Kaung Sett Yee Specialist Clinic

Call Directions Website Contact the practice

Kaung Sett Yee Specialist Clinic “Compassionate Care. Trusted Experts. Your Child’s health, Our Priority”

23/09/2026

ကောင်းဆက်ရည် အထူးကုဆေးခန်းတွင် *ဆေးဝါးကျွမ်းကျင်များခေါ်ယူခြင်း*

📌ခန့်ထားရန်ရှိသောရာထူးများ

• ✅ Senior Pharmacist (၁)ဦး

• ✅ Assistant Pharmacist Aid (၁)ဦး

💡အကြောင်းအရာ

• အချိန်ပြည့် / အဆိုင်းနှင့် အလုပ်လုပ်နိုင်မည်

• လူနာများနှင့် နူးညံ့ရင်းနှီးစွာ ဆက်ဆံနိုင်ပြီး စကားပြောချိုသာသည့်သူ

• လုပ်ငန်းအတွေ့အကြုံမရှိသူများလည်း လျှောက်ထားနိုင်ပြီး သင်တန်းဆင်းသူများအား လက်တွဲသင်ကြားမည်

• ဆရာဝန်ညွှန်ပေးသည့်ဆေးများကို သဘောပေါက်နားလည်နိုင်သူ

• စကားပြော ချိုသာယဉ်ကျေးပြီး မိမိအပြုံးကြောင့် လူနာ အဖျားတဝက်သက်သာလောက်ထိ ကြင်ကြင်နာနာပြောဆိုပေးတတ်ရမည်။

• လုပ်ငန်းမှ ချမှတ်ထားသော စည်းကမ်းများကို လိုက်နာနိုင်ပြီး စာရိတ္တ ကောင်းမွန်သူဖြစ်ရမည်။

📄 လိုအပ်သောစာရွက်စာတမ်းများ

• CV အပြည့်အစုံ
• လိုင်စင်ဓာတ်ပုံ ၁ ပုံ
• မှတ်ပုံတင် ရှေ့/နောက် မိတ္တူ
• သင်တန်းဆင်းလက်မှတ် မိတ္တူ

🏠 လိပ်စာ

ကောင်းဆက်ရည် အထူးကုဆေးခန်း
တိုက် (၁၆), စံပါယ်လမ်း, စစ်တောင်းရိပ်မွန်,
ဒဂုံဆိပ်ကမ်းမြို့နယ်, ရန်ကုန်မြို့

📞 ဆက်သွယ်ရန်:

09664007465

⏰ အင်တာဗျူးများ 2ပတ်အတွင်း ပြုလုပ်မည်
Kaung Sett Yee Specialist Clinic

🙏 လေးစားရပါသော လူနာရှင်မိဘများနှင့် ချစ်ရသော ကလေးငယ်များရှင်…ယနေ့ ညနေပိုင်းတွင် ကျွန်မတို့၏ ကလေးအထူးကုဆရာဝန်မှာ ရန်ကင်းဆ...
31/07/2026

🙏 လေးစားရပါသော လူနာရှင်မိဘများနှင့် ချစ်ရသော ကလေးငယ်များရှင်…

ယနေ့ ညနေပိုင်းတွင် ကျွန်မတို့၏ ကလေးအထူးကုဆရာဝန်မှာ ရန်ကင်းဆေးရုံကြီးမှ ကျွန်မတို့ဆေးခန်းသို့ လာရောက်စဉ် လမ်းတစ်လျှောက် ရေကြီးမှုများကြောင့် မမျှော်လင့်ဘဲ အချိန်အတော်ကြာကြန့်ကြာသွားခဲ့ရပါသည်ရှင်😔

ထိုအချိန်အတွင်း စောင့်ဆိုင်းကြရပါသည့် ချစ်ရသော ကလေးငယ်များနှင့် လူနာရှင်မိဘများအား အထူးပင် အားနာမိပါကြောင်းနှင့် နားလည်ပေးကြသည့်အတွက် ကျေးဇူးအထူးတင်ရှိပါကြောင်း ပြောကြားလိုပါတယ်ရှင် 🙏

ကျွန်မတို့ ကောင်းဆက်ရည်အထူးကုဆေးခန်း အနေဖြင့် နောက်နောင်တွင်လည်း လူနာများအတွက် အချိန်မီ အကောင်းဆုံးဝန်ဆောင်မှုပေးနိုင်ရန် အစဉ်ကြိုးစားသွားပါမည်ရှင် 💙

လေးစားစွာဖြင့်…

31.7.2026
Kaung Sett Yee Specialist Clinic

📢 ကျွန်မတို့ဆေးခန်း၏ ကျန်းမာရေးဝန်ဆောင်မှုနှင့် စီမံထားရှိမှုတို့ကို ထပ်မံအတည်ပြုနိုင်ခဲ့သည့်နေ့တစ်နေ့နှစ်စဉ် လိုင်စင်သက...
18/07/2026

📢 ကျွန်မတို့ဆေးခန်း၏
ကျန်းမာရေးဝန်ဆောင်မှုနှင့် စီမံထားရှိမှုတို့ကို
ထပ်မံအတည်ပြုနိုင်ခဲ့သည့်နေ့တစ်နေ့

နှစ်စဉ် လိုင်စင်သက်တမ်းတိုးခြင်းလုပ်ငန်းစဉ်အရ
ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနမှ
တာဝန်ရှိသူများက
ကျွန်မတို့၏ လိုင်စင်ရဆေးခန်းသို့
လာရောက်စစ်ဆေးပြီး
ကျန်းမာရေးစံချိန်စံညွှန်းများ၊
လုပ်ထုံးလုပ်နည်းများနှင့်
လိုင်စင်ဆိုင်ရာ သတ်မှတ်ချက်များကို
စနစ်တကျ လိုက်နာဆောင်ရွက်လျက်ရှိကြောင်း
ယခုနှစ်အတွက်လည်း အတည်ပြုပေးခဲ့ပါသည်။

လာရောက်စစ်ဆေးပေးခဲ့ကြသော ဌာနများမှာ -
🔹 ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာန
🔹 ဒဂုံဆိပ်ကမ်းမြို့နယ် ကျန်းမာရေးဦးစီးဌာန
🔹 အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန
🔹 စည်ပင်သာယာရေးအုပ်ချုပ်မှုဌာန
🔹 အရံမီးသတ်တပ်ဖွဲ့

စစ်ဆေးမှုအပြီးတွင်
ကောင်းဆက်ရည် အထူးကုဆေးခန်းအပေါ်
အောက်ပါအချက်များကို အသိအမှတ်ပြု၍
ချီးကျူးမှတ်တမ်းတင်ခဲ့ကြပါသည်။

✅ လူနာများ၏ ကျန်းမာရေးအကျိုးကို ဦးစားပေး
သည့် စေတနာနှင့် ရည်ရွယ်ချက်ကောင်းရှိခြင်း
✅ ဆေးခန်းဖွဲ့စည်းပုံနှင့် ဝန်ဆောင်မှုများ
စနစ်တကျရှိခြင်း
✅ ဆရာဝန်များ၏ ကျွမ်းကျင်မှုနှင့်
တာဝန်ယူမှုကောင်းမွန်ခြင်း
✅ ဆေးဝါးနှင့် ဆေးပစ္စည်းများကို စနစ်တကျ
သိမ်းဆည်းစီမံထားရှိခြင်း
✅ ဝန်ထမ်းဖွဲ့စည်းပုံ ပြည့်စုံကျစ်လစ်၍
ဝန်ဆောင်မှုကောင်းမွန်ခြင်း
✅ ဝန်ထမ်းစည်းကမ်းနှင့် လုပ်ငန်းဆောင်ရွက်မှု
စံနှုန်းများ ပြည့်စုံမှန်ကန်ခြင်း
✅ လူနာနှင့် လူနာရှင်များအပေါ် ဖော်ရွေယဉ်ကျေး
၍ စေတနာထား ဝန်ဆောင်မှုပေးနိုင်ရန်
ဝန်ထမ်းများအား စနစ်တကျ လေ့ကျင့်
သင်ကြား
(Training) ပေးထားခြင်း
✅ ဆေးဘက်ဆိုင်ရာ စွန့်ပစ်ပစ္စည်းများကို
စနစ်တကျ စီမံဆောင်ရွက်ခြင်း

ယခုလို အသိအမှတ်ပြု ချီးကျူးပေးခဲ့ကြသော
သက်ဆိုင်ရာဌာနအသီးသီးမှ တာဝန်ရှိသူများအား
ကောင်းဆက်ရည် အထူးကုဆေးခန်းမှ
အထူးကျေးဇူးတင်ရှိပါသည်။

ကျွန်မတို့ ကောင်းဆက်ရည် အထူးကုဆေးခန်းသည်
စံချိန်စံညွှန်းနှင့်ကိုက်ညီသော
ကျန်းမာရေးဝန်ဆောင်မှုများကို
စေတနာ၊ တာဝန်ယူမှုတို့ဖြင့်
ဆက်လက်ပေးဆပ်လျက်ရှိပြီး
လူနာတိုင်း ယုံကြည်စိတ်ချစွာ အားကိုးနိုင်သော
ဆေးခန်းတစ်ခုဖြစ်အောင် အမြဲကြိုးပမ်း
ဆောင်ရွက်သွားမည်ဖြစ်ပါသည်။


#ကောင်းဆက်ရည်အထူးကုဆေးခန်း

👶 မေမေတို့ရေ ကလေးငယ်များအတွက်💉 ကာကွယ်ဆေး (၆) မျိုးကို တစ်ကြိမ်တည်းနဲ့ ကာကွယ်နိုင်ပါပြီ!✨ Hexaxim® (Hexavalent Vaccine)မိ...
09/07/2026

👶 မေမေတို့ရေ ကလေးငယ်များအတွက်
💉 ကာကွယ်ဆေး (၆) မျိုးကို တစ်ကြိမ်တည်းနဲ့ ကာကွယ်နိုင်ပါပြီ!

✨ Hexaxim® (Hexavalent Vaccine)

မိဘများ သိထားသင့်တဲ့ ကလေးငယ်များအတွက် ခေတ်မီကာကွယ်ဆေး တစ်မျိုးဖြစ်ပါတယ်။ Hexaxim သည် ကလေးငယ်များအား ပြင်းထန်သော ကူးစက်ရောဂါ (၆) မျိုးမှ ကာကွယ်ပေးနိုင်သော ပေါင်းစပ် ကာကွယ်ဆေး (Combination Vaccine) ဖြစ်သည် ။ ပြင်သစ်နိုင်ငံ၊ ဆာနိုဖီ (Sanofi) ကုမ္ပဏီမှ ထုတ်လုပ်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ အရည်အချင်း သတ်မှတ်ချက်နှင့် ကိုက်ညီသော ဆေးဖြစ်သည် ။

💉 ဆေးထိုးအပ်တစ်ချောင်းတည်းဖြင့်
🛡️ ပြင်းထန်သော ကူးစက်ရောဂါ (၆) မျိုးမှ ကာကွယ်ပေးနိုင်ပါသည်။

🛡️ Hexaxim က ကာကွယ်ပေးသော ရောဂါများ

1️⃣ Diphtheria (ဆုံစို့)
အသက်ရှူလမ်းကြောင်းပိတ်ဆို့မှု ဖြစ်စေနိုင်သော ရောဂါ

2️⃣ Tetanus (မေးခိုင်)
ကြွက်သားတောင့်တင်းခြင်းနှင့် အသက်ရှူခက်ခဲမှု ဖြစ်စေနိုင်

3️⃣ Pertussis (ကြက်ညှာချောင်းဆိုး)
ကလေးငယ်များတွင် ပြင်းထန်နိုင်သော ချောင်းဆိုးရောဂါ

4️⃣ Hepatitis B (အသည်းရောင်အသားဝါ)
အသည်းရောဂါများ ဖြစ်ပွားနိုင်ခြေကို လျှော့ချပေး

5️⃣ Polio (ပိုလီယို)
ခြေလက်သေခြင်း ဖြစ်စေနိုင်သော ရောဂါ

6️⃣ Hib (Haemophilus influenzae type b)
ဦးနှောက်အမြှေးရောင်ခြင်းနှင့် အဆုတ်ရောင်ခြင်းကို ကာကွယ်ပေးနိုင်ပါသည်။

📅 ထိုးနှံရမည့် အချိန်ဇယား

👶 အသက် ၆ ပတ်မှ စတင်ထိုးနိုင်ပါသည်။
· အသက် (၂) လ၊ (၄) လ၊ (၆) လ (သို့မဟုတ်) အသက် (၆) ပတ်၊ (၁၀) ပတ်၊ (၁၄) ပတ်တွင် ထိုးနိုင်သည် ။(ဆရာဝန်ညွှန်ကြားချက်အတိုင်း)

💉 Booster Dose — အခြေခံထိုးနှံမှု (၃) ကြိမ်ပြီးနောက် အနည်းဆုံး (၆) လ အကြာတွင် ထိုးရန် လိုအပ်ပါသည် ။

⚠️ ကာကွယ်ဆေးထိုးပြီးနောက်ဖြစ်နိုင်သော ထိုးဆေးအရှိန်ယာယီလက္ခဏာများ
• ဆေးထိုးသည့်နေရာ နီခြင်း / ဖောင်းခြင်း
• အဖျားအနည်းငယ်တက်ခြင်း
• အစားစားချင်စိတ် လျော့နည်းခြင်း
(အများအားဖြင့် ရက်အနည်းငယ်အတွင်း သက်သာသွားပါသည်)

🌈 ကလေးကျန်းမာရေးအတွက်
ကြိုတင်ကာကွယ်ခြင်းက အကောင်းဆုံးပါ

💉 Hexaxim ကာကွယ်ဆေးကို
🏥 ကောင်းဆက်ရည် အထူးကုဆေးခန်းတွင် လာရောက်ထိုးနှံနိုင်ပါသည်။

👩‍⚕️ ကလေးအထူးကုဆရာဝန်နှင့် တိုင်ပင်ပြီး
မေမေဖေဖေတို့သားသားမီးမီးတို့အတွက် ကာကွယ်ဆေးနှင့် ရက်ချိန်းကို ရွေးချယ်ပါရန် အကြံပြုပါသည်။

📞 ဆက်သွယ်ရန် — 09676263259,
09422733611
📍 လိပ်စာ — တိုက် (၁၆) ၊ စံပယ်လမ်း၊ စစ်တောင်းရိပ်မွန်၊ ဒဂုံဆိပ်ကမ်းမြို့နယ် ၊ ရန်ကုန် ။

ကလေးငယ်များ၏ ကျန်းမာရေးသတိပေးချက် - ဝက်သက်ရောဂါ (Measles) အတွက် မိဘများ သိရှိရမည့်အချက်များ💡၀က်သက်ရောဂါဆိုသည်မှာ ကလေးမျာ...
09/07/2026

ကလေးငယ်များ၏ ကျန်းမာရေးသတိပေးချက် - ဝက်သက်ရောဂါ (Measles) အတွက် မိဘများ သိရှိရမည့်အချက်များ

💡၀က်သက်ရောဂါဆိုသည်မှာ ကလေးများတွင် အဖြစ်များသော ကူးစက်ရောဂါတစ်မျိုးဖြစ်ပြီး ကာကွယ်ဆေးဖြင့် ကာကွယ်နိုင်သောရောဂါလည်းဖြစ်သည်။

ရောဂါဖြစ်သူအများစုတွင် နောက်ဆက်တွဲပြဿနာ မများသော်လည်း တချို့ကလေးများတွင် အသက်အန္တရာယ်ရှိနိုင်သော ရောဂါတစ်မျိုးဖြစ်သည်။

💡ဖြစ်ပေါ်ရသောအကြောင်းရင်းများ—
ဝက်သက်ဗိုင်းရပ်စ်ပိုး (Measles virus) ဟုခေါ်သော ဗိုင်းရပ်စ်တစ်မျိုးကြောင့်ဖြစ်သည်။ ၀က်သက်ရောဂါ ဗိုင်းရပ်စ်ပိုးရှိသူ ကလေးငယ်များ နှာချေ၊ ချောင်းဆိုးရာမှထွက်လာသော အမှုန်အမွှားလေးများသည် လေထုထဲသို့ပျံ့နှံ့ပြီး အခြားသူထံသို့ အသက်ရှူလမ်းကြောင်းမှတစ်ဆင့် ဝင်ရောက်ကူးစက်သော ရောဂါဖြစ်သည်။ အသက် (၅) နှစ်အောက်ကလေးများတွင် အဖြစ်များပြီး ကာကွယ်ဆေး ထိုးနှံထားခြင်းမရှိသော ကလေးများတွင် ရောဂါပိုမိုပြင်းထန်တတ်သည်။ လူကြီးများတွင်လည်း ရံဖန်ရံခါ တွေ့ရတတ်သည်။

💡ရောဂါလက္ခဏာများ—
၀က်သက်ဗိုင်းရပ်စ်ပိုး ကူးစက်ခံရပြီးနောက် (၇)ရက် မှ (၁၄)ရက်အတွင်း လက္ခဏာများ ပေါ်လာတတ်သည်။
ရောဂါလက္ခဏာ အဆင့် (၃) ဆင့်ရှိသည်။

🦠ကနဦးအဆင့်�တုပ်ကွေးလက္ခဏာများနှင့် ဆင်တူသည်။ ဖျားခြင်း၊ နှာချေ၊ ချောင်းဆိုးခြင်း၊ မျက်စိနာခြင်း၊ လည်ပင်းနာခြင်းများ ဖြစ်တတ်သည်။ ထိုအဆင့်တွင် ပါးစပ်အတွင်းရှိ ပါးစောင်နေရာများတွင် အဖြူရောင် (သို့မဟုတ်) အနီရောင် အနာစက်ကလေးများကို မြင်တွေ့ရတတ်သည်။ ထိုအနီစက်ကလေးများကို Koplik’s spots ဟုခေါ်ပြီး ၀က်သက်ရောဂါ၏ ထူးခြားသော ဝိသေသလက္ခဏာတစ်ခုဖြစ်သည်။

🦠အနီကွက်ထွက်သောအဆင့်�စဖျား၍ (၃)ရက် မှ (၅)ရက်‌နေ့အကြားတွင် အင်ပျဉ်ကဲ့သို့ အနီပြင်များ စတင်ထွက်လာတတ်သည်။ မျက်နှာနှင့် နားနောက်ဘက်မှ စတင်ထွက်လာတတ်ပြီး၊ တဖြည်းဖြည်း တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွားလေ့ရှိသည်။ ထိုအနီပြင်များစတင်ထွက်ပြီး (၄) ရက်ခန့်အချိန်အထိ ရောဂါကူးစက်‌နိုင်ခြေ မြင့်မားသောကြောင့် အထူးသတိထားရန်လိုသည်။

🦠နလန်ထအဆင့်�အဖျားနှင့်အခြားလက္ခဏာများ တဖြည်းဖြည်းသက်သာလာပြီး အနီပြင်၊ အနီစက်များလည်း လျော့နည်းလာသည်။ နောက်ပိုင်း အညိုရောင် အကွက်များအဖြစ်သာ ကျန်နေတတ်သည်။
နောက်ဆက်တွဲပြဿနာများ
၀က်သက်ရောဂါတွင် အသက်အန္တရာယ်ရှိနိုင်သည့် အောက်ပါပြင်းထန်လက္ခဏာများ ရှိတတ်သည်။ အချို့မှာ_
* ၀မ်းပျက်၊ ၀မ်းလျှောခြင်း
* နားပိုး၀င်ရောင်ရမ်းခြင်း
* အဆုတ်ရောင်ခြင်း (Pneumonia)
* လေပြွန်ရောင်ခြင်း
* ဦးနှောက်ရောင်ခြင်း (Encephalitis)
* ကိုယ်၀န်ဆောင်အမျိုးသမီးများ ကူးစက်ခံရလျှင် ကိုယ်၀န်ပျက်ခြင်း၊ လမစေ့ဘဲ ကလေးမွေးဖွားခြင်း စသည်တို့ ဖြစ်ပွားတတ်သည်။
၀က်သက်ရောဂါ ဖြစ်ပွားပြီးနောက်ပိုင်း (၅)နှစ် မှ (၁၀)နှစ်အတွင်း Subacute Sclerosing PanEncephalitis – SSPE ဟုခေါ်သော ပြင်းထန်သည့် ဦးနှောက်အာရုံကြောရောင် ရောဂါတစ်မျိုးသည် ရှားရှားပါးပါး ဖြစ်တတ်ပြီး အသက်အန္တရာယ် ထိခိုက်နိုင်သည်။ အသက် (၂) နှစ်အောက်တွင် ဝက်သက်ရောဂါ ကူးစက်ခံရဖူးသော ကလေးငယ်များတွင် ဖြစ်နိုင်ခြေပိုများသည်။

🩺ဆေးရုံ၊ ဆေးခန်းပြသရန်—

ဝက်သက်ရောဂါဟု သေချာပြီး ရောဂါပြင်းထန်မှုနှင့် နောက်ဆက်တွဲပြဿနာများ မရှိလျှင် နေအိမ်၌ပင် ပြုစုကုသနိုင်သည်။ သို့သော် ရောဂါလက္ခဏာ ပြင်းထန်လျှင် သို့မဟုတ် မသက်သာလျှင် မိမိ၏မိသားစုဆရာဝန်နှင့် ပြသတိုင်ပင်ရန်လိုသည်။
မိသားစုဆရာဝန်မှ လိုအပ်သည့် စစ်ဆေးစမ်းသပ်မှုများ ပြုလုပ်ခြင်း၊ ဓာတ်ခွဲစစ်ဆေးခြင်း၊ ဓာတ်မှန်ရိုက်ခြင်း စသည်တို့ဖြင့် ရောဂါရှာ‌ဖွေ ကုသပေးနိုင်သည်။ လိုအပ်ပါက မိသားစုဆရာဝန်မှ သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် တိုင်ပင်ကုသခြင်း၊ လွှဲပြောင်းကုသခြင်းများ ပြုလုပ်ပေးမည်။
ထို့ပြင် နောက်ဆက်တွဲပြဿနာများ၏ အချို့လက္ခဏာများဖြစ်သော_
* ဆက်တိုက် အန်ခြင်း
* ဆက်တိုက် ၀မ်းလျှောခြင်း
* အသက်ရှူမြန်၍ မောခြင်း
* ရင်ဘတ်ချိုင့်ဝင်အောင် အသက်ရှူခြင်း
* သတိလစ်ခြင်း
* တက်ခြင်း
* ကယောင်ကတမ်းပြောခြင်း စသည်တို့ ရှိလာပါက အရေးပေါ်အခြေအနေဖြစ်နိုင်ပြီး အသက်အန္တရာယ်ရှိနိုင်သဖြင့် ဆေးရုံအရေးပေါ်ဌာနများသို့ အချိန်မီပြသ ကုသမှုခံယူရန်လိုသည်။

🔬ရောဂါရှာဖွေခြင်း
ဝက်သက်ရောဂါဖြစ်သူနှင့် ထိတွေ့မှုရာဇဝင်နှင့် အရေပြားလက္ခဏာများအရ ဝက်သက်ရောဂါဖြစ်ကြောင်း သိရှိနိုင်သည်။ အများအားဖြင့် ဓာတ်ခွဲစမ်းသပ်မှုများ မလိုအပ်ပါ။ အသေးစိတ် တိတိကျကျ စစ်ဆေးသိရှိလိုပါက ဓာတ်ခွဲခန်းတွင် ပဋိပစ္စည်း (Ig M antibody) ကို သွေးစစ်ဆေးခြင်းဖြင့် ရှာဖွေနိုင်သည်

💊ကုသခြင်း
ဗိုင်းရပ်စ်ပိုး‌ကြောင့်ဖြစ်သော ကူးစက်ရောဂါ ဖြစ်သည့်အတွက် သီးသန့်ကုသရန် ဆေးဝါးမရှိဘဲ ဖြစ်ပေါ်လာသောလက္ခဏာများကို ကုသရင်း သက်သာလာချိန်အထိ အိမ်တွင်စောင့်ကြည့်နိုင်သည်။
* ပါရာစီတမောကဲ့သို့ အဖျားကျဆေးများ တိုက်ပေးခြင်း
* ကလေးအား နားနားနေနေ နေစေခြင်း
* အရည်များများ တိုက်ပေးခြင်း
* အာဟာရရှိသော အစားအစာများ ကျွေးပေးခြင်း
* လည်ချောင်းနာလျှင် ဆားရည်ဖြင့် ပလုတ်ကျင်းစေခြင်း
* မျက်စိနာလျှင် အလင်းရောင် လျှော့ကြည့်စေခြင်း စသည်တို့ကို ပြုလုပ်ပေးနိုင်သည်။
ဝက်သက်ဖြစ်သောကလေးများတွင် နောက်ဆက်တွဲပြဿနာများ လျော့နည်းစေရန် ဗီတာမင်အေကို ဆရာဝန်ညွှန်ကြားချက်အတိုင်းတိုက်ရမည်။

💉ကာကွယ်ခြင်း
၀က်သက်ရောဂါအတွက် အထိရောက်ဆုံး ရောဂါကာကွယ်ခြင်းမှာ ကာကွယ်ဆေးထိုးခြင်းဖြစ်သည်။

၀က်သက်၊ ဂျိုက်သိုး၊ ပါးချိတ်ရောင် သုံးမျိုးပေါင်းကာကွယ်ဆေး နှင့် ၀က်သက်၊ ဂျိုက်သိုး နှစ်မျိုးပေါင်းဆေးများဟူ၍ အမျိုးမျိုးရှိသည်။

မြန်မာနိုင်ငံတွင် ကာကွယ်ဆေးထိုးစီမံချက်အရ ကလေးငယ်တိုင်း အသက်ကိုးလတွင် တစ်ကြိမ်၊ တစ်နှစ်ခွဲတွင် တစ်ကြိမ်၊ စုစုပေါင်း နှစ်ကြိမ် ၀က်သက်ကာကွယ်ဆေး ထိုးပေးသည့်အစီအစဉ်ရှိသည်။

ကာကွယ်ဆေးကို နှစ်ကြိမ်ပြည့်အောင် ထိုးနှံပေးခြင်းဖြင့် ၀က်သက်ရောဂါကို (၉၇%) ထိ ကာကွယ်ပေးနိုင်သည့်အပြင် ၀က်သက်ရောဂါ၏ နောက်ဆက်တွဲပြဿနာများကိုပါ ကြိုတင်ကာကွယ်ရာရောက်သည်။

ဝက်သက်ရောဂါသည် အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါ ဖြစ်သောကြောင့် ရောဂါပိုးရှိသူနှင့် နီးကပ်စွာနေခြင်းကို ရှောင်ကြဥ်သင့်သည်။

ထို့ပြင် အောက်ပါအချက်များကိုလည်း လိုက်နာဆောင်ရွက်သင့်သည်။
* ရောဂါပိုးနှင့် ထိ‌တွေ့နိုင်ခြေရှိပြီးလျှင် လက်ကို ဆပ်ပြာ (သို့မဟုတ်) လက်ဆေးရည်ဖြင့် အနည်းဆုံး စက္ကန့် (၂၀) ကြာ လက်ဆေးရန်
* တစ်ကိုယ်ရေ သန့်ရှင်းရေး အလေ့အထကောင်းများ သင်ကြားပေးရန်
* ချောင်းဆိုး၊ နှာချေလျှင် လက်ကိုင်ပဝါဖြင့် အုပ်ရန်၊ တံတောင်ဖြင့်ကာရန်
* မိမိအသုံးအဆောင်ပစ္စည်းများကို မျှဝေသုံးစွဲခြင်း မပြုရန်
* ရောဂါပိုး ကပ်ငြိနေနိုင်သော ပစ္စည်း၊ မျက်နှာပြင်များကို မကြာခဏပိုးသတ်သန့်ရှင်းရန် စသည်တို့ဖြစ်သည်။
၀က်သက်ရောဂါ ခံစားနေရသောကလေးသည် အခြားကလေးများသို့ ကူးစက်နိုင်ခြေ မြင့်မားသောကြောင့် အနီစက်၊ အနီပြင်များ စတင်ထွက်ပေါ်သည့်နေ့မှစ၍ (၄-၅) ရက်ခန့် ကျောင်းသို့မလွှတ်ဘဲ အိမ်တွင်သာ အနားယူရန် လိုအပ်သည်။

#ကောင်းဆက်ရည်အထူးကုဆေးခန်း

#ဝက်သက်


☺️☺️
05/07/2026

☺️☺️

🌱သန်ကောင်အကြောင်းသိကောင်းစရာ👶 ကလေးလေးက စားကောင်းပေမယ့် ဝိတ်မတက်ဘူးလား?ညဘက် စအိုယားပြီး အိပ်မပျော်တာ၊ ဗိုက်မကြာခဏအောင့်တာ...
02/07/2026

🌱သန်ကောင်အကြောင်းသိကောင်းစရာ

👶 ကလေးလေးက စားကောင်းပေမယ့် ဝိတ်မတက်ဘူးလား?

ညဘက် စအိုယားပြီး အိပ်မပျော်တာ၊ ဗိုက်မကြာခဏအောင့်တာတွေ ရှိနေတယ်ဆိုရင် သန်ကောင်ရှိနေနိုင်ပါတယ်။

သန်ကောင်ဟာ မြေကြီးဆော့ခြင်း၊ လက်မဆေးဘဲ စားသောက်ခြင်း၊ အညစ်အကြေးပါတဲ့ ကစားစရာတွေကနေ အလွယ်တကူ ကူးစက်နိုင်ပါတယ်။

✅ ကလေးအသက် (၁) နှစ်ပြည့်ပြီးနောက် သန်ချဆေး စတင်တိုက်နိုင်ပြီး၊ (၆) လတစ်ကြိမ် မိသားစုလိုက် သန်ချပေးတာ အကောင်းဆုံးပါ။

လက်ဆေးတဲ့အလေ့အကျင့်၊ လက်သည်းတိုတိုညှပ်ထားခြင်းနဲ့ ဖိနပ်စီးပေးခြင်းတို့ကလည်း သန်ကောင်ကူးစက်မှုကို လျော့နည်းစေပါတယ်။

👩‍⚕️ ကလေးကျန်းမာရေးနှင့် ပတ်သက်၍ ဆွေးနွေးတိုင်ပင်လိုပါက ဆေးခန်းသို့ လာရောက်ပြသနိုင်ပါသည်။

🏥 #ကောင်းဆက်ရည်အထူးကုဆေးခန်း

👩🏻‍⚕️ 💉 ရာသီပေါ်တုပ်ကွေး (Seasonal Influenza) ကာကွယ်ဆေး သည် WHO မှ နှစ်စဉ်အကြံပြုထားသော Influenza virus မျိုးကွဲများကို ...
30/06/2026

👩🏻‍⚕️ 💉 ရာသီပေါ်တုပ်ကွေး (Seasonal Influenza) ကာကွယ်ဆေး သည် WHO မှ နှစ်စဉ်အကြံပြုထားသော Influenza virus မျိုးကွဲများကို အခြေခံထုတ်လုပ်ထားသော ကာကွယ်ဆေးဖြစ်ပါသည်။

💉 ရာသီပေါ်တုပ်ကွေးကာကွယ်ဆေး ထိုးနှံထားသော ကလေးငယ်များနှင့် လူကြီးများတွင် ရာသီပေါ်တုပ်ကွေးဖြစ်ပွားနိုင်ခြေကို 40% မှ 60% ခန့် လျှော့ချပေးနိုင်ကြောင်း ဆေးပညာသုတေသနများမှ ဖော်ပြထားပါသည်။

ထို့အပြင် ကာကွယ်ဆေးထိုးနှံထားသူများတွင် ပြင်းထန်သော Influenza infection၊ Influenza-associated pneumonia၊ ဆေးရုံတက်ရောက်ကုသရမှုနှင့် Influenza-related complications များ ဖြစ်ပွားနိုင်ခြေကိုလည်း သိသိသာသာ လျော့နည်းစေပါသည်။

အထူးသဖြင့် အသက် (၆) လနှင့်အထက် ကလေးငယ်များ၊ အသက် (၆၅) နှစ်နှင့်အထက် သက်ကြီးရွယ်အိုများ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ နာတာရှည်ရောဂါရှိသူများနှင့် ကျန်းမာရေးဝန်ထမ်းများ အတွက် နှစ်စဉ်ရာသီပေါ်တုပ်ကွေးကာကွယ်ဆေး ထိုးနှံခြင်းကို အထူးအကြံပြုထားပါသည်။

💉 ကာကွယ်ဆေးထိုးနှံမည့်နေ့ 💉
ဇူလိုင်လ (5)ရက်နေ့

⚠️ ပထမအသုတ်နှင့် ဒုတိယအသုတ်တွင် ထိုးနှံရန် စာရင်းမမှီလိုက်သော လူကြီးမင်းများနှင့် ကလေးငယ်များအနေဖြင့် တတိယအသုတ်အတွက် စာရင်းပေးသွင်းနိုင်ပါသည်။

📞 ဘိုကင်နှင့် အသေးစိတ်မေးမြန်းရန်
☎️ 096 762 63259
☎️ 094 227 33611

📍 လိပ်စာ
ကောင်းဆက်ရည် အထူးကုဆေးခန်း
တိုက် (16) ၊ စံပယ်လမ်း
စစ်တောင်းရိပ်မွန် ၊ ဒဂုံဆိပ်ကမ်းမြို့နယ်
ရန်ကုန်မြို့

ဒီနေ့ စာရင်းပေးဖို့နောက်ဆုံးနေ့ပါရှင်
30/06/2026

ဒီနေ့ စာရင်းပေးဖို့နောက်ဆုံးနေ့ပါရှင်

💉 ရာသီတုပ်ကွေး (Influenza) ကာကွယ်ဆေး ထိုးနှံနိုင်ရန် ထပ်မံအကြောင်းကြားခြင်း🗣️

👩🏻‍⚕️ ပထမအသုတ်နှင့် ဒုတိယအသုတ်တွင် ထိုးနှံရန် စာရင်းမမှီလိုက်သော လူကြီးမင်းများနှင့် ကလေးငယ်များအနေဖြင့် တတိယအသုတ်အတွက် စာရင်းပေးသွင်းနိုင်ပါပြီ။

💉 အခုလို မိုးရာသီကာလတွင် အဖြစ်များသော ရာသီတုပ်ကွေးရောဂါများမှ ကာကွယ်နိုင်ရန်အတွက် ကလေးငယ်များသာမက လူကြီးများပါ (အသက် ၆ လမှ စတင်၍) ရာသီတုပ်ကွေးကာကွယ်ဆေး (Influenza Vaccine) ကို ထိုးနှံနိုင်ပါသည်။

🌧️ ရာသီတုပ်ကွေးကာကွယ်ဆေး ထိုးနှံခြင်းဖြင့်
✅ တုပ်ကွေးရောဂါဖြစ်ပွားနိုင်ခြေကို လျော့နည်းစေခြင်း
✅ ရောဂါပြင်းထန်မှုနှင့် နောက်ဆက်တွဲဆိုးကျိုးများကို လျော့ချနိုင်ခြင်း
✅ မိမိနှင့် မိသားစုဝင်များကို ကာကွယ်ပေးနိုင်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိနိုင်ပါသည်။ 👨‍👩‍👧‍👦

📝 စာရင်းပေးသွင်းရန် နောက်ဆုံးနေ့ 📝
ဇွန်လ (၃၀) ရက်နေ့

💉 ကာကွယ်ဆေးထိုးနှံမည့်နေ့ 💉
ဇူလိုင်လ (၃)ရက်နေ့

⚠️ ကာကွယ်ဆေးအရေအတွက် အကန့်အသတ်ရှိပါသဖြင့် အမြန်ဆုံး စာရင်းပေးသွင်းရန် လိုအပ်ပါသည်။

📞 ဘိုကင်နှင့် အသေးစိတ်မေးမြန်းရန်
☎️ 096 762 63259
☎️ 094 227 33611

📍 လိပ်စာ
ကောင်းဆက်ရည် အထူးကုဆေးခန်း
တိုက် (16) ၊ စံပယ်လမ်း
စစ်တောင်းရိပ်မွန် ၊ ဒဂုံဆိပ်ကမ်းမြို့နယ်
ရန်ကုန်မြို့

25/06/2026

🦠 ရာသီတုပ်‌ကွေးရောဂါ (Seasonal Influenza)

ရာသီတုပ်ကွေးရောဂါ (Seasonal Influenza) သည် နှာခေါင်း၊ လည်ချောင်းနှင့် အဆုတ်တို့ကို ကူးစက်စေတတ်သော တုပ်ကွေးရောဂါဗိုင်းရပ်စ်ပိုးများ (Influenza viruses) ကြောင့် ဖြစ်ပွားသော အသက်ရှူလမ်းကြောင်းဆိုင်ရာ လတ်တလော ကူးစက်ရောဂါ ဖြစ်ပါသည်။

🦠 ရောဂါလက္ခဏာများ

🤒 ဖျားခြင်း၊ ချမ်းတုန်ခြင်း
🤒 ချောင်းဆိုးခြင်း
🤒 လည်ချောင်းနာခြင်း
🤒 နှာရည်ယိုခြင်း၊ နှာချေခြင်း
🤒 ကိုယ်၊ လက် ကိုက်ခဲခြင်း
🤒 ခေါင်းကိုက်ခြင်း
🤒 မောပန်းနွမ်းနယ်ခြင်းနှင့်
🤒 ကလေးငယ်များတွင် အန်ခြင်း၊ ဝမ်းပျက်ဝမ်းလျှောခြင်းတို့ ဖြစ်နိုင်ပါသည်။

ရောဂါကူးစက်ခံရသူအများစုသည် ရက်အနည်းငယ်မှ (၂) ပတ်အတွင်း သက်သာကောင်းမွန်လာနိုင်ပါသည်။ သို့သော်လည်း အချို့သူများတွင် အဆုတ်ရောင်ခြင်းကဲ့သို့ နောက်ဆက်တွဲကျန်းမာရေးပြဿနာများ ခံစားရနိုင်ပြီး အသက်ဆုံးရှုံးသည်အထိ ဖြစ်ပွားနိုင်ပါသည်။

အထူးသဖြင့် အသက် (၆၅) နှစ်အထက်ရှိသူများ၊ အသက်အရွယ်မရွေး နာတာရှည်ရောဂါအခံရှိသူများ (ပန်းနာရင်ကျပ်၊ ဆီးချိုသွေးချို၊ နှလုံးရောဂါ)၊ ကိုယ်ဝန်ဆောင်မိခင်များ၊ ခုခံအားကျဆင်းနေသူများနှင့် အသက် (၅) နှစ်အောက် ကလေးငယ်များတွင် ကူးစက်ဖြစ်ပွားပါက နောက်ဆက်တွဲကျန်းမာရေးပြဿနာများကို ပြင်းထန်စွာ ခံစားရနိုင်ပါသည်။

🦠 ရောဂါကူးစက်နိုင်သည့် နည်းလမ်းများ

ရာသီတုပ်ကွေးရောဂါသည် ရောဂါကူးစက်ခံထားရသူတစ်ဦး နှာချေ၊ ချောင်းဆိုး၊ စကားပြောရာမှ ထွက်လာသော ရောဂါပိုးပါသည့် အစက်အမှုန်များကို ရှူသွင်းမိရာမှသော်လည်းကောင်း၊ ရောဂါပိုးပါသည့် အစက်အမှုန်များ ကပ်တင်ကျန်ရှိနေသော အရာဝတ္ထုမျက်နှာပြင်များနှင့် အသုံးအဆောင်ပစ္စည်းများကို ကိုင်တွယ်ထိတွေ့မိပြီး မိမိ၏ ပါးစပ်၊ နှာခေါင်းနှင့် မျက်စိတို့ကို ပြန်လည်ထိတွေ့မိခြင်းမှသော်လည်းကောင်း ကူးစက်နိုင်ပါသည်။

🦠 ရောဂါကူးစက်ပြန့်ပွားခြင်းမှ ကာကွယ်နိုင်သည့် နည်းလမ်းများ

➡️ နှစ်စဉ် ရာသီတုပ်ကွေးကာကွယ်ဆေး ထိုးနှံပါ။
➡️ ဖျားနာနေသူများနှင့် နီးကပ်စွာနေထိုင်ထိတွေ့ခြင်းမှ ရှောင်ကြဉ်ပါ။
➡️ သင် ဖျားနာနေပါကလည်း အခြားသူများနှင့် နီးကပ်စွာနေထိုင်ထိတွေ့ခြင်းမှ ရှောင်ကြဉ်ပါ။ အဖျားပျောက်ကင်းပြီး အနည်းဆုံး (၂၄) နာရီကြာသည်အထိ မိမိအိမ်မှာသာ နေထိုင်ပါ။ မဖြစ်မနေ အပြင်ထွက်ရပါက နှာခေါင်းစည်း (Mask) တပ်ပါ။
➡️ နှာချေ၊ ချောင်းဆိုးတိုင်း ပါးစပ်နှင့် နှာခေါင်းကို တစ်သျှူး (သို့မဟုတ်) တံတောင်ဆစ်ကွေးဖြင့် လုံခြုံစွာ ဖုံးအုပ်ပါ (တစ်သျှူးအသုံးပြုပါက အဖုံးပါသော အမှိုက်ပုံးအတွင်းသို့ စနစ်တကျ စွန့်ပစ်ပါ)။
➡️ လက်ကို ရေ၊ ဆပ်ပြာတို့ဖြင့် မကြာခဏ ဆေးကြောပါ (ရေနှင့်ဆပ်ပြာ မရရှိနိုင်ပါက အယ်လ်ကိုဟောပါဝင်သော လက်သန့်စင်ဆေးရည်ကို အသုံးပြုပါ)။
➡️ မျက်စိ၊ နှာခေါင်းနှင့် ပါးစပ်တို့ကို လက်ဖြင့် ကိုင်တွယ်ထိတွေ့ခြင်း မပြုလုပ်ရ။
➡️ လေဝင်လေထွက်ကောင်းသော နေရာများတွင် နေထိုင်ပါ။ နေအိမ် ပြတင်းပေါက်များကို ဖွင့်ထားပါ။
➡️ လူထူထပ်သောနေရာများနှင့် ပွဲလမ်းသဘင်များကို သွားရောက်ခြင်းမှ ရှောင်ကြဉ်ပါ။

🦠 ကုသမှုနည်းလမ်းများ

(၁) ကောင်းမွန်စွာ အနားယူခြင်း
(၂) အာဟာရပြည့်ဝသော ခန္ဓာကိုယ်ခုခံအားတက်စေမည့် အစားအစာများကို သေချာစွာစားခြင်း
(၃) ရေဓါတ်လုံလောက်အောင် သောက်သုံးခြင်း
(၄) symptomatic treatment ဟုခေါ်သော ခံစားရသော ရောဂါ လက္ခဏာပေါ်မူတည်ကာ ဆရာဝန် ညွှန်ကြားသည့်အတိုင်း အဖျားကျဆေး နှာစေးချောင်းဆိုးပျောက်ဆေး များကိုသောက်သင့်ပါသည်။

ရောဂါလက္ခဏာများမသက်သာလျှင်
နီးစပ်ရာဆေးရုံဆေးခန်းသို့ သွားကာ ထိရောက်သောကုသမှူကို ဆွေးနွေးခံယူရန်လည်းတိုက်တွန်းအပ်ပါသည်။

Address

Sabe Street, Sittown Avenue, Dagon Seikkan Township
Yangon
NO(16)

Alerts

Be the first to know and let us send you an email when Kaung Sett Yee Specialist Clinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Kaung Sett Yee Specialist Clinic:

Shortcuts

Share

Category