Health Point Specialist Clinic & Diagnostic Centre

Call Directions Website Contact the practice

Health Point Specialist Clinic & Diagnostic Centre SAFE ❇️ CONVENIENT ❇️ RELIABLE❇️ အထူးကုသမားတော်နှင့်ပြသရန် +95-9880875220, +95-9880875221 သို့ ဆက်သွယ်၍ Booking ရယူနိုင်ပါတယ်။ ကျေးဇူးတင်ပါတယ်။

27/09/2026

ကျန်းမာရေးမကောင်းတဲ့အခါ ဘယ်ကိုပြေးလို့ပြေးရမှန်းမသိ ရွေးချယ်ရခက်ပြီး မသေချာဖြစ်တတ်ပါတယ်။
အခုဆိုရင် လူကြီးမင်းတို့ရဲ့ ကျန်းမာရေးစောင့်ရှောက်မှုတိုင်းအတွက် လမ်းမတော်မြို့နယ်မှာ Health Point Specialist Clinic ကိုဖွင့်လှစ်ထားပြီပဲဖြစ်ပါတယ်။
Health Point Specialist Clinic မှာဆိုရင် ဆရာဝန်ကြီးများနှင့် ပြသဆွေးနွေးပြီး မှန်ကန်ထိရောက်တဲ့ ကုသမှုတိုင်းအတွက် OPD ပြင်ပလူနာဌာနကျန်းမာရေးဝန်ဆောင်မှုရှိနေပါပြီ။

✨ Health Point OPD Service တွင် ရရှိနိုင်သော ဝန်ဆောင်မှုများ
✔️ Specialist Doctors များနှင့် တိုင်ပင်ဆွေးနွေးနိုင်ခြင်း
✔️ လိုအပ်သော ရောဂါရှာဖွေရေး စစ်ဆေးမှုများ ပြုလုပ်နိုင်ခြင်း
✔️ ရောဂါအခြေအနေနှင့် ကိုက်ညီသော ကုသမှုအစီအစဉ် ရရှိနိုင်ခြင်း
✔️ Follow-up ပြသခြင်းနှင့် ကျန်းမာရေးအခြေအနေကို ဆက်လက်စောင့်ကြည့်နိုင်ခြင်း
Health Point Specialist Clinic တွင် သက်ဆိုင်ရာနယ်ပယ်အသီးသီးမှ အတွေ့အကြုံရှိ Specialist Doctors များက လူနာတစ်ဦးချင်းစီ၏ ကျန်းမာရေးလိုအပ်ချက်အပေါ် မူတည်၍ ဂရုတစိုက် စစ်ဆေး၊ အကြံပြုချက်များနှင့် ကုသပေးလျက်ရှိပါတယ်ရှင်။

“ကျန်းမာရေးလိုအပ်ချက်တိုင်းအတွက် Health Point Specialist Clinic”

☎️ 𝐇𝐨𝐭 𝐋𝐢𝐧𝐞: 𝟎𝟗𝟖𝟖𝟎𝟖𝟕𝟓𝟐𝟐𝟎~𝟐𝟏,
📍 𝐀𝐝𝐝𝐫𝐞𝐬𝐬 : တိုက်အမှတ် (B2)၊ လမ်းသစ်အိမ်ရာ၊ ဘုန်းကြီးလမ်းနှင့် လမ်းသစ်လမ်းကြား၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့။
✉️ 𝐄𝐦𝐚𝐢𝐥 : 𝐢𝐧𝐟𝐨@𝐡𝐞𝐚𝐥𝐭𝐡𝐩𝐨𝐢𝐧𝐭.𝐜𝐨𝐦.𝐦𝐦

မှန်ပြောင်းကြည့်ရမယ် ဆိုတာနဲ့ တော်တော်များများက နာမှာလား၊ အန်ချင်စိတ်ဖြစ်ပြီး နေရခက်မလားဆိုပြီး ကြိုတင်စိုးရိမ်တတ်ကြပါတယ...
27/09/2026

မှန်ပြောင်းကြည့်ရမယ် ဆိုတာနဲ့ တော်တော်များများက နာမှာလား၊ အန်ချင်စိတ်ဖြစ်ပြီး နေရခက်မလားဆိုပြီး ကြိုတင်စိုးရိမ်တတ်ကြပါတယ်ရှင်။

ဒါပေမဲ့ Health Point Specialist Clinic မှာတော့ လူကြီးမင်းတို့ရဲ့ စိုးရိမ်စိတ်တွေကို ဖြေဖျောက်ပေးဖို့ အားလုံးကို အဆင်သင့် ပြင်ဆင်ထားပါတယ်နော်။

✅ Health Point Specialist Clinic မှာက မကြာမီ ဝါရင့်အစာအိမ်နှင့် အူလမ်းကြောင်းအထူးကုဆရာဝန်ကြီးများ ကိုယ်တိုင် လူနာ သက်တောင့်သက်သာဖြစ်စေဖို့ အိပ်ဆေးအပျော့စားလေးသုံးပြီး စစ်ဆေးပေးတော့မှာကြောင့် နာကျင်မှုမရှိဘဲ အိပ်စက်အနားယူနေသလိုမျိုး လွယ်လွယ်ကူကူ ပြီးဆုံးစေမှာဘဲဖြစ်ပါတယ်။

ဒါ့အပြင် ရလဒ် တိကျပြတ်သားပြီး ရောဂါရှာဖွေရလွယ်ကူစေမယ့် ခေတ်မီစက်ကြီးများကို အသုံးပြုတာဖြစ်လို့အစာအိမ်ဝေဒနာတွေကို အမြစ်ပြတ်သက်သာဖို့ Health Point မှာ Endoscopy
ဖြင့် အဖြေရှာလိုက်ပါရှင်။

☎️ပြီးပြည့်စုံတဲ့ ကျန်းမာရေးစောင့်ရှောက်မှုတိုင်းအတွက် Health Point Specialist Clinic ကိုသာ
သတိရလိုက်ပါ။

☎️ 𝐇𝐨𝐭 𝐋𝐢𝐧𝐞: 𝟎𝟗𝟖𝟖𝟎𝟖𝟕𝟓𝟐𝟐𝟎-𝟐𝟏

📍တိုက်အမှတ် (B2)၊ လမ်းသစ်အိမ်ရာ၊ ဘုန်းကြီးလမ်းနှင့် လမ်းသစ်လမ်းကြား၊ လမ်းမတော်မြို့နယ်၊
ရန်ကုန်မြို့။


#အစာအိမ်မှန်ပြောင်းကြည့်ခြင်း

26/09/2026

နှလုံးရောဂါဟာ အမြဲတမ်း ရုတ်တရက်မဖြစ်ပါဘူး... ခန္ဓာကိုယ်က ပေးနေတဲ့ သတိပေးလက္ခဏာတွေကို သင် သတိထားမိရဲ့လား?

နှလုံးဟာ ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်အနှံ့ကို သွေးနဲ့ အောက်ဆီဂျင် ပို့ဆောင်ပေးတဲ့ အရေးကြီးဆုံး အင်္ဂါတစ်ခု ဖြစ်ပါတယ်။ ဒါကြောင့် နှလုံးကျန်းမာရေးကို ဂရုစိုက်တာဟာ အသက်ရှည်ကျန်းမာတဲ့ ဘဝတစ်ခုအတွက် အလွန်အရေးကြီးပါတယ်။

နှလုံးရောဂါ ဖြစ်နိုင်ခြေကို တိုးစေတဲ့ အချက်တွေထဲမှာ သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ သွေးတွင်းအဆီဓာတ်များခြင်း၊ ဆေးလိပ်သောက်ခြင်း၊ ကိုယ်လက်လှုပ်ရှားမှုနည်းခြင်းနဲ့ အဝလွန်ခြင်းတို့ ပါဝင်ပါတယ်။

ဒါပေမယ့် သတင်းကောင်းတစ်ခုကတော့ ဒီအန္တရာယ်တွေကို ကျန်းမာတဲ့ နေထိုင်မှုပုံစံနဲ့ လျှော့ချနိုင်ပါတယ်။

✅ နေ့စဉ် ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံတွေကို ပိုမိုစားသုံးပါ။
✅ အငန်၊ အဆီနဲ့ အချိုဓာတ်များတဲ့ အစားအစာတွေကို လျှော့စားပါ။
✅ တစ်ပတ်ကို အနည်းဆုံး မိနစ် (၁၅၀) ခန့် လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ပါ။
✅ ဆေးလိပ်ကို ရှောင်ကြဉ်ပြီး အိပ်ရေးဝဝ အနားယူပါ။
✅ ဒါ့အပြင် သွေးပေါင်ချိန်၊ သွေးတွင်းသကြားဓာတ်နဲ့ သွေးတွင်းအဆီဓာတ်တွေကို ပုံမှန်စစ်ဆေးထားဖို့လည်း အရေးကြီးပါတယ်။

✅ တကယ်လို့ ရင်ဘတ်အောင့်တာ၊ ရင်ဘတ်ဖိနှိပ်သလို ခံစားရတာ၊ အသက်ရှူမဝတာ၊ ရင်တုန်တာ၊ ဒါမှမဟုတ် လမ်းလျှောက်တဲ့အခါ မောပန်းလွယ်တာမျိုး ဖြစ်လာရင် မပေါ့ဆဘဲ ဆရာဝန်နဲ့ အမြန်ဆုံး တိုင်ပင်စစ်ဆေးသင့်ပါတယ်။

World Heart Day နီးလာတဲ့ ဒီကာလမှာ ကိုယ့်ရဲ့ နှလုံးကျန်းမာရေးကို ဂရုစိုက်ဖို့ ကိုယ့်ကိုယ်ကို အချိန်ပေးလိုက်ပါ။ ကြိုတင်ကာကွယ်ခြင်းက ကုသခြင်းထက် ပိုပြီး အကျိုးရှိပါတယ်။

ပြီးပြည့်စုံတဲ့ ကျန်းမာရေးစောင့်ရှောက်မှုတိုင်းအတွက် Health Point Specialist Clinic ကိုသာ သတိရလိုက်ပါ။
☎️ 𝐇𝐨𝐭 𝐋𝐢𝐧𝐞: 𝟎𝟗𝟖𝟖𝟎𝟖𝟕𝟓𝟐𝟐𝟎~𝟐𝟏,
📍 𝐀𝐝𝐝𝐫𝐞𝐬𝐬 : တိုက်အမှတ် (B2)၊ လမ်းသစ်အိမ်ရာ၊ ဘုန်းကြီးလမ်းနှင့် လမ်းသစ်လမ်းကြား၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့။

တော်သလင်းလပြည့်နေ့အခါသမယမှာကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီးစိတ်ချမ်းမြေ့ပျော်ရွှင်မှုတွေနဲ့ ပြည့်စုံကြပါစေလို့Health ...
26/09/2026

တော်သလင်းလပြည့်နေ့အခါသမယမှာ
ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး
စိတ်ချမ်းမြေ့ပျော်ရွှင်မှုတွေနဲ့ ပြည့်စုံကြပါစေလို့
Health Point မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်။ 💛
မင်္ဂလာရှိသော တော်သလင်းလပြည့်နေ့ ဖြစ်ပါစေ။ 🌕🙏
#တော်သလင်းလပြည့်နေ့

နှလုံးဟာ လူ့ခန္ဓာကိုယ်ရဲ့ အဓိက အင်္ဂါတစ်ခုဖြစ်ပြီး သွေးကို ခန္ဓာကိုယ်အနှံ့ ညှစ်ထုတ်ပို့ဆောင်ပေးကာ အောက်ဆီဂျင်နဲ့ အာဟာရဓာ...
25/09/2026

နှလုံးဟာ လူ့ခန္ဓာကိုယ်ရဲ့ အဓိက အင်္ဂါတစ်ခုဖြစ်ပြီး သွေးကို ခန္ဓာကိုယ်အနှံ့ ညှစ်ထုတ်ပို့ဆောင်ပေးကာ အောက်ဆီဂျင်နဲ့ အာဟာရဓာတ်တွေကို ဆဲလ်တိုင်းဆီ ရောက်ရှိစေပါတယ်။

နှလုံးကျန်းမာနေမှသာ ခန္ဓာကိုယ်ရဲ့ အင်္ဂါအစိတ်အပိုင်းအားလုံး ပုံမှန်လုပ်ဆောင်နိုင်မှာပဲ ဖြစ်ပါတယ်ရှင်။ အခုလို ခန္ဓာကိုယ်အတွက်အရေးကြီးတဲ့ နှလုံးကျန်းမာရေးအတွက် အန္တရာယ်ဖြစ်စေမယ့် အပြုအမူတွေအကြောင်းကိုရော သိပြီးကြပြီလား?

အောက်ကအချက်တွေထဲက ဘယ်အချက်က နှလုံးကျန်းမာရေးကို ထိခိုက်စေတဲ့ အပြုအမူဖြစ်မလဲ?

A. အငန်နှင့် အဆီများသော အစားအစာများကို မကြာခဏစားခြင်း
B. ဆေးလိပ်သောက်ခြင်း
C. ပုံမှန် ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းလုပ်ခြင်း
D. ညအိပ်ချိန် နည်းနည်းပဲအိပ်ခြင်း.
💬 အဖြေကို Comment မှာ A, B, C, D လို့ ရေးခဲ့ပေးနော်။
#နှလုံးကျန်းမာရေး

ကျန်းမာရေးအတွက် ဆေးခန်းတစ်နေရာ၊ Lab တစ်နေရာ၊ စမ်းသပ်စစ်ဆေးမှုတစ်နေရာနဲ့ သွားလာနေရတာတွေကို လျှော့ချပြီး လိုအပ်တဲ့ ကျန်းမာ...
24/09/2026

ကျန်းမာရေးအတွက် ဆေးခန်းတစ်နေရာ၊ Lab တစ်နေရာ၊ စမ်းသပ်စစ်ဆေးမှုတစ်နေရာနဲ့ သွားလာနေရတာတွေကို လျှော့ချပြီး လိုအပ်တဲ့ ကျန်းမာရေးဝန်ဆောင်မှုတွေကို တစ်နေရာတည်းမှာ အဆင်ပြေစွာ ရရှိနိုင်အောင် Health Point Specialist Clinic & Diagnostic Centre မှာ စီစဉ်ပေးထားပါတယ်။

✨ Specialist Consultation
✨ Laboratory Services
✨ Ultrasound / X-Ray
✨ Endoscopy
✨ Medical Check-up & Diagnostic Services စတဲ့ ဝန်ဆောင်မှုများအားလုံးကို တစ်နေရာထဲမှာ ရရှိနိုင်ပါတယ်။

သင့်ကျန်းမာရေးအတွက် အချိန်ကုန်သက်သာ၊ အဆင်ပြေပြီး ယုံကြည်စိတ်ချရတဲ့ ကျန်းမာရေးစောင့်ရှောက်မှုကို တစ်နေရာတည်းမှာ ရယူလိုက်ပါ။

📍 Health Point Specialist Clinic & Diagnostic Centre
☎️ 𝐇𝐨𝐭 𝐋𝐢𝐧𝐞: 𝟎𝟗𝟖𝟖𝟎𝟖𝟕𝟓𝟐𝟐𝟎~𝟐𝟏,
📍 𝐀𝐝𝐝𝐫𝐞𝐬𝐬 : တိုက်အမှတ် (B2)၊ လမ်းသစ်အိမ်ရာ၊ ဘုန်းကြီးလမ်းနှင့် လမ်းသစ်လမ်းကြား၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့။
✉️ 𝐄𝐦𝐚𝐢𝐥 : 𝐢𝐧𝐟𝐨@𝐡𝐞𝐚𝐥𝐭𝐡𝐩𝐨𝐢𝐧𝐭.𝐜𝐨𝐦.𝐦𝐦

နိုင်ငံခြားခရီးသွားဖို့ ပြင်ဆင်တဲ့အခါ Passport၊ Visa၊ လေယာဉ်လက်မှတ်နဲ့ လိုအပ်တဲ့ပစ္စည်းတွေကို ပြင်ဆင်ကြသလို ကိုယ့်ရဲ့ကျန...
23/09/2026

နိုင်ငံခြားခရီးသွားဖို့ ပြင်ဆင်တဲ့အခါ Passport၊ Visa၊ လေယာဉ်လက်မှတ်နဲ့ လိုအပ်တဲ့ပစ္စည်းတွေကို ပြင်ဆင်ကြသလို ကိုယ့်ရဲ့ကျန်းမာရေးအခြေအနေကိုလည်း ကြိုတင်စစ်ဆေးထားဖို့ လိုအပ်ပါတယ်။

အထူးသဖြင့် ခရီးရှည်သွားမယ့်သူတွေ၊ နိုင်ငံခြားမှာ အလုပ်လုပ်ဖို့ သွားမယ့်သူတွေ၊ ခရီးမထွက်ခင် Medical Check-up လိုအပ်သူတွေအနေနဲ့ Fit to Travel Medical Check-up ပြုလုပ်ထားခြင်းက ပိုမိုအဆင်ပြေစေမှာ ဖြစ်ပါတယ်။

ဒါကြောင့် Health Point Specialist Clinic မှာ ခရီးသွားမယ့်သူတွေအတွက် Fit to Travel Package ကို စီစဉ်ထားရှိပေးပါတယ်ရှင်။ 🩺✈️

𝐅𝐢𝐭 𝐓𝐨 𝐓𝐫𝐚𝐯𝐞𝐥 𝐌𝐞𝐝𝐢𝐜𝐚𝐥 𝐂𝐡𝐞𝐜𝐤-𝐔𝐩 𝐏𝐚𝐜𝐤𝐚𝐠𝐞 မှာဆိုရင်
🩺 𝐏𝐡𝐲𝐬𝐢𝐜𝐚𝐥 𝐄𝐱𝐚𝐦𝐢𝐧𝐚𝐭𝐢𝐨𝐧
🩺 𝐂𝐡𝐞𝐬𝐭 𝐗-𝐑𝐚𝐲
🩺 𝐄𝐂𝐆
🩺 𝐇𝐈𝐕 𝟏&𝟐 (𝐬𝐜𝐫𝐞𝐞𝐧𝐢𝐧𝐠)
🩺 𝐇𝐁𝐬 𝐀𝐠(𝐬𝐜𝐫𝐞𝐞𝐧𝐢𝐧𝐠)
🩺 𝐇𝐂𝐕 𝐀𝐛 (𝐬𝐜𝐫𝐞𝐞𝐧𝐢𝐧𝐠)
🩺 𝐑𝐁𝐒 - 𝐒𝐩𝐞𝐜𝐢𝐚𝐥 𝐑𝐞𝐪𝐮𝐞𝐬𝐭 - 𝐕𝐃𝐑𝐋, 𝐔𝐂𝐆 (𝐅𝐞𝐦𝐚𝐥𝐞)
စတာတွေကို စနစ်တကျ စစ်ဆေးပေးမယ့်အပြီး 𝐌𝐞𝐝𝐢𝐜𝐚𝐥 𝐑𝐞𝐩𝐨𝐫𝐭 ထွက်လာတဲ့အခါမှာလည်း 👩‍⚕️👨‍⚕️ကျွမ်းကျင်သမားတော်တွေကိုယ်တိုင်က ဆွေးနွေးပေးသွားမှာဖြစ်တဲ့အတွက် Medical Check-up လိုအပ်တဲ့ ခရီးသွားသူတွေအတွက် တစ်နေရာတည်းမှာ အဆင်ပြေပြေ စစ်ဆေးနိုင်မှာဘဲဖြစ်ပါတယ်။

📌 Fit to Travel Package အကြောင်း အသေးစိတ်သိချင်သူများအနေနဲ့ Package ထဲမှာ ပါဝင်တဲ့ စစ်ဆေးမှုများ၊ စျေးနှုန်းနဲ့ Appointment ရယူနိုင်မယ့်အချက်အလက်များကို Health Point Specialist Clinic သို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
☎️ 𝐇𝐨𝐭 𝐋𝐢𝐧𝐞: 𝟎𝟗𝟖𝟖𝟎𝟖𝟕𝟓𝟐𝟐𝟎~𝟐𝟏,
📍 𝐀𝐝𝐝𝐫𝐞𝐬𝐬 : တိုက်အမှတ် (B2)၊ လမ်းသစ်အိမ်ရာ၊ ဘုန်းကြီးလမ်းနှင့် လမ်းသစ်လမ်းကြား၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့။
✉️ 𝐄𝐦𝐚𝐢𝐥 : 𝐢𝐧𝐟𝐨@𝐡𝐞𝐚𝐥𝐭𝐡𝐩𝐨𝐢𝐧𝐭.𝐜𝐨𝐦.𝐦𝐦

သင့်အသည်းကျန်းမာရေးအတွက် အခုပဲ Health Point Specialist Clinic ရဲ့ B Vaccination Program ကို ဝယ်ယူလိုက်တော့နော်💚
21/09/2026

သင့်အသည်းကျန်းမာရေးအတွက် အခုပဲ Health Point Specialist Clinic ရဲ့ B Vaccination Program ကို ဝယ်ယူလိုက်တော့နော်💚

World Alzheimer's Day ကို နှစ်စဉ် စက်တင်ဘာလ (၂၁) ရက်နေ့တွင် ကျင်းပပြီး Alzheimer's ရောဂါနှင့် အခြား Dementia ရောဂါများအက...
21/09/2026

World Alzheimer's Day ကို နှစ်စဉ် စက်တင်ဘာလ (၂၁) ရက်နေ့တွင် ကျင်းပပြီး Alzheimer's ရောဂါနှင့် အခြား Dementia ရောဂါများအကြောင်း လူထုအသိပညာ တိုးပွားစေရန်၊ လူနာများနှင့် စောင့်ရှောက်ပေးနေသူများကို အားပေးကူညီရန် ရည်ရွယ်ထားတဲ့ နိုင်ငံတကာ အထိမ်းအမှတ်နေ့ ဖြစ်ပါတယ်။

Alzheimer's ရောဂါ သည် ဦးနှောက်၏ လုပ်ဆောင်နိုင်စွမ်းကို တဖြည်းဖြည်း ထိခိုက်စေသော ရောဂါဖြစ်ပြီး မှတ်ဉာဏ်ချို့ယွင်းခြင်း၊ စဉ်းစားဆုံးဖြတ်နိုင်စွမ်း ကျဆင်းခြင်း၊ စကားပြောရာတွင် အခက်အခဲရှိခြင်းနှင့် နေ့စဉ်ဘဝ လုပ်ငန်းဆောင်တာများကို လုပ်ဆောင်ရန် ခက်ခဲလာခြင်းတို့ ဖြစ်ပေါ်နိုင်ပါတယ်ရှင်။

ဦးနှောက်ကျန်းမာရေးကို ထိန်းသိမ်းဖို့
✅မျှတပြီး အာဟာရရှိတဲ့ အစားအစာများကို စားသုံးပါ။
✅ပုံမှန် ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ပါ။
✅လုံလောက်စွာ အိပ်စက်အနားယူပါ။
✅စာဖတ်ခြင်း၊ ပဟေဠိဖြေခြင်း၊ အသစ်များ သင်ယူခြင်းကဲ့သို့ ဦးနှောက်လေ့ကျင့်ခန်းများ ပြုလုပ်ပါ။
✅သွေးတိုး၊ ဆီးချိုနှင့် နှလုံးသွေးကြောရောဂါများကို စနစ်တကျ ထိန်းချုပ်ကုသပါ။
Alzheimer's ရောဂါသည် အသက်ကြီးလာခြင်း၏ ပုံမှန်အစိတ်အပိုင်း မဟုတ်ပါဘူး။ အစောပိုင်း လက္ခဏာများကို သတိပြုမိပါက ကျန်းမာရေးဝန်ထမ်းနှင့် အချိန်မီ တိုင်ပင်ဆွေးနွေးခြင်းဖြင့် ရောဂါကို စောစီးစွာကုသမှုခံယူနိုင်မှာပဲဖြစ်ပါတယ်။
Alzheimer's ရောဂါရှိသူများကို နားလည်မှု၊ ဂရုစိုက်မှုနှင့် လေးစားမှုဖြင့် အတူတကွ ပံ့ပိုးကူညီကြပါစို့။
#ကျန်းမာရေး #ဦးနှောက်ကျန်းမာရေး

ကျန်းမာရေးအတွက် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ဟာ ယုံကြည်စိတ်ချရတဲ့ ဆရာဝန်ကို ရွေးချယ်ခြင်းကနေ စတင်ပါတယ်။Health Point Specialist...
20/09/2026

ကျန်းမာရေးအတွက် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ဟာ ယုံကြည်စိတ်ချရတဲ့ ဆရာဝန်ကို ရွေးချယ်ခြင်းကနေ စတင်ပါတယ်။

Health Point Specialist Clinic မှာဆိုရင် သက်ဆိုင်ရာ နယ်ပယ်အသီးသီးမှ အတွေ့အကြုံရှိ Specialist Doctors များက လူနာတစ်ဦးချင်းစီ၏ ကျန်းမာရေးအခြေအနေကို ဂရုတစိုက် နားထောင်ပြီး လိုအပ်သော စစ်ဆေးမှုများ၊ ကုသမှုများကို စနစ်တကျ ဆောင်ရွက်ပေးလျက်ရှိပါပြီ။

ကျန်းမာရေးပြဿနာတစ်ခုစီအတွက် အဖြေတစ်ခုတည်း မရှိနိုင်သလို လူနာတစ်ဦးချင်းစီ၏ လိုအပ်ချက်များလည်း မတူညီနိုင်ပါဘူး။ ဒါကြောင့် မှန်ကန်သော ရောဂါရှာဖွေမှုနှင့် သင့်လျော်သော ကုသမှုအစီအစဉ်ကို ရရှိနိုင်ရန် အထူးကုဆရာဝန်များနှင့် တိုင်ပင်ဆွေးနွေးခြင်းက အရမ်းကိုအရေးကြီးပါတယ်ရှင်။

Health Point Specialist Clinic အနေနဲ့လည်း ကျွမ်းကျင်မှု၊ စေတနာနှင့် ယုံကြည်မှုကို အခြေခံ၍ လူနာများအတွက် အရည်အသွေးမြင့် ကျန်းမာရေးဝန်ဆောင်မှုများကို ပေးအပ်နိုင်ရန် အမြဲကြိုးပမ်းလျက်ရှိပါတယ်။

ကျန်းမာရေးလိုအပ်ချက်တိုင်းအတွက် Health Point Specialist Clinic ကိုသာ သတိရလိုက်ပါ။

☎️ 𝐇𝐨𝐭 𝐋𝐢𝐧𝐞: 𝟎𝟗𝟖𝟖𝟎𝟖𝟕𝟓𝟐𝟐𝟎~𝟐𝟏,
📍 𝐀𝐝𝐝𝐫𝐞𝐬𝐬 : တိုက်အမှတ် (B2)၊ လမ်းသစ်အိမ်ရာ၊ ဘုန်းကြီးလမ်းနှင့် လမ်းသစ်လမ်းကြား၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့။
✉️ 𝐄𝐦𝐚𝐢𝐥 : 𝐢𝐧𝐟𝐨@𝐡𝐞𝐚𝐥𝐭𝐡𝐩𝐨𝐢𝐧𝐭.𝐜𝐨𝐦.𝐦𝐦

Address

Building No (B2), Lan Thit Residence, Between Bhone Gyi & Lan Thit Road, Lanmadaw Township
Yangon
11041

Opening Hours

Monday 08:00 - 17:00
Tuesday 08:00 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 17:00
Saturday 08:00 - 17:00
Sunday 08:00 - 17:00

Telephone

+959880875220-21

Alerts

Be the first to know and let us send you an email when Health Point Specialist Clinic & Diagnostic Centre posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Health Point Specialist Clinic & Diagnostic Centre:

Shortcuts

Share