Dr.Tin Mg Htwe

Dr.Tin Mg Htwe အမျိုးသားများအတွက် Dr.Tin Mg htwe

အမျိုးသားတိုင်း အတွက် အထူးကောင်းမွန်သော လူအတွက်စိုးကျိုးမရှိသော အမေရိကန်နိုင်ငံထုတ် ဟမ်းမား ဆေးဗူးအပြာရောင် တရားဝင်ဆေးဝါးကိုသာရောင်းပါသည် တစ်ခြား တရားမဝင်ဆေးဝါးများလုံးဝမရောင်းပါ အမျိုးသားဆရာဝန် ဒေါက်တာတင်​မောင်ထွေ
လိင်အထူးကုဆရာဝန်

ရေချိုးနည်း
27/03/2022

ရေချိုးနည်း

စိတ်ဖိစီးမှုဟော်မုန်းတွေဟာ သင့်ခန္ဓာကိုယ်ကို ဘယ်လိုဒုက္ခပေးနိုင်လဲ?စိတ်ဖိစီးမှုဆိုတာ ဦးနှောက်အာရုံကြောစနစ်ကို လေးလံထိုင်...
26/03/2022

စိတ်ဖိစီးမှုဟော်မုန်းတွေဟာ သင့်ခန္ဓာကိုယ်ကို ဘယ်လိုဒုက္ခပေးနိုင်လဲ?

စိတ်ဖိစီးမှုဆိုတာ ဦးနှောက်အာရုံကြောစနစ်ကို လေးလံထိုင်းမှိုင်းစေပြီး အပျက်သဘောဆောင်တဲ့ ခံစားချက်ကို ဆိုလိုတာပါ။ Cortisol ဆိုတဲ့ ဟော်မုန်းကို စိတ်ဖိစီးမှုဟော်မုန်းလို့လည်း ခေါ်ကြသလို လူတွေမှာ စိတ်ညစ်စရာ၊ ဝမ်းနည်းစရာ၊ ဒေါသထွက်စရာ ကြုံတဲ့အခါ၊ အိပ်ချိန်ပြည့်ဝစွာ အနားယူခြင်းမရှိတဲ့အခါ ဒီလိုမကောင်းတဲ့ ဟော်မုန်းတွေ အများအပြားထွက်လာပါတယ်။

ဒီလိုစိတ်ဖိစီးမှုဟော်မုန်းတွေ အလွန်များလာတဲ့အခါ

၁။ ခန္ဓာကိုယ်ထဲမှာ ရှိတဲ့ အာရုံကြောစနစ်၊ ကိုယ်တွင်းအင်္ဂါများ အားလုံး လုပ်ဆောင်ရည် ကျဆင်းလာပါတယ်။
၂။ ဦးနှောက်အတွင်း ဖိအားတစ်ခု သက်ရောက်သလိုဖြစ်စေတဲ့အတွက် တွေးခေါ်မှုပိုင်းဆိုင်ရာ၊ အာရုံစူးစိုက်မှုနဲ့ မှတ်ဉာဏ်ပိုင်းဆိုင်ရာမှာ အားလျော့ပါတယ်။
၃။ နှလုံးခုန်နှုန်း ပုံမှန်မဟုတ်တော့ဘဲ အသက်ရှူမြန်လာမယ်၊ မောဟိုက်လာပါမယ်။
၄။ စိတ်ခံစားချက် အပြောင်းအလဲမြန်သလို စိတ်ဆိုးစိတ်ဆတ်၊ ဒေါသထွက်ဖို့ ပိုလွယ်ပါတယ်။
၅။ အစာခြေစနစ်ရဲ့ လုပ်ဆောင်ချက်ပါ နှေးကွေးလို့ အစာမကြေ၊ ဝမ်းချုပ် သို့မဟုတ် ဝမ်းလျှောတာ၊ ဗိုက်အောင့်ဗိုက်နာဖြစ်တာ၊ လေပွတာတွေ ဖြစ်နိုင်ပါတယ်။
၆။ သွေးတိုးသမားတွေအတွက် သွေးဖိအားမြင့်တက်လာစေသလို ဆီးချိုသမားတွေဆိုရင်လည်း သွေးတွင်းသကြားဓာတ်က ပိုပြီးမြင့်တက်လာစေနိုင်ပါတယ်
၇။ လိင်စိတ်ဆန္ဒကို လျော့ပါးစေပြီး လိင်ပိုင်းဆိုင်ရာ ပြဿနာများဖြစ်တဲ့ လိင်အင်္ဂါမထောင်မတ်နိုင်ခြင်း၊ သုက်လွှတ်မြန်ခြင်း၊ မိန်းမကိုယ်ခြောက်သွေ့ခြင်း၊ ရာသီသွေးထိန်ခြင်း သို့မဟုတ် စောခြင်းတွေ ဖြစ်နိုင်ပါတယ်။
၈။ ညဘက်မှာ ကောင်းစွာအိပ်ပျော်မှုကို အနှောင့်အယှက်ပေးတယ်။
၉။ လေ့ကျင့်ခန်းလုပ်သူတွေမှာ ကြွက်သားတစ်ရှူးများ ပြန်လည်ပြုပြင်ပေးရန် အချိန်ကြာမြင့်တယ်။
၁၀။ အရိုးအဆစ်တွေ၊ ကြွက်သားတွေ ညောင်းညာကိုက်ခဲပြီး နာကျင်နေမယ်။
၁၁။ စိတ်ရဲ့ ကြံ့ခိုင်မှုကို အားလျော့လာစေပြီး စိတ်ကျန်းမာရေးပြဿနာတွေ ဝင်လာတဲ့အခါ စိတ်ရောဂါအဖြစ် အသွင်ကူးပြောင်းလာဖို့ ပိုလွယ်နိုင်ပါတယ်။

ဒါကြောင့် သင့်မှာ မကြာခဏဆိုသလို စိတ်ဖိစီးမှုများနေမယ်၊ စိတ်ညစ်၊ စိတ်ဆိုးဒေါသထွက်နေတတ်တယ်ဆိုရင် Cortisol ဟော်မုန်းကြောင့် ကျန်းမာရေးကို ပိုပြီးထိခိုက်လာနိုင်ပါတယ်။ အပေါ်မှာ ပြောထားခဲ့တဲ့ ရုပ်ခန္ဓာကျန်းမာရေးတွေတင်မကဘဲ စိတ်ဓာတ်ကျတာ၊ စိတ်အတက်အကျမြန်ရောဂါတွေ စတဲ့ စိတ်ရောဂါများဖြစ်နိုင်ခြေကိုပါ မြင့်တက်စေတာကြောင့် ကိုယ့်ရဲ့စိတ်ဖိစီးမှု level ကို မမြင့်တက်အောင် သေချာထိန်းဖို့ အရေးကြီးပါတယ်။ အကယ်လို့ စိတ်ကျန်းမာရေးပြဿနာကြောင့် နေ့စဉ်ဘဝမှာ အခက်အခဲတွေ ကြုံနေရတယ်ဆိုရင် နားလည်တတ်ကျွမ်းတဲ့ စိတ်ဆရာဝန်များနဲ့ သေချာပြသကြည့်ဖို့ အကြံပေးချင်ပါတယ်။

ကြာဆေးဆိုတာ ဘာလဲ?အသက် ၄၀ နောက်ပိုင်း ပန်းသေပန်းညှိုးရောဂါရှိတဲ့ အမျိုးသားများကို ကုသပေးတဲ့ ဆေးဖြစ်ပါတယ်။ လိင်အင်္ဂါအတွင်...
26/03/2022

ကြာဆေးဆိုတာ ဘာလဲ?

အသက် ၄၀ နောက်ပိုင်း ပန်းသေပန်းညှိုးရောဂါရှိတဲ့ အမျိုးသားများကို ကုသပေးတဲ့ ဆေးဖြစ်ပါတယ်။ လိင်အင်္ဂါအတွင်း သွေးစီးဆင်းနှုန်းကို မြန်စေလို့ ထောင်မတ်အား မြင့်မားစေပြီး ထောင်မတ်ချိန်ကိုလည်း ကြာစေပါတယ်။

သုက်လွှတ်ရန် အချိန်နှေးစေတာကြောင့် သုက်လွှတ်မြန်တဲ့ အမျိုးသားများအတွက်လည်း အဆင်ပြေစေပါတယ်။ ဆေးအမျိုးအစားပေါ် မူတည်ပြီး ဆေးစသောက်ပြီး မိနစ်အနည်းငယ်မှ နာရီပိုင်းအတွင်း အာနိသင်ပြလာတတ်ပါတယ်။
အရင်တုန်းကတော့ ကြာဆေးကို ရောဂါကုဖို့ ဆေးအဖြစ်နဲ့သာ အသုံးပြုပြီး ဆရာဝန်ဆေးစာပါမှသာ ဝယ်လို့ရတာဖြစ်ပါတယ်။

အခုနောက်ပိုင်းမှာတော့ ကြာဆေးကို ဆေးဆိုင်တွေနဲ့ စတိုးဆိုင်တွေမှာပါ အလွယ်တကူ မေးဝယ်လို့ ရနေပါပြီ။

ကြာဆေးက အမျိုးသားတိုင်း သောက်လို့ရလား။
တခြားရောဂါအထွေအထူး မရှိရင်တော့ ကြာဆေးသောက်လည်း သိပ်ပြဿနာမရှိပါဘူး။ အာရုံကြောအားနည်းသူတွေ၊ သွေးတိုး၊ နှလုံးနဲ့ ဆီးချိုရောဂါရှိသူတွေဆိုရင်တော့ ဆရာဝန်နဲ့ အရင်တိုင်ပင်ပြီးတော့မှ သောက်တာ အကောင်းဆုံးပါပဲ။ ကြာဆေးကို ရွေးချယ်တဲ့အခါ အားအနည်းဆုံး 50mg လောက်ကိုသာ သောက်သင့်သလို နည်းနိုင်သလောက် နည်းနည်းပဲ သောက်တာ အကောင်းဆုံးပါပဲ။ အားများများသောက်တဲ့အခါ နောက်ပိုင်းတွေမှာ ဆေးပမာဏ နည်းနည်းပဲသောက်ရင် ဆေးမတိုးတာဖြစ်နိုင်သလို ကိုယ်က ဆေးမသောက်ဘဲ လိင်မဆက်ဆံနိုင်တော့သလို ဆေးစွဲတဲ့ပုံစံမျိုးလည်း ဖြစ်သွားနိုင်ပါတယ်။

တကယ်တော့ ကြာဆေးကို စွဲသွားတယ်ဆိုတာထက် ကြာဆေးသောက်လို့ နောက်ဆက်တွဲဖြစ်လာတဲ့ အာနိသင်နဲ့ အကျိုးရလဒ်ကို စွဲလမ်းသွားတာဖြစ်လို့ တချို့အမျိုးသားတွေဟာ လိင်ဆက်ဆံတိုင်း ကြာဆေးမသောက်ဘဲ ထိုးသွင်းဆက်ဆံခြင်း မပြုနိုင်တာမျိုး ဖြစ်တတ်ပါတယ်။ လူတိုင်းတော့ မဟုတ်ပါဘူး။ တစ်ခုသိထားရမှာက ကြာဆေးဟာ တစ်ပွဲထိုးဆေးသာ ဖြစ်ပြီး အဓိက ကိုယ့်ရဲ့ လိင်တံမထောင်မတ်နိုင်ခြင်း၊ သုက်လွှတ်မြန်ခြင်းကို ဖြစ်စေတဲ့ အကြောင်းရင်းကို ကုသပေးတဲ့ ဆေးတော့ လုံးဝမဟုတ်ပါဘူး။

ကြာဆေးမှာ နောက်ဆက်တွဲ ဆိုးကျိုးတွေရှိလား။
အထက်မှာ ပြောခဲ့သလိုပဲ အာရုံကြောအားနည်းသူ၊ သွေးတိုး၊ နှလုံး၊ ဆီးချိုရောဂါရှိသူတွေဆိုရင် ခေါင်းမူးခေါင်းကိုက်ဖြစ်ပြီး အစာမစားနိုင်တာ၊ အော့အန်တာ၊ ရင်တုန်ပြီး နှလုံးခုန်နှုန်း မြန်တဲ့ လက္ခဏာတွေ တွေ့ရတတ်ပါတယ်။ သာမန်အမျိုးသားတွေအတွက် ကိုယ်လက်ကိုက်ခဲနာကျင်တာ၊ နှာစေးနှာပိတ်ခြင်း၊ အသားအရေ နီမြန်းလာတဲ့လက္ခဏာတွေ တွေ့ရတတ်ပြီး နောက်ဆုံး တွေ့ရှိချက်များအရ အမြင်အာရုံထိခိုက်တဲ့ လက္ခဏာတွေပါ တွေ့လာရတတ်တယ်လို့ ဆိုထားပါတယ်။

အနည်းငယ်စိုးရိမ်သင့်တာကတော့ ၄နာရီနဲ့အထက် လိင်တံထောင်မတ်နေပြီး လုံးဝပြန်မကျတော့တာ၊ အကြားအာရုံ၊ အမြင်အာရုံ ဆိုးဆိုးရွားရွား ထိခိုက်မိတဲ့ လက္ခဏာတွေ ဖြစ်လာရင်တော့ ဆေးရုံမှာ အရေးပေါ်ကုသမှု အမြန်ဆုံး ခံယူသင့်ပါတယ်။

ကြာဆေးဟာ ကိုယ့်ရဲ့လိင်စွမ်းဆောင်ရည်ကို အဟန့်အတားဖြစ်စေတဲ့ ပြဿနာကို ပျောက်သွားစေတာမဟုတ်ဘဲ ခဏတာ ထွက်ပေါက်အနေနဲ့ ကူညီပေးတဲ့ဆေးဖြစ်တာကြောင့် ဒီဆေးကိုပဲ ရေရှည်အားကိုးတာမျိုး မလုပ်ဘဲ နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့ သေချာတိုင်ပင်ပြသကြည့်ဖို့ အကြံပေးလိုက်ချင်ပါတယ်။
ဆေးကောင်းသုံးချင်ရင် Hammer of thor အမေရိကန်နိုင်ငံထုတ်ဆေးကိုပဲသုံးပါလို့ပြောချင်ပါတယ်။

သုက်လွှတ်စောခြင်းကို ဘယ်လိုကုသကြမလဲ?သုက်လွှတ်စောခြင်း (Premature Ej*******on) ဟာ အမျိုးသားတွေမှာ အလွန်အဖြစ်များတဲ့ လိင်ပ...
24/03/2022

သုက်လွှတ်စောခြင်းကို ဘယ်လိုကုသကြမလဲ?

သုက်လွှတ်စောခြင်း (Premature Ej*******on) ဟာ အမျိုးသားတွေမှာ အလွန်အဖြစ်များတဲ့ လိင်ပိုင်းဆိုင်ရာ ပြဿနာတစ်ခုဖြစ်ပြီး လိင်စိတ်အထွတ်အထိပ်အရောက်ခင် မထိန်းချုပ်နိုင်တော့ဘဲ သုက်လွှတ်လိုက်မိတဲ့ အခြေအနေဖြစ်ပါတယ်။ များသောအားဖြင့် သုက်လွှတ်စောခြင်းဟာ စိတ်ကျန်းမာရေးပြဿနာကြောင့် ဖြစ်တတ်တဲ့အတွက် စိတ်ကုထုံးများနဲ့ ကုသလို့လည်း ရသလို တခြားကုသနည်းလမ်းများဖြစ်တဲ့

၁။ သုက်လွှတ်ရန် ကြာစေသည့် ဖျန်းဆေး၊ သောက်ဆေးများကို ညွှန်ကြားပေးခြင်း
၂။ စိတ်ရောဂါများအတွက်သာမက သုက်လွှတ်စောစေသည့် အခြေအနေကို ထိန်းချုပ်ဖို့ စိတ်ရောဂါသောက်ဆေးများ ညွှန်ပေးခြင်း
၃။ အကိုက်အခဲပျောက်ဆေးများ ညွှန်ကြားပေးခြင်း
၄။ ကျားဟော်မုန်း အစားထိုးကုသမှု ပြုလုပ်ခြင်း စတာတွေကို ပြုလုပ်ပေးပါတယ်။

သုက်လွှတ်စောခြင်းကို ဖြစ်စေတဲ့ ကျန်းမာရေးပြဿနာများ
• ကျားဟော်မုန်းနည်းပြီး မဟော်မုန်းများနေခြင်း
• လိင်မှုကိစ္စနဲ့ ပတ်သက်ပြီး စိတ်ဒဏ်ရာ ရခဲ့ဖူးခြင်း
• စိုးရိမ်ပူပန်လွန်ကဲခြင်း
• ဆီးကျိတ် သို့မဟုတ် ဆီးလမ်းကြောင်းအတွင်း ပိုးဝင်ပြီး ရောင်နေတာ
• ဦးနှောက်အာရုံကြောဆိုင်ရာ ကျန်းမာရေးပြဿနာများကြောင့် သုက်လွှတ်စောနိုင်ပါတယ်။

ကုသနည်းလမ်းမဟုတ်ဘဲ ထိန်းချုပ်နည်းလမ်းများအနေနဲ့
၁။ လိင်မဆက်ဆံခင် နာရီပိုင်းအလိုမှာ လက်နဲ့အာသာဖြေပြီး သုက်လွှတ်ထားခြင်း
၂။ လိင်ဆက်ဆံစဉ်မှာ ထိုးသွင်းဆက်ဆံမှုကို နောက်ဆုံးမှသွားပြီး ကိုယ့်ဆက်ဆံဖော် သို့မဟုတ် ကိုယ်တိုင်ကို လိင်စိတ်ကြွစေရန် နှုတ်ခမ်း၊ ပါးစပ်၊ လျှာဖြင့် နှိုးဆွပေးခြင်း
၃။ လိင်မဆက်ဆံခင် ကြက်ဥ၊ ငှက်ပျောသီး၊ ချောကလက်အခါး စတဲ့ အစားအစာတွေကို စားပေးခြင်း
၄။ ဆက်တိုက်ထိုးသွင်းဆက်ဆံတာမျိုး မလုပ်ဘဲ နားလိုက်၊ အရှိန်လျှော့လိုက် လုပ်ပေးပါ။
၅။ ကွန်ဒုံးကို လိင်အင်္ဂါနဲ့ ကွက်တိကျပြီး ကြပ်နေမယ့် ကွန်ဒုံးကို အသုံးပြုပါ။
၆။ မိမိကိုယ်ကို သုက်လွှတ်တော့မယ်၊ ကာမအရသာ ခံစားမှုအရမ်းအားကောင်းနေပြီလို့ ထင်ရင် ခဏနားပြီး ရေသောက်၊ စကားပြော၊ ဖက်ထားတာမျိုး လုပ်ပေးပါ။

သင့်အနေနဲ့ သုက်လွှတ်စောခြင်းကြောင့် လိင်မှုဘဝ အဆင်မပြေဖြစ်နေတယ်လို့ ခံစားရရင်တော့ နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်များနဲ့ သေချာတိုင်ပင်ပြသပြီး ကျန်းမာရေးစစ်ဆေးကြည့်တာ အကောင်းဆုံးပါပဲ။

Address

မင်္ဂလာတောင်ညွှန့်မြို့နယ်
Yangon
788755

Alerts

Be the first to know and let us send you an email when Dr.Tin Mg Htwe posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Dr.Tin Mg Htwe:

Shortcuts

Share

Category