JK Health Service & Hiring

JK Health Service &  Hiring ကျွမ်းကျင်ပြီးအရည်သွေးပြည့်သော ဝန်ဆောင်မှု
"လူသားအားလုံး ကျန်းမာရေး JK နဲ့လက်တွဲပေး"🤝

Earning ကပွင့်သွားပြီ star ရဖို့ပဲရှိတော့တယ် ၊ကဲ ဘာတွေတင်ရမလဲ star ရဖို့ 😁
13/03/2025

Earning ကပွင့်သွားပြီ star ရဖို့ပဲရှိတော့တယ် ၊
ကဲ ဘာတွေတင်ရမလဲ star ရဖို့ 😁

🙏🙏 မဂ်လာပါJK Myanmar အလုပ်အကိုင်ရှာဖွေရေးမှ ကြိုဆိုပါတယ်ရှင့်🙏🙏အရေအတွက်ထက် အရည်အချင်းကိုဦးစားပေးတဲ့ Quality Health Care...
12/03/2025

🙏🙏 မဂ်လာပါ
JK Myanmar အလုပ်အကိုင်ရှာဖွေရေးမှ ကြိုဆိုပါတယ်ရှင့်🙏🙏

အရေအတွက်ထက် အရည်အချင်းကိုဦးစားပေးတဲ့ Quality Health Care Service အတွက်ဆိုရင် JK ကိုသတိရလိုက်ပါရှင်

Good feedback များနှင့် စိတ်ချယုံကြည်မှုအပြည့်အဝ ရအောင်ဆောင်ရွက်ပေးနေတဲ့ JK

လူကြီးမင်းတို့၏ ဆေးရုံ/ဆေးခန်းအတွက် ဆရာ/ဆရာမများလိုအပ်နေပါသလား?

လူကြီးမင်းတို့၏ ကျန်းမာရေးအတွက် စောင့်ရှောက်မှုပေးမည့် ဆရာ /ဆရာမများလိုအပ်နေပါသလား?

JK မှ လူကြီးမင်းတို့လိုအပ်သော ကျန်းမာရေး
စောင့်ရှောက်မှုများအတွက် ကျွမ်းကျင်ပြီးအရည်းချင်းရှိသော ဆရာ/ဆရာမ များနှင့်ဝန်ဆောင်မှုပေးနေပါတယ်ရှင့်

အစိုးရ သူနာပြုများလိုအပ်ပါသလား
လုပ်သက်ရင့် ကျွမ်းကျင်သူနာပြုများလိုအပ်ပါသလား?

New born care
O & G case ,
Eaderly care,Maternal and
Child health care,
Covid positive or Post covid care ,
Covid swat test,
Covid. vaccination
part time inj or drip , etc... စသည့် ဝန်ဆောင်မှုများအတွက် လိုအပ်နေပါသလား

JK သို့ ဆက်သွယ်လိုက်ပါရှင် 24 hr ဝန်ဆောင်မှုပေးပါသည်

လပြတ်ခေါ်ယူလိုလျှင်လည်း ညှိနှိုင်းခေါ်ယူနိုင်ပါသည်

Duty Fee များ

Day/Night (1 duty fee)

NA -20000-25000
Nurse/MW -25000-30000
BNSC -30000~ 35000

လပြတ် case

NA-450000+++
Nurse-600000+++

# #ဝန်ထမ်းဘက်မှ ဝန်ဆောင်ခမယူပါ။
Part Time Job များနှင့် Home Case Job များအတွက် လူနာရှင်ဘက်မှ ဝန်ဆောင်ခမယူပါ။

Email- [email protected]
09- 757052686
09-449129832

New Born care or Childcare လုပ်ဆောင်နေသော ဆရာ/ဆရာမလေးများ မဖြစ်မနေသိထားသင့်သော အာဟာရဓာတ်များဖြစ်ပါသည်။⬇️ကလေးငယ်များကျန်း...
19/02/2025

New Born care or Childcare လုပ်ဆောင်နေသော ဆရာ/ဆရာမလေးများ မဖြစ်မနေသိထားသင့်သော အာဟာရဓာတ်များဖြစ်ပါသည်။⬇️

ကလေးငယ်များကျန်းမာရေးနှင့် ဗီတာမင်ဓာတ်များ၏ အရေးပါပုံ
The Importance of Vitamins and Minerals in Child Health
➖➖➖➖➖〰️〰️〰️➖➖➖➖〰️〰️〰️➖➖➖

ဗီတာမင်နဲ့ သတ္တုဓာတ်များက ကိုယ်ခန္ဓာအတွက် ပမာဏအနည်းငယ်သာလိုအပ်သော်လည်း မရှိမဖြစ်အရေးပါတဲ့ဓာတ်တွေ ဖြစ်ကြပါတယ်။ ခန္ဓာကိုယ်မှာ ထိုဓာတ်များလျော့နည်းမှုက ကျန်းမာရေးအတွက် ဆိုးကျိုးသက်ရောက်မှု ရှိစေပါတယ်။ ကလေးငယ်တွေကို လိုအပ်တဲ့ဗီတာမင်ဓာတ်များပါရှိတဲ့ အစားအစာများကို ကျွေးမွေးခြင်းဖြင့် အာဟာရချို့တဲ့မှုအန္တရာယ်မှ ကာကွယ်နိုင်သလို ကျန်းမာပျော်ရွှင်တဲ့ဘဝများကိုလည်း ပိုင်ဆိုင်စေပါတယ်။
⬇️⬇️

ဗီတာမင်အေ❓
➖➖➖➖
ဗီတာမင်အေက ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးမှုနဲ့ ခုခံအားကောင်းစေရန်၊ အမြင်အာရုံကောင်းစေရန်နဲ့ မျိုးဆက်ပွါးနိုင်ရန်အတွက် အထောက်အပံ့ပေးပါတယ်။ ထို့အပြင် အသက်ရှုလမ်းကြောင်း၊ အစာအိမ်လမ်းကြောင်းနဲ့ ဆီးလမ်းကြောင်းရှိ အမြှေးပါးများကို သန်စွမ်းစေပါတယ်။ ဗီတာမင်အေချို့တဲ့ပါက ကြက်မျက်သင့်ခြင်း (ညဘက် အမြင်အာရုံချို့တဲ့ခြင်း) ၊ အမြင်အာရုံအားနည်းခြင်းနှင့် ကူးစက်ရောဂါများကြောင့် သေဆုံးနိုင်ချေမြင့်မားခြင်းတို့ ဖြစ်စေပါတယ်။

ထို့ကြောင့် ဗီတာမင်အေ မချို့တဲ့စေဖို့ အောက်ပါအစားအစာတွေကို မိမိတို့ရဲ့ကလေးငယ်များအား ကျွေးမွေးသင့်ပါတယ်။

တိရိစ္ဆာန်ထွက်အစားအစာများ၊ အသည်းအမျိုးမျိုး၊ ဥအမျိုးမျိုး၊ ငါးအမျိုးမျိုးနဲ့ နို့အမျိုးမျိုး
အပင်မှရတဲ့အစားအစာများ၊ အစိမ်းရောင်ရှိတဲ့ ဟင်းသီးဟင်းရွက်များ (ဥပမာ - ဟင်းနုနွယ်ရွက်၊ ဒန့်သလွန်ရွက်၊ ကန်စွန်းရွက်၊ မြင်းခွာရွက်၊ ဗူးရွက်)
လိမ္မော်ရောင်၊ အဝါရောင်ရှိတဲ့ သစ်သီးဝလံများ (ဥပမာ - ရွှေဖရုံသီး၊ ရွှေကန်စွန်းဥ ၊ သရက်သီးမှည့်၊ သင်္ဘောသီးမှည့်၊ မုန်လာဥနီ)

⬇️⬇️

ဗီတာမင်ဘီဝမ်း❓
➖➖➖➖➖
အာရုံကြောစနစ် ကျန်းမာသန်စွမ်းစေရန် ဗီတာမင်ဘီဝမ်းက မရှိမဖြစ်လိုအပ်ပါတယ်။ ဗီတာမင်ဘီဝမ်း ချို့တဲ့ပါက ဘယ်ရီဘယ်ရီ ခေါ် ကလေးသူငယ်နာရောဂါ၊ ထုံနာစိုနဲ့ ထုံနာခြောက်တို့ကို ဖြစ်ပေါ်စေပါတယ်။ ထုံနာစိုရောဂါခံစားရလျှင် နှလုံးကြီးလာခြင်း၊ အသည်းကြီးခြင်း၊ ဖောရောင်ခြင်း၊ နှလုံးအားနည်းခြင်းနဲ့ နှလုံးလုပ်ငန်းပျက်စီးပြီး အသက်ပါ သေဆုံးတဲ့အထိ ဖြစ်စေတဲ့ပါတယ်။ ထုံနာခြောက်ရောဂါခံစားရလျှင် အာရုံကြောတွေရောင်ရမ်းအားနည်းခြင်း၊ ကြွက်သားများ အားနည်းနာကျင်ခြင်း၊ မူးဝေခြင်းတွေဖြစ်စေပါတယ်။ အဲဒါကြောင့် ကလေးငယ်များကို ရှိသင့်တဲ့ဗီတာမင်ဘီဝမ်းဓာတ်ပမာဏ ပြည့်မီအောင် ကျွေးမွေးရပါမယ်။

ထို့ကြောင့် ဗီတာမင်ဘီဝမ်း ကြွယ်ဝတဲ့အစားအစာတွေဖြစ်တဲ့ ဝက်သား၊ ပဲအမျိုးမျိုး၊ မြေပဲ၊ ပဲပုပ်၊ ပဲနီလေး၊ ကုလားပဲ၊ ဆန်လုံးညို၊ ပြောင်းဖူး၊ အာလူး၊ ခရမ်းသီး၊ ရုံးပဒေသီး၊ နေကြာစေ့၊ ဒန့်သလွန်ရွက် အစရှိတာတွေကို ကျွေးမွေးသင့်ပါတယ်။

⬇️⬇️

ဗီတာမင်စီ❓
➖➖➖
ဗီတာမင်စီဟာ အနာကျက်မြန်စေပြီး သွားနဲ့သွားဖုံးကောင်းမွန်ဖို့အတွက် အရေးပါပါတယ်။ ခုခံအားစနစ်ကို ကောင်းစေပြီး သံဓါတ်စုပ်ယူမှု အားကောင်းစေပါတယ်။ နောက်ပြီး အရိုးအဆစ်များနာကျင်ကိုက်ခဲမှုကိုလည်း သက်သာစေပါတယ်။ တစ်ခုခုနဲ့ထိခိုက်မိခြင်းကြောင့် အနီကွက်ဖြစ်ခြင်းမှ ကာကွယ်ပေးပါတယ်။ ဗီတာမင်စီချို့တဲ့လျှင် သွားဖုံးသွေးလျှံခြင်း၊ ခုခံအားကျဆင်းခြင်း၊ အရေပြားပေါ်တွင် သွေးချေဥခြင်း၊ မောပန်းခြင်းနဲ့ အားနည်းခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။

ထို့ကြောင့် ကလေးငယ်များတွင် ဗီတာမင်စီ ချို့တဲ့မှုမဖြစ်ပွားစေရန် ဗီတာမင်စီ ကြွယ်ဝတဲ့အစားအစာများဖြစ်တဲ့ အရည်ရွှမ်းတဲ့အသီးအနှံများ (ဥပမာ - ရှောက်သီး၊ မာလကာသီး၊ ဇီးဖြူသီး၊ ကျွဲကောသီး၊ သံပုရာသီး၊ လိမ္မော်သီး) ၊ ငရုပ်ပွသီး၊ ကန်စွန်းရွက်၊ ချဥ်ပေါင်ရွက်၊ ကင်းမွန်းချဥ်ရွက် အစရှိတဲ့အသီးအရွက်များကို မျှတစွာကျွေးမွေးသင့်ပါတယ်။

မူရင်း
Vision Fund Website

Health Care နှင့်ပတ်သတ်သော အကြောင်းအရာများအား နောက်ထပ် ပို့စ်များတွင် ဆက်လက်၍ ဖော်ပြပေးပါမည်။🔜🔜🔜🔜
မိမိအတွက်အသုံးဝင်တယ်ဆို LIKE & SHARE လေးနှိပ်ပေးခဲ့ဦးနော် 😍

New Born care or Childcare လုပ်ဆောင်နေသော ဆရာ/ဆရာမလေးများ မဖြစ်မနေသိထားသင့်သော အာဟာရဓာတ်များဖြစ်ပါသည်။⬇️ကလေးငယ်များအတွက်...
19/02/2025

New Born care or Childcare လုပ်ဆောင်နေသော ဆရာ/ဆရာမလေးများ မဖြစ်မနေသိထားသင့်သော အာဟာရဓာတ်များဖြစ်ပါသည်။⬇️
ကလေးငယ်များအတွက်ဖြည့်စွက်စာချက်ရန်အောက်ပါအာဟာရဓါတ်များအကြောင်း သိထားသင့်ပါသည်။

ကျန်းမာဖို့အတွက် အရေးကြီးတဲ့အစာအုပ်စု ၃ မျိုး❓
Three essential food groups
〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️〰️

ကျန်းမာရေးကောင်းမွန်ခြင်းက လာဘ်တစ်ပါးဖြစ်တယ်လို့ ရှေးလူကြီးများက ဆိုထားပါတယ်။ ကျန်းမာမှသာ မိမိတို့ရဲ့ နေ့စဉ်လုပ်ငန်းဆောင်တာတွေကို ကောင်းစွာလုပ်ဆောင်နိုင်ပြီး မိသားစုအရေး၊ ရပ်ရွာအရေးတို့ကို ကောင်းစွာ ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။ ကျန်းမာကြံ့ခိုင်မှုက လူကြီးများအတွက်သာမက ကလေးငယ်များအတွက်လည်း အလွန်အရေးကြီးပါတယ်။ ကလေးငယ်များကို အာဟာရပြည့်ဝစွာ ကျွေးမွေးပြုစုခြင်းက ၎င်းတို့ကို ကောင်းစွာကြီးထွား ဖွံ့ဖြိုးစေပါတယ်။ မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓာတ်များနဲ့ အစာအုပ်စုများအကြာင်းကို သိရှိနားလည်ပါက ကလေးငယ်များနဲ့ မိမိရဲ့မိသားစုကို အာဟာရချို့တဲ့မှုနဲ့ နောက်ဆက်တွဲဘေးအန္တရာယ်များမှ ကင်းဝေးနိုင်ပါတယ်။
⬇️
အစာအုပ်စု အမျိုးအစားများ❓
〰️〰️〰️〰️〰️〰️〰️〰️〰️

ကလေးငယ်များကို အာဟာရချို့တဲ့မှုမဖြစ်စေရန် ကျွေးမွေးသင့်တဲ့အစာအုပ်စု ၃ မျိုးရှိပါတယ်။ အဲဒါတွေကတော့

1.အင်အားဖြစ်တဲ့ အစားအစာများအုပ်စု
2.ခန္ဓာကိုယ် ကြီးထွားဖွံ့ဖြိုးစေတဲ့ အစားအစာများအုပ်စု
3.ရောဂါကာကွယ်စေတဲ့ အစားအစာများအုပ်စု တို့ဖြစ်ပါတယ်။
⬇️

၁။ အင်အားဖြစ်စေသောအစားအစာများ❓
➖➖➖➖➖➖➖➖➖➖➖➖

ကျွန်ုပ်တို့ နေ့စဉ်လှုပ်ရှားသွားလာနိုင်ဖို့၊ အလုပ်လုပ်နိုင်ဖို့နဲ့ အမောအပန်းခံနိုင်ဖို့အတွက် လိုအပ်တဲ့စွမ်းအင်တွေကို အင်အားဖြစ်စေတဲ့အစားအစာတွေကနေ ရရှိတာဖြစ်ပါတယ်။ အဆိုပါအစာအုပ်စုအမျိုးအစားတွင် ထမင်း၊ ခေါက်ဆွဲ၊ ဆန်ခေါက်ဆွဲ၊ ပိန်းဥ၊ ဆီ၊ ပေါင်မုန့်၊ မုန့်ဖက်ထုပ်၊ ကန်စွန်းဥ၊ နံပြား၊ ကောက်ညှင်းထုပ်၊ အာလူးနဲ့ ပြောင်းဖူးတို့ ပါဝင်ပါတယ်။
⬇️

၂။ ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးစေသောအစားအစာများ❓
➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖

ကိုယ်ခန္ဓာကြီးထွား ဖွံ့ဖြိုးစေတဲ့အစာအုပ်စုမှ ရရှိတဲ့အာဟာရဓာတ်များက ကျွန်ုပ်တို့ နာမကျန်းဖြစ်တဲ့အခါ အမြန်ဆုံး သက်သာပျောက်ကင်းစေပြီး ကိုယ်ခန္ဓာဖွံ့ဖြိုးမှုကို အထောက်အပံ့ပေးပါတယ်။ အဆိုပါ အစာအုပ်စုအမျိုးအစားတွင် ပဲအမျိုးမျိုး (ဥပမာ - ပဲလွန်း၊ တို့ဟူး၊ ပဲနီလေး၊ ပဲပြား၊ ကုလားပဲ၊ ပဲပုပ်ပြား၊ မြေပဲ) နဲ့ တိရစ္ဆာန်ထွက်ကုန်တွေဖြစ်တဲ့ ဥအမျိုးမျိုး (ဥပမာ - ကြက်ဥ၊ ဘဲဥ၊ ငုံးဥ)၊ အသားအမျိုးမျိုး (ဥပမာ - ကြက်သား၊ ဝက်သား၊ အမဲသား)၊ ငါးပုဇွန်အမျိုးမျိုးနဲ့ နို့ထွက်ပစ္စည်းများ (ဥပမာ - နွားနို့၊ ဒိန်ခဲ၊ ဒိန်ချဥ်) အစရှိတာတွေ ပါဝင်ပါတယ်။ ထိုအစားအစားတွေဟာ အသားဓာတ်၊ ဗီတာမင်ဓာတ်များ၊ သတ္တုဓာတ်နဲ့ အဆီဓာတ်များ ပါဝင်တဲ့အကောင်းဆုံးအရင်းအမြစ်များ ဖြစ်ပါတယ်။
⬇️

၃။ ရောဂါကာကွယ်သောအစားအစာများ❓
➖➖➖➖➖➖➖➖➖➖➖➖

ရောဂါကာကွယ်စေတဲ့ အစားအစာတွေကို သင့်တင့်မျှတအောင်စားသုံးခြင်းက ကျွန်ုပ်တို့ကို နာမကျန်းဖြစ်ခြင်းမှ ကာကွယ်ပေးပါတယ်။ အဆိုပါအစာအုပ်စုတွင် ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံများစွာ ပါဝင်ပါတယ်။ ဥပမာ - နာနတ်သီး၊ သင်္ဘောသီး၊ မုန်လာဥနီ၊ ပဲစောင်းလျားသီး၊ ဘူးညွန့်၊ ငှက်ပျောသီး၊ လိမ္မော်သီး၊ ပဲပင်ပေါက်၊ ရွှေဖယုံသီး၊ ဟင်းနုနွယ်၊ သရက်သီး၊ အာလူး၊ မုန်ညင်းရွက်၊ သံပုရာသီး၊ ဒန့်ဒလွန်ရွက်၊ ပဲတောင့်ရှည်၊ မြင်းခွါရွက်၊ ကြက်ဟင်းခါးသီး၊ ကန်စွန်းရွက် အစရှိတာတွေ ဖြစ်ပါတယ်။ ထိုအစာအုပ်စုက ကိုယ်ခန္ဓာအတွက်လိုအပ်တဲ့ ဗီတာမင်ဓာတ်များ၊ သတ္တုဓာတ်များနဲ့ အမျှင်ဓာတ်များပေးတဲ့ အကောင်းဆုံးအစာရင်းမြစ်တွေ ဖြစ်ကြပါတယ်။

အစာအုပ်စုများအကြောင်းကို လေ့လာသိရှိပြီးနောက် သက်စောင့်ဓာတ်များ (ဗီတာမင်) နှင့် (သတ္တုဓါတ်)များအကြောင်း နောက်ပို့စ်တွင်ဖက်ရှု့ရန် 🔜🔜🔜

မူရင်း
Vision Fund Website

Health Care နှင့်ပတ်သတ်သော အကြောင်းအရာများအား နောက်ထပ် ပို့စ်များတွင် ဆက်လက်၍ ဖော်ပြပေးပါမည်။🔜🔜🔜🔜
မိမိအတွက်အသုံးဝင်တယ်ဆို LIKE & SHARE လေးနှိပ်ပေးခဲ့ဦးနော် 😍

Baby case နေစား ငြိမ်း500000အမြန်ဝင်နိုင်သူ /ရေရှည်ဝင်နိုင်သူViber 449129832
04/01/2025

Baby case
နေစား ငြိမ်း
500000
အမြန်ဝင်နိုင်သူ /ရေရှည်ဝင်နိုင်သူ
Viber 449129832

Address

Thudhamar Road, North Oakkalapa Township
Yangon

Telephone

+959449129832

Website

Alerts

Be the first to know and let us send you an email when JK Health Service & Hiring posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to JK Health Service & Hiring:

Shortcuts

Share