မရှက်နဲ့ သားကြီးတို့ by Dr.Kyaw

  • Home
  • Myanmar
  • Yangon
  • မရှက်နဲ့ သားကြီးတို့ by Dr.Kyaw

မရှက်နဲ့ သားကြီးတို့ by Dr.Kyaw မျိုးဆက်ပွားကျန်းမာရေးနှင့်ဆိုင်သ?

18/01/2021

သားကြီးတို့ အနေနဲ့ မျိုးဆက်ပွားကျန်းမာရေး နဲ့ ပတ်သတ်ပြီး သိချင်တဲ့အကြောင်းအရာလေးတွေကို comment မှာဖြစ်ဖြစ် Cb မှာဖြစ်ဖြစ် တယောက် တစ်ခုဆီ လာမေးထားလို့ရပါတယ်

ဆောင်းပါး အတိုလေးတွေ ရေးပြီး အားလုံးကိုဝေမျှပေးချင်ပါတယ်

ဒေါက်ကျော် ကို အမေးများတဲ့မေးခွန်းတွေထဲက ကျနော်တို့ယောကျာ်းလေးတွေ အမှတ်မှားနေကြတဲ့ တချို့ အကြောင်းအရာလေးတွေကို ဗဟုသုတအဖြ...
16/01/2021

ဒေါက်ကျော် ကို အမေးများတဲ့မေးခွန်းတွေထဲက ကျနော်တို့ယောကျာ်းလေးတွေ အမှတ်မှားနေကြတဲ့ တချို့ အကြောင်းအရာလေးတွေကို ဗဟုသုတအဖြစ် တင်ပြပေးလိုက်တယ်နော်

📌Q >>> ကျွန်တော က ပြီးတာ အရမ်းမြန်နေတယ်ဆရာ ဆေးလိပ်သောက်တာမို့လို့ထင်တယ် အမျိုးသမီးနဲ့ အတူနေရင် ၄ မိနစ်လောက်ဆိုပြီးသွားတယ် အဲ့ဒါနဲ့ အွန်လိုင်းမှာရောင်းတဲ့ ကြာဆေး ဆိုတဲ့ဟာတွေ ဝယ်သောက်ဖို့ စဥ်းစားနေတယ် အဲ့ဒါ အန္တရယ်များလား ခင်ဗျ

📌A >>> အချိန်မတိုင်ခင် သုတ်လွှတ်ချင်း (တစ်နည်း) သုတ်လွှတ်မြန်ချင်းဆိုတာ ယောကျာ်းလေးတွေကြားမှာ (အထူးသဖြင့် ဆယ်ကျော်သက်အရွယ်နဲ့ အတွေ့အကြုံနည်းသေးတဲ့ လူငယ်လေးတွေကြားမှာ) ဖြစ်လေ့ဖြစ်ထရှိတဲ့ ပြသနာလေးပါ

မြန်တော့ဘာဖြစ်လဲ မြန်မြန်ပြီးမြန်မြန်အေး လား ဆိုတော့ အဲ့လိုလဲ မဟုတ်သေးဖူးခင်ဗျ ဥပမာ ကော်ဖီကြိုက်တတ်တဲ့လူတစ်ယောက်ဟာ ဘယ်တော့မှ ကော်ဖီကို Mug ခွက်နဲ့အပြည့်ထည့်ပြီး တစ်ကျိုက်ထဲ မသောက်ပစ်ဖူးဗျ တစ်ငုံချင်း အရသာခံသောက်လိုက် စကားစမြည်လေးပြောလိုက် လျှာပေါ် တစ်ငုံလောက်တင်လိုက် အဲ့လိုလေူဗျ ...

ဆိုတော့ ကျနော် ညီငယ်လေးတွေ မှာ မကြာခဏ ကြုံရတဲ့ ပြသနာလေးပေါ့ဗျာ အကြောင်းအရင်းကတော့အမျိုးမျိုး ရှိပါတယ်
1. အရေပြား ပေါ်ကာစ လူပျိုပေါက်လေးတွေ ဆိုရင် သူတို့ရဲ့ ထိပ်ဖူးလေးက အရမ်းနူးညံ့နေတာမို့လို့ အာရုံကြောလေးတွေက အထိမခံ ရွှေပန်းကန်လေးတွေလိုဖြစ်ပြီး ထိတွေ့မှုရှိလိုက်တာနဲ့ ပြီးသွားတာမျိူး
2. ကို့ရဲ့ Partner က ကိုယ့်ကို သဘောမကျမှာ ကို့ရဲ့ performance (စွမ်းဆောင်နိုင်မှု) ကို အားမရမှာ ကို စိုးရိမ်ပူပန်နေတာမျိုး
3. စိတ်ဖိစီးမှုတွေ အရမ်းများနေတာ ဒါမှမဟုတ် စိတ်ကျရောဂါလို စိုးရိမ်ပူပန်လွန်ကဲတဲ့ရောဂါမျိုး မသိမသာ ခံစားနေရတဲ့ အခါမျိုးတွေ
4. မိမိရဲ့ ဆက်ဆံဖော် နဲ့ မပြေလည်တဲ့ ဆက်ဆံရေးမျိုးရှိနေတဲ့အခါမျိုး
တွေမှာ သုတ်လွှတ်မြန်နေတတ်ပါတယ်

ကုသတဲ့ နည်းလမ်းတွေကတော့ လေ လေးနဲ့ပဲ နှစ်သိမ့်ဆွေးနွေးပညာပေးတာကနေ ကြွက်သားတွေသန်အောင် လေ့ကျင့်ခန်းလုပ်တာ အရမ်းဆိုးရင် သောက်ဆေး သောက်ရတာမျိုးထိ အ​ေုခအနေပေါ်မူတည်ပြီး အမျိုးမျိုးရှိနိုင်ပါတယ်

လူတယောက်နဲ့တစ်ယောက် ရောဂါဖြစ်ရတဲ့ ဇစ်မြစ် မတူတဲ့အတွက် ကုသနည်းတွေလဲ မတူနိုင်ပါဘူး
ဆိုတော့ ... သားကြီးတို့မှာ ဒီလိုပြသနာတွေ ရှိနေတယ် ဘယ်သူ့ကိုတိုင်ပင်ရမှန်းလဲမသိဘူး အွန်လိုင်းက ပေါက်ကရဆေးဝါးတွေကိုလဲ မယုံကြည်ရဲဖူး ဆိုရင်တော့ ဒေါက်ကျော်နဲ့ ဆွေးနွေးတိုင်ပင်ကုသဖို့အတွက် အခုပဲ chat box မှာ booking တင်ထားလိုက်တော့ သားကြီးတို့ရေ 😊

15/01/2021

ကျနော်တို့ မြန်မာပြည် မြန်မာလူမှုအသိုင်းအဝိုင်းမှာ ထိရှလွယ်သောလူအုပ်စုဖြစ်သော အမျိုးသမီးများ အတွက်သာ သီးသန့်ရပ်တည်ပေးသော သီးသန့် ဆွေးနွေးပေးသော အတိုင်ပင်ခံ ဝန်ဆောင်မှုများကိုသာ အတွေ့ရများပါသည်
အမျိုးသားများအတွက် မူကား တတ်ကျွမ်းနားလည်သော ပညာရှင်/အတိုင်ပင်ခံ များ၏ ဝန်ဆောင်မှုများကို သီးသန့်ရရှိရန် အလွန်ပင်အခွင့်အလမ်းနည်းပါးနေသည်ကို တွေ့ရှိရပါသည် အဲ့ဒါကြောင့်လဲ အမျိုးသားအချင်းချင်း ကြားထဲမှာ လွဲမှားတဲ့ အသိပညာတွေ လက်ဆင့်ကမ်းသယ်ခဲ့ကြရာကနေ အခုချိန်မှာဆို ယုံတမ်းစကားတွေကို အတည်လို့မှတ်ယူပြီး လွဲမှားတဲ့အသိတွေနဲ့ ရှင်သန်ကြီးပြင်းလာခဲ့ရတဲ့ အမျိုးသားတွေ တကယ်ကို ဒုနဲ့ဒေးပါ
ဒီ Page လေးရဲ့ ရည်ရွယ်ချက်က ကျနော်တို့ အမျိုးသားလူထု ကြားမှာ ရှိနေတဲ့ လွဲမှားနေတဲ့ အယူအဆတွေကို တည့်မတ်ပေးဖို့နဲ့ အမျိုးသားတွေနဲ့ပတ်သတ်တဲ့ မျိုးဆက်ပွားကျန်းမာရေးပြသနာများကို တိုင်ပင်ဆွေးနေပေးဖို့ ရည်ရွယ်ပါတယ်
အကျိုူအမြတ်ကို အဓိက ထားတာမျိုးမဟုတ်ပဲ တတ်သိနားလည်ထားတဲ့ပညာနဲ့ အမျိူးသားထုကြီးရဲ့ လူသိမခံလို သူငယ်ချင်း အချင်းချင်း သားအဖ အချင်းချင်းကြားမှာ မေးဖို့ မြန်းဖို့ လက်တွန့်စရာ ကိစ္စတွေကို ​ကူညီဖြေရှင်းဆောင်ရွက်ပေးမှာ ဖြစ်လို့ ....

ကဲ ... မရှက်နဲ့ သားကြီးတို့ ... မေးချင်တာမေး ဒေါက်ကျော် ဖြေပေးမယ်ဗျို့ 😊

Address

Yangon

Website

Alerts

Be the first to know and let us send you an email when မရှက်နဲ့ သားကြီးတို့ by Dr.Kyaw posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category