲ့ အရာများနဲ့ အချဉ်ဓါတ်ပါသော အစားအစာများနဲ့ တွဲမသောက်သင့်ပါဘူး။

၂။ ပါရာစီတမောကို ကဖင်းဓါတ်ပါတဲ့ အစားအသောက်များနဲ့ တွဲပြီး မသောက်သင့်ပါဘူး။ တကယ်လို့ သောက်မိလျှင်လည်း တစ်နေ့ကို (၂)လုံးထက် ပိုသောက်မိလျှင် အန္တရာယ်ရှိပါတယ်။

၃။ ပါရာစီတမောဟာ အရက်၊ ဘီယာ စတဲ့ မူးယစ်ဆေးဝါးတို့နဲ့လည်း မတည့်ပါဘူး။

၄။ ပါရာစီတမောကို အခြားပါရာဆေးပါတဲ့ Decolgen တို့လိုဆေးနဲ့ တွဲမသောက်သင့်ပါဘူး။

၅။ ပါရာစီတမောကို တခါသောက်ရင် အနည်းဆုံး (၄)နာရီခြားသင့်ပါတယ်။ (၂၄) နာရီအတွင်း 500 mg (၈) လုံးထက်ပိုသောက်မိလျှင်အန္တရာယ်ရှိပါတယ်။

၆။ ပါရာစီတမောကို(အခြားအချိုရေ၊အချဉ်၊စတဲ့အထက်က ဖော်ပြခဲ့
တာတွေနဲ့ရောမသောက်သော်လည်းပဲ)အလွန်အကျွံ သောက်မိလျှင်
ကျောက်ကပ်နဲ့ အသည်း ပျက်စီးပြီး သေတတ်ပါတယ်။

ပါရာစီတမောတင်မကပဲ အကိုက်အခဲပျောက်ဆေးများနဲ့ အင်္ဂလိပ်ဆေး
တော်တော်များများဟာ ဂတ်စ်ပါတဲ့ အချိုရေများ၊ အချဉ်ဓါတ်ပါတဲ့ အရာများနဲ့ တွဲမသောက်သင့်ပါဘူး။ ရိုးရိုးရေနဲ့သောက်ရင် အကောင်းဆုံးပါ။

ပါရာစီတမောလ်ဆေးဟာ မြန်မာပြည်သူပြည်သားများ အများဆုံးသောက်
သုံးနေသည့် ဆေးတစ်မျိုးဖြစ်သည့်အတွက် မသိသေးသူများအတွက် အသိပေးခြင်းဖြစ်သလို သိပြီးသူများအတွက်လည်း သတိပေးရင်း မျှဝေလိုက်ရပါတယ်။ ပို၍ တတ်သိနားလည်သူများလည်း လိုအပ်မှုများ၊ မှားယွင်းမှုများ ရှိနေပါက ထပ်မံဖြည့်စွပ်မျှဝေပေးနိုင်ပါတယ်။ အသက်ကို ဉာဏ်စောင့်ဆိုသလို ကိုယ့်အသက်ကို ကိုယ်ပိုင်ဉာဏ်ဖြင့်ဆင်ခြင်ပြီး လူသားတိုင်း ကျန်းမာစွာ အသက်ရှည်နိုင်ကြပါစေ။

𝐌𝐲𝐇𝐞𝐚𝐥𝐭𝐡𝐜𝐚𝐫𝐞 မှာ အရည်အချင်းပြည့်ဝပြီး အတွေ့အကြုံရင့်ကျက်တဲ့ ကျွမ်းကျင်ဆရာဝန်များစွာက မိတ်ဆွေတို့ရဲ့ ကျန်းမာရေးပြဿနာတွေကို နွေးနွေးထွေးထွေးနဲ့ အဖြေရှာပေးနေပါပြီ။ အသေးစိတ်သိချင်ရင်တော့ chatbox မှာ "ဟယ်လို" လုပ်လိုက်ရုံပဲနော် 🙂
*အသက်သာဆုံးဈေးနှုန်း၊ ပျုငှာတဲ့ဝန်ဆောင်မှုတွေနဲ့ စိတ်ချရတဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေကို ရယူနိုင်ဖို့ 𝐌𝐲𝐇𝐞𝐚𝐥𝐭𝐡𝐜𝐚𝐫𝐞 App ကို အခုပဲ ရယူလိုက်ပါ။
Android app link 👉 http://bit.ly/2Tr7j8s
iOS app link 👉 https://apple.co/32yVJer
အသေးစိတ်စုံစမ်းရန် 📱 09 78 8830 352

ကျောက်ကပ်ဟာ လူ့ရဲ့ခန္ဓာကိုယ်တွင်း အရေးအကြီးဆုံး ကလီဆာအစိတ်အပိုင်းတွေထဲက တစ်ခုဖြစ်ပါတယ်။ ကျောက်ကပ်ရဲ့အလုပ်လုပ်ပုံ မမှန်တေ...
25/09/2026

ကျောက်ကပ်ဟာ လူ့ရဲ့ခန္ဓာကိုယ်တွင်း အရေးအကြီးဆုံး ကလီဆာအစိတ်အပိုင်းတွေထဲက တစ်ခုဖြစ်ပါတယ်။ ကျောက်ကပ်ရဲ့အလုပ်လုပ်ပုံ မမှန်တော့ဘူး၊ ပျက်ဆီးစပြုလာပြီဆိုရင် အဲဒီလူရဲ့ကျန်းမာရေးက နေ့ချင်းညချင်းကို သိသိသာသာ ရုတ်လျှော့သွားစေနိုင်ပါတယ်။

ကျောက်ကပ်ရဲ့ လုပ်ဆောင်ချက်က သွေးထဲက အဆိပ်အတောက်နဲ့ အညစ်အကြေးတွေကို စကာသဖွယ် စစ်ထုတ်ပေးပြီး ဆီးအဖြစ်အသွင်ပြောင်းလဲကာ ခန္ဓာကိုယ်ပြင်ပကို စွန့်ထုတ်ပေးတာ ဖြစ်ပါတယ်။ ကျောက်ကပ်ဝေဒနာ ခံစားရပြီဆိုရင် ကုသမှုခံယူရာမှာလည်း ငရဲကျနေသလို ပြင်းထန်စွာနာကျင်တာကြောင့် ရောဂါ ဖြစ်ချင်တဲ့ ရောဂါလက္ခဏာရဲ့ အရိပ်ယောင်တွေကို သိထားခြင်းဖြင့် ကြိုတင်ကာကွယ်မှုတွေပြုလုပ်နိုင်ပါတယ်။

ကျောက်ကပ်အလုပ်မလုပ်နိုင်တော့တဲ့အချိန်မှာ ခန္ဓာကိုယ်တွင်းမှာ စုလာတဲ့ အဆိပ်တွေကို ပုံမှန်ကုသမှုခံယူပြီး မထုတ်ပေးနိုင်ဘူးဆိုရင် ၆ လအတွင်း အသက် ဆုံးရှုံးနိုင်ပါတယ်။ ဒါကြောင့်မို့ ကျောက်ကပ် ပုံမမှန်ခြင်းရဲ့ ရှေ့ပြေးလက္ခဏာ (၁၀)ရပ်ကို ဖော်ပြပေးလိုက်ပါတယ်.

ရောဂါလက္ခဏာများ

၁။ ခဏခဏ ဆီးသွားချင်ပြီး တစ်ကယ်သွားတဲ့အခါ နည်းနည်းလေးသာ သွားခြင်း
ဒီလိုအခြေအနေမျိုးဟာ အတွင်းကလီစာရဲ့ စစ်ထုတ်ပေးတဲ့ လုပ်ငန်းယိုယွင်းလာတာကြောင့် ဖြစ်ပါတယ်။ အဲဒီအတွက် ခန္ဓာကိုယ်တွင်းမှ မစစ်ထုတ်နိုင်တဲ့ အရည်တွေကျန်နေပါတယ်။ အဲဒီအရည်တွေဟာ မကြာခဏဆိုသလို ဆီးသွားချင်စိတ်ဖြစ်ပြီး အရေးပေါ် အိမ်သာပြေးရတတ်ပါတယ်။ တစ်ကယ်ဆီးစွန့်တဲ့အခါမှာတော့ အနည်းငယ်သာ စွန့်ပါတယ်။

၂။ မျက်ဝန်းတစ်ဝိုက် ညိုမဲလာခြင်း

သွေးထဲမှာ သှိလှောင်သိမ်းဆည်းထားရမယ့် ပရိုတင်းဓါတ်တွေကို ကျောက်ကပ်က အလုပ်လုပ်ပုံ မမှန်ကန်တော့တာကြောင့် စွန့်ထုတ်လိုက်တဲ့အတွက် ပွန်းပဲ့ဒဏ်ရာသဖွယ် မျက်ဝန်းနားတစ်ဝိုက် အညိုအမဲတွေ ဖြစ်ပေါ်လာရခြင်း ဖြစ်ပါတယ်။

၃။ ခြေချင်းဝတ်နဲ့ ခြေထောက်တွေ ညိုမည်းလာခြင်း
အဆိုပါနေရာတွေမှာ ညိုမည်းနေပြီး လက်ချောင်းနဲ့ ကြာရှည်ဖိထားတဲ့အခါ နဂိုအသားအရည်ပုံစံ ခဏလေး ပြန်ပေါ်လာတတ်ပါတယ်။ ခြေထောက်ရဲ့ ဖောရောင်နေတဲ့ နေရာတွေကို လက်နဲ့ ခဏဖိထားပြီး ပြန်မတဲ့အခါ လက်ရာအတိုင်း ကျန်နေခဲ့ခြင်း။ ဒါတွေဟာ လိုအပ်တဲ့ ပရိုတိန်းနဲ့ ဆိုဒီယမ်တို့ဟာ ကျောက်ကပ်ပုံမှန် အလုပ်မလုပ်တာကြောင့် လိုသလောက်မရတဲ့အတွက် ဖြစ်ပါတယ်။

၄။ အနီရောင်သန်းတဲ့ ဆီးသွားခြင်း
ဆီးထဲကို သွေးယိုစိမ့်မှု ရှိတဲ့အတွက် ဒီလို ဆီမျိုး သွားနေတာဖြစ်ပါတယ်။ ဒါဟာလည်း ကျောက်ကပ် ပျက်ဆီးစပြုနေတဲ့ လက္ခဏာရပ်တစ်ခုပါ။

၅။ ဆီးညစ်ခြင်း၊ အမြုတ်များခြင်း

ကျောက်ကပ် ပုံမှန်အလုပ်မလုပ်တဲ့အတွက် ပရိုတိန်းဓါတ်တွေ ဆီထဲပါလာပြီး အခုလို ဖြစ်တာ ဖြစ်ပါတယ်။

၆။ အသားအရေခြောက်ပြီး ယားယံခြင်း

ကျောက်ကပ်က မင်နရယ်လ်၊ ရေ နဲ့ အဟာရဓါတ်တို့ကို သွေးထဲမှာ အချိုးညီမျှမှုရှိအောင် မလုပ်ပေးနိုင်တော့တဲ့အတွက် အသားအရည်ကို ထိခိုက်သက်ရောက်တာဖြစ်ပါတယ်။

၇။ ကြွက်သားများ အလွယ်တစ်ကူ နာကျင်ခြင်း

ကျောက်ကပ် အလုပ်မလုပ်နိုင်တာကြောင့် ကယ်လ်စီယံနဲ့ ဖော့စ်ဖါးရပ်စ် ရှိသင့်တာထက် လျှော့နည်းလာတာကြောင့် ဖြစ်ပါတယ်။

၈။ အမြဲအားနည်းသလိုခံစားရခြင်း၊ အကြောင်းမရှိပဲနုံးချိနေခြင်း

သွေးထဲမှာ အဆိပ်များလာပြီး ခန္ဓာကိုယ်ကို သတိပေးတဲ့အဆင့်ကို ရောက်လာတာကြောင့်ဖြစ်ပါတယ်။ ကျောက်ကပ် အလုပ်မလုပ်နိုင်တဲ့အတွက် သွေးနီဥတွေ လျော့နည်းလာပြီး သွေးအားနည်းခြင်းကို ဖြစ်စေပါတယ်။

၉။ အိပ်မပျော်ခြင်း

ကျောက်ကပ်ပုံမှန်အလုပ်မလုပ်နိုင်တာကြောင့် ခန္ဓာကိုယ်ထဲမှာ အဆိပ်တွေရှိနေပြီး အိပ်ပျော်စေနိုင်တဲ့ လုပ်ဆောင်ချက်ကို အနှောက်အယှက်ဖြစ်စေပါတယ်။

၁၀။ အစားအသောက်ပျက်ခြင်း

ခန္ဓာကိုယ်ထဲမှာ ကျောက်ကပ်က စွန့်ထုတ်ပေးရမယ့် အဆိပ်တွေ မစွန့်နိုင်တာကြောင့် များလာလေလေ အစာစားချင်စိတ်ကို ခန္ဓာကိုယ်က ငြင်းဆန်လေလေဖြစ်ပြီး စားချင်သောက်ချင်စိတ် ကုန်ခမ်းလာပါတယ်။

ကျောက်ကပ်ရောဂါဖြစ်နိုင်ချေ အန္တရာယ်မြင့်မားတဲ့ အခြားအချက်တွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
သွေးတိုးရှိသူများ၊ ဆီးချိုဝေဒနာခံစားနေရသူများ၊ မိသားစုမှာ ကျောက်ကပ်ရောဂါ ရာဇဝင်ရှိခြင်း နဲ့ အသက် ၆၀ ကျော် အသက်အရွယ်ကြီးရင့်လာသူတွေမှာ ကျောက်ကပ်ပျက်ဆီးမှု ဖြစ်နိုင်ချေ သာမန်ထက်ပိုပြီး မြင့်မားပါတယ်။

ဒါကြောင့်မို့ အနည်းဆုံး တစ်နှစ်တစ်ကြိမ်ခန့် ကျောက်ကပ်ကို ဆေးရုံဆေးခန်းတွေမှာ ပုံမှန်သွားရောက် စစ်ဆေးသင့်ပါတယ်။ အထက်ဖော်ပြပါ အချက် (၁၀)ချက်ထဲက တစ်ချက်ချက်နဲ့ ငြိနေပြီဆိုရင်တော့ ဆရာဝန်နဲ့ အမြန်ဆုံး သွားပြဖို့ တိုက်တွန်းအပ်ပါတယ်။

အသေးစိတ်သိချင်ရင်တော့ chat box မှာဖြစ်ဖြစ်၊ ကောမန့်မှာဖြစ်ဖြစ် မေးခဲ့လို့ရပါတယ်ရှင်။

MyHealthcare မှာ အရည်အချင်းပြည့်ဝပြီး အတွေ့အကြုံရင့်ကျက်တဲ့ ကျွမ်းကျင်ဆရာဝန်များစွာက မိတ်ဆွေတို့ရဲ့ ကျန်းမာရေးပြဿနာတွေကို နွေးနွေးထွေးထွေးနဲ့ အဖြေရှာပေးနေပါပြီ😍 အသေးစိတ်သိချင်ရင်တော့ chatbox မှာ "ဟယ်လို" လုပ်လိုက်ရုံပဲနော် 🤗
*အသက်သာဆုံးဈေးနှုန်း၊ ပျုငှာတဲ့ဝန်ဆောင်မှုတွေနဲ့ စိတ်ချရတဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေကို ရယူနိုင်ဖို့ MyHealthcare App ကို အခုပဲ ရယူလိုက်ပါ။
Android app link 👉 http://bit.ly/2Tr7j8s
iOS app link 👉https://apple.co/32yVJer
HMC PHARMACY Marketplace Website - http://pharmacy.myhealthcare.com.mm/
HMC PHARMACY Marketplace Application - https://bit.ly/3n9PeZJ
အသေးစိတ်စုံစမ်းရန် 09 78 8830 352

သွေးတွင်းနဲ့ ကိုယ်တွင်းက ယူရစ်အက်ဆစ် (Uric Acid) ဓာတ်တွေကို ခန္ဓာကိုယ်ကနေ ပြန်လည် စွန့်ထုတ်ပေးဖို့ လိုအပ်ပါတယ်။ ခန္ဓာကို...
22/09/2026

သွေးတွင်းနဲ့ ကိုယ်တွင်းက ယူရစ်အက်ဆစ် (Uric Acid) ဓာတ်တွေကို ခန္ဓာကိုယ်ကနေ ပြန်လည် စွန့်ထုတ်ပေးဖို့ လိုအပ်ပါတယ်။ ခန္ဓာကိုယ်ကနေ Uric Acid ဓာတ်ကို မစွန့်ထုတ်နိုင်ခဲ့ရင် ကိုယ်တွင်းမှာ မလိုအပ်ပဲ အက်စစ်ဓာတ် များလာပါ လိမ့်မယ်။

အက်ဆစ်ဓာတ် များလာပြီဆိုရင် ကျောက်ကပ် ကျောက်တည်ခြင်းနဲ့ ခြေဆစ်လက်ဆစ် နာကျင်ခြင်း (ဂေါက် ရောဂါ)လို ရောဂါလက္ခဏာတွေ ပြလာတတ်ပါတယ်။ ဒါဆိုရင် ကိုယ်တွင်း Uric acid လျော့နည်းသွားအောင် ဆေးဝါး မှီဝဲသင့်သလို အစားအစာတွေက တဆင့်လည်း လျော့ချနိုင်ပါတယ်။ Uric acid ဓာတ် လျော့ချပေးနိုင်မယ့်အပြင် ကျန်းမာရေးနဲ့လည်း သင့်တော်တဲ့ အစားအစာတွေရှိပါတယ်။


ကြက်သွန်နီ

နေ့စဉ် မပါမဖြစ် စားတတ်ကြသလို ဟင်းထဲ ထည့်ချက်ကြတဲ့ ကြက်သွန်နီကလည်း Uric acid များသူတွေ အတွက် သင့်တော်နေပြန်ပါတယ်။ ကြက်သွန်နီ အရွယ်တော် ၂ ဥ ကို အခွံခွာပြီး ထက်ခြမ်း ခြမ်းလိုက်ပါ။ ပြီးရင် အိုးထဲကို ရေသင့်တော်ရုံ ထည့်ပြီး ပြုတ်လိုက်ပါ။ ပွက်ပွက်ဆူလာပြီး ကျက်ပြီဆိုရင် ကြက်သွန်နီပြုတ်ရည်ကို သောက်မယ့် ခွက်ထဲထည့်ပြီး သံပုရိုသီး ၁ လုံးလောက် ညှစ်ထည့်ပါ။ တနေကုန် သောက်ပေးမယ်ဆိုရင် Uric acid လျော့ကျနိုင်ပါတယ်။

ပန်းသီး

တနေ့ ပန်းသီးတလုံး စားပေးရင် ဆရာဝန်ပြစရာ မလိုဘူးလို့ ဆိုရလောက်အောင် ပန်းသီးမှာ ဗီတာမင်နဲ့ သက်စောင့် ဓာတ်တွေ အများကြီး ပါဝင်နေပါတယ်။ ပန်းသီးဟာ ကိုယ်ခန္ဓာအတွင်း အဆိပ်တောက်ဖြစ်စေတဲ့ အဆိပ်တွေကို ဖယ်ရှား သန့်စင်နိုင်တာမို့ Uric acid များသူတွေအတွက်လည်း သင့်တော်ပါတယ်။

ကြက်သား

ကိုယ်အလေးချိန်ချသူတွေ အစားများတဲ့ ကြက်သားကလည်း ကိုယ်တွင်းက မကောင်းတဲ့ အဆီဓာတ်တွေ ကျစေသလို Uric acid များသူတွေအတွက်လည်း အကောင်းဆုံး ဓာတ်စာပါ။ ပေါင်းထားတဲ့ (ဒါမှမဟုတ်) ပြုတ်ထားတဲ့ ကြက်ရင်ပုံသားက အသင့်တော်ဆုံး အပိုင်းပါပဲ။ ကြက်ဥကလည်း ကြက်သားနဲ့ အကျိုးကျေးဇူး အတူတူပဲမို့ ကြက်ဥ စားပေးလည်း ရပါတယ်။

မုန်လာဥနီ

Uric acid များသူတွေအတွက် အမှန်တကယ်ကို အကျိုးသက်ရောက်မှု ရှိတဲ့ အစာပါ။ ဒါကြောင့် သင်နေ့စဉ် စားသောက်တဲ့ အထဲမှာ မုန်လာဥနီပါအောင် စားပေးဖို့ လိုပါတယ်။ မနက်ဘက် မုန်လာဥနီ ဖျော်ရည်သောက်ပေးတာပဲ ဖြစ်ဖြစ်၊ ဒီအတိုင်း အစိမ်းစားတာပဲ ဖြစ်ဖြစ် နေ့စဉ်စားဖြစ်အောင် စားပါ။

ရေ

တကယ်တော့ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ သဘာဝဆေးဝါးကတော့ ရေပါ။ နေ့စဉ် အနည်းဆုံး ရေ ၁၀ ခွက် သောက်ရင်တောင် ကျန်းမာရေး ကောင်းစေပါတယ်။ ရေများများသောက်ရင် ဆီးနဲ့ ချွေးကတဆင့် မကောင်းတဲ့ ဓာတ်တွေ စွန့်ထုတ်နိုင်သလို နေ့စဉ် လိုအပ်တဲ့ ရေဓာတ်ကိုလည်း ဖြည့်စွမ်းပေးနိုင်ပါတယ်။

ကျန်းမာရေးအကြောင်းအရာများနှင်ပတ်သက်လို့ အသေးစိတ်သိချင်ရင်တော့ chatbox မှာဖြစ်ဖြစ်၊ ကောမန့်မှာဖြစ်ဖြစ် မေးခဲ့လို့ရပါတယ်ရှင်။

MyHealthcare မှာ အရည်အချင်းပြည့်ဝပြီး အတွေ့အကြုံရင့်ကျက်တဲ့ ကျွမ်းကျင်ဆရာဝန်များစွာက မိတ်ဆွေတို့ရဲ့ ကျန်းမာရေးပြဿနာတွေကို နွေးနွေးထွေးထွေးနဲ့ အဖြေရှာပေးနေပါပြီ😍 အသေးစိတ်သိချင်ရင်တော့ chatbox မှာ "ဟယ်လို" လုပ်လိုက်ရုံပဲနော် 🤗
*အသက်သာဆုံးဈေးနှုန်း၊ ပျုငှာတဲ့ဝန်ဆောင်မှုတွေနဲ့ စိတ်ချရတဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေကို ရယူနိုင်ဖို့ MyHealthcare App ကို အခုပဲ ရယူလိုက်ပါ။
Android app link 👉 http://bit.ly/2Tr7j8s
iOS app link 👉https://apple.co/32yVJer
HMC PHARMACY Marketplace Website - http://pharmacy.myhealthcare.com.mm/
HMC PHARMACY Marketplace Application - https://bit.ly/3n9PeZJ
အသေးစိတ်စုံစမ်းရန် 09 78 8830 352

ယနေ့ခေတ် လူငယ်တွေဟာ သန်းခေါင်ညဉ့်နက်တိုင်အောင် ရည်းစားနှင့်ဖုန်းပြောခြင်း၊ Chatting ထိုင်ခြင်း၊ မူးယစ်သောက်စားခြင်း အစရှ...
20/09/2026

ယနေ့ခေတ် လူငယ်တွေဟာ သန်းခေါင်ညဉ့်နက်တိုင်အောင် ရည်းစားနှင့်ဖုန်းပြောခြင်း၊ Chatting ထိုင်ခြင်း၊ မူးယစ်သောက်စားခြင်း အစရှိသဖြင့် အိပ်စက်ခြင်းကို အရေးမပေးကြောင်း သိရှိရပါတယ်။ ထို့ကြောင့် အိပ်ရေးမဝခြင်းကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ ကျန်းမာရေးဆိုးကျိုးများကို ဖော်ပြပေးလိုက်ပါတယ်။



မတော်တဆမှုများကို ဖြစ်စေပါတယ်

အိပ်ရေးမဝခြင်းဟာ ယာဉ်မတော်တဆမှုတွေ ဖြစ်ရတဲ့ အဓိကအကြောင်းရင်း ဖြစ်ပါတယ်။ အိပ်ရေးမဝမှုပြဿနာဟာ အသက် ၂၅နှစ်အောက် လူငယ်တွေ အဓိကရင်ဆိုင်နေတဲ့ ပြဿနာတစ်ခုပါ။ အိပ်ရေးမဝခြင်းဟာ လုပ်ငန်းခွင်မှာလည်း မတော်တဆမှုများစွာကို ဖြစ်ပေါ်စေ ပါတယ်။



ဆုံးဖြတ်ချက် မှားယွင်းနိုင်ပါတယ်

အိပ်စက်ခြင်းသည် တွေးခေါ်ခြင်း၊ သင်ယူခြင်းကိစ္စတွေမှာ အရေးကြီးတဲ့ ကဏ္ဍမှာ ပါဝင်တာကြောင့် လေးလံထိုင်းမှိုင်းစေပါတယ်။ အိပ်ရေးမဝတဲ့အတွက် တွေးခေါ်ခြင်း၊ အာရုံစိုက်ခြင်း၊ ပြဿနာဖြေရှင်းနိုင်စွမ်းရည်တွေကို ကျဆင်းစေပါတယ်။ အိပ်ရေးမဝတာကြောင့် လုပ်ငန်းကိစ္စရပ်များဆောင်ရွက်ရာတွင် ဆုံးဖြတ်ချက်မှားယွင်းပြီး အလွဲများစွာ ဖြစ်စေပါတယ်။



ရောဂါပေါင်းစုံဖြစ်ပွားစေပါတယ်

အိပ်ရေးမဝခြင်းဟာ နှလုံးရောဂါ၊ နှလုံးသွေးကြောပိတ်ရောဂါ၊ နှလုံးခုန်ရပ်ခြင်း၊ နှလုံးခုန်မမှန်ခြင်း၊ သွေးဖိအားမြင့်ခြင်း၊ ဆီးချိုရောဂါ စတဲ့ ရောဂါပေါင်းစုံကို ဖြစ်ပွားစေပါတယ်။



စိတ်ကျဝေဒနာ ခံစားရနိုင်ပါတယ်

စိတ်ဓာတ်ကျဆင်းနေတဲ့လူတွေ၊ စိတ်နှလုံးပူပန်နေတဲ့လူတွေဟာ တစ်နေ့ကို အိပ်စက်ချိန် ၆နာရီအောက်ပင် ရှိကြပါတယ်။ အိပ်မပျော်ရောဂါရှိသူတွေဟာ စိတ်ကျဝေဒနာဖြစ်နိုင်မှုကို သာမန်လူတွေထက် ၅ဆပိုတယ် ဆိုတာ လူ ၁၀,၀၀၀ ကို စမ်းသပ်ပြီး သုတေသနအရ သိရပါတယ်။



မှတ်ဉာဏ်ကို အားနည်းစေတယ်

ဦးနှောက်လှိုင်းတွေဟာ ဦးနှောက်ဘေးဘက်ကြမ်းပြင်ရဲ့ အလယ်ပိုင်းအဖု (Hippocampus) ဆီမှ မှတ်ဉာဏ်သိုလှောင်ရုံ (Neocortex) ဆီသို့ မှတ်ဉာဏ်ကူပြောင်းခြင်းဟာ နှစ်ချိုက်စွာ အိပ်မောကျနေတဲ့ ညအခါမှာ အများဆုံးဖြစ်တာကြောင့် အိပ်ရေးမဝသူတွေဟာ မှတ်ဉာဏ်မကောင်းတော့ဘဲ မေ့လျော့တတ်ပါတယ်။



အဝလွန်ခြင်းကို ဖြစ်ပေါ်စေတယ်

အိပ်ရေးမဝခြင်းဟာ ဆာလောင်မှုကို လွန်စွာဖြစ်စေပြီး အဝလွန်ခြင်းကို ဖြစ်စေပါတယ်။ အိပ်ချိန် ၆နာရီအောက်လျော့နည်းတဲ့သူတွေက အိပ်ချိန် ၇နာရီမှ ၉နာရီ အတွင်း အိပ်စက်တဲ့ သာမန်လူတွေထက် အဝလွန်ရောဂါဖြစ်နိုင်ပါတယ်။



စီမံခန့်ခွဲမှု မှားယွင်းနိုင်ပါတယ်

အိပ်ရေးမဝခြင်းဟာ လုပ်ငန်းခွင်မှာ ဆုံးဖြတ်ချက်ချရမယ့် ကိစ္စတွေမှာ အဓိပ္ပာယ်ကောက်လွဲမှားနိုင်ပါတယ်။ အိပ်ရေးမဝခြင်းကြောင့် စိတ်တိုမှု၊ ခေါင်းရှူပ်မှု များစွာတို့ကြောင့် လုပ်ငန်းခွင်မှာ များစွာထိခိုက်နိုင်ပါတယ်။

ကျန်းမာရေးအကြောင်းအရာများနှင်ပတ်သက်လို့ အသေးစိတ်သိချင်ရင်တော့ chatbox မှာဖြစ်ဖြစ်၊ ကောမန့်မှာဖြစ်ဖြစ် မေးခဲ့လို့ရပါတယ်ရှင်။

MyHealthcare မှာ အရည်အချင်းပြည့်ဝပြီး အတွေ့အကြုံရင့်ကျက်တဲ့ ကျွမ်းကျင်ဆရာဝန်များစွာက မိတ်ဆွေတို့ရဲ့ ကျန်းမာရေးပြဿနာတွေကို နွေးနွေးထွေးထွေးနဲ့ အဖြေရှာပေးနေပါပြီ😍 အသေးစိတ်သိချင်ရင်တော့ chatbox မှာ "ဟယ်လို" လုပ်လိုက်ရုံပဲနော် 🤗
*အသက်သာဆုံးဈေးနှုန်း၊ ပျုငှာတဲ့ဝန်ဆောင်မှုတွေနဲ့ စိတ်ချရတဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေကို ရယူနိုင်ဖို့ MyHealthcare App ကို အခုပဲ ရယူလိုက်ပါ။
Android app link 👉 http://bit.ly/2Tr7j8s
iOS app link 👉https://apple.co/32yVJer
HMC PHARMACY Marketplace Website - http://pharmacy.myhealthcare.com.mm/
HMC PHARMACY Marketplace Application - https://bit.ly/3n9PeZJ
အသေးစိတ်စုံစမ်းရန် 09 78 8830 352

Address

• MICT Park • Building (19), Room-606, 5th Floor, Hlaing Campus
Yangon
00951

Alerts

Be the first to know and let us send you an email when MyHealthcare posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to MyHealthcare:

Shortcuts

Share